Switch Mode

Chapter – 132

မင်းကို စောင့်နေတာ ကြာပြီ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၃၂ မင်းကို စောင့်နေတာကြာပြီ။

ဒါက အံ့ဖွယ်ဂိုဏ်းလား။

ကျင့်ကြံဆင့်ဘက်ကိုပဲ ကြည့်မယ်ဆိုရင် အဲ့ဒါကို ခုခံဖို့အတွက် ဘယ်သူကမှ မတွေးမိလောက်အောင် အစွမ်းထက်လွန်းတယ်။ သူတို့ အဲ့ဒါကို ဘယ်လိုခုခံမှာလဲ။ အဲ့ဒါကို ဘယ်လိုတိုက်ခိုက်မှာလဲ။ ဒါက သူတို့ရင်ဆိုင်ရမယ့် ရန်သူလား။

သူတို့တွေက လုံးဝကွဲပြားတဲ့ အဆင့်မှာ ရှိနေတာလေ။

လူတိုင်း၏ ရင်ထဲ တင်းကျပ်သွားကာ သူတို့ တစ်ခွန်းမှ မပြောနိုင်တော့ပေ။ ထိုစဥ် ဘုရင်အေးအ်က သူတို့ကို တစ်ချက်ကြည့်လာ၏။

အကြည့်တစ်ချက်ဖြင့် ချက်ချင်းပင် အားလုံးက သေဒဏ်ချမှတ်ခံလိုက်ရပြီး ကြိုးစင်တွင် အတင်ခံထားရသည့်အလား ခံစားလိုက်ရသည်။ ထိုကဲ့သို့ အစွမ်းထက်သည့် ဖိအားနှင့် နာကျင်မှုက ပြောမပြတတ်ပေ။

ပြီးသွားပြီ။ သူတို့ သေချာပေါက် သေတော့မည်။

ဘုရင်အေးအ်သည် နှစ်ပေါင်း ၅၆နှစ်တိုင်တိုင် ဖိနှိပ့်ခံခဲ့ရ၏။ အံ့ဖွယ်ချီရှန်းတစ်ဦးအနေဖြင့် အနှစ် ၅၀ကျော်ကြာ ပုရွက်ဆိတ်တစ်စု၏ အကျဥ်းချခြင်း ခံခဲ့ရကာ သူ့ရင်ထဲရှိ အမျက်ဒေါသတို့သည် မှန်းဆ၍ မရနိုင်လောက်သည် မဟုတ်ပါလော။

သို့သော် အားလုံးအံ့သြသွားရသည်က ဘုရင်အေးအ်က သူတို့ကို အမှန်တကယ် မသတ်ခဲ့ပေ။

သူတို့ကို တစ်ချက်သာကြည့်ပြီး လှည့်ထွက်သွား၏။

သူ ထွက်သွားတယ်။ ထွက်သွားတယ်။

သူတို့သည် သူ၏ အာရုံစိုက်မှုကို ရရန် မထိုက်တန်သော ပုရွက်ဆိတ်တစ်စုပမာ သူတို့ကို အပြည့်အဝ လျစ်လျူရှူသွားသည်။

” ကျုပ်တို့ ဘာလုပ်သင့်လဲ ”

တုထျန်းယွီက တံတွေးမြိုချကာ မေးလိုက်မိ၏။

သူက မြို့တော်ဝန်ဖြစ်သော်ငြား ပြောပိုင်ခွင့်ရှိ
သည့်သူများက သူ့ရှေ့ရှိ သိုင်းပညာရှင်များသာ ဖြစ်သည်။ မဟာချီရှန်းအချို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြောလိုက်တော့၏။

” ငါတို့ သူ့နောက်လိုက်ရမယ်။ သူ့ကို အနိုင်မယူနိုင်ပေမဲ့ ဒီမြို့ထဲမှာ ငါတို့က အသန်မာဆုံး ကျင့်ကြံ
ဆင့်ရှိတဲ့ သူတွေပဲ။ ငါတို့ သေသွားခဲ့ရင်တောင် တခြားသူတွေထက် အရင်သေသင့်တယ် ”

” အဟုတ်ပဲ။ သူ ဘာစီစဥ်နေလဲဆိုတာ ကြည့်ကြတာပေါ့။ ငါတို့တွေ သူ စိတ်ငြိမ်အောင် အကောင်းဆုံး ကြိုးစားပြီး အဓိကဂိုဏ်းတွေ ရောက်မလာခင် သူ့ကို ဒေါသမထွက်အောင်လုပ်မှ ရမယ် ”

” သူ လူမသတ်နိုင်အောင် ကာကွယ်ပေးနိုင်သရွေ့ ဒါမှမဟုတ် အံ့ဖွယ်ဂိုဏ်းတွေ ရောက်မလာခင် လူသတ်တာနည်းအောင် အကောင်းဆုံး ကြိုးစားသရွေ့ ငါတို့တွေအတွက် အကောင်းဆုံးရလဒ်ထွင်လာမှာပဲ ”

” ငါတို့နှစ်စုခွဲလိုက်မယ်။ မဟာချီရှန်းတွေက သူ့နောက်ကိုလိုက်။ ချီရှန်းအဆင့်အောက်က မြန်မြန်လေး လူတွေကို အမိန့်ပေးလိုက်။ သူ့ကို ရန်မစနဲ့။ သူစီစဥ်နေတာ ဘာမဆို သဘောတူလိုက်။ သူ မင်းကို သတ်မယ်ဆိုရင်တောင် တစ်ခွန်းမှ ပြောခွင့်မရှိဘူး ”

” မဟုတ်ရင် သူ ဒေါသထွက်ပြီဆိုတာနဲ့ ကျန်းဟိုင်မြို့ထဲက လူသား၇သန်း၈သန်းက သေချာပေါက် အန္တရာယ်တွေ့မှာပဲ ”

” ဟုတ်ပြီ ”

အားလုံးက အစီအစဥ်အတိုင်း ဆောင်ရွက်ကြ၏။ မြန်မြန်ဆန်ဆန်ပင် ကျန်းဟိုင်တစ်မြို့လုံး၌ အင်မတန် ထူးဆန်းသောမြင်ကွင်း ပေါ်လာသည်။

တုတ်ခိုင်သည် အံ့ဖွယ်ဂိုဏ်းကြယ်တာရာသားရဲတစ်ကောင်သည် ရှင်းလင်းနေသော လမ်းမပေါ်လျှောက်နေပြီး အနောက်မှာ မဟာချီရှန်းအချို့ ပေါ်လာလေ၏။

နှစ်ဖက်လုံးက မလှုပ်ရှားကြပေ။ သူတို့က ရုပ်ရှင်ရိုက်ကူးနေသည့်ပမာ လမ်းပေါ်၌ လမ်းလျှောက်ရုံသာ လျှောက်နေ၏။ ယင်းက မယုံနိုင်စရာကောင်းလွန်းသည်။

” သူ ဘယ်ကို သွားနေတာလဲ ”

” ငါ မသေချာဘူး ”

” စကားမပြောနဲ့။ အံ့ဖွယ်ချီရှန်းတစ်ယောက်ရဲ့ အကြားအာရုံက အလွန်ထက်မြတ်တာ။ မှားပြောမိရင် လူတွေ သေလိမ့်မယ် ”

အားလုံးက ချက်ချင်းပဲ တိတ်သွားတော့၏။

မကြာမီ၌ ဘုရင်အေးအ်က ရှေ့ဆက်မတက်တော့ပဲ ရပ်လိုက်လေ၏။ လူတိုင်းက အံ့သြဆွံ့အသွားကြသည်။

သူက တကယ်ကြီး စာကြည့်တိုက်ကို သွားတာလား။ အဲ့ဒီကောင်က စာကြည့်တိုက်မှာ ဘာလုပ်မှာလဲ။ သူ့ရဲ့ ဦးနှောက်ထိခိုက်ထားတာလား။ သူ့ပေါ်မှာရှိတဲ့ စည်းက ထားတာကြာလွန်းတော့ ဦးနှောက်ထိသွားတာများ ဖြစ်နိုင်မလား။

သူတို့က အဖြစ်အပျက်ကို တွေးဆနေစဥ် ဘုရင်အေးအ်၏ အသံက ရုတ်တရက် ပေါ်ထွက်လာ၏။

” ဟေ့ အဲ့ဒီလူလိမ်၊ လူကျစ်တွေ မင်းတို့ ဖင် ဒီကို ရွှေ့လာခဲ့ ”

အားလုံးက ကြောက်လန့်မှုကြောင့် တုန်ယင်သွား၏။

သူက သူတို့ကို ခေါ်နေတာပဲ။

အားလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တစ်ဖက်သူ၏ မျက်နှာကိုကြည့်ပြီးနောက် ဖြူရော်လာတော့၏။

” သွားကြမယ်။ ဒါက ကောင်းချီးပေးခံရတာပဲဖြစ်ဖြစ်။ ကျိန်စာပဲဖြစ်ဖြစ် အဲ့ဒါကို ငါတို့ မရှောင်လွှဲနိုင်ဘူး ”

တုချန်ဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်ပြီးနောက် ရှေ့ကနေ ဦးဆောင်သွားသည်။

ကျန်သည့် မဟာဂိုဏ်းများကလည်း အံကြိတ်ကာ လမ်းလျှောက်သွား၏။

သူတို့ထဲမှ အချို့က ဘုရင်အေးအ်ရှေ့ ရောက်သွားသည်။ သူတို့ကို ဘုရင်အေးအ် တစ်ခုခု လုပ်မည်ဟု ထင်ခဲ့၏။ သို့သော် ဘုရင်အေးအ်က ထူးမခြားနားသာ ပြောလိမ့်မည်ဟု သူ မထင်ထားပေ။

” ဒီစာကြည့်တိုက်ထဲမှာ စားသောက်ဖွယ်တွေနဲ့ သက်ဆိုင်တဲ့ စာအုပ်အားလုံး ထုတ်လာဖို့ တစ်မိနစ်အချိန်ပေးမယ်။ တစ်စက္ကန့်နောက်ကျတာနဲ့ မင်းရဲ့ခေါင်းကို ဆွဲထုတ်ပစ်မယ် ”

ထိုစကားများ ကြားလိုက်ရသောအခါ အားလုံးက ကြက်သေ သေသွား၏။ စားကောင်းသောက်ဖွယ်တွေနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ ထုတ်လာရမှာလား။ သူက စားကောင်းသောက်ဖွယ်နဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ ဘာကြောင့် လိုချင်တာလဲ။

နှစ်စက္ကန့်မပြည့်မီ၌ မဟာချီရှန်းများထဲမှ တစ်ယောက်က ရုတ်တရက် သွေးမြူလုံးအဖြစ် ပေါက်ကွဲသွားတော့သည်။

ဖြန်း။

နွေးထွေးသည့် သွေးများက ကျန်သည့်သူများ၏ မျက်နှာကို စင်သွားကာ သူတို့ကို သတိပြန်ကပ်သွားစေ၏။ တွေဝေမနေပဲ သူတို့က စာကြည့်တိုက်ထဲသို့ ဝင်ကာ စာအုပ်များ စတင်ရှာဖွေတော့၏။

သေစမ်း။ သူတို့ဦးနှောက်တွေက အဲ့ဒီအခိုက်အ
တန့်မှာ ဘာကြောင့် ကြောင်အနေတာလဲ။

သူက ဘုရင်အေးအ်။ လူတွေကို သတ်ဖြတ်နိုင်တဲ့ ကြယ်တာရာသားရဲတစ်ကောင်။ သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်တယ်။ နတ်ဒေဝါ။ သူတို့တွေက သူလိုချင်တာကို လုပ်ပေးဖို့ပဲ လိုတယ်။ ဒီလောက်အကြာကြီး တွေးနေတာက သူတို့ သေချင်နေတာပဲ။ ပြီးတော့ သူတို့ကိုလည်း အပြစ်တင်လို့ မရဘူးလေ။ ဘုရင်အေးအ်ရဲ့ လှုပ်ရှားမှုတွေက သိပ်ကို မယုံနိုင်စရာကောင်းလွန်းနေတာကိုး။

သူက မျက်တောင်မခတ်ပဲ သတ်နိုင်တဲ့ ကြယ်တာရာသားရဲတစ်ကောင်ဆိုပေမဲ့ အစတုန်းက လူတစ်ယောက်မှ မသတ်ခဲ့ဘူး။ ပြီးတော့ စာကြည့်တိုက်ကို ပြေးသွားပြီ။ စားကောင်းသောက်ဖွယ်တွေနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကို မေးနေပြန်တာ။ ဒါက မယုံနိုင်စရာကောင်းလွန်းတော့ သူတို့ ခေါင်းတွေကိုလည်း မဝေ့ဝိုက်ပဲ မနေနိုင်ဘူးလေ။

မကြာမီ၌ လူတိုင်းက စာအုပ်အပုံလိုက်ကို ရှာတွေ့ပြီး ဘုရင်အေးအ်၏ ရှေ့၌ ဂရုတစိုက် ထားလိုက်သည်။ ပြီးနောက် သူတို့က တလေးတစား ဘေးသို့ဆုတ်လိုက်ပြီး ဘုရင်အေးအ် သူတို့ကို ရုတ်တရက် တိုက်ခိုက်မှာ ကြောက်နေ၏။

ဘုရင်အေးအ်က အထင်တသေးသာ ကြည့်လိုက်လေ၏။ အရူးတစ်စုပဲ။ သူက အံ့ဖွယ်အဆင့်ကြယ်တာရာသားရဲတစ်ကောင်လေ။ သူ သတ်ချင်တဲ့သူ ဘယ်သူ့ကိုမဆို သတ်နိုင်တယ်။ အဲ့ဒီလူသားတွေ သူပြောတာ နားထောင်တာမထောင်တာ ဂရုမစိုက်ဘူး။ သူ့ပေါ်ပဲ မူတည်နေတာ။ သူသာ သူတို့ကို သတ်ချင်ရင် သတ်လို့ရတာပဲ။ သူ မသတ်ချင်ရင် မသတ်မှာ မဟုတ်ဘူးပေါ့။

သူတို့က ဒီလောက်လေးစားပြီး ဟန်ဆောင်ပုံ ပေါ်နေတာ။ သူက လူဘယ်လို သတ်ရမယ်မှန်း မသိတာ ဖြစ်နိုင်မှာလား။

ရယ်စရာကောင်းလိုက်တာ။

သို့သော် ထိုစဥ် သူက လူသတ်လိုစိတ် မရှိပေ။ သူအစောတုန်းက သတ်ခဲ့သည့် မဟာချီရှန်းသည် သူတို့ကို ဥပမာအနေဖြင့် ပြရန်သာ ကြိုးစားခဲ့တာပဲ ဖြစ်၏။

ထိုသူများက အားနည်းလွန်းသည်။ အားနည်းလွန်းသောကြောင့် လက်တစ်ချက်မြှောက်ရန်တောင် ဆန္ဒမရှိချေ။ သူက တစ်ခုတည်းသော စိတ်ဝင်စားမှုက စာကြည့်တိုက်ထဲမှ ထိုအမျိုးယုတ်လေး ဖြစ်သည်။

သူက အစောတုန်းက ဧရိယာတစ်ခုလုံးကို စစ်ဆေးရန် ဝိညာဥ်စွမ်းအင်ကို အသုံးပြုခဲ့၏။ တစ်ဖက်သူက စာကြည့်တိုက်ထဲတွင် မရှိပေ။ မြေခွေးမျိုးနွယ်စုမှ ကောင်လေးကလည်း သွားပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယင်းက ကိစ္စမရှိပေ။ သူသည် ဘုန်းကြီးထံမှ ထွက်ပြေးနိုင်သော်ငြား ဘုရားကနေ ထွက်မပြေးနိုင်ပေ။

သူ သေချာပေါက် ပြန်လာမည်မှန်း ဘုရင်အေးအ် သိနေ၏။ ထို့ကြောင့် ဤနေရာတွင် စောင့်နေရန်သာ လိုသည်။

အားလပ်ချိန်ကို အခွင့်ကောင်းယူပြီး သူက လူသားစားစရာများအကြောင်း ရေးထားသည့် စာအုပ်များကို ဖတ်တော့၏။ ပြီးမှ သူက ထိုမျိုးမစစ်လေးကို အပိုင်းပိုင်း ခုတ်ထစ်ပြီး အရသာရှိသည့် ဟင်းတစ်ခွက် ချက်ရတော့မှာပဲ ဖြစ်သည်။

ဆားနဲ့ ငရုပ်ကောင်း မဆိုးဘူးပဲ။ အရင်ဆုံး ကင်မယ်။ ပြီးရင် ဆားဖြူးမယ်။ ဒါက ကျွတ်ကျွတ်ရွရွလေးနဲ့ မွှေးပြီး အရသာရှိနေမှာပဲ။ အရေခွံလေးကိုလည်း ရွှေအိုရောင်သမ်းတဲ့အထိ ကင်လိုက်မယ်။ အထိအတွေ့ကလည်း ကျွတ်ကျွတ်ရွရွလေး ဖြစ်နေမှာ။

ဟင်းချိုလုပ်သောက်ဖို့။ ဒါကတော့ သူ့အကြိုက်
နှင့် မကိုက်ဘူး။ နည်းနည်းပိုပြီး ပြင်းတာကို ​ကြိုက်တယ်။

အမ်း .. အူး .. ဆာရှီမီးလား။

ကောင်းတာပဲ။

” အစိမ်းစားမယ်။ သေချာပေါက် အစိမ်းစားပစ်မယ်။ ဒီအရသာကို ငါ ကြိုက်တယ် ”

အစပ်နှလုံး။ ဒါကလည်း ဟင်းကောင်းပဲ။ ဒါပေမဲ့သိပ်ပြီး စားချင်စိတ် မရှိဘူး။

ပိုးမွှားဝိုင်လား။ ကောင်းတယ် …။ ပစ္စည်းကောင်းပဲ ပစ္စည်းကောင်းပဲ ပစ္စည်းကောင်းပဲ။

သူသည် ပိုးမွှားကို အသက်ရှင်လျက် ရှိနေချိန်၌ ဆွဲထည့်ပြီး ၄င်းက မရှင်သာသည့် နာကျင်မှုကို ခံစားရစေရန် သတိရှိနေသည့် အချိန်၌ ပိုးမွားကို အသက်ရှင်လျက် ထည့်လိုက်မည်။

လူသားတွေက တကယ်ပါရမီရှင်တွေပဲ။ သူတို့က သင်ယူတဲ့နေရာမှာ ဦးနှောက်ကောင်းရုံတင်မကဘူး တီထွင်တာနဲ့ ဟင်းလျာတွေ ဖန်တီးတဲ့နေရာမှာလည်း ဦးနှောက်ကောင်းတာကိုး။

ယခုအချိန်တွင် ဘုရင်အေးအ်တောင် လူသားများကို ချီးကျုးမိသွားသည်။

ရင်နိုင်ငံ၏ ကွေ့ဆိုင်အကြောင်း စာအုပ်တစ်အုပ်ကို ဖတ်နေချိန်၌ သူ၏ ခေါင်းလောင်းကဲ့သို့ မျက်လုံးက ပွင့်လာတော့သည်။

ဟိုက်ရှားဘား။

ရင်နိုင်ငံက အဲ့လူသားက ရက်စက်လွန်းတယ်။ တစ်ဖက်သူက လူသားတစ်ယောက်မှန်းသာ သူ မသိခဲ့ရင် တစ်ဖက်သူက အညစ်ပတ်ဆုံး ကြယ်တာရာသားရဲတွေလိုမျိုး ဦးနှောက်မဲ့တဲ့ သူလို့ သူ သံသယဖြစ်မိမှာပဲ။ သူ သိုသိုသိပ်သိပ် သဘာဝနဲ့ နေရုံပဲ တတ်နိုင်တယ်။

ဆာရှီးမီး။

ငါက အသက်ရှင်လျက် ရှိနေသေးတဲ့အချိန်မှာ သူက ငါ့ရဲ့ လတ်လတ်ဆတ်ဆတ် အသားတွေကို အလွှားလိုက် လွှားလိုက်ပြီး ပဲငံပြာရည်နဲ့ တို့စားတာလေ။

ဟား ..။ ဒါက သိပ်လှုပ်ရှားဖို့ကောင်းလွန်းတယ်။ သူ့အကြိုက်နဲ့ အကိုက်ပဲ။

ဒီအတိုင်း စားရမယ်။ ဟင်းက ငါးဆာရှီးမီးလို့ ခေါ်တယ်။ ပြီးတော့ ဒါက စားတဲ့နည်းလမ်းအသစ်ပဲ။

သူ ဆုံးဖြတ်လိုက်ပြီးသည်နှင့် ထိုကောင်စုတ်လေးကို ခေါ်ရန် ဆုံးဖြတ်လိုက်၏။

ဟား ဟား ဟား ဟား။

ယခုအချိန်တွင် သူက တစ်စုံတစ်ခုကို အာရုံခံမိသွားပုံပေါ်၏။ ရုတ်တရက် ခေါင်းမော့ပြီးနောက် သူ့ရှေ့ရှိ ရင်ပြင်ကို ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့် အနည်းငယ် ကွေးတက်သွားတော့၏။

” ငါ မင်းကို စောင့်နေတာ အတော်ကြာသွားပြီ။ လိုက် … ”

ကျန်သည့် မဟာချီရှန်းများကလည်း အံ့သြဆွံ့အကုန်၏။ သူတို့သည် သူ့အကြည့်ဘက်ဖို့ လိုက်ကြည့်သော်ငြား ဘာကိုမှ မတွေ့ခဲ့ပေ။ သို့သော် သူတို့ရင်ထဲ၌ မကြိမ်ဆဲရသေးခင် ဘုရင်အေးအ်ကြည့်နေသည့် ရင်ပြင်၌ ရွှေရောင်အလင်းက ရုတ်တရက် ပေါ်လာ၏။

လူတိုင်းက အပျော်လွန်သွားတော့သည်။ အဲ့ဒါက စီနီယာပဲ။ ကျန်းဟိုင်မြို့က စီနီယာ။ သူ နောက်ဆုံးတော့ ရောက်လာပြီ။ သူတို့နောက်ဆုံးတော့ ကယ်တင်ခံရပြီကွ။

ကပ်ဘေးမှ ရှင်သန်လာသည့် ခံစားချက်က လူတိုင်း၏ ရင်ထဲတွင် ပြည့်နေပြီး ပျော်ရွှင်မှု အရိပ်ယောင်ပေါ်လာ၏။

အားလုံးက ယဲ့ရှောင်ဘေးသို့ အမြန်သွားလိုက်ပြီး အရိုအသေ ပေးလိုက်သည်။ ယဲ့ရှောင်က ရွှေရောင်အလင်းတန်းတွင် ရှိနေတာကြောင့် သူ၏ ရုပ်ရည်သွင်ပြင်ကို သူတို့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထို့ကြောင့် ယဲ့ရှောင်က ဘာကိုမှ ဖုံးကွယ်ရန် မလိုအပ်ချေ။

” စီနီယာ နောက်ဆုံးတော့ ဒီရောက်လာပြီပဲ။ ကျွန်တော်တို့ စီနီယာကို စောင့်နေတာ အကြာကြီး
ပဲ ”

” စီနီယာ ဘုရင်အေးအ်က ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သတ်လိုက်တယ်။ ကျေးဇူးပြုပြီး စီနီယာကို နှိမ့်ကျတဲ့ လူသားတွေအတွက် အမှန်တရား ဆောင်ရွက်ပေးပါဦး ”

ရွှေရောင်အလင်းအတွင်းရှိ ယဲ့ရှောင်က အနည်းငယ် အံ့သြသွားလေ၏။

သူသည် ဘုရင်အေးအ် ထိုမျှ မြန်မြန်ဆန်ဆန် ထွက်လာလိမ့်မည်ဟု မထင်ထားပေ။ ပိုတောင် မထင်ထားသည်က သူ ထွက်လာပြီးနောက် ဘုရင်အေးအ်သည် လူများစွာ မသတ်ထားခဲ့ပေ။ သူက မဟာချီရှန်းတစ်ဦးသာ သတ်ထားခဲ့၏။ ယင်းက သူ့ပုံစံနှင့် မတူပေ။

သို့သော် ဘုရင်အေးအ်နှင့် အကြည့်ချင်းဆုံသွားခိုက် ဘုရင်အေးအ်ဆိုလိုတာကို သူ နားလည်၏။

ထိုသိုးက သူ့ကို စောင့်နေတာ ဖြစ်သည်။ လက်ရှိပစ်မှတ်က သူသာ ဖြစ်၏။ ကျန်သည့်သူများကို စိတ်မဝင်စားပေ။

စိတ်ဝင်စားစရာပဲ။

ယဲ့ရှောင်က လက်ကို အနည်းငယ်မြှောက်လိုက်ပြီး နံနက်ခင်းကြယ်ကျင့်စဥ်ကို ထုတ်ဖော်လိုက်သည်။ သူ၏ လက်ဖဝါးကနေ ရွှေရောင်အလင်းတန်း ပြန့်ကားလာပြီးနောက် သေသွားသည့်သူ၏ နေရာဆီသို့ ကျရောက်သွား၏။

လေထဲ၌ သွေးမြူက မပျောက်ကွယ်သွားသေးပဲ မြေပြင်ပေါ်၌ လွင့်စင်နေသောလတ်လတ်ဆတ်ဆတ်သွေးများက လျင်မြန်စွာ အတူတကွ စုလာ၏။ မျက်တောင်တစ်ခတ်အတွင်း မဟာချီရှန်းက အသက်ပြန်ရှင်လာတော့သည်။

နေရာမှာတွင် ကုသမှုခံယူရပြီး ရပ်လျက်သားဖြစ်နေသော မဟာချီရှန်းက အံ့သြဆွံအသည့် အမူအယာဖြစ်နေလေ၏။

” ငါ ခုနတုန်းက အသတ်ခံလိုက်ရတာ မဟုတ်ဘူးလား။ ဒါက ငရဲလား ”

ထိုဆန်းကြယ်သည့် မြင်ကွင်းက အားလုံးကို အေးစက်သည့် လေထုများ ရှူရှိုက်မိစေ၏။ သူတို့က မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ ခန္ဓာကိုယ်ရှိ အမွေးများ ထောင်ကုန်သည်။

ဘုရားရေ။ စီနီယာက သိပ်ကို သန်မာတာပဲ။ သန်မာလွန်းလို့ လူတွေ ငိုချင်အောင်တောင် လုပ်နိုင်တယ်။

သွေးမြူအဖြစ် ပေါက်ကွဲသွားတဲ့ မဟာချီရှန်းတစ်ယောက်ကို ချက်ချင်း အသက်သွင်းပေးနိုင်တာ။ ဒီနည်းစနစ်က ပြီးပြည့်စုံမှု ထိပ်ခေါင်မှာ ရှိနေတာ။

လူသားမျိုးနွယ်စုရဲ့ ထိပ်တန်းကုသသူတွေတောင် ဒီလို အလွယ်တကူ မလုပ်နိုင်ဘူး။

သူတို့ထဲမှာ အတွေ့အကြုံအရှိဆုံးနဲ့ ဗဟုသုတအကြွယ်ဝဆုံး တုချန်ဖုန်းကတောင် စိတ်လှုပ်ရှားလွန်းလို့ တုန်ယင်နေမိတယ်။

” ဒါက တော်ဝင်နည်းစနစ်။ ဒဏ္ဍာရီလာ တော်ဝင်နည်းစနစ်ပဲ ”

” ထိပ်တန်းအလွှာ မင်းဆွေမင်းမျိုးမိသားစုတွေပဲထိပ်တန်းအလွှာ ကျင့်ကြံခြင်း နည်းစနစ်ကို ပိုင်ဆိုင်တာ။ ဒါက အံဖွယ်ဂိုဏ်းကို ကျော်လွန်စေနိုင်တယ်လေ ”

အပိုင်း ၁၃၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset