Switch Mode

Chapter – 128

မင်း ကြောက်နေတာလား။ မဟုတ်ဘူး။ ငါ စိတ်လှုပ်ရှားနေတာ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၂၈ မင်း ကြောက်နေတာလား။ မဟုတ်ဘူး။ ငါ သိပ်စိတ်ရှားနေတာ။

ပြန်လည်ထူထောင်ဖို့ အစီအစဥ်။

ယင်းက သိုင်းပညာအမွေအနှစ်များ၏ ပြစ်ချက်ကို ဖြေရှင်းရန်အတွက် အထူးစီစဥ်ထားသည့် နည်းလမ်းတစ်ခုဖြစ်သည်။

အံ့ဖွယ်ချီရှန်းအဆင့် ကြယ်တာရာသားရဲသိုင်းပညာရှင်များ၏ ရုပ်ခန္ဓာကို ခွဲထုတ်ပြီး မြို့အသီးသီး၏ မြေအောက်ထဲ၌ ချိတ်ပိတ်ထားလိုက်သည်။ သူတို့၏ ရုပ်ခန္ဓာကို အစီအရင် အမြုတေအဖြစ် အသုံးပြုကာ ပိုတောင်သန်မာသည့် မိုးနှင့်မြေ ဝိညာဥ်စွမ်းအင်ကို စုစည်းပေးသည်။ ထိုနည်းလမ်းက လက်ရှိတွင် စီရင်စု၉ခု၌သာ အသုံးပြုတာ ဖြစ်သည်။ စီရင်စု၉ခု၌ ထိုကဲ့သို့ ကြယ်တာရာအစီအရင်အဆင့်ရှိသည်။

ကျန်သည့်နိုင်ငံများကလည်း ကိုယ်ပိုင်နည်းလမ်းများ ရှိကြ၏။ အကျော်ကြားဆုံးက အမေရိကရှိ မျိုးရိုးဗီဇ သုတေသန ပရောဂျက် ဖြစ်သည်။ သူတို့က ကြယ်တာရာသားရဲများဆီမှ စွမ်းအင်များကို ပိုမိုထုတ်ယူချင်သည်။ လူသားခန္ဓာကိုယ်ထဲ တိုက်ရိုက်ပေါင်းစည်းကာ အစွမ်းထက်သည့် စစ်သည်တော်များကို ပိုတောင် မြန်မြန်ဆန်ဆန် ဖန်တီးချင်၏။ စီရင်စု၉ခုက ကြယ်တာရာသားရဲ အံ့ဖွယ်ချီရှန်းများကို ချိတ်ပိတ်ထားသည်။ ထို့ကြောင့် ထိုကြယ်တာရာသားရဲများက သွေးအဆီအနစ်များစွာကို စုဆောင်းရန် လူသတ်ချင်၏။ သို့မှသာ ချီရှန်းအဆင့် ကြယ်တာရာသားရဲ သိုင်းပညာရှင်များသည် ကြယ်တာရာအစီအရင်ကို ဖောက်ဖျက်ပြီး လှောင်အိမ်ထဲမှနေ ဖောက်ထွက်နိုင်မှာပဲ ဖြစ်သည်။

ယင်းက ဘုရင်အေးအ်၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကို ချိတ်ဖွင့်သည့် ကျန့်ရီ၏ နည်းလမ်းတစ်ခုနှင့် ဆင်တူသည်။

စီရင်စု၉ခုထဲတွင် ကြယ်တာရာသားရဲသူတော်စင်တမန်တော်တစ်ယောက်ထက် ပိုရှိပြီး စီရင်စု၉ခုထဲ၌ ကြယ်တာရာသားရဲ အကောင်ရေ တစ်သိန်းကျော် ရှိပေသည်။

ယခုအချိန်တွင် ကြယ်တာရာသားရဲများက အင်အားအပြည့်ဖြင့် တက်လာပြီး ထိုသိုင်းပညာရှင်များကို ကယ်တင်ရန် ပြင်ဆင်နေကြသည်။

သိုင်းပညာရှင်များဖြစ်သော်ငြား သူတို့က လူသားများကို တိုက်ခိုက်ပြီး လူသားမျိုးနွယ်စု သိုင်းပညာရှင်အချို့ကို ဖြေရှင်းမည်ဖြစ်ကာ ကြယ်တာရာသားရဲ ကပ်ဘေးအတွက် ပြင်ဆင်ပြီး လူသားမျိုးနွယ်စုကို အပြည့်အဝ ချေမှုန်းပစ်မှာပဲ ဖြစ်သည်။

အစစ်အမှန်ပြဿနာက ထိုမှ ရောက်လာပုံပေါ်၏။ သို့သော် လူသားများက ခြေတစ်လှမ်းစောထားပြီး အားလုံးရှေ့၌ ပြဿနာကို ဦးစွာ ဖြေရှင်းခဲ့သည်။ ထိုစဥ် အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ်အစီအရင်ကို စတင်စုပ်ယူပြီး ကျင့်ကြံနေပြီ ဖြစ်သည်။ ယဲ့ရှောင်က ဝိညာဥ်စွမ်းအင်ကို သုံးကာ မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ်အစီအရင်ကို ခွဲခြမ်းစိတ်ဖြာလိုက်ရာ အစီအရင် အခင်းအကျင်း၏ အားနည်းချက်များကို ရှာရာတွင် အလွန်လွယ်ကူသွား၏။

အတွေးတစ်ချက်ဖြင့် ဝိညာဥ်စွမ်းအင်က ပေါ်ထွက်လာသည်။

ခွက် ခွက်။

မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ်အစီအရင်က လျင်မြန်စွာ အက်ကွဲသွားပြီးနောက် နောက်ဆုံးတွင် မှန်တစ်ချပ်ပမာ အပိုင်းပိုင်းအစစ ကွဲထွက်သွားတော့၏။

ဖောက်။

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်ကလည်း မြေပြင်ပေါ် လှဲပြိုကျသွားသည်။ သူ၏ မှတ်ဉာဏ်များကို ယဲ့ရှောင်စစ်ဆေးပြီးနောက် တစ်ကိုယ်လုံးပြိုလှဲသွားပုံရသည်။ မျက်နှာက ဖြူလျော့နေကာ အမောတကော အသက်ရှူနေ၏။

” မင်း ထပ်နိုင်သွားပြန်ပြီ။ ဒါပေမဲ့ ငါ့ကို အနိုင်ရတာ အသုံးမဝင်ဘူး ”

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က နောက်ဆုံးတော့ ခေါင်းမာမှုနှင့် ဂုဏ်သိက္ခာရှိနေသေးပုံ ပေါ်၏။

” ငါ လင်းနန်၊ ဝမ်ဟိုင်နဲ့ တခြားမြို့တွေဆီ ကြယ်တာရာသားရဲတပ်ဖွဲ့တွေ စေလွှတ်ပြီးပြီ။ သူတို့တွေက အဲ့ဒီမြို့တွေက လူသားတွေကို အပိုင်းပိုင်း စုပ်ဖြဲပြီး လူသားတွေရဲ့ သွေးအဆီအနစ်ကို သုံးပြီး ဘုရင်အေးအ်ကို လွှတ်ပေးတော့မှာ။ ဘုရင်အေးအ်က အံ့ဖွယ်ချီရှန်းတစ်ယောက်ပဲ။ သူက မင်းကို သေချာပေါက် သတ်ပစ်မှာ။ ဘယ်လိုလဲ လူသား။ မင်း ကြောက်နေပြီလား ”

” မကြောက်ဘူး။ ငါ သိပ်စိတ်လှုပ်ရှားနေတာ ”

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က ကြက်သေ သေသွားတော့သည်။ သူက ယဲ့ရှောင်ကြောင့် စိတ်ရှုပ်ထွေးသွားလေ၏။

” ဘာအဓိပ္ပာယ် မရှိတာတွေပြောနေတာလဲ။ အဲ့ဒါက အံ့ဖွယ်သိုင်းပါရမီရှင် တစ်ယောက်လေ။ အံ့ဖွယ်ကွ။ မင်းရဲ့ ကျင့်ကြံဆင့်က အလွန်သန်မာနေရင်တောင် အံ့ဖွယ်ချီရှန်းတစ်ယောက်ကို ရင်ဆိုင်ရရင် အသက်အန္တရာယ်ရှိနေဦးမှာပဲ မလား ”

ယဲ့ရှောင်က သူ့ကို လျစ်လျူရှူထားလိုက်ပြီးနောက် လက်ဖြောင့်တစ်ချက်တီးကာ ဟွမ်လျိုလီကို ကယ်တင်လိုက်၏။

ဟွမ်လျိုလီက ရက်စက်စွာ ရယ်မောလိုက်သည်။

” အရူး။ ငါ့ရဲ့ သခင်က အကင်စားချင်နေတာ တော်တော်ကြာနေပြီ။ သူက ဒီအစီအရင်တွေကို ရှာဖို့ ပျင်းနေတာကြောင့်သာမဟုတ်ရင် ကိုယ်တိုင် ဘုရင်အေးအ်ကို လွှတ်ပေးပြီး သူ့ကို ကင်စားပစ်မှာ။ အခု နင်တို့တွေက သူ့ကို ကယ်လိုက်ပြီဆိုတော့ ငါ့ရဲ့ သခင်က ပျော်တာထက်ပိုတာပေါ့ ”

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က သူ့၏ စိတ် အက်ကွဲသွားသည်ဟု ခံစားလိုက်ရသည်။ ဒီကောင်က ဘုရင်အေးအ်ကို စားဖို့ စီစဥ်နေပြီတဲ့လား။

သူ သူက ဘယ်သူတုန်း။

သို့သော် မကြာမီ၌ သူက ရယ်မောလိုက်တော့၏။

” စိတ်ဝင်စားစရာပဲ။ တကယ်စိတ်ဝင်စားစရာပဲ။ ဟား ဟား ဟား ဟား။ ဘုရင်အေးအ်အကြောင်း မင်း ဂရုမစိုက်ရင်တောင် မင်း ဘုရင်အေးအ်ရဲ့ ချိတ်ကို ဖွင့်ပေးလိုက်တဲ့အခါ လူသားတွေ ဘယ်လောက်များများ အသတ်ခံခဲ့ရလဲဆိုတာ မမေ့လိုက်နဲ့ ”

” အနည်းဆုံး ဒီည လူသားတစ်သန်းကျော် သေဆုံးမှာပဲ။ ဘုရင်အေးအ်ချိတ်ပွင့်သွားတဲ့အချိန် လူသားတွေ ဘယ်လောက် အသတ်ခံရလိမ့်မလဲ။ ငါတို့ ရှေ့ပြေးဓာတ် အစီအစဥ်ကလည်း ပြီးပြည့်စုံ
တယ် ”

” လူသားချိတ်ကို ဖွင့်ဖို့အတွက် လူသားတွေရဲ့ သွေးအဆီအနစ်ကို သုံးချင်တယ်လို့ ဘယ်သူက ပြောလဲ ”

ယဲ့ရှောင်၏ ရုတ်ချည်း ပြောဆိုလိုက်သော စကားများက ကြယ်တာရာသားရဲ သူတော်စင်တမန်တော်၏ မျက်နှာပေါ်ရှိ အပြုံးကို ရုတ်တရက် ရပ်တန့်ပြီး တောင့်တင်းသွားစေ၏။

” မင်း ဘာကိုဆိုလိုတာလဲ ”

ယဲ့ရှောင် သူ့ကို လျစ်လျူရှူထားလျက် ကောင်းကင်ကိုသာ ကြည့်နေလိုက်သည်။

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က
အံ့သြဆွံ့အနေသော အမူအယာဖြင့် မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးက ချက်ချင်းပြူးကျယ်သွားပြီး သူငယ်အိမ်တို့ ကျုံ့သွားသည်။ တစ်ကိုယ်လုံးက ရေခဲတိုက်ထဲ ပြုတ်ကျသွားသည့်ပမာ ဖြစ်နေလေ၏။

ယခုအချိန်တွင် ဓါးရောင်ချီသိန်းပေါင်းများစွာက ချောက်ကမ်းပါးထဲ သိပ်သည်းနေပြီးသား ဖြစ်၏။ ဓါးအလင်းတိုင်းတွင် ပါဝင်သည့် စွမ်းအင်က ချီရှန်းအဆင့် သိုင်းပညာရှင်တစ်ဦးကို အလွယ်တကူသတ်ဖြတ်နိုင်၏။
ထိုထက် ပိုကြောက်မက်ဖွယ်ကောင်းသည်က နောက်တစ်စက္ကန့်တွင် သူတို့က ကြယ်များကြွေကျသည့်ပမာ လှုပ်ရှားလိုက်၏။ မဟုတ်ပေ။ အရပ်မျက်နှာအနှံ့ ကြယ်များ ကြွေကျနေတာပဲ ဖြစ်သည်။ ထိုအရပ်မျက်နှာသည် လင်းနံ၊ ဝမ်ဟိုင်းနဲ့ ကျန်သည့်မြို့များဆီ ဦးတည်နေ၏။

” မဟုတ်ဘူး ”

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က အော်ဟစ်လိုက်ပြီး စိတ်ပျက်အားငယ်လာလေ၏။

နောက်ဆုံးတော့ ယဲ့ရှောင်သည် အစတည်းက အဆုံးအထိ စိတ်လှုပ်ရှားသည့် အမူအယာရှိရသည့် အကြောင်းအရင်းကို သူ နားလည်သဘောပေါက်သွားသည်။

သူက လူသားမျိုးနွယ်စု သတ်ဖြတ်ခံရမှာ ဂရုမစိုက်တာ မဟုတ်ပဲ။ လူသားမျိုးနွယ်စုက လုံးဝ သတ်ဖြတ်ခံရမှာ မဟုတ်သောကြောင့် ဖြစ်သည်။

သူက ဘုရင်အေးအ်ကို လွှတ်စေချင်သောငြား ချိတ်ကို ဖွင့်ရန်အတွက် လူသားမျိုးနွယ်စု၏ သွေးအဆီအနစ်ကို အသုံးမပြုချင်ပေ။ ထိုအစား ဘုရင်အေးအ်၏ ချိတ်ကို ဖွင့်ရန်အတွက် ကြယ်တာရာသားရဲ သွေးအဆီအနစ်ကို အသုံးပြုချင်နေသည်။

အံ့သြစရာ မရှိပါဘူး။ သူက ဟွမ်လျိုလီကို သူလျှိုအဖြစ် ပို့ထားတော့ တခြားမြို့တွေမှာလည်း သိုလှောင်လက်စွပ်ရှိတယ်ဆိုတာ သိပြီးသား ဖြစ်မှာပဲ။ ဒါပေမဲ့ သူက သူတို့ကို မတားခိုင်းပဲနဲ့ ကြယ်တာရာသားရဲတပ်ဖွဲ့ကိုတောင် လွှတ်ခွင့်ပေးထားသေးတာ။

ကျန်းဟိုင်မြို့သို့ရောက်သည့်အချိန်ကျမှသာ သူ ဝင်လာလေ၏။ တမင်တကာ ပြုလုပ်ခဲ့တာပဲ ဖြစ်သည်။

သူသည် အနားရှိ မြို့များကို ကြယ်တာရာသားရဲများ တမင်တကာလွှတ်ပေးခဲ့ပြီး ထိုနေရာမှာပင် သတ်လိုက်တာပဲ ဖြစ်သည်။

သူက ၄င်းကို အစတည်းက စီစဥ်ထားတာ ဖြစ်၏။ သူနှင့် ကျန်သည့်သူများက အကောင်ရေတစ်သိန်းသော ကြယ်တာရာသားရဲများသည် သူ၏ ကစားစရာများ ဖြစ်လာပြီး သူ့လက်ထဲ၌ ဆော့ကစားခံခဲ့ရသည်။

ယခုအချိန်တွင် ယဲ့ရှောင်နှင့် ဟွမ်လျိုလီ၏ အကြည့်က သူ့ပေါ်ကျရောက်လာပြီး ကြက်သိမ်းများထသွားစေ၏။

ဒါ ဘယ်လိုအကြည့်မျိုးလဲ။

စိမ်းဖန့်နေတဲ့ မျက်လုံးမှာ လောဘတွေ တပ်မတ်မှုတွေ ပြည့်နေတာ။

” ဘာ ဘာလုပ်ချင်လို့လဲ ”

သူက မနေနိုင်ပဲ အနောက်ဆုတ်မိသွားသည်။ ယဲ့ရှောင်၏ နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွား၏။ နွေးထွေးသော်ငြား သူ့ကို အင်မတန် ကြောက်လန့်စေသည့် အပြုံးပေါ်လာတော့သည်။

” ဟွမ်လျိုလီ အလုပ်စလိုက်တော့။ ဒီကောင်တွေကို နပ်စားပစ်မယ် ”

” ဟုတ်ကဲ့ ”
လင်းနံမြို့တွင် ကြယ်တာရာသားရဲတပ်ဖွဲ့များက ရောက်နေပြီဖြစ်၏။ သူတို့က မြို့လယ်၌ ဖောက်ခွဲပစ်ခဲ့လျှင် လင်းနံတစ်မြို့လုံးက ……ထဲ ချက်ချင်းပဲ ကျရောက်သွားနိုင်သည်။

” မြန်မြန် အလယ်က ကျင့်ကြံသူတွေအားလုံး နောက်ပြန်ဆုတ်ပြီး အပြင်ကနေ ဝိုင်းထားကြ။ ကြယ်တာရာသားရဲတွေကို ဖျက်ထွက်ခွင့် မပေးနိုင်ဘူး။ သူတို့တွေ ဒီနေရာကနေ ပျောက်သွားအောင် လုပ်ရမယ်။ လူသားတွေကို ထိခိုက်အောင် လုပ်ခွင့်မပေးနိုင်ဘူး ”

” ဒါ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကြယ်တာရာသားရဲတွေက များလွန်းတယ်။ ငါတို့ ထပ်မထိန်းထားနိုင်တော့ဘူး ”

” ဒီနေရာမှာ ချီရှန်းအဆင့် ကြယ်တာရာသားရဲတွေများတယ်။ မဟုတ်ဘူး။ တကယ်တော့ ချီရှန်းအဆင့် ကြယ်တာရာသားရဲတွေပဲ ”

” နောက်ဆုတ်ကြ နောက်ဆုတ် ”

လူသားမျိုးနွယ်စုက ကြောက်လန့်ကုန်၏။ မည်သူကမှ ထိုမျှ များပြားသည့် ကြယ်တာရာသားရဲများ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မထင်ထားပေ။ ကြယ်တာရာသားရဲအရေအတွက်က သိပ်သည်းလွန်းနေ၏။ သူတို့ တိုက်ခိုက်မှုများက များပြားလွန်းလေရာ တလက်လက် တောက်နေတော့သည်။ ခုနှစ်စင်ကြယ်၏ ဆက်တိုက်အားဖြည့်ပေးမှုအောက်၌ ကြယ်တာရာသားရဲများ၏ မျက်လုံးများ က အနီရောင် ပြောင်းလာလေ၏။ သူတို့က သွေးဆာလောင်နေသည့် သားရဲများနှင့် တူသည်။ အင်မတန် ဆာလောင်နေပုံ ပေါ်သည်။ အစက ဟို့ထျန်းနယ်ပယ် ပထမအဆင့်တွင် ရှိသည့် ကြယ်တာရာသားရဲများက ယခုဆို ဟို့ထျန်းတတိယအဆင့် စတုတ္ထအဆင့်ရှိနေပြီ ဖြစ်သည်။

ဟို့ထျန်းပဥ္စမအဆင့်တွင်ရှိသည့် ကြယ်တာရာသားရဲများက ယခုဆို သတ္တမအဆင့်အထက် ရှိသွား၏။

ကြယ်တာရာသားရဲက နှစ်သောင်းဝန်းကျင်သာ ရှိပြီး သူတို့အရေအတွက်က လူသားများထက် နည်းသော်ငြား သူတို့၏ ကျင့်ကြံဆင့်က သာမန်လူသားအဆင့်ထက် သာလွန်နေသည်။

ညတွင်းချင်း မြို့ပေါင်းများစွာ၌ လူသားများအပေါ် ကပ်ဘေးတစ်ခု ကျရောက်မည်ဆိုတာ ကြိုမြင်နိုင်၏။

သို့သော် ထိုစဥ် ဓါးအလင်းများက ကြယ်များ ကြွေကျသည့်ပမာ လင်းထိန်နေသည့် ဓါးအလင်းများက ကောင်းကင်ထက်ကနေ ရုတ်တရက် ကျလာလေသည်။

” အဲ့ဒါဘာတွေလဲ ”

အချို့သော လူသားစစ်သည်တော်များက ဓါးအလင်းကို ရှာတွေ့ပြီး ကြယ်တာရာသားရဲများကလည်း ဓါးအလင်းကို တွေ့သွားကြ၏။ ဓါးအလင်းက အင်မတန် မြန်ဆန်လွန်းလေရာ လျှပ်စီးပမာ မြန်ဆန်၏။ မျက်တောင်တစ်ခတ်အတွင်း ကြယ်တာရာသားရဲများ၏ ခေါင်းထက်ကို ရောက်လာသည်။ ကြယ်တာရာသားရဲ၏ အမြင်တွင် ယင်းက ကြီးသထက်ကြီးလာ၏။

ဖုန်း ဖုန်း ဖုန်း။
ချက်ချင်းပင် ဓါးအလင်းက နဂါးတစ်ကောင်ပမာ ဖြစ်လာပြီး အလင်းတိုင်တစ်ခု ဖွဲ့တည်ကာ ကောင်းကင်ထဲသို့ ရောက်သွားလျက် အထဲရှိ ကြယ်တာရာသားရဲများအားလုံးကို လွှမ်းခြုံလိုက်တော့သည်။ ပေါက်ကွဲသံနှင့် အော်သံများက ဆက်တိုက်ပေါ်ထွက်လာ၏။

မရေမတွက်နိုင်သော ကြယ်တာရာသားရဲများသည် သူတို့ခွန်အားကို ပြရန် အချိန်မရလိုက်ခင် မျက်တောင်တစ်ခတ်အတွင်း အလောင်းများဖြစ်ကုန်၏။

လှိုင်းများက ပြန့်ကားလာပြီး အဆောက်အဦးများကို အညှာအတာအရှိ ဖျက်ဆီးကာ နေရာအနှံ့ ဖုန်များ လွင့်စင်သွားသည်။

လူသားချီရှန်းက အော်လိုက်၏။
” နောက်ဆုတ်ကြ ”

” မြန်မြန် နောက်ဆုတ်ကြဟေ့။ အားလုံးပဲ နောက်ဆုတ်ကြ။ လူသားချီရှန်းတွေ အရံအတားတစ်ခု ရွတ်ဆိုပြီး လှိုင်းတွေကို ထုတ်ကြ ”

ကြယ်၇လုံးမတန်းခင် မဟာမိတ်က စစ်မြေပြင်ကနေ အင်အားစုတစ်စုကို ရုတ်သိမ်းပြီး သူတို့၏ ချီရှန်းစစ်ကူတစ်စုကို ပို့ခဲ့သည်။ ယခုအချိန်တွင် သူတို့ကို အသုံးပြုရန်အတွက် ပြီးပြည့်စုံသည့်အချိန်ပင် ဖြစ်သည်။

ချီရှန်းအချို့က သူတို့ကျင့်ကြံခြင်း နည်းစနစ်များကို အသုံးပြုလိုက်သည်။ သူတို့က လှိုင်း၏ လားရာကို အပြည့်အဝ မပြောင်းလဲနိုင်သော်ငြား အနည်းငယ်တော့ အားလျော့စေနိုင်သည်။ လှိုင်းက သူတို့ကို ထိသွားချိန်၌ ချီရှန်းများက နောက်ရောက်သွားသည်။ သူတို့သွေးအဆီအနစ်နှင့် အတွင်းအားများက လောင်မြိုက်ကုန်၏။

သို့သော် တိုက်ခိုက်မှုက မြေပြင်ပေါ်ရောက်သည့်အချိန်၌ မြေပြင်က ထိခိုက်မှုအများဆုံးကို ခံရ၏။ ထို့ကြောင် လှိုင်းက အတော်လေး အားလျော့သွားသည်။

ချီရှန်းများက ပေတစ်ရာခန့်တောင် နောက်ဆုတ်လိုက်ရပြီးနောက် ဖြည်းဖြည်းချင်း ရပ်တန့်လိုက်၏။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်လုံးထဲ၌ အကြောက်တရားများ မြင်နိုင်သည်။

သိပ်ကို ကြောက်ဖို့ကောင်းလိုက်တာ။

တိုက်ပွဲမှ လှိုင်းက ထိုအဆင့်ထိ ရောက်နေခဲ့လျှင် လှိုင်းပေါင်းများစွာ၏ ပမာဏများစွာက မြေပြင်က စုပ်ယူထားတာဖြစ်၏။ ချီရှန်းများကိုသာ တိုက်ရိုက်ထိမှန်သွားလျှင် သူတို့ ပြာဖြစ်သွားလောက်၏။

ဘယ်သူလဲ ဘယ်သူလဲ ဘယ်သူလဲ။ ဘဟ်သူက ဒီလို မဟာစွမ်းအင်ရှိနေရတာလဲ။

လှိုင်းများက ဆယ်စက္ကန့်ကျော် ကြာခဲ့၏။ ဓါးအလင်းရောင်ခြည်အချို့ ရပ်တန့်သွားပြီးနောက် နောက်ဆုံးတွင် ငြိမ်ကျသွားသည်။ သို့သော် မြေပြင်နှင့် အဆောက်အဦးများက အနည်းငယ် တုန်လှုပ်နေသေး၏။ ဖုန်မှုန့်များက ဆက်လက်ပြန့်ကားနေသည်။

လူသားချီရှန်းများက တံတွေးမြိုချပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။

” သွားကြရအောင် တစ်ချက်သွားကြည့်ရအောင် ”

လူတိုင်းက အမြန်အဆန် ရှေ့တိုးလိုက်ကြသည်။ သို့သော် တွင်းနက်ကြီးရှေ့သို့ ရောက်သည့်အချိန်၌ သူတို့က ထိတ်လန့်လွန်းလှရာ ဦးရေပြားများ ထုံကျင်ကုန်၏။ ကြက်သိီးများလည်း ထလာတော့သည်။

ပေထောင့်ငါးရာခန့်နက်သည့် တွင်းကြီးတစ်တွင်းက မြေပြင်ပေါ်၌ ရှိနေသည်။ ယင်းက ချောက်ကမ်းပါးနှင့် တူနေ၏။ တွင်းနက်ကြီးထဲ၌ ကြယ်တာရာသားရဲများ၏ သွေးများက အိုင်တစ်ခုအဖြစ် ဖွဲ့တည်သွားသည်။

ကြယ်တာရာသားရဲနှစ်သောင်းကျော်ရှိပြီး တချို့က ချီရှန်းများ ဖြစ်သည်။ အချို့ကဆို အံ့ဖွယ်ဂိုဏ်း ကြယ်တာရာသားရဲများတောင် ပါဝင်ပြီး ဆယ်နှစ်စက္ကန့်အတွင်း အပြည့်အဝ သုတ်သင်ရှင်းလင်းခံလိုက်ရသည်။

ယင်းက မယုံနိုင်စရာကောင်းလွန်းလှပေ၏။

” ဒါ ဘယ်သူ လုပ်သွားတာလဲ။ လင်းနန်မြို့ကို အံ့ဖွယ်ဂိုဏ်းတစ်ယောက် ဆင်းသက်လာတာများလား ”

” ငါ မသိဘူး။ ဒါပေမဲ့ သူ ဘယ်သူပဲဖြစ်ဖြစ် သူက လင်းနန်မြို့ရဲ့ ကျေးဇူးရှင်ပဲ ”

ကြယ်တာရာသားရဲနှစ်သောင်းကျော်က ခုနှစ်စင်ကြယ်၏ အားဖြည့်မှုအောက်တွင် ပိုတောင်သန်မာလာသည်။ တစ်ဖက်သူက မလှုပ်ရှားခဲ့လျှင် ယနေ့ လင်းနန်မြို့၌ လူသား မည်မျှများစွာ သေမည်ဆိုတာ မပြောနိုင်ပေ။ သို့သော် ကပ်ဘေးတွင် ရှင်သန်ခဲ့သည့်အတွက် သူတို့ ဝမ်းသာနေတာက ဝမ်းသာနေခြင်း။ လတ်လတ်ဆတ်ဆတ် သွေးများက မြေပြင်ထဲသို့ ဖြည်းဖြည်းချင်း စီးဆင်းသွားပြီး မြို့အောက်ရောက်သွားတာကိုမတွေ့ခဲ့ကြပေ။

အပိုင်း ၁၂၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset