စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၃၈ ဧကရာဇ်၏ ဒဏ္ဍာရီ။
ယဲ့ရှောင်က အိမ်ပြန်ရောက်သည့်အချိန်၌ ပိုးသားအသားကပ်အသစ်ကို စမ်းဝတ်ကြည့်နေသည့် ဟွမ်လျိုလီကို တွေ့လိုက်ရ၏။ သူမဘေး၌ အိတ်ပေါင်းများစွာရှိပြီး အားလုံးက တံဆိပ်အသစ်များ ဖြစ်ကြသည်။
ဟွမ်လျိုလီ၏ ကျင့်ကြံဆင့်သည် ရှန်းထျန်းတတိယအဆင့်ချီရှန်းအဆင့်သို့ မြင့်တက်သွားပြီးနောက် သူမ၏ အရပ်ကလည်း အတော်လေး မြင့်လာသည်။ သူမက ၄ပေရှိနေပြီ ဖြစ်၏။ ထို့ကြောင့် ဝင်၍ရနိုင်သေးသည်။
သို့သော် ယဲ့ရှောင်က တစ်ချက်ကြည့်ရုံဖြင့် ထိုအရာများက တန်ဖိုးကြီးတံဆိပ်များဆိုတာ သိလိုက်၏။ တန်ဖိုးက မသေးပေ။
ဘာလန်စီကန်ဒါမိသားစုဆိုတာ ဘာလဲ။ တစ်ခုချင်းစီက တစ်ထောင်နှစ်ထောင် ကျသင့်တာပဲ။
စျေးပေါသည့် ပိုးသားအချို့ကတောင် စျေးမချိုပေ။ သာမန် အလုပ်လုပ်သည့် မိန်းကလေးက ဝယ်နိုင်သည့် အရာမဟုတ်ပေ။ ဟွမ်လျိုလီသည် အလုပ်တောင် မရှိသည့် ရူးကြောင်ကြောင် ကြောင်တစ်ကောင် ဖြစ်၏။
ယဲ့ရှောင်က မျက်မှောင် အနည်းငယ် ကျုံ့မိသွားသည်။
” ဟွမ်လျိုလီ ပစ္စည်းတွေ ခိုးပြန်ပြီလား ”
ဟွမ်လျိုလီက သူ့ကို တစ်ချက်ကြည့်လိုက်၏။
” ဘယ်သူက ခိုးလို့လဲ။ ဒါမျိုးတွေ မလိုတော့ဘူး ”
” ဒါဆိုရင် ဒီနာမည်ကြီးတံဆိပ်တွေ ဘယ်ကနေ ရလာတာလဲ။ ကောက်ရလာတာလို့ မပြောနဲ့နော် ”
” ကောက်လာတာ မဟုတ်ဘူးလေ။ ဒါတွေအားလုံးကို ကျွန်မရဲ့ အွန်လိုင်းသူငယ်ချင်းတွေက ဝယ်ပေးတာ ”
” အွန်လိုင်းသူငယ်ချင်းတွေလား ”
ယဲ့ရှောင်၏ မျက်နှာထက်တွင် သံသယဖြစ်သည့် အရိပ်အယောင်များ ပေါ်လာ၏။ ဟွမ်လျိုလီကမူ ဆက်ပြောတော့သည်။
” ဟုတ်တယ်။ လတ်တလောမှာ အွန်လိုင်းပေါ်တက်ပြီး အင်တာနက်မိတ်ဆွေ တော်တော်များများ ရခဲ့တယ်လေ။ ရလဒ်အနေနဲ့ ကျွန်မ အဝတ်အစားတွေ မဝယ်နိုင်ဘူး။ ခြေအိတ်တစ်ထည်ကို တစ်နှစ်ပျော်လောက် ဝတ်ရတယ်လို့ စောဒက တက်ခဲ့တာ။ သူတို့က ကျွန်မအတွက် အသစ်ဝယ်ပေးပြီး အရင်အဟောင်း ပို့ပေးဖို့တောင် ပြောသေးတယ် ”
” သူတို့က မင်းရဲ့ ခြေအိတ်အဟောင်းကို လိုချင်တယ်လား ”
” ဟုတ်ပ။ သူတို့တွေက ကျွန်မအတွက် ခြေအိတ်အသစ် ဝယ်ပေးဖို့ဆိုပြီး စကားများနေကြသေးတာ။ သူတို့ စိတ်မပါလောက်ဘူးလို့ ထင်ခဲ့တာ။ ဒါတောင် ကျွန်မဆီ ပိုက်ဆံတွေတောင် ပို့ပေးချင်နေသေးတယ် ”
” ပြီးတော့ ဘာဆက်ဖြစ်သေးလဲ ”
” သူတို့ကို ပြောလိုက်တယ်။ ကျွန်မက အများကြီး မရှိဘူး။ တစ်စုံပဲ ရှိတာ။ ဒီတော့ သူတို့က ကျွန်မအတွက် ခြေအိတ်တွေ အများကြီး ဝယ်ပေးမယ်။ ခြေအိတ်တွေ ညစ်ပတ်သွားတဲ့အချိန် ကျွန်မက သူတို့ဆီ ပြန်ပို့ရုံပဲ။ သူတို့က ကျွန်မအတွက် လျှော်ပေးမယ်တဲ့။ သူတို့က ပို့ဆောင်ခတောင် ပေးလိုက်သေးတယ် ”
” ကျွန်မထင်တာက ပိုက်ဆံရမယ်။ အဝတ်အစား အခမဲ့ ရမယ်။ ခြေအိတ်လည်း ရမယ်။ တစ်ယောက်ယောက်က ကျွန်မအတွက်လည်း လျှော်ဖွတ်ပေးဦးမယ်။ ဒီတော့ ကိုယ်တိုင် လျှော်စရာတောင် မလိုတော့ဘူးလေ။ ဒါကြောင့် ကျွန်မ သဘောတူလိုက်တာပေါ့ ”
” ဟေ့ သခင်။ နောင်ကြရင် ကျွန်မလည်း ပိုက်ဆံ ရှာနိုင်ပြီး မနက်စာ ထပ်ဝယ်ပေးဖို့ မလိုတော့ဘူး။ ကျွန်မအတွက် အမဲသားပေါက်စီပဲ ဝယ်ပေးတာက ကပ်စေးနဲရာ ရောက်လွန်းတယ် ”
ယဲ့ရှောင်က ဆွံ့အသွား၏။ လောကကြီးထဲတွင် ထိုကဲ့သို့ ထူးဆန်းသည့်သူများ မည်ကဲ့သို့ ရှိနေရသနည်း။ ထို့အပြင် ဟွမ်လျိုလီ ပြောပုံအရ ထိုကဲ့သို့ လူအချို့ အနည်းငယ် ရှိနေသေးသည်။
သူက တကယ်လက်ခံသွားပြီ ဖြစ်သည်။
သို့သော်ငြား ဟွမ်လျိုလီအကြောင်း သူက သိပ်ဂရုမစိုက်တော့ပဲ ထူးမခြားနား ပြောလိုက်၏။
” အဓိပ္ပာယ်မရှိ လျှောက်ရှုပ်မနေနဲ့။ မင်းက ကြယ်တာရာသားရဲ။ မင်းရဲ့ အဓိက ကဏ္ဍဖြစ်တဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်သင့်တယ် ”
ထိုသို့ပြောပြီးနောက် သူက အပေါ်တက်သွားသည်။ ဟွမ်လျိုလီက သူ့ကို မျက်စောင်းထိုးလိုက်၏။
” ကြယ်တာရာသားရဲရဲ့ အဓိက ကဏ္ဍက လူတွေကို စားဖို့ပဲလေ။ ငါ့ကို စားခွင့်ပေးလို့လား။ ငါ့ကိုငါ ထောက်ပံ့ဖို့အတွက် ငါ့ဘာ့သာငါ ငါပိုက်ဆံရှာနေတာ။ ဒါတောင်မှ ငါ့ကိုလာပြီး ဗျစ်တောက်တောက် ပြောနေသေးတယ်။ နင်က သခင်ဆိုတော့ နင့်စကား နားထောင်မယ်လို့ မထင်နေနဲ့။ နင် ငါ့ကို ဒေါသထွက်အောင်လုပ်ရင် နေ့တိုင်းနေ့တိုင်း ငါ့ရဲ့ ခြေအိတ်တွေကို ထည့်ထားပစ်မယ် ”
နောက်နေ့နံနက်စောစော၌ ယဲ့ရှောင်က ခါတိုင်းကဲ့သို့ အလုပ်သွားပြီး အကဲဖြတ်စာမေးပွဲကို ဖြေဆို၏။
စာမေးပွဲကို နှစ်ပိုင်းခွဲထားသည်။ ပထမအပိုင်းက ရေးဖြေစာမေးပွဲဖြစ်၏။ ရေးဖြေစာမေးပွဲက တစ်နာရီမျှ ကြာပြီး စာကြည့်တိုက်အလုပ်ပေါ် လူတစ်ယောက်၏ နားလည်သဘောပေါက်မှုအား စစ်ဆေးခြင်း ဖြစ်သည်။ ရံဖန်ရံခါ လှည့်ကွက်အချို့နှင့် ထူးဆန်းသော မေးခွန်းအချို့ကို ထည့်ထား၏။
သူတို့ထဲမှ တစ်ခုက အမျိုးသားနှင့် အမျိုးသမီး စာဖတ်သူက စာကြည့်တိုက်ထဲတွင် မသင့်တော်တာတစ်ခု။ အများပြည်သူ၏ ကျင့်ဝတ်သိက္ခာကို ဆန့်ကျင်ပြီး တစ်စုံတစ်ခု ဆောင်ရွက်ခဲ့လျှင် သင်မည်သို့ ပြုလုပ်မည် ဆိုတာပဲ ဖြစ်သည်။
( A ) ချောင်းကြည့်မည်။
( B ) လုပ်ဖော်ကိုင်ဖက်များကို ခေါ်ပြီး ချောင်းကြည့်မည်။
( C ) ဓာတ်ပုံရိုက်ပြီး သူတို့ကို အင်တာနက်ပေါ်တွင် တင်မည်။
( D ) ဝင်ပါလိုက်မည်။
ဂရုတစိုက်ကြည့်မိလျှင် နားလည်မှု လွှဲမှုထဲ ကျရောက်သွားနိုင်၏။
ဆိုရလျှင် အဖြေများအားလုံး မှားတာပဲ ဖြစ်ရမည်။ လူအချို့က မည်ကဲ့သို့ ဖြေရမည်မှန်း မသိသောကြောင့်နှင့် မေးခွန်းအတွက် ရမှတ်များကို လက်မလျှော့ချင်သောကြောင့် အရိုင်းဆန်ဆန် ခန့်မှန်းမှု ပြုလုပ်ရပေမည်။ ထိုသို့ဆိုလျှင် ဤမေးခွန်းက သေချာပေါက် အမှတ်ရတော့မှာ မဟုတ်ပေ။ မေးခွန်းက လူအားလုံး၏ အမှန်အမှားကို စစ်ဆေးနိုင်စွမ်းရှိသော စွမ်းရည်ကို စမ်းသပ်တာပဲ ဖြစ်၏။
အမှတ်များအတွက် သူတို့က ကျပန်းရွေးချယ်ခဲ့မည်ဆိုလျှင် သူတို့၏ တာဝန်ယူမှုက သံသယဖြစ်ခံရပေလိမ့်မည်။
ထို မရွေးထားသည့်သူများလျှင် အမှတ်ရမည်။
အဖြေလွှာကတ်သည် ယန္တရားအမှတ်တစ်ခုဖြစ်၏။ ထို့ကြောင့် အဖြေလွှာကတ်ကို တိုက်ရိုက်ပစ်သွင်းပြီး နေရာမှာတွင် အမှတ်ရနိုင်သည်။
သံသယဖြစ်ဖွယ် မလိုပဲ ယဲ့ရှောင်၏ အမှတ်က ၁၀ဆင့်မြောက် ဖြစ်သည်။
မူလက သူသည် အဆင့်တစ်ရအောင် လုပ်ချင်ခဲ့၏။ သို့သော် ပထမဖြစ်ရခြင်းက သိပ်ကို မျက်စိဖမ်းစားနိုင်စွမ်း ရှိလွန်း၏။ ကျန်သည့်သူများထံမှ အာရုံစိုက်မှုများစွာ ရလွန်းခြင်းက ယဲ့ရှောင်၏ ဘဝပုံစံအတွက် မကိုက်ညီပေ။ ထို့ကြောင့် သူက အားလုံး၏ အဖြေလွှာ စာရွက်ကို စစ်ဆေးရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုပြီးနောက် သူ၏ အဆင့်သတ်မှတ်ချက်ကို အဆင့် ၁၀ဖြစ်စေရန်အတွက် မှန်ကန်သော အဖြေအချို့ကို ခြစ်ချခဲ့၏။
ထိုရလဒ်က သီအိုရီစာမေးပွဲ၌ ပြဿနာတစ်ရပ် မဟုတ်တော့ပေ။
နောက်တစ်ခုက တိုက်ပွဲအတွေ့အကြုံ စစ်ဆေးခြင်း ဖြစ်သည်။ ယင်းက ယှဥ်ပြိုင်ပွဲ မဟုတ်ပဲ တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်များအားလုံးက ကျန်သည့်သူကို ထိခိုက်စေမှာကို စိုးရိမ်နေကြ၏။
ထို့ကြောင့် သူ၏ ကျင့်ကြံဆင့်ကို စမ်းသပ်နိုင်သရွေ့ ရနေပြီ ဖြစ်သည်။ ယဲ့ရှောင်က သူ၏ ကျင့်ကြံဆင့်ကို ဟို့ထျန်းတတိယအဆင့်သို့ ဖိနှိပ်ထားခဲ့၏။
ထိုကျင့်ကြံဆင့်နှင့် သီအိုရီစစ်ဆေးမှု ရလဒ်အရ သူနေထိုင်ရန် အခွင့်အရေးက ၉၉.၉၉၉ ရာခိုင်နှုန်းရှိသည်။ သူက ကျန်ရှိသည့် ၀.၀၀၀၁ရာခိုင်နှုန်းကို ဂရုမစိုက်ပေ။
ထို၀.၀၀၀၁က အမှန်တကယ် ရှိနေခဲ့မည်ဆိုလျှင် သူ ထီပေါက်နိုင်ခြေ အနည်းအကျင်းက ကောင်းကင်ဘုံကတောင် သူ့ကို မနေစေချင်ဟု ဆိုလိုတာပဲ ဖြစ်သည်။
သို့သော် ယဲ့ရှောင်၏ ဝေဖန်ပိုင်းခြားမှုက အလွန်ပြီးပြည့်စုံသည်ဆိုတာ အမှန်တရားက သက်သေပြသွား၏။
စာကြည့်တိုက်တစ်ခုလုံးတွင် လူသုံးပုံတစ်ပုံက ထွက်သွားရသည်။ သူက အဆုံးတွင်မူ စတုတ္ထမြောက်နေရာ ရသွား၏။ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့လျှင်တောင် လူများကို များများစားစား ခန့်မှန်းမိစေမှာ မဟုတ်ပေ။ ယဲ့ရှောင် မထင်ထားသည်က ၁၀နှစ် အနှစ် ၂၀ကြာ အလုပ်လုပ်ပေးခဲ့သော မစ္စဝမ်သည် ကျရှုံးခဲ့ပြီး နောက်ထပ်တစ်နေရာဆီသို့ ရွှေ့ပြောင်းခံလိုက်ရတာပဲ ဖြစ်သည်။
သူမက သိုင်းအဆင့်က ဟို့ထျန်းစတုတ္ထအဆင့်ဖြစ်သောကြောင့် ဖြစ်သည်။ သူမက သီအိုရီစာမေးပွဲရှိ မေးခွန်းများကို မည်သို့ ဖြေဆိုရမည်မှန်း မသိတာက မဖြစ်သင့်ပေ။
သို့သော် သူမက အငြင်းပယ်ခံရသေး၏။ ယင်းက ယဲ့ရှောင်ကို အမှန်တကယ် အံ့သြသွားစေ၏။
” ဂုဏ်ပြုပါတယ် ယဲ့ရှောင်။ နင်က တကယ် ဖြတ်မြင်းတစ်ကောင်ပဲ။ နင်က စာမေးပွဲကို တကယ်အောင်လိမ့်မယ်လို့ မထင်ထားဘူး ”
ယဲ့ရှောင်က ထူးမခြားနား ပြန်ပြောလိုက်သည်။
” ကျေးဇူးပါ။ ဒါပေမဲ့ မစ္စဝမ် ဉာဏ်ရည်က အတော်လေး နှမြောစရာ ကောင်းလွန်းတယ် ”
မစ္စဝမ်က ပြုံးလိုက်၏။
” သီအိုရီစာမေးပွဲထဲမှာ တမင်တကာကောင်းကောင်း မလုပ်ခဲ့တာ။ ငါ လက်ထပ်တော့မှာပဲလေ။ ဒါကြောင့် နင်တို့ ကလေးတွေနဲ့ ထပ်ပြီး မတိုက်ခိုက်ချင်တော့ဘူး။ ဒါရိုက်တာနဲ့ ဆွေးနွေးပြီးသား။ ငါ့ခင်ပွန်းလောင်းရဲ့ ယူနစ်ဆီ ရွှေ့ပြောင်းပေးဖို့အဆက်အသွယ်တွေကို သုံးပေးဖို့ တောင်းဆိုထားတယ်။ နောင်ကြ တစ်ယောက်နဲ့တစ်ယောက် ထပ်မတွေ့ဖြစ်လောက်တော့ဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒါဆို နှစ်ယောက်သား အိုအောင်မင်းအောင် ပေါင်းဖက်ရပါစေလို့ ဆုတောင်းပါတယ် ”
” နင့်ရဲ့ ကြင်နာတဲ့ စကားတွေအတွက် ကျေးဇူးပါပဲ။ ငါ ရွှေ့ပြောင်းတဲ့ ကိစ္စလေးတွေ ဖြေရှင်းဖို့ သွားလိုက်ဦးမယ်။ ဒါပေမဲ့ နင်အလုပ်ကြိုးစားရမယ်နော်။ စာကြည့်တိုက် ချဲ့ထွင်ပြီးသွားရင် အခုလောက် မလွယ်ကူတော့မှာ စိုးရိမ်မိတယ် ”
” ဟုတ်ပြီဗျာ ”
နှစ်ယောက်သားက နှုတ်ဆက်စကားပြောပြီးနောက် ယဲ့ရှောင်က လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် နေရစ်ခဲ့၏။ သူ၏ အလုပ်က မပြောင်းသွားပေ။
မည်သို့ပင် ဆိုစေကာမူ သူက စာကြည့်တိုက်ထဲ၌ လုပ်သက်ရင့်သည့်သူ ဖြစ်နေသေးသည်။ ထို့အပြင် သီအိုရီစာမေးပွဲ၌ သူ့အမှတ်က အတော်လေးကောင်းသည်။ ထို့ကြောင့် အိုးရန်ယွင်ကျုံးက သူ့အတွက် ရာထူးကို သတ်မှတ်ပေးထားခဲ့သည်။ လူအများစုကမူ စာကြည့်တိုက်ရာထူးအဖြစ် ကျသွားသည်။
ထိုစီမံမှုများပြီးနောက် ကျန်ရှိသည့် တစ်ခုတည်းသော အရာက စာကြည့်တိုက် ချဲ့ထွင်မှု ဖြစ်သည်။
ဤလောကရှိ အဆောက်အဦးများ တည်ဆောက်ခြင်းက အလွန်မြန်ဆန်သည့်တိုင် စာကြည့်တိုက်ကြီးတစ်ခုကို ချဲ့ထွင်ရန်က အချိန်အတော်ယူရသေးသည်။
ထို့ကြောင့် ယဲ့ရှောင်က တစ်ပတ်တာ အားလပ်ရက် ထပ်ရလိုက်သည်။
သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။
ယဲ့ရှောင်က အားလပ်ရက်များကို စိတ်မဝင်စားပေ။ အားလပ်ရက်နှင့် ယှဥ်လျှင် သူက စာဖတ်ရတာကို ပိုနှစ်သက်သည်။
စာဖတ်ခြင်းဖြင့်သာ သူ၏ ကျင့်ကြံဆင့်ကို ပိုမြန်ဆန်စွာ မြင့်တင်နိုင်သည်။
အားလပ်ရက်ဖြစ်နေသောကြောင့် သူအိမ်တွင်သာ နေနိုင်၏။ ထိုကာလအတွင်း ယဲ့ရှောင်က ကုမ္မဏီများစွာ ချဲ့ထွင်လျက် ပိုသန်မာသည့် အစီအရင်များ တည်ဆောက်တာကို သတိပြုမိခဲ့သည်။
ကျန်းဟိုင်မြို့၏ ဆင်ခြင်ဖုံးဒေသအတွင်း အဖွဲ့အစည်းသစ်အချို့နှင့် ကုမ္မဏီသစ်များကလည်း စတင် တည်ဆောက်လာကြသည်။
အိမ်များ တည်ဆောက်ရန်အတွက် ယဲ့ရှောင်၏ အိမ်ဘေးတွင် ကုမ္မဏီအချို့ကတောင် တည်ဆောက်လာပြီ ဖြစ်သည်။
စာကြည့်တိုက်ချဲ့ထွင်ရုံမျှသာ ဖြစ်ပုံမပေါ်ပေ။ ကျန်းဟိုင်တစ်မြို့လုံး တိုးချဲ့မှုအတွင်း ပါဝင်လာတာ ဖြစ်ရမည်။ ထိုအကြောင်းကို ဂရုတစိုက်တွေးမိပြီး ယင်းက အဓိပ္ပာယ်ရှိကြောင်း သိလိုက်ရ၏။ စာကြည့်တိုက်ဟူသည် မြို့တစ်မြို့၏ အုတ်မြစ်ဖြစ်သည်။
စာကြည့်တိုက်၏ စံသတ်မှတ်ချက်သည် မြို့၏ အရွယ်အစားအလိုက်လည်း တည်ဆောက်တာ ဖြစ်၏။ ထို့ကြောင့် စာကြည့်တိုက်ကို တိုးချဲ့ပြီဖြစ်သောကြောင့် မြို့ကိုလည်း သေချာပေါက် တိုးချဲ့ရမည်။ သို့သော် ယဲ့ရှောင်က ထိုကိစ္စရပ်များကို စိတ်မဝင်စားပေ။ မြို့တိုးချဲ့မှုက အိမ်စရိတ်တက်စေရုံသာ ရှိမည်။ သူ စိတ်ဝင်စားသည့် တစ်ခုတည်းသောအရာက စာကြည့်တိုက်က စာအုပ်ကောင်းများ သယ်လာမည်ဆိုတာပဲ ဖြစ်သည်။
စာကြည့်တိုက်မဖွင့်ခင် ယဲ့ရှောင်က ငွေပေးရန် လိုအပ်သည့် စာအုပ်ဆိုင်လေးတချို့ကို သွားခဲ့သည်။ သူက ရှေးဦးစွာ စာအုပ်ဖတ်ပြီး အခြေခံကျင့်ကြံခြင်း နည်းစနစ်အချို့ကို မှတ်တမ်းတင်ပြီးနောက် အသစ်ပေါင်းစည်းရန် ပြင်ဆင်တော့သည်။
စာအုပ်ဆိုင်လေးများက စာကြည့်တိုက်၏ အကျယ်အဝန်းနှင့် မယှဥ်နိုင်ပေ။ သို့သော်ငြား စာအုပ်ဆိုင်လေးများကလည်း ကိုယ်ပိုင် အားသာချက် ရှိကြသည်။
အဆင့်မြင့်စလွန်းများနှင့် လမ်းဘေးစျေးရှိ ခေါင်းလျှော်ရည်ဆိုင်လေးများကဲ့သို့ပင်။ သူတို့၏ စံသတ်မှတ်ချက်က ဝေးကွာနေသော်ငြားခေါင်းလျှော်ဆိုင်တွင်လည်း အံ့သြဖွယ်ကောင်းသည့်အရာကို မတွေ့ဟု မည်သူက အာမခံနိုင်မည်နည်း။
သို့သော် အဆင့်မြင့် စလွန်းများရှိ ခရုများက နွားများပမာ များပြားလွန်းနေစဥ် ခေါင်းလျှော်ဆိုင်လေးများရှိ ယောက်သွားခွံများက တစ်ချက်ကြည့်ရုံဖြင့် မြင်တွေ့နိုင်သည်။
သူတို့ကို ရှာတွေ့ မတွေ့က ကံပေါ်သာ မူတည်နေသည်။
ဤလောက၌ စာအုပ်ဆိုင်လေးအချို့တွင် ချီရှန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို မကြာခဏ ရှာတွေ့သည့်သူများ ရှိလာကာ သူတို့က မျိုးဆက်တစ်ဆက်၏ သိုင်းပညာရှင်များ ဖြစ်လာကြသည်။
ယဲ့ရှောင် ချီရှန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို စိတ်ဝင်စားခြင်း မရှိပေ။ သူက အခြေခံ ကျင့်ကြံခြင်းနည်းစနစ်ကိုသာ လိုချင်တာ ဖြစ်သည်။
ကျင့်ကြံခြင်းနည်းစနစ်၏ အုတ်မြစ်ဖြစ်သရွေ့ ယင်းကို အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က လက်ခံလိမ့်မည်။ သူ့အဖို့ ယင်းက ချီရှန်းအဆင့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုထက် အဆတစ်ရာသာသည်။
နှစ်ရက်သုံးရက်ခန့် ဖတ်ရှုပြီးနောက် ယဲ့ရှောင်ကလည်း ထိုးနှက်ခြင်းနည်းစနစ်အုတ်မြစ်နှင့် လက်ဝါးနည်းစနစ်၏ အုတ်မြစ်တို့ကို ရှာတွေ့ရသွားသည်။ ယင်းက ဆုံးရှုံးသည်ဟူ၍ သတ်မှတ်၍ မရပေ။
သို့သော် ယဲ့ရှောင် စာဖတ်နေစဥ် သူ၏ စိတ်ကို အနားယူရန်အတွက် ကျင့်ကြံခြင်းနည်းစနစ်နှင့် မသက်ဆိုင်သော စာအုပ်အချို့ကိုလည်း မကြာခဏ ဖတ်ခဲ့၏။
သူတို့ထဲတွင် သူကို အံ့သြစေသော သိုင်းပညာရပ်များ ဒဏ္ဍာရီတစ်ခုကို ရှာတွေ့ခဲ့သည်။ အားလုံးသိသည့်အတိုင်း ဤလောကထဲ၌ ဧကရာဇ်များ ရှိသည်။ သို့သော် ဧကရာဇ်တစ်ပါး ဖြစ်လာရန် မည်သို့ ပြုလုပ်ရမည်နည်းဟု မေးလိမ့်မည်။ ရှေးယခင်ကတည်းက ဧကရာဇ်က အလွန်နည်းပါးကြောင်း သိထားရပေမည်။
ဤနေရာတွင် ရည်ညွှန်းထားသော ဧကရာဇ်ဟူသည် ရာဇပလ္လင်ကို အမွေဆက်ခံသည့်သူများကို ပြောထားတာ မဟုတ်ပေ။ အများစုက လူသားမျိုးနွယ်စုကို ဦးဆောင်ပြီး ဒီရေကို ပြောင်းလဲနိုင်စွမ်းရှိသည့် ဆန်းကြယ်သော တည်ရှိမှုများ ဖြစ်သည်။
ဥပမာအချို့အရ ဧကရာဇ်သုံးပါးနှင့် အချုပ်အချာအာဏာပိုင်၅ဦး။ မဟာချင်၏ ဘိုးဘေးနဂါး ဧကရာဇ် စွေ နှင့် ထန်ဂိုဏ်းသူတို့က ပါရမီရှိသည်လော။ သို့မဟုတ် သူတို့က ရိုးရိုးရှင်းရှင်း ပါရမီရှိကြသည်လော။ သို့တည်းမဟုတ် ကျင့်ကြံဆင့်က လုံလောက်အောင် နက်ရှိုင်းသည်လော။
မဟုတ်ပေ။
ရှေးယခင်တည်းက ယခုကာလအထိ ဧကရာဇ်များနှင့် ကျင့်ကြံဆင့် ယှဥ်နိုင်စွမ်းသည့် သိုင်းပညာရှင် အတော်များများ ရှိခဲ့သည်။
သတ်ဖြတ်ခြင်းနတ်ဘုရား ပိုင်ချီ.၊ ဘုရင်များထဲမှ ဘုရင် ရှန်ယွီတို့ကို ဥပမာယူနိုင်၏။ သူတို့အားလုံးက ခမ်းနားထည်ဝါသော ပုဂ္ဂိုလ်များဖြစ်သည်။
သူတို့၏ ကျင့်ကြံခြင်း အရှိန်နှင့် သူတို့၏ ကျင့်ကြံဆင့်ကတောင် ထိုဧကရာဇ်နှင့် မယှဥ်နိုင်ပေ။
ထိုသို့တိုင် အဘယ်ကြောင့် လူအနည်းစုသာလျှင် ဧကရာဇ်ဖြစ်လာရသနည်း။
အပိုင်း ၁၃၈ ပြီး၏။