Switch Mode

Chapter – 127

မြေကမ္ဘာခွင်း ကောင်းကင် ကြယ် အစီအရင်

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၂၇ မြေကမ္ဘာခွင်း ကောင်းကင်ကြယ်အစီအရင်။

” သိပ်ဆူတာပဲကွာ ”

ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်၏။ ချောက်ကမ်းပါး၏ ထိပ်ကနေ ဓါးရောင်ခြည်နှစ်ခုက ပိုင်းဖြတ်ချလိုက်၏။ ချက်ချင်းပင် ကြယ်တာရာသားရဲအကောင်ရေ တစ်သောင်းကျော်ကို သတ်ပစ်လိုက်သည်။

တစ်ချိန်တည်းတွင် ပေါက်ကွဲမှု၏ သက်ရောက်မှုကလည်း ကျန်သည့် ကြယ်တာရာသားရဲများ၏ ကလီစာများကို ထိသွားစေ၏။ သူတို့ခန္ဓာကိုယ်များ နောက်သို့ လွင့်ထွက်သွားပြီး ကျောက်နရံနှင့် တိုက်မိလျှင်တိုက်မိ မတိုက်မိလျှင် တစ်ယောက်နှင့်တစ်ယောက် ဝင်တိုးမိတော့၏။

ကြယ်တာရာသားရဲတစ်ထောင်ကျော်က မင်သက်နေရာမှ ထိတ်လန့်ပြီး သေကုန်လေ၏။

ထိုအရာကို မြင်သောအခါ သူတော်စင်တမန်တော်က တုန်ယင်နေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးများအားလုံး ထောင်ထကုန်လေ၏။

ယဲ့ရှောင်၏ အကြည့်နောက်လိုက်သည့် သူ့ကို စိုက်ကြည့်နေလိုက်ရာ သူ ယခုအခေါက် လွတ်မြောက်နိုင်မှာ မဟုတ်မှန်း သိနေသည်။

အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် သူ၏ ကံကြမ္မာကို လက်ခံလိုက်သည့်ပမာ ပြောလိုက်တော့သည်။

” ဒီကျန်းဟိုင်မြို့မှာ မင်းလိုမျိုး အစွမ်းထက်တဲ့ လူသားသိုင်းပညာရှင်တစ်ယောက် ပေါ်ထွက်လာ
လိမ့်မယ်လို့ မထင်ထားဘူး။ ငါ ရှုံးတာ ဝန်ခံ
တယ် ”

သူ သတ္တိကြောင်သောကြောင့် မဟုတ်တာ သေချာ၏။

ပုရွက်ဆိတ်များသည် ရှင်သန်ရန်အတွက် သူတို့အသက်ကို စွန့်စားနိုင်သော်ငြား သူတို့ သေရမည့် ကံပါပြီးသားမှန်း သိနေ၏။ ခုခံရန် မည်မျှ ကြိုးစားစေကာမူ အချည်းနှီးသာ ဖြစ်ပေမည်။

ယဲ့ရှောင်က မပြောပေ။

တစ်ဖက်သူက ကြယ်တာရာသားရဲတစ်ကောင်သာ ဖြစ်၏။ ယခုအချိန်တွင် လူအသွင်သဏ္ဍန် ပြောင်းလဲနိုင်လျှင်တောင် ယဲ့ရှောင်၏ အမြင်တွင် သူတို့က တိရစ္ဆာန်တစ်ကောင် ဖြစ်နေသေး၏။

သူ့ကို သတ်လိုက်ရုံပဲ။

သို့သော် သူ့ကို မသတ်ခင် မှတ်ဉာဏ်များကို ရှာဖွေပြီး ကြယ်တာရာသားရဲအဖွဲ့အစည်းကပါဆိုတာ ရှာရန် လိုအပ်နေ၏။

ကြယ်တာရာသားရဲအဖွဲ့အစည်းသည် လူသားများကို စားသောက်ပြီး လူသားမြို့များကို သိမ်းပိုက်ရန်အတွက် ထိုမျှ ဒုက္ခခံလိမ့်မည်ဆိုတာ သူ မယုံကြည်ပေ။ ယင်းက ဦးနှောက်မဲ့ရာ ရောက်လွန်းနေသည်။ သို့သော် သူက တစ်ချက်မှ မလှုပ်ရှားရသေးခင် တစ်ဖက်သူက ထပ်ပြောလိုက်သည်။

” ဒါပေမဲ့ ဒီနေ့ မင်းရဲ့ လက်ထဲမှာ ငါက သေဖို့ ကံပါပြီးသားဆိုပေမဲ့ ဒီနေရာမှာ မင်းအတွက် ထောင်ချောက်တစ်ခုလည်း ပြင်ထားတယ် ”

” လူသားမျိုးနွယ်စုမှာ မင်းလိုမျိုး သိုင်းပညာရှင်တစ်ယောက်ရဲ့ ကာကွယ်မှု မရှိတော့ဘူးဆိုရင် ခုနှစ်စင်ကြယ်ကြောင့် အားမြင့်တင်ပေးခြင်း ခံထားရတဲ့ ကြယ်တာရာသားရဲတွေကို ခုခံဖို့ ခက်ခဲသွားလောက်မှာ။ နာရီအနည်းငယ်က လူသားမျိုးနွယ်စုထဲမှာ မြို့တချို့က လူသားမျိုးနွယ်စု တစ်သန်းလောက် သေဆုံးဖို့ လုံလောက်တယ် ”

သူပြောပြီးသည်နှင့် တစ်ဖက်သူက လက်နှစ်ဖက်ဖြင့် သင်္ကေတတစ်ခုကို ဖွဲ့တည်လိုက်သည်။ ကံဆိုးသည်မှာ သူ၏ လှုပ်ရှားမှုများက မြန်ဆန်သည့်တိုင် ယဲ့ရှောင်၏ အရှိန်က ပိုတောင် မြန်ဆန်နေ၏။

ဖျတ်။

ယဲ့ရှောင်၏ မျက်လုံးက အနည်းငယ် လှုပ်ရှားသွားပြီး ရောင်ခြည်တန်းနှစ်ခုက ဖျတ်ခနဲ ပေါ်လာကာ သူ့လက်ကို တန်းဖြတ်လိုက် ၏။

” မြန်လိုက်တာ ”

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က ထုတ်ဖော်ပြောလိုက်သော်ငြား မျက်တောင်တစ်ခတ်အတွင်း သူက ထပ်ပြုံးလိုက်ပြန်၏။

” ဒါပေမဲ့ ဒါ အသုံးမဝင်ဘူး။ ကြယ်တာရာသားရဲတွေက ကျင့်ကြံခြင်း နည်းစနစ်တွေ အသုံးပြုတဲ့အချိန် လူသားတွေနဲ့ မတူဘူး။ သူတို့ကို တိုက်ရိုက် ညွှန်ကြားဖို့အတွက် သွေးမျိုးဆက်ကို သုံးနိုင်တယ်။ လူသားတွေလိုမျိုး သင်္ကေတဖွဲ့တည်ဖို့ မလိုသလို ကျင့်ကြံခြင်း နည်းစနစ်နှင့် လှည့်ပတ်ဖို့လည်း မလိုအပ်ဘူး ”

” ငါ့တုန်းက လက်သင်္ကေတ ဖွဲ့တည်တယ်ဆိုပေမဲ့ တကယ်တော့ အစီအရင်က ငါလှုပ်ရှားဖို့ ရည်ရွယ်တဲ့အချိန်တည်းက အသက်ဝင်ပြီးသား ”

ထင်သည့်အတိုင်းပင် အဖြူနှင့် အနက်အစီအရင်တစ်ခုက ရုတ်တရက် ပေါ်လာပြီး ယဲ့ရှောင်ကို အတွင်း၌ လွှမ်းခြုံသွားတော့သည်။

အစီအရင်အသက်ဝင်လာသည်နှင့် ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က ချက်ချင်း အော်လိုက်လေ၏။

” ကြယ်တာရာသားရဲအပေါင်းတို့ မင်းတို့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ပြီးတော့ မင်းတို့ သွေးအဆီအနစ်ထဲ ကြယ်အမြုတေကို အစီအရင်နဲ့ ရောလိုက် ”

ပြောပြီးသည်နှင့် မရေမတွက်နိုင်သော ကြယ်တာရာသားရဲက တွေဝေအနေပဲ ကိုယ်တိုင် ဖောက်ခွဲကြကုန်၏။

ကြယ်တာရာသားရဲများကြား တညီတညွှတ်ကြီးမှုက ယခုအချိန်တွင် ကွင်ကွက်ကွင်းကွင်း မြင်လိုက်ရသည်။

သူတို့ လတ်လတ်ဆတ်ဆတ် သွေးများနှင့်ကြယ်တာရာ အမြုတေများသည် အစီအရင် အခင်းအကျင်းထဲ ဝင်ရောက်သွားပြီးနောက် အစီအရင်၏ ခွန်အားကို မြင့်တင်ပေးနေသည်။

ထိုကြယ်တာရာသားရဲများ၏ ခွန်အားအစစ်အမှန်က မသန်မာသော်ငြား သူတို့ ပေါင်းစည်းလိုက်သည့်အချိန်တွင် အစီအရင်အခင်းအကျင်း၏ တပန်းသာသည့် အရေအတွက်ကို ကြောက်ခမန်းလိလိ တိုးသွားစေ၏။

” တော်ဝင်အစီအရင် ”

ယဲ့ရှောင်က အနည်းငယ် မင်သက်သွားသည်။

ကောင်းကင်ဖန်တီးခြင်းအစီအရင်ကို ကျင့်ကြံပြီးခါစဖြစ်သောကြောင့် သူသည် တစ်ချက်ကြည့်ရုံဖြင့် ကြယ်တာရာအစီအရင်၏ အဆင့်ကို မြင်နိုင်သည်။

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က ပြုံးပြီးနောက် သူ၏ မျက်လုံးထဲ၌ ဂုဏ်ယူဝင့်ရိပ် တစ်စွန်းတစ်စ ပေါ်လာသည်။

” မဆိုးဘူး။ မင်းက အမြင်ကောင်းရှိတာပဲ။ တစ်ချက်ကြည့်ရုံနဲ့ ဒါက တော်ဝင်အစီအရင်ဆိုတာ မြင်နိုင်တယ်။ ဒါက မြေကမ္ဘာခွင်း ကောင်းကင် ခုနှစ်စင်ကြယ်အစီအရင်ပဲ။ ဒါက ငါတို့ လိပ်နက်မျိုးနွယ်စုရဲ့ မွေးရာပါ သွေးမျိုးဆက်ကနေလာတဲ့ တော်ဝင်အစီအရင်တစ်ခုပဲ ”

” အင်မတန် သန်မာတဲ့ ခုခံခြင်း စွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ အပြင်ကာပဲဖြစ်ဖြစ် အတွင်းကာပဲဖြစ်ဖြစ် အလွယ်တကူ ဖောက်လို့ မရဘူး ”

” အပြင်ကအတွက်ဆို တော်ဝင်ခုခံခြင်းအစီအရင် အခင်းအကျင်းပဲ။ အထဲအတွက်ဆိုရင် တော်ဝင်အဆင့်အကျဥ်းချခြင်း အစီအရင် အခင်းအကျင်းပဲ။ မင်း ဘယ်လောက်ပဲ သန်မာသန်မာ အချိန်တိုအတွင်းမှာ ဒီအစီအရင်ကနေ ဖောက်ထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ”

ထိုသို့ပြောပြီးနောက် သူသည် အစက ယဲ့ရှောင် အနည်းငယ် ထိတ်လန့်သွားပြီး လေးနက်တည်ကြည်သွားလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ယဲ့ရှောင်က အနည်းငယ် စိတ်လှုပ်ရှားပုံပေါ်လာလေ၏။

တော်ဝင်အဆင့် အစီအရင်က ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က မျက်မှောင် အနည်းငယ် ကျုံ့ပြီး ဇဝေဇဝါ ဖြစ်သွား၏။

ဒီလူ ရူးနေတာလား ။

သူက တော်ဝင်အစီအရင်တစ်ခုဆိုတာ မသိတာများ ဖြစ်နိုင်မလား။ သူက အံ့ဖွယ်ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းဆိုရင်တောင် တော်ဝင်အစီအရင်ထဲမှာလည်း ချုပ်နှောင်ခံရနိုင်သေးတာပဲလေ။

သူ့ကို နာရီအနည်းငယ် ချုပ်နှောင်ထားခြင်းက လူသားမျိုးနွယ်စုဘက်ခြမ်းမှာ သေကျေပျက်စီးမှုတွေဖြစ်စေဖို့ လုံလောက်နေတာပဲ။

သို့သော် အမှန်တွင်မူ ယဲ့ရှောင်က ထိုအကြောင်းကို စိုးရိမ်ပူပန်နေတာ မဟုတ်ကြောင်း သူ မသိပေ။ ယဲ့ရှောင်က ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု ရှိနေသောကြောင့် ဖြစ်သည်။ သူတို့၏ ဝိညာဥ်စွမ်းအင်ကို ခွဲခြမ်းစိတ်ဖြာပြီး အစီအရင်အခင်းအကျင်းကို လေ့လာနိုင်၏။ ဤနည်းဖြင့် အစီအရင်ကို အလွယ်တကူ ဖြိုခွဲနိုင်သည်။

ထို့အပြင် ဤနည်းဖြင့် သူက တော်ဝင်အဆင့် မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ် အစီအရင်ကိုလည်း သင်ယူနိုင်မှာပဲ ဖြစ်သည်။

ကောင်းကင်ဖန်တီးခြင်း အစီအရင်သည် အဓိကအားဖြင့် တိုက်ခိုက်ခြင်းနှင့် ထင်ယောင်ထင်မှား အာနိသင်ကို အားပြု၏။

ထိုတော်ဝင်အစီအရင်က ကောင်းကင်ဖန်တီးခြင်း အစီအရင်၏ ခုခံမှု အစီအရင် ချို့တဲ့ခြင်းအတွက် ဖာထေးပေးနိုင်သည်။ ပုံစံနှစ်မျိုးက ကွဲပြားတာဖြစ်နိုင်ပြီး အတူတကွ ပေါင်းစည်း၍တောင် ရနိုင်သည်။

ယင်းက ပျော်ရွှင်ဖွယ်ကောင်းသည့် အံ့သြစရာပေ။ သူ မည်ကဲ့သို့ မပျော်ရွှင်မှန်းနေမည်နည်း။ အစက ကျန်သည့်သူများ၏ မှတ်ဉာဏ်ကို ရှာဖွေချင်ခဲ့၏။ ယခုမူ အစီအရင်အတွက် သူက ကျန်သည့်သူများ၏ မှတ်ဉာဏ်ကို ပိုတောင် ရှာဖွေရတော့မည် ဖြစ်သည်။

စကားများ ပြောမနေတော့ပေ။ သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသက်သွင်းလိုက်သည်။ သူ၏ ကြမ်းတမ်းသော ဝိညာဥ်စွမ်းအင်က အပြည့်အဝ ပေါ်ထွက်လာ၏။ မတားမြစ်နိုင်သော အရှိန်အဟုန်ဖြင့် ၄င်းက တစ်ဖက်သူ၏ စိတ်ဆီသို့ လွှမ်းခြုံပြီး ဖောက်ဝင်သွားသည်။

” ဒီတော်ဝင်အစီအရင်က ငါ့ဟာပဲ ”

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်၏ သူငယ်အိမ်တို့က ရုတ်တရက် ကျုံ့သွားသည်။ သူက အံ့သြဆွံ့အသွား၏။

” မင်းက ငါ့မှတ်ဉာဏ်တွေကို ရှာဖွေနေတယ်ပေါ့။ တကယ်ကြီး ဝိညာဥ်နည်းစနစ်ကို ကျင့်ကြံထားတာလား။ မဟုတ်ဘူး ”

ဒါ ဘယ်လိုဟာသမျိုးလဲ။ ဓါးသိုင်းနှင့် ဓါးမော့သိုင်းကို ပြီးပြည့်စုံအောင် ကျွမ်းကျင်နိုင်တယ်။ မယုံနိုင်စရာကောင်းတဲ့ သိုင်းပညာရှင်က ဝိညာဥ်စွမ်းအင်ကိုလည်း ကျင့်ကြံထားတယ်တဲ့လား။ ပြီးတော့ ဒီလောက်ကောင်းအောင် ကျင့်ထားတာလေ။ သူက လူတောင်ဟုတ်သေးရဲ့လား။ လူက မကောင်းဆိုးဝါးတစ်ကောင်ပဲ ဖြစ်ရမယ်။

” သေစမ်း ”
အနည်းငယ်လေးတောင် နှေးကွေးမနေရဲပဲ ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က ချက်ချင်းပင် သူ၏ ဝိညာဥ်ခန္ဓာကိုယ် ဖောက်ခွဲပစ်ချင်လာသည်။ ယင်းကို နှောင့်နှေး၍ မရတော့ပေ။

ထိုလူသားက သန်မာလွန်းနေ၏။ ထို့ကြောင့် ကြယ်တာရာသားရဲ၏ အမွေးများတောင် ထောင်ထကုန်သည်။

ကိုယ်တိုင်မဖောက်ခွဲလျှင် သူက မှတ်ဉာဏ်များကို ရသွားမှာ သေချာသည်။

မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ်အစီအရင်ဖြစ်စေ ကြယ်တာရာသားရဲများနှင့် သက်ဆိုင်သည့် ဗျူဟာကြား ကြယ်မှတ်ဉာဏ်များဖြစ်စေ နှစ်ခုလုံးက သူ့လက်ထဲ သေချာပေါက် ကျရောက်၍ မရပေ။

ယဲ့ရှောင်သည် မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ်အစီအရင်ကို လိုချင်နေခြင်းက သူ့အတွက် သူ ကျင့်ကြံချင်သောကြောင့် ဖြစ်မည်ဟုတောင် သံသယဝင်မိ၏။

ထိုလူကို ပေး၍မရပေ။ ထိုလူသား၏ အကောက်ကြံမှုက သူ မှန်းဆထားသည်ထက် ကျော်လွန်၏။ မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ် အစီအရင်ကို သူသင်ယူခဲ့လျှင် ကြယ်တာရာသားရဲများက နောင်တွင် သူ့ကို ဖြေရှင်းရနိုင် ပိုခက်ခဲသွားမှာပဲ ဖြစ်သည်။

သို့သော် ထိုအတွေးထုတ်ဖော်လိုက်စဥ် သူ၏ ခန္ဓာကိုယ် မလှုပ်ရှားနိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွား၏။

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က ထိတ်လန့်ကာ ဆွံ့အသွားတော့သည်။

အလံတိုင်တွင် ချည်နှောင်ခံထားရသော ဟွမ်လျိုလီက ကျယ်လောင်စွာ ရယ်မောလိုက်၏။

” အရူး … ငါ့ရဲ့ သခင်က ပြိုင်ဘက်ကင်းတယ်။ သူ့ရှေ့မှာ နင့်ကိုနင် ဖျက်ဆီးချင်သေးတယ်လား။ နင်ဘာသောက်အတွေးတွေ တွေးနေတာတုန်း ”

” နင့်ရဲ့ ဝိညာဥ်ကို သူ့ရဲ့ ဝိညာဥ်စွမ်းအင်က ဖိနှိပ့်ထားပြီးသား ”

ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က စိတ်ပျက်အားငယ်သွား၏။

ဒီအကောက်ကြံတဲ့သူ။

သူ ဘယ်လိုတိုက်ခိုက်ရတော့မလဲ။

သူ အသက်လည်းမရှင်နိုင်၊ သေ၍လည်းမရ။ ယဲ့ရှောင်က ၄င်းထိတ်လန့်နေသည်ဖြစ်စေ၊ မထိတ်လန့်သည်ဖြစ်စေ ဂရုမစိုက်ပေ။ မှတ်ဉာဏ်များကို အတင်း ရှာဖွေလိုက်၏။

တစ်ဖက်သူက ရှန်းထျန်းပဥ္စမအဆင့်သာ ရှိသေးစဥ် သူက ရှန်းထျန်းဆဌမအဆင့်တွင် ရှိနေ၏။ အဆင့်တူများကြားထဲ၌ သူက ပြိုင်ဘက်ကင်းသည့် ပိုမြင့်သည့်အဆင့်ကိုတောင် တိုက်ခိုက်နိုင်၏။ တစ်ဖက်သူ၏ ကျင့်ကြံဆင့်က သူ့အောက်တစ်ဆင့်လျော့နေသည့်အချိန်၌ ထိုလူကို သူအလွယ်တကူ ဖိချေနိုင်သည်။ ရှေးဦးစွာ မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ်အစီအရင် ဖြစ်သည်။ ယဲ့ရှောင်က ထိုအစီအရင်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိပြီးသား ဖြစ်သည်။ ကြယ်တာရာသားရဲ သွေးအဆီအနစ်နှင့် ကြယ်အမြုတေပမာဏများစွာကို စုပ်ယူပြီးနောက် ၄င်းသည် ကုသဖို့ ခံနိုင်ရည်ရှိမှာ သေချာ၏။

ထိုကဲ့သို့ ကောင်းမွန်သည့် တော်ဝင်အစီအရင်ကို အရင်ဦးစွာ ဖမ်းဆုပ်ထားရမည်။ သူ၏ ဝိညာဥ်စွမ်းအင်ဖြင့် ၄င်းကို စစ်ဆေးပေးလိုက်သည်နှင့် ၄င်းက စာအုပ်တစ်အုပ်ကို ဖတ်နေသည့်ပမာ ၄င်းကို ဝိညာဥ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူက အံ့ဖွယ်ဝိညာဥ်ဖြင့် တိုက်ရိုက်မှတ်တမ်းတင်ထားပြီး စတင်ကျင့်ကြံတော့သည်။ ပြီးနောက် ကြယ်တာရာသားရဲ၏ ဗျူဟာကို ကြည့်လိုက်တော့သည်။

ဝိညာဥ်စွမ်းအင်က အတွင်းထဲ ပိုဝင်သွားသည်နှင့် အမည်မသိသမိုင်းကြောင်းက ယဲ့ရှောင်ရှေ့၌ ပေါ်လာသည်။

လွန်ခဲ့သည့် အနှစ် ၅၀ကျော်၌ ကြယ်တာရာသားရဲအဖွဲ့အစည်းက သင်္ကေစနစ်ဖြင့် မှတ်သားထားသည့် ရှေ့ပြေးဓာတ်တစ်ခုရှိ၏။

လူသားများ၏ သင်ယူနိုင်သည့်စွမ်းရည်က ကြယ်တာရာသားရဲများကို သာလွန်၏ ။ သူတို့၏ ကြီးပြင်းသော အရှိန်ကလည်း ထိုကြယ်တာရာသားရဲများထက် သာသည်။

သာမန်ကြယ်တာရာသားရဲများ၏ ပုံမှန်ကြီးပြင်းသည့် အရှိန်က နှစ်တစ်ရာကို ကျော်လွန်နေရာ နှစ်တစ်ရာထက်တောင် ကျော်နိုင်ချေရှိသည်။ကြယ်တာရာသားရဲ၏ အသန့်အသတ်က ရှန်းထျန်းအလွန်ဆုံး ပထမအဆင့်တွင် ရှိသည်။

ထိုကဲ့သို့ နဂါးအမျိုးအစား သွေးမျိုးဆက်ရှိသည့် အဆင့်မြင့် ကြယ်တာရာသားရဲတစ်ကောင်သည် အံ့ဖွယ်ချီရှန်းတစ်ဦးဖြစ်လာရန်အတွက် နှစ်တစ်ထောင်ကျော်ခန့် အချိန်လိုအပ်သည်။

သို့သော် လူသားများသည် အံ့ဖွယ်ချီရှန်းတစ်ဦး ဖြစ်လာရန် ပျမ်းမျှ ၇၀ ၈၀အရွယ်သာ လိုအပ်သည်။

လူသားများကို ထိန်းချုပ်ရန် ကြယ်တာရာသားရဲအတွက် မည်မျှခက်ခဲကြောင်း မှန်းဆနိုင်၏။

သို့သော် ကြယ်တာရာသားရဲများ၏ မျိုးပွားသည့်နှုန်းက လူသားများထက် ပိုသာသည်။

ထိုအချက်ကို အသုံးပြုပြီး ကြယ်တာရာသားရဲအဖွဲ့အစည်းက ရှေ့ပြေးဓာတ်ကို စီစဥ်ခဲ့၏။ ထိုအစီအစဥ်က လူသား၏ အောင်မြင်မှုကို နှစ်ပိုင်းခွဲမှာပဲဖြစ်ကာ အခြေအနေနှစ်ဆင့်ထိ ပိုင်းထုတ်လိုက်မည်။

ပထမအဆင့်က ထိုဂြိုလ်ပေါ်၌ ကြယ်တာရာသားရဲတစ်စုကို ထားမှာဖြစ်သည်။

လွန်ခဲ့သည့် အနှစ်၅၀ကျော် ကြယ်တာရာသားရဲကပ်ဘေး၌ ကြယ်တာရာသားရဲများသည် မြေကမ္ဘာအပေါ်၌ သူတို့၏ အဖွဲ့ဝင်များစွာကို ဝှက်ထားနိုင်ခဲ့ပြီး ကြယ်၇လုံးတန်းမည့်နေ့ကို စောင့်ကာ လူသားမျိုးနွယ်စုကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် ပြုလုပ်ချင်ခဲ့သည်။

ထို့ကြောင့် ကြယ်၇လုံးတန်းပြီးနောက် ကြယ်တာရာသားရဲကပ်ဘေးဖြစ်ပေါ်ရန် သိပ်မကြာတော့တာပဲ ဖြစ်သည်။ ဒုတိယအဆင့်ကို ကြယ်တာရာသားရဲများက စီစဥ်ထားတာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်စု၏ အဆုံးသတ်လည်း ဖြစ်ပေ၏။

လူသားမျိုးနွယ်စုသည် ကြယ်၇လုံးတန်းသည့်နေ့ကို သူတို့ အလုံးစုံ ခွန်အားက သက်ရောက်မှု ပမာဏတစ်ခုကို ခံစားရ၏။ ထိုအချိန်တွင် ကြယ်တာရာသားရဲများက တိုက်ခိုက်မှုကြီးများ ဖော်ဆောင်တော့မည်။ သားရဲကပ်ဘေးတစ်ခုထက် အဆများစွာ ပိုအစွမ်းထက်၏။

ထို့အပြင် ယဲ့ရှောင်ရှာဖွေထားသော မှတ်ဉာဏ်များအရ ထိုကြယ်တာရာကပ်ဘေးက ယခင်သားရဲကပ်ဘေးထက် ပိုအစွမ်းထက်လောက်သည်။

ထို့ကြောင့် ယခုအချိန်တွင် ကျန်းဟိုင်မြို့နှင့် ပတ်ဝန်းကျင်မြို့များသာမက ဤလောကထဲရှိ မြို့များအားလုံးက ကြယ်၇လုံးတန်းခြင်းကြောင့် ဆောင်ယူလာသည့် ပြောင်းလဲမှုကို ခံနေရသည်။

ထို့အပြင် နောက်ထပ် ပြင်းထန်သည့် ကိစ္စလည်း ရှိသေး၏။ ယင်းက စီရင်စု၉ခုအကြောင်း ဖြစ်သည်။

စီရင်စု၉ခုက ကြယ်တာရာသားရဲများကို ရင်ဆိုင်တိုက်ခိုက်ရာ၌ အရှည်ကြာဆုံး သမိုင်းကြောင်းရှိသည်။ ထို့ကြောင့် သူတို့၌ ကျင့်ကြံခြင်း နည်းစနစ်အများဆုံး၊ အကြွယ်အဝဆုံးသော အရင်းအမြစ်များရှိပြီး အသန်မာဆုံးလည်း ဖြစ်သည်။
ထို့ကြောင့် လွန်ခဲ့သည့် အနှစ် ၂၀၀၌ ကျန်သည့်နိုင်ငံများ၏ ခေါင်းဆောင်များက သားရဲကပ်ဘေးကို မခံနိုင်တော့သည့်အချိန်၌ စီရင်စု ၉ခုဆီသို့ ကြယ်တာရာသားရဲများကို တမင်တကာ မောင်းသွင်းခဲ့၏။

ရလဒ်အနေဖြင့် စီရင်စု၉ခုက လတ်တလောသားရဲကပ်ဘေးအတွင်း ကျန်သည့်ဒေသများထက် သက်ရောက်မှုကြီး ခံစားရသည်။

အကြိမ်တိုင်း၌ စီရင်စု၉ခု၏ စစ်သည်တော်အရေအတွက်က တစ်စုံတစ်ယောက်က ရက်ရက်စက်စက် ချုပ်ကိုင်ထားသည့်ပမာ ယဲ့ရှောင်၏ ရင်ထဲ ခံစားချက်ကို ဆုံးရှုံးစေ၏။

ထိုအကြောင်းအရင်းကြောင့် ကြေးစီရင်စုရှိ အသက် ၂၀ ဝန်းကျင်ရှိ ဓါးသိုင်းပါရမီရှင်များကို ဖျောင်ကျန့်ရှန်က အနိုင်ယူနိုင်ခဲ့တာပဲ ဖြစ်သည်။ စီရင်စု ၉ခုသည် အစွမ်းထက်သည့် စစ်သည်တော်များစွာ စတေးခဲ့ရပြီး တန်ဖိုးရှိအရင်းအမြစ်များစွာ ဖြတ်တောက်ခံထားရသောကြောင့် ဖြစ်၏။ လူငယ်မျိုးဆက်၏ ပါရမီရှင်များစွာက သူတို့မိသားစု၏ ဓါးသိုင်းများကိုသာ မော့ကြည့်နိုင်ပြီးနည်းနည်းချင်း စမ်းတဝါးဝါးသာ သင်ယူနိုင်၏။

သို့သော် ဖျောင်ကျန့်ရှန်ကို အံ့ဖွယ်ချီရှန်းတစ်ဦးက ကိုယ်တိုင်လမ်းညွန်ပေးနေတာ ဖြစ်၏။ သူတို့ကြားရှိ ကွာဟချက်က မနှိုင်းယှဥ်နိုင်ပေ။

စီရင်စု၉ခုကို ဖာထေးနိုင်ရန်အတွက် စီရင်စု၉ခု မဟာမိတ်အထက်အရာရှိများကလည်း အင်မတန် လျှို့ဝှက်သော အစီအစဥ်တစ်ခုကို ချမှတ်ထားသည်။

အပိုင်း ၁၂၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset