စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၂၉ အံ့ဖွယ်ဂိုဏ်း၏ ရည်ရွယ်ချက်များ။
လင်းနန်မြို့တွင်သာမက ဝမ်ဟိုင်းမြို့ ကျန်းတုံမြို့
နှင့် အိမ်နီးချင်းမြို့ပေါင်းများစွာတွင်လည်း ထိုကဲ့သို့ ဖြစ်နေလေသည်။
မြို့တိုင်း၌ ကြယ်တာရာသားရဲများစွာက ရုတ်တရက် ပေါ်ပေါက်လာသော်ငြား မျက်တောင်တစ်ခတ်အတွင်း သူတို့က အစွမ်းထက်သည့် ဓါးအလင်းကြောင့် သုတ်သင်ရှင်းလင်း ခံခဲ့ရသည်။ယင်းက ပွတ်ကာသီကာလွတ်မြောက်လာခြင်းဟု ဆိုရပေမည်။ လူအများစုက ကပ်ဘေးတွင် ရှင်သန်နေနိုင်ခဲ့ခြင်းကြောင့် ပျော်ရွှင်နေစဥ် သူတို့က သူတို့ကို ကယ်တင်ခဲ့သည့် စွမ်းအားကြီးသော ပုဂ္ဂိုလ်၏ အထောက်အထားကို စတင်ခန့်မှန်းနေကြတော့၏။
လူများစွာက ကျန်းဟိုင်မြို့ရှိ အလွန်ဆန်းကြယ်သည့် သိုင်းပညာရှင်အချို့ ဖြစ်ရမည်ဟု တွေးခဲ့သည်။
အချိန်တိုအတွင်း၌ မြို့အသီးသီး၏ ဒေသခံ ဖိုရမ်များပေါ်၌ ဝမ်ဟိုင်းမြို့ရှိ ဆန်းကြယ်သိုင်းပညာရှင်များအကြောင်း ပို့စ်များ ပြည့်ကုန်တော့သည်။
ယခင်က တူညီသည့် ပို့စ်များ ရှိခဲ့သော်ငြား ထိုစဥ်က ယဲ့ရှောင်သည် ကျန်သည့်မြို့များ၌ သူ့ခွန်အားကို ပြသခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အခြားသော မြို့များ၌ ဆွေးနွေးမှုမရှိ အာရုံစိုက်မှုက သိပ်မရခဲ့ပေ။ ယခုအခေါက်တွင်မူ ယဲ့ရှောင်က အမှန်တကယ် လူကြိုက်များလာတော့သည်။
” ဆန်းကြယ်သိုင်းပညာရှင်တစ်ယောက်က ထပ်ပေါ်လာပြီ။ ဓါးဝိဇ္ဇာပြန်လည်ရှင်သန်တာပဲ ဖြစ်ရမယ် ”
” လူမရောက်လာခင် ဓါးရောက်လာတာကို တွေ့ရတယ်။ အတွေးတစ်ချက်နဲ့ ကျွမ်းကျင်သူတစ်ယောက်က ကြယ်တာရာသားရဲနှစ်သောင်းကျော်ကို ဖျက်ဆီးနိုင်တယ်။ ကျွမ်းကျင်သူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအချက်အလက်တွေကို ရှာနေပါပြီ ”
” ကျန်းဟိုင်မြို့က စီနီယာသိုင်းပညာရှင်ကြီးက မဟာချီရှန်းတစ်ယောက်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ ဒါ အဓိပ္ပာယ်မရှိဘူး။ အဲ့ဒီစီနီယာ ဓါးဝိဇ္ဇာက အံ့ဖွယ်ဂိုဏ်းသိုင်းပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ် ”
ပို့စ်များအားလုံးက မြင့်တက်လာ၏။ အချို့သော မြို့များမှ အင်တာနက်အသုံးပြုသူများကလည်း အားကျလာတော့သည်။
” ငါ အားကျလိုက်တာကွာ။ ငါတို့ ချူစီရင်စုရဲ့ ကျုံးရှန်မြို့လည်း ပြဿနာတက်တယ်။ အခုဆို လမ်းတွေပေါ်မှာ ကြယ်တာရာသားရဲတွေ ပြည့်နေပြီ။ အပြင်တောင် မထွက်ရဲတော့ဘူး ”
” ကြေးစီရင်စုရဲ့ ရှန်မြို့ကလည်း အားကျမိတယ်။ ကြယ်တာရာသားရဲကြောင့် လက်တစ်ချောင်း ဆုံးရှုံးသွားပြီ .. အခုပဲ ဆေးရုံဆီ နောက်ပြန်ဆုတ်ခဲ့ရတာ။ ဒါပေမဲ့ ဆေးရုံက ပြည့်နေပြီ ”
” ဘာကြောင့်များ သိုင်းပညာရှင်တွေက ငါတို့မြို့ကို မလာရတာလဲ။ ဟင့် ဟင့် ဟင့်။ ဒါက မတရားဘူး။ ငါတို့မြို့ကို ဆန်းကြယ်သိုင်းပညာရှင်လာဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။ သိုင်းပညာရှင်အတွက် မျောက်လေးတစ်ကောင် ပေးနိုင်ပါတယ် ”
ယဲ့ရှောင်သည် ထိုကိစ္စများကို မသိပေ။ ယခုအချိန်၌ သူက ချောက်ကမ်းပါးထဲတွင် ရှိနေကာ ဟွမ်လျိုလီနှင့်အတူ ပျော်ရွှင်စွာ စားသောက်နေ၏။
” ဒီ မျိုးမစစ်ကြီးရဲ့ အသားက အတော်လေး အဆီပါတယ်။ ဒါပေမဲ့ မာမနေဘူး ”
ဟွမ်လျိုလီက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြောလိုက်တော့၏။
” လိပ်သားနပ်က ကျွန်မအကြိုက်ဆုံးပဲ။ ချိုချိုချဥ်ချဥ်လေးလေ။ ဘုရင်အေးအ်က နှစ်ရက်အတွင်း ထွက်လာလောက်ပြီ။ အဲ့ဒီအချိန်ရောက်တဲ့အခါ ကျွန်မတို့တွေ သိုးသားစတုစားကြဦးမလား ”
” သိုးသားနပ်က သိပ်ပြီး မကောင်းဘူး။ ကင်ထားတာက ပိုကောင်းတယ် ”
” ဒါပေမဲ့ သိုးသားစွပ်ပြုတ်ကရော။ အနံ့မကောင်းဘူးလား ”
” သိုးသားစွပ်ပြုတ်က မကောင်းဘူး။ သိုးသားစွပ်ပြုတ်က ရာသီဥတုအေးတဲ့အချိန်ကျမှ စားလို့ကောင်းတာ။ အခု မကောင်းသေးဘူး။ အခုက ကင်စားပြီး ဘီယာနဲ့ မြည်းဖို့ရာသီပဲ ”
သခင်နှင့်ကျွန်။ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်။ ကြောင်တစ်ကောင်က လိပ်ကြယ်တာရာသားရဲနပ်အားလုံးကို စားလိုက်သည်။ ဟွမ်လျိုလီက သူမ၏ လုံးဝိုင်းနေသော ဗိုက်လေးကို ပုတ်ပြီးမြေပြင်ပေါ်တွင် လှဲနေကာ မထနိုင် ဖြစ်နေလေ၏။
” သခင် ကြည့်ပါဦး။ ကျွန်မရဲ့ ဗိုက်ကို အကြီးကြီးဖြစ်အောင် ထပ်လုပ်ပြန်ပြီ ”
” မင်းကို ဘယ်သူက ဒီလောက်အများကြီး စားခိုင်းလို့လဲ ”
” သိပ်အရသာရှိတာပဲကို။ မစားပဲမှ မနေနိုင်တာ ”
” ပေါက်တက်ကရတွေ တော်လိုက်တော့။ ကြယ်အမြုတေတွေအားလုံးနဲ့ ဒီကြယ်တာရာသားရဲတွေရဲ့ အသားတွေကို မြန်မြန်စု ”
ယဲ့ရှောင်က ဟွမ်လျိုလီ၏ တင်ပါးကို ကန်လိုက်ရာ သူမက အမြန်အလုပ်စလုပ်တော့သည်။
” သိပြီ ”
ယခုအချိန်တွင် သူမက ယဲ့ရှောင်၏ အစေခံ ဖြစ်ရခြင်းအတွက် ခုခံချင်စိတ် မရှိတော့ပေ။ ကြယ်တာရာသားရဲများသည် ကျွန် မဟုတ်ပေ။ သို့သော်ငြား ယဲ့ရှောင်၏ စားစရာနှင့် အရိပ်အမိုးကို သူမ မငြင်းဆန်နိုင်ပေ။
ရှန်းထျန်းပဥ္စမအဆင့် လိပ်နက်သွေးမျိုးဆက် ကြယ်တာရာသားရဲ မဟာချီရှန်းကို ခုနကတင် ချက်စားခဲ့၏။
အရသာ အထိအတွေ့ ကုန်ကြမ်း သူမ အဘယ်ကြောင့် ထိုမျှ နာခံရသနည်း။ ဤလောကထဲတွင် ကောင်းမွန်သည့် တစ်စုံတစ်ခုကို ရှာတွေ့နိုင်ရန် ခဲယဥ်း၏။
လိပ်သားနပ်ကို စားပြီးနောက် သူမ၏ ကျင့်ကြံဆင့်က ရှန်းထျန်းစတုတ္ထအဆင့်သို့ တက်ရန် နီးကပ်နေပြီ ဖြစ်သည်။ ယခု သူမ၏ သွေးအဆီအနစ်များက အဆက်မပြတ် ဖြည့်တင်းနေလေသည်။ သူမက ယနေ့ညတွင်တောင် နောက်တစ်ဆင့် တက်နိုင်တော့မည့် ပုံပေါ်၏။ ထိုအကြောင်းကို တွေးမိခြင်းက သူမကို စိတ်ပျော်ရွှင်သွားစေတော့၏။
သူမက သူ၏ အစေခံအဖြစ် နောက်ထပ် နှစ်ရာအနည်းငယ်ပေါင်းပြီး နောက်ထပ် နှစ် ၈၀၀ သူ့အစေခံဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
နှစ်ပေါင်း၈၀၀ကြာပြီးမှ တစ်စုံတစ်ခုကို ဆုံးဖြတ်တော့မည်။
ဟွမ်လျိုလီက ကြယ်တာရာသားရဲအမြုတေများ
နှင့် သေလွန်ပြီးသော ကြယ်တာရာသားရဲများအားလုံးကို လျင်မြန်စွာ စုဆောင်းလိုက်၏။ သူမက ယဲ့ရှောင်ရှေ့တွင် ပုံထားလိုက်ရာ တောင်ပူစာလေး ဖြစ်သွားတော့သည်။
ယဲ့ရှောင်က ဘာမှမပြောတော့ပဲ ချက်ချင်းပင် ထိုကုန်ကြမ်းများအားလုံးကို ဆေးလုံးတစ်လုံးအဖြစ် သန့်စင်ရန်အတွက် တစ်သောင်းမှတစ်ကို အသုံးပြုလိုက်သည်။
သူ ထင်တာမမှားလျှင် ဘုရင်အေးအ်က ထွက်လာလောက်ပြီ ဖြစ်သည်။ သူက အဆင့်ကျော်ဖျက် တိုက်ခိုက်နိုင်သည်ဆိုသော်ငြား သူ၏ ကျင့်ကြံဆင့်ကို မြင့်တင်ပြီး အံ့ဖွယ်ချီရှန်းအဆင့်သို့ ရောက်နိုင်လျှင် ပိုကောင်းမှာပဲ ဖြစ်သည်။ ယင်းက ပိုလုံခြုံပေမည်။
ရှန်းထျန်းနယ်ပယ်ထဲတွင် မဟာချီရှန်းအဆင့်၏ သုံးဆင့်သာလျှင် သိုင်းပညာရပ်များ၏ စစ်မှန်
သည့် အဓိပ္ပာယ်ကို နားလည်သဘောပေါက်ရန် လိုအပ်၏။ အံ့ဖွယ်ချီရှန်းအဆင့်သို့ ရောက်ရှိပြီးနောက် သိုင်းပညာရပ်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်မှုနှင့် လူတစ်ယောက်၏ အတွေးက တဖြည်းဖြည်းချင်း ရင့်ကျက်လာမည်။ ထိုကြောင့် ကျင့်ကြံဆင့်က လုံလောက်ပြီး အတွေးက ပြောင်းလဲနိုင်သရွေ့ အံ့ဖွယ်ချီရှန်းအဆင့်သို့ အလွယ်တကူ အဆင့်တက်နိုင်၏။
ဤနေရာ၌ ကြယ်တာရာသားရဲ တစ်သိန်းလေးသောင်းကျော်ရှိခဲ့သည်။ တစ်သိန်းနီးပါးက အပြင်ပို့ခံလိုက်ရကာ လေးသောင်းဝန်းကျင် ကျန်သည်။ သို့သော် ဤနေရာ၌ ချီရှန်းများ ပိုများလေပြီး လိပ်နတ်မျိုးနွယ်စုသွေးမျိုးဆက်၏ ကြယ်အမြုတေလည်း ရှိနေလေသည်။ ယင်းက ရှန်းထျန်းပဥ္စမအဆင့် ကြယ်အမြုတေဖြစ်၏။
ထို့အပြင် သူသည် ရှန်းထျန်းပဥ္စအဆင့် မျိုးမစစ်ကို စားခဲ့ပြီး သူ၏ ခန္ဓာကိုယ်၌လည်း ဝိညာဥ်စွမ်းအင်နှင့် သွေးအဆီအနစ်အတော်လေး စုဆောင်းမိပြီ ဖြစ်သည်။ ထိုအရာများအားလုံး ပေါင်းစည်းလိုက်သည့်အခါ သူ့အဖို့ ရှန်းထျန်းသတ္တမအဆင့် သို့မဟုတ် အံ့ဖွယ်ချီရှန်းအဆင့်သို့ အဆင့်တက်ဖို့ ကြိုးစားကြည့်ရန် လုံလောက်နေပြီဖြစ်သည်။
တစ်သောင်းမှတစ်သည် ကြယ်အမြုတေတစ်သောင်း၏ သွေးအဆီအနစ်နှင့် ကြယ်တာရာသားရဲများ၏ အလောင်းကို လျင်မြန်စွာ သန့်စင်ပြီး တစ်ပေါင်းတည်းအဖြစ် ပေါင်းစည်းနေလေ၏။
သာမန်အခြေအနေအောက်တွင် အဂ္ဂရိတ်ပညာရှင်များက အတင့်တူညီသည့် ကြယ်အမြုတေများ သို့မဟုတ် ကြယ်တာရာသားရဲများ၏ အလောင်းများဖြင့် ဆေးလုံးတစ်လုံးကို သန့်စင်နေကြ ဖြစ်၏။ မဟုတ်လျှင် နှစ်ခုထက်ပိုသည့် ကြယ်အမြုတေများနှင့် ကြယ်တာရာသားရဲများ၏ အသွေးအသားများရှိ မတူညီသော စွမ်းရည်များ တိုက်မိပြီး ပေါက်ကွဲမှု ဖြစ်နိုင်သည်။
ယင်းက အန္တရာယ်အလွန်များကာ အသက်အန္တရာယ်တောင် ခြိမ်းခြောက်နိုင်၏။ သို့သော် တစ်သောင်းမှတစ်ကမူ မတူညီပေ။ ယင်းက တော်ဝင်အဆင့်တွင်ရှိသော အဂ္ဂရိတ်နည်းစနစ် ဖြစ်၏။ ထို့ကြောင့် ၄င်း၏ ပံ့ပိုးမှုဖြင့် ယဲ့ရှောင်က အလွယ်တကူပင် သူက မတူညီသည့် ကြယ်အမြုတေများနှင့် ကြယ်တာရာသားရဲများကို တစ်ပေါင်းတည်း ပေါင်းစည်းနိုင်၏။
သို့သော် အရေအတွက် များလွန်းသောကြောင့် ယဲ့ရှောင်သည် ကြယ်အမြုတေများအားလုံးကို တစ်ပေါင်းတည်း ပေါင်းစည်းရန် သုံးနာရီခန့် အချိန်ယူရ၏။ ယင်းက တကယ်မလွယ်ကူချေ။
မကြာမီ၌ ယဲ့ရှောင်က ဆေးလုံးလေးတစ်လုံးကို သန့်စင်လိုက်၏။ စွမ်းအင်ပါဝင်မှု များပြားလေရာ ၄င်း၏ အရွယ်အစားသည် သာမန်ဆေးလုံးထက် ပို၏။ ၄င်းက ကြက်ဥတစ်လုံးစာခန့် ရှိသည်။
ကြွယ်ဝသည့် ရွှေရောင်ဖြာထွက်နေပြီး လူအများ သားရေကျစေနိုင်သော ဆေးရနံ့များ ပြည့်နေလေ၏။
ဂလု။
ဟွမ်လျိုလီက တံတွေးမြိုချမိသွားသည်။ ကြီးလိုက်တာ။ သူမသည် သူမ တစ်ဘဝ၌ ထိုမျှကြီးမားသည့် ဆေးလုံးကို တစ်ခါမှ မမြင်ဖူးတာ ကျိန်ဆိုရဲသည်။ ဆေးလုံးက တော်ဝင်ဆေးလုံးအဆင့် မရောက်သော်ငြား တော်ဝင်တစ်ဝက်အဆင့် ရောက်ရန်က လုံလောက်နေပြီးသားဖြစ်သည်။
ထိုအထဲတွင် ပါဝင်သည့် စွမ်းအင်အရ သူမ စားခဲ့လျှင် ချက်ချင်းပင် ရှန်းထျန်းတတိယအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်သွားနိုင်၏။ ၄င်းကို အပြည့်အဝ ချေဖျက်ပြီးနောက် ရှန်းထျန်းစတုတ္ထအဆင့်သို့ ဆက်လက်အဆင့်တက်သွားပြီး မဟာချီရှန်းတစ်ဦးတောင် ဖြစ်လာနိုင်သည်။
သို့သော် သူမက ကြည့်ရုံသာ ကြည့်နေရတာ နှမြောစရာကောင်းလှလေ၏။ အကြောင်းမှာ ယဲ့ရှောင်က ၄င်းကို ချက်ချင်းပင် တစ်ကျိုက်တည်းဖြင့် မြိုချလိုက်သောကြောင့် ဖြစ်သည်။
တောက် တောက် တောက် ။
ဟွမ်လျိုလီက လောဘကြီးလွန်းသောကြောင့် သားရေများ ကျလာတော့၏။
” သခင် အဲ့ဒါက ဘာအရသာလဲ ”
” အသားရိုင်းအရသာ ၇၀ရာခိုင်နှုန်းပါတယ် ..။ သူ့ရဲ့ အသားတွေက နူးညံ့ပြီး အရသာရှိတယ်။ တိရွှမ်းနေတာမျိုး မရှိဘူး ”
ဟွမ်လျိုလီက ပိုတောင် သဘောကျသွားသည်။ ယဲ့ရှောင်ကို ဆေးလုံးကို မြိုချပြီးနောက် သူ၏ လည်ချောင်းကနေ စွမ်းအင်များ စီးဆင်းလာတာကို ချက်ချင်းခံစားမိလိုက်ပြီး သူ့အတွင်းကလီစာများဆီ ရောက်သွား၏။
ခွန်အားက သန်မာပြီး သိပ်သည်းလွန်းသည်။
ပြောရလျှင် ယင်းက ကြယ်တာရာသားရဲလေးသောင်းကျော်၏ ကြယ်အမြုတေဖြစ်သည်။ အတူတကွ ပေါင်းစည်းလိုက်သည့်အချိန်တွင် ၄င်း၏ ခွန်အားက သာမန်လူများ မှန်းဆနိုင်မှုကို ကျော်လွန်မည်။
ယဲ့ရှောင်က သူ၏ ခန္ဓာကိုယ် စတင် ဆူပွက်လာတာကို ခံစားမိလိုက်၏။ ယခင်အခေါက်နှင့်ယှဥ်လျှင် ယင်းက အဆပေါင်းများစွာ ပြင်းထန်၏။
အကြောင်းမှာ နောက်ဆုံးအခေါက် သူ ၄င်းကို သန့်စင်ချိန်၌ ရှန်းထျန်းစတုတ္ထအဆင့် ကြေးခွံနက်မြွေတစ်ကောင်နှင့် ကြယ်တာအမြုတေတစ်ခုသာ ဖြစ်သည်။ ယခုအခေါက်တွင်မူ ကြယ်တာရာသားရဲ အကောင်ရေ လေးသောင်းကျော်ဖြစ်ပြီး သူတို့ထဲတွင် ချီရှန်းနှင့် မဟာချီရှန်းများ မချို့တဲ့ပေ။ သို့သော်ငြား သူက အောင်မြင်စွာ အဆင့်တက်နိုင်လိမ့်မည်ဟု အာမခံချက် မရှိပေ။
ပြီးခဲ့သည့်အခေါက်က ဆေးလုံးသည် သေးငယ်သော်ငြား သူက ထိုစဥ်က လပေါင်းများစွာ ကျင့်ကြံခဲ့ပြီးဖြစ်ကာ သူ၏ ခန္ဓာကိုယ်သည် ဝိညာဥ်စွမ်းအင်များစွာကို စုပ်ယူရန် အသင့်ဖြစ်နေပြီးသားပင်။
ယခုအချိန်၌ သူက ရှန်းထျန်းဆဌမအဆင့်သို့ အဆင့်တက်ခါစဖြစ်ပြီး တစ်လသာ ရှိသေးသည်။ ထို့အပြင် ကျင့်ကြံဆင့်က အဆင့်မြင့်လေ အဆင့်တက်ရန်အတွက် ဝိညာဥ်စွမ်းအင် ပိုလိုအပ်လေဖြစ်သည်။ ထို့ကြောင့် အံ့ဖွယ်ချီရှန်းအဆင့်ကို သူတက်လှမ်းနိုင်မည်ဆိုတာ တစ်ရာရာခိုင်နှုန်း မသေချာပေ။
သူ၏ ခန္ဓာကိုယ်ထဲ၌ ဝိညာဥ်စွမ်းအင်က ရစ်ဝဲနေပြီး ကျင့်စဥ်မျိုးစုံက သူတို့ဘာ့သာ အသက်ဝင်လာ၏။ သူ့ခန္ဓာကိုယ်ထဲ ချီသွေးကြောထဲများ၌ ဆက်လက် စတင်လည်ပတ်နေသည့် ကြမ်းတမ်းသော ဝိညာဥ်စွမ်းအင်ကို ဖိနှိပ့်ကာ ယဲ့ရှောင်၏ သွေးကြောများနှင့် ချီသွေးကြောများကို ဆေးကြောနေ၏။
လွန်ကဲခြင်းစွမ်းအား ဓါးမော့၊ ကောင်းကင်ပိုင်းဖြတ်ခြင်းဓါး၊ နတ်ဘုရားအာရုံစူးစိုက်ခြင်း၊ ခရမ်းရောင် ကြယ်ပင်လယ်၊ ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်း၊ ကောင်းကင်ကုသခြင်း၊ နံနက်ခင်း ကြယ်ကျင့်စဥ် ၊ နတ်ဘုရား လက်မှုပညာ၊ တစ်သောင်းမှတစ်၊ ဝိညာဥ်စွမ်းအင်ကျင့်စဥ်၊ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုတောင် ပါလာပြီး ဆေးလုံးထဲရှိ
ဝိညာဥ်စွမ်းအင်များကို သုံးစွဲလိုက်တော့သည်။
ယင်းက ကြယ်တာရာသားရဲ၏ အမြုတေမှလာသော ဝိညာဥ်စွမ်းအင် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
မလှည့်ပတ်နိုင်သည့် ကျင့်စဥ်နှစ်ခုသာ ရှိသည်။
ဆိုရလျှင် သူတို့က ပင်မခန္ဓာကိုယ်၏ ခွန်အားအကျယ်အဝန်းအတွင်း၌ ရှိမနေပဲ ပြင်ပအထောက်အကူဟူ၍သာ သတ်မှတ်၍ ရသည်။
အမျိုးမျိုးသော အစွမ်းထက်သည့် ကျင့်စဥ်များ၏ ဖိနှိပ့်မှုအောက်တွင် မူလက ကြမ်းတမ်းသည့် ဝိညာဥ်စွမ်းအင်သည် ယခုအချိန်၌ ဖြည်းဖြည်းချင်း နာခံလာတော့သည်။ ပြီးနောက် သူတို့က တိကျသည့် လှည့်ပတ်သည့် လမ်းကြောင်းအတိုင်း လိုက်ကာ ယဲ့ရှောင်၏ ချီသွေးကြောများကို ဆက်တိုက် ဆေးကြောနေတော့၏။
ထိုသို့တိုင် ယဲ့ရှောင်၏ ချီသွေးကြောများက များစွာသည့် ဝိညာဥ်စွမ်းအင်များ ရုတ်တရက် ပေါ်ပေါက်လာမှုကို ခံနိုင်ရည် မရှိသေးပေ။
ယင်းက များပြားလွန်း၏။ သူတို့ကို မြှားခေါ်နေသည့် ကျင့်ကြံခြင်းနည်းစနစ်၏ လမ်းကြောင်းအား နာခံစွာ လိုက်နိုင်သည်။ သို့သော် အရှိန်မလျှော့နိုင်ပေ။ မဟုတ်လျှင် ချက်ချင်း ပေါက်ကွဲသွားပေလိမ့်မည်။
ယင်းက ယဲ့ရှောင်ကို သက်ပြင်းချမိစေတော့၏။ ဆေးလုံးစားခြင်းက စွန့်စားမှုများ၏။ ထို့ကြောင့် မစားခင် ဂရုစိုက်ရပေမည်။
ကံကောင်းသည်မှာ သူ၏ ကောင်းကင်ပြုပြင်ခြင်း နည်းစနစ်နှင့် နံနက်ခင်း ကြယ် ကျင့်စဥ်တို့ကလည်း သူ၏ ပျက်စီးသွားသော ချီသွေးကြောများကို ပြန်ပြင်ပေးနေ၏။ ပြီးနောက် သူက ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်းကို လှည့်ပတ်ကာ သူ၏ ချီသွေးကြောများကို …….စေတော့သည်။
ဤနည်းဖြင့် ဝိညာဥ်စွမ်းအင်က မည်မျှ ကြမ်းတမ်းစေကာမူ ယဲ့ရှောင်ကို မထိခိုက်စေတော့ပေ။ ၄င်းက သူ၏ ကျင့်ကြံဆင့်တိုးတက်တာကို ခွင့်ပြုရုံခွင့်ပြုထားပြီး ဒုံးကျဥ်ပမာ တက်သွားတာကို ခွင့်ပြုရုံသာ တတ်နိုင်သည်။ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့် ယဲ့ရှောင်၏ ယုံကြည်ချက်ကလည်း ခိုင်မာလာတော့သည်။
ဘုရင်အေးအ် … ငါ့ကို စောင့်နေစမ်းပါ။
တစ်ချိန်တည်းတွင် ရက်စက်သည့် ရယ်သံံက မြို့ပေါင်းများစွာအောက်ရှိ မြေကြီးထဲမှ ပေါ်ထွက်လာသည်။
လတ်ဆတ်တဲ့ သွေးတွေ၊ လတ်ဆတ်တဲ့ သွေးနံ့၊ ငါ အနံ့ရနေပြီ။ ဟီး ဟီး ဟီး။
ဒီလောက်များပြားတဲ့ လတ်ဆတ်တဲ့ သွေးတွေ။ ဒီလောက်သန့်စင်တဲ့ စွမ်းအားတွေနဲ့ ဒီလို သောက်ချိတ်ပိတ်စည်းက ငါ့ကို ဘယ်လိုလုပ် ဟန့်တားနိုင်မှာလဲ။
သူက မြေကြီးထဲ စိမ့်ဝင်လာသည့် သွေးအဆီအနစ်များစွာကို ချက်ချင်းပင် လျင်မြန်စွာ စုပ်ယူလိုက်၏။
သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ဆက်လက်တိုးတက်နေတာကို ခံစားမိသည်။ နှစ်ပေါင်းများစွာ အပိတ်ခံထားရပြီးနောက် စွမ်းအင်တို့သည် ညှိုးနွမ်းသွားသော သစ်ပင်ပမာ ခြောက်ခမ်းသွားရာမှ အသက်ပြန်ဝင်လာ၏။
စွမ်းအင်ပြန်ရောက်လာမှုက ရည်မှန်းချက်များကို ပြန်ရှင်သန်လာစေ၏။ ထို့ကြောင့် သတ်ဖြတ်လိုသည့် ဆန္ဒများကလည်း ဆက်တိုက်ပြန့်ကားနေသည်။
” လူသားတွေ … အနှစ် ၅၆ နှစ်လောက် ဒီဘုရင်က ခံစားခဲ့ရတယ်။ ဒီတစ်ခေါက် မင်းတို့ဆီကို ပြန်ပေးမယ်။ မင်းတို့ အဲ့ဒီတုန်းက လုပ်ခဲ့တာတွေအတွက် နောင်တရအောင် လုပ်မယ်။ နတ်ဘုရားက ချိုးဖျက်လို့ မရဘူးဆိုတာ မင်းတို့ကို သိစေမယ် ”
” စာကြည့်တိုက်က ကောင်စုတ်လေးရေ … စောင့်နေလိုက်စမ်း။ မင်းကို အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်။ ပြီးရင် ဆာရှီမီးလို စားပစ်မယ်။ မင်းကို အချဥ်ရည်ထဲ မနစ်ပဲ တစ်ကိုက်စီ ကိုက်စားပစ်မှာ။ ”
အပိုင်း ၁၂၉ ပြီး၏။