Switch Mode

Chapter – 131

ဘုရင် အေးအ် ဆင်းသက်လာခြင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၃၁ ဘုရင်အေးအ် ဆင်းသက်လာခြင်း။

သူသည် ဧရိယာကို စစ်ဆေးရန်အတွက် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ချက်ချင်း အသုံးပြုခဲ့သည်။ ဝိညာဥ်စွမ်းအင် တိုးလာသည်နှင့် ရှာဖွေသည့် အကျယ်အဝန်းကလည်း ယခင်ထက် အဆပေါင်းများစွာ ပိုတိုးလာ၏။ မျက်တောင်တစ်ခတ်အတွင်း ၄င်းကို သူ ရှာတွေ့သွားသည်။

” ငါ တကယ်ကြီး တစ်ခုခုကို ထိမိခဲ့တာပဲ။ မြန်မြန်ဆင်းပြီး သူတို့ကို ကယ်ဖို့ ကောင်းကင်ပြုပြင်ခြင်းကို သုံးမှာပဲ ”

သို့သော် သူ အောက်သို့ မဆင်းခင် တိုက်ခိုက်ရေး ဂျက်လေယာဥ်ပေါ်၌ ရိုက်နှိပ်ထားသော အမေရိကန်ကြယ်ပွင့်တံဆိပ်ကို တွေ့လိုက်ရ၏။

အမ်း။ အဲ့ဒါက အမေရိကန် ဂျက်လေယာဥ်လား။ ဒါဆို ထားလိုက်တော့။

ယဲ့ရှောင်က လှည့်ထွက်သွားလေ၏။

သိုင်းပညာရပ်၌ နိုင်ငံပိုင်းခြားမှု မရှိသော်ငြား သိုင်းပညာရှင်များကမူ နိုင်ငံသားရှိကြသည်။

အမေရိကန်များသည် နေ့စဥ်နေ့တိုင်း နေရာတိုင်း၌ လူတို့ကို အနိုင်ကျင့်ခဲ့သည်။ ထိုသို့တိုင် သူတို့က စေတနာသဒ္ဒါတရားထက်သန်ပြီး ကိုယ်ကျင့်တရား ဖြောင့်မတ်သူများဟူ၍ ပြောနေကြသည်။

ယဲ့ရှောင်က သွားမစစ်ဆေးရန် ဆုံးဖြတ်လိုက်၏။ နောက်ထပ် အဓိကဂိုဏ်းထိ အဆင့်တက်သွားပြီး ခွန်အားတိုးတက်လာမှုက ကြီးမားလွန်းသည်။ အချိန်တိုအတွင်း ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ဖို့က အမှန်တကယ် ခက်ခဲလှသည်။ မဟုတ်လျှင် အံ့ဖွယ်ချီရှန်းနှင့် မဟာချီရှန်းကြား ကွာဟချက်က အသေးအမွှားဖြစ်နေမည် မဟုတ်ပါလော။

သူ ကျင့်ကြံတာ ကြာလွန်းလျှင် ဘုရင်အေးအ်သည် ချိတ်ပိတ်ရာကနေ ထွက်လာမှာကို သူ စိုးရိမ်မိသည်။ ဤမြို့များရှိ သိုင်းပညာရှင်များ၏ ခွန်အားအရ သူတို့က ထိုလူကို အနိုင်မယူနိုင်မှာ သေချာ၏။ ထိုအချိန်ကျလျှင် သူ့ကို မြို့ထဲ၌ မတားဆီပဲ ဖရိုဖရဲ ပျက်စီးခွင့် ပေးထားလျှင် ကောင်းတော့မှာ မဟုတ်ပေ။

အရင်ပြန်တာက ပိုကောင်းပေမည်။

တစ်ချိန်တည်းတွင် မြေအောက်ထဲ၌ ဘုရင်အေးအ်၏ ကိုယ်ခွဲများက ချိတ်ပိတ်မှုမှ လွတ်မြောက်လာပြီးနောက် သူတို့က သဘောတူညီချက်တစ်ခု ပြုလုပ်လိုက်သည့်ပုံဖြင့် ကျန်းဟိုင်မြို့ကို လျင်မြန်စွာ ချဥ်းကပ်လာကြသည်။

ကျန်းဟိုင်မြို့အထက်၌ အလင်းတန်းများစွာ စုဝေးလာ၏။ ချက်ချင်းပင် တလက်လက် တောက်ပနေသော အလင်းက ဆိုလာမီးပမာ မြို့၏ ညအမှောင်ယံကောင်းကင်ကို လင်းထိန်နေစေကာ နေ့ခင်းပမာ ဖြစ်နေစေတော့၏။

လူတိုင်းက မျက်လုံးမှိတ်ထားမိလိုက်သည်။ ခဏအကြာမှ မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လိုက်သော်ငြား ကောင်းကင်ထဲရှိ အလင်းတန်းကို မကြည့်ရဲသေးပေ။ သူတို့လက်ချောင်းကြားကနေသာ ကြည့်နိုင်ပေ၏။

” အဲ့ဒါဘာလဲ ”

” မျက်စိကြိမ်းလိုက်တာ။ အား ငါ့မျက်လုံးတွေ ”

” ငါ မျက်စိကန်းတော့မယ် ”

မြို့နေလူထုက ထိုအလင်းက ဘာကိုဆိုလိုမှန သဘောမပေါက်သေးပေ။ လူအချို့ကသာလျှင် တည်ကြည်သည့် အမူအယာ ရှိနေတာဖြစ်၏။ သူတို့က သေခြင်းတရားအငွေ့အသက်ကို ခံစားနေရပြီး သူတို့ထဲ၌ အပြင်းထန်ဆုံး ခံစားရသည့်သူက တုချန်ဖုန်းနှင့် ကျန်သည့်သူများ ဖြစ်သည်။

ထိုစဥ် တုချန်ဖုန်း၊ ချီရှန်းများနှင့် ကျန်သည့် ကျန်းဟိုင်မြို့မှ သိုင်းပညာရှင်များအားလုံးက အတူတကွ စုဝေးကြ၏။ သူတို့က ကောင်းကင်ထဲရှိ တောက်ပနေသော အဖြူရောင်အလင်းတန်းကို ကြည့်ပြီး အကြောက်တရားနဲ့ စိတ်ရှုပ်ထွေးမှုတို့ ပေါ်လာ၏။

” အဲ့ဒါဘာကြီးလဲ ”
နန်ကုန်းလင်က မေးလိုက်မိသည်။

တစ်ဖက်တွင်မူ တုချန်ဖုန်းက သုန်ှမှုန်သော အမူအယာဖြင့် ပြောလိုက်၏။

” ငါထင်တာ မမှားဘူးဆိုရင် အဲ့ဒါက ဘုရင်အေးအ်ပဲ ”

” ဘာပြောလိုက်တာ ”

ကျန်သည့်သူများက ထိုစကားများကို ကြားသည့်အချိန်၌ တုန်ယင်သွားမိ၏။ သူတို့၏ သူငယ်အိမ်များက အလိုလို ကျုံ့သွားကြတော့သည်။ သူတို့သည် ဘုရင်အေးအ်နှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသော်ငြား အမည်နာမက သူတို့စိတ်တွင် ပဲ့တေသံထပ်နေကာ ကလေးဘဝတည်းက အိမ်မက်ဆိုးတစ်ခု ဖြစ်ခဲ့၏။

” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘုရင်အေးအ်ကိုချိတ်ပိတ်ထားတာ မဟုတ်ဘူးလား။ သူက ချိတ်ကို ဘယ်လိုလုပ် ဖြတ်နိုင်ရတာလဲ ” ။ တုချန်ဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရူလိုက်သည်။

” သူ တကယ်ချိတ်ပိတ်ထားတာပဲ။ ဒါပေမဲ့ ဘုရင်အေးအ်ရဲ့ မြေပုံကို စာကြည့်တိုက်ထဲကနေ
ယန့်ကျန်းယီခိုးသွားတယ်ဆိုတာ မမေ့လိုက်နဲ့။ သူက ဘုရင်အေးအ်ရဲ့ ကိုယ်ခွဲတစ်ခုကိုတောင် လွှတ်ပေးခဲ့တာ ”

” ကျန်းဟိုင်မြို့က အဲ့ဒီစီနီယာက သူ့ကို သတ်လိုက်တယ်ဆိုပေမဲ့ ဘုရင်အေးအ်ရဲ့ မြေပုံက ပြန်မထွက်ပေါ်လာဘူး။ ကြယ်၇လုံးလည်း တန်းပြီဆိုတော့ သွေးထွက်သံယိုဖြစ်မှုတွေနဲ့ သူ့ ချိတ်ပွင့်လာတာ အဓိပ္ပာယ်ရှိတယ် ”

သူပြောပြီးသည်နှင့် လေထဲရှိ အရပ်မျက်နှာများစွာက ပုံရိပ်များစွာ တက်လာတော့၏။

ပုံရိပ်တစ်ခုဆီ၌ ကျင့်ကြံဆင့် မတူညီကြပေ။ အားအနည်းဆုံးက ချီရှန်းအဆင့်ဖြစ်ပြီး အသန်မာဆုံးက မဟာချီရှန်းတောင် ဖြစ်နေ၏။

” ပါမောက္ခ တု၊ ကျောင်းအုပ် ချင် မတွေ့တာကြာ
ပြီ ”

လူတိုင်းက သူတို့ကို နှုတ်ဆက်လိုက်ကြသည်။ တုချန်ဖုန်းက ချက်ချင်း ပြောလိုက်၏။

” အကိုကျန့်၊ အကို လျို။ ခင်ဗျားတို့က ခင်ဗျားတို့ မြို့အသီးသီးက သိုင်းပညာရှင်တွေပဲ။ ကိုယ့်မြို့ကို ဘာကြောင့် မစောင့်ကြပ်တာလဲ။ ဘာကြောင့် ကျန်းဟိုင်မြို့ကို ရောက်လာတာလဲ ”

လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကို ကြည့်ပြီး အမြန်ပြောလိုက်၏။

” ငါတို့မြို့က ကြယ်တာရာသားရဲတွေအားလုံး ဓါးသခင်တစ်ယောက်သတ်တာ ခံလိုက်ရတယ်။ ဖိုရမ်ပေါ်မှာ သတင်းတွေ တက်လောက်ရောပေါ့ ”

” ဒီလိုလား။ ငါ ဂရုမစိုက်ခဲ့မိဘူး။ ဒီနေ့ အားလုံးစိတ်ပူနေကြတာလေ။ သတင်းဖတ်ဖို့ အချိန်မရလိုက်ဘူး။ ဒါကို ပြောတော့မှ မင်းတို့ ဒီကို ဘာကြောင့်ရောက်လာတာလဲ ”

သူ့ခေါင်းအထက်ရှိ အလင်းလုံးကြီးကို လက်ညိုးထိုးပြလိုက်ရာ အားလုံးက ခေါင်းညိတ်လိုက်၏။

” အားလုံးပဲ အဲ့ဒါက တကယ်ကြီး ဘုရင်အေးအ်လား ”

နန်ကုန်းလင်က မမေးပဲ မနေနိုင်တော့ပေ။ အားလုံးက ခေါင်းညိတ်လိုက်ကြ၏။
” ဘုရင်အေးအ်ပဲ။ စီနီယာက ကြယ်တာရာသားရဲတွေအားလုံးကို သတ်ပြီးတော့ ဘုရင်အေးအ်က သူတို့ရဲ့ သွေးကိုသုံးပြီး ခွန်အားတွေ ပြန်ဖြည့် ချိတ်ကို ဖျက်ဆီးဖို့ အခွင့်အရေး ယူလိုက်တာ။ အစကတော့ ဘုရင်အေးအ် သူ့ကိုယ်ခွဲတွေ မပေါင်းခင် သူ့ကိုတားချင်ခဲ့တာပဲ။ ဒါပေမဲ့ တစ်လှမ်း နောက်ကျသွားတယ် ”

အားလုံး၏ အတည်ပြုချက်ကို ကြားပြီးနောက် နန်ကုန်းလင်နှင့် ကျန်သည့်သူများက ထိန်းမထားနိုင်တော့ပဲ နဖူးပေါ်၌ ချွေးစီးများ ပျံလာ၏။

ဘုရင်အေးအ် အဲ့ဒါသူပဲ ဖြစ်သည်။ သူသာဆိုလျှင် ကျန်းဟိုင်မြို့၏ ၇သန်း ၈သန်းသော မြို့သူမြို့သားများက မြုပ်စရာမြေမရှိပဲ သေသွားနိုင်၏။

သူတို့သည် လွန်ခဲ့သည့် ၅၆နှစ်ကို မှတ်မိနေသေး၏။ ဘုရင်အေးအ်က ကြယ်တာရာသားရဲအကောင်ရေ တစ်သန်းကို ဦးဆောင်ပြီး ကျန်းဟိုင်မြို့၊ ဝမ်ဟိုင်း မြို့၊ ကျန်းတုံမြို့ လင်းနန်မြို့၊ ကျန်းရှမြို့ အားလုံးကို တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် လူက ၁၀သန်းကျော်သည်။ တိုက်ပွဲတစ်ခုတည်းကပင် လူသားစစ်သည်တော်တစ်သန်းကျော်ကို သတ်ဖြတ်ခဲ့၏။ သေဆုံးနှုန်းက ထိုနေရာရှိ လူသားမျိုးနွယ်စု သိုင်းပညာရပ်များကို အခြေခံခဲ့တာဖြစ်ရာ တိုက်ပွဲထဲတွင် ပါဝင်သည့် အံ့ဖွယ်ဂိုဏ်းပညာရှင်များလည်း ရှိသည်။

တိုက်ပွဲထဲ၌ အံ့ဖွယ်သိုင်းပညာရှင်များ မပါဝင်ခဲ့လျှင် သေဆုံးနှုန်းက ဆယ်ဆမှတစ်ဆ ဖြစ်သွားမည် ဖြစ်ရုံသာမက သေဆုံးနှုန်းက ပိုတိုးလာမည်ဖြစ်ရုံသာမက တိုက်ဖွဲ့တစ်ခုလုံး သုတ်သင်ရှင်းလင်းခံရဖို့တောင် ဖြစ်နိုင်၏။

ထိုတိုက်ပွဲအတွင်း မြို့အသီးသီးကို စီးဆင်းနေသော မြစ်ရေက သွေးများဖြင့် သွေးချင်းချင်းရဲနေလျက် အလောင်းများ နေရာအနှံ့ ရှိနေသည်။ နောက်၁၀နှစ်အတွင်း မြစ်ထဲရှိ ငါးများက ဝဖြိုးပြီးရင်း ဝဖြိုးလာ၏။ ထိုသို့တိုင် ပတ်ဝန်းကျင်မြို့များရှိ နိုင်ငံသူ နိုင်ငံသားများက ၁၀နှစ်လုံးလုံး ငါးမစားရဲခဲ့ချေ။

အံ့ဖွယ်ချီရှန်းတစ်ဦး၏ ခွန်အားက သာမန်သိုင်းပညာရှင် သို့မဟုတ် ကြယ်တာရာသားရဲ ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်နေသည့် အရာဖြစ်သည်။ သူတို့က နတ်ဘုရားတစ်ပါးနှင့် ယှဥ်နိုင်သည့် တည်ရှိမှုဖြစ်၏။ သူတို့၏ တည်ရှိမှုက ခန့်မှန်း မရနိုင်သော တည်ရှိမှု ဖြစ်၏။ လူအများ မော့တောင် မကြည့်နိုင်သည့် တည်ရှိမှုဖြစ်သည်။

” ဒါဆိုရင် အခု ငါတို့ ဘာလုပ်သင့်လဲ။ အရပ်သားတွေကို အရင်ရွှေ့ပြောင်းပေးသင့်လား ” ။ တုထျန်းယွီက မမေးပဲ မနေနိုင်တော့ချေ။ တုချန်ဖုန်းက ခေါင်းခါလိုက်လေ၏။

” ဘေးကင်းရာရွှေ့ဖို့လား။ မင်းက တုံးအလွန်းတာပဲ။ လူတွေအားလုံးက ရှန်းထျန်း ပထမအဆင့်ချီရှန်းဖြစ်နေခဲ့ရင်တောင် သူတို့တွေ အခုစပြေးမယ်ဆိုရင်တောင် လွတ်မြောက်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး ”

” အဲ့ဒီလောက် ကြောက်ဖို့ကောင်းတယ်လား ” တုချန်ဖုန်းက မနစ်မြို့စွာ ပြုံးလိုက်၏။

” အံ့ဖွယ်ဂိုဏ်းက လူ့လောကကို ဆင်းသက်လာတဲ့ တည်ရှိမှုပဲ။ သူတို့စွမ်းအင်က သာမန်လူတွေ နားမလည်နိုင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ရှန်းထျန်းနယ်ပယ်သိုင်းပညာရှင်တစ်ယောက်အနေနဲ့ မင်းရဲ့ အဆင့်အတန်းနဲ့ ငါတို့ မဟာချီရှန်းတွေက ဖိနှိပ့်လို့ မရနိုင်တဲ့ တည်ရှိမှုလို့ မင်း ခံစားမိမှာ။ ဒါပေမဲ့ အံ့ဖွယ်ဂိုဏ်းရှေ့မှာဆိုရင် ငါတို့ မဟာချီရှန်းတွေက ပုရွက်ဆိတ်သာသာပဲ ”

တုထျန်းယွီက နှလုံးတုန်လှုပ်သွားကာ သူ့မျက်နှာပေါ်၌ စိတ်ပျက်အားငယ်သည့် အကြည့်ပေါ်လာ၏။

ဤလောကထဲ၌ စိတ်ပျက်အားငယ်စရာအကောင်းဆုံးသည် ကောင်းကင်ဘုံက လမ်းကြောင်းအားလုံးကို ဖြတ်တောက်ပြီး မျှော်လင့်ချက်တစ်စက်မှ မချန်ထား ပေးတာပဲ ဖြစ်သည်။

” အား ဟုတ်သား။ ဒီမှာ စီနီယာ သိုင်းပညာရှင်တွေရော ဘယ်မှာလဲ။ ကျန်းဟိုင်မြို့က စီနီယာတွေ ဘယ်မှာလဲ။ သူတို့ခွန်အားက ဆန်းကြယ်တာလေ။ ငါတို့ အလွယ်တကူ မခန့်မှန်းနိုင်ဘူးမလား။ သူတို့တွေက ဘုရင်အေးအ်ကို တိုက်ခိုက်ဖို့ အရည်အချင်းရှိလောက်မယ် ဟုတ်တယ်မလား ”

တုချန်ဖုန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

” ကျုပ် အဲ့ဒီအကြောင်းကို မသိဘူး။ ဒါပေမဲ့ သူတို့ မထွက်လာသေးတဲ့ အချက်က ကျုပ်တို့ အခြေအနေ မကောင်းဘူးလို့ ဆိုလိုတာပဲ ”

” သူတို့ရဲ့ ကျင့်ကြံဆင့်ကို မသိဘူး။ ဒါပေမဲ့ ကျုပ်တို့ ရထားတဲ့ အချက်အလက်တွေအရ သူတို့ထဲက အချို့က အံ့ဖွယ်ချီရှန်းဖြစ်လောက်တယ်။ လက်ရှိမှာ အသန်မာဆုံး ကျင့်ကြံဆင့်ရှိတဲ့သူက စီနီယာ ဓါးသခင်ဖြစ်လောက်တယ်။ သူ အံ့ဖွယ်ဂိုဏ်းရောက်နေဖို့ဆိုတာလည်း ဖြစ်နိုင်တာပဲ။ သူ အံ့ဖွယ်ဂိုဏ်း ဟုတ်မဟုတ်ကတော့ ပြောဖို့ ခက်ခဲနေတာ ”

” ဒါပေမဲ့ စီနီယာ ဓါးဝိဇ္ဇာက ပထမဆုံးအကြိမ် ထွက်လာတဲ့အချိန်ကစပြီး ပေါ်မလာသေးဘူး။ ဒါ့အပြင် သူက တခြားမြို့တွေက ကြယ်တာရာသားရဲတွေ အများကြီးကို ဖျက်ဆီးခဲ့တာ။ အခုချိန်မှာ သူ ဒီမှာ ရှိမရှိ မသေချာသေးဘူး။ ဒါကြောင့်ကျုပ်တို့တွေ အဆိုးဆုံးအတွက် ပြင်ဆင်ထားရုံပဲရှိတယ် ”

တုထျန်းယွီက မြေပြင်၌ ထိုင်ချလိုက်သည်။ သူ၏ မျက်လုံးက ကြောင်အနေပြီး ဘာမှမပြောနိုင်ပေ။

ကျန်သည့် ချီရှန်းများက ပြော၏။

” ကျုပ်တို့တွေ အထက်ကို အကြောင်းကြားပြီးပြီ။ မကြာခင်မှာ အံ့ဖွယ်ဂိုဏ်းသိုင်းပညာရှင်တွေ ရောက်လာလောက်တယ်။ ဒါပေမဲ့ ကြယ်၇လုံးက တန်းနေပြီး တခြားမြို့တွေကလည်း ကြယ်တာရာသားရဲ ပြဿနာတွေ ကြုံတွေ့နေမှာ။ အံ့ဖွယ်ဂိုဏ်းအဆင့် ကြယ်တာရာသားရဲတွေလည်း လွတ်သွားခဲ့မယ်ဆိုရင် စစ်ကူက ရောက်လာနိုင်မှာ မဟုတ်
ဘူး ”

ထိုစကားများက နှင်းကို တဖြည်းဖြည်းချင်း ခဲစေ၏။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အနေဖြင့်
တုထျန်းယွီသည် မြို့တော်ဝန်ဖြစ်ရတာ ခက်ခဲသည်ဟု ခံစားမိလာသည်။

သူက ငိုနေသည့်ပမာ အသံက ပေါ်လာ၏။

” အားလုံးပဲ တခြားနည်းမရှိတော့ဘူးလား ”

” ကျုပ် တောင်းပန်ပါတယ်။ ကျန်းဟိုင်မြို့ကို ကယ်ပါ။ ကျန်းဟိုင်မြို့သားတွေကို ကယ်ပေးပါ။ လူ၇သန်း၈သန်းလောက်ရှိနေတာ ဒီလောက်များတဲ့ အသက်တွေနဲ့ သူတို့ကို ဘုရင်အေးအ် ထိခိုက်အောင်လုပ်ခွင့် မပေးနိုင်ဘူး ”

လူအုပ်ကြီးက သူ့ကို တန်းမဖြေပဲ အမူအယာများက သုန်မှုန်နေ၏။

” မြို့တော်ဝန် စိတ်မပူပန်ပါနဲ့။ အခုချိန်မှာ ကျုပ်တို့က တစ်လှမ်းပဲလှမ်းရတော့မှာ။ ဘုရင်အေးအ်ရဲ့ ခွန်အားကို ဘယ်သူကမှ မခုခံနိုင်ဘူး။ ဒါပေဲ့ အခုအချိန်မှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တာပဲလေ ”

” ကျန်းဟိုင်မြို့မှာ သူ့ရဲ့ ကိုယ်ခွဲထပ်မရှိတော့တာသိသာနေတာပဲ။ ဒါပေမဲ့ သူက ရောက်လာသေးတယ်။ သူ့မှာ လှုပ်ရှားမှုတချို့ ရှိတဲ့ပုံပဲ။ သူက ကျန်းဟိုင်မြို့ကို ရင်ဆိုင်ဖို့ တစ်ကွက်မှ မလှုပ်ရှားရတာလည်း ဖြစ်နိုင်တယ် ”

သူပြောပြီးသည်နှင့် ကောင်းကင်ထဲရှိ အလင်းက စတင်မှိန်ဖျော့သွားကာ ကြီးမားသည့် ကြွက်သားများဖြင့် လူပုံစံ ကြယ်တာရာသားရဲတစ်ကောင် ပေါ်လာလေ၏။

၄င်း၌ ဖြူရော်သည့် အမွေးဖွားဖွားများရှိပြီး ခေါင်းပေါ်၌ ဧရာမှ ချိုတစ်စုံရှိနေလေ၏။ ခေါင်းထက်၌ ပိုတောင်ကြီးမားနေကာ ခမ်းနားမှုများ ပြည့်နေ၏။ ကြောက်မက်ဖွယ်အကောင်းဆုံးက ဖြာထွက်နေသော အရှိန်အဝါပင် ဖြစ်သည်။

၄င်းက လူသားများ၏ မှန်းဆနိုင်စွမ်းကို အပြည့်အဝ ကျော်လွန်၏။ တစ်ချက်တည်းဖြင့် လွှမ်းမိုးနိုင်သော အစွမ်းထက်သည့် အရှိန်အဝါ ဖြစ်သည်။

သူ့ရှေ့တွင်မူ အားလုံးက သတ်ဖြတ်ခံရမှာကို
စောင့်နေသည့် နွားများနှင့် သိုးများပမာ ခံစားနေရသည်။ သူတို့က ပြန်တိုက်ခိုက်ရန် အခွင့်အရေးတောင် မရှိချေ။

အမှောင်ထုက ကျန်းဟိုင်မြို့နှင့် အားလုံး၏ ရင်ကို လွှမ်းခြုံသွားသည်။ သူတို့ စိတ်လှုပ်ရှားလွန်းသောကြောင့် အသက်ရှူမှုများတောင် တောင့်တင်းသွားလေ၏။

ကောင်းကင်ထဲတွင် နက်မှောင်သည့် တိမ်တိုက်က ရောက်လာကာ ကြယ်ရောင်နှင့် လရောင်ကို ပိတ်ဆို့လိုက်တော့သည်။ ယင်းက လူတိုင်း၏ စိတ်ဓာတ်ကျနေသည့် အခြေအနေကို ပိုတောင် စိတ်ဓာတ်ကျသွားစေ၏။ ခဏအကြာတွင် ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး အားလုံးနှင့် မလှမ်းမကမ်း၌ ရပ်လိုက်၏။

သူဆင်းသက်လာသည်နှင့် လူတိုင်းသည် သူတို့ကိုယ်ပေါ် တောင်တစ်တောင် ဖိနေသည့်ပမာတောင် ခံစားလိုက်ရ၏။ ပတ်ဝန်းကျင်ရှိ ဝိညာဥ်စွမ်းအားက ခဲသွားပုံရကာ သူတို့အဖို့ သူတို့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို လှုပ်ရှားခိုင်းရန် ခဲယဥ်းနေလေ၏။

အပိုင်း ၁၃၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset