စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၃၆ စာကြည့်တိုက်ပြန်လည်ဖွဲ့စည်းခြင်း။
ယဲ့ရှောင်သည် သံချပ်ကာတစ်ခု သန့်စင်ရန်အတွက် ဘုရင်အေးအ်၏ သားရဲအရေခွံကို အသုံးပြုရန် မစီစဥ်ထားပေ။
ဘုရင်အေးအ်၏ သားရဲအရေခွံက အင်မတန် မာကျောပေ၏။ သို့သော် အနက်ရောင်ကြေးခွံမြွေအရေခွံရာချီ စုထားခြင်းနှင့် ယှဥ်လိုက်လျှင် ယင်းက သန်မာသည်ဟု မဆိုနိုင်တော့ပေ။ အနည်းငယ် ထိပ်ရောက်ရုံသာရှိ၏။
အနက်ရောင်ကြေးခွံမြွေအရေခွံက မာကျောသော်ငြား သူ သန့်စင်ထားသည့် တော်ဝင်အဆင့် လက်ကိုင်ရိုးရှည် ဓါးမော့ဖြင့် အလွယ်တကူပိုင်းဖြတ်ခံလိုက်ရသည်။ ထို့ကြောင့် သူက ဘုရင်အေးအ်၏ သားရဲအရေခွံကို သန့်စင်ပြီး ၄င်းကိုအနက်ရောင်ကြေးခွံမြွေအရေခွံနှင့် ပေါင်းစည်းလိုက်မှာပဲ ဖြစ်သည်။ ဤနည်းဖြင့် နှစ်မျိုးပေါင်းစည်းခြင်း၏ အကျိုးရလဒ်က သံချပ်ကာတစ်ခုတည်း သန့်စင်ခြင်း၏ အကျိုးထက် ပိုမြင့်မားမှာ သေချာသည်။
ယဲ့ရှောင်က သူ အလုပ်မသွားရသည့်အချက်ကို အခွင့်ကောင်းယူပြီး နောက်ထပ် တစ်ရက်တစ်ညခန့်သုံးကာ သံချပ်ကာကို အပြည့်အဝ သန့်စင်နေတော့သည်။
သံချပ်ကာ၏ အပြင်ပိုင်းက အနက်ရောင်ဘောင်းဘီ၊ အနက်ရောင် ကုတ်အင်္ကျီ ဖြစ်နေသေး၏။ ခေါင်းပြတ်နိုင်သည့် သွေးထွက်နိုင်ပြီး အေးမြသည့် ခံစားချက်ကို မဆုံးရှုံးနိုင်ပေ။ ၄င်းကိုသန့်စင်ပြီးနောက် ယဲ့ရှောင်က ယင်းကို ဖြတ်တောက်ကြည့်ရန် လက်ကိုင်ရိုးရှည် ဓါးမော့ကို အသုံးပြုကြည့်ခဲ့၏။ ယင်းက ယခင်ကထက် ပိုကောင်းကြောင်း သဘောပေါက်သွားသည်။ ခြစ်ရာသာ ထင်ခဲ့ပြီး သံချပ်ကာကို အပြည့်အဝ မဖြတ်တောက်နိုင်ခဲ့ပေ။
အနက်ရောင်ကြေးခွံမြွေ၏ အရေခွံက ဘုရင်အေးအ်၏ ဦးချိုရှေ့တွင် မလုံလောက်သေးပုံ ပေါ်သည်။
ထုတ်ကုန်ကို မည်မျှ သိပ်သည်းသွားစေကာမူ ယင်းက စံသတ်မှတ်ချက်နိမ့်သည့် ထုတ်ကုန်ဖြစ်နေသေး၏။ သို့သော်ငြား ယခု ဘုရင်အေးအ်၏ အရေခွံ ရှိလာပြီဖြစ်ရာ ယဲ့ရှောင်၏ ခုခံခြင်းခွန်အားက နောက်တစ်ဆင့်သို့ တက်သွားတော့သည်။ ယင်းက အတော်ကောင်းပေ၏။
နောက်ထပ်ပြုလုပ်ရမည့်အရာက ပိုရိုးရှင်းသည်။
ယဲ့ရှောင်က ဘုရင်အေးအ်၏ ကြယ်တာရာအမြုတေကို ဆေးလုံးအဖြစ် ဖော်စပ်ကာ ၄င်းကို မြိုချလိုက်၏။ သူ့ခန္ဓာကိုယ်ထဲသို့ ဆေးလုံးဝင်သွားသည်နှင့် ဝိညာဥ်စွမ်းအင်က ချက်ချင်းပင် လျှပ်စီးနှင့် မိုးကြိုးပမာ ကြမ်းတမ်းလာတော့သည်။
ဘုရင်အေးအ်၏ ဝိညာဥ်စွမ်းအင် ကျင့်ကြံမှုက ယဲ့ရှောင်နှင့် တူညီသလောက် ရှိသည်။ ကြယ်တာရာအမြုတေထဲတွင် ပါဝင်သော အစွမ်းထက်သော စွမ်းအင်များက ပြောရန်မလိုအပ်ချေ။
၄င်း၏ စွမ်းအင်က ဘုရင်အေးအ်၏ စွမ်းအင်အကုန် မဟုတ်သော်ငြား အစွမ်းထက်သော ဝိညာဥ်စွမ်းအင်ကို ပိုင်ဆိုင်ထားသေး၏။
ကံကောင်းသည်မှာ ယဲ့ရှောင်၌ လက်ရှိကျင့်ကြံခြင်းနည်းစနစ်များစွာ ရှိနေတာပဲ ဖြစ်သည်။ ထိုမျှများပြားသည့် ကျင့်ကြံခြင်း နည်းစနစ်များကို တစ်ပြိုင်နက်တည်း လည်ပတ်ခြင်းဖြင့် သူက ကြမ်းတမ်းသော ဝိညာဥ်စွမ်းအင်များကို မှန်ကန်သည့် လမ်းကြောင်းဆီသို့ လျင်လျင်မြန်မြန် ဆောင်ယူနိုင်၏။ ယဲ့ရှောင်၏ ချီသွေးကြောများထဲသို့ ၄င်းက ဆက်တိုက်လည်ပတ်နေပြီး သူ၏ ချီသွေးကြောကို ဆေးကြောပေးကာ ကျင့်ကြံဆင့်ကို တတိတိ တိုးမြင့်လာစေ၏။
ဆေးလုံးတွေ စားပြီး ကျင့်ကြံဆင့်ကို တိုးမြင့်ရတာက တကယ်မြန်ဆန်တာပဲ။ လူတွေက ကျင့်ကြံဆင့် မြန်မြန် တိုးတက်ချင်တယ်ဆိုရင် ကြယ်ဆုံစစ်မြေပြင်ကို ခရီးတစ်ခေါက် ထွက်သင့်တယ်လို့ ပြောတာ မမှားဟု အံ့သြစရာ မရှိဘူးပဲ။
ကြယ်ဆုံသော စစ်မြေပြင်၌ ကြယ်တာရာသားရဲများ ကျော်လွန်၏။ ကြယ်တာရာသားရဲများကို အမဲလိုက်ခြင်းကနေ သားရဲအမြုတေများနှင့် ဆေးလုံးများအတွက်လည်း တိုက်ပွဲအမှတ်များ ရနိုင်သည်။
သူက ဆေးလုံးများ ပိုစားသုံးနိုင်မည်ဆိုလျှင် သူ၏ ကျင့်ကြံဆင့်က သေချာပေါက် ပိုမြန်ဆန်စွာ တိုးတက်လာမှာ ဖြစ်သည်။
သို့သော် ကြယ်ဆုံသော စစ်မြေပြင်က အန္တရာယ်များလွန်းနေ၏။ ထိုနေရာ၌ သိုင်းပညာရှင်များစွာရှိပြီး အံ့ဖွယ်ချီရှန်းများလည်း ရှိနိုင်၏။
သူ့အဖို့ ကျင့်ကြံဆင့် နည်းနည်းတိုးလာသည့်အချိန်ထိ စောင့်ပြီးမှ ထိုအကြောင်းကို ပြန်တွေးတာက ပိုကောင်းပေလိမ့်မည်။
ရွှေရောင်စာအုပ်ထဲ၌ မူလကုသခြင်း နည်းစနစ်က ပြီးပြည့်စုံသည့် အခြေအနေထိရောက်အောင် ကျင့်ကြံပြီးပြီ ဖြစ်သည်။ ကုသခြင်းတော်ဝင်နည်းစနစ်အကြောင်း မှတ်ထားသော စာရွက်သုံးရွက်က သန့်စင်သည့် ရွှေရောင်စာအုပ်များ စတင်ဖြာထွက်လာပြီဖြစ်သည်။
ယင်းက ယဲ့ရှောင်ကို ပိုတောင် ပျော်ရွှင်အံ့သြသွားစေ၏။ သူ ၄င်းကို ပေါင်းစည်းနိုင်ပြီ ဖြစ်သည်။
တော်ဝင်အဆင့်များ ပေါင်းစည်းခြင်းဖြင့် မည်သို့သော အစွမ်းထက်သည့် ကျင့်ကြံခြင်းနည်းစနစ် ပေါ်ထွက်လာမည်ဆိုတာ သူ မသိပေ။
သို့သော် အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ကို ထိန်းချုပ်ပြီး ကျင့်ကြံခြင်းနည်းစနစ်ကို ပေါင်းစည်းချင်သည့် အချိန်၌ ရွှေရောင်စာအုပ်က တုံ့ပြန်မှု မရှိတာကို သူ တွေ့လိုက်ရသည်။
ဘာတွေဖြစ်ကုန်တာလဲ။ ရွှေရောင်စာအုပ်သည် ပုံမှန်ဆို ကျင့်ကြံခြင်းနည်းစနစ်များ စုဝေးပေးပြီး ၄င်းတို့ ပေါင်းစည်းနိုင်သည့် အချိန်ကျမှ ရွှေရောင်ကို ထုတ်လွှတ်နေသည် မဟုတ်ပါလော။ ၄င်းက အဘယ်ကြောင့် မအောင်မြင်ရသနည်း။
ယဲ့ရှောင်က ၄င်းကို မယုံနိုင်ပဲ သူ၏ စိတ်စွမ်းအားကို ရွှေရောင်စာအုပ်ပေါ် မကြာခဏ ထိလိုက်ပြီး သို့သော်ငြား ရွှေရောင်စာအုပ်က တုံ့ပြန်မှု မရှိသေးပေ။
၁၄ကြိမ်မြောက်အထိ ယဲ့ရှောင်က ၄င်းကို နိမ့်နေသောအခါ ရွှေရောင်စာအုပ်က စိတ်ရှည်သည်းခံနိုင်မှု ဆုံးရှုံးသွားပုံပေါ်၏။ သူက စကားလုံးကြီး ၁၀လုံး ပြသလာ၏။
သူ၏ ကျင့်ကြံဆင့်က နိမ့်ပါးလွန်းသောကြောင့် သူ၏ အခွင့်အာဏာက မလုံလောက်ပေ။
ယဲ့ရှောင်က ဆွံ့အသွားလေသည်။
ဒါ လွန်လွန်းတာပဲ။ မလုပ်နိုင်ဘူးဆိုရင်လည်း စောစောက ပြောသင့်တာပေါ့။ အကြိမ်ပေါင်းများစွာ နိမ့်နေရတာ။ ငါ့အချိန် ကုန်လိုက်တာ။
သို့သော် ယင်းကလည်း ယဲ့ရှောင်ကို အတော်လေး ပူပန်သွားစေ၏။
သူသည် ရှန်းထျန်းသတ္တမအဆင့်သို့ ရောက်နေပြီ ဖြစ်၏။ ထိုကျင့်ကြံဆင့်ကို နိမ့်ပါးသည်ဟု အမှန်တကယ် ပြောနေသည်။
ဘုရားရေ စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက်က ဘယ်လောက်တောင်များ သန်မာတာလဲ။
ကြည့်ရတာ ငါ သိုသိုသိပ်သိပ် နေသင့်သေးတဲ့ ပုံပဲ။ ဒီလောကကြီးက ကြောက်ဖို့ကောင်းလွန်းတယ်။
အားလုံးပြုလုပ်ပြီးနောက် ရက်ပေါင်းများစွာ ကုန်လွန်သွား၏။ ကြယ်၇လုံးတန်းသည့်နေ့ကလည်း နောက်ဆုံးတွင် ပြီးဆုံးသွား၏။
ကျန်းဟိုင်မြို့သည် မည်သည့် အန္တရာယ်မှ မကြုံတွေ့ရပဲ ရှင်သန်နိုင်ခဲ့ပြီး ကမ္ဘာကြီးထဲ၌ သေကြေပျက်စီးမှု မရှိပဲ ရှင်သန်နိုင်ခဲ့သည့် တစ်ခုတည်းသော မြို့ဖြစ်နိုင်သည်။
စာကြည့်တိုက်ထဲတွင် သူတို့အားလုံးက လုပ်ငန်းခွင် ပြန်ဝင်ရန်အတွက် သတိပေးစာ ရလာတော့သည်။
ယဲ့ရှောင်သည် အခြားသောမြို့များရှိ ကြယ်တာရာသားရဲများအားလုံးနီးပါး ရှင်းလင်းခံရသည့် သတင်းကို မြင်ပြီး မြို့တိုင်းမြို့တိုင်းက မှန်ကန်သည့်လမ်းကြောင်းပေါ် ရောက်နေပြီဆိုတာကို တွေ့လိုက်သည်။
သူက ဂရုမစိုက်ပေ။ ကြယ်၇လုံးတန်းသည့် ကာလအတွင်း ကျန်သည့်သူများက ထိခိုက်မှု ပြင်းထန်ခဲ့၏။ သူ အဆင်ပြေနေရုံသာမက သူကအကျိုးအမြတ် ကြီးကြီးမားမားတောင် ရခဲ့သေးသည်။
သူ၏ ကျင့်ကြံဆင့်က ရှန်းထျန်းသတ္တမအဆင့်သို့ တက်သွားပြီး အံ့ဖွယ်ချီရှန်းအဆင့်ရောက်လာခဲ့ပြီး သူက တော်ဝင်အဆင့် လက်ကိုင်ရိုးရှည် ဓါးမော့ကို သန့်စင်နိုင်ခဲ့ပြီး သူ၏ သံချပ်ကာကို ခွန်အားမြင့်တင်ကာ တော်ဝင်နည်းစနစ် မူလကုသခြင်းနည်းစနစ်ကို ရရှိခဲ့သည်။
သူက ကံကောင်းသည်ဟူ၍ ပြော၍ ရသည်။ ထို့အပြင် ဘုရင်အေးအ်၏ အသားကိုလည်း သူ စားလိုက်ပြီးဖြစ်၏။
သိုးသားခဲဖပ်၊ သိုးသားဟော့ပေါ့၊ သိုးသားပြုတ်၊ သိုးသားဟင်းချို၊ သိုးကလီစာစွပ်ပြုတ်။ ဆားနှင့် ငရုပ်ကောင်းဖြူးထားသည့် သိုးသားကင် စသဖြင့် စား၍ရသမျှ ယဲ့ရှောင်သည် ဘုရင်အေးအ်ထံမှ ဟင်းလျာတစ်မျိုးဖြင့် ဆင့်ကဲပြီးသားဖြစ်သည်။
စားသောက်ပြီးချိန်၌ သူက ဟွမ်လျိုလီအတွက် အရိုးတချို့ ချန်ထားပေးပြီး သူက နေ့တိုင်း ၄င်းတို့ကို အချိန်ရေတိုးပြီး ယက်နေမှာပဲ ဖြစ်သည်။
သူမသည် ခွေးတစ်ကောင်အကိုက်ခံလိုက်ရသော
ကြောင့် သူမ၏ ဉာဏ်ရည်လျော့ကျသွားသလားဟုတောင် ယဲ့ရှောင် သံသယဝင်ခဲ့ဖူး၏။ သူမက ဟပ်စကီးခွေးတစ်ကောင်နှင့် တူနေပြီဖြစ်သည်။
သို့သော် ကြယ်၇လုံးတန်းသည့် နေ့က ပြီးသွားသည့်အချိန်၌ သူမ၌ ထူးထူးခြားခြား သံလိုက်စက်ကွင်း ပြောင်းလဲသွားမှု မရှိပေ။ ထို့ကြောင့် ယဲ့ရှောင်သည် သူမကို တစ်ချိန်လုံး ခေါ်သွားရန် မလိုအပ်ချေ။
သူက မနက်တွင် ပုံမှန် မနက်ပိုင်း အလုပ်သွား၏။ ယဲ့ရှောင်က မနက်စာဝယ်သည့်အချိန်၌ သူက ဟင်းသီးဟင်းရွက် အိတ်လိုက်ဝယ်လာခဲ့သည်။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အသားစားတာ များလွန်း၏။ ထို့ကြောင့် အဆီစားတာလည်း များလွန်းခဲ့သည်။
မနက်စာစားပြီးနောက် သူက စာကြည့်တိုက်သို့ သွားလိုက်သည်။ အိုးရန်ယွင်ကျုံးက ပုံမှန်အတိုင်း မနက်ခင်း အစည်းအဝေးကျင်းပ၏။
” အားလုံးပဲ ကြယ်၇လုံးတန်းတဲ့ကိစ္စကြောင့် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အလွန်စိုးရိမ်ပူပန်နေခဲ့ကြမှာပဲ။ ငါတို့ လူသားတွေအတွက်တော့ ဒါက ကပ်ဘေးသေးသေးမွှားမွှား မဟုတ်ဘူးလေ။ ဒါပေမဲ့ ငါတို့ လူသားတွေအတွက် စမ်းသပ်မှုတစ်ခုလည်း ဟုတ်တယ်။ ကပ်ဘေးဒုက္ခတွေ အများကြီးကြောင့် ငါတို့ လူသားတွေက ကိုယ်တိုင်တိုးတက်အောင် လုပ်ပြီး တဖြည်းဖြည်းချင်းနဲ့ ပိုသန်မာလာကြတာပဲ ”
ဒါရိုက်တာဟူသည် ဒါရိုက်တာဖြစ်ရန်အတွက် အမှန်တကယ် ထိုက်တန်လွန်းပေ၏။ ဆယ်စုနှစ်ပေါင်းများစွာ မြင့်မားသည့် ရာထူးကို တကယ်ထိန်းထားပြီး သူမ၏ ဟန်ပန်နှင့် လေသံက အင်မတန်ချောမွေ့ လွန်း၏။
မည်သို့ပင်ဆိုစေကာမူ သူမက သူတို့ကို ကြက်သားစွပ်ပြုတ်တချို့ ပေးခဲ့၏။
သို့သော် ဒါရိုက်တာပေါ် ယဲ့ရှောင်၏ နားလည်သဘောပေါက်မှုအရ သာမန်အခြေအနေအောက်တွင် ဒါရိုက်တာက ခွန်အားဖြစ် စကားများပြောပြီးသည်နှင့် ဆိုးရွားတာတစ်ခုခု ဖြစ်တော့မည်ဆိုတာ ၈၀ရာခိုင်နှုန်း သေချာသည်။
ထင်သည့်အတိုင်းပင် အိုးရန်ယွင်ကျုံးက ချက်ချင်း ပြောလိုက်၏။
” ဒုတိယတစ်ခုက ကျုံးစီရင်စုက ချမှတ်တဲ့ ညွန်ကြားချက်ကို ပြောပေးဖို့ပဲ။ စီရင်စု၉ခုထဲက အရေးပါတဲ့ စာကြည့်တိုက်တွေ ဖျက်ဆီးခံရတာကိုကြည့်ရင် စာကြည့်တိုက်ထဲက အရေးပါတဲ့ စာအုပ်တချို့ကို မထိခိုက်တဲ့ တခြားစာကြည့်တိုက်တွေဆီ ရွှေ့ပြောင်းပေးရမယ်။ ငါတို့ ကျန်းဟိုင်မြို့ စာကြည့်တိုက်ကလည်း ကျင့်ကြံခြင်း နည်းစနစ်အသစ်တွေကို ကြိုဆိုမယ်။ လက်ရှိမှာ ဘယ်လိုကျင့်ကြံခြင်း နည်းစနစ်မျိုး ရှိမယ်ဆိုတာ အတည်မပြုနိုင်သေးပေမဲ့ စာကြည့်တိုက်ချဲ့ထွင်မှုအရ အများကြီး သယ်ထုတ်မှာပဲ ”
လူတိုင်းက ချက်ချင်းပင် တက်တက်ကြွကြွ ဆွေးနွေးကြတော့၏။
” ထပ်ပြီး ချဲ့ထွင်မှာလား ”
” ငါတို့ စာကြည့်တိုက်က နည်းနည်းကောင်းလွန်းမနေဘူးလား။ အချိန်တိုအတွင်းမှာ ချဲ့ထွင်တာ နှစ်ခါရှိပြီ ”
” ချဲ့ထွင်တာ မကောင်းဘူးလား။ ပိုချဲ့ထွင်လေ ရာထူးကောင်းတွေ ပိုရလေပါ သေချာလေ ”
လူများစွာက စိတ်လှုပ်ရှားလာပြီး မျက်လုံးများ စိမ်းဖန့်လာတော့၏။
ယဲ့ရှောင်ကမူ ဘာအတွေးမှ ရှိမနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် မျက်ခုံး အနည်းငယ် ပင့်လိုက်မိ၏။
စာကြည့်တိုက်ချဲ့ထွင်လျှင် အလုပ်နေရာများ ပိုရလာပြီး စီမံခန့်ခွဲရေးတာဝန်များ ဧရိယာသေးလေးကို စီမံခန့်ခွဲသည့် မန်နေဂျာနှင့် ဧရိယာကြီးတစ်ခုကို ကြီးကြပ်သူဟူ၍ ရာထူးများ ပေါ်လာလိမ့်မည်။ သို့သော် လက်ရှိ ချဲ့ထွင်မှုက ယခင်ချဲ့ထွင်မှုနဲ့ မတူပေ။
နောက်ဆုံးအခေါက်က စာကြည့်တိုက်သည် ကျန်းဟိုင်မြို့၏ ဒေသမြို့တော်ဝန်၏ အိမ်တော်၏ ထောက်ပံ့မှုအောက်တွင် ချဲ့ထွင်တာဖြစ်၏။ ယင်းက သူတို့ ကိုယ်ပိုင်အဖွဲ့အစည်းကို တိုးစေသည်။
စာကြည့်တိုက်ကလည်း ဒေသခံများကို ခေါ်ယူပြီး လူအများစုက လူသစ်များ ဖြစ်ကြသည်။ လိုရင်းဆိုရလျှင် အတွေ့အကြုံ ရှိသူများကလည်း ရာထူးတက်၏။ သူကမူ ရာထူးတက်တာ အလွန်ကံကောင်းနေတာပဲ ဖြစ်သည်။
သို့သော် ယခုချဲ့ထွင်မှုကမူ စီရင်စု၉ခုထဲရှိ
ကျန်သည့်စာကြည့်တိုက်များက ကပ်ဘေးများ ကြုံတွေ့ရသောကြောင့်ဆိုတာ သိသာသည်။
ရလဒ်အနေဖြင့် သူတို့က ရွေးချယ်စရာ မရှိပဲ စာအုပ်များ ရွှေ့ပြောင်းရတော့မည်။ ထို့အပြင် ယဲ့ရှောင်က ကျုံးစီရင်စုသည် သူ ကျန်းဟိုင်မြို့ထဲတွင်ရှိကြောင်း သံသယဖြစ်နေသောကြောင့် ကျန်းဟိုင်မြို့ကို သူ့အား ကာကွယ်စေချင်တာ ဖြစ်ရမည်။ ကျန်းဟိုင်မြို့က အတော်လေး တည်ငြိမ်နေ၏။ ထို့ကြောင့် စာကြည့်တိုက်ထဲရှိ ပိုအရေးပါသော စာအုပ်တချို့ကို သူတို့ ကာကွယ်ချင်တာဖြစ်သည်။
ချီရှန်းအဆင့် ကျင့်ကြံခြင်း နည်းစနစ်များစွာ ပေါ်ထွက်လာ၏။
တော်ဝင်နည်းစနစ်တွေတောင် ရှိလာနိုင်သေးလား။ ထိုအရာများအားလုံးကတော့ ယဲ့ရှောင်၏ ခန့်မှန်းချက်သာ ဖြစ်သည်။
ဆိုရလျှင် တော်ဝင်နည်းစနစ်များသည် စာကြည့်တိုက်ထဲတွင် လက်လွှတ်စပယ် ထား၍ မရသည့်အရာများ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ စာကြည့်တိုက်၏ ချဲ့ထွင်မှုက ခွန်အားမြင့်တင်မှုဆိုတာ သေချာ၏။
အရည်အသွေးများ ရောထွေးနေမှုကနေ လူတစ်ယောက်၏ ရာထူးကို မြင့်တင်ဖို့က ၈၀ရာခိုနှုန်း မဖြစ်နိုင်ပေ။ အမှန်တကယ်တွင် လူအချို့ဆို ထိုအကြောင်းအရင်းကြောင့် သူတို့ မူလရာထူးများတောင် ဆုံးရှုံးသွားနိုင်ပြီး အဆင့်မြင့် ပါရမီရှိသည့်သူများကို ငှားရမ်းနိုင်၏။ တစ်နည်းဆိုရလျှင် သူတို့က ပိုသန်မာသော သိုင်းပညာရှင်များကို ငှားရမ်းလိမ့်မည်။
ထင်သည့်အတိုင်းပင် လူတိုင်းစိတ်လှုပ်ရှားနေစဥ် အိုးရန်ယွင်ကျုံးက ချောင်းအနည်းငယ် ဟန့်ပြီးနောက် ထွက်ပြောလိုက်သည်။
” အဟန့် ဒီလိုပါ။ စာကြည့်တိုက် ချဲ့ထွင်ပြီးတော့ ပိုအစွမ်းထက်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တချို့ ရှိလာမယ်။ ဒါကြောင့် စာကြည့်တိုက်မှူးတွေအတွက် လိုအပ်ချက်အနေနဲ့ စီမံခန့်ခွဲတဲ့ ရာထူးအပါအဝင် အခုထက် ပိုမြင့်သွားလိမ့်မယ်။ ကျုံးစီရင်စုကတော့ လက်ရှိစာကြည့်တိုက် ဝန်ထမ်းတွေအတွက် စီမံမှုတစ်ခု လုပ်ထားတယ်။ ဒါက နှစ်ပိုင်းခွဲထားမယ်။ ရေးဖြေစာမေးပွဲနဲ့ တိုက်ခိုက်ရေး စာမေးပွဲပဲ ”
” ရေးဖြေစာမေးပွဲမှာဆို လူတိုင်းက စာကြည့်တိုက်ရဲ့ အလုပ်ကို ဘယ်လောက်သိလဲဆိုတာ စစ်ဆေးဖို့ပါပဲ။ တိုက်ပွဲဝင်စာမေးပွဲဆိုတာက ပိုရိုးရှင်းတယ်။ လူတိုင်းရဲ့ ကျင့်ကြံဆင့်ကို စစ်ဆေးစမ်းသပ်ဖို့ပဲ ”
” စာမေးပွဲရဲ့ ကဏ္ဍနှစ်ရပ်လုံး ကျော်ဖြတ်နိုင်မည်ဆိုတာနဲ့ ဒါမှမဟုတ် တစ်နည်းပြောရရင် ရလဒ်တွေက စာမေးပွဲဖြေဆိုသူတွေထဲမှာ အထူးချွန်ဆုံးဖြစ်နေခဲ့မယ်ဆိုရင် ဆက်နေနေပြီး ရာထူးကို ထိန်းထားနိုင်မယ်။ ဒါပေမဲ့ စာမေးပွဲမအောင်မြင်ခဲ့ဘူးဆိုရင်တော့ နောက်ထပ် အလုပ်နေရာကို ပြောင်းရွှေ့ရလိမ့်မယ် ”
ထိုစကားများပြောပြီးသည်နှင့် လူတိုင်းက ရေအေးတစ်ပုံးလောက် လောင်းချခံလိုက်ရသည့်ပမာ အုတ်အုတ်ကျပ်ကျပ် ဖြစ်ကုန်၏။
” ဘုရားသခင် ဘာကြောင့် ဒါမျိုးဖြစ်လာရတာလဲ ”
” ဟုတ်တာပဲ။ ငါ့ရဲ့ကျင့်ကြံဆင့်က သိပ်မကောင်းတာကြောင့် စာကြည့်တိုက်မှူး ရာထူးရဖို့အတွက် စာကြည့်တိုက်ကို လာလျှောက်တာလေ။ အခု စာမေးပွဲထပ်စစ်ဦးမယ်ဆိုတော့ ထပ်စစ်ပြီး ငါ ရာထူးကလည်း ရွှေ့ပြောင်းပေးရဦးမယ်။ ဒါနဲ့ အလုပ်ပြုတ်တာနဲ့ ဘာကွာခြားသေးလို့လဲ ”
” ငါတော့သွားပြီပဲ။ သေချာပေါက် ကန်ထုတ်ခံရမှာ။ ငါ့ရဲ့ကျင့်ကြံဆင့်က ဟို့ထျန်းပထမအဆင့်မှာပဲ ရှိသေးတယ်။ ဒါကိုကြည့်ရင် ငါ ကျော်ဖြတ်နိုင်မယ် မထင်ဘူး ”
လူအုပ်ကြီးသည် ဆရာက ရုတ်တရက် စာမေးပွဲဖြေရမည်ဟု ပြောခံရသော ကျောင်းသားများပမာ တုံ့ပြန်နေလေ၏။
အိုးရန်ယွင်ကျုံးက သူတို့ကို အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။
” အားလုံးပဲ စိတ်ဓာတ်မကျပါနဲ့။ လူတိုင်းနေနိုင်အောင်လို့ အကောင်းဆုံး ကြိုးစားနေမယ်။ တကယ် မနေနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်လည်း ပိုကောင်းတဲ့ အလုပ်ရအောင်လို့ အဆက်အသွယ်တွေကို သုံးဖို့ အကောင်းဆုံး ကြိုးစားမှာပါ ”
လူတိုင်းကတော့ ထိုစကားများကို မယုံကြည်ပေ။
ကျုံးစီရင်စုက ချမှတ်ထားသည့် အမိန့်ဖြစ်သည်။ ယခင်ချဲ့ထွင်မှုနှင့် မတူညီပေ။ သူမ ဆုံးဖြတ်နိုင်
သည့်အရာ မဟုတ်တော့ချေ။
အပိုင်း ၁၃၆ ပြီး၏။