Switch Mode

Chapter – 10

အမဲရောင် ဖန်သားပြင်

အပိုင်း (၁၀) အမဲရောင် ဖန်သားပြင်

စုရှောင်ရှန် အိပ်ယာပေါ်မှ ထခုန်လိုက်သည်။

၁၇၀၀၀။

ပင်ကိုယ်မှတ် (၁၇၀၀၀) ဟုတ်၍လားဟု သူ သေချာအောင် ပြန်စစ်ကြည့်လိုက်သည်။

“ငါချမ်းသာပြီ။ ငါချမ်းသာပြီကွ…”

“အမှတ်မရတဲ့ ထိုးချက်တွေကို ဘေးဖယ်လိုက်မယ်ဆိုရင် လက်သီးတစ်ချက်က တစ်မှတ်ပေးတယ်။ ဒါဆို ပင်ကိုယ်မှတ် (၁၇၀၀၀) ရဖို့ ငါ ဘယ်နှစ်ချက်တောင် အထိုးခံလိုက်ရတာလဲ”

‌‌နောက်စေ့ကို ပွတ်လိုက်ပြီး “ဘယ်လိုတောင် သနားစရာကောင်းတဲ့ ငါ့ဘ၀လဲ”

သူဤကမ္ဘာသို့ကူးပြောင်းလာပြီးသည်ပင်မကြားသေး ပင်ကိုယ်မှတ်များရရန်သူ၏ ခန္ဓာကိုယ်ကို စတေးလိုက်ရ၏။

ရှက်စရာကောင်းလှသည်။

သို့သော် ဂဏာန်း (၅) လုံးရှိနေသော ပင်ကိုယ်မှတ်များအား ကြည့်လိုက်သော် သူစိတ်သက်သာရာ ရသွားသည်။

အိုး… ကောင်းလိုက်ပေစွ။

“စိတ်လျော့။ စိတ်လျော့”

အိပ်ယာ ခေါင်းရင်း၌ ထိုင်နေရင်း စုရှောင်ရှန် စိတ်ကိုလျော့လိုက်သည်။ သို့သော် သူ့လက်များက သစ္စာဖောက်ကာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေ၏။

ယခုမှ အစသာရှိသေးသည်။ ဤ ပင်ကိုယ်မှတ် (၁၇၀၀၀) ဖြင့် ကံစမ်းမဲ ဘီးမှ မည်သည်အား ရနိုင်သည်ကို ကြည့်ရဦးပေမည်။

စိတ်လှုပ်ရှားခြင်းနှင့် ဂနာမငြိမ် ခြင်းတို့က သူ၏ အကြိုက်ဆုံးများဖြစ်သည်။

စုရှောင်ရှန် [ဈေးဆိုင်] ကိုဖွင့်လိုက်သည်။ [ဈေးဆိုင်] အတွင်းရှိ စင်ပေါ်မှ ပစ္စည်းနှစ်ခု အရောင်မဲ့မနေတော့ဘဲ လင်းလာလေသည်။ ၎င်းတို့အား သူ၀ယ်ယူနိုင်ခြင်းကို ဆိုလိုသည်။

“ဟမ်… ပစ္စည်း အသစ်ရောက်လာပါလား”

ထို့နောက် အရောင်မဲ့နေသော တတိယ အရာကို သူ‌တွေ့လိုက်သည်။

“ဘယ်တုန်းကည်းက ပေါ်လာတာလဲမသိဘူး”

စုရှောင်ရှန် သိချင်သွားပြီး ၎င်းကို နှိပ်ကြည့်လိုက်သည်။

[အဆင့် (၂) စွမ်းရည်အမှတ် (ဈေးနှုန်း : ပင်ကိုယ်မှတ် ၅၀၀၀)]

(၅၀၀၀) တောင်ဟ။

ဈေးနှုန်းကို အရင်ကြည့်ကာ စုရှောင်ရှန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ‌နောက်မှ [အဆင့်(၂)] ဟူသည့် စကားလုံးကို တွေ့လိုက်၏။

သူ၏ ပင်ကိုယ်စွမ်းရည်များထဲ၌ ဤ [အဆင့်(၂)] ဟူသည့်အရာကိုက်ညီသည်မှာ စစ်မှန်ခြင်းနယ်ပယ် ခွန်အား သာရှိသည်။

“ဆိုတော့ ဒီ အဆင့်(၂) စွမ်းရည်အမှတ်ကို သုံးမှ [ခွန်အား] ကို အဆင့်မြှင့်နိုင်တော့မှာလား”

“ဒါဆို စစ်မှန်ခြင်းနယ်ပယ် ရောက်သွားတဲ့ ပင်ကိုယ်စွမ်းရည်တွေကို သာမန် စွမ်းရည်မှတ်တွေနဲ့ အဆင့်မြှင့်လို့မရ တော့ဘဲ ဒီ အဆင့်(၂) စွမ်းရည်မှတ်ကို သုံးရမယ်ပေါ့လေ။ အဓိပ္ပာယ်ရှိပါတယ်”

စုရှောင်ရှန် ၎င်း၏ အသုံးပြုမှုကို ခန့်မှန်းကြည့်လိုက်သည်။ သို့သော် အဘယ်ကြောင့် သူ့တွင် ၀ယ်ယူရန် လုံလောက်သော ပင်ကိုယ်မှတ်ရှိရက်နှင့် ၎င်းက အရောင်မဲ့နေသေးသနည်း။

“ငါ့မှာ ပင်ကိုယ်မှတ်တွေ အလုံအလောက်ရှိပါတယ်ဟ”

“(၅၀၀၀) ဆိုတော့ ငါ့ ပင်ကိုယ်မှတ် (၁၇၀၀၀) နဲ့ ဒီ အဆင့်(၂) စွမ်းရည်မှတ် (၃) ခုတောင် ၀ယ်လို့နေတာကို”

“…”

“သေလောက်အောင်အရိုက်ခံလိုက်ရတာတောက် နောက်ဆုံး ငါတတ်နိုင်တာက အဆင့်(၂) စွမ်းရည်မှတ် (၃) မှတ်တဲ့လေ” ဤသို့ စဉ်းစားကြည့်လိုက် သော် စုရှောင်ရှန် ငိုချင်သွားသည်။

အသစ်ပေါ်လာသည့် အဆင့်(၂) စွမ်းရည်မှတ်က သူ့တွင်မဖြစ်စလောက်လေးရှိသော မာနကို နှိမ်ချ သွားစေ၏။

“ကြည့်ရတာ စနစ်က ငါ့ကျင့်ကြံခြင်း အဆင့်နဲ့ တိုက်ရိုက် ပတ်သက်နေတာဖြစ်ရမယ်။ ဒီတော့ ဒီ အဆင့်(၂) စွမ်းရည်မှတ်ကို ငါ့စိတ်ဝိညာဉ်ကျင့်ကြံခြင်း စစ်မှန်ခြင်းနယ်ပယ် ရောက်မှ ၀ယ်လို့ ရမယ်ပေါ့လေ”

သူ့ခန့်မှန်းချက်များ မှန်ကန်သည်ဟု စုရှောင်ရှန် ခံစားလိုက်ရသည်။

အကယ်၍ ဤသို့သော ကန်သန့်ချက်မျိုး မရှိပါက [ခွန်အား] ထဲသို့ စွမ်းရည်မှတ်များ ဆက်တိုက်ထည့်၍ဘဲ သူတော်စင် သို့မဟုတ် နတ်ဘုရား တစ်ပါး သူမဖြစ်သွားနိုင်ပေဘူးလော။

ထို အတွေးအခေါ် မှန်ကန်သည်ဟု သူ ယူဆလိုက်သည်။

သစ်သားစည်ပိုင်းအတွေးအခေါ်ရ ပြောရမည်ဆိုလျှင် စည်ပိုင်း၏ ၀င်ဆံ့နိုင်မှုသည် ၎င်း၏ အတိုဆုံး သစ်သားပြားပေါ်၌မူတည်နေသည်။ ဤအတွေးအခေါ်သည် သစ်သားရှည်‌‌ချောင်းအပေါ်၌ အခြေမခံပေ။

ခြင်္သေ့တစ်ကောင်ကဲ့သို့ခွန်အားနှင့် ယုန်တစ်‌ကောင် တကယ့် ခြင်္သေ့ကို အနိုင်ယူနိုင်မည်လော။

