Switch Mode

Chapter – 130

ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းအဆင့်သို့ အဆင့်တက်ခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၃၀ ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းအဆင့်သို့ အဆင့်တက်ခြင်း။

ထူးဆန်းလိုက်တာ။ ဒီသွေးအဆီအနစ်တွေအားလုံးက ကြယ်တာရာသားရဲတွေဟာလို့ ငါ ဘာကြောင့် ခံစားမိနေတာလဲ။ အဲ့ဒီအရူးတွေ ဘာလုပ်နေတာလဲ။ သူတို့က လူသားတွေကို အများကြီး မသတ်နိုင်တာများလား။ အဲ့ဒီအစား သူတို့ကိုသူတို့ သတ်လိုက်တာများလား။

ဘုရင်အေးအ်က မျက်ခုံး ပင့်လိုက်၏။

ကြည့်ရတာ ဒီနေ့တွေထဲ လူသားဆန်မှုတွေ တော်တော်လေး ပေါ်လာတာပဲ။ ပြောရရင် စကြာဝဠာထဲမှာ မျိုးနွယ်စုတစ်သောင်းထဲ အသန်မာဆုံး မျိုးနွယ်စုပဲလေ။

တစ်ချက်တည်း နှာခေါင်းရှုပ်ပြီးနောက် သူက ခေါင်းခါလိုက်သည်။

ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် အရင်ဆုံး စွမ်းအင်စုဆောင်းပြီး ငါ့ရဲ့ စည်းကို ဖွင့်မယ်။ အပြင်ထွက်နိုင်ပြီဆိုတာနဲ့ ပုရွက်ဆိတ်တချို့ သေရင်တောင် သန်မာတယ်လေ။

သူက သွေး လတ်လတ်ဆတ်ဆတ်များမှ စွမ်းအင်ကို စုပ်ယူပြီး သူ၏ ခွန်အားက ဆက်လက် တောက်ပလာ၏။

အင်မတန် အစွမ်းထက်သည့် အရှိန်အဝါကလည်း ခန္ဓာကိုယ်အတွင်းကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ ရုတ်တရက် သူ၏ ချိတ်ပိတ်ထားသောဧရိယာအချို့မှ အက်ကွဲသံများ ကြားလိုက်ရသည်။

မိစ္ဆာစွမ်းအင် ထွက်ပေါ်လာကာ လင်းနန်၊ ဝမ်ဟိုင်း၊ ကျန်းတုံနှင့် ကျန်သည့်မြို့များအထက်ရှိ ကောင်းကင်က တိမ်စိုင်တိမ်မည်းများဖြင့် စတင်လွှမ်းလာတော့၏။

ကြယ်ရောင်နှင့် လရောင်တို့က ကောင်းကင်ကို ကာသွားသည်။

” ဘာတွေဖြစ်နေတာလဲ ”

မြို့လယ်ထဲတွင် သိုင်းပညာရှင်များက ကြယ်တာရာသားရဲများ အသတ်ခံရသည်ကို အောင်ပွဲမခံရသေးခင် မျက်တောင်တစ်ခတ်အတွင်း သူတို့က ထူးဆန်းပြီး ခြိမ်းခြောက်နိုင်သော စွမ်းအင်ဖြင့် ဖိနှိပ့်ခံထားရကာ နှလုံးခုန်နှုန်း မြန်လာတော့သည်။

” အစွမ်းထက်လိုက်တဲ့ပြင်းအားပဲ။ ဒီအရှိန်အဝါက အထွတ်အထိပ် မဟာချီရှန်းအောက် မလျော့လောက်ဘူး ”

” အံ့ဖွယ်ဂိုဏ်းက သူတွေများ လာနေတာလား။ သေစမ်း။ အံ့ဖွယ်ချီရှန်းတစ်ယောက်တောင် လာနေတယ်တဲ့လား ”

” မဟုတ်သေးဘူး။ ဒီအရှိန်အဝါက ဘုရင်အေးအ်ပဲ။ သူ့ကို မြို့ကြီးတချို့မှာ ချိတ်ပိတ်ထားတာ ”

အဖိုးကြီးတချို့က ဘုရင်အေးအ်၏ အရှိန်အဝါဆိုတာ သဘောပေါက်သွား၏။ လူ့လောက၏ သိုင်းပညာရှင်များ၏ သက်တမ်းက အနည်းငယ် ပိုရှည်သည်။ ထို့အပြင် အချို့သော မဟာချီရှန်းများက လွန်ခဲ့သည့် အနှစ် ၅၆နှစ်ခန့်က သားရဲကပ်ဘေးကိုတောင် တွေ့ကြုံခဲ့ဖူးသည်။ ထိုအကြောင်းအရင်းကြောင့် ဘုရင်အေးအ်၏ အရှိန်အဝါ အငွေ့အသက်ကို မှတ်မိနေကြတာပဲ ဖြစ်သည်။

” မြန်မြန် ချိတ်ပိတ်တဲ့ ဧရိယာကို သွား ”

သို့သော် သူတို့က လှုပ်ရှားတော့မည့်အချိန်တွင် မြေကမ္ဘာက ပြင်းထန်စွာ စတင်တုန်လှုပ်လာ၏။

ဘန်း။

ကြီးမားသည့် တုန်ခါမှုက မရေမတွက်နိုင်သည့် မြို့သူမြို့သားများကို ကြောက်လန့်သွားစေ၏။

” ဘာတွေဖြစ်ကုန်တာလဲ။ မြေငလျင်လား ”

တုန်ခါမှုက စက္ကန့်အနည်းငယ်မျှ မကြာလိုက်ခင် အဖြူရောင်အလင်းက မြို့လယ်ခေါင်ကနေ ရုတ်တရက် ပေါ်ထွက်လာပြီး ကောင်းကင်ထဲ ရောက်သွား၏။

တစ်ချိန်တည်းတွင် အင်မတန် ကျယ်လောင်သည့် ဟိန်းဟောက်သံကိုလည်း အနားရှိ လူတိုင်း ကြားလိုက်ရတော့သည်။

” ဟား ဟား ဟား ဟား။ ၅၆နှစ် … ၅၆နှစ်။ ငါ ဘုရင်အေးအ်က နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ ”

နောက်တစ်စက္ကန့်တွင် နောက်ထပ် အရပ်မျက်နှာ၌ အလင်းရောင်ခြည်တန်းများစွာ လျင်မြန်စွာ စုဝေးလာ၏။

” ဘုရင်အေးအ်က ပြန်ပေါင်းစည်းချင်နေတာ။ သူ့ရဲ့ ကိုယ်ခွဲက မဟာချီရှန်းတစ်ယောက်ရဲ့ ခွန်အားပဲ ရှိတာ။ သူပေါင်းစည်းသွားခဲ့မယ်ဆိုရင် အံ့ဖွယ်ဂိုဏ်းရဲ့ အဆင့်မှာရှိတဲ့ သူ့ရဲ့ ကျင့်ကြံဆင့်ကို အမှန်တကယ် ထုတ်ပြလာလိမ့်မယ် ”

” အံ့ဖွယ်ဂိုဏ်းအဆင့် သိုင်းပညာရှင်တွေအားလုံး သူ့နောက် လိုက်ကြ။ ကျန်တဲ့သူတွေက အထက်အရာရှိတွေကို သတင်းပို့ ”

ချောက်ကမ်းပါး၏ တစ်ဖက်တွင် ယဲ့ရှောင်၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းများ တဖြည်းဖြည်းချင်းဖြာထွက်လာပြီ ဖြစ်သည်။

ယင်းက ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းကြောင့် ဖြာထွက်လာသည့် အလင်းမဟုတ်ပေ။ ထိုအစား သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်က အကန့်အသတ်တစ်ခုကို ကျိုးပြတ်သွားပြီး သူ၏ လက်ရှိ ခန္ဓာကိုယ်က ခံနိုင်ရည် မရှိတော့သည့် သုညမှတ်ကို ကျော်လွန်ကာ စွမ်းအင်တို့က ခန္ဓာကိုယ်အပေါ်ယံတွင် စုဝေးလာတာဖြစ်ပြီး ရလဒ်အနေဖြင့် ရွှေရောင်အလင်းတစ်ခု ဖွဲ့တည်သွားတော့၏။

ယခုအချိန်တွင် ယဲ့ရှောင်၏ ခန္ဓာကိုယ်က ဝိညာဥ်စွမ်းအင်မှ သက်ရောက်မှုကြီးကို ခံစားနေရပြီးနောက် သူ၏ တစ်ကိုယ်လုံးက ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းက မြေကမ္ဘာတုန်လှုပ်ဖွယ်ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။

ပိုသန်မာသည့်စွမ်းအင်ကို ထိန်းချုပ်နိုင်ပြီး ခံနိုင်ရည်ရှိရန် အလို့ငှာ သူ့ဆဲလ်များက ဝိညာဥ်စွမ်းအင်များဖြင့် လျင်မြန်စွာ ပေါင်းစည်းနေပြီး
ဝိညာဥ်စွမ်းအင်တစ်ဝက်နီးပါး၏ သရုပ်သကန်တစ်ခု ဖြစ်လာ၏။

ထိုကဲ့သို့ စွမ်းရည်၏ ကိုယ်ထင်ပြမှုအရ ယဲ့ရှောင်က ကိုယ်တိုင် ဝိညာဥ်စွမ်းအင်အဖြစ် တိုက်ရိုက် ပြောင်းလဲသင့်သော်ငြား မပြောင်းလဲခဲ့ပေ။ သူ၏ အံ့ဖွယ်ဝိညာဥ်ကလည်း ပိုသန်မာလာပြီး ဝိညာဥ်စွမ်းအင်ကလည်း ပိုသန်မာလာသောကြောင့် ဖြစ်သည်။ သူက ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှုကဲ့သို့ ဝိညာဥ်နည်းစနစ်မျိုးကို အသုံးမပြုခဲ့လျှင်တောင် သူ၏ ဝိညာဥ်စွမ်းအင်က ဒြပ်ရှိလာသည့်ပမာ ဝိညာဥ်စွမ်းအင်လည်း ဖြာထွက်လာပြီး ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းက မာကျောသည့် ကွန်ရက်တစ်ခုကို ဖွဲ့တည်လာပြီး ထိုအတွင်း၌ ဝိညာဥ်စွမ်းအင်တစ်ဝက်ကို ပြောင်းလဲလိုက်သည်။

ယခင်က ယဲ့ရှောင်သည် သူက မဟာချီရှန်းတစ်ဦး ဖြစ်လာချိန်၌ ဝိညာဥ်စွမ်းအင်များ သရုပ်ပြနိုင်မည်ဟု သိခဲ့သော်ငြား ယင်းက ဒြပ်မရှိပေ။ ထိုအစား သူတိုက်ခိုက်မှုကို အားဖြည့်ပေးရုံသာ ရှိသည်။

ထို့ကြောင့် မဟာချီရှန်းများသည် ဝိညာဥ်ခန္ဓာများကို သုတ်သင်ရှင်းလင်းနိုင်ပြီး မိစ္ဆာဝိညာဥ်ကဲ့သို့ ထူးခြားသော တည်ရှိမှုများကို ဖြေရှင်းနိုင်၏။

အံ့ဖွယ်ချီရှန်းခေတ်ကာလတွင်မူ သူ၏ ဝိညာဥ်စွမ်းအင်က ဒြပ်ရှိအသွင်အဖြစ် သိပ်သည်းသွားပြီးနောက် တိုက်ရိုက် ထုတ်သုံးခွင့်ပေးသည်။

ထိုရှင်းပြချက်က အလွန်မမှန်ကန်ကြောင်း သူသာ သိပေ၏။

တိတိကျကျဆိုရလျှင် ရုပ်ခန္ဓာက ဝိညာဥ်စွမ်းအင်ကို ထိန်းချုပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိပဲ ဝိညာဥ်စွမ်းအင်များက ဆိုးတတ်နိုင်၏။

သူ ချီရှန်းအဆင့်တွင် ရှိစဥ်က သူ့ ခန္ဓာကိုယ်ထဲရှိ
ဝိညာဥ်စွမ်းအင်က သိပ်မများပေ။ ၄င်းက အပြင်ဘက်တွင်သာ ထုတ်ဖော်ပြီး သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်က ၄င်းကို ခံနိုင်ရည်ရှိသည်။

သူက မဟာချီရှန်းအဆင့်သို့ ရောက်စဥ် သူ၏ ရုပ်ခန္ဓာက ဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရန် ခက်ခဲလာပြီး သူ့ခန္ဓာကိုယ်ကို ဝိညာဥ်စွမ်းအင်ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်အောက် ကြုံတွေ့စေခဲ့သည်။

တဖြည်းဖြည်းချင်း ရုပ်ခန္ဓာက ပြီးပြည့်စုံသည့် ပြောင်းလဲမှု သို့မဟုတ် အံ့ဖွယ်ဂိုဏ်းဆီသို့ ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်သွားသည်။ ပြီးနောက် ဝိညာဥ်စွမ်းအင်များက ထပ်မံ အားဖြည့်ပေးလာပြီး သူ့ခန္ဓာကိုယ်၏ ဆဲလ်များကို သိပ်သည်းစေရန်နှင့် သူတို့ ငွေ့ရည်ပျံသွားခြင်း မရှိအောင် ကာကွယ်ပေးထား၏။

ဝိညာဥ်စွမ်းအင်ဟူသည့် အံ့ဖွယ်ဂိုဏ်းမှ ထပ်တိုး အားဖြည့်ပေးမှု မဟုတ်ပေ။ ထိုအစား အံ့ဖွယ်ဂိုဏ်းက ရွေးချယ်စရာမရှိပဲ အားဖြည့်ရသည့် အရာဖြစ်သည်။

မြင်းကုန်းနှီးရှိသည့် မြင်းကောင်းတစ်ကောင်၊ ကောင်းမွန်သည့် တာယာရှိသည့် ကားကောင်းတစ်စီးကဲ့သို့ပင် အံ့ဖွယ်ချီရှန်းတစ်ဦးက သူတို့၏ ခွန်အားကို အပြည့်အဝ ထုတ်ပြချင်လျှင် သူတို့ ဝိညာဥ်စွမ်းအင်ကိုလည်း မြင့်တင်ရမည်။

ယဲ့ရှောင်က ရှန်းထျန်းနယ်ပယ်ကို သုံးဆင့်၊ ချီရှန်း၊ မဟာချီရှန်းနဲ့ အံ့ဖွယ်ချီရှန်းဟူ၍ ခွဲထားရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ နားလည်သွားပြီဖြစ်သည်။ တိုတိုပြောရလျှင် ယင်းက ဘဝဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်ဖြစ်သည်။

လူသားတစ်ယောက်မှာ အဆင့်မြင့်သည့် အသက်ပုံစံ ပြောင်းလဲမှုဖြစ်၏။ လူသားများက နောက်ဆုံးအဆင့် အံ့ဖွယ်ချီရှန်းများဟု ခေါ်ရသည့်အကြောင်းအရင်းကို နားလည်ရလည်း မခက်ခဲတော့ပေ။ ယင်းက ရိုးရှင်း၏။ လူသားများက ကြွားလုံးထုတ်ရတာ နှစ်သက်ပြီး သူတို့ကိုသူတို့ နတ်ဘုရားများဟု ခေါ်ကြသည်။ မဟုတ်လျှင် နတ်ဘုရားဂိုဏ်းသားရဲဂိုဏ်း သို့မဟုတ် လူသားဂိုဏ်းဟူ၍ သူတို့ကိုသူတို့ အဘယ်ကြောင့် အံ့ဖွယ်ဂိုဏ်းဟု ခေါ်ကြသနည်း။

အံ့ဖွယ်ဂိုဏ်းအဆင့်သို့ရောက်အောင် ပထမဆုံး ကျင့်ကြံနိုင်ခဲ့သည်။ ထိုစဥ်က အံ့ဖွယ်ဂိုဏ်းအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည့် ပထမဆုံးကျင့်ကြံသူက အရူးတစ်ယောက်ဖြစ်နိုင်သည် မဟုတ်ပါလော။

ဟုတ်ပြီ။ သူတို့ကို ဘယ်သူက ဂရုစိုက်တော့မှာလဲ။ ဘယ်သူပဲဖြစ်ဖြစ် သူ့ရဲ့ ကျင့်ကြံဆင့်လည်း တိုးတက်သွားပြီ။ ဒါက အောင်ပွဲခံသည့်တဲ့ အရာပဲ။ ဒါ့အပြင် ပတ်ဝန်းကျင်မြို့တွေကလည်း ကြယ်တာရာသားရဲကြောင့် မထိခိုက်ဘူး။ သိုးသားကလည်း လာနေလောက်ပြီ။ အားလုံး တော်ပြီ။

ထိုစဥ် အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က တဖျတ်ဖျတ် လှန်သွားသည်။ ယဲ့ရှောင်က စိတ်ငြိမ်အောင်ထားပြီး တစ်ချက်ကြည့်လိုက်၏။ ယင်းက မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ် အစီအရင် ဖြစ်သည်။ ရွှေရောင်စာအုပ်က ပြီးပြည့်စုံစွာ ဖမ်းဆုပ်ထားပြီး လေ့ကျင့်ပြီးသား ဖြစ်၏။

ထို့အပြင် ကောင်းကင်ပြုပြင်ခြင်းနှင့် နံနက်ခင်း ကြယ်ကျင့်စဥ်ကဲ့သို့ပင်။ တော်ဝင်အဆင့် နည်းစနစ်နှစ်မျိုးက တစ်ခုနှင့်တစ်ခု ဆွဲငင်ရန် ရွှေရောင်အလင်း ဖြာထွက်နေ၏။ မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ် အစီအရင်နှင့် ကောင်းကင်ဖန်တီးခြင်း အစီအရင်တို့ကလည်း တစ်ခုကိုတစ်ခု ဆွဲငင်သည့် ရွှေရောင်အလင်း ဖြာထွက်နေသည်။

ဆိုလိုသည်က မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ် အစီအရင်နှင့် ကောင်းကင်ဖန်တီးခြင်း အစီအရင်တို့က အဆင့်မြင့် ကွဲပြားသည့် ဇစ်မြစ် ဖြစ်သည်။ ယင်းက နောက်ထပ် တော်ဝင် အစီအရင်တစ်ခု ထပ်ထည့်ပြီးနောက် သူတို့ကို ပေါင်းစည်းနိုင်သည်ဟု ဆိုလိုသည် မဟုတ်ပါလော။

ယင်းက သတင်းကောင်းတစ်ခု ဖြစ်၏။

” အခုက ကျန်းဟိုင်မြို့ကို အရင်ပြန်ရမဲ့ အချိန်ရောက်ပြီ။ သိုးသားကလည်း မကြာခင် နိုးလာတော့မှာ ”

ယဲ့ရှောင်က ခဏတာစဥ်းစားလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူက ရွှေရောင်အလင်းတန်းအသွင်ပြောင်းလဲသွားပြီး ကောင်းကင်ထဲသို့ ပျံတက်သွား၏။

ဖုန်း။

ချက်ချင်းပင် မြေကမ္ဘာတစ်ခုလုံးကို ကြမ်းတမ်းစွာ တုန်လှုပ်သွားပြီး ထိုပြင်းအားကို ခံနိုင်ရည်မရှိတော့သည့်ပမာ ဖြစ်နေ၏။ ကြမ်းတမ်းသည့် တုန်နှုန်းလှိုင်းများကလည်း လေထဲတွင် ပေါ်ထွက်လာ၏။ ယင်းမှာ ယဲ့ရှောင်၏ အရှိန်က မြန်လွန်းသောကြောင့် ဖြစ်သည်။ ထို့အပြင် ပတ်ဝန်းကျင်ကလည်း ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နေ၏။
သူတစ်ယောက်တည်းသာဆိုလျှင် သူ၏ လွှမ်းမိုးမှု အကျယ်အဝန်းက ဒုံးကျည်တစ်စင်းထက် ပိုပေမည်။

” မြန်လိုက်တာ ”

ယဲ့ရှောင်က အံ့သြသွားမိ၏။ ရှန်းထျန်းဆဌမအ
ဆင့်မှ ရှန်းထျန်းသတ္တမအဆင့်သို့ တစ်ဆင့်သာ တိုးသွားခြင်းဖြစ်သော်ငြား သူ့ခွန်အား တိုးလာမှုက မယုံနိုင်စရာကောင်းသည်။ ယင်းက ပဥ္စအဆင့်မှ ဆဌမအဆင့်သို့ အဆင့်တက်သွားခြင်းထက် ပိုပိုပြီး သန်မာ၏။

သူ၏ ကျင့်ကြံဆင့်က တိုးမြင့်ပြီးသား ဖြစ်သည်။ နတ်ဘုရားအာရုံစူးစိုက်ခြင်း နည်းစနစ်၏ ထပ်ပေါင်းပေးမှာဖြင့် သာက မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်နေသည်။

အရှိန်က မြန်ဆန်လွန်းသောကြောင့် ခဏတဖြုတ်အတွက် သူတောင် မထိန်းချုပ်နိုင် ဖြစ်သွားသည်။သူ၏ ခန္ဓာကိုယ်က မြန်ဆန်လွန်းလေရာ အတော်လေး ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေ၏။

သို့သော် ၄င်းကို အနည်းငယ် အသုံးပြုပြီးနောက် အဆင်ပြေသွား၏။

ယဲ့ရှောင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို မလှည့်ပတ်ခဲ့ပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဟန့်အတားများအားလုံးကို လွှတ်ချလိုက်၏။ သူက အံ့ဖွယ်ဂိုဏ်းအဆင့်၏ စွမ်းအင်စစ်စစ်ကိုသာ အသုံးပြုပြီး ခွန်အားရှိ ပြောင်းလဲမှုများကို အသားကျအောင် လုပ်နေသည်။

ဤနည်းဖြင့် ခဏကြာပြီးနောက် သူသည် အံ့ဖွယ်ဂိုဏ်းအဆင့်၏ ခွန်အားကို အပြည့်အဝ အသားကျသွားလောက်ပြီ ဖြစ်သည်။

ဝိညာဥ်ချုပ်ထိန်းမှုကို လွှတ်ချခြင်းအားဖြင့် ယဲ့ရှောင်၏ အရှိန်က ပိုတောင် မြန်ဆန်လာသည်။ ကောင်းကင်ထဲ၌ နောက်ထပ် လျှပ်စီးလုံးပမာ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေ၏။ သူ၏ အရှိန်က မြန်ဆန်လွန်းသောကြောင့် လေပေါက်ကွဲမှု အသံတောင် မရှိပေ။

လက်ရှိ ယဲ့ရှောင်က အနိမ့်ဆုံးအရှိန် အကျယ်အဝန်းအတွင်း လျှပ်စီးကို လိုက်မှီနိုင်၏။

ကြယ်ဆုံသော ကောင်းကင်အောက်၌ အမေရိကန်အခြေစိုက် စခန်းထဲတွင် သိပ္ပံပညာရှင်တစ်စုက တိုက်ခိုက်ရေးဂျက်လေယာဥ် စမ်းသပ်မှု နည်းပညာအသစ် ပြီးမြောက်သွားမှုအတွက် လက်ခုပ်တီးပြီး ဂုဏ်ပြုကြသည်။

” ဒီတစ်ခေါက် ကျုပ်တို့ စမ်းသပ်တဲ့ တိုက်ခိုက်ထေး ဂျက်လေယာဥ်အသစ်က တိုးတက်လာပြီး အရင်မျိုးဆက်ရဲ့ အခြေခံအတိုင်း အကောင်းဆုံး အသုံးပြုနိုင်မှာ ”

” တိုက်ခိုက်ရေး ဂျက်လေယာဥ်အသစ်က ပိုအစွမ်းထက်တဲ့ ရွေ့လျားစွမ်းအင်ရှိပြီး ချီရှန်းအဆင့်အထက် ကြယ်တာရာသားရဲအမြုတေကို သုံးစွဲတယ်။ ဒါပေမဲ့ သူထုတ်ပြနိုင်မဲ့ အရှိန်က ရှန်းထျန်းပဥ္စအဆင့်ကို ကျော်လွန်ပြီး အရင်မျိုးဆက်ထက် တစ်ဆင့် ပိုမြန်တယ်။ ဒါနဲ့ဆို အမေရိကန် စံသတ်မှတ်ချက်က ပိုမြင့်သွားသင့်ပြီ။ အာကာသတိုက်ပွဲမှာ ငါတို့ရဲ့ လွှမ်းမိုးမှုကို ထိန်းထားနိုင်ဖို့အတွက် ဒါက မဟာတွန်းအားကြီးတစ်ခု ဖြစ်လိမ့်မယ် ”

” အနည်းဆုံးတော့ အတွင်းမှာ ဘယ်နိုင်ငံကမှ အလုံးစုံ စံသတ်မှတ်ချက်ကို ကျော်နိုင်မှာ မဟုတ်ဘူး ”

သိပ္ပံပညာရှင်အချို့ဆို မျက်ရည်များတောင် ကျလာသည်။

ယင်းက မလွယ်ကူပေ။ နောက်ဆုံးအခေါက် တိုက်ခိုက်ရေး ဂျက်လေယာဥ်ကို စီရင်စု၉ခု၏ ချီရှန်း ဖျက်ဆီးခဲ့ချိန်မှစပြီး သူတို့သည် ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ တချို့ကာလအတွင်း သူတို့ နေ့ရောညပါ အလုပ်လုပ်ကာ ယခင်မျိုးဆက်က ပျက်ခဲ့သည့် နာမည်ကို ပြန်အဖက်ဆယ်နိုင်သည့် နည်းပညာကို ဖန်တီးကာ အရှိန်ကို တစ်ဆင့်တိုးခဲ့သည်။ ဤနည်းဖြင့် ခေါင်းဆောင်က ဘာမှပြောတော့မည် မဟုတ်လောက်ပေ။ ရုတ်တရက် ဆူညံသည့် သတိပေးသံက လျှပ်စစ်ဖန်သားပြင်ကြီးကနေ ပေါ်ထွက်လာ၏။

ဒင်း ဒင်း ဒင်း။

လူတိုင်းက ထိတ်လန့်အံ့အားသင့်သွားပြီး ဖန်သားပြင်ကို ကြည့်လိုက်ပြီး သူတို့က တောက်ပသည့် အနီရောင် အလင်းစက်တစ်စက်ကို တွေ့လိုက်ရကာ ယင်းက စမ်းသပ်သည့် စက်ဆီသို့ လျင်မြန်စွာ တိုးဝင်လာပြီး ပကတိ မျက်လုံးဖြင့် မြင်နိုင်သည့် အရှိန်ဖြင့် ရောက်လာတာ ဖြစ်သည်။

” အိုး ဘုရားသခင် အဲ့ဒါဘာလဲ ”

” ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ငါတို့ ပြဿနာဖြစ်စေလို့ မရဘူး။ ချက်ချင်း စမ်းသပ်တဲ့ ကိရိယာကို ပြန်ခေါ် ”

သို့သော် ပြောပြီးသည်နှင့် အနီရောင်အလင်းစက်က စနိုင်ပါ၏ ကျည်ဆံပမာ စမ်းသပ်ခြင်းစက်၏ ပုံစံအသစ်ကို ထိုးဖောက်သွား၏။

ဖုန်း။

တောက်ပသည့် မီးလုံးက ကောင်းကင်ထဲ၌ ပေါက်ကွဲသွားသည်။ ဓာတ်ခွဲခန်းထဲရှိ သိပ္ပံပညာရှင်များအားလုံးကလည်း ဒေါသထွက်သွား၏။

” ……. ”

” ခေါင်းဆောင်ကို အကူအညီတောင်းချင်တယ်။ သူ့ကို သတ်ဖို့ အမေရိကက အသန်မာဆုံး သူကို ပို့ပေးပါ ”

” ဒီတိရစ္ဆာန်ကောင်က ကောင်းကင်ဘုံက သတ်တာခံရသင့်တယ် ”

ကြယ်ဆုံသော ကောင်းကင်အောက်တွင် ယဲ့ရှောင်က ခန္ဓာကိုယ်ကို လျင်မြန်စွာ ရပ်တန့်လိုက်၏။ ထိုသို့တိုင် ပေ ၃၃၀၀၀ကွာပြီးမှသာ ခန္ဓာကိုယ်ကို ရပ်နိုင်တော့သည်။

သူ၏ အရှိန်က မြန်ဆန်လွန်းသောကြောင့် အီနားရှားကလည်း ကောင်းလွန်းနေသည်။

” ထူးဆန်းလိုက်တာ။ ခုနတုန်းက ငါ တစ်ခုခုကို တိုက်မိသွားတာလား ”

အပိုင်း ၁၃၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset