Switch Mode

Chapter – 12

Chapter – 12

” ပေါက်ကရတွေ မပြောနဲ့။ ဒီအခေါင်းကြီးက အဖုံးကို သေသေချာချာ ပိတ်ထားတာမှ မဟုတ်တာ။ ဒါကြောင့်အဲ့ဒီအဖုံးက ရွေ့သွားတာဖြစ်မယ်။ ”
လင်းကျားက တည်ငြိမ်သောလေသံဖြင့် ဝင်ပြောလျက် လူအုပ်ကို ငြိမ်သက်အောင် လုပ်သည်။
ကြီးမားသော နဂါးအလောင်းကိုးလောင်းက မီတာတစ်ရာကျော် ရှည်သည်။ အလောင်းကြီးများကို သိပ်သည်းသောကြေးခွံများက ဖုံးအုပ်လွှမ်းနေပြီး အနက်ရောင်အလင်းများ ပြိုးပြိုးပြက်ပြက် ပြောင်လက်လျက် သိပ်မဝေးသောနေရာတွင် ရှိနေသည်။
ကြေးနီရောင်အခေါင်းကြီးက မီတာနှစ်ဆယ်ကျော်ပင်ရှည်သည်။ ယဇ်ပုလ္လင်ကြီးပေါ်တွင် ရှိနေသည်မှာ မသက်မသာဖြစ်စေသော ခံစားချက်မျိုးကို ထုတ်လွှင့်ပေးနေသည်။
” ငါ့အထင် ငါတို့အားလုံး အရှေ့က အလင်းရောင်ဆီသွားပြီး စူးစမ်းသင့်တယ်လို့ ထင်တယ်။”
” ငါလည်း အားလုံးအတူတူ သွားသင့်တယ်လို့ ထင်တယ်။”
လူတိုင်းက အကြံပေးကြသည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက ကြောက်ကြသည်။ မည်သူကမှ ဤနေရာတွင် ဆက်မနေရဲတော့ချေ။ အဆုံးတွင် လူတိုင်းက သဘောတူညီမှု ရယူကြပြီး အလင်းရောင်ထံ အတူသွားစူးစမ်းလေ့လာရန် ဆုံးဖြတ်လိုက်​ကြသည်။
ထိုနေရာရှိ မြေက နီညိုရောင်မြေဆီလွှာဖြစ်ပြီး သဲမှုန့်များလည်းရှိ​နေသေးသည်။ သို့သော် အလွန်ကျယ်ပြောပြီး ပြောင်ရှင်းနေကာ ဟိုနေရာဒီနေရာပင် တွေ့နေရသည့် ကြီးမားသည့်ကျောက်တုံးများကိုသာ မြင်ရသည်။ သူတို့က သူတို့ တက်ခဲ့သည့်ကျောက်တုံးကြီးပေါ်မှ ဆင်းလိုက်သောအခါ လျိုယွမ်ကျစ်က တအံ့တဩပြောသည်။
” ကျောက်တုံးပေါ်မှာ စာတွေ ရှိတယ်။”
ကြီးမားသောကျောက်တုံးကြီး၏ ဘေးဘက်သို့သွားပြီး တစ်ဖက်မှ မြင်နေရသောအလင်းပြင်ဝိုင်းဘက်ကကြည့်သောအခါ ကျောက်တုံးပေါ်တွင် ထွင်းထုထားသော ရှေ့ဟောင်းစာလုံးကြီးနှစ်လုံးကို မြင်လိုက်ရသည်။ တစ်လုံးချင်းဆီကပင် ငါးမီတာမှ ခြောက်မီတာခန့်အထိ မြင့်မားရှည်လျားပြီး သံမဏိချိန်းကြိုးနှင့် ငွေရောင်စုတ်ချက်များကဲ့သို့ပင် ထင်ရသည်။
ထို့အပြင် စာသားများကလည်း ခေါင်းမာပြီး အင်အားကြီးသော ခံစားချက်မျိုးကို ရစေကာ နဂါးနှစ်ကောင် ဒေါသထွက်နေသည့် ခံစားချက်မျိုး ဖြစ်သည်။
ဥပမာအနေဖြင့် စကားလုံးများက ရှုပ်ထွေးနေသေးပြီး အချိန်အတန်ကြာ ထွင်းထုခဲ့ရလောက်သည်။ သို့သော်မည်မျှကြာအောင် တည်ရှိနေကြောင်းကို မည်သူမှ မသိနိုင်ချေ။ လူအုပ်က ကျောက်တုံး၏ အရှေ့ဘက်တွင် စုရုံး ရပ်လိုက်ပြီး ကြီးမားသော ရှေးဟောင်းစာလုံး နှစ်လုံးကို စိုက်ကြည့်နေကြသည်။ လူအများစုက မျက်မှောင်ကြုံ့သည်။ သူတို့က အဓိပ္ပါယ်ကို မသိကြချေ။
” ဒါက ခေါင်းလောင်း မီးဖိုကျမ်းနဲ့ တူတယ်။ ပထမဦးဆုံးစကားလုံးကို ကြည့်လိုက်။ ယင်ဆိုတဲ့စကားလုံးမဟုတ်လား။”
ကျိုးရင်က ပထမဆုံးစကားလုံးကို မှတ်မိသွားသည်။ သူက မျက်မှောင်ကြုံ့ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
” ဒါဆိုရင် ငါတို့က ဘယ်လိုနေရာမျိုးကို ရောက်နေတာလဲ…”
” ဒါက တကယ်ကို ခေါင်းလောင်း မီးဖိုကျမ်းဘဲ။ ဒီစကားလုံးနှစ်လုံးက ယင် လို့ ရေးထားတာ။ ယင်”
ယဲ့ဖန်းကလည်း စကားလုံးနှစ်လုံးကို သတိထားမိသွားသည်။ သူကတည်ငြိမ်နေသော်လည်း ထိုစကားလုံးနှစ်လုံး၏ အဓိပ္ပါယ်ကမူ သူ့ကို တုန်လှုပ်စေသည်။
” ယင် ဘယ်လိုဖြစ်ပြီး ယင် ဖြစ်နေနိုင်မှာလဲ။”
သူကိုယ်တိုင်ပင် ထို​စကားလုံးကို မယုံကြည်နိုင်တော့ဘဲ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ မဲမှောင်နေသည့်တိုင် ကြယ်များက များပြားခြင်း မရှိချေ။
” ယင် ဘာကို ယင်လဲ။”
” ဒီနေရာက ယင်လား။”
လူအများစုက စိတ်ရှုပ်ထွေးနေကြပြီး အဓိပ္ပါယ်ကို နားမလည်နိုင်တော့ချေ။
ကျိုးရင်က ယင်ဆိုသောစကားလုံးကို ကြားသော် ယဲ့ဖန်းနည်းတူ တုန်ရီသွားသည်။ သူ၏ မျက်နှာက ဖြူဖျော့သွားပြီး ပြောသည်။
” ယင်ရဲ့အလယ်၊ စိတ်ရှုပ်ထွေးမှာ ငါတို့ တကယ် ပြန်မသွားနိုင်တော့ဘူးဘဲ။”
” နင် ဘာကို ဆိုလိုတာလဲ။ ဒါက ဘယ်နေရာလဲ။”
လူတိုင်းက အံ့ဩသွားကြသည်။
ဝမ်ကျစ်ဝမ်က ယင်ဟူသောစကားလုံးကို ကြားလိုက်သောအခါ အဓိပ္ပါယ်ကို ချက်ချင်း နားလည်လိုက်ပြီး လူတိုင်းကို ရှင်းပြသည်။
” ငါတို့တွေ မြေကမ္ဘာပေါ်မှာ မရှိတော့မှာကိုတောင် စိုးရိမ်ရတယ်။ ယင်ဆိုတာက မီးတောက်ပဲ။ နောက်ပြီးရှေ့ခေတ်အချိန်က ယင်လို့ ခေါ်တဲ့ တည်နေရာတစ်ခု အရမ်းကို ကြီးမားလွန်းတဲ့သင်္ကေတပေါ့။ အခုတော့ယင်ကို မားစ်လို့ ခေါ်တယ်။ ”
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာက ရှေးခေတ်လူမျိုးတွေက မားစ်ဟာ အရောင်နီရဲကြောင်း တွေ့ရှိခဲ့ရပြီး မကြာခဏဆိုသလို ပြောင်းလဲလျက်ရှိတဲ့ အလင်းရောင်က မီးတောက်နှင့်ပင် တူသည်။ ပို၍ဆိုးသည်မှာ ကောင်းကင်တွင် ရွေ့လျားနိုင်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် အနောက်မှ အရှေ့သို့ တစ်ခါတစ်ရံတွင် အရှေ့မှအနောက်သို့ ရွေ့သည်။ အခြေနေက အလွန်ရှုပ်ထွေးပြီး စိတ်ရှုပ်ထွေးဖွယ်ရာဖြစ်သည်။ ထို့ကြောင့် ရှေးခေတ်အချိန်ကတည်းက မီးချောင်းကဲ့သို့ လင်းလက်တောက်ပသော စိတ်ရှုပ်ထွေးမှုဆိုပြီး တင်စားခေါ်ဝေါ်ခဲ့ကြသည်။
ရှေးခေတ်အချန်ကတည်းက ဧကရာဇ်များက ဤကြယ်ဂြိုလ်ကြီးက ကပ်ဘေးကြယ်ဖြစ်နေမည့်အရေးကို စိုးရိမ်ခဲ့ကြသည်။ အထူးသဖြင့် ၄င်းက နိမိတ်ဆိုးတစ်ခုကိုလည်း သတ်မှတ်ခဲ့ကြသည်။
ထို့ကြောင့် မားစ်ပေါ်လာသည့် အချိန်တိုင်းတွင် အမတ်ချုပ်ကြီး သို့မဟုတ် ဧကရာဇ်တစ်ပါးက သေဆုံးသည်ဆိုသော ကောလဟာလမျိုးပင် ရှိလာခဲ့သည်။ ဒီနောက်ပိုင်း မင်းဆက်များကမူ ထိုသို့ အယူသည်းသော ဒဏ္ဍာရီများကို မယုံကြည်ကြချေ။
” ဘုရားရေ … ။”
လီရှောင်းမန်၏ဘေးမှ ခါသဲ့က ထိုစကားလုံးနှစ်လုံး၏အဓိပ္ပါယ်ကို အကောင်းဆုံးနားလည်အောင်ကြိုးစားလိုက်ရသည်။ ယင်ဟော် ဆိုသောစကားလုံးကိုသူက နားလည်သွားပြီး ချက်ချင်းလိုလို နီညိုရောင်မြေဆီလွှာကို ဖမ်းကိုင်လိုက်ကာ ကျောက်တုံးပေါ်သို့ပစ်တင်လိုက်သည်။ ထို့နောက် သူက မြေမျက်နှာသွင်ပြင်ကို လေ့လာကြည့်ပြီးနောက် အံ့အားတကြီးထအော်ပြန်သည်။
” ဘယ်လိုဖြစ်နိုင်မှာလဲ။”
လူအများစုကမူ အလွန်ထိတ်လန့်နေကြသည်ဖြစ်ပြီး လက်ရှိ အဖြစ်မှန်ကို မယုံကြည်ကြချေ။
” ငါတို့ရဲ့ ခြေထောက်အောက်က နီညိုရောင်မြေသား … ဒါက မားစ်လား။ ငါတို့ ကမ္ဘာမြေမှာ မဟုတ်တော့ဘူး .. ။ ”
ထိုစကားကိုကြားသော လူတိုင်းက အလွန်ထိတ်လန့်သွားကြပြီး သတိမဝင်ချင်ကြတော့ချေ။
လွန်ခဲ့သော တစ်နာရီခန့်ကပင် သူတို့က ထိုက်တောင်ထိပ်ပေါ်တွင် ရှိနေကြသည်။ နာရီဝက်ခန့်ကြာပြီးနောက် သူတို့က မားစ်ပေါ်သို့ ရောက်နေကြသည်။ ဒါက စိတ်ကူးယာဥ်ဆန်သောပုံပြင်နှင့်ပင် တူနေသည်။
လင်းကျား၏ ပိန်ပါးသောခန္ဓာကိုယ်က ဆွဲဆောင်မှုပြင်းထန်သည်။ သို့​ရာတွင် ထိုအချိန်တွင် သူမ၏ ပါးနှစ်ဖက်က ဖြူဖျော့နေသည်။ သူမက သူမ၏ ဖီးနစ်ရောင်မျက်ဝန်းဖြင့် လူအုပ်ကို ကြည့်၍ ပြောသည်။
” အခု ငါတို့ကျောက်တုံးပေါ်က ထွင်းထားတဲ့စာကို မြင်နိုင်တာနဲ့ဘဲ ငါတို့ မားစ်ပေါ်ကို တကယ်ရောက် မရောက် မပြောနိုင်ဘူး။”
” မားစ်ပေါ်က ခြောက်သွေ့တဲ့ မြေပြင်က အနီရောင်မြေဆီလွှာနဲ့ ဖုံးလွှမ်းနေတက်တယ်။ ကျောက်စရစ်ခဲတွေလည်း ရှိနေတက်တယ်။ ဒါက အခု ငါတို့ မြင်နေရတဲ့ပုံစံ မဟုတ်ဘူးလား။”
ကျောင်းသူတစ်ယောက်က ငိုသံဖြင့် ပြောသည်။
လူသားများက ၁၉၆၀ ခုနှစ်တွင် မားစ်ပေါ်သို့အာကာသဝတ်ရုံများနှင့်အတူ စူးစမ်းလေ့လာရန် ထွက်ခွာခဲ့သည်။ ၁၉၉၇ခုနှစ်တွင် ရှေ့ဆောင်လမ်းပြကအောင်မြင်စွာဖြင့် မားစ် အပေါ်ယံ မြေမျက်နှာပြင်သို့ ခြေချနိုင်ခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ လေ့လာ စူးစမ်းရှာဖွေပြီး နောက် လူသားများက မားစ်နှင့်ပတ်သက်ပြီး နားလည်နိုင်စွမ်းအား မြှင့်မားလာခဲ့သည်။ ထို့ကြောင့် အသုံးဝင်သောအချက်အလက်များ ဖြန့်ဝေပေးနိုင်ခဲ့သည်။
” အင်္ဂါဂြိုလ်က မြေဆီလွှာထဲမှာ သံမဏိအောက်ဆိုဒ်ဓာတ်တွေ အများကြီးပါဝင်တယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ ကြာရှည် ထိပ်တိုက်တွေ့ခဲ့ရတာ တစ်ဂြိုလ်လုံးက သံချေးရောင်လောကလို ဖြစ်နေခဲ့တာ။ ဒါက ငါတို့မြင်နေခဲ့ရတာနဲ့ တစ်ပုံစံထဲ မဟုတ်လား။ ဖြစ်နိုင်တာက ငါတို့ တကယ်ဘဲ ကမ္ဘာမြေကနေ ထွက်လာကြပြီး အခြားဂြိုလ်တစ်ခုပေါ်မှာ ရပ်နေမိတာလား။ ”
ကျောင်းသားတစ်ယောက်က လက်တီးကို ခပ်တင်းတင်းဆုပ်သည်။ သူ၏ မျက်စိများကပင် အပြာရောင်သန်းသွားသည်။
” ငါတို့ကသာ တကယ်ကို မားစ်ဂြိုလ်မှာ ရှိနေရင် အသက်ရှင်တန်နိုင်မယ်လို့ မထင်ဘူး။”
” ဒီမှာ အောက်ဆီဂျင်မှ မလုံလောက်တာ။ အပူချိန်ကလည်း ငါတို့နဲ့ မသင့်တော်ဘူး။ ”
လီရှောင်းမန်က ဝင်ပြောသည်။ သူမ၏ မျက်နှာက ဖြူဖျော့နေသည့်တိုင် သူမ၏စကာလုံးများက အခြားသူများအပေါ် မျှော်လင့်ချက်ပေးခြင်း ဖြစ်သည်။
ထိုအချိန်အတောအတွင်း ယဲ့ဖန်း၊ ဖန်းပေါ်နှင့် အခြားအတန်းဖော်များက တည်ငြိမ်​နေပြီး သူတို့က မြေကမ္ဘာပေါ်တွင် မဟုတ်တော့ကြောင်း သိလိုက်ကြပြီးဖြစ်သည်။ ထိုထက် ဆိုးရွားသောကိစ္စက မရှိနိုင်တော့ချေ။ နောက်ပိုင်း ဘာဆက်ဖြစ်စေကာမူ ထို့ထက် အံ့ဩစရာမကောင်းလောက်တော့ချေ။
ရှေ့ဆုံးကလူအုပ်မှာ ကျောက်တုံးကြီးပေါ်မှ အချိန်ကြာရပ်နေပြီးမှ နောက်ဆုံးမှသာ ထွက်ခွာသွားကြကာရှေ့ဆက်သွားကြ သည်။ အဝေးရှိ ဖျော့တော့စွာ မြင်နေရသော အလင်း အရင်းအမြစ်ံဆီ ဦးတည်လိုက်ကြသည်။ သိပ်မဝေးသည်ဟုဆိုသော်လည်း မီတာ ၅၀၀ ထက်မနည်း လမ်းလျှောက်ပြီးသည့်တိုင် ဦးတည်ရာသို့မရောက်သေးချေ။ သူတို့ အနည်းငယ် ဆက်လျှောက်ရမည့်ပုံပေါ်သည်။
လူတိုင်း၏ နှလုံးသားက လေးလံသွား​ကြသည်။ လူအနည်းစုကသာ စကားပြောကြသည်။ လေထုအခြေအနေများက သုန်မှုန်နေသည်။ သူတို့က သူတို့၏ နောက်ဆုံးမျှော်လင့်ချက်က မတည်ရှိတော့မည်ကို စိုးရိမ်းနေသည်။
” ဘမ်း …။ ”
ဖန်းပေါ်က ခြေထာက်အောက်မှာ ကျောက်စရစ်ခဲတစ်ခုကို ကန်လိုက်ပြီးနောက် ဖုန်မှုန့် အနည်းငယ်မြှောက်တက်လာသည်။ ထိုအချိန်တွင် သူက အံ့ဩသွားသည်။ သူ ကန်လိုက်သည့် ထိုကျောက်တုံးက တိုင်တစ်တိုင်ဖြစ်နေသည်။
” ဒါက တိုင်တစ်ခုဘဲ။ ”
သူက ချက်ချင်းလိုလို တိုင်တစ်ဝက်ကို လက်နှင့်လှမ်းကိုင်လိုက်ပြီး လူလုပ်တိုင်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
ချက်ချင်းလိုလို လူအုပ်က ဝိုင်းလိုက်ပြီး ထိုတိုင်အကျိုးကို ကြည့်ကြသည်။ လူအများစုက စိတ်လှုပ်ရှားကြသည်။ တိုင်ဆိုမှတော့ အဆောက်အဦး ရှိမည်ပင်။
ဤနေရာမှာ လူ နေထိုင်နိုင်။။ ထိုသို့ဆိုရင် ငါးရောင်ခြယ်ယဇ် ပုလ္လင်လောက် မရိုးရှင်းတော့ချေ။
” ငါတို့တော့ အကယ်ခံလိုက်ရပြီ .. ။”
” ငါတို့ အန္တရာယ်ကနေ လွတ်မှာ သေချာတယ် .. ။”
ထိုသို့ဖြင့် အဆိုးမြင်စိတ်များက လျော့ကျသွားပြီ ပျော်ရွှင်မှုက တိုးပွားလာသည်။ လူတိုင်းက ယှဥ်ပြိုင်နိုင်မည့် မျှော်လင့်ချက်ကို ရှာတွေ့လိုက်သည်။ ကောင်းကင်က မှောင်နေပြီဖြစ်ပြီး ကောင်းကင်နဲ့ကြယ်များက အစက်အပြောက်လို ရှိလာသည်။
ယဲ့ဖန်းက ကြယ်စင်ကောင်းကင်ကို ကြည့်ပြီးနောက် ကောင်းကင်ရှိ ဝေဝါးသော အဝိုင်းလိုအရာလေးကို မြင်လိုက်သည်။ ထိုအရာက ကမ္ဘာပေါ်တွင်မြင်ရသောလ၏ တစ်ဝက်ခန့်သာလျှင် ရှိပြီး ကမ္ဘာ မဟုတ်ကြောင်းသိလိုက်ရသည်။ အကြောင်းမူကာ ဦးတည်ရာဘက်တွင် ကြယ်တစ်ခုရှိနေသည်။ ထို့ပြင် သာမန်ကြယ်တစ်စင်းထက်ပင် ပို၍တောက်ပလွန်းနေသည်။ သို့ရာတွင် လထက် အနည်းငယ်တော့ဖြင့် မှိန်နေသေးသည်။ ကြယ်ဟု ခေါ်ရင်လည်း လင်းလွန်းပြီး လဟုခေါ်ရန်လည်း မှိန်လွန်းပြန်သည်။
ကျိုးရင်၊ ဝမ်ကျစ်ဝမ်နှင့် လျိုယွမ်ကျစ်တို့က သူ့အနားတွင် ရပ်နေကြသည်။ ယဲ့ဖန်းက အပေါ်သို့ မော့ကြည့်နေကြောင်းကို တွေ့လိုက်သောအခါ သူတို့ကလည်း မ​နေနိုင်ဘဲ မော့ကြည့်လိုက်ကြသည်။
သို့သော် ကောင်းကင်တွင် ရှိနေသည့် သေးငယ်သောလနှစ်စင်းကို မြင်လိုက်ချိန်တွင် သူတို့၏ အမူအရာများက ပျက်ယွင်းသွားတော့သည်။
အပိုင်း ၁၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset