Switch Mode

Chapter – 134

မင်း လက်ထဲမှာ သေရတာ မမျှတတာ မဟုတ်ဘူး

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၃၄။ မင်းလက်ထဲမှာ သေရတာက မမျှတတာ မဟုတ်ဘူး။

ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးလိုက်သည်နှင့် ယဲ့ရှောင်က သူ့နောက်တွင် ပြန်လည်ရှင်သန်လာသော ဘုရင်အေးအ်ကို ချက်ချင်း အာရုံခံမိလိုက်သည်။

” သေပေတော့ ”

မြေကမ္ဘာတုန်လှုပ်ဖွယ် ဟိန်းသံက ယဲ့ရှောင်၏ နောက်၌ ထွက်ပေါ်လာ၏။ အသက်ပြန်ရှင်လာခါစ ဘုရင်အေးအ်သည် ခန္ဓာကိုယ်ထဲရှိ စွမ်းအားအားလုံးကို စုစည်းပြီး ယဲ့ရှောင်၏ နောက်ကို ထိုးချလိုက်၏။

ဘုရင်အေးအ်၏ နှုတ်ခမ်းထောင့်က ဂုဏ်ယူဝင့်ကြွားသည့် ပုံအဖြစ် ကွေးတက်သွားသည်။

ထိုလက်သီးဖြင့် သူက တောင်တန်းများကို ဖြတ်ကျော်လျက် နွားရိုင်းတစ်ကောင်ကို ထိုးနှက်သည့်အာနိသင်နှင့် ကျားတစ်ကောင်ကို တုန်လှုပ်စေကာ တော်ဝင်သံချပ်ကာမျိုးစုံကို အနိုင်ယူနိုင်သည့် တော်ဝင်နည်းစနစ်တစ်မျိုးကို အသုံးပြုခဲ့တာပဲ ဖြစ်သည်။

တော်ဝင်အသုံးအဆောင် သံချပ်ကာဝတ်ဆင်ထားသည့် ယဲ့ရှောင်ကဲ့သို့သူမျိုးကို ဖြေရှင်းရန်အတွက် ဖန်တီးထားတာပဲ ဖြစ်သည်။ ထိုလက်သီးချက်ဖြင့် ယဲ့ရှောင်မသေလျှင်တောင် သူဒဏ်ရာ ပြင်းပြင်းထန်ထန် ရမှာပဲ ဖြစ်၏။

သို့သော် သူ့လက်သီးက ယဲ့ရှောင်၏ ခန္ဓာကိုယ်ပေါ်မကျရောက်ခင် သူက ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။

ယင်းက ဘုရင်အေးအ်၏ သူငယ်အိမ်တို့ကို ထပ်ကျုံ့သွားစေသည်။ ယင်းက ရွေ့လျားမှု နည်းစနစ်ဖြစ်သည်။

ထိုလူသားသည် တစ်ချိန်တည်းတွင် ရွေ့လျားမှု နည်းစနစ်ကို လေ့ကျင့်ထားနိုင်သည့် စွမ်းရည်တောင် ရှိနေသည်။ အရှိန်အရ မြန်ဆန်လွန်းသောကြောင့် အရှိန်ကို မကြည့်လျှင် မြန်ဆန်လွန်းသောကြောင့် သူ လိုက်မမှီပေ။ ယင်းက နောက်ထပ် တော်ဝင်နည်းစနစ်ဖြစ်နေ၏။

လခွမ်း။

ဒီလူသားက ဘယ်လောက်များ သင်ယူထားတာလဲ။

လူသားများက အစွမ်းထက်ပြီး မျိုးနွယ်စုများစွာ၏ စွမ်းရည်များကို သင်ယူနိုင်သည်ဆိုသော်ငြား လူသားတစ်ယောက်က တစ်ပြိုင်နက်တည်း ထိုအရာအားလုံးကို လေ့ကျင့်နိုင်သည့် လူသားတစ်ယောက်ကို သူ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ထိုသို့တိုင် သူတို့ထဲမှတစ်ယောက်က မယုံနိုငမစရာကောင်းလှပေ၏။ ယခုအချိန်တွင် ဝင့်ကြွားသော အရှိန်အဝါက သူ့ခေါင်းထက်၌ ရုတ်တရက် ပေါ်လာသည်။ သူက ယဲ့ရှောင်ပဲ ဖြစ်၏။

သို့သော် မူလက လက်သီးထိုးရန် ပြင်ဆင်နေသော ဘုရင်အေးအ်သည် ရုတ်တရက် လှိုင်းများကို သူ၏ ခေါင်းပေါ်ရှိ ချိုနှစ်ချောင်းကနေ ဖြာထွက်သွားစေ၏။

” ဟား ဟား ဟား။ မင်း ဒါကို မထင်ထားဘူးမလား။ ဒီဘုရင်မှာ နောက်ထပ် ပြိုင်စံရှားစွမ်းရည်တစ်ခု ရှိတယ်။ အဲ့ဒါက အချိန်မရွေးတိုက်ခိုက်မှုလားရာကို ပြောင်းလဲနိုင်တာပဲ။ ဒီဘုရင်ရဲ့ ခန္ဓာကိုယ် ဘယ်အပိုင်းကမဆို တိုက်ခိုက်နိုင်တယ် ”

ရုတ်တရက် ပြောင်းလဲမှုက မြန်ဆန်လွန်းနေ၏။ ဝင်ရောက်တိုက်ခိုက်နေသည့် အချိန်တွင် ဘုရင်အေးအ်၏ ချိုနှစ်ချောင်းက ယဲ့ရှောင် တိုက်ခိုက်ပြီးနေပြီ ဖြစ်သည်။

ဖုန်း။

နောက်ထပ်ပေါက်ကွဲသံကို ကြားရပြီးနောက် လှိုင်းများက လေပြင်းများအဖြစ် ပြောင်းလဲသွားပြန်၏။ အောက်ရှိမြစ်ရေများကလည်း ပြားပြားဝပ်နေပြီး မြစ်၏ ဘေးနှစ်ဖက်ဆီရှိ ရွှံ့များကလည်း နောက်သို့ရောက်သွားကာ ပေခြောက်ထောင်ကျော်ခန့် နက်သည့် တွင်းကြီးတစ်ခု ဖြစ်သွားတော့သည်။

ဘုရင်အေးအ်က အင်မတန် စိတ်လှုပ်ရှားနေ၏။ အဆုံးတွင်မူ ဂျင်းက သက်တမ်းရင့်လေ ပိုစပ်လေသာဖြစ်သည်။

သူ၏ ထိုလျှို့ဝှက်စွမ်းရည်ဖြင့် သံချပ်ကာကို ထိုးဖောက်နိုင်သော တော်ဝင်နည်းစနစ်ပါပေါင်းလိုက်လျှင် တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲရန် လုံလောက်ပြီး ယဲ့ရှောင်ကို အလွယ်တကူ ဆွဲချနိုင်ပြီဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်၌ သူ၏ လည်ပင်းက ပြင်းထန်စွာ နာကျင်သွားသည်။ ပြီးနောက် ဘုရင်အေးအ်၏ အကြည့်က မပြောင်းပဲမနေနိုင်တော့ချေ။ သူ့လည်ပင်း ဖြတ်ခံလိုက်ရ၏။ သူ့ခေါင်းက လေထဲ၌ လည်ပတ်နေပြီဖြစ်သည်။ သူ၏ အကြည့်က ယဲ့ရှောင် ခန္ဓာကိုယ်ဆီ ရောက်သွားသည့်အချိန်၌ သိုးက အံ့သြဆွံ့အသွားတော့သည်။

ထိုလူ၏ သံချပ်ကာထဲတွင် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်တစ်စုံ ရှိနေ၏။

တော်ဝင်နည်းစနစ်ဖြစ်နေပြန်ပြီး ခုခံခြင်း တော်ဝင်နည်းစနစ်။

တောက်ဂွပဲ။ ဒီလူက ဘယ်လိုလုပ် ပိုသန်မာလာရတာလဲ။ သူက ပြိုင်ဘက်ကင်းနေပြီး အသန်မာဆုံးပဲလေ။

ယခုအချိန်တွင် ဘုရင်အေးအ်က နောင်တတရားကို ရုတ်တရက် ခံစားမိလာ၏။

ထိုလူကို ရင်ဆိုင်ရန် သေသည်အထိ တိုက်ခိုက်ခဲ့ရသည့်အကြောင်းအရင်းကို နောင်တရလာသည်။ အကြည့်ချင်းဆုံစဥ် ယင်းက သူ၏ အဆုံးသတ်ဖြစ်နေပြီမှန်း သူ သဘောပေါက်သွား၏။

ယဲ့ရှောင်၏ တိုက်ကွက်ကမူ စက်မိုးပေါက်များပမာ ရူးသွပ်စွာ မွှေနှောက်သွားပြီး သူ၏ ရုပ်ခန္ဓာ
နှင့် ဝိညာဥ်ကို ယူဆောင်သွား၏။ ယခုအချိန်တွင် ဘုရင်အေးအ်၏ ခွန်အားက နည်းနည်းစီ လျော့ကျသွားတော့သည်။

ယဲ့ရှောင်က အတွေ့အကြုံရှိပြီးသား ဖြစ်၏။ ဘုရင်အေးအ်၏ ဝိညာဥ်နုတ်ခံရပြီးသည်နှင့် သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကိုသုံးကာ သူ၏ စိတ်ပိုင်းဆိုင်ရာကို ဖြည့်ရန်နှင့် လေဟာနယ်တစ်ခုအတွင်း၌ ချိတ်ပိတ်ထားကာ ကန့်သတ်ထားသော လေဟာနယ်တစ်ခုကို ဖွဲ့တည်လိုက်တော့သည်။

ဘုရင်အေးအ်၏ ဝိညာဥ်ကို ယဲ့ရှောင်က ချုပ်နှောင်ထားလိုက်၏။ နောက်ဆုံး၌ သူက ရုတ်တရက် ပြုံးလိုက်သည်။ တစ်ခါတစ်ရံ၌ စိတ်သက်သာရာရမှုက ချက်ချင်းပေါ်လာ၏။

ယဲ့ရှောင်ကို ခုခံရန် သူ စွမ်းအင်ကင်းမဲ့နေပြီမှန်း သိသွားသည့်အချိန်၌ သူက မလိုလားမှု ခုခံလိုစိတ်အတွေးတို့ ရှိမနေတော့ပေ။ ထိုအချိန်၌ သူက မျိုးနွယ်စုထဲရှိ အကြီးအကဲများက သူ ငယ်ရွယ်စဥ် ပြောခဲ့တာကို မှတ်မိသွား၏။

လူသားမျိုးနွယ်စု၌ မယုံနိုင်စရာကောင်းသည့် သိုင်းပညာရှင်တစ်ဦးပေါ်လာခဲ့လျှင် ထိုလူသည် နောင်ကြ ဧကရာဇ်တစ်ပါးဖြစ်လာနိုင်ချေ ရှိသည်။ လူသားမျိုးနွယ်စု၏ ဧကရာဇ်လောင်းလျာ၏ လက်ထဲ၌ သေရခြင်းက အရှက်ကွဲသည်ဟု သတ်မှတ်၍ မရပေ။

အလင်းတန်းက ပေါက်ကွဲလာပြီး မိုးနှင့်မြေကို
ပြည့်သွားတော့၏။ အားလုံးက မျက်လုံးမှိတ်မိသွားကြတော့သည်။ သူတို့မျက်လုံး ထပ်ဖွင့်လိုက်သည့်အချိန်၌ မ်ုးနှင့်မြေက မူလတိတ်ဆိတ်မှုအဖြစ် ပြန်လည်ရောက်ရှိလာသည်။ ကောင်းကင်ထဲရှိ ကြယ်များကြောင့် ဖြာထွက်နေသော ရောင်ခြည်များကလည်း အလွန်မှိန်ဖျော့နေပြီး ဖြစ်သည်။ အရှေ့ဘက်ကောင်းကင်က အဖြူရောင်အလွှာအဖြစ် ရောစပ်သွား၏။

တုချန်ဖုန်းနှင့် ကျန်သည့်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့က သဘောတူညီချက်တစ်ခု ပြုလုပ်လိုက်သည့်ပမာ ရှေ့မတိုးပဲ ရပ်တန့်လိုက်၏။ သူတို့မြစ်ဆိပ်သို့ ရောက်သည့်အချိန်၌ ယဲ့ရှောင်နှင့် ဘုရင်အေးအ်က ခြေရာလက်ရာမကျန်ပဲ ပျောက်ကွယ်သွားတာကြာပြီ ဖြစ်သည်။ ထိုအစား တိုက်ပွဲအကြွင်းအကျန်ပုံရိပ်သာ ကျန်ရစ်ခဲ့၏။ လူတိုင်းက မြစ်ဘေးတွင် ရပ်နေစဥ် ထိုထိတ်လန့်ဖွယ် မြင်ကွင်းကို ကြည့်နေကြ၏။ သူတို့က အချိန်အတော်ကြာ ထွက်ခွာမသွားပေ။

ယဲ့ရှောင်ဘက်တွင်မူ သူက အိမ်ပြန်ရောက်သည့်အချိန်၌ ဟွမ်လျိုလီ၏ မျက်လုံးက အစိမ်းရောင်အလင်းများ ဖြာထွက်နေ၏။ သူ၏ ပါးစပ်မှ သားရေများ ကျလာတော့သည်။

ပထမဆုံးမျိုးဆက်၏ ကြယ်တာရာသားရဲ ထူးချွန်သူ ဘုရင်အေးအ်က ဤအတိုင်းအသတ်ခံလိုက်ရသည်။

သနားစရာကောင်းလိုက်လေခြင်း။ ဂရုဏာသက်စရာ ကောင်းလိုက်တာ။ မုန်းတီးစရာပဲ။ သနားဖို့ကောင်းချက်။ အို မွှေးလိုက်တာ။ စပ်တယ်နော်။ ငန်တယ်ဟေ့။

” သခင် ကျွန်မတို့တွေ အခု မီးစဖိုတော့မှာလား ”

ယဲ့ရှောင်က ပြုံးမိကာ ခေါင်းညိတ်လိုက်၏။

” အွန်လိုင်းပေါ်ကနေ ငါဝယ်ထားတဲ့ ရေခဲစိမ်ဘီယာက အသင့်ဖြစ်ပြီလား ”

” အေးနေပါပြီ။ သခင်ပြန်လာတာကို စောင့်နေတာပါ ”

” ငါ အရေခွံခွာပြီး အကြောတွေ ဆွဲထုတ်တာကို စောင့်နေဦး။ ဒါကို ဖြေရှင်းလိုက်မယ် ”

” ဟုတ်။ ကျွန်မ မီးအရင်မွှေးထားလိုက်မယ် ”

သခင်နှင့် အစေခံနှစ်ယောက်သားက အင်မတန် အလုပ်များနေ၏။

ယဲ့ရှောင်သည် ဘုရင်အေးအ်၏ အရေခွံကို အပြည့်အဝ ခွာရန်အတွက် နတ်ဘုရားလက်မှုပညာကိုအသုံးပြုလိုက်၏။ ဘုရင်အေးအ်၏ အရေပြားက အရေခွံသည် အံ့ဖွယ်ကြယ်တာရာသားရဲ၏ အရေခွံဖြစ်သောကြောင့်ပင် သူက ၄င်းကို အနက်ရောင်ကြေးခွံမြွေသံချပ်ကာနှင့် ပေါင်းစည်းခဲ့လျှင် ပိုတောင် အစွမ်းထက်သည့် သံချပ်ကာတစ်ခု ဖန်တီးနိုင်မှာပဲ ဖြစ်သည်။

နောက်ထပ်က ဘုရင်အေးအ်၏ ဦးချို ဖြစ်သည်။

သူ၏ ချိုတစ်စုံက အလွန်ရှည်ပြီး ပေ၂၀၀မှ ၂၂၀ကျော်၏။ ယဲ့ရှောင်က ယင်းသည် တော်ဝင်အဆင့် ဓါးပျံနှစ်လက် ဖန်တီးနိုင်လောက်သည်ဟူ၍ ခံစားမိသည်။

ထို့အပြင် ယင်းက အလွန်ကောင်းမွန်သော တော်ဝင်အဆင့် ဓါးတိုများ ဖြစ်သည်။

နောက်တစ်ခုက ကြယ်အမြုတေဖြစ်၏။ ဘုရင်အေးအ်၏ ကြယ်အမြုတေက အလွန်ကြီးမားပြီး ကြက်ဥတစ်လုံးထက် ပိုကြီးမားသည်။ အနည်းဆုံးတော့ ဘဲဥနှင့် ယှဥ်နိုင်၏။ ငန်းဥအသေးလေးထက် သေးသေးလေးနှင့်တောင် အနည်းငယ် ယှဥ်နိုင်သည်။

ထိုတန်ဖိုးကြီး ကုန်ကြမ်းသုံးမျိုးကို ယခုအချိန်တွင် သိမ်းထားတာ ပိုကောင်းမည်။ ကံဆိုးသည်မှာ သူသည် ထပ်ခါတလဲလဲ အသက်ပြန်မသွင်းနိုင်ပေ ။မဟုတ်ပါက ယဲ့ရှောင်သည် အရေခွံများ ပိုခွာနိုင်မှာပဲ ဖြစ်သည်။

ထိပ်တန်းအလွှာ ကုသခြင်းနည်းစနစ် ဖြစ်သည်။ ကောင်းကင်ကုသခြင်းနှင့် နံနက်ခင်းကြယ်ကျင့်စဥ်တို့ကတောင် ထူးခြားသည့် အလယ်အလတ်လိုအပ်၏။ ယင်းက ဝိညာဥ်ဖြစ်၏။

ဝိညာဥ်ရှိသည့် သက်ရှိသတ္တဝါများသာလျှင် အသက်ပြန်ရှင်နိုင်ပြီး ဝိညာဥ်စွမ်းအင်က ဝိညာဥ်ကိုဦးစွာ ကပ်တွယ်ပြီး ယင်းကို အသက်ပြန်သွင်းပေးတာ ဖြစ်၏။

ဝိညာဥ်မရှိပဲ လူတစ်ယောက်က မည်မျှ သန်မာစေကာမူ သူတို့ အသက်ပြန်မရှင်ပေ။

ထိုအကြောင်းအရင်းကြောင့် ယဲ့ရှောင်သည် ဟွမ်လျိုလီကို ဖမ်းရန် ရောက်လာသည့် သားရဲချီရှန်းနှစ်ယောက်ကို အသက်ပြန်မသွင်းနိုင်တာပဲ ဖြစ်၏။ အကြောင်းမှာ သူတို့၏ ဝိညာဥ်က အပြည့်အဝ ဖျက်ဆီးခံလိုက်ရသောကြောင့် ဖြစ်သည်။

တခြားနည်းလမ်း မရှိပေ။ ကုသခြင်းနည်းစနစ် မည်မျှ အစွမ်းထက်စေကာမူ ကောင်ူကင်ကို ဖီဆန်ဖို့က မဖြစ်နိုင်ပေ။ မဟုတ်လျှင် မည်သူကများ သေဆုံးပြီးသည့်သူအားလုံးကို အသက်ပြန်သွင်းရန် ပြန်လည်ရှင်သန်ခြင်း နည်းစနစ်ကို အသုံးပြုမည်နည်း။ သူတို့က ဝိညာဥ်မရှိပဲ ရှင်သန်နိုင်လျှင်တောင် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်မဟုတ်ပေဘူးလော။ ထို့ကြောင့် သူမည်မျှ အစွမ်းထက်ရမည်နည်း။ ထို့အပြင် သူက ဘုရင်အေးအ်၏ ဝိညာဥ်ကို မဖြိုခွဲခဲ့လျှင် ဆက်လက်တိုက်ခိုက်ရမည်။

အံ့ဖွယ်ချီရှန်းတစ်ဦးအဖို့ ဟွမ်လျိုလီလို ကျောရိုးမဲ့၊ ရည်မှန်းချက်မဲ့ပြီး အလွယ်တကူ ကျွန်တစ်ယောက်ဖြစ်ဖို့က မဖြစ်နိုင်ပေ။

ဘုရင်အေးအ်ကို အပြည့်အဝ ဖြေရှင်းပြီးနောက် တန်ဖိုးရှိသည့် ပါဝင်ပစ္စည်းများပို သိုလှောင်လက်စွပ်ထဲထည့်ပြီး ယဲ့ရှောင်၏ အကြည့်က လတ်လတ်ဆတ်ဆတ် သိုးသားဆှ ရောက်သွားကာ သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားတော့သည်။

တဇွတ်ကင်ပြုလုပ်ရန်အတွက် အလတ်ဆတ်ဆုံး
နှင့် အနူးညံ့ဆုံး သိုးသားကို မကြာခဏ လိုအပ်သည်။ သိုးသားကို အတုံးလေးများတုံးထားပြီး အပိုင်းလေးများ လှီးထား၏။ ပြီးနောက် ဝါးတံကိုလည်း သုံးကာ အသားကို တစ်ခုချင်း ထိုးလိုက်တော့သည်။

အသားတုံးနှစ်တုံးနှင့် သုံးတုံးကြား၌ အဆီပြင်လေး ထည့်လိုက်၏။ ဤနည်းဖြင့် ကင်နေစဥ်အတောအတွင်း အဆီပါသသည့်အသားကနေ သိုးသားဆီထွက်လာပြီး ကျန်သည့်အသားများက စုပ်ယူသွားမည်ဖြစ်ကာ အဆီပါသည့် အသား၏ အရသာက လွန်ကဲနေတော့မှာ မဟုတ်ပေ။

နောက်တစ်လမ်းကမူ ဆီ၊ ဆား၊ အချဥ်ရည်နှင့် ကျန်သည့်ပါဝင်ပစ္စည်းများကို သုံးပြီး နယ်ဖပ်ထားရန် ဖြစ်သည်။ နယ်နပ်ထားပြီးနောက် အရသာက ပိုကောင်းလာပြီး ပထမတန်းစား ဖြစ်လာလိမ့်မည်။

တစ်ခုချင်းဆီ၏ အရသာပါ ပါပြီး ရွှေရောင်သမ်းလာသည့်အထိ တဇွတ်များကို တဇွတ်ကင်ပြီးနောက် သူ၏ ကိုယ်ပိုင်အရသာ ငရုပ်မှုန့်နှင့် ဇီရာတို့ကို သင့်တော်သလို ထည့်နိုင်၏။

ရွှေရောင်သမ်းနေသော တဇွတ်ကင်က တောက်ပပြီး အရောင်လှသည်။ တစ်ကိုက်ကိုက်ရုံဖြင့် မွှေးပျံ့သည့် ရနံ့က ခံတွင်းထဲ ရောက်လာ၏။ သိုးသားဆီများ ထည့်ပေါင်းလိုက်ရာ မယှဥ်သာသည့် ခံတွင်းတွေ့မှုက စိတ်ထဲ၌ ပေါ်လာ၏။ ယင်းက ခုခံ၍ မရပေ။

လတ်ဆတ်ပြီး နူးညံ့ကာ ဝါးရလွယ်ပြီး စပ်၏။ ယဲ့ရှောင်၌ အိမ်နီးချင်းတစ်ယောက်ရှိနေခဲ့လျှင် အိမ်နီးချင်းကလေးကို ဆာလောင်မှုကြောင့် ငိုအောင်ပြုလုပ်နိုင်မှာပဲ ဖြစ်သည်။

ရေခဲစိမ်ဘီယာတစ်ခွက်ဖြင့် သူက အလွန်စိတ်ကျေနပ်နေတော့၏။

ကျောက်ကပ်ကဲ့သို့ ပစ္စည်းကောင်းအတွက်မူ ယဲ့ရှောင်က သူတို့ကို အလွတ်ပေးမှာ မဟုတ်ပေ။ သူက အစာအိမ်ထဲသို့ ထည့်ပို့လိုက်၏။ ပြီးနောက် ဖုန်းပိတ်ကာ အဝတ်အစားချွတ်ပြီး အနားယူရန် အိပ်ယာထဲ သွားလိုက်၏။ တစ်နေ့တာက စိတ်ကျေနပ်စရာ ကောင်းခဲ့သည်။

နေ့လယ်ခင်း အိပ်တာက ပြည့်စုံစေ၏။

ယဲ့ရှောင်သည် ညနေစောင်း၌ နိုးလာသောအခါ စောင်သည် အရင်ကထက် ပိုမြင့်လာပုံပေါ်၏။

သိပ်ကောင်းတယ်။ ခန္ဓာကိုယ်က ပိုကောင်းပြီးရင်း ကောင်းလာတာ။ ပိုတောင် ကောင်းလာတယ်။

သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားက အတော်လေး တိုးတက်လာတာကို အာရုံခံမိလိုက်သည်။ ဆိုရလျှင် ၄င်းက အံ့ဖွယ်ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးအဆီအနစ်က ဖျတ်လတ်မှု များပြားလွန်းနေရာ သူ၏ အံ့ဖွယ်ချီရှန်းအဆင့်ကို အပြည့်အဝ တည်ငြိမ်အောင် ကူညီပေးနိုင်၏။ ထို့အပြင် သူ၏ ကျင့်ကြံဆင့်က အတော်လေးလည်း တိုးတက်လာ၏။

မနေ့ကတိုက်ပွဲသည် ယဲ့ရှောင်ကို အတော်လေး အထောက်အကူ ဖြစ်စေခဲ့သည်။

မူလက ကျင့်ကြံဆင့်များ အဆပေါင်းများစွာ ခုန်တက်လာသည်ကို လိုက်လျောညီထွေဖြစ်အောင် ပြင်ရမည် ဖြစ်သည်။ တဖြည်းဖြည်းချင်း လည်ပတ်ရမှာပဲ ဖြစ်၏။ သို့သော် ပြင်းထန်သည့် တိုက်ပွဲနဲ့အတူ သူ့ကျင့်စဥ် မည်မျှ သန်မာလာကြောင်း ချက်ချင်း ခံစားမိလိုက်၏။ ထို့ကြောင့် သူ၏ စိတ်နှင့်ခန္ဓာတို့သည် ကျင့်ကြံဆင့်နှင့် တစ်သားတည်း ဖြစ်လာတော့သည်။

ယင်းက ပြောင်းလဲမှုကို လိုက်လျောညီထွေ မဖြစ်သည့် ပြဿနာကိုလည်း တန်းဖြေရှင်းပေးပြီး အချိန်တိုအတွင်း အလွန်သန်မာလာစေ၏။

ယဲ့ရှောင်က ဖုန်းဖွင့်လိုက်ရာ ခေါ်ဆိုမှုပေါင်းများစွာကို တွေ့လိုက်ရ၏။ အများစုမှာ ကုဟိုင်ထံမှ ဖြစ်သည်။ ထိုလူက စာကြည့်တိုက်သို့ သွားခဲ့ပြီး သူ မရှိတာကို မြင်သောအခါ အမြန်ခေါ်ခဲ့၏။

နောက်ထပ် လူများက ဒါရိုက်တာ မစ္စ ဝမ်၊ ချင်ယွိယန်နှင့် မြို့စောင့်တပ်ဖွဲ့မှ ကျန်သည့်နှစ်ယောက်ဖြစ်သည်။ ကျန်သည့်သူများက သူ့ကို ရှာမတွေ့သောကြောင့် ရဲဆီသတင်းပို့ခဲ့ပုံ ပေါ်သည်။

သူ စာကြည့်တိုက်ထဲမှာ မရှိတာကို သူတို့သိသွားလို့ အရေးတကြီးခေါ်နေတာ ဟုတ်တယ်မလား။

ယဲ့ရှောင်ဘက်တွင်မူ သူက တစ်ယောက်ပြီးတစ်ယောက် စာပြန်ပြီးနောက် သူဘေးကင်းကြောင်း ထို့ကြောင့် လူတိုင်းစိတ်မပူသင့်ကြောင်း ပြောလိုက်၏။ မကြာမီ၌ အားလုံး၏ စာများက ပြန်ရောက်လာသည်။ ဒါရိုက်တာက ပြောလိုက်၏။
” မင်း အဆင်ပြေတာ ကောင်းတယ်။ လွန်ခဲ့တဲ့နှစ်ရက်က မလုံခြုံဘူး။ သွား .. စာကြည့်တိုက်ထဲမှာနေ။ အပြင်မထွက်နဲ့။ လျှောက်သွားမနေနဲ့ ”

မစ္စဝမ်က ပြော၏။ ” ကောင်းတယ် ကောင်းတယ်။ တစ်ခုခုဖြစ်ရင် ငါတို့ စာကြည့်တိုက်တော့ ပျက်စီးမှာပဲ ”

ချင်ယွိယန်၏ အကြောင်းပြန်စာများက အတိုဆုံး ဖြစ်သည်။ သူက စကားလုံးအနည်းငယ်သာ ပြောထား၏။

” ရှင် အဆင်ပြေရင် ကောင်းတာပဲ ”

ကုဟိုင်ကမူ ယဲ့ရှောင်က သူ့ကို ပြန်ခေါ်လိုက်၏။

နှစ်ယောက်၌ အကောင်းဆုံး ခင်မင်ဆက်ဆံရေး ရှိပြီး ကုဟိုင်က သူ့ကို အများဆုံး ခေါ်ရတာပဲ ဖြစ်သည်။ စာပို့ရုံတင်သာမက သူ ဘေးကင်းကြောင်း ဖုန်းခေါ်ပြီး ပြောသင့်၏။

” ဟေ့ လောင်ယဲ့။ ဘာတွေဖြစ်နေတာလဲ။ မင်းကို တစ်နေကုန် ဖုန်းခေါ်နေတာ။ ဒါပေမဲ့ မင်း ဖုန်းပိတ်ထားတယ် ”

” ငါ့ဖုန်းကွဲသွားလို့လေ။ ပြင်နေရတာ ”

ယဲ့ရှောင်က လိမ်လိုက်သည်။

” မင်း အဆင်ပြေတာကောင်းတယ်။ ဒါပေမဲ့ မင်း ငါ့ကို သေအောင် ခြောက်လန့်နေတာပဲ။ မနေ့တုန်းက ကြယ်တာရသားရဲတွေက တရမ်းကြမ်း ဝင်လာတာဟေ့။ ဒီတော့ မင်းများ တစ်ခုခုဖြစ်သွားတာလားလို့။ ဒါပေမဲ့ ဒါက မှားယွင်းတဲ့ သတိပေးချက်ပါပဲ။ ငါ အလုပ်လုပ်စရာ ရှိသေးတယ်။ နောက်မှ ပြောတော့မယ် ”

” ကောင်းပြီလေ ”

” ဘော့စ် မီးစာရွက် မရှိတော့ဘူး။ အရုပ်တွေ မရှိတော့ဘူး ”

အပိုင်း ၁၃၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset