Switch Mode

Chapter – 15

အစီအရင်အတွင်းမှ စတုတ္ထမြောက် လူ

အပိုင်း(၁၅) အစီအရင်အတွင်းမှ စတုတ္ထမြောက် လူ

“ ပွဲပြီးပြီ”

စုရှောင်ရှန်၏ ပထမနိုင်ပွဲကို ကြီးကြပ်သူ ကြေငြာလိုက်သည်။ သူကြေငြာပြီးသည်နှင့် ချက်ခြင်း စုရှောင်ရှန် သူ၏ ပြိုင်ကွင်းမှ တိရှင်းအယ်ထက်ပင် အလျှင်အမြန် ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။

ကြီးကြပ်သူ ကြောင်သွားပြီး “နေဦး။ မင်းဘယ်သွားမလို့လဲ” ဟုမေးလိုက်သည်။

“အယ်”

စုရှောင်ရှန် လန့်ဖြန့်သွားသည်။ ထို့နောက် နောက်သို့လှည့်လိုက်ပြီး “ကျုပ်အနားသွားယူမလို့လေ။ ပွဲပြီးတိုင်း ပြိုင်ပွဲ၀င်တွေ အနားယူဖို့ အချိန် နာရီဝက်ရတယ် မဟုတ်ဘူးလား”

အလှည့်ကျ ထုတ်ပယ်ပွဲ့သို့ စုရှောင်ရှန် ယခုမှ ရောက်ဖူးခြင်းဖြစ်သည်။ သို့သော် ယခင်(၂) နှစ် လုံး စင်ပေါ်မှ ထိုင်၍ကြည့်ခဲ့ဖူးသည့် အတွေ့အကြုံရှိသည်။ သို့ကြောင့် ပြိုင်ပွဲစည်းမျဉ်းများနှင့် ရင်နှီးပေသည်။

ကြီးကြပ်သူလည်း သူပြောနေတာဟုတ်သည့်အတွက် ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူကြီးကြပ်ဖူးသည့် ပြိုင်ပွဲများအတွင်း ဤသို့ ကိုင်တွယ်ရန် ခက်ခဲသည့် ပ်ြုင်ပွဲ၀င်ကို သူမတွေ့ဖူးပါချေ။

အခြားပြိုင်ပွဲ၀င်များ တိုက်ပွဲများပြီးသော် ပြိုင်ကွင်းအတွင်း၌သာ ထိုင်၍နားကြသော်လည်းကောင်း၊ နောက်ပြိုင်ဘက်အား တိုက်ခိုက်ရန် အချက်ပြကြသော်လည်းကောင်း ပြုလုပ်ကြ၏။ ဤသို့ ပြိုင်ပွဲပြီးသည်နှင့် တစ်ပြိုင်နက် ထပြေးသည့် ပြိုင်ပွဲ၀င်မျိုး မတွေ့ဖူးပါချေ။

ထူးထူးဆန်းဆန်း ဤကောင်လေး ယခုမှ ပုံမှန် ပြုမူ၍ ပုံမှန် ပြိုင်ပွဲ၀င်သည်ကို မြင်ရသည်။ သို့သော် ပြိုင်ပွဲပြီးသည်နှင့် သူ့မျက်နှာဖုံးကို ချက်ချင်း ခွာချလိုက်၏။

“ဘာလို့အပြင်ထွက်သွားချင်နေတာလဲ။ ဒီမှာဘဲနားလို့မရဘူးလား”

“ဘာလို့ နားရမှာ။ ဒီမှာပူပါတယ်ဆို အစီအရင်ကြီးနဲ့ လာအုပ်ထားတော့ မွန်းကြပ်ပြီ‌ ပေါ့။ ပြီးတော့ ဒီမှာ ဘယ်သူမှလည်းရှိတာမဟုတ်ဘူး။ ခင်ဗျားနဲ့ကျုပ်ပဲရှိတာ။ ဘယ်သူက အပြင်မထွက်ဘဲနေချင်မှာလဲ”

စုရှောင်ရှန် သူပြောလိုက်သည့်စကားများ သဘာ၀ကျသည်ဟု ခံစားလိုက်ရသည်။ သို့သော် ကြီးကြပ်သူအား ပြန်ခံပြောပြီးသည့်နောက် လစ်လျူရှူ၍ မကောင်းသဖြင့် တစ်ချက်ကြည့်ပြီး “ခင်ဗျားအထီးကျန်နေမှာစိုးရင်လည်း အတူတူ သွားကြမယ်လေ” ဟု ပြောလိုက်သည်။

‘ငါ‌ ပြောတာ ဘယ်လို အဲ့ဒီဘက် ရောက်သွားတာလဲဟ’ ဒိုင်လူကြီး ကျိန်ဆဲလိုက်၏။

လေထဲ၌ ရပ်ကြည့်နေသော ရှောင်ချိစွေ၏ မျက်နှာထက်၌ အပြုံးတစ်ခုရှိနေသည်။ စုရှောင်ရှန်းအား သူစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

ပို၍ တိတိကျကျပြောရလျှင် စုရှောင်ရှန်ကို သူစောင့်ကြည့်ရခြင်းအကြောင်းအရင်းမှာ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့်တစ်ခုတည်းမဟုတ်ဘဲ စုရှောင်ရှန်၏ ဓားနည်းစနစ်ကြောင့်လည်း ပါသည်။

အခြားသူများ စုရှောင်ရှန်၏ အရှက်မရှိသော စကားများ၊ အပြုအမူများ‌၌ အာရုံလွှဲခံလိုက်ရမည်ဖြစ်သော်လည်း ရှောင်ချိစွေသည်တော့ သူ့ဓားနည်းစနစ်၌သာအာရုံစိုက်နေခဲ့သည်။ နောက် သူ သေချာ အာရုံစိုက်ကြည့်လေ စုရှောင်ရှန်၏ ဓားနည်းစနစ် ထင်သလောက် မရိုးရှင်းလေကို သတိထားမိ၏။

“အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်ကို သူဘယ်တုန်းက ကျင့်တာလဲမသိဘူး”

“ဟမ်… ဒါဆိုရင် သူမနေ့က ပြောတာတွေက အမှန်တွေပေါ့”

သူနှင့် အကြီးအကဲကျောက် စုရှောင်ရှန် ညွှန်ပြသောဘက်တွင် ထိုဓားသမားကိုလိုက်ရှာခဲ့သော်လည်း မတွေ့ခဲ့ချေ။

ထိုဓားသမားမှာ စတင်ခြင်းအဆင့် ဓားဆန္ဒ နယ်ပယ်ကို လောလောလတ်လတ် ရောက်ထားသောကြောင့် သူ၏ အရှိန်အဝါများကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ ထိုသို့ထင်ထားသော်လည်း ထိုဓားသမားကို သူတို့ရှာမတွေ့ခဲ့ပါချေ။

သူတို့ထင်နေသည့် ထိုဓားသမားက စုရှောင်ရှန်ပင်လော။

ရှောင်ချိစွေပင် သူ့အတွေးဖြင့်သူ ကြက်သီးထသွား၏။ အခြားသူများမည်သို့မျှ သူတို့၏ အရှိန်အဝါကို ထိန်းချုပ်နိုင်မည်မဟုတ်သော်လည်း စုရှောင်သည် အခြားသူမဟုတ်ပေ။ ဤစုရှောင်ရှန်သည် သူ့ကဲ့သို့‌သော တကယ့် ဓားသမား စစ်စစ်တစ်ယောက်‌ကိုပင် လှည့်စားနိုင်သည်လော။

မဖြစ်နိုင်ပေ။

အခြားပြိုင်ကွင်းများဘက်သို့ သူလှည့်ကြည့်လိုက်သည်။ အထူးသဖြင့် လူ(၂) ယောက်အား အာရုံစိုက်နေခြင်းဖြစ်သည်။ ထို လူ(၂) ယောက်၏ ပြိုင်ကွင်းအတွင်းသို့ ၀င်သွားသည့်လူတိုင်း ပြန်လွင့်ထွက်လာသည်ကို တွေ့လိုက်ရသည်။

စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီးနောက် တစ်ခုခုရေးလိုက်ကာ ရှောင်ချိစွေက “မိုမိုနဲ့ ကျောက်ချင်းထန်။ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိပြီး” ဟု ကြေငြာလိုက်သည်။

အစီအရင်အတွင်းမှ ထွက်လာသော စုရှောင်ရှန် ဤသည်ကိုကြားသော် မှင်သက် သွားခဲ့သည်။

မြန်လိုက်တာ။ သူတို့ တကယ်ကော ချကြရဲ့လား။ ဇာတ်တိုက်ထားတာမဟုတ်ဘူးဆိုတာ သေချာရဲ့လား။

သို့သော် ၎င်းမှာ ယုတ်တိရှိပါသည်။ သူတို့သာ အလျှင်အမြန် ဤသို့ အနိုင်ယူနိုင် ပေလိမ့်ပေမည်။

ဆိုရလျှင် ယခင်နှစ် ပထမ နေရာနှင့် ဒုတိယနေရာကို ရထားသူများဖြစ်ကြကာ ယခုဆိုလျှင် စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်နေကြပြီးဖြစ်သည်။

သို့သော် ဤကြေငြာချက်အား လစ်လျူရှူလိုက်ကာ လူအုပ်ကြား၌ စုရှင်းရှင်းနှင့် သူမ၏ သူငယ်ချင်းအား တွေ့လိုတွေ့ငြား ရှာကြည့်လိုက်သည်။

သို့သော် မတွေ့‌ပါချေ။

ပုရိတ်သတ်များမှာ အလွန်များပြားလှပြီး လူအတော်အများပင် သူ့ကို စိတ်အားထက်သန်စွာ လက်ရမ်းပြနေကြ၏။

“တောင့်ထား စုရှောင်ရှန်”

“စုရှောင်ရှန် ဒီမှာ။ ဒီမှာ ကြည့်”

“အဲ့တာ ဟို သစ်သားဓားပဲ။ စုရှောင်ရှန်… စုရှောင်ရှန် အဲ့ဒီဓားနဲ့ ခေါင်းကိုလာပုတ်ပေးပါ”

“စုရှောင်ရှန် ချစ်တယ်။ အဲ… သူဘက်ကိုကြည့်နေတာဟ။ အားးးးး ငါသေပျော်ပြီ”

စုရှောင်ရှန် စုရှင်းရှင်းတို့အား ရှာဖွေခြင်းကိုရပ်တန့်လိုက်သည်။ မတွေ့လည်း ကိစ္စမရှိပါပေ။ ထို့နောက် သူ့၏ ပုရိသတ်များအား ပျော်ပျော်ရွှင်ရွှင် လက်ရမ်းပြပြီး‌ ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ သူ့စိတ်ထဲ၌ ပင်ကိုယ်မှတ်များရရှိကြောင်း အသိပေးချက်များ အဆက်မပြတ်ပေါ်လာခဲ့၏။

[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၈၉]

[ချီးမွန်းခံရပါသည်။ ပင်ကိုယ်မှတ် + ၉၄]

[ဖွင့်ပြောခံရပါသည်။ ပင်ကိုယ်မှတ် + ၆၆]

ဟမ်… ဖွင့်ပြောခံရတယ် ဟုတ်လား။

စုရှောင်ရှန် တုန်လှုပ်သွားသည်။ ဤတစ်ကြိမ် စနစ်မည်သည်ကို ပြောချင်ပါသနည်း။

တိုက်ပွဲမစခင်ကထက် ဤလူအုပ်ကြီး ပို၍ ရူးသွပ်လာသည်ဟု ခံစားလိုက်ရသည်။ ဘာဖြစ်သွားမှန်းမသိသော်လည်း “သစ်သားဓား” ဟူသည့် စကားကို သူကြားနေရ၏။

ထို့ကြောင့် သစ်သားဓားအား စုရှောင်ရှန် ထုတ်ယူပြီး လူအုပ်ကြီးဘက်သို့ ထိုးပြလိုက်သည်။

“ဒါလိုချင်တာလား…လာယူလေ”

သူ၏ တည်ငြိမ်သောအမူအရာ၊ စိန်ခေါ်သည့်ဟန်ဖြင့် လေသံ၊ [ခွန်အား] ရရှိပြီးနောက် အရင်လိုလိုပိန်ပိန်ပါးပါးမဟုတ်တော့ဘဲ ပြောင်းလဲသွားခဲ့သည့် စွဲမက်ဖွယ်ရာ ယောက်ျာပီသသော အသွင်အပြင်တို့ ‌စုပေါင်းလိုက်သော် လူအုပ်ကြားမှ ဂိုဏ်းသူများ ချက်ချင်း အရူးအမူး ဖြစ်သွား၏။

[ဖွင့်ပြောခံရပါသည်။ ပင်ကိုယ်မှတ် + ၉၉]

[ဖွင့်ပြောခံရပါသည်။ ပင်ကိုယ်မှတ် + ၁၆၄]

[ဖွင့်ပြောခံရပါသည်။ ပင်ကိုယ်မှတ် + ၃၂၃]

[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် + ၂]

ချီး…။

ဒီလူတွေရူးသွားပြီဟ။

စုရှောင်ရှန်ပင် ရုတ်တရက် ပေါက်ကွဲထွက်သွားအလား အော်ဟစ်သံများကြောင့် နားများအုပ်လိုက်ရသည်။ အစီအရင်အတွင်းဘက်သို့ပင် ပြေးဝင်သွားရန် အတွေး၀င်လာခဲ့၏။

“စိတ်လျော့ စိတ်လျော့။ ဒီလောက်လေးတော့ ငါကိုင်တွယ်နိုင်ပါတယ်”

“ပင်ကိုယ်မှတ်တွေအတွက် ငါသည်းခံရမှာ … ဟုတ်တယ်။ ငါလုပ်နိုင်တယ်”

“စုရှောင်ရှန် အချိန်စေ့ပြီ”

ကြီးကြက်သူ၏ ကယ်တင်ရှင်သဖွယ် အသံကို ကြားလိုက်ရသော် ချက်ခြင်းပဲ စုရှောင်ရှန် အကာအကွယ်အတွင်းသို့ ပြေး၀င်လိုက်သည်။ သူ့ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အေးချမ်းမှုကို ရှာဖွေတွေ့ရှိလိုက်၏။

ထို့နောက် အစီအရင်အထက်ရှိ ဖန်သားပြင် တောက်ပလာပြီးနောက် တစ်ခဏကြာသော် ပြန်မှန်သွားခဲ့သည်။ ဒိုင်လူကြီး သူ၏ ပြိုင်ဘက်ကို ကြေငြာလိုက်၏။

“လျှိုကျန်း”

ချု့ယွင်ကွင်းပြင်၌ ဆူညံသံများကြောင့် နားပိတ်ထားသည့် လျှိုကျန်း ကြောင်သွားသည်။ ဒါ ဘယ်လိုဖြစ်…

ကျိုးစွန်း မလှမ်းမကမ်းမှ သူ့ထံလျှောက်လာ၏။ (၂) ပွဲဆက်တိုက်လုံး သူ အရှုံးပေးခဲ့ရသည်။ ထို့ကြောင့် ဤမြင်ကွင်းအားမြင်သော် သူပိတီရွှင်သွား၏။

“ဂိုဏ်းတူအကိုလျို အကောင်းဆုံးလုပ်နော်။ ဟမ့်… အဲ့ကောင် ဂိုဏ်းတူအမ တိကို သွားစရဲတယ်။ သေချင်နေတာနဲ့ တူတယ်။ သခင်လေး ၀မ်အတွက် သူ့ကို သင်ခန်းစာပေးခဲ့လိုက်”

လျှိုကျန်းမည်သည်မှ ပြန်မပြောဘဲ ပြိုင်ကွင်းအတွင်း ၀င်လိုက်၏။

“အော်… မင်းဖြစ်နေတာကို ဘယ်သူလဲလို့” စုရှောင်ရှန် ရယ်လိုက်သည်။

“ရန်သူတစ်ယောက်နဲ့တစ်ယောက် အမြဲတွေ့တယ်ဆိုတာ ဒါမျိုးနေမှာ။ ဒါနဲ့ မင်းလည်း နပန်းသမားပဲမလား”

“မိုက်တယ်။ ငါလည်း နပန်းလုံးရမယ်ဆို အမြဲတမ်းအဆင်သင့်ပဲ” တိတ်ဆိတ်နေသည့် လျှိုကျန်းကို ကြည့်ပြီးပြောလိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်သည့်အလား သူ့နှလုံးတစ်ချက်ခုန်သွားသည်။ သူလည်း အရှုံးပေးချင်နေတာလားဟ။

“ပြိုင်ပွဲမစခင် အရှုံးပေးတယ်ဆိုတာ ပြိုင်ဘက်ကို မထီမဲ့ပြင်ပြုခြင်းဘဲ။ အဲ့လိုပဲ မချရသေးခင် ထွက်ပြေးတာက… က…”

“ငါအရှုံးပေးမလို့ ကြံနေတာမဟုတ်ဘူး” လျှိုကျန်း၏ မျက်နှာ မဲမှောင်သွားပြီး စုရှောင်ရှန်ကို ကြားဖြတ်ပြီး ပြောလိုက်သည်။

“အဲ့လိုလား ကောင်းတယ်။ ကောင်းတယ်”

“မင်းလိုမှ ယောက်ျားပီသတယ်ခေါ်တာ ကောင်းတယ်”

လျှိုကျန်း စွံ့အသွားသည်။

စုရှောင်ရှန်တစ်ယောက် သူ၏ အစစ်အမှန် ခွန်အားကို မသိအောင် ဤသို့ ပေါတောတော ပြုမူပြီး ဖုန်းကွယ်ထားသည်ဟု သူခံစားနေရသည်။ ထို့ပြင် ပြီးခဲ့သည့် အဖြစ်အပျက်များအားကြည့်သော် လူတိုင်းအား သူ အရူးလုပ်နိုင်ခဲ့သည်ကို သူ‌တွေ့လိုက်ရသည်။

စုရှောင်ရှန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် အဆင့် (၅) သို့သာ ရောက်သွားခဲ့ခြင်းကို သူမယုံကြည်ပေ။ သူ၏ ကြွားဝါသောစကားလုံးများ၊ ခြိမ်းခြောက်သော စကားလုံးများမှာ အမှန်ပင်ဖြစ်ရ ပေမည်။

မဟုတ်ပါက အချိန်တိုအတွင်း အဆင့်(၆) အထွတ်အထိပ်သို့ မည်သို့ သူရောက်သွားရမည်နည်း။ ၎င်းပင်လျှင် သူ့ခွန်အား အစစ်အမှန် မဟုတ်သည်ကို သူသိသည်။

သူ၏ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် အား အခြားသူများ သတိမထားမိသော်လည်း သူ လျှိုကျန်းက အခြားသူများမဟုတ်ပေ။ သူ့ထံမှ ဖုန်းကွယ်ထား၍ မရပါချေ။

ပြီးတော့ အခု သူသုံးသွားတဲ့ ဓားနည်းစနစ်ရော…။

ပြီး‌တော့…။

အသိပေးချက်ဖန်သားပြင်ကိုကြည့်လိုက်သော် စုရှောင်ရှန် လိပ်ပြာလွင့်မတတ်ဖြစ်သွားသည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

“…”

အသိပေးချက်ဖန်သားပြင်၌ ပေါ်လာသော အသိပေးချက်များအားကြည့်ပြီး ကြောင်သွားသည်။

“ဘာလဲဟ”

ကြီးကြပ်သူရယ်…။

လျိုကျန်းရယ်…။

မဖြစ်နိုင်လောက်ပါဘူး ငါထင် တဲ့အတိုင်း အစီအရင်ထဲမှာ နောက်ထပ် လူတစ်ယောက် ရှိနေတာလားဟ။

စုရှောင်ရှန်၏ မျက်ဆံများ ကျုံ့သွားသည်။ ‘နေ့ခင်းကြောင်တောင်ကြီး သရဲခြောက်နေတယ်ဟ’

“ကြီးကြပ်သူ တစ်ခုခု မကောင်းတာတစ်ခုက အစီအရင်အတွင်းကို ထိုးဖောက်၀င်ရောက်လာတယ်လို့ ကျုပ်မင်္သကာဘူး။ မြန်မြန်လေး ရှာကြည့်ပေးပါ” စုရှောင်ရှန် အသံပြဲကြီးဖြင့် ဟစ်လိုက်သည်။

ကြီးကြပ်သူ သူ့နဖူးကိုရိုက်လိုက်ပြီး ‘စပြီ’ ဟုတွေးလိုက်သည်။ ‘ဒီကောင် ပုံမှန်ဖြစ်တာ ခဏပဲ ရှိသေးတယ်။ အခု ထပ်စလာပြန်ပြီ’

စုရှောင်ရှန် ငိုရမလား ရယ်ရမလား မသိဖြစ်သွားသည်။ သူ့တွင် အသိပေးချက်ဖန်သားပြင်ကဲ့သို့ အရာတစ်ခုရှိ‌ကြောင်းလည်း ဖော်ထုတ်ပြ၍ မရပေ။ သို့‌သော် အသိပေးချက်ဖန်သားပြင်က ဆက်လက်၍ အသိပေးချက်အသစ်များ ပေးနေရာ သူဆက်ပြီး အကူအညီတောင်းလိုက်သည်။

“ကျုပ်အမှန်တွေပြောနေတာ။ ကျုပ်မလိမ်ဘူး”

“ဒီမှာ စတုတ္ထမြောက်လူတစ်ယောက်ရှိနေတယ်… နေဦး… အဲ့တာ လူတောင်မဟုတ်လောက်ဘူး” စုရှောင်ရှန် ကြီးကြပ်သူ၏ ခြေထောက်ကို ပြေးဖက်လိုက်သည်။

ကြီးကြပ်သူ၏ မျက်နှာ မဲမှောင်သွား၏။ “ခြေထောက်ဖက်နေတာကို ရပ်ပြီး ကျေးဇူးပြု၍ ပြိုင်ပွဲအတွက် အသင့်ပြင်ပါ ပြိုင်ပွဲဝင်”

“ကျေး… ဇူး… ပြု… ပြီး… ပြန်… သွား… ပါ”

လျှိုကျန်း သက်ပြင်းမောကြီးချလိုက်သည်။

“သူ အခုထိတောင် ဟန်ဆောင်နေတုန်းပဲ”

“ ဒီကောင် တကယ်ပဲ ငါ့ကို တခြားလူတွေလို ငတုံးလို့ထင်နေတာလား”

လက်ကိုလှုပ်လိုက်ရာ သူ့တံတောင်ဆစ်ရှိ အနက်ရောင် သဲအိတ်အပေါ် အကြည့်ရောက်သွား၏။ “ဒီကောင့်ကိုကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုပဲ။ ကြည့်ရတာ ငါလည်း ငါ့ခွန်အား အစစ်အမှန်ကို ပြရသေးတာပေါ့”

ဘုန်း ဘုန်း

သူ့လက်၊ ခြေထောက်နှင့် ၀မ်းဗိုက်ရှိ အနက်ရောင်သဲအိတ်များကို လွှတ်ချလိုက်ရာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်ကြသည်။ သေချာကြည့်လျှင် ကြမ်းပြင်ပါအနည်းငယ် ချိုင့်၀င်သွားသည်ကို တွေ့နိုင်သည်။

ရုပ်ခြည်း လျှိုကျန်း၏ ကျင့်ကြံခြင်းနယ်ပယ် အရှိန်အဝါ ထိုးတက်သွားခဲ့၏။

အဆင့် (၇)၊ အဆင့်(၈)၊ အဆင့်(၉)….

အဆင့် (၁၀)…

စိတ်ဝိညာဉ်ကျင့်ကြံခြင်း၏ အထွတ်အထိပ်…

‌စုရှောင်ရှန်ကို ခါထုတ်နေသည့် ကြီးကြပ်သူနှင့် သူ၏‌ ခြေ‌ထောက်အား အတင်းဖက်တွယ်ထားသည့် စုရှောင်ရှန်တို့ လျှိုကျန်းကို တစ်ပြိုင်တည်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်၌ အံ့အားသင့်မှုများက အထင်းသား။ ဤလျှိုကျန်းဟူသည့် လူ ကျားသားစားချင်၍ တစ်ချိန်လုံး ၀က်ယောင်ဆောင်ခဲ့သည်လော။

စုရှောင်ရှန်၏ အံ့အားသင့်နေသော အကြည့်ကို မြင်ရသော် လျှိုကျန်း အေးစက်စက် ပြုံးလိုက်သည်။

“စုရှောင်ရှန်။ ဟန်ဆောင်နေတာတွေရပ်လိုက်။ ငါ ခွန်အား အကုန်သုံးပြီး မင်းကို အနိုင်ယူပြမယ်”

“မင်းရဲ့ မိတ်ကပ်လူးထားတဲ့ မျက်နှာက ငါ့ရှေ့မှာ ဘာမှ မဟုတ်ဘူးကွ။ ငါ့ကိုလှည့်စားလို့မရဘူး”

“ဘာလဲဟ”

“သူဘာတွေပြောနေတာလဲ”

စုရှောင်ရှန် မှင်သက်သွား၏။

Comment

Leave a Reply

Options

not work with dark mode
Reset