Switch Mode

Chapter – 133

ဘုရင် အေးအ် ကြောက်လန့်သွားခြင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၃၃ ဘုရင်အေးအ် ကြောက်လန့်သွားခြင်း။

” ဒါ ဒါက ဒဏ္ဍာရီလား တော်ဝင်နည်းစနစ်လား ”

အားလုံးသည် မဟာချီရှန်းများဖြစ်ကြပြီး သူတို့ထဲမှ အချို့သည် ယခင်က တော်ဝင်နည်းစနစ်ဟူသော စကားလုံးကို ကြားခဲ့ဖူး၏။

သို့သော်ငြား ထိုအကြောင်း တစ်ခါမှ မကြားဖူး
သည့် လူအချို့ ရှိပေသည်။

” တော်ဝင်နည်းစနစ်ဆိုတာ ဘာလဲ ”

ကျန်သည့်သူများက ချက်ချင်း ရှင်းပြတော့၏။

” ကောလဟာလတွေအရ ချီရှန်းအဆင့်နည်းစနစ်အထက် ပိုသန်မာတဲ့ နည်းစနစ်ကို တော်ဝင်နည်းစနစ်လို့ ခေါ်တယ်။ တော်ဝင်နည်းစနစ်ရဲ့ စွမ်းအားက ချီရှန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို သာလွန်နည်းစနစ်ထက် သာလွန်တယ်။ ငါတို့တွေ ချီရှန်းအဆင့် ကျင့်ကြံမှု နည်းစနစ်ကို ဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် အမြင့်ဆုံးတန်ဖိုးက ငါတို့ရဲ့ ကျင့်ကြံဆင့်ကို ရှန်းထျန်းနယ်ပယ် နဝမအဆင့်ရောက်အောင်ပဲ မြင့်တင်ပေးနိုင်ပြီး အဲ့ဒါက အံ့ဖွယ်ဂိုဏ်းရဲ့ အမြင့်ဆုံး အဆင့်လေ ”

” ပြီးတော့ တော်ဝင်နည်းစနစ်က အံ့ဖွယ်ဂိုဏ်းရောက်အောင် ပံ့ပိုးပေးတယ်။ ဒါပေါ့ လူတစ်ယောက်ရဲ့ ပင်ကိုစွမ်းရည်ပေါ်လည်း မူတည်သေးတယ်။ လူတစ်ယောက်ရဲ့ ပင်ကိုစွမ်းရည်က မကောင်းရင် အဆင့်မတက်နိုင်မှာ သေချာတယ်။ ဒါပေမဲ့ အံ့ဖွယ်ဂိုဏ်းကို အဆင့်မတက်နိုင်ခဲ့ဘူးဆိုရင်တောင် လူတစ်ယောက်ရဲ့ တော်ဝင်နည်းစနစ်ကျင့်ကြံဆင့်နဲ့ သာမန်ကျင့်ကြံခြင်း နည်းစနစ်ကြား ကွာဟချက်က တူနေဦးမှာပဲ ”

” ဒါ့အပြင် လူနှစ်ယောက်ရဲ့ ကျင့်ကြံဆင့်က တစ်ထပ်တည်း တူနေခဲ့ပြီး သူတို့ထဲက တစ်ယောက်က တော်ဝင်နည်းစနစ်ကို ကျင့်ကြံခဲ့မယ်ဆိုရင် တစ်ဖက်လူက ချီရှန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ် ( ၁၀ ) မျိုးလေ့ကျင့်ထားတယ်ဆိုရင်တောင် သူက တော်ဝင်နည်းစနစ်ကို အနိုင်မယူနိုင်မှာ သေချာတယ် ”

” ဘုရားရေ။ ဒါက ဒီလောကထဲမှာ ကောင်းကင်ကို ဖီဆန်တဲ့ နည်းစနစ် တကယ်ကြီး ရှိနေတာလား ”

” ဒါဆိုရင် အရင်တုန်းက အဲ့ဒီအကြောင်း
ဘာကြောင့် မကြားဖူး၊ မမြင်ဖူးရတာလဲ ”

မဟာချီရှန်းများက သူ၏ ​မေးခွန်းကို ထပ်မေးလာ၏။ ကျန်သည့် ချီရှန်းများကလည်း ခါးသက်စွာ ပြုံးလိုက်သည်။

” မင်း အဲ့ဒါကို အရင်က မတွေ့ဖူးလို့ မပြောနဲ့။ ငါတို့လည်း ကြားပဲကြားဖူးတာ။ တစ်ခါမှ မတွေ့ဖူးဘူး။ ဒဏ္ဍာရီအဆိုအရ ဒီလိုတော်ဝင်နည်းစနစ်မျိုးကို ရှေးမိသားစုတွေကပဲ လက်ဆင့်ကမ်းပြီး ပိုင်ဆိုင်လာကြတာ ”

” တခြားသူတွေက သူတို့တစ်ဘဝလုံး ကြားတောင်ကြားဖူးမှာ မဟုတ်ဘူး။ ဒီနေ့က ငါတို့ဘဝမှာ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ ”

ရှီး။

ထိုမဟာချီရှန်းသည် ထိတ်လန့်သွား၏။ ယဲ့ရှောင်ကို ကြည့်မိချိန် ပိုတောင်ထိတ်လန့်လေ ဖြစ်၏။

သူ့ရှေ့ရှိ ကျန်းဟိုင်မြို့၏ သိုင်းပညာရှင်ကြီးက တော်ဝင်နည်းစနစ်တစ်ခု အမှန်တကယ် ရှိနေသည်။ သူမည်မျှ သန်မာသနည်း။

သူက အံဖွယ်ဂိုဏ်း၏ အမြင့်ဆုံးသို့ အဆင့်တက်နိုင်ချေ ရှိသည်လော။

ယဲ့ရှောင်က အားလုံး၏ ထိတ်လန့်မှုကို လျစ်လျူရှူထားပြီး ဘုရင်အေးအ်ကိုသာ ထူးမခြားနား ကြည့်လိုက်၏။

” ဒီနေရာမှာ ငါတို့လက်တွေ ခြေတွေကို သုံးလို့မရနိုင်ဘူး။ တခြားနေရာမှာ တိုက်ခိုက်ကြရအောင် ”

ဤနေရာသည် ကျန်းဟိုင်မြို့လယ်ခေါင် ဖြစ်သည်။ သူတို့၏ ကျင့်ကြံဆင့်ဖြင့် တိုက်ပွဲတစ်ပွဲပြီးနောက် ကျန်းဟိုင်တစ်မြို့လုံး ပြားကပ်သွားနိုင်၏။ လူပေါင်း ၇သန်း၈သန်းက ထိခိုက်ကြလိမ့်မည်။ ထိုအချိန်ရောက်လျှင် ပြာမှုန်တောင် ကျန်မှာ မဟုတ်။ တော်ဝင်အဆင့် ကျင့်ကြံခြင်း နည်းစနစ်ကတောင် သူတို့ကို ကယ်တင်နိုင်မှာ မဟုတ်ချေ။

ကံဆိုးသည်မှာ ၄င်းကို ဘုရင်အေးအ်က သဘောမတူပေ။ သူက ရယ်ရုံသာ ရယ်လိုက်၏။

” စိတ်မကောင်းပါဘူး။ လက်နဲ့ခြေကို မသုံးနိုင်တဲ့ တစ်ဦးတည်းသောသူက မင်းပဲ ”
ပြောပြီးသည်နှင့် ခြေထောက်ကိုဆောင့်ချလိုက်၏။ တန်တစ်သောင်းအားဖြင့် သူက ချက်ချင်းပင် မြေကြီးကို ပြားကပ်သွားစေကာ ယဲ့ရှောင်ဆီသို့ ဦးတည်သွားသဟ့် အက်ကွဲကြောင်းကြီးတစ်ခုကို ဖွင့်လှစ်လိုက်တော့သည်။

ဖုန်း။

ချက်ချင်းပင် အက်ကွဲကြောင်းက ယဲ့ရှောင်၏ ခြေထောက်အောက်ကို ဖြတ်ကျော်သွားပြီး သူါခြေထောက်အောက် ပေတစ်ထောင်ခန့် နက်သည့် တွင်းတစ်တွင်း ဖြစ်သွားစေတော့သည်။ သို့သော် ယဲ့ရှောင်က မလှုပ်ရှားပေ။ သူက ခုခံရန် မည်သည့်အကွက်ကိုမှတောင် မသုံးချေ။ သူက သူ့ခြေထောက်အောက် အင်အားဖြတ်သွားတာကို ခွင့်ပြုထား၏။

” စီနီယာ ”

တုချန်ဖုန်းနှင့် ကျန်သည့်သူများက အံ့သြမှုကြောင့် အော်လိုက်မိကြ၏။ သို့သော်ငြား ခဏအကြာတွင် ယဲ့ရှောင်က လှုပ်ရှားလေ၏။

မလိုအပ်သည့် စကားများ မပြောပဲ သူက လွန်ကဲခြင်းစွမ်းအား ဓါးမော့ကို အသုံးပြုပြီး ပိုင်းဖြတ်လိုက်၏။ ပေတစ်ထောင်ခန့်ရှည်သော ဓါးမော့အလင်းရောင်က ပေါ်ထွက်လာပြီး ဘုရင်အေးအ်၏ ခန္ဓာကိုယ်ကို အညှာအတာမဲ့စွာ ဝင်ရောက်သွားသည်။

ဖုန်း။

ထိုပိုင်းဖြတ်မှုစွန်းအားက သန်မာလွန်း၏။ သန်မာလွန်းသောကြောင့် တည့်တည့်တောင် မကြည့်နိုင်ပေ။ ဘုရင်အေးအ်၏ ခန္ဓာကိုယ်ပေါ် အညှာအတာမဲ့စွာ ကျရောက်သွားပြီးသည်နှင့် ပေါက်ကွဲမှုကြီးတစ်ခုကို ချက်ချင်း ဖြစ်ပေါ်သွားစေ၏။ ဖုန်မှုန့်များ၊ မီးခိုးများ တဟုန်းဟုန်း ထလာပြီး လှိုင်းများကလည်း လျင်မြန်စွာ ပြန့်ကားလာသွား၏။ လူတိုင်းက မျက်ဝန်းများ ကျုံ့မိသွားတော့သည်။

” ဒါ စီနီယာက ဓါးသမား မဟုတ်ဘူးလား။ သူက ဓါးမော့နည်းစနစ်ကို တကယ်ကြီး သိနေတာလား။ သူက ဓါးသိုင်းကျင့်ကြံသူ မဟုတ်ဘူးလား ”

” ဖြစ်နိုင်တာ ဖြစ်နိုင်တာက စီနီယာက ဓါးမော့နဲ့ ဓါးနှစ်မျိုးလုံးကို လေ့ကျင့်တာများလား ”

” အိုး ဘုရားရေ ”

သူမဘဝသက်တမ်း၏ တစ်ဝက်ကျော်လောက် နေထိုင်လာခဲ့သော အမျိုးသမီးဂိုဏ်းသခင်က မအော်မိစေရန် သူမကိုသူမ ကာကွယ်သည့်အနေ
ဖြင့် ပါးစပ်ကို ချက်ချင်းပိတ်လိုက်၏။ သူသည် တစ်ချိန်တည်း၌ သိုင်းပညာရပ်နှစ်မျိုးကို လေ့ကျင့်ခဲ၏။ နှစ်မျိုးလုံးကလည်း အစွမ်းထက်လွန်းသည်။ သူအစောတုန်းက ပြသခဲ့သော တော်ဝင်အဆင့် ကုသခြင်းနည်းစနစ်အပြင် ထိုစီနီယာသည် သိုင်းပညာရပ် မည်မျှကို လေ့ကျင့်ခဲ့သနည်း။ သို့သော် စီနီယာက ထိုမျှများပြားသည့် သိုင်းပညာရပ်များကို လေ့ကျင့်ခဲ့လျှင် သူသည် အချင်းများသည့် ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းသနည်း။

သူသည် သိုင်းအားလုံးကို အစွမ်းထက်သည့်အ
ဆင့်ရောက်အောင် အဘယ်ကြောင့် လေ့ကျင့်ထားသနည်း။

” ဟား ဟား ဟား ။ အံ့သြစရာပဲ အံ့သြစရာပဲ။ ဒါကမှ တိုက်ပွဲပေါ့။ ဒီဘုရင်ကြီးကတော့ အဆင်ပြေနေပြီ ”

ဘုရင်အေးအ်က ဖုန်မှုန့်များကြားထဲမှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ သို့သော် နောက်တစ်စက္ကန့်တွင် ယဲ့ရှောင်က ဖုန်အတွင်း ခုန်ဝင်လာကာ သူ့ရင်ဘက်ကို ကန်ထည့်လိုက်၏။

ခွက်။ ဂျွတ်။

ဖုန်မှုန့်များအပြင်ဘက်တွင် ရှိနေသည့်တိုင် သူတို့က မြင်ကွင်းကို မမြင်ရချေ။ သို့သော် အရိုးကျိုးသံကို ကြားနေရသေး၏။ စီနီယာ၏ ကန်ချက်က ဘုရင်အေးအ်ကို ဒဏ်ရာရသွားစေသည်။

သိပ်သန်မာတာပဲ။

လူတိုင်းက ကြက်သိမ်းထလာတာကို ခံစားမိသည်။ ကျွတ်ခနဲမြည်လာပြီးနောက် ရွှေရောင်အလင်းက မျက်တောင်တစ်ခတ်အတွင်း ဖုန်ထဲကနေ ပေါ်ထွက်လာ၏။ အမြှောက်ဆံကဲ့သို့ပင် ကျန်းဟိုင်တစ်မြို့လုံး၌ ပေါက်ကွဲသွား၏။ ယင်းက ဘုရင်အေးအ်၏ ခန္ဓာကိုယ် ဖြစ်သည်။ သူက ယဲ့ရှောင်၏ ကန်ချက်ကြောင့် လွှင့်ထွက်သွား၏။

” သေစမ်း။ သိပ်ပြီး မမောက်မာနဲ့ ”

ဘုရင်အေးအ်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ပြီး ကျန်းဟိုင်မြို့သို့ ထပ်မံပြန်ရောက်လာသည်နှင့် အကန့်အသန်မဲ့သည့် တောက်ပသော ရောင်ခြည်ကိုယ်ကဖုန်မှုန့်၊ တိမ်တိုက်များထဲကနေ ရုတ်တရက် ပေါ်ထွက်လာ၏။

ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးက ဘုရင်အေးအ်၏ ခေါင်းပေါ် ကျရောက်လာပြီး သူ့ကို ကျန်းဟိုင်မြို့ပြင်ဘက်ရှိ မြစ်ရေထဲသို့ ရောက်သွားစေကာ မြို့ထဲသို့ ပြန်မရောက်အောင် ဟန့်တားထား၏။

” ကောင်းလိုက်တာ ” လူတိုင်းက ပျော်ရွှင်သွားကြ၏။

အစွမ်းထက်လိုက်လေခြင်း။

နှစ်ကွက် သုံးကွက်မျှဖြင့် ယဲ့ရှောင်ပြသသွားသော ခွန်အားက သူတို့၏ နှလုံးသားကို တိုက်ရိုက် စိုးမိုးသွားပြီဖြစ်ကာ မဟာချီရှန်းများကို ယဲ့ရှောင်၏ ပရိသတ်လေးများ ဖြစ်သွားစေတော့သည်။

မဟာချီရှန်းတစ်ဦး မည်မျှသန်မာစေကာမူ သူတို့က အံ့ဖွယ်ချီရှန်းမဟုတ်သေးပေ။

လွှမ်းမိုးနိုင်သော ရှိသော စွမ်းအင်ကို သူတို့ တွေ့ရသည့်အချိန်၌ သူတို့ရင်ထဲကနေ လေးစားမိကြသည်။

” မလာနဲ့ ”

သူက ထိုစကားလေးခွန်းကို ပြောလိုက်၏။ ပြီးနောက် ယဲ့ရှောင်ထံမှ အတွေးတစ်ချက်ဖြင့် သူက နတ်ဘုရားအာရုံစူးစိုက်ခြင်း နည်းစနစ်ကို ထုတ်ဖော်လိုက်၏။ သူ၏ ခန္ဓာကိုယ်ကလည်း ခဏအတွင်း ကျန်းဟိုင်မြို့ထဲက ထွက်သွားပြီး မြို့ပြင်သို့ ရောက်သွားသည်။

” သိပ်မြန်တာပဲ ”

အားလုံးက တအံ့တသြ အော်လိုက်မိကြပြီး တစ်ချိန်တည်းတွင် ကျန်းဟိုင်မြို့ပြင်သို့ ချက်ချင်းထွက်သွား၏။

ယဲ့ရှောင်၏ စကားကို သူတို့လျစ်လျူရှူထားသည်။ သူတို့ လုပ်နိုင်တာ ဘာမှမရှိပေ။ တိုက်ပွဲက စိတ်လှုပ်ရှားစရာ ကောင်းလွန်း၏။ သူတို့မှန်းဆထားသည်ထက် ကျော်လွန်လောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းသည်။

သူတို့ဘဝတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်ပွဲတောင် ဖြစ်နိုင်၏။ ထို့ကြောင့် အတိတ်တုန်းက ရင်ထဲက တိုက်ပွဲကိုကြည့်ပြီး ဒဏ်ရာရမည်မှန်း သူတို့သိသည့်တောင် စိတ်လှုပ်ရှား၍ တိုက်ပွဲကို မည်သူကမှ လက်လွှတ်ချင်စိတ် ရှိမှာမဟုတ်ပေ။

ယဲ့ရှောင်သည် မြစ်၏ မျက်နှာသို့ ရောက်လာသည့်အချိန်တွင် မြေရေတို့ ပန်းထွက်နေပြီး အောက်ခြေထိရောက်သွားတော့၏။ ရွှံ့များကတောင် ကွဲအက်ထွက်နေပြီး အောက်ခြေရှိ တောက်ပသည့် ရွှံ့ဝါများက ပေါ်နေတော့သည်။

ဘုရင်အေးအ်၏ ခန္ဓာကိုယ်သည် မြစ်ကြမ်းပြင်ကနေ ဖြည်းဖြည်းချင်း တက်လာ၏။ သူ့ခေါင်းပေါ်ရှိ ဦးချိုနှစ်ချောင်းထဲမှ တစ်ချောင်းကလည်း ကျိုးသွားပြီဖြစ်ကာ မျက်နှာပေါ်၌ လတ်လတ်ဆတ်ဆတ်သွေးများ စွန်းထင်းနေလျက် သူ့ကို ကြမ်းကြုတ်ပုံပေါ်နေစေတော့၏။

သို့သော် ထိုချိုက ပကတိမျက်လုံးဖြင့် မမြင်နိုင်
သည့် အရှိန်ဖြင့်။ ယင်ူက ဘုရင်အေးအ်၏ အမြင့်ဆုံးစကေး ကုသခြင်းနည်းစနစ်ဖြစ်ကာ ယဲ့ရှောင်၏ မဟာတော်ဝင်နည်းစနစ်အောက် မလျော့ပေ။

” မဆိုးဘူး မဆိုးဘူး မဆိုးဘူးပဲ။ ဒီဘုရင်က ဒီလိုစိတ်မလှုပ်ရားရတာ ကြာပြီ ”

” မင်းက ငွေရောင်မြေခွေးမျိုးနွယ်စုရဲ့ နက်နဲတဲ့ ဆန်းကြယ်မှု နံနက်ခင်းကြယ်ကျင့်စဥ်ကိုရတာ အံ့သြစရာ မရှိဘူးပဲ။ ဒီလိုခွန်အားနဲ့ဆို ငါ ဒီလိုရောက်လာချိန်ကစပြီး တွေ့ဆုံဖူးတဲ့ လူသားမျိုးနွယ်စုရဲ့ ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ဂိုဏ်းတွေကြားထဲမှာ အသန်မာဆုံးလူနဲ့ အဆင့်တူတယ်လို့ သတ်မှတ်လို့ရတယ် ”

ပြောပြီးသည်နှင့် ယဲ့ရှောင်၏ ဓါးသွားက ထပ်မံ ကိရောက်လာပြန်၏။ သူက ဘုရင်အေးအ်၏ အဓိပ္ပာယ်မရှိသော စကားများကို နားမထောင်ချင်ပေ။ ထိုကောင်က အလွန်မောက်မာထောင်လွှားလွန်း၏။ သူက သူ့ကို ငြင်းပယ်ခဲ့ပြီး မျက်နှာပျက်အောင် လုပ်ခဲ့သည်။ ထို့ကြောင့် သတ်ပစ်ချင်သည်။

ဘုရင်အေးအ်၏ ပြန်လည်ကုစားသည့် အရှိန်က မြန်ဆန်လွန်းသည်။ သူ့ကို သတ်ရန်တစ်နည်းသာ ရှိ၏။

တိုက်ခိုက်ချိန် သူက အဆက်မပြတ် တိုက်ခိုက်နေလေ၏။ ရှေးဦးစွာ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပြီးနောက် သူ၏ အံ့ဖွယ်ဝိညာဥ်ကို ဖျက်ဆီးလိုက်၏။

သူ၏ ခန္ဓာကိုယ် ဒဏ်ရာပြင်းပြင်းထန်ထန်ရသည့်အချိန်တိုင်း၌ ၄င်းက သူ၏ ခွန်အားကို အားလျော့စေပြီး ပြန်ကောင်းသည့် အရှိန်ကို အားလျော့စေ၏။ ရုပ်ခန္ဓာက အကန့်အသတ်သို့ ရောက်သွားလျှင် အံ့ဖွယ်ဝိညာဥ်၏ အားနည်းမှု ပေါ်လာလိမ့်မည်။ ထိုအချိန်ကျလျှင် သူ၏ ဝိညာဥ်ကို တစ်ကွက်တည်းဖြင့် ဖျက်ဆီးနိုင်မည်ဖြစ်ကာ အပြည့်အဝ အသတ်ခံရလိမ့်မည်။

ဓါးမော့၊ ဓါးသွားကျရောက်လာသည့်အချိန်တွင် ဘုရင်အေးအ်က ဒေါသထွက်သွားတော့၏။ ယဲ့ရှောင်က သူပြောတာကို နားထောင်မနေပေ။
အပြည့်အဝ လျစ်လျူရှူထား၏။

သူက ယဲ့ရှောင်ကို သတ်ပြီး အစာအဖြစ် ပြောင်းရမည်။

” မျိုးမစစ်ကောင် ရှုံးနိမ့်တဲ့အရသာကို ခံလိုက် ”

ဘုရင်အေးအ်က ဝင်ထိုးလိုက်သည်နှင့် ယဲ့ရှောင်၏ ဓါးမော့အလင်းက ကျရောက်လာ၏။

တိုက်ကွက်နှစ်ကွက် ဆုံတွေ့ထားသည့်အချိန်၌ ပြင်းထန်သည့် ပေါက်ကွဲမှုက လေထဲ၌ ပေါ်ထွက်လာတော့သည်။

ပေါက်ကွဲမှုက မြစ်မျက်နှာပြင်၌ လင်းထိန်လာပြီးနောက် ကျန်းဟိုင်မြို့တစ်ဝက်ကျော်ထိ လင်းထိန်သွား၏။ လှိုင်းက အရပ်မျက်နှာအနှံ့ဆီသို့ ဒီလေလှိုင်းများသဖွယ် ပြန့်သွားတော့သည်။

တိုက်ပွဲကို ကြည့်ရန် ကမမ်းကတမ်းရောက်လာကြသော အဓိကဂိုဏ်းများက ချက်ချင်းပင် ရပ်တန့်ရန် ဖိနှိပ့်ခံလိုက်ရသည်။ ရွေးချယ်စရာမရှိပဲ သူတို့၏ ဝိညာဥ်စွမ်းအားကို ထုတ်ဖော်ကာ လှိုင်းများကြောင့် ထွက်မသွားအောင် သူတို့၏ ခန္ဓာကိုယ်ကို ကာကွယ်ရန် လေနံရံတစ်ခု ဖွဲ့တည်လိုက်ရ၏။

” သိပ်ကို သန်မာတာပဲ။ ဒါက အံ့ဖွယ်ဂိုဏ်းကြားက တစ်ဖွဲ့လား ”

” စီနီယာက ငါတို့ကို အနားကပ်ခွင့် မပြုတာ အံ့သြစရာမရှိဘူးပဲ။ ဒီလိုလှိုင်းကတောင် ဒီအကွာအဝေးမှာ ငါတို့ကို တစ်လက်မမှ မလှုပ်နိုင်အောင် လုပ်ထားတာ။ ငါတို့ အနားကပ်မယ်ဆိုရင် ဒဏ်ရာရမှာ စိုးရတယ် ”

မြစ်မျက်နှာပြင်တွင် ဘုရင်အေးအ်နှင့် ယဲ့ရှောင်က တိုက်ကွက်များစွာ ဖလှယ်ပြီးနောက် ပေါက်ကွဲမှုက မရပ်တန့်ပေ။ ယဲ့ရှောင်က ပေါက်ကွဲမှုဗဟိုဆီသို့ တွန်းထုတ်နေပြီး ဘုရင်အေးအ်၏ ရှေ့သို့ ချက်ချင်းရောက်သွား၏။

ဘုရင်အေးအ်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ သူက သူ့မျက်လုံး သူမယုံနိုင်ပေ။

ယဲ့ရှောင်က သူတို့၏ တိုက်ကွက်ကနေ တကယ်ကြီး ဖောက်ထွက်နိုင်တာလား။ ဒါဘယ်လိုဟာသမျိုးလဲ။

သူတို့နှစ်ယောက်ကြားထဲတွင် လူတစ်ယောက်၏ တိုက်ခိုက်မှုက ကျန်တစ်ဖက်ကို ထိခိုက်မှု ဖြစ်စေပြီးသား ဖြစ်သည်။ နှစ်ဖက်လုံးက အတူတကွ တိုက်ခိုက်ကြချိန်တွင် ထိခိုက်မှုက နှစ်ဆပိုသန်မာလာ၏။

ကားများကဲ့သို့ပင်။ ကားနှစ်စင်းတိုက်မိသည့်အချိန်၌ ကား၏ ပျမ်းမျှအရှိန်က တစ်နာရီကို ၂၅မိုင်သာဖြစ်လျှင်တောင် နှစ်ဖက်တိုက်မိသည့်အချိန်၌ မိုင် ၅၀ဖြစ်သွားသည်။

ဘုရင်အေးအ်က နှစ်ယောက်သား တိုက်ခိုက်နေချိန်တွင် တိုက်ရိုက် မဝင်ရဲပေ။ ယဲ့ရှောင်ကမူ ဝင်ရဲ၏။ ထို့အပြင် သူက အထိအခိုက်မရှိပေ။

ယင်းက ကုသခြင်းနည်းစနစ်ကြောင့် မဟုတ်။ ကုသခြင်းနည်းစနစ်က ထိုမျှ မမြန်ဆန်ပေ။

နံနက်ခင်းကြယ်ကျင့်စဥ်နှင့် ကောင်းကင်ကုသခြင်းနည်းစနစ်တို့က တော်ဝင်နည်းစနစ်များ ဖြစ်သည့်တိုင် သူတို့က မဟာချီရှန်းများကိုသာ ချက်ချင်း ပြန်ကုသပေးနိုင်၏။ သူတို့အဖို့ အံ့ဖွယ်ဂိုဏ်းတွင် ထိုမျှ မြန်ဆန်သည့် အာနိသင်ရရှိဖို့က မဖြစ်နိုင်ပေ။

ယင်းက အဝတ်အစားများသာ ဖြစ်၏။
ဘုရင်အေးအ်သည် နည်းလမ်းတစ်ခုခုရသွားသည်။

ယဲ့ရှောင်၏ အဝတ်အသားပေါ်၌ အလွန်ရင်းနှီးနေသော အငွေ့အသက်ကို သတိပြုမိလိုက်သည်။ ယခုအချိန်ကြည့်ရတာက အနက်ရောင်ကြေးခွံမြွေ၏ အရေခွံ မဟုတ်ပါလော။

သေစမ်း။ သူက အနက်ရောင်ကြေးခွံမြွေကို သတ်ခဲ့တဲ့ သူပဲ။

နေပါဦး။ ဒါပေမဲ့ အနက်ရောင်ကြေးခွံမြွေရဲ့ အရေခွံက အဲ့လောက်မာမှာ မဟုတ်တာ သေချာတယ်။ သံချပ်ကာအဖြစ် သွန်းလုပ်ပြီးရင် ဝိညာဥ်စွမ်းအားပေါင်းထည့်ပြီးတဲ့အခါ နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသွားပြီ။ ဒါက မဖြစ်သင့်ဘူးလေ။ သိပ်ကို ယုတ္တိမရှိရာ ရောက်လွန်းတယ်။

သံချပ်ကာ၏ ခွန်အားက တော်ဝင်အသုံးအဆောင်တစ်ခုကဲ့သို့ ဖြစ်နေတာ သေချာ။

ဘာတွေဖြစ်နေတာလဲ။

အနက်ရောင်ကြေးခွံမြွေရဲ့ မြွေအရေခွံကို တော်ဝင်အသုံးအဆောင်ဖြစ်အောင် ဘယ်လိုများ သွန်းလုပ်လိုက်တာလဲ။

အဲ့လိုအရည်အသွေးမျိုး မရှိတာ သေချာတယ်။

ယဲ့ရှောင်ရဲ့ သွန်းလုပ်တဲ့ စွမ်းရည်က လူသားမျိုးနွယ်စုရဲ့ ထိပ်တန်းအဆင့်ရောက်တယ်ဆိုရင်တောင် သူ့အတွက် ဒီလိုလုပ်ဖို့က မဖြစ်နိုင်သေးဘူးလေ။

သူက ၄င်းကို မဖော်ထုတ်နိုင်ခင် ယဲ့ရှောင်က သူ့ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။

လွန်ကဲခြင်းစွမ်းအား ဓါးမော့ကို ထုတ်ဖော်လိုက်၏။ ရောင်ခြည်တစ်ရာက ချက်ချင်းဖွဲ့တည်လာပြီး ဘုရင်အေးအ်ကို အပိုင်းအစတစ်ရာအဖြစ် ဖြတ်တောက်လိုက်၏။

ပြီးနောက် သူပြန်လည်ကုစားမည့်အချိန်ကို စောင့်မနေပဲ ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးကို ဆက်လက်ထုတ်ဖော်လိုက်၏။

ဓါး၏ စွမ်းအားက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပြီး ဝေဟင်ရှိ တိမ်တိုက်များကို မွှေနှောက်သွားပြီး တိမ်များက ကောင်းကင်နှစ်ခြမ်းကွဲသွားသည့်ပမာ နှစ်ဖက်သို့ ဆုတ်သွားတော့သည်။

ဖုန်း။

ဓါးအလင်းသက်ဆင်းလာပြီး ပေတစ်သောင်းကျော်ရှည်သည့်မြစ်ကမူ ယဲ့ရှောင်၏ ဓါးကြောင့် ၃၃ပေထက်ကျော်အောင် ခွဲထုတ်ခံလိုက်ရ၏။

ဘုရင်အေးအ်၏ ခန္ဓာကိုယ်ကလည်း သူ့ဓါးချက်အောက်၌ ပြာဖြစ်သွားတော့သည်။

သို့သော် ယဲ့ရှောင်က သတိမမဲ့ပေ။
ဘုရင်အေးအ်၏ ဝိညာဥ် မပျောက်ကွယ်သွားသရွေ့ ချက်ချင်း ပြန်လည်ရှင်သန်လာနိုင်သောကြောင့် ဖြစ်သည်။

ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသက်သွင်းပြီး သူ့နောက် ပေတစ်သောင်းအကျယ်အဝန်းကို ချက်ချင်း လွှမ်းခြုံလိုက်တော့သည်။

အပိုင်း ၁၃၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset