စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၂၆ လူသားမျိုးနွယ်စု၏ လက်ရှိပါမီရှင်။
လူတိုင်းက ကြောက်လန့်သွားပြီးနောက် ဟုန်ရှောင် လုပ်ငန်းစု၏ သူဌေး မာချွန်းဟုန်ကို ချက်ချင်း ဆက်သွယ်ကြတော့သည်။ ထိုအရေးကိစ္စက နှောက်စရာ မဟုတ်ပေ။ သိုလှောင်လက်စွပ်အတွင်း ကြယ်တာရာသားရဲ ပို့ဆောင်ရေး အစီအရင်တစ်ခု အမှန်တကယ် ပါနေခဲ့လျှင် ကျန်းဟိုင်တစ်မြို့လုံးအတွက် ကံဆိုးမိုးမှောင် ကျစေလိမ့်မည်။
အနည်းဆုံး သေဆုံးသည့် အရေအတွက်က ဂဏန်း ၅လုံးခန့် ရှိပေမည်။ ထိုသို့ဖြစ်၍ မရပေ။
မာချွန်းဟုန်က လူသိများသည့် ဒေသခံ စွန့်ဦးစီးပွားရေး ပညာရှင်ဖြစ်သောကြောင့် အစိုးရက သူ၏ နံပါတ်ကို အလွယ်တကူ ရှာနိုင်သည်။
” ဟယ်လို မာချွန်းဟုန် ။ ငါ တုထျန်းယွီ ပြောနေတာပါ။ မင်း ဝယ်လာတဲ့ သိုလှောင်လက်စွပ် ဘယ်မှာလဲ ”
” အား မြို့တော်ဝန်။ ဒီလောက်နောက်ကျနေမှ ကျုပ်ကို ဘာကြောင့် ဖုန်းခေါ်တာလဲ ”
” တော်လိုက် … မြန်မြန်ပြော မင်းရဲ့ သိုလှောင်လက်စွပ် ဘယ်မှာလဲ ”
” အမ်း ကျုပ်ရဲ့ သိုလှောင်လက်စွပ်။ ခုနကပဲ ပျောက်သွားတာလို့ ထင်တယ် ”
” မင်း ပျောက်သွားတာလား။ ဘယ်လိုလုပ် ပျောက်နိုင်မှာလဲ။ ဘယ်နေရာမှာ ပျောက်သွားတာလဲ ”
ဖုန်း၏ တစ်ဖက်ကနေ မာချွန်းဟုန်၏ မကျေမချမ်းအသံက ပေါ်ထွက်လာ၏။
” ကျုပ် တမင်တကာ ရည်ရွယ်တာ မဟုတ်ဘူး။ လက်စွပ်အတွက် သန်းတစ်ရာလောက်တန်တဲ့ မီးခံသေတ္တာကိုတောင် ထားပြီး အထဲမှာ သိမ်းထားတာ။ ကြယ်၇လုံးတန်းတဲ့အချိန်ကြ အဲ့ဒါကို ကျုပ်နဲ့ ယူထားပြီး ကုမ္မဏီထဲမှာ ဝှက်ထားဖို့ အစက တွေးခဲ့တာပဲ။ ဒါပေမဲ့ ဒီနေ့လည်း မီးခံသေတ္တာကို ဖွင့်လိုက်တဲ့အချိန် အဲ့ဒါ ပျောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ”
” မင်း မင်းက တကယ် အရည်အချင်း မပြည့်မှီတာပဲ။ ကိစ္စတွေ ဖျက်စီးတာပဲ။ တော်တာပဲ ”
တုထျန်းယွီက ဒေါသတကြီး ဖုန်းချလိုက်ပြီးနောက် ချီရှန်းများဆီသို့ လေးနက်တည်ကြည်သော အမူအယာဖြင့် လျှောက်သွားလိုက်သည်။
” မာချွန်းဟုန်ရဲ့ လက်စွပ်က ပျောက်သွားပြီ။ ဘယ်သူ ခိုးသွားလဲ မသိဘူး ”
” ဘာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
” မြန်မြန် တစ်ယောက်ကို ရှာခိုင်းလိုက် ”
ချင်ရှန်းလုံ၊ အိုးရန်ယွင်ကျုံး၊ နန်ကုန်းလင်တို့က ထိတ်လန့်သွား၏။ သို့သော် သူတို့ မလှုပ်ရှားရသေးခင် တုချန်ဖုန်းက သူတို့ကို ခေါ်လိုက်သည်။
” ရှာဖို့ မလိုဘူး ”
သူတို့က သူ့ကို ဇဝေဇဝါ ကြည့်လိုက်ကြ၏။
” လောင်တု မင်း ဘာကိုဆိုလိုတာလဲ ”
တုချန်ဖုန်းက လက်နောက်ပစ်ထားလျက် ဆင်ခြင်ဖုံးဘက်ခြမ်းရှိ ကောင်းကင်ထဲ၌ ပြည့်နေသော ဓါးအလင်းများကို မော့ကြည့်လိုက်သည်။ သူက အပြုံးပျော့ပျော့ဖြင့် ပြောလိုက်တော့၏။
” အဲ့ဒီ စီနီယာ ဆန်းကြယ်တဲ့ ဓါးသခင်က တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာပြီး ဒီတစ်ခေါက် ရုတ်တရက်ကြီး တိုက်ခိုက်တာလို့ မထင်ဘူးလား ”
အားလုံးက ရင်တုန်သွားပြီး သူငယ်အိမ်များ ကျုံ့သွား၏။
ယင်းက မှန်ကန်ပေသည်။ ပြိုင်စံရှား ဓါးသခင်သည် ယခုအချိန်ကြမှ အဘယ်ကြောင့် ရုတ်တရက် လှုပ်ရှားရသနည်း။ ထို့အပြင် မီးခံသေတ္တာတွင်းရှိ မာချွန်းဟုန်၏ သိုလှောင်လက်စွပ်ကို မည်သူက ခိုးယူသွားနိုင်မည်နည်း။
” ငါတို့ အရင် စီနီယာက သိုလှောင်လက်စွပ်အကြောင်း တကယ်သိလိမ့်မယ်ဆိုတာ မယုံနိုင်ဘူး။ သူကိုယ်တိုင်တောင် တားလိုက်သေးတာ ”
” ငါ အရှက်ရမိတယ်။ အခုကြမှ ငါတို့ တုံ့ပြန်နိုင်ခဲ့တာ။ စီနီယာက ငါတို့စီနီယာလို့ခေါ်ဖို့ ထိုက်တန်ပါပေတယ် ”
နန်ကုန်းလင်နှင့် ကျန်သည့်သူများက လေးစားကြည်ညိုမှုများ ပြည့်လာလျက် ယဲ့ရှောင်ကို လေးစားနေကြသည်။
ထိုကဲ့သို့ အစွမ်းထက်သည့် လူတစ်ဦးက နတ်ဘုရားကဲ့သို့ တည်ရှိမှု ဖြစ်သည်။
ဆင်ခြင်ဖုံးရပ်ကွက်တွင် ယဲ့ရှောင်က ဓါးရောင်ခြည်တစ်ထောင်နီးပါး သိပ်သည်းခဲ့ပြီး အားလုံးကို ပို့ဆောင်ရေး အစီအရင်ထဲ တွန်းထည့်လိုက်သည်။
ပို့ဆောင်ရေး အစီအရင်က ဆက်သွယ်ရေးလမ်းကြောင်း နှစ်သွယ်ရှိ၏။ ကြယ်တာရာသားရဲများသည် ပို့ဆောင်ရေး အစီအရင်ကို သုံးပြီး ရွှေ့ပြောင်းလာနိုင်ကာ ယဲ့ရှောင်ကလည်း ၄င်းကိုသုံးပြီး ပြန်လည် ပို့ဆောင်နိုင်၏။ ဓါးအလင်းများပေါ်ထွက်လာပြီးနောက် ယဲ့ရှောင်က ပို့ဆောင်ရေးအစီအရင်ထဲ ထည့်လိုက်သည်။
တစ်ချိန်တည်းတွင် ချောက်ကမ်းပါးထဲ၌ အဖွဲ့ခေါင်းဆောင်များ၏ အမိန့်အောက်တွင် ကြယ်တာရာသားရဲ တပ်ဖွဲ့က မြို့အသီးသီးဆီကို ဦးဆောင်သွားမည့် ပို့ဆောင်ရေး အစီအရင်ထဲ နင်းလိုက်ပြီဖြစ်သည်။
လင်းနန်.၊ ၀မ်ဟိုင်.၊ ကျန်းရှ.၊ သားရဲတစ်သောင်းခန့်က မြို့အသီးသီးသို့ ပို့ဆောင်ခံရမည်။
လက်နောက်ပစ်ထားလျက် လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသော သူတော်စင် တမန်တော် ရှိနေ၏။ သူက ကြယ်တာရာသားရဲများကို ကြည့်ပြီး မျက်လုံးထဲ စိတ်လှုပ်ရှားမှုတို့ ပေါ်လာသည်။
” ငါ့ရဲ့ မျိုးနွယ်စုဝင်အပေါင်းတို့လိုမျိုး အခုက လူသားမျိုးနွယ်စုဝင်အတွက် ငါတို့ ကြယ်တာရာသားရဲတွေ အုပ်စိုးမဲ့ အကြောက်တရားကို ခံစားခိုင်းဖို့ အချိန်ရောက်ပြီ ”
” ကြယ်တာရာသားရဲတွေ ထွန်းတောက်မှုအတွက် တိုက်ခိုက်ကြ။ လူသားမျိုးနွယ်စုကို ချေမှုန်းကြ ”
” လူသားမျိုးနွယ်စုကို ချေမှုန်းကြ ”
” လူသားမျိုးနွယ်စုကို ချေမှုန်းကြ ”
ကြယ်တာရာသားရဲများက စိတ်လှုပ်ရှားစွာ တညီတညွှတ်တည်း အော်လိုက်ကြသည်။
သူတို့က ယခုနှစ်အတွက် အနှစ် ၅၀ကျော် စောင့်ဆိုင်းလာခဲ့တာ ဖြစ်သည်။ အနှစ် ၅၀ကျော် ကြာလာပြီးနောက် သူတို့ခွန်အားကို တိတ်တဆိတ် စုဆောင်းထား၏။ ယနေ့တွင်မူ တစ်ချက်တည်းဖြင့် လူသားများကို ချေမှုန်းနိုင်တော့မည်။
ယင်းက လွန်ခဲ့သည့် အနှစ် ၅၀၌ သားရဲကပ်ဘေး ဖြစ်ပွားသည့်အချိန် ကြယ်တာရာသားရဲအဖွဲ့အစည်း၏ သိုင်းပညာရှင်များ ချမှတ်ထားသည့် အစီအစဥ်တစ်ခု ဖြစ်သည်။ ပန်းတိုင်က ဂြိုလ်ပေါ်ရှိ လူသားများကို အပြည့်အဝ ဖိနှိပ့်ပြီး အုပ်စိုးရန် ဖြစ်သည်။
“သူတော်စင် တမန်တော်ကို သတင်းပို့ပါတယ်။ ဝမ်ဟိုင်းမြို့ရဲ့ ကြယ်တာရာသားရဲတပ်ဖွဲ့ကို ပို့ဆောင်ပြီးပါပြီ ”
” သူတော်စင် တမန်တော်ကို သတင်းပို့ပါတယ်။ လင်းနန်မြို့ရဲ့ ကြယ်တာရာသားရဲတပ်ဖွဲ့ကို ပို့ဆောင်ပြီးပါပြီ ”
” သူတော်စင် တမန်တော်ကို သတင်းပို့ပါတယ်။ ၀မ်ဟိုင်မြို့ရဲ့ ကြယ်တာရာသားရဲတပ်ဖွဲ့ကို ပို့ဆောင်ပြီးပါပြီ ”
စိတ်လှုပ်ရှားသည့် အသံများ တစ်သုတ်ပြီးတစ်သုတ် ပေါ်ထွက်လာကာ သူတော်စင် တမန်တော်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
” နောက်တစ်မြို့ ကျန်းဟိုင်မြို့။ ပို့ဆောင်ရေး အစီအရင်ဖွင့် ”
” ဟုတ်ကဲ့ ”
” ကြယ်တာရာသားရဲတပ်ဖွဲ့တွေ ကျန်းဟိုင်မြို့ကို သွားကြ။ ပို့ဆောင်ရေး အစီအရင်ထဲကိုဝင်ဖို့ အသင့်ပြင်။ ပို့ဆောင်ရေး အစီအရင်စ ”
ဝေါင်း။
ကြယ်တာရာသားရဲများစွာက လူသားဘာသာစကားကို မပြောနိုင်ကြပေ။ သူတို့ စိတ်လှုပ်ရှားမှုကို ဖော်ပြသည့်အနေဖြင့် ဟိန်းဟောက်ကာ သွေးဆာလောင်ရုံသာ ရှိသည်။
မကြာမီ၌ ကျန်းဟိုင်မြို့သို့ ကြယ်တာရာသားရဲ ပထမလိုင်းကြယ်တာရာသားရဲ စုစုပေါင်းအကောင်ရေ ၅၀၀၀က ပို့ဆောင်ရေး အစီအရင်ထဲ ဝင်လိုက်သည်။
အစီအရင်က လင်းထိန်လာပြီး လူသားမြို့မှ မသန့်စင်သော လေလှိုင်းတို့က သူတို့ဆီ တဟုန်ထိုး တိုးဝင်လာ၏။
သို့သော် ပို့ဆောင်ရေး အစီအရင် ပွင့်လာသည်နှင့် နားဆူသော အသံက ရုတ်တရက် ပေါ်ထွက်လာသည်။
ကြယ်တာရာသားရဲများက မျက်မှောင်ကျုံ့သည့် အမူအယာ ပေါ်လာ၏။
ကြယ်တာရာသားရဲ ၊ သူတော်စင်တမန်တော်နှင့် အထက်အရာရှိများကလည်း ထိတ်လန့်သည့် အမူအယာ ဖြစ်လာလေ၏။
” ဒီအသံက ”
အလံတိုင်တွင် ချည်နှောင်ခံထားရသည့် ဟွမ်လျိုလီက ရုတ်တရက် မျက်လုံးလက်လာပြီး သူမ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု မျက်ရည်တို့ ဝဲလာသည်။
” ဟား ဟား ဟား ဟား။ အဲ့ဒါသူပဲ။ အဲ့ဒါသူပဲ ”
” ငါ့ရဲ့ သခင် ဒီရောက်လာပြီ ”
” နင်တို့အားလုံး သေဖို့အချိန်ကျပြီ ”
ခဏအကြာတွင် ကြယ်တာရာသားရဲတစ်ထောင်၏ ခြေအောက်အောက်ရှိ ပို့ဆောင်ရေး အစီအရင်က ရုတ်တရက် လင်းထိန်လာ၏။ ကြယ်တာရာသားရဲများ၏ ခြေထောက်အောက်ကနေ အလင်းရောင်ခြည်တန်းများ ပေါ်ထွက်လာသည်။ ပြင်းထန်သည့် ဖိအားက ကြယ်တာရာသားရဲများကို နေရာမှာတွင် ပိုင်းဖြတ်သွားတော့သည်။ သို့သော်ငြား ယင်းက အစသာ ရှိသေးသည်။ မကြာမီ၌ ကောင်းကင်ထဲသို့ ပြင်းထန်သည့် ဖိအားပါဝင်သည့် ရွှေရောင်ဓါးရောင်ခြည်များ ပေါ်ထွက်လာလျက်ချောက်ကမ်းပါး၏ နှစ်ဖက်လုံး၏ ကျောက်ထရံကို ချေမှုန်းလိုက်သည်။
ဖုန်း ဖုန်း ဖုန်း ဖုန်း။
ဓါးရောင်ခြည်က မြန်ဆန်လွန်းသည်။ သူတို့က လေထုနှင့် ပွတ်တိုက်မိသွားပြီး လျှပ်စီးများ ထုတ်တော့၏။
ထိုစဥ် ပေါက်ကွဲသံများ ဓါးအလင်းနှင့် လျှပ်ပွင့်မျိုးစုံ ဖြစ်ပေါ်နေလေ၏။ ချောက်ကမ်းပါးတစ်ခုလုံး ပေါက်ကွဲနေတော့သည်။
မျက်တောင်တစ်ခတ်အတွင်း ကျောက်တုံးကြီးကိုတောင် ဖုန်ဖြစ်သွားစေနိုင်သည်။
ယင်းက လောကကြီး၏ အဆုံးသတ်ဖြစ်၏။ ကြယ်တာရာသားရဲများက အော်ဟစ်နေကြတော့သည်။
” ကယ်ကြပါ ”
” ပြေး ”
” သူတော်စင်တမန်တော်ကို ကာကွယ်ကြ ”
ချီရှန်းအဆင့် ကြယ်တာရာသားရဲအချို့က ရှေ့သို့တက်လာပြီး သူတို့နောက်ရှိ သူတော်စင်တမန်တော်ကို ကာကွယ်လိုက်ကြသည်။
အဆုံးတွင်မူ ချောက်ကမ်းပါးထဲကနေ
ပေ ၁၀၀၀ခန့် ကျယ်ဝန်းသည့် အပေါက်ကြီးတစ်ပေါက် ပေါ်လာတော့၏။ ဓါးအလင်းက မရပ်တန့်သွားပေ။ သူတို့က ကောင်းကင်ထဲ ဆက်လက်ပေါ်ထွက်လာလျက် ဖုန်များကို သယ်ဆောင်သွားတော့၏။
ဓါးအလင်းက ဒုံးကျဥ်ပမာ ကောင်းကင်ထဲသို့ တစ်ခုပြီးတစ်ခု ပစ်လွှတ်နေလေ၏။ မြေကမ္ဘာခွင်း
သည့် ဂိမ်းကို ဆော့ကစားနေသည့်ပမာ ဖြစ်နေတော့သည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ ဆယ်စက္ကန့်။
စက္ကန့်တစ်ရာကြာပြီးနောက် ချောက်ကမ်းပါးမှ တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
မီးခိုးနှင့် ဖုန်မှုန့်များကလည်း လွှင့်စင်သွား၏။ အထက်၌ ထွန်းလင်းတောက်ပနေသော ကြယ်အလင်းကြောင့်နှင့် ကင်းစင်သော ကောင်းကင်ကြောင့်သာ မဟုတ်လျှင် ဤနေရာ၌ ဖုန်တစ်စကိုမှ မြင်ရမှာ မဟုတ်ပေ။ ကြယ်တာရာသားရဲများက အစောတုန်းက ဤနေရာသည် ပြင်းထန်သည့် ထိုးနှက်ချက် ခံစားခဲ့သည်ဆိုတောင် တွေးတောင်မတွေးရဲချေ။
” ဒါ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
သူတော်စင်တမန်တော်ရှေ့ရှိ ကြယ်တာရာသားရဲ အထက်အရာရှိများက မယုံနိုင် ဖြစ်နေကြပြီး စိတ်ရှုပ်ထွေးမှုများ ပြည့်နေ၏။ တစ်ဖက်လူ၏ ခွန်အားက သူတို့၏ လောကအမြင်ကို တစ်စဆီ ဖြစ်သွားစေသည်။
ယင်းက အုပ်စုဖွဲ့ တိုက်ခိုက်တာ မဟုတ်တာ သေချာ၏။ ဓါးအလင်းတိုင်း၏ စွမ်းအင်က ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာပြီး ဓါးရောင်ခြည်ဓါး၏ စွမ်းအင်က တစ်ထပ်တည်း တူနေသည်။
လူသားမျိုးနွယ်အဖို့ ထိုမျှ တစ်ချိန်တည်း များပြားသည့် သိုင်းပညာရှင်များ ရှိဖို့ မဖြစ်နိုင်ပေ။ သူတို့ ထုတ်ဖော်သည့် ဓါးအလင်းကလည်း အမွှာများပမာ တူညီနေ၏။
သို့သော် ထိုမျှများပြားသည့် အစွမ်းထက်သော တိုက်ကွက်များဖြင့် လူတစ်ယောက်တည်းက တိုက်ခိုက်ခဲ့လျှင် သူ မည်မျှ သန်မာမည်နည်း။
သူတော်စင်တမန်တော်က မျက်လုံးများ မှေးကျဥ်းလျက် ပို့ဆောင်ရေး အစီအရင်ကို စိုက်ကြည့်နေသည်။
သူက ဟွမ်လျိုလီ၏ စကားကို ကြားလိုက်ရ၏။ ရောက်လာသည့်သူက ဟွမ်လျိုလီ၏ သခင်ပင်လော။ ယခင်က ဟွမ်လျိုလီ၏ သခင်က အလွန်ဆုံးမှ ချီရှန်းတစ်ဦးဟုသာ သူ ထင်ခဲ့သည်။ ဆိုရလျှင် သူသာ သားရဲသခင်တစ်ဦးသည် သူ့ထက် ပိုသန်မာသည့် ကြယ်တာရာသားရဲများကို ထိန်းချုပ်နိုင်သည်။ မဟုတ်လျှင် သူ့အဖို့ သားရဲသခင်တစ်ယောက်ဖြစ်ရန် မလိုအပ်တော့ချေ။
သို့သော် တစ်ဖက်လူ သိပ်ကို သန်မာနေလိမ့်မည်ဟု သူ မထင်ထားပေ။ ခွန်အားကို အကဲဖြတ်ပုံအရ တစ်ဖက်သူသည် မဟာချီရှန်းအဆင့်ကို ကျော်နေပြီ ဖြစ်နိုင်သည်။ မကြာမီ၌ အနက်ရောင်ဘောင်းဘီ၊ အနက်ရောင်ဂျာကင်ကို ဝတ်ထားသည့် လူငယ်တစ်ဦးက ပို့ဆောင်ရေး အစီအရင်ထဲကနေ ဖြည်းဖြည်းချင်း ထွက်လာသည်။
ကြယ်တာရာသားရဲများအားလုံး စိတ်ရှုပ်ထွေးကုန်၏။ သူက တကယ်ကြီး ဒီလောက်မြန်တယ်လား။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သွင်ပြင်ကို ထိန်းထားနိုင်တဲ့ စွမ်းရည်ရှိတဲ့ အံ့ဖွယ်ချီရှန်းတစ်ယောက်ကတောင် ဒီလောက် ငယ်ပုံမပေါ်ဘူး။
လူတစ်ယောက်က အံ့ဖွယ်ချီရှန်းအဆင့်ကိုရောက်ဖို့ဆိုရင် အနည်းဆုံး အသက် ၅၀ ၆၀အရွယ်ရှိရမယ်။ ရုပ်ရည်သွင်ပြင်ကို ထိန်းတဲ့စကေးက ဘယ်လောက်ပဲကောင်းကောင်း အသက် ၂၀ ၃၀ ဝန်းကျင် ရှိနေသေးဦးမှာပဲ။ ဒါပေမဲ့ ဒီလူက အသက် ၂၀ပြည့်ပုံ မပေါ်ဘူး။ သူက ငယ်လွန်းနေတယ်။ သူ့အသက် ဘယ်လောက်ရှိပြီလဲ။ သူ့မှာ တကယ်ကြီး ဒီလောက်အစွမ်းထက်တဲ့ ခွန်အားရှိတာလား။ လူသားမျိုးနွယ်စုထဲမှာ ခေတ်တစ်ခေတ်ရဲ့ နောက်ထပ်ပါရမီရှင်တစ်ယောက် ပေါ်ပေါက်လာတာများလား။
ဟွမ်လျိုလီက သူ့ကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာ အော်လိုက်မိတော့သည်။
” သခင် ဒီမှာ ကျွန်မ ဒီမှာ ”
ယဲ့ရှောင်က အသံကို ကြားလိုက်သည့်အချိန်တွင် ခေါင်းလှည့်ကြည့်လိုက်တော့သည်။ သူက မျက်နှာ ရှုပ်မဲ့မိသွား၏။
ဇာတ်ကွက်က အတော်လေး မူမမှန်ပေ။ ရုပ်ရှင်ထဲရှိ ဇာတ်ကြောင်းအရ သူမက သူ့ကို လျစ်လျူရှူသွားသည့် လှပသည့် တက်ကြွမှုအပြည့်ရှိသည့် ကြယ်တာရာသားရဲခေါင်းဆောင် ဖြစ်လာသင့်သည် မဟုတ်ပါလော။ သူမက အလံတိုင်တွင် အဘယ်ကြောင့် အချည်ခံထားရသနည်း။ ထို့အပြင် သူမ ဆိုးဆိုးဝါးဝါး အရိုက်ခံထားရကာ သူတောင် သူမကို မမှတ်မိလုနီးပါး ဖြစ်နေ၏။
ဒီကောင် အနိုင်ကျင့်ခံလိုက်ရတာလား။
” မင်းက သူ့သခင်လား ”
အသံတစ်သံက ယဲ့ရှောင်၏ အကြည့်ကို ဆွဲယူသွားသည်။ သူက တစ်ဖက်လူကို ကြည့်လိုက်၏။ တစ်ချက်ကြည့်ရုံဖြင့် တစ်ဖက်လူက ဟွမ်လျိုလီပြောသည့် သူတော်စင်တမန်တော်ဆိုတာ သူပြောနိုင်သည်။
အကြောင်းမှာ ဤနေရာတွင် သူတစ်ဦးတည်းသာလျှင် ရှန်းထျန်းပဥ္စအဆင့် ကျင့်ကြံဆင့် ရှိနေသောကြောင့် ဖြစ်သည်။ သူခိုးတစ်ယောက်ကို ဖမ်းရန်အတွက် ခေါင်းဆောင်ကို ရှေးဦးစွာ ကာဖမ်းရမည်။
ထိုအတွေးဖြင့် ဓါးရောင်ခြည်ငါးခုက ပေါ်ထွက်လာပြီး ကြယ်တာရာသားရဲသူတော်စင်တမန်တော်ရှေ့ရှိ ကြယ်တာရာသားရဲ မဟာချီရှန်း ၅ယောက်ကို ချိန်ရွယ်လိုက်တော့သည်။
” မကောင်းတော့ဘူး မြန်မြန် ”
နောက်ဆုတ်ဟူသော စကားလုံးကို မပြောရသေးခင် မဟာချီရှန်း ကြယ်တာရာသားရဲချီရှန်း ၅ယောက်လုံးက နေရာမှာပင် ချက်ချင်း အသတ်ခံလိုက်ရ၏။ သူတို့က ၁၀ပိုင်း ကွဲထွက်သွား၏။
ဖုန်း။
ဓါးမော့ရောင်ခြည် အဟုန်က မလျော့သွားပေ။ သူတော်စင်တမန်တော်နောက်ရှိ ကျောက်နံရံဆီသို့ တိုးဝင်သွားလျက် နက်ရှိုင်းသည့် ဓါးမော့ရာ ၅ရာ ဖန်တီးကာ ဖုန်တုံးသို့ လေထဲပြည့်သွားစေသည်။
ဂလု။
ကြယ်တာရာသားရဲ သူတော်စင်တမန်တော်က တံတွေးမြိုချလိုက်သည်။
ယဲ့ရှောင်က သိပ်ကို သန်မာလွန်းတယ်။ သူ သန်မာလွန်းလို့ ကြယ်တာရာသားရဲသူတော်စင်တမန်တော်တောင် မတုန်ယင်ပဲ မနေနိုင်ဘူး။ လူသားမျိုးနွယ်စုက ဘယ်အချိန်ကစပြီး ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ရှိသွားတာလဲ။ သူ့အကြောင်း ဘယ်လိုလုပ် မကြားဖူးရတာလဲ။
” သူတော်စင်တမန်တော် ”
” လူသား ရာရာစစ ”
ဝေါင်း။
တစ်ဖက်ကြယ်တာရာသားရဲများကလည်း ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။ သူတော်စင်တမန်တော်က သူတို့ ခေါင်းဆောင်ဖြစ်သည်။ ယဲ့ရှောင်က သူတော်စင်တမန်တော်ကို တိုက်ခိုက်ခဲ့လျှင် သူတို့၏ အောက်ခြေစည်းကို ဖောက်ဖျက်တာပဲ ဖြစ်၏။
သူတို့က သူနှင့် မယှဥ်နိုင်မှန်း သိခဲ့လျှင်တောင် ယဲ့ရှောင်ကို သူတို့၏ သူတော်စင် တမန်တော်ကို ထိခိုက်အောင် လုပ်ခွင့်မပေးနိုင်ပေ။
ချောက်ကမ်းပါးတစ်ခုလုံး၌ ကြယ်တာရာသားရဲများ၏ ဟိန်းသံများသာ ပျံ့နှံ့နေလေ၏။ နားဆူစေသော အသံဖြစ်စေကာ နားစည်ကို နာကျင်စေ၏။
အပိုင်း ၁၂၆ ပြီး၏။