စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၃၅။ သူတို့တွေမှာ ရတနာတွေ ပြည့်နေတော့ ချမ်းသာမှာပဲ။
ဖုန်းချပြီးနောက် ယဲ့ရှောင်သည် ဝဘ်ဆိုက်ကိုဖွင့်ပြီး အပြင်ဘက်ရှိ သတင်းများကို ကြည့်လိုက်၏။ အမူအယာက လေးနက်တည်ကြည်သွားသည်။
ကျန်းဟိုင်မြို့ထဲရှိ မြို့အချို့အပြင် ကျန်သည့်မြို့များကလည်း ကြယ်တာရာသားရဲများ တိုက်ခိုက်တာ ခံရပုံပေါ်၏။
ရလဒ်က ကြယ်တာရာသားရဲ သူတော်စင်တမန်တော်၏ မှတ်ဉာဏ်ထဲကနေ သူ ရှာတွေ့ခဲ့သည်နှင့် တစ်ထပ်တည်း တူနေပုံပေါ်သည်။
ကြယ်တာရာသားရဲများက လူသားတစ်ကမ္ဘာလုံးရှိ လူသားမျိုးနွယ်စုများဆီ ကျူးကျော်တာဖြစ်ပြီး မြို့အနည်းကျင်းသာ မဟုတ်ပေ။
နောက်နှစ်ရက်အတွင်း လူသားမျိုးနွယ်စုက ပြဿနာများစွာ ကြုံတွေ့ရလိမ့်မည်ဟု ခန့်မှန်းမိသည်။ ဖိုရမ်များ၌လည်း မတူညီသည့် ဧရိယာများရှိ အခြေအနေကို ပြသနေသည့် ဗီဒီယိုအတိုလေးများတောင် ရှိနေ၏။
တချို့က ငိုနေကြတယ်။ တချို့က အပြင်ဘက်မှာ ကြယ်တာရာသားရဲတွေနဲ့ တိုက်ခိုက်နေတဲ့ လူသားစစ်သည်တော်တွေကို ရုပ်ရှင်ရိုက်နေကြသည်။
သူတို့ကိုသူတို့ လှောင်ပြောင်ပြီး သူတို့ကိုသူတို့ ပြက်ရယ်ပြုတဲ့သူ တချို့လည်း ရှိတယ်။
သို့သော် ယဲ့ရှောင်က ယခုအချိန်တွင် ဂရုအစိုက်ဆုံး သတင်းက တခြားဟာ မဟုတ်ပေ။ အဆင့်နိမ့်ကြယ်တာရာသားရဲ မည်မျှများစေကာမူ သူက တစ်လောကလုံးကို ဖြေရှင်းရမည်ဆိုလျှင်တောင် သူ့အဖို့ ဓါးသွားထောင်ချီ သို့မဟုတ် ဓါးသောင်းချီထုတ်လိုက်ခြင်းထက် မပိုပေ။ ယင်းက အသေးအမွှားသာ ဖြစ်၏။
ယဲ့ရှောင်ဂရုအစိုက်ဆုံးက အံ့ဖွယ်ဂိုဏ်း၏ ကြယ်တာရာသားရဲများ မြို့အချို့တွင် လွတ်မြောက်သွားသည့် သတင်းပဲ ဖြစ်သည်။
သူတော်စင်တမန်တော်၏ မှတ်ဉာဏ်ကလည်း ကြယ်တာရာသားရဲများသည် ကြယ်၇လုံးတန်းသည့်နေ့ကို အခွင့်ကောင်းယူပြီး လူသားမျိုးနွယ်စုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ကာ သူတို့၏ သွေးများကို ကြယ်တာရာသားရဲ အံ့ဖွယ်ဂိုဏ်းများအတွက် လှဲလှယ်ပေးမည်ဖြစ်ကာ သူတို့ကို ချိတ်ဖွင့်ပေးမှာပဲ ဖြစ်သည်။ ယင်းက အမှန်တကယ် ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်၏။
ထိုအံ့ဖွယ်ဂိုဏ်းများက အင်မတန် ကြမ်းကြုတ်ကာ လှုပ်ရှားနိုင်၏။ သူတို့က ဖြေရှင်းရ အလွန်ခက်ခဲပေလိမ့်မည်။
သူတို့သည် နောင်ကြ လူသားမျိုးနွယ်စုဆီ ကပ်ဘေးကြီးတစ်ခု ဆောင်ယူလာမည်ဆိုတာ ယဲ့ရှောင် သံသယ မဖြစ်ပေ။ နောက် ၄နှစ်ကြာပြီးနောက် ကြယ်တာရာသားရဲကပ်ဘေးအတွက် ဖြေရှင်းနေရလိမ့်မည်။
ထိုအကြောင်းတွေးမိသောအခါ သူ ကူကယ်ရာမဲ့သွားတော့သည်။ စီရင်စု၉ခုက လှည့်စားခံခဲ့ရ၏။ ထို့ကြောင့် ရွေးချယ်စရာမရှိပဲ မြို့၏ အတွင်းဝိညာဥ်စွမ်းအင်များကို တိုးမြင့်ရန်အတွက် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများကို အသုံးပြုပြီး အစီအရင်ဗဟိုချက်အနေဖြင့် ထားခဲ့ရသည်။
သို့သော် တစ်ချိန်တည်းတွင် သူက စွန့်စားမှုများစွာလည်း ယူခဲ့ရသည်။ အဆုံးတွင်မူ ဤလောကရှိ လူသားမျိုးနွယ်စုက မညီမညွှတ် ဖြစ်နေ၏။ အထူးသဖြင့် ထိုလူရိုင်းများ ဖြစ်သည်။ သူတို့က အင်မတန် တုံးအလွန်း၏။
လူသားမျိုးနွယ်စုသည် ကြယ်တာရာသားရဲများ၏ မဟာရန်သူနှင့် ရင်ဆိုင်နေရပြီဖြစ်ကာ လူသားမျိုးနွယ်စုသည် မဟာရန်သူဟူသော ကြယ်တာရာသားရဲများကို ရင်ဆိုင်နေရပြီဖြစ်ကာ နေရာအနှံ့ အန္တရာယ်များနေပြီ ဖြစ်၏။ အဆုံးတွင် သူတို့က ဤနေရာ၌ အရှက်မဲ့သည့် တစ်စုံတစ်ခုကို ပြုလုပ်ချင်သေးသည်။ ယင်းက စကားလုံးများဖြင့်တောင် ဖော်ပြရန် ကျော်လွန်သည့် အမှန်တကယ် ညစ်ညမ်းမှု ဖြစ်သည်။
ယဲ့ရှောင်က နိုင်ငံတကာသတင်းများကို ထပ်ကြည့်လိုက်၏။
အမေရိက၏ ဓာတ်ခွဲခန်းထဲတွင် ကြယ်တာရာသားရဲများက သူတို့၏ ခွန်အားတိုးမြင့်ရန်အတွက် ကြယ်၇လုံးတန်းတာကို အခွင့်ကောင်းယူပြီး အတွေ့အကြုံ ယူခဲ့၏။ သူတို့က ခုခံရန် အခွင့်အရေးလည်း ယူခဲ့ကာ ထောင်ချီသော သိုင်းပညာရှင်များကို သေဆုံးစေခဲ့သည်။ သူတို့ထဲတွင် အဆင့်မြင့် သိပ္ပံပညာများ မချို့တဲ့ပေ။
လက်ရှိတွင် ကြယ်တာရာသားရဲများက တောအုပ်ထဲ ထွက်ပြေးကြပြီး ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်သည်။
ထူးဆန်းသည့် အဖြစ်အပျက်က ရင်နိုင်ငံတွင် ဖြစ်ပွားခဲ့၏။ ယင်ယန်မိသားစု အန့်ပေရှင်ယွီသည် ကြယ်တာရာသားရဲများ၏ စိတ်ညို့ခြင်း ခံခဲ့ရပြီး သူက အံ့ဖွယ်အဆင့် မိစ္ဆာကြယ်တာရာသားရဲ သိုင်းပညာရှင်များစွာကို လွှတ်ပေးခဲ့ရာ သိုင်းပညာရှင်များစွာကို မရေမတွက်နိုင်အောင် သေစေခဲ့သည်။
ကယ်လီဖိုးနီးယား၊ သြစတေးလျ၊ အင်္ဂလန် ထိုနေရာများတွင်လည်း ကြယ်တာရာသားရဲများစွာ၏ တိုက်ခိုက်မှုကို ခံခဲ့ရ၏။
အချို့သော အကြောင်းပြချက်ကြောင့် ယဲ့ရှောင်၏ စိတ်အခြေအနေက ချက်ချင်း ပိုကောင်းသွားတော့သည်။
မကြာမီ၌ ယဲ့ရှောင်က ဖုန်းပိတ်ပြီးနောက် နောက်ထပ် လှုပ်ရှားရမည့်အကြောင်းကို စဥ်းစားလိုက်သည်။
ကမ္ဘာကြီးထဲရှိ လူသားမျိုးနွယ်စုသည် ကြယ်၇လုံးတန်းခြင်းကြောင့် အတော်လေး လွှမ်းမိုးခံရပုံပေါ်သည်။ အာကာသစစ်မြေပြင်က ၄င်းကို မခံနိုင်ခဲ့လျှင် ခုခံခြင်း စစ်မျက်နှာစာ ဖွင့်လှစ်ပြီး ပွင့်သွားချိန်၌ ကြယ်တာရာသားရဲများ လွှတ်သွားသည့်အချိန်၌ သားရဲကပ်ဘေးက ကျရောက်လာမည်ဖြစ်ကာ မည်မျှ သေဆုံးမည်ဆိုတာ မည်သူက သိမည်နည်း။
ဘုရင်အေးအ်သည် အလွန်မှားယွင်းနေပြီးသား ဖြစ်၏။ သို့သော် သူက ခုနှစ်စင်ကြယ်အတွင်း အသန်မာဆုံး ကြယ်တာရာသားရဲဟူ၍ သတ်မှတ်၍ မရပေ။
သားရဲကပ်ဘေးထဲ၌ သူက ထုတ်ပြောရန်တောင် မထိုက်တန်လောက်ပေ။
နောင်ကြ ပိုသန်မာသည့် ကြယ်တာရာသားရဲ မည်မျှ ရှိလာမည်ဆိုတာ မည်သူက သိမည်နည်း။ သူ၏ ခွန်အားကလည်း နည်းလွန်းနေ၏။ ပိုမိုတိုးတက်ရန် လိုအပ်နေသည်။
ထိုအကြောင်းကို ပြောနေစဥ် သူက ယခုပင် သူ့ကိုသူ တိုးတက်အောင် ဘုရင်အေးအ်ကို အသုံးပြုတော့မည်။
သိုးသားများကို ကင်စားခြင်းကို အားထားခြင်းဖြင့် သူ့ကိုသူ တိုးတက်အောင် ပြုလုပ်ခြင်းက သေချာပေါက် မဖြစ်နိုင်ပေ။
ဘုရင်အေးအ်၌ အသုံးဝင်မှုများစွာ ရှိသည်။ သူက တစ်လှမ်းချင်းစီ အသုံးချရမည်။
ပထမဆုံးက ကြယ်တာရာအမြုတေ ဖြစ်သည်။
ကြယ်တာရာအမြုတေက ကြယ်တာရာသားရဲတစ်ကောင်၏ အမြုတေပဲ ဖြစ်သည်။ ကြယ်တာရာသားရဲ၏ အတွင်းအားကို သိုလှောင်ထားသောကြောင့် ဆေးလုံးသန့်စင်ရန်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။
ယဲ့ရှောင်က ဘုရင်အေးအ်၏ ကြယ်တာရာသားရဲ အမြုတေကို ဆေးလုံးအဖြစ် သန့်စင်ခြင်းက သူ၏ ကျင့်ကြံဆင့်ကို အတော်လေး တိုးတက်စေမည်ဟု မှန်းဆမိသည်။ ရှန်းထျန်းအဌမအဆင့်သို့ အဆင့်တက်ခြင်းက ပြဿနာတစ်ရပ် မဟုတ်။ သို့သော်လက်ရှိ သူ့ခွန်အားကို နှစ်ဆယ်သုံးဆယ်ရာခိုင်နှုန်း တိုးမြင့်ခြင်းကလည်း ပြဿနာ မဟုတ်ပေ။ သို့သော်ငြား ဆေးလုံးမသန့်စင်ခင် ကြယ်တာရာသားရဲအမြုတေက အလွန်ကြီးမားနေ၏။ အတွင်း၌ ကြယ်တာရာသားရဲ၏ ပင်ကို ကျင့်ကြံခြင်းနည်းစနစ် ပါဝင်နေသောကြောင့် ခွဲခြားစိတ်ဖြာရန် လိုအပ်သည်။
အခြေခံကျင့်ကြံခြင်း နည်းစနစ်များစွာနှင့် လူသားများ၏ တော်ဝင်နည်းစနစ်များသည် ထိုနည်းလမ်းကနေ ရလာတာပဲ ဖြစ်၏။
ကြယ်တာရာသားရဲ အမြုတေအားလုံးက ကျင့်ကြံခြင်း နည်းစနစ်များ ထုတ်ပေးနိုင်တာ မဟုတ်ပေ။ တစ်ဖက်တွင်မူ ကြယ်တာရာ အမြုတေ၏ သွေးမျိုးဆက်ကြောင့်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် တစ်ဖက်တွင် စမ်းစစ်သူ၏ စွမ်းအင်ခွန်အား
ကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ့ကို ကောင်းကင်ဘုံက ကောင်းချီးပေးနေတာဟု ဆိုရပေမည်။ ရှေးဦးစွာ ဘုရင်အေးအ်၏ ကြယ်တာရာအမြုတေအကြောင်း များများစာစား ပြောရန် မလိုပေ။ သူ၏ သွေးမျိုးဆက်က နဂါးအမျိုးအစား သွေးမျိုးဆက်ဆိုတာ သေချာ၏။
ဒုတိယအချက်အနေ့ဖြင့် သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ကျင့်ကြံထားသည်။ ထို့ကြောင့် သူ၏ ဝိညာဥ်စွမ်းအင် မည်မျှ သန်မာကြောင်း သံသယဖြစ်ရန် မလိုပေ။
ယခင်က အနက်ရောင်ကြေးခွံမြွေကဲ့သို့ပင် ၄င်း၏ သွေးမျိုးဆက်က ထိုမျှ မသန်မာသောကြောင့် သူသည် ကြယ်တာရာအမြုတေကို ပိုင်းခြားစိတ်ဖြာဖြင်း မလုပ်ခဲ့ပေ။ ထိုအစား ဆေးလုံးအဖြစ် တန်းသန့်စင်ပြီး ၄င်းကို စားလိုက်၏။
ယဲ့ရှောင်က ချက်ချင်းပင် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုကာ ဘုရင်အေးအ်၏ ကြယ်တာရာအမြုတေကို ပိုင်းခြားစိတ်ဖြာကြည့်သည်။
၁၀မိနစ်ကြာပြီးနောက် နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။
ထင်သည့်အတိုင်းပင် ယင်းက အောင်မြင်သွားပြီ ဖြစ်သည်။ အမြင့်ဆုံး ကုသခြင်းနည်းစနစ်။
ဘုရင်အေးအ်၏ စွမ်းရည်ဖြင့် ဖွဲ့တည်ထားသော ကျင့်ကြံခြင်းနည်းစနစ်က သူ၏ ကိုယ်ပိုင်ထူးခြားသော အရည်အချင်းများကို ဆက်လက် ပြန်ရှင်သန်စေ၏။
ယင်းက တော်ဝင်နည်းစနစ်လည်းဖြစ်ပြီးကောင်းကင်ကုသခြင်းနှင့် နံနက်ခင်းကြယ်ကျင့်စဥ်တို့နှင့်လည်း မတူညီပေ။ နောက်ထပ် ကုသခြင်းပုံစံ ကျင့်ကြံခြင်းနည်းစနစ်က အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က တိုက်ရိုက် စုပ်ယူကာ စတင်ကျင့်ကြံတော့သည်။
သူက အမြတ်ထွက်ခဲ့၏။ ယင်းက အကျိုးအမြတ်ကြီးတစ်ခု ဖြစ်သည်။ ယခင်က ယဲ့ရှောင်သည် ကောင်းကင်ပြုပြင်ခြင်းနှင့် နံနက်ခင်းကြယ်ကျင့်
စဥ်တို့သည် ရွှေရောင်အလင်းဖျော့ဖျော့ စတင်ထွက်ပေါ်နေပြီ ဖြစ်၏။ သူက မူလ ကုသခြင်းနည်းစနစ်ကို ပြီးပြည့်စုံသည့် အဆင့်ရောက်အောင် ကျင့်ကြံခဲ့လျှင် သူသည် ၄င်းကို ကျန်သည့်တော်ဝင်နည်းစနစ်များဖြင့် ပေါင်းစည်းနိုင်မည် မဟုတ်ပါလော။
တော်ဝင်နည်းစနစ်သုံးမျိုးကို ပေါင်းစည်းပြီးနောက် မည်ကဲ့သို့ ကျင့်ကြံခြင်း နည်းစနစ် ပေါ်လာမည်ဆိုတာ သူ အမှန်တကယ် မြင်ချင်နေသည်။
တော်ဝင်နည်းစနစ်က ကောင်းကင်ကို ဖီဆန်နိုင်ပြီ ဖြစ်၏။ ပေါင်းစည်းပြီးနောက် ကျင့်ကြံခြင်းနည်းစနစ်သည် ကောင်းကင်ကို ပြောင်းပြန်လှန်ကာ သူ့ခန္ဓာအောက်၌ ကောင်းကင်ဘုံကို အပြည့်အဝ ဖိနှိပ့်ထားနိုင်လောက်သည်။ ထိုအချက်ကို တွေးမိခြင်းကပင် အင်မတန် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။
ပိုင်းခြမ်းစိတ်ဖြာပြီးနောက် ကြယ်တာရာအမြုတေ၏ လုပ်ဆောင်ချက်က သိုလှောင်လက်စွပ်ထဲ ပစ်ထည့်ခံရဖို့သာ ကျန်ကာ ဆေးလုံးအဖြစ် သန့်စင်ခံရမှာကို စောင့်နေရမှာပဲ ဖြစ်သည်။
အမှန်တကယ်တွင် ဘုရင်အေးအ်၏ တော်ဝင်နည်းစနစ်က မူလ ကုသခြင်း နည်းစနစ်တစ်ခုမျှသာ မဟုတ်ပေ။ သို့သော် သူ၏ နောက်ထပ် တော်ဝင်နည်းစနစ်က သွေးမျိုးဆက်ထဲတွင် မပါဝင်ပေ။ သို့သော် သူ ကိုယ်တိုင် နားလည်သဘောပေါက်ခဲ့တာ ဖြစ်၏။ သွေးမျိုးဆက်ထဲတွင် မရှိ ။ သူတို့က သူ၏ မှတ်ဉာဏ်ထဲတွင်သာ ရှိသည်။
သူ၏ အံ့ဖွယ်ဝိညာဥ်က သူ့အပိုင်နှင့် မခြားပေ။ သူက ဝိညာဥ်ရှာဖွေမှုကို မပြုလုပ်နိုင်ပဲ သူ့ကိုသာ သတ်နိုင်၏။ ထို့ကြောင့် နောက်ထပ် တော်ဝင်နည်းစနစ်ကို မရခဲ့ပေ။
နောင်ကြ သူ ပိုသန်မာလာသည့်အချိန်တွင် အချို့သော အံ့ဖွယ်ဂိုဏ်း သိုင်းပညာရှင်များ၏ တော်ဝင်နည်းစနစ်များကို ရှာဖွေရမည်။
သို့သော် တော်ဝင်နည်းစနစ်ရှိမရှိ မြင်ရန်အတွက် ရေတိုအတွက် နဂါးအမျိုးအစား သွေးမျိုးဆက် ကြယ်တာရာသားရဲအချို့ကို သတ်ရန်လည်း တွေးတောထားသည်။
ထိုအတွေးဖြင့် ယဲ့ရှောင်က ခေါင်းမော့ကာ ခြံဝန်းထဲ၌ တံမြက်လှည်းနေသော ဟွမ်လျိုလီကို ကြည့်လိုက်သည်။
ဟွမ်လျိုလီကလည်း နဂါးအမျိုးအစား သွေးမျိုးဆက်ရှိနေ၏။ သူမ၏ ကြယ်တာရာ အမြုတေထဲတွင် တော်ဝင်နည်းစနစ်အချို့ ရှိသည်လော။
သို့သော် ယဲ့ရှောင်က ခေါင်းခါပြီး ထိုအကြံဉာဏ်ကို လက်လျှော့လိုက်တော့သည်။ ထိုရူးမိုက်သည့် ကြောင်က တုံးအသော်ငြား အနွန်နာခံနေသေးသည်။ လိမ်မာသည့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို သူက အဘယ်ကြောင့် နာကျင်အောင် လုပ်ရမည်နည်း။
တံမြက်လှည်းနေသော ဟွမ်လျိုလီက ရုတ်တရက် မူမမှန်တာ တစ်ခုခုကို အာရုံခံမိလိုက်၏။ သူမက တုန်ယင်သွားပြီးနောက် ဒုတိယအလွှာရှိ ပြတင်းပေါက်ကို တွေဝေနေသော မျက်နှာဖြင့်
ကြည့်လိုက်သည်။
ထူးဆန်းလိုက်တာ။ ခုနတုန်းက ငါ ပြစ်မှတ်ထားခံရသလို ဘာကြောင့် ခံစားမိတာပါလိမ့်။
အပေါ်ထပ်တွင် ယဲ့ရှောင်က ဘုရင်အေးအ်ကို ဆက်လက်လေ့လာနေသည်။
ယခုအခေါက်က ဘုရင်အေးအ်၏ ဦးချို ဖြစ်သည်။
ဘုရင်အေးအ်၏ ဦးချိုက အတော်မာကျော၏။ ဤကမ္ဘာမြေပေါ်ရှိ သတ္တုစက် စတီးဓါးများဟုခေါ်သည့် အရာများနှင့် ယှဥ်လျှင် ချိုက ပိုတောင် မာနေ၏။ ဦးချိုနှစ်ချောင်းက လက်နက်အဖြစ်တစ်ခုဖန်တီးရန် အသုံးပြုနိုင်လောက်သည်။ ယင်းက အဆင့်အမြင့်ဆုံး အရည်အသွေးဖြစ်မှာ သေချာ၏။ ထို့အပြင် လက်နက်တစ်ခု၏ တိုက်ပွဲတွင်း ချဲ့ထွင်နိုင်မှုကလည်း သာမန် မဟုတ်ပေ။
ယဲ့ရှောင်က ချိုနှစ်ချောင်းကို သန့်စင်ရန်အတွက် နတ်ဘုရားလက်မှုပညာရပ်ကို ချက်ချင်း အသုံးပြုလိုက်၏။
ချိုထဲမှ အတွင်းအားတချို့ကို ထုတ်ပြီး လက်နက်တစ်ခု ဖန်တီးလိုက်သည်။
သူက မည်ကဲ့သို့ လက်နက်မျိုးကို ဖန်တီးနေသနည်း။ သူက ဓါးမော့သိုင်းနှင့် ဓါးသိုင်းနှစ်မျိုးလုံးကိုသိပြီး သူက လက်ကိုင်ရိုးရှည်ဓါးမော့ကို ဖန်တီးနိုင်လောက်၏။
လက်ကိုင်ရှည် ဓါးမော့က အလွန် လက်တွေ့ကျ၏။ သူက ၄င်းကို ဓါးမော့ သို့မဟုတ် အသွားတစ်ဖက်ပါ ဓါးတစ်လက်အဖြစ် အသုံးပြုနိုင်၏။
ရင်နိုင်ငံတွင် ဓါးမော့ရှည်နှင့် ဓါးရှည်က လက်ကိုင်ရိုးရှည် ဓါးမော့ဆီကနေ ကူးယူထားတာဖြစ်ပြီး ရှေးယခင်တည်းက အသုံးပြုခဲ့ကြကာ လောကကြီးထဲ၌ လူသိများသည်။
ဓါးမော့လက်ကိုင်ရိုး၏ ဒီဇိုင်း စံသတ်မှတ်ချက်ကို မယှဥ်နိုင်ကြောင်း မှန်းဆနိုင်ပေ၏။
ယဲ့ရှောင်က အချိန်တစ်ရက်တစ်ညသုံးပြီး သွယ်လျသည့် လက်ကိုင်းရိုးရှည်ဓါးမော့ကို ဖန်တီးလိုက်၏။ ယင်းက ၇ပေခန့်ရှည်သည်။
ဓါးသွားမှ အေးစက်စက်အလင်းကိုကြည့်ပြီး ၄င်း၏ ရန်မူနိုင်စွမ်းက သာမန် မဟုတ်နိုင်ပေ။
သို့သော် ယဲ့ရှောင်က မတုံးအပေ။ သူက ၄င်းကို ယူပြီး သတိလက်လွှတ် စမ်းသပ်မှာမဟုတ်။ ထိုအချိန်ရောက်လျှင် သူက သတင်းကြီးကြီး ထပ်ပြီး ပြုလုပ်နေမိဦးမည်။
နောင်ကြ အံ့ဖွယ်ချီရှန်းတစ်ယောက်နဲ့ တွေ့ကြုံသည့်အခါ ၄င်း၏ စွမ်းအင်ကို ထပ်မံ စမ်းသပ်ကြည့်မည်။
လက်ကိုင်ရိုးရှည်ဓါးမော့ကို သန့်စင်ပြီးနောက် ၄င်း ကိုယ်ပိုင်ဝိညာဥ်စွမ်းအင်ကို စုပ်ယူနေပြီဖြစ်၏။ ယဲ့ရှောင်နား၌ ဖြည်းဖြည်းချင်းဆင့်ကဲပြောင်းလဲနေပြီး အသံလိုင်းလေးများ ဖြာထွက်လာ၏။
ယင်းက တော်ဝင်လက်နက်၏ သင်္ကေတဖြစ်ပြီး ကိုယ်တိုင် အသိအမှတ်ပြုခြင်း ဖြစ်၏။
ကိုယ်ပိုင်သတိတရား တည်ဆောက်ခြင်း ဖြစ်သည်။ ထို့အပြင် ၄င်း၏ ဉာဏ်ရည်ကိုကြည့်လျှင် ယင်းက အလွန်ကောင်းမွန်သည့် တော်ဝင်လက်နက်တစ်ခုဖြစ်သည်။
ယဲ့ရှောင်သည် အလွန်စိတ်ကျေနပ်နေကာ နောက်ထပ် လိုင်းတစ်ခု လုပ်လိုက်သည်။ ပြီးနောက် သူက အနက်ရောင်ကြေးခွံမြွေအရေခွံဖြင့် ပြုလုပ်ထားသော အနက်ရောင် အင်္ကျီကိုချွတ်ကာ လက်ကိုင်ရိုးရှည် ဓါးမော့၏ မာကျောမှုကို အနည်းငယ် စမ်းသပ်ချင်နေသည်။ သူက ထိုအထဲ ဝိညာဥ်စွမ်းအင် မထည့်ထားလျှင် ရုတ်ရုတ်သဲသဲ ဖြစ်စေမှာ မဟုတ်။
အနက်ရောင်ကြေးခွံမြွေ သံချပ်ကာကလည်း တော်ဝင်အသုံးအဆောင်ဖြစ်၏။ လက်ကိုင်ရိုးရှည် ဓါးမော့၏ အဆင့်ကို သေချာပေါက် စမ်းသပ်နိုင်လောက်မည်။
ယဲ့ရှောင်က အဓိပ္ပာယ်မရှိ မပြောပေ။ သူက ဓါးသွားကိုယူပြီး အဝတ်အစားကို ဖြတ်တောက်လိုက်၏။
ဝစ်။
အဝတ်အစားပေါ်၌ အပေါက်ကြီးတစ်ပေါက် ပေါ်လာတာကိုကြည့်ပြီး ယဲ့ရှောင်က အတွေးနက်သွားတော့၏။
အဆုံးတွင်မူ ဂျင်းက သက်တမ်းရင့်လေ ပိုစပ်လေ ဖြစ်သည်။ အနက်ရောင်ကြေးခွံမြွေက ဘုရင်အေးအ်ကို အနိုင်မယူနိုင်ပေ။
သို့သော် သူက ဝမ်းနည်းနေမှာ မဟုတ်ပေ။ ဆိုရလျှင် အနက်ရောင်ကြေးခွံမြွေသံချပ်ကာသည် သူ့ဘာ့သာသူ ပြန်ပြုပြင်နိုင်၏။ ဆန့်ကျင်ဘက်အနေဖြင့် လက်ကိုင်ရိုးရှည် ဓါးမော့၏ လုပ်ဆောင်ချက်က ယဲ့ရှောင်ကို စိတ်ကျေနပ်စေကာ အံ့သြသွားစေ၏။ ၄င်းက ထက်လွန်းသောကြောင့် တိုက်ပွဲအတွင်း မြင့်တင်ပေးနိုင်မှာ သေချာသည်။
ထိုကဲ့သို့ လက်နက်ကောင်းဖြင့် သူက ၄င်းကို ကောင်းမွန်သည့် နာမည်မပေးလျှင် သူ စိတ်ပျက်စေရာ ရောက်ပေလိမ့်မည်။ မည်သို့သော နာမည် သူ ပေးသင့်သနည်း။
ဘုရင်အေးအ်ရဲ့ ချိုလား။
သိပ်ကို ခေတ်နောက်ကျလွန်းတယ်။
နတ်ဘုရားသတ် ဓါးမော့လား။
လွန်ကဲရာ ရောက်လွန်းတယ်။ မူလဧကရာဇ်ရဲ့ သွေးဆာလောင်သော လောကကို ဖျက်ဆီးခြင်း။ အရိုင်းစိတ် ဓါးမော့လား။
သိပ်ကို ရှက်စရာ ကောင်းလွန်းတယ်။
ထားလိုက်ပါတော့။
ကြည့်ရတာ ငါလည်း အံ့ဖွယ်ဝိညာဥ်ရဲ့ ရွှေရောင်စာအုပ်နှင့် တူတူပဲ ထင်ပါရဲ့။ ပြီးမှ အင်တာနက်ပေါ်ကနေ နာမည်တစ်ခု ရှာလိုက်ရုံပေါ့။
အကြွင်းမဲ့ အာဏာရှိတဲ့ အင်တာနက်အသုံးပြုသူတွေမှာ နာမည်ကောင်းတစ်ခုရှိမှာ သေချာတယ်။
လက်ကိုင်ရိုးရှည် ဓါးမော့ကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ပြီးနောက် ယဲ့ရှောင်က ဘုရင်အေးအ်၏ အရေခွံကို စားထုတ်လိုက်တော့သည်။
သိုးအရေခွံကြီးက နွေးထွေးမှုကို ခံစားရသည်။ သာမန်ကြယ်တာရာသားရဲတစ်ကောင်၏ အရေခွံဆိုလျှင် အတွင်းဝင် သို့မဟုတ် တစ်စုံတစ်ခု ပြုလုပ်ထားလျှင် ယင်းက ဆောင်းရာသီ၌ ခန္ဓာကိုယ်ကို စိုးရိမ်ပူပန်နေစေတော့မှာ မဟုတ်ပေ။
သို့သော် ဘုရင်အေးအ်၏ အရေခွံ အံ့ဖွယ်ချီရှန်းတစ်ဦး၏ အရေခွံ ဖြစ်နေသည်။ ယင်းက အင်မတန် မာကျောလွန်းသောကြောင့် သားရေသံချပ်ကာအဖြစ် သန့်စင်ရန် အသုံးပြု၍ ရသည်။
ဘုရင်အေးအ်၏ အကြွင်းအကျန်များက ရတနာများပြည့်နေသည်ဟု ဝန်ခံရပေမည်။
သားရဲအမြုတေကို သားရဲနည်းစနစ်ဖြင့် သန့်စင်နိုင်ပြီး ဆေးလုံးအဖြစ်လည်း ဖော်စပ်နိုင်၏။
အသားများက သွေးအဆီအနစ်ကြွယ်ဝပြီး ဝိညာဥ်စွမ်းအင်များ ပြည့်နေကာ ကင်လိုက်ချိန်တွင် အရသာကောင်း၏။ ကျင့်ကြံဆင့်ကိုသာ အနည်းငယ် မြင့်တင်ပေးနိုင်သည်။
အရိုးကိုလည်း ဟင်းချိုလုပ်သောက်နိုင်ပြီး ရိုးတွင်းချဥ်ဆီကိုလည်း ဆေးလုံးအဖြစ် သန့်စင်နိုင်၏။
ဦးချိုများကို တော်ဝင်လက်နက်အဖြစ် သန့်စင်နိုင်ပြီး လက်ကိုင်ရိုးရှည် ဓါးမော့အဖြစ် သန့်စင်ကာ ယခု အရေခွံကိုမူ သံချပ်ကာအဖြစ် သန့်စင်နိုင်တော့မည်။
သူက သိုးအကောင်တစ်ရာကို စားနိုင်ပြီး ဘုရင်အေးအ်က သိုးအကောင်တစ်ထောင်ကို အသုံးပြုနိုင်၏။
တစ်ခွန်းတည်းဖြင့် ပြောရလျှင် အင်မတန် အံ့သြဖွယ်ကောင်းပေ၏။
အပိုင်း ၁၃၅ ပြီး၏။