၎င်းမှာ ဖြစ်နိုင် ချေရှိသော်လည်း အများစု၌ ခြင်္သေ့အားတွေ့သည်နှင့် ယုန်က အလိုလို ထွက်ပြေး ပေလိမ့်မည်။

သို့မဟုတ်ပါကလည်း ၎င်း၏ အကန့်အသတ်ရှိသော ခန္ဓာကိုယ်ကြောင့် ခြင်္သေ့ ပါးစပ်ထဲရောက်ရမည်သာ။

“အဓိပ္ပာယ်ရှိတယ်…”

စုရှောင်ရှန်ထိုမျှ တွေဝေမနေပါချေ။ ထို့ပြင် ယခုလည်း [ခွန်အား] အား ဆက်လက် အဆင့်မြှင့်တင်ရန် ရည်ရွယ်ချက်မရှိပေ။ သူ၏ လက်ရှိ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်က လုံလောက်၏။

ဆိုရသော် သူ့ရှေ့တွင် လမ်းအရှည်ကြီး ရှိသေးသည်။ [ခွန်အား] စွမ်းရည် တစ်ခုတည်းသာ အားကိုး၍ သူ မမိုက်ချင်ပေ။ သူ၏ စွမ်းရည်များကို ရသလို ချဲ့ထွင်သင့်သည်။

ယခု သူ့တွင် ပင်ကိုယ်မှတ် (၁၇၀၀၀) ရှိရာ (၁၀) ကြိမ်ဆက်တိုက် ကံစမ်းရန် ဆုံးဖြတ်လိုက်သည်။

“ဟီးဟီး”

လက်နှစ်ဖက်ကို ပွတ်ပြီးနောက် ပင်ကိုယ်သော့(၁၀) ချောင်းကို မတုန့်ဆိုင်းပဲ ဝယ်လိုက်သည်။

[ပင်ကိုယ်မှတ် : ၇၆၀၀]

သူ ပင်ပင်ပန်းပန်းရှာထားရသည့် ပင်ကိုယ်မှတ် (၁၀၀၀၀)ကျော် ပိုင်ဆိုင်မှုထဲမှ ထွက်ခွာသွားခြင်းကြောင့် နှလုံးထဲ၌ စူး ဆူးသလို ခံစားလိုက်ရသည်။ သို့သော် စွမ်းရည် အသစ် ရလောက်သည်ဟူသော မျှော်လင့်ချက်ဖြင့် သူ့ ကိုယ်သူ ဖြေသိမ့်လိုက်၏။

ထို့ပြင် သူ့တွင် ပင်ကိုယ်မှတ် (၇၀၀၀) တောင်ကျန်သေးရာ စွမ်းရည်အသစ်တစ်ခုခု ရပါက ၎င်းအား ချက်ချင်း အဆင့်(၈) သို့ရောက်သွားအောင် အဆင့်မြှင့်တင်ဖို့ လုံလောက်၏။

သူ ယခင်တစ်ခေါက်က (၃) ကြိမ်မြှောက်… အဲ… (၄) ကြိမ်မြှောက်ဖြင့် [ခွန်အား] ကို ရခဲ့ရာ ထိုဘီးမှ ကံစမ်းမဲနှိုက်ရာတွင် စွမ်းရည်ရရှိနိုင်သည့် အခွင့်အရေး ပိုမိုများပြား ကြောင်းကို ပြသနေသည်။

ယခင်တစ်ခေါက်အတိုင်း စုရှောင်ရှန် သော့ဆယ်ချောင်းစလုံးကို ဘီး၏ အခြေရှိ မြူခိုးများထွက်နေသော သော့ပေါက်ထဲ ထည့်လိုက်သည်။ သော့များအားထည့်နေစဉ် အသိပေး ဖန်သားပြင်အား သူမကြည့်ရဲချေ။

ဘီးထဲသို့ သော့တစ်ချောင်းထည့်ပြီး ၎င်းပျောက်ကွယ်သွားသည်အထိ စောင့်ပြီးမှ နောက်တစ်ချောင်းထည့်၏။ ထိုစဉ် စုရှောင်ရှန်၏ နှလုံးခုန်သံကို တိတ်ဆိတ်ငြိမ်သက်နေသော ဤအခန်းလေးအတွင်း၌ သဲ့သဲ့လေးကြားနိုင်၏။

“အာအင်ဂျီးဆက် မစပါ” နောက်ဆုံးသော့တစ်ချောင်း ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် စုရှောင်ရှန် လက်အုပ်ချီ၍ ဆုတောင်းလိုက်သည်။ ထို့နောက် လေထဲ၌ တရုတ် (၈)ထောင့် အစီအရင်ကို လက်ဗလာဖြင့် စိတ်ကူးယဉ် ‌ဆွဲလိုက်သည်။ အသိပေးချက်ဖန်သားပြင်အား ထို အရာများလုပ်ပြီးမှ ဖြေးဖြေးချင်း ကြည့်လိုက်၏။

[နောက်တစ်ကြိမ် ကံကောင်းပါစေ]

[နောက်တစ်ကြိမ် ကံကောင်းပါစေ]

[နောက်တစ်ကြိမ် ကံကောင်းပါစေ]

[နောက်တစ်ကြိမ် ကံကောင်းပါစေ]

[နောက်တစ်ကြိမ် ကံကောင်းပါစေ]

ဖူးးးး

စုရှောင်ရှန် နာထင်သွေးကြောတက်ပြီး သွေးပွက်ပွက်အန်ကာ အိပ်ယာပေါ် လဲကျသွားသည်။

အသိပေးချက် ဖန်သားပြင်က သူ့ကို (၅) ကြိမ်တိတိ ဆက်တိုက် စိတ်ပျက်စရာတွေပေးလိုက်၏။

“ငါ့ စွမ်းအား အကုန်သုံးမယ်ကွ”

သူ့လည်ချောင်းထဲမှ နှလုံး ထွက်လာမတတ် အော်လိုက်သည်။ နောက် စိတ်ကိုလျော့၍ ဓာတ်ကျနေရင်းမှ အသိပေးချက်ဖန်သားပြင်ကို ငုံ့ကြည့်လိုက်၏။

[နောက်တစ်ကြိမ် ကံကောင်းပါစေ]

[နောက်တစ်ကြိမ် ကံကောင်းပါစေ]

[ပင်ကိုယ်သော့တစ်ချောင်းရရှိပါသည်]

[တိုးချဲ့ပင်ကိုယ်စွမ်းရည် : ချွန်ထက်ခြင်း ရရှိပါသည်]

[နောက်တစ်ကြိမ် ကံကောင်းပါစေ]

ဖက်

စုရှောင်ရှန်၏ အားပြင်းသော ရိုက်ချက်မှ ‘ဖက်’ ဟူမြည်သံဖြင့် ကုတင် ခေါင်းစီး နှစ်ခြမ်းကွဲမတတ်ဖြစ်သွား၏။

တစ်ခုတော့ရတယ်။

တစ်ခုတော့ရလိုက်တယ်။

စုရှောင်ရှန် ၀မ်းသာသွားသည်။ ကံစမ်းမဲမှ စွမ်းရည် (၂) ခု တစ်ခါတည်း ရလိမ့်မည်ဟု သူ‌မမျှော်မှန်းရဲတော့ချေ။ သူ့စိတ်ဤလောက်မမာပေ။

သို့သော် [နောက်တစ်ကြိမ် ကံကောင်းပါစေ] (၁၀) ခါ ဆက်တိုက်ရမှာကို သူပိုကြောက်၏။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက သူ ရူးသွားလောက်သည်။

ချွန်ထက်ခြင်းဆိုပါလား။

နာမည်ကို ကြားလိုက်သည်နှင့် ၎င်းတွင်မည်သည့် အကျိုးသက်ရောက်မှုရှိကြောင်း သူ သိလိုက်သည်။

[အသက်ရှူခြင်းနည်းစနစ်] နှင့် [ခွန်အား] တို့မှ စနစ်၏ ပင်ကိုယ်စွမ်းရည် နာမည်များမှာ အထင်ကြီးလောက်စရာမကောင်းသော်လည်း အံ့မခန်း အကျိုးသက်ရောက်မှု ရှိကြောင်းကို သိလိုက်၏။

အကျိုးသက်ရောက်မှုများက နာမည်နှင့်လည်း လိုက်ဖက်သည်။

ချွန်ထက်ခြင်း…

မည်သို့ အကျိုးပေးမည်နည်းကို သိနိုင်သည်။

၎င်းမှာ တိုးချဲ့ ပင်ကိုယ်စွမ်းဖြစ်သောကြောင့် သူ့လက်ထဲ၌ ကိုင်ထားသော တိတ်တခိုး နာကျင်ခြင်းကို ပိုချွန်ထက်အောင် လုပ်ခြင်းထက် သူ့ခန္ဓာကိုယ်ကို ပိုချွန်ထက်အောင် လုပ်လို့ရခြင်းဖြစ်မည်။

သို့သော် မည်သည့်အစိတ်ပိုင်းချွန်ထက်သွားပါသနည်း။

သွားလော။

ဆံပင်လော။

ခြေချာင်းကလေးများလော။

စုရှောင်ရှန် မခန့်မှန်းနိုင်သောကြောင့် ဂျင်းမိသွားပြီ လောဟု သင်္ကာမကင်း ဖြစ်သွားတော့သည်။

သူ့လက်‌ချောင်းများကို ဆန့်ထုတ်လိုက်ပြီး လက်သည်းများကို သေချာ ဆန်းစစ်ကြည့်လိုက်၏။

ကြည့်ရသည်မှာ သူ့လက်သည်းများ အနည်းငယ် ရှည်သွားဟန်ရသည်။ သို့မဟုတ် သူစိတ်ထင်နေခြင်းပေလော။

မပြောနိုင်ချေ။

စုရှောင်ရှန် လက်သည်း(၁၀) ချောင်းလုံးအား ဆန့်ထုတ်ပြီး မြေပြင်ပေါ်သို့ ဆိုက်ချလိုက်သည်။

အသက်ရှူသွင်းသံ*

‌ချက်ချင်း လက်ချောင်းများ မှ အာရုံခံ ဆဲလ်များက နာကျင်မှုကို ထောက်လှမ်းရရှိပြီး သူ့ဦးနှောက်အား သတင်းပို့လိုက်၏။

မြေပြင်၌ အပေါက် (၄) ပေါက်ပေါ်လာခဲ့သည်။

ဒါ…။

ဒါ ချွန်ထက်မှုမဟုတ်ပေ။

၎င်းသည် [ခွန်အား] ဖြစ်၏။ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ဖြင့်လာသော အရာတစ်ခုဆိုလည်း မမှားပေ။

စုရှောင်ရှန် အတွေးထဲ နစ်သွားပြီး ရုတ်တရက် အလွန်ကြီးမားသည့် ပြဿကို သတိထားမိလိုက်သည်။ ပင်ကိုယ်စွမ်းရည်များ ထပ်နိုင်သည်လော။

ဤအတွေးကြောင့် သူ မျက်ရည်များဝဲလာ၏။

“ချီးပဲ။ စနစ်။ ငါ ပင်ကိုယ် မှတ်(၁၀၀၀၀) တောင် သုံးလိုက်တာ တောင်လေ”

“နေဦး နေဦး”

“အရင်ဆုံးကောက်ချက်တွေ ချမနေနဲ့ဦး။ စနစ်လည်း ဒီလောက် ယုတ်မာတာတော့ မလုပ်လောက်ဘူး” စုရှောင်ရှန် ဤသို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

သို့သော် သူ‌‌သေခြာ စဉ်းစားကြည့်သော်် [ခွန်းအား] ကို ဆွဲနိုင်လျှင် [စွမ်းအား] ကိုရော မဆွဲနိုင်ပေဘူးလော။ ထိုနည်းတူစွာ [ချွန်ထက်ခြင်း] ကို ဆွဲ နိုင်လျှင် အနာဂါတ်၌ [ထိုးဖောက်ခြင်း] ကို မဆွဲနိုင်ပေဘူးလော။

ဤကြောက်မက်ဖွယ်ရာ အတွေး အခေါ်များကို သူ့ခေါင်းထဲမှ ထုတ်လိုက်၏။

“မဟုတ်လောက်ပါဘူး”

“တကယ် မဟုတ်လောက်ပါဘူးဟ”

မဟုတ်လျှင် ဖြစ်နိုင်ချေတစ်ခုတည်းသာ ရှိတော့သည်။

စုရှောင်ရှန် ဖန်သားပြင် [အမှတ်စဉ် (၂)] အပိုင်းကို ကြည့်လိုက်သည်။

[တိုးချဲ့ပင်ကိုယ်စွမ်းရည် : ခွန်အား (စစ်မှန်ခြင်းအဆင့်-၁) : ချွန်ထက်ခြင်း (စတင်ခြင်း အဆင့်-၁)]

“စတင်ခြင်းအဆင့်(၁) တဲ့။ အဆင့်တအားနိမ့်နေလို့နေမှာ” စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် ပြန်၍ အကြံပေးလိုက်သည်။

[ခွန်အား] နှင့်တုန်းကလည်း အဆင့်အလွန်နိမ့်သည့်အတွက် သူ ရှုံ့ချခဲ့သည်မဟုတ်ပါလား။ စတင်ခြင်းအဆင့်မှ စစ်မှန်ခြင်းအဆင့်သို့ အဆင့်မြှင့်ပြီးသည့်အခါမှသာ ၎င်း၏ ကြောက်မက်ဖွယ်ရာ စွမ်းပကားကို မြင်ရခြင်းဖြစ်သည်။ ထို့ပြင် စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်(၅) မှ စုရှောင်ရှန်ကိုပင် အဖွဲ့လိုက် ပြိုင်ပွဲ၌ အနိုင်ရ ဗိုလ်ဆွဲသွားအောင် ကူညီပေးလိုက်သေးသည်။ [ချွန်ထက်ခြင်း] လည်း ထိုသို့ မစွမ်းဆောင်နိုင်ဟု မပြောနိုင်ချေ။

“အဆင့် အတော်အသင့်မြှင့် ပြီးမှ [ချွန်ထက်ခြင်း] လည်း ပို အကျိုးသက်ရောက်မှုများလာမယ်ထင်တယ်”

စုရှောင်ရှန်သူ၏ ပင်ကိုယ်မှတ်လက်ကျန်ကို ကြည့်လိုက်သည်။

“ဘီးကိုဆက်လှည့်ရလား”

“ဒါမှမဟုတ် [ချွန်ထက်ခြင်း] ကိုပဲ အဆင့်မြှင့်ရမလား”

“အိုး… ဟုတ်သား။ ငါ့မှာ သော့တစ်ချောင်းကျန်သေးတာပဲ”

(၁၀) ကြိမ်ဆက်တိုက် ဘီးလှည့်ခြင်းမှ သော့အပို တစ်ချောင်း ရထားသည်ကို သူသတိရလိုက်၏။ ထိုသော့အား အရင်ဆုံးသုံးရန် ဆုံးဖြတ်လိုက်သည်။

အနီရောင်ဘီး၏သော့ပေါက်ထဲသို့ သော့အား ခပ်ပြင်းပြင်း ထိုးထည့်ပြီး လှည့်လိုက်သည်။

ထို့နောက် သော့ကလေး အလင်းမှုန်များအဖြစ် တစ်စတစ်စ ပျောက်ကွယ်‌ သွား၏။ သို့သော် [ချွန်ထက်ခြင်း] အား မည်သို့ အသုံးပြုရမည်နည်းဟု အတွေးနစ်နေသောကြောင့် ဤအရာကို သူ လစ်လျူရှူထား၏။

သော့လုံးလုံးပျောက်ကွယ်သွားသည့်အချိန် စုရှောင်ရှန်တစ်ယောက် အသိပေးချက်ဖန်သားပြင်ကိုပင် မကြည့်ရသေး ချက်ချင်း သူ့ အမြင်အာရုံတစ်ခုလုံး မဲမှောင်သွားလေတော့သည်။

“ဘာဖြစ်နေတာလဲဟ”

စုရှောင်ရှန် လန့်ဖြန့်သွားသည်။

“ဘယ်ကြည့်ကြည့် အမဲရောင်ချည်းပဲ… မဟုတ်မှ လွဲရော အမဲရောင် ဖန်သားပြင်ကြီးလား”

Comment

Leave a Reply

Options

not work with dark mode
Reset