Switch Mode

Chapter – 8

စုရှောင်ရှန် ငါတို့ ရှိတယ်

အပိုင်း (၈) စုရှောင်ရှန် ငါတို့ရှိတယ်

လေထဲမှ ပြိုင်ကွင်း (၁၂) ကို စောင့်ကြည့်နေသော ရှောင်ချိစွေ ဖျော့ဖျော့လေး ပြုံးလိုက်သည်။

ဤနှစ် အပြင်စည်း ဂိုဏ်းသားများထဲတွင် အရည်အသွေးမြင့်မားသော ပြိုင်ပွဲ၀င်များ ပါရှိ၏။ စုရှောင်ရှန်နှင့်ဆိုလျှင် စစ်မှန်ခြင်းအဆင့် ကျင့်ကြံသူ (၃) ယောက် သူ တွေ့ရှိပြီးဖြစ်သည်။

ဤ စုရှောင်ရှန်ဆိုသည့်သူတွင် စစ်မှန်ခြင်းနယ်ပယ် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရှိသည်။ ၎င်းသည် ထောက်လှမ်းရန် အလွန် ခက်ခဲသလို ရှားလည်းရှားသည်။

အကယ်၍ ဖျော့တော့သော စစ်မှန်ခြင်းနယ်ပယ် အရှိန်အဝါ နှစ်ကြိမ်မျှ ပေါ်မလာပါက သူလည်း သတိထားမိမည် မဟုတ်ချေ။ သူသည်ပင် အရူးလုပ်ခံလိုက်ရ၏။

ဒီကောင်လေး… ဘယ်လိုပြောမလဲ… ထူးဆန်းတဲ့ ပါရမီပါတာပဲ။

ပြိုင်ကွင်းထဲ၌…။

စုရှောင်ရှန်၏ စကားကို ကြားပြီးနောက် ပြုင်ပွဲ၀င်အများအပြား စိတ်လွတ်သွားကြသည်။

စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၅) ကျင့်ကြံသူတစ်ဦးသည် ဤသို့ စကားမျိုးပြောရဲသည်လော။

မင်းရဲ့ ခန္ဓာကိုယ်က ဒီနေရာမှာ ပြိုင်ဘက်ကင်းနေတာနဲ့ စစ်မှန်ခြင်းနယ်ပယ် ကိုရောက်နေပြီလို့ မဆိုလိုဘူးကွ။

“ငါမခံစားနိုင်တော့ဘူး။ ဒီကောင် တကယ် အရိုက်ခံ‌ချင်နေတာ”

“ကြည့်ရတာ လူတစ်ယောက်တည်းက မင်းအလိုကို မဖြည့်နိုင်ဘူးထင်တယ် ရတယ်လေ ဒီလိုဆိုမှတော့ ဝိုင်းပြီး ဒီဒူးမခိုင်တဲ့ကောင်ကို သမကြရအောင်”

“ညီအကိုတို့ … ချ”

ပြိုင်ပွဲ၀င်အယောက် လေးငါးဆယ်လောက် တစ်ချိန်တည်း စုရှောင်ရှန်ကို ခုန်အုပ်လိုက်ကြသည်။ တစ်ချို့က လက်သီးလက်မောင်းများမြှောက်ထားကြပီး၊ တစ်ချို့က ဓားများကိုင်ဆိုင်ထားကြသည်။ ချောင်းမြောင်းတိုက်ခိုက်ရန် အနောက်မှ တိတ်တိတ်လေး လိုက်လာသော သူများလည်းရှိ၏။

စုရှောင်ရှန် သူ့ထံ သတ်ဖြတ်ချင်စိတ်များဖြင့် ပြေး၀င်လာသော လူအုပ်ကြီးကို တွေ့လိုက်သော် ခြေထောက်များ ပျော့ခွေကျသွား၏။ သူတို့၏ နက်မှောင်နေသော မျက်နှာထားများအမှာ အလွန်ကြောက်မက်ဖွယ် ကောင်းနေပေသည်။

သို့သော် အံကိုကြိတ်၍ ထို လူအုပ်ကြားထဲသို့ ပြေး၀င်သွားလိုက်၏။ ထို့ပြင် ပြေးနေရာမှာ သတ္တိ ရှိလာအောင်လည်း အသံပြဲကြီးဖြင့် အော်လိုက်သေးသည်။

“မင်းတို့က ယောက်ျားတွေဆို လက်သီးပဲသုံးကြ‌။ သတ္တိရှိရင် ဓားကိုင်ထားတဲ့လူတွေ လက်ထဲက ဓားကို ပစ်ချလိုက်”

ဘုန်း ဘုန်း…။

လူအုပ်ကြားထဲ စုရှောင်ရှန် ရောက်သွားသည်နှင့် ပရမ်းပတာ တိုက်ပွဲစတင်လိုက်တော့သည်။ ဤ အချင်းအရာကိုမြင်သော် ပွဲကြည့်စင်မှ စုရှင်းရှင်း စိုးရိမ်သွားပြီး ဘေးမှ ယောင်ယင်ယင်၏ အင်္ကျီအနီစတိုကို သွားဆွဲလိုက်၏။

“သူက သတိတော့ ရှိသားပဲ” စုရှောင်ရှန် ဝိုင်း၍ ဆွမ်းကြီးလောင်းခံနေရသည်ကို မြင်လျှင် ယောင်ယင်ယင် ရယ်သံ သဲ့သဲ့‌ကလေးဖြင့် မှတ်ချက်ချလိုက်သည်။

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၄ ]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၄ ]

“…”

အသိပေးချက်များစုရှောင်ရှန်၏ စိတ်ထဲ၌ အဆက်မပြတ် ပေါ်လာနေ၏။ စုရှောင်ရှန်လူအုပ်ထဲ ရောက်သွားသည်နှင့် တစ်ကိုယ်လုံး လစ်ရာ မရှိ အထု အထောင်းခံလိုက်ရသည်။ ထိုကြားထဲမှ ဓားကိုင်ထားသည့်သူများအား လက်သီးဖြင့် ထိုး၍လည်းကောင်း ခြေထောက်ဖြင့် လည်းကောင်း ပြိုင်ကွင်းထဲမှ ကန်ထုတ်ပစ်လိုက်၏။

သူ ဓား၊ ဓားမြှောင်၊ ဓားရှည် ကိုင်ထားသော သူများဖြင့် တိုက်ခိုက်ခြင်း မပြုလိုပေ။

“လခွမ်း… ငွေအပ်ပစ်ပြီး ချတဲ့ကောင်တောင်ရှိတယ်ဟ”

“မင်းတို့ လက်နက်သုံးတဲ့ကောင်တွေ ထွက်သွားကြစမ်း”

“ငါပြိုင်ကွင်းထဲမှာ လက်သီးပဲသုံးရမယ်”

“လက်သီးအချက် (၁၀၀၀) လောက်ကို ငါ့စစ်မှန်ခြင်းအဆင့် ခန္ဓာကိုယ်နဲ့ အသာလေး ခံနိုင်တယ်။ ဒါပေမယ့် စိတ်ဝိညာဉ်အဆင့်မဟုတ်တဲ့ ဓားနဲ့ ခုတ်ခံရ‌ရင်တောင် သွေးထွက်တယ်ကွ”

“အဲ့တော့ မင်းတို့ လက်နက်ကိုင်တဲ့ကောင်တွေအားလုံး ငါ့ပြိုင်ကွင်းကနေ ထွက်သွားကြစမ်း”

စုရှောင်ရှန် ပြိုင်ကွင်းတစ်လျှောက် လက်နက်ကိုင်ဆောင်ထားသူများအား အထိုးခံရနေရင်းမှ လိုက်လံ ရှင်းပစ်လိုက်သည်။ သို့ဖြင့် သူတို့၏ တိုက်ပွဲ မကြပ်တော့ဘဲ ကျယ်သွား၏။ တစ်ချိန်တည်းမှာပဲ ထိုးသည့် လက်သီးချက်တိုင်း သူ့ကိုထိအောင်လည်း ပုံစံ အမျိုးမျိုး ပြောင်းကာ အထိုးခံနေ သေးသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်မှာ အလွန်သေးသည့်အတွက် ထို ပြေး၀င်လာသော လူလေးငါးဆယ်ထဲမှ ဆယ်ယောက် ကျော်ကျော်လောက်သာ သူ့ကို ထိအောင် ထိုးနိုင်လေသည်။

သို့သော် စုရှောင်ရှန်ထံ ဤအတွက် ဖြေရှင်းချက်ရှိသည်။ သူ့ကို လွဲသွားသည့် လက်သီးချက်များ ထိအောင် လိုက်ထိုင်၍၊ တွားသွား၍၊ ခုန်၍ အမျိုးမျိုး လုပ်ဆောင်နေ၏။ ထို့ပြင် လူတိုင်း သူ့အား ထိအောင်ထိုးနိုင်မည့် နည်းမျိုးစုံကိုပင် စမ်းသပ်ကြည့်လိုက်သေး၏။

သူ၏ အဓိက နေရာများကို အာရုံစိုက် ကာကွယ်ထားသည့်အတွက် ဤထိုးချက်များအား သူစိတ်ပူစရာမလိုပေ။

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၁]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၂၂]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၃၃]

ပင်ကိုယ်မှတ်များ ရရှိကြောင်း အသိပေးချက်များ သူ့စိတ်ထဲ ပလူပျံသွားသည်။ (၁၀) မှ စ၍ တဖြည်းဖြည်း (၂၀) သို့နောက် (၃၀) အစရှိသဖြင့် တိုး၍ တိုး၍ တက်သွား၏။

စုရှောင်ရှန်၏ နည်းစနစ်များလည်း တစ်စထက် တစ်စ ပို၍ ထိရောက်မှူရှိလာသည်။ တစ်ချိန်တည်းမှာပဲ သူ့ကို ဝိုင်းထိုးနေကြသည့် သူများလည်း တစ်စထက် တစ်စ ပို၍ စိတ်လှုပ်ရှားလာကြ၏။

သူတို့ ဤလူအုပ်ကြားမှ စုရှောင်ရှန်ကို မမြင်ရသော်လည်း မည်သည့် အကြောင်းကြောင့်မှန်းမသိ သူတို့၏ လက်သီးချက်များ ထိုးလိုက်တိုင်း စုရှောင်ရှန်၏ မျက်နှာဖြင့် အမြဲ မိတ်ဆက်နေသည်ဟု ခံစားနေရသည်။

စုရှောင်ရှန်၏ အသားနှင့် ထိသွားသည့် အခါတိုင်း ထူးဆန်းစွာဖြင့် ကျေနပ်မှုကို သူတို့ခံစားလိုက်ရသည်။

အလွန်ခံစားလို့ကောင်း၏။

“ဒါမှမဟုတ် မထင်ထားဘဲ ငါကိုယ်၌က ‌ဒီလောက် ကြမ်းနေတာလား” အချို့တွေးလိုက်သည်။

အချို့လူများဆိုလျှင် မျက်စိများမှိတ်၍ လက်သီးချက်များ ကျပန်း ပစ်လွှတ်နေကြသည်။ သို့ဖြင့် ထိုးလိုက်တိုင်းထိနေ၍ အလင်း‌ ပေါက်သွားပြီး ကျင့်ကြံခြင်းအဆင့်များပင် တိုးသွားကြသည်။

ဒါ… ဒါ…။

ဟင်း… ငါအဆင့်တက်သွားပြီ။

ကြီးကြပ်သူ ဤမြင်ကွင်းအားမြင်သော် ပုံရိပ်ယောင်လားဟုပင် ထင်ယောင်ထင်မှားဖြစ်သွားသည်။

စောနက သူ့အလုပ်အားမကြာခဏ ကြား၀င်ဖြတ်နေသည့် လူငယ်လေး ယခု လူတိုင်းဝိုင်း၍ ဆွမ်းကြီးလောင်းခံနေရ၍ လူပုံပင် မပေါက်‌ တော့သည်ကို ‌မြင်နေရ၏။

သူ၏ ရင်ဘက်မှာ အထဲဘက်သို့ ချိုင့်၀င်နေသလို သူ၏ တံတောင်ဆစ်လည်း လည်ထွက်သွား၏။ သူ၏ ခြေချောင်းကလေးများပင် မည်သူက ရက်စက်လိုက်မှန်းမသိ ကောက်ကွေးနေ၏။

အမှန်တကယ်က အထိုး‌ခံနေရရင်း စုရှောင်ရှန်၏ ဖိနပ်များ ကျွတ်ထွက်သွား၏။ ထို့နောက် သူ၏ ခြေချောင်းကလေးများအား သုံး၍လည်း အထိုးခံနိုင်သည်ပဲ ဟု အတွေး၀င်လာခဲ့၏။ ထို့ကြောင့် ဤသို့ဖြစ်နေခြင်းဖြစ်သည်။

ဒိုင်လူကြီး စွံ့အသွား၏။ ဒီကောင်တွေ တားမြစ်ဆေးတွေသုံးထားတာလား။ ဘာလို့‌ဒီလောက် ရက်စက်ကြမ်းတမ်းနေရတာတုန်း။

ထို့နောက် အဆင့်(၃) သာရှိသေးသည့် လူတစ်ယောက်ကို တွေ့လိုက်သည်။

“ဟမ်… အဲ့ဒီတစ်ယောက် ဘာလုပ်နေတာလဲ”

“‌ဟ… ချီး…”

“ဒီကောင် လျှောက်ထိုးနေတာအသိသာကြီးကို ဘာလို့ စုရှောင်ရှန်ရဲ့ ပုခုံးကိုသွားထိတာ”

“ဟ… အဲ့ကောင်က စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၂) နဲ့ မဟုတ်လား…”

“ဘာလဲဟ”

“ဘာလို့ ဒီလောက်အဆင့် နိမ့်တဲ့သူက အခုထိ ပြိုင်ကွင်းထဲမှာ ကျန်နေသေးတာတုန်း”

“ဘုရား ဘုရား”

သူပြောပြီးနောက် ထို အဆင့်(၂) ကျင့်ကြံသူ ပြိုင်ကွင်းအတွင်းမှ ကန်ထုတ်ခံလိုက်ရသည်။ သို့သော် စုရှောင်ရှန်ထိုလူကို ခြေထောက်ဖြင့် ချိတ်၍ ပြန်ဆွဲသွင်းလိုက်၏။

“ဘယ်လိုဖြစ်နိုင်မှာလဲဟ”

ကြီးကြပ်သူ ပြောစရာစကားများပျောက်ရှသွားသည်။

စုရှောင်ရှန် အထိုးခံရလေလေ အခြေအနေ ထူးဆန်းသည်ဟု သူခံစားရလေလေဖြစ်သည်။ အဘယ်ကြောင့် ပြိုင်ပွဲဝင်ဦးရေ လျော့နည်းသွားရသနည်း။

စုရှောင်ရှန် ပြိုင်ကွင်းအတွင်း၌ ကျန်နေဖို့ အသဲအသန်ကြိုးစားနေသည်ကို သူတွေ့သည်။ သို့သော် ထူးဆန်းစွာဖြင့် ပြိုင်ကွင်းအတွင်းရှိ ပြိုင်ပွဲဝင်ဦးရေ (၆၀) မှ (၄၀) ထိ ထိုးကျသွား၏။

ရုတ်တရက် အမှောင်ထဲ၌ ပုန်းကွယ်နေသော လူအနည်းငယ်ကို သူတွေ့လိုက်သည်။ ဤလူများက မျက်လုံးများပိတ်၍ အလင်းပေါက်ခြင်းကို ခံစားနေသောသူများကို အဓိကထား၍ ထုတ်ဖယ်ပစ်နေကြသည်။ မျက်လုံးမှိတ်ထားသော မည်သူမဆို မကြာခင် ပြိုင်ကွင်းထဲမှ ကန်ထုတ်ခံလိုက်ရ၏။

‘ချီးပဲ။ ဒီလူတွေ ငါ့ပင်ကိုယ်မှတ်တွေကို တိုက်ခိုက်ရဲတယ်’ ဟုတွေးလိုက်သည်။

စုရှောင်ရှန်သူ၏ ခန္ဓာကိုယ်အနေအထားအား ပြင်ရင်း ပြင်ရင်းဖြင့် ထို အရိပ်အတွင်းမှ လူများထံ တဖြည်းဖြည်း ချဉ်းကပ်သွားပြီး တစ်ယောက်ချင်းစီကို ကန်ထုတ်လိုက်သည်။

ဤ အကောက်ကြံသော ပြိုင်ပွဲဝင်များသည် စုရှောင်ရှန်၏ ပထမဆုံးသော ထူးဆန်းသည့် တိုက်ခိုက်ရေး ပုံစံနှင့် ထုတ်ပယ်ခံလိုက်ရ သူများဖြစ်လာသည်။

ပြိုင်ကွင်းအတွင်းမှ ကန်ထုတ်ခံလိုက်ရသော သူများ ဘာဖြစ်နေသည်ကို နားမလည်ပဲ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြ၏။ တစ်ဦးမှ အဘယ်ကြောင့် သူတို့ ထုတ်ပယ်ခံလိုက်ရမှန်း သိပုံမပေါ်ချေ။

ပုရိသတ်ပွဲကြည့်စင်တွင် ဤ မြင်ကွင်းအား မကြည့်ရဲတော့သော စုရှင်းရှင်း မျက်လုံးများကို လက်ကလေးဖြင့် ကာလိုက်၏။ ယင်ယင်ပင် ဤအခြေအနေက အလွန် ရက်စက်သည်ဟု ကောက်ချက်ချလိုက်၏။

ပြိုင်းကွင်းအတွင်း၌ ယှဉ်ပြိုင်ကြသူများ မူလအစကကဲ့သို့လူစု မနေတော့ဘဲ စတင်၍ လူစုကျဲလိုက်ကြပြီး အလွန်ကြီးမားသော ကွန်ရက် အစီအရင်ကြီးတစ်ခုဖြစ်သွားစေ၏။

ထိုအစီအရင်အတွင်းမှ တိုက်ခိုက်သည့်လူများ မည်သည်မှ ထွေထွေထူးထူး လုပ်စရာမလိုပေ။ စုရှောင်ရှန် သူတို့ထံ ပျံလာသည့်အခါ အခြားသူထံ ကန်ထုတ်လိုက်ကြ၏။

‘သနားစရာကောင်းသော’ စုရှောင်ရှန်မှာ သဲအိတ်သဖွယ် အစီအရင်တစ်လွှား ပျံသန်းနေ၏။ သူ့ခန္ဓာကိုယ်တွင် အထိုးမခံရသည့်နေရာဟူရင်ပင် မရှိတော့ချေ။

ကြီးကြပ်သူ ဤအချိန်သည် သူ၀င်တားရမည့်အချိန်ဟု ယူဆလိုက်သည်။ စုရှောင်ရှန်ကို သူကိုယ်တိုင် ၀င်ရောက် ထိုးနှက် ရိုက်ပုတ် ချင်ပါသော်လည်း သူသည် ဂုဏ်သိက္ခာရှိသည့် ကြီးကြပ်သူ တစ်ယောက် ဖြစ်သည်။ တည်တည်ငြိမ်ငြိမ်ဖြင့်သာ စည်းမျဉ်းစည်းကမ်းများကို သူကြီးကြပ်ရပေမည်။

ပြိုင်ပွဲ၀င်များအား ရပ်တန့်ရန် အော်ဖို့ သူပြင်လိုက်သည့် အချိန် ‘သဲအိတ်’ စုရှောင်ရှန်၏ မျက်နှာအမူအရာအား ရုတ်တရက် မြင်လိုက်ရသည်။

ဒါဘယ်လို မျက်နှာ အမူအရာကြီးလဲ။

စုရှောင်ရှန်၏ မျက်နှာထက်တွင် ဤ အခြေအနေကို ပျော်ပျော်ကြီးခံ နေသည့်အလား နားတက်ချိတ်မတတ် ကြောက်မက်ဖွယ်ရာ အပြုံးကြီးတစ်ခုရှိနေသည်။ သူ၏ ယောင်ကိုင်းနေသော မျက်နှာအောက်၌ ကျေနပ်နေသည့် အကြည့်မျိုးရှိနေသည်။ သူ့အားကြည့်ရသည်မှာ အလွန် သက်တောင့်သက်သာ ရှိ နေဟန်ရ၏။

ရှင်းရှင်းပြောရသော် သူ၏ ပုံစံကို ကြည့်ရသည်မှာ အရိုက်အနှက်ခံနေရသည့် သူတစ်ယောက်နှင့်ပင် မတူဘဲ အနှိပ်အနယ် ခံနေသည့် ပုံပေါက်နေသည်။

ကြီးကြပ်သူ အသေအချာ ကပ်၍ နားထောင်ကြည့်သည့်အခါ ထို ပျံလွှားနေသော သဲအိတ်၏ ပါးစပ်မှ အဆက်မပြတ် စကားပြောသံကိုကြားလိုက်ရလေသည်။

“ကောင်းလိုက်တာ”

“သတ္တိရှိရင်ငါ့ကို နာနာထိုးလိုက်”

“မြန်မြန်ထိုးကြကွာ။ တစ်စက္ကန့်အတွင်း ငါ့ကို အချက် (၁၀၀၀) လောက်ထိုးနိုင်ရင်အကောင်းဆုံးပဲ”

“ချီး။ အဲ့နေရာကို မကန်နဲ့ဟ”

ကြီးကြပ်သူ ‌စွံ့အသွားသည်။

ဤရက်စက်ကြမ်းတမ်းသည့် အခြေအနေကို တားရန် မြှောက်ထားသည့် လက်ကို ပြန်ချလိုက်ပြီး တိတ်တဆိတ်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

ကြည့်ရတာ ဒီကောင် ငါ့အကူအညီတောင်မလိုဘူးထင်တယ်။

တုန်…။

အဝေးမှ ရှေးဟောင်း စည်တီးသံကြီး တဖန် ပဲ့တင်သံထပ်လာရာ သဲအိတ်ကို စိတ်နှစ်၍ ရ်ိုက်နှက်နေကြသောသူများအားလုံး ထိတ်လန့်သွားကြပြီး နောက်သို့ ခုန်ဆုတ်လိုက်ကြသည်။ ထိုပဲ့တင်သံနောက်မှ ရှောင်ချိစွေ၏ “အဖွဲ့လိုက်ပြိုင်ပွဲပြီးဆုံးရန် (၁) နာရီသာ လိုတော့သည်” ဟူသည့် အသံကြီးကပ်၍ပါလာ၏။

ယခုမှ ပြိုင်ကွင်း(၁၂) အခြေအနေကြောင့် ဤစည်းကမ်းအား သူထုတ်လိုက်ခြင်းဖြစ်သည်။

သို့ပြင် အခြား ပြိုင်ကွင်းများအားလုံး၌ တိုက်ပွဲများပြီးဆုံးသွားပြီးဖြစ်သည်။

အခြားပြိုင်ကွင်း၌ ဖြစ်ပွားသွားသော တိုက်ပွဲများမှာ ရှေးဆန်ပြီး အလွန်ရိုးရှင်းသည်။ သူတို့ထဲမှ အသန်မာဆုံးလူက ဘေးထွက်၍ တရားထိုင်နေလိုက်ပြီး ကျန်သူများက တစ်ယောက်တည်းသာကျန်တော့သည်အထိ အချင်းချင်း ပြင်းပြင်းထန်ထန်ချကြ၏။

ဤသို့ ဆန်းကြယ်၍ ရက်စက်သည့် အဖြစ်အပျက်ကို ပြိုင်ကွင်း (၁၂) ၌ သာတွေ့နိုင်၏။

ထိုအချိန်၌ အခြား ပြိုင်ကွင်းမှ ပြိုင်ပွဲ၀င်များ ပြိုင်ကွင်း(၁၂) အားကြည့်ရန် လာရောက်စုရုံးကြသည်။ သူတို့ ကိုယ့်အိမ်ကိုယ် ပြန်၍ အနားယူနိုင်သော်လည်း လာကြည့်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

ရလဒ်အနေဖြင့် ရက်စက်လှသော မြင်ကွင်းကြောင့် သူတို့၏ မျက်လုံးများ ပြူးကျယ်ကုန်၏။

“ဘာဖြစ်နေတာလဲ”

“ပြိုင်ကွင်း(၁၂) ကလူတွေအားလုံး ရူးကုန်ကြပြီ”

“သူတို့ဘာလို့ ဒီလောက် ရက်စက်ကြတာလဲ။ ကြည့်ပါဦး သူ့ကို အတွဲညီညီ ရိုက်နှက်နေလိုက်ကြတာ။ သူလည်း လူတစ်ယောက်ပါ”

“ဟုတ်တယ် သူ့ကို ဝိုင်းပြီး ဒီတိုင်း ရိုက်ကြရင်တောင် ဘာမှ မပြောလိုသေးဘူး။ အခုဟာက ဘောလုံးတစ်လုံးလို လက်ကမ်းပြီး ရိုက်နေကြတာ။ လူတောင်မ‌ဆန်တော့ဘူး။ ဒါ့အပြင် သူ့ကို သေအောင်မုန်းနေရင်တောင် လေးစားသမှုနဲ့ မျက်နှာတော့ မရိုက်ကြပါနဲ့ဟ…”

“ဟုတ်တယ် ဟုတ်တယ်။ ငါတို့ အားလုံးက စိတ်ဝိညာဉ်နန်းတော်ကလူတွေချည်းပဲကို။ နေ့တိုင်း ဒီမျက်နှာတွေ တွေ့နေရမှာ”

အားနည်းသည့်သူတစ်ယောက်သည် လူအများ၏ သနားညှာတာခြင်းကို အမြဲခံရတတ်သည်။ အမျိုးသမီး ဂိုဏ်းသူ အချို့ဆို ဤမြင်ကွင်းအား မကြည့်နိုင်တော့သောကြောင့် စတင်၍ ရုတ်တရုတ်သဲသဲဖြစ်လာ၏။

စုရှောင်ရှန်အား သူတို့ ဝိုင်း၍ အော်ဟစ်အားပေးလိုက်ကြ၏။

“စုရှောင်ရှန် ငါတို့ရှိတယ် တောင့်ထား”

“စုရှောင်ရှန် နင်က အကောင်းဆုံးပဲ”

အားပေးသံများ တောမီးကဲ့သို့ အလျှင်အမြန် ပြန့်သွားပြီး မကြာခင် ပြိုင်ကွင်းတစ်ခုလုံး ပြည့်နှက်သွား၏။

ယခုမှလာသော ဖြစ်ရင်းကြောင်းမှန်ကို မသိသည့် ပွဲကြည့်သူများ စုရှောင်ရှန်၏ တရားမျှတရေးအတွက် အော်ဟစ် ဆဲဆိုလိုက်ကြသည်။ စုရှောင်ရှန်ကိုအားပေးနေရင်းမှ ပြိုင်ကွင်း (၁၂) မှ ထုတ်ပယ်ခံလိုက်ရသည့်သူများကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

‘ သူတို့ သဘောဖြင့် သူတို့ နှုတ်ထွက်’ လိုက်ရသောသူများ ထို‌ ဒေါသထွက်‌နေသော လူတစ်စု၏အကြည့်များ‌ အောက်၌ လောကကြီး မတရားဘူးဟု မေးခွန်းထုတ်လိုက်ကြ၏။

‘မင်းတို့က ဘာသိလို့ ဘာတွေ အော်နေကြတာလဲ။ မင်းတို့ကိုယ်တိုင် အဲ့ပြိုင်ကွင်းထဲ ရောက်ဖူးမှ သိမယ်’ ဟု စိတ်ထဲမှ ပြောလိုက်သည်။

ပြိုင်းကွင်းတွင်း၌…။

အချိန်တစ်နာရီသာ ကျန်တော့သည်ဟု ကြားသောအခါ စုရှောင်ရှန် ဟန်မဆောင်တော့ချေ။

ပြိုင်ပွဲဝင်များ၏ ရိုက်နှက်ခြင်းများခံရင်းမှ ထိုလူတစ်စုကို ကွင်း၏ အစွန်းပိုင်းသို့ ခေါ်လာခဲ့၏။ အပြင်ပန်း၌ ဤလူတစ်စု အမှန်အကန်ကြီး ချနေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ ထိုသူများအားလုံး စုရှောင်ရှန်၏ လက်ခုပ်ထဲတွင်သာရှိသည်။

၎င်းမှာ ထိုက်ကျိနှင့်တူသည်။ အရှိန်ရလာသည်နှင့် တိုက်ခိုက်သည့်သူပင် ၎င်းကို မရပ်တန့်နိုင်တော့ချေ။

သို့ဖြင့် စုရှောင်ရှန် ကွင်းအပြင်ဘက်ကို ခုန်ထွက်သလို လုပ်လိုက်ရာ သူ့အား ရိုက်နှက်နေသောသူများအားလုံး မီးထဲတိုး၀င်သော ပိုးဖလံများကဲ့သို့ လိုက်၍ ခုန်ချကြ၏။ လေထဲသို့ရောက်မှသာ သူတို့ ပြိုင်းကွင်းထဲမှ ခုန်ထွက်လိုက်ပြီဖြစ်ကြောင်း သိရကာ အံ့ဩဘနန်း ဖြစ်သွားကြသည်။

ထိုအခိုက်အတန့်၌ အရာအားလုံး တိတ်ဆိတ်သွား၏။

“ဘုရားရေ”

“ဘာဖြစ်သွားတာလဲ”

ပွဲကြည့်စင်မှ သူများအားလုံး အစရှိသဖြင့် ‌အာမေဠိတ်ပြုလိုက်ကြသည်။ ပြိုင်ကွင်း (၁၂) သည် အလွန်ထူးဆန်းသည်ဟု သူတို့ ထင်မိသည်။ မကြာသောမ

အချိန်လေးကမှ ထိုပြိုင်ပွဲ၀င်များ လူရိုင်းများကဲ့သို့ လူတစ်ယောက်ကို ရိုက်နှက်နေကြပြီး ယခုတော့ ထိုလူ ကွင်းအပြင်ခုန်ထွက်လိုက်သည့်အခါ သူတို့ပါ လိုက်ခုန်လိုက်ကြသည်တဲ့လား။

စုရှောင်ရှန်အား အားပေးမှုများကြောင့် ထိတ်လန့်သွားပြီး အရှက်ရကုန်ကြသည်လော။

ပြိုင်းကွင်းအတွင်း၌…။

စုရှောင်ရှန်၏ လုပ်ရပ်ပြီးနောက် ပြိုင်းကွင်းအတွင်း၌ ‌ကြီးကြပ်သူအပါအ၀င် လူလေးဦးသာ ကျန်တော့၏။

ချက်ချင်းဘဲ စုရှောင်ရှန် သူ့အား ပထမဦးဆုံး ထိုးနှက်ခဲ့သော အရပ်ရှည်ရှည် ချန်းဝေစီပြေးသွားလိုက်သည်။

“ငါသေချာစဉ်းစားကြည့်တော့မှ မင်းချတာ အကျိုးသက်ရောက်မှုအရှိဆုံးဆိုတာ သိလိုက်တယ်။ အခု နာရီ၀က်လောက်အချိန်ကျန်သေးတယ်။ လုပ် ငါတို့ ထပ် ချကြမယ်” စုရှောင်ရှန် အရိုးသားဆုံးပြောလိုက်သည်။

ဤ သားရဲဘုရင် ခြေလှမ်းတစ်ရာ လက်သီး နည်းစနစ်ဖြင့် လူသည် ကျွမ်းကျင် အယောက် (၅၀) နှင့် ညီ၏။

ဤသည်ကို ကြားသော် ချန်းဝေ၏ မျက်နှာ ဖြူဖက်ဖြူရော် ဖြစ်သွားလေသည်။ ဘေးဘီဘင်ကိုကြည့်လိုက်ရာ မည်သူကို မှ မတွေ့ရသောကြောင့် အားပြတ်သွား၏။

အမည်မဖော်ပြနိုင်သော ပင်ပန်းမှုများ သူ့တစ်ကိုယ်လုံး ပြန့်သွားပြီး ချက်ချင်းပဲ ပျို့ချင်သလိုလို ဖြစ်လာ‌တော့သည်။ ထို့နောက် အလန့်တကြား ပြိုင်ကွင်းပေါ်မှ ခုန်ချလိုက်၏။

စုရှောင်ရှန် ထိုနေရာမှ မျက်လုံး အပြူးသားဖြင့် ထွက်ပြေးသွားသော ချန်းဝေကို တအံ့တအား လိုက်ကြည့်မိလိုက်၏။

ကြီးကြပ်သူပင် ဘေးမှ ရပ်ကြည့်မနေနိုင်တော့ဘဲ ချက်ချင်း လက်ဝှေ့ယမ်းပြကာ “ပြိုင်ပွဲပြီးပြီ” ဟုကြေငြာလိုက်သည်။

အခြားတစ်ဖက်၌…။

ပြိုင်ပွဲဝင်များ၏ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ ဖျက်ဆီးလိုက်သော စုရှောင်ရှန်ကိုကြည့်ရင်း လျှိုကျန်း သက်ပြင်းချလိုက်သည်။ ထို့နောက် စိတ်သက်သာရ ရဟန်ဖြင့် “ငါမပြောဘူးလား။ အရင် စောင့်ကြည့်ပါလို့။ ခုတော့ ငါတို့ ထိပ်သီး(၁၀) ယောက်ထဲ၀င်သွားပြီ”

ကျိုးစွန်း တံတွေးများအား မျိုချလိုက်ပြီး တုန်ယင်နေသော အသံဖြင့် လျှိုကျန်းအား ခက်ခက်ခဲခဲပြောလိုက်သည်။

“အကိုလျှို”

“ကျုပ်တို့ ထိပ်သီး (၃) ယောက်ထဲ ၀င်သွားတာဗျ”

Comment

Leave a Reply

Options

not work with dark mode
Reset