Switch Mode

Chapter – 6

မရမက အာရုံဖမ်းစားခြင်း

အပိုင်း( ၆ ) မရမက အာရုံဖမ်းစားခြင်း

ခြေတစ်ဖက်က ရှေ့နှင့် နောက်ခြေတစ်ဖက်က နောက်ရောက်နေပြီး ကားကားကြီး ပြိုင်ပွဲကွင်းစီသို့ စုရှောင်ရှန် ‌‌ဖြေးဖြေးခြင်း လျှောက်လာခဲ့၏။

အမှန်တကယ်က လွန်ခဲ့သော (၁) နာရီလောက်ကတည်းက အိပ်ယာမှ နိုးပြီးဖြစ်ကာ စတင်၍ ပြိုင်ပွဲကွင်းစီသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုထိ မရောက်သေးပေ။

“ဒီချီးထုပ် အသက်ရှူခြင်း နည်းစနစ်ကွာ…”

ကောက်ရိုးခမောက်စောင်းထားသည့် လူအိုကြီးတစ်ယောက် သူ့ကို ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။ အဖိုးကြီးမှာ လျှင်လျှင် မြန်မြန် လျှောက်နေခြင်းမဟုတ်ပါပေ။ သို့သော် စုရှောင်ရှန်အား အသာလေး ကျော်တက်သွား၏။

ခဏကြာသော် လိပ်တစ်ကောင်ကဲ့သို့ လျှောက်နေသော လူငယ်တစ်ယောက်အား သူတွေ့သလိုက်သလားဟု အတွေး၀င်လာပြီး အဖိုးကြီး စုရှောင်ရှန်ထံ ပြန်လှည့်လာခဲ့သည်။

“မင်းက အပြင်စည်းကမဟုတ်လား”

“မိုးတိမ်လေ ပြိုင်ပွဲသွား ၀င်မပြိုင်ဘူးလား”

စုရှောင်ရှန် အံကြိတ်ရင်းမှ “ကျုပ်… ကျုပ် လည်း အခု… ခု သွားနေတာ” ထစ်ထစ်ငေါ့ငေါ့ပြောလိုက်သည်။

အဖိုးကြီး အံ့အားသင့်သွားပြီး စုရှောင်ရှန်၍ ကွေးနေသော ခြေထောက်များအား ကြည့်လိုက်ရာ သဘောပေါက်သွားသည်။ ဆက်လက်၍ ပြုံးကာ “လူငယ်လေး… တစ်ချို့အရာ တွေက အတော်အသင့်ပဲကောင်းတယ်ကွ”

စုရှောင်ရှန် ထိုစကားကိုကြားသော် ခက်ခက်ခဲခဲ လမ်းလျှောက်နေရင်းမှ လဲကျလု မတတ်ဖြစ်သွားသည်။ သူ၏ မျက်နှာ မဲမှောင်သွားပြီး စိတ်ထဲမှ ‘အဲ့ဒီ ချီးထုပ် စိတ်ဝိညာဉ်စွမ်းအင်ဆေးလုံးကွာ…’ ဟု ကျိန်ဆဲလိုက်၏။

ဤအချင်းအရာအားလုံးမှာ အသက်ရှူခြင်း နည်းစနစ်နှင့် စိတ်ဝိညာဉ်စွမ်းအင်ဆေးလုံးတို့ နှစ်ခုပေါင်း သက်ရောက်မှုကြောင့်ပင်ဖြစ်သည်။

ဤ (၃) ရက်အတွင်း စုရှောင်ရှန် နတ်ပြည်သို့ ပို့သည့် သက်ရောက်မှုကို ဖိနှိပ်ကာ စိတ်ဝိညာဉ်ကျောက်သင်လင်း (၂၀) တုံးလုံးကို စုပ်ယူခဲ့သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းပင် အဆင့်(၄) အထွတ်အထိပ်ထိ ခုန်တက်သွားခဲ့၏။

ထို့နောက် အသက်ရှူခြင်းနည်းစနစ်တွင် မည်သည့် ဆိုးကျိုး‌သက်ရောက်မှုမှ မရှိသည်ကို တွေ့ရကာ တဖန် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို အံ့အားသင့်ရပြန်၏။ ၎င်းသည် စွမ်းအင်များအား လျှင်မြန်စွာ စုပ်ယူခြင်း မပြုနိုင်သော်လည်း အသက်တစ်ချက်တည်းဖြင့် စွမ်းအင် ပမာဏ အများကြီးကို စုပ်ယူနိုင်၏။

သို့ဖြင့် လေ့ကျင့်ခြင်းတွင် တစ်စထက် တစ်စ နှစ်မြုပ်ကာ စိတ်ဝိညာဉ်နယ်ပယ် အဆင့် (၅) သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ အဘယ်မှာ သူရပ်လိုက်နိုင်ပါမည်နည်း။

ထိုကြောင့် လေပေါ်လွင်နေသည်ဟူသော ခံစားချက်များကို ဖိနှိပ်ပြီး ပြိုင်ပွဲမ၀င်ခင် ညတစ်ည အချိန်ရှိသေးရာ မည်သို့ အဆင့် ချိုးဖျက်ရမည်နည်းဟု ကြံလိုက်သည်။ သူ့အတွက် အချိန်က ပိုက်ဆံ၊ ဘ၀ ပင်ဖြစ်နေတော့သည်။

ထို့ကြောင့် အနည်း တွေဝေနေပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်ဆေးလုံးကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် အဆင့်မချိုးဖြတ်နိုင်မည် စိုး၍ ဆေးလုံးအား အသုံးမပြုခင် အဆုတ်ကို လေတစ်ချက်ရှင်းပြီးမှ အားရပါးရ ဆေးလုံးအား ရှိုက်လိုက်သည်။

ထို အားရပါးရ ရှူသွင်းလိုက်ခြင်းက သူ့အား ဤသို့ ဒုက္ခရောက်သွားစေခြင်းဖြစ်သည်။

စိတ်ဝိညာဉ်သ‌လင်းကျောက်သည် လက်ဖဝါးအရွယ်အစားရှိသည်။ စိတ်ဝိညာဉ်ဆေးလုံးသည်တော့ လက်သည်းအရွယ်အစားမျှသာရှိသည်။ သို့သော် ထို ရှိုက်သွင်းလိုက်ခြင်းက ဆေးလုံးအား နဂိုမူလ အရွယ်အစား တစ်၀က်ခန့်ထိ ကျုံ့သွားစေ၏။

မည်သည်ကိုဆိုလိုသနည်း။

သာမန်အားဖြင့် ကျင့်ကြံသူများ စိတ်ဝိညာဉ်ဆေးလုံးအား အသုံးပြုလျှင် (၉၉) ရာခိုင်နှုန်းသော စွမ်းအင်များက ပတ်၀န်းကျင်သို့ လွင့်ပြန့်သွားသည်။ သို့တောင် ကျန်(၁) ရာခိုင်နှုန်းက ကျင့်ကြံခြင်းအား အဆပေါင်းများစွာ မြန်သွားစေ၏။

သို့‌သော် အသက်ရှူခြင်းနည်းစနစ်သည်ဖြင့် (၁၀၀) ရာခိုင်နှုန်း စွမ်းအင်ကို သူ စုပ်ယူလိုက်သည်။

ထို့ကြောင့် တစ်ခုခုမှားနေပြီပို သတိထားမိသည့်အချိန် ပုံမှန် နတ်ပြည်ရောက်လောက်မည့် ခံစားချက်ထက် အဆတစ်ရာပိုပြင်းသည့် အရာက သူ့ တစ်ကိုယ်လုံးအား ရိုက်ခတ်သွား၏။ အဘယ်မှာ သူ ခုခံနိုင်ပါမည်နည်း။

၎င်းသည် နတ်ပြည်ရောက်ခြင်းမဟုတ်တော့ပါ။ ဖြည်တည်မှု အပြင်ထွက်သွားခြင်း‌ပင်။

ချက်ချင်းပဲ ‌ဆန့်ဆန့်ကြီး မြေပြင်ပေါ်လဲကျသွားပြီး သတိမေ့သွားခဲ့၏။

ဤ တစ်ရှိုက်တည်းက သာမန်လူ စိတ်ဝိညာဉ်ဆေးလုံး ဒါဇင်နှင့် ချီရဲ့ အသုံးပြုခြင်းနှင့် ညီမျှ၏။ ထို့ ကြောင့် သူ့ အပေါ်မည်မျှ အကျိုးသက်ရောက်လိုက်မည်နည်း။

သတိမေ့တုန်း စုရှောင်ရှန် နောက်တစ်ဆင့်တက်သွားရုံမက အဆင့်(၅) အထွတ်အထိပ်ထိပါ တစ်ခါတည်း ရောက်သွားပြီး အဆင့်(၆) ကို တက်လုနီးပါးတောင်ဖြစ်သွားသည်။

သတိပြန်ရလာသည့်အချိန်တွင် မျက်လုံးများ နီရဲနေပြီး သွားများ အချင်းအချင်း ပွတ်ကျိတ်‌ကာ ခန္ဓာကိုယ်သည် လေပေါ်၌ မျောနေသည်ဟု ခံစားလိုက်ရ၏။

သတိပြန်ရလာသော်လည်း မရသည့်အတိုင်းပင်။

ထိုဆေးလုံးအား တစ်ချက်သာ ရှိုက်ရသေးသည်။

သို့ဖြင့် သူ လမ်းလျှောက်ရာတွင် ညာခြေကို လက်ဖြင့် အရှေ့သို့ ပို့ နောက် တည်ငြိမ်အောင်လုပ် ပြီးမှ ဘယ်ခြေ။ ဤသို့ သူလမ်းလျှောက်လာရ၏။

သူ သတိတစ်ချက်လွတ်လျှင် ဖင်ထိုင်ကျသွားနိုင်သည်။

ချက်ချင်းပဲ စုရှောင်ရှန် ကျန်ဆေးတစ်၀က်ကို ဝါးစားပြီး သာမန် ကျင့်ကြံခြင်း နည်းစနစ်နှင့် စုပ်ယူလိုက်မှ အနည်းငယ် နေသာ ထိုင်သာ ရှိသွား၏။

ဖြုန်းတီးရာ ရောက်သော်လည်း သူ့တွင် တခြား ရွေးချယ်စရာမရှိပေ။ ပြိုင်ပွဲ၀င်ရန်မှာ သူ့အတွက် ယခု အရေးကြီး ဆုံးဖြစ်သည်။

တုံ…

ပဲ့တင်ထပ်လာသော ဗုံသံ တစ်ချက်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

စုရှောင်ရှန်အဖိုးကြီးအား နှုတ်ဆက်ပြီး အလျှင်အမြန် ချု့ယွင် ကွင်းပြင်ရှိရာသို့ ခြေနှစ်ဖက်ကို ပွတ်တိုက်နေရင်း သွားလိုက်သည်။

ကောက်ရိုးခမောက်ဆောင်းထားသည့် အဖိုးကြီးက စုရှောင်ရှန်အား ကြည့်၍ ခေါင်းယမ်းလိုက်ပြီး “လူငယ်ဖြစ်ရတာ ‌တယ်ကောင်းပါလား” ဟု မှတ်ချက်ချလိုက်သည်။

ချု့ယွင် ကွင်းပြင်၊ ကွင်းပြင် အမှတ် (၁၂)…။

“နောက်ဆုံး အနေနဲ့”

“အမှတ်စဉ် ၁၁၃၀၊ စုရှောင်ရှန် ဘယ်မှာလဲ”

လူတိုင်း လည်ပင်းဆန့်လိုက်သည်။ ထိုစဉ် ဓားနက်ကို ကျော၌ လွယ်ထားသော ယိုင်တိုင်တိုင် လျှောက်လာနေသည့် လူငယ်တစ်ယောက် ရောက်လာသည်။

“ကျုပ်ဒီမှာ… ဒီမှာ” သူ့အသံက ဖျော့တော့နေ၏။

ပွဲကြည့်စင်ထဲမှ အဖြူ၀တ် မိန်းကလေး အလွန် စိတ်လှုပ်ရှားသွားပြီး “အကိုလူဆိုးလေးဟု” အော်ပစ်လိုက်သည်။

“အဲ့တာသူလား”

ယောင်ယင်ယင် အနည်းငယ် သိလိုစိတ်ပြင်းပြသွားသည်။ သို့သော် ၎င်း လူငယ်လေးအား မြင်သော် သူမ ခိုးခိုးခစ်ခစ် ရယ်လိုက်၏။ ရယ်မောနေရင်းမှ

“ညီမလေးစု နင်သူ့ကို သွားနှိုးတုန်းက ဘာလုပ်လိုက်တာလဲ”

“ဘာကြီး”

စုရှင်းရှင်း နားမလည်ဖြစ်သွားသည်။ သို့သော် စုရှောင်ရှန် လမ်းလျှောက်လာပုံကို သတိထားမိသော် သူမ၏ မျက်နှာကလေး ရဲရဲနီသွား၏။ ချက်ချင်းပဲ အနီ၀တ်မိန်းကလေး၏ ရင်ဘတ်အား စိတ်ဆိုးမာန်ဆိုး လက်သီးဆုပ်က‌ လေးဖြင့် ထုလိုက်သည်။

“ဟင့်… လာမပြောနဲ့”

သူတို့နှင့် မလှမ်းမကမ်းမှ အကြီးအကဲကျောက်လည်း စုရှောင်ရှန်ကို မြင်ကာမှ စိတ်သက်သာရာရသွား၏။

“နောက်ဆုံးတော့ ရောက်လာပြီ”

“နေပါဦး သူလမ်းလျှောက်တာက… ဟ ဒီကောင်တော့ ပြိုင်ပွဲနီးတောင် ဒါ အလွန်အကျွန်လုပ်လာပါလား”

ကွင်းထဲ၌

စုရှောင်ရှန် လက်နှစ်ဖက်ကို စုပ်လိုက်ရင်း “ နောက်ကျသွားလို့ တောင်းပန်ပါတယ်” ဟုပြောပြီးသော် ခြေနှစ်ဖက်ကို ညှပ်လိုက်၏။

ကြီးကြပ်သူ စွံ့အသွားသည်။ စိတ်ထဲမှလည်း ‘လမ်းလျှောက်လာတဲ့ ပုံက မဟုတ်တာ တစ်ခုခု လုပ်ထားတာကျနေတာပဲ’ ဟု တွေးလိုက်သည်။

ထိုအချိန် အဝေးမှ စည်သံတစ်ချက် ပဲ့တင်ထွက်လာခဲ့၏။

တုံ…။

“ပြိုင်ပွဲ အခုစပြီ”ဟု ‌ကြီးကြပ်သူ ကြေငြာလိုက်၏။

သူ့စကားဆုံးသည်နှင့်ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

စုရှောင်ရှန်ကြောင့် မှင်သက်နေသည့် လူများအား အခွင့်ကောင်းယူကာ တစ်ချို့ ပြိုင်ပွဲ၀င်များက ကွင်းထဲမှ ကန်ထုတ်လိုက်၏။ လူအနည်းငယ် ချက်ချင်း ထုတ်ပယ်ခံလိုက်ရသည်။

“သေချင်လို့လား”

ရုတ်တရက် တိုက်ခိုက်လာမှုကို အချိန်မှီ ရှောင်နိုင်လိုက်သည့် လူများ ချက်ချင်း ဒေါသထွက်သွားပြီး ပြန်တိုက်ခိုက်ကြရာ ကွင်းပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွား၏။

စုရှောင်ရှန်တစ်ယောက် ယခု မှ ကွင်းထဲ၀င်လာသည် ဖြစ်သောကြောင့် အစွန်း၌သာ ရှိနေသေးသည်။ တိုက်ပွဲ‌နှင့် အ‌ဝေးဆုံး၌ ရှိနေခြင်းဖြစ်သည်။ ကွင်းပြင်ထဲ၌ လူတစ်ထက် တစ်စ နည်းလာသည်ကိုမြင်သော် သူ သေးထွက်လုမတတ် ထိတ်လန့်သွားသည်။

ထိုသူများသည် သူ့အတွက် ပင်ကိုယ်မှတ်များဖြစ်သည်။

လူများများရှိနေမှ အချီကြီး သူရိပ်သိမ်း‌နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့် ထိုလူများအား ထုတ်ပယ်ခွင့်ပြုနိုင်ပါမည်နည်း။

“ရပ်လိုက်”

ထို အားဖြင့် အော်လိုက်သံက ကွင်းပြင်တစ်ခုလုံး ဟိန်း၍ ပဲ့တင်သံထပ်သွား၏။ အားထည့်ကာအော်လိုက်သော်ဘည်း အသံက အနည်းငယ် ဝဲနေသည်။ သို့သော် လူတိုင်းအား ထိုအသံကြောင့် ရပ်တန့်သွားကြသည်။

ထိုအသံမှ စစ်မှန်ခြင်းအဆင့်လိုလို အရှိန်အဝါ‌ကြောင့် ထိတ်လန့်သွားသည်။ သို့ရာမှ မှင်သက်နေသည့် လူစုကြီး စုရှောင်ရှန်ကို လှည့်ကြည့်လိုက်ကြသည်။

ဒီကောင်ဘာဖြစ်ချင်တာလဲ။ အဝေးကြီးမှာ ရှိလို့ ဘ၀င်မြင့်လို့ရမယ်ထင်နေတာလား။

လူအနည်းငယ် စုရှောင်ရှန်ကို ဆွမ်းကြီးဝိုင်းလောင်းဖို့ သူရှိရာ ရွေ့သွားကြသည်။

ဒိုင်လူကြီးလည်း ‌မှင်သက်သွားသည်။ ဤ နောက်ကျသော သူသည် စစ်မှန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဟု မထင်ထားချေ။

သို့သော် စုရှောင်ရှန်ကို သေချာပြန်ကြည့်လိုက်ရာ စိတ်ဝိညာဉ် နယ်ပယ် အဆင့်(၅) ၌သာရှိကြောင်း ပေါ်လွင်နေသည်မဟုတ်ပါလား။

ပွဲကြည့်စင်မှ လူသုံးယောက်လည်း အံ့အားသင့်သွားကြသည်။ သို့သော် အကြီးအကဲကျောက်က မည်သည်မှ သတိမထားမိဘဲ စိုးရိမ်မှုများဖြင့်သာ ပြည့်နှက်နေသည်။ “ဒီစုရှောင်ရှန်ကတော့ သေချင်နေတာလားမသိဘူး”

ယောင်ယင်ယင် အဖြူ၀တ်မိန်းကလေးကို လှည့်ကြည့်လိုက်ပြီး “နင့် အကိုလူဆိုးလေးက တော်တော် ပရဟိတစိတ်များတယ်နော်။ သူများ နောက်အဆင့် တက်ရဖို့ ဟိုမှာ သူ့ကိုယ်သူ အစတေးခံနေပြီ”

စုရှင်းရှင်းဘာမျှ ပြန်မပြောချေ။ သူမ၏ ပေါင်ပေါ်မှ ဓားကြီးကိုသာ တင်းတင်းကျပ်ကျပ် ကိုင်လိုက်သည်။ စုရှောင်ရှန်အားလည်း စိုးရိမ်နေသော မျက်၀န်းများဖြင့် စိုက်ကြည့်နေ၏။

ကွင်းပြင်ထဲတွင် ထိုသို့ အော်လိုက်ပြီးနောက် စုရှောင်ရှန်၏ ခြေထောက်များ ပျော့‌‌ ခွေသွားသည်။

ပြိုင်ပွဲ၀င်များအား သေချာဆန်းစစ်ကြည့်သော် အသန်မာဆုံးမှာ အဆင့် (၈) သာရှိကြောင်းသိသော် စိတ်သက်သာရာ ရသွားသည်။

အဲ့ကောင်ငါ့လောက် မသန်မလာလောက်ပါဘူးနော်။

“ကံကောင်းတယ်။ ဆရာကြီးတွေကို မတွေ့လို့။ မဟုတ်ရင် မစရသေးဘူး ငါ့ အစီအစဉ်တွေ ပျက်ကုန်မှာ” သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။

“အဟွတ် အဟွတ်” လူတိုင်း၏ အာရုံကို ဖမ်းစားရန် ချောက်ကပ်ကပ် ချောင်းတစ်ချက် ဟန့်လိုက်သည်။ ထို့နောက် ဓားနက်ကို ကွင်းပြင်၌ စိုက်လိုက်ပြီး အစီအယဉ်ဘေး၌ မှီ၍ ဆရာကြီးဆိုက်ဖမ်းလိုက်သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးမှ

“ဂိုဏ်းတူ ညီအကိုတို့”

“ငါတလောကမှ ပြိုင်ဘက်ကင်း ကျင့်စဉ်တစ်ခု ကျင့်ထားတာ။ ဒါပေမယ့် ငါ တံခါးပိတ်ကျင့်စဉ်က ထွက်လာကတည်းက သုံးဖို့ အခွင့်အရေးမရသေးဘူး။ မသွေးတဲ့ထားက မထက်ဘူးဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ…”

“သွယ်ဝိုက်မနေတော့ဘူး မင်းတို့ အယောက် (၁၀၀) လုံးငါ့ကိုလာချ”

“မင်းတို့အားလုံးကို ငါ စုရှောင်ရှန် ဝိုင်းထားလိုက်ပြီ”

လူတိုင်း ယခင်က အော်သံကြောင့် အနည်းငယ် မှင်သက်နေကြသော်လည်း စုရှောင်ရှန်၏ စကားအားကြားသော် ဝါးလုံးကွဲရယ်မောလိုက်ကြ၏။

“ငါတို့ အယောက် (၁၀၀) လုံးကို ချမယ် ဟုတ်လား”

“ဒီကောင် မနက်နိုးလာတုန်းက ဦးနှောက်ထားခဲ့တယ်နဲ့တူတယ်”

“ငါတို့အယောက် (၁၀၀) လုံးကို ချမယ်ဆိုရင်တောင် နေကောင်းမှ လာချပါလား။ ခုက မင်းရဲ့ အခြေအနေကိုကြည့်ရတာ လက်နဲ့ တို့လိုက်ရင်တောင် လဲကျတော့မယ့်ပုံနဲ့”

“မင့်လို ဒူးမခိုင်တဲ့ကောင်က ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားချင်နေတာလား”

“…”

စုရှောင်ရှန်သူ့ ခြေထောက်များအား ပြန်ငုံ့ကြည့်လိုက်ရာ အမှန်တကယ် သူ ဒူးကွေးနေသည်ကို တွေ့လိုက်ရသည်။

စုရှောင်ရှန်သူတို့အားလုံး၏ အာရုံကို ဖမ်းစားနိုင်လိုက်သည်။ အော်ဟစ် ထေ့ငေါ့သံများက သူ့နားထဲ ပြည့်သွား၏။ ကြီးကြပ်သူတောင် တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သည်။

သို့သော် မိမိမှာ ဂုဏ်သရေရှိသည့် ကြီးကြပ်သူဖြစ်ရာ ဤသို့ စကားမျိုးမပြောသင့်ဟု ရင်နာနာဖြင့် အလျော့ပေးလိုက်သည်။

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၄၃]

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၂၁]

သူ့စိတ်ထဲတွင်ရှိသော ဖန်သားပြင်တွင် အသိပေးချက်များ ပေါ်လာသည်။ အမှန်ပင် သူ့အတွက် လူများသောနေရာများက ပို၍ အကျိုးရှိပေသည်။

ကောင်းလိုက်တာ…။

ကျေးဇူးပြုပြီး ထပ် ကဲ့ရဲ့ကြပါ လုပ်ပါ…။

စုရှောင်ရှန် စိတ်ဓာတ် တက်ကြွသွားသည်။ သူ့စီလာနေသာ လူအချို့နှင့် အခြားသူများကို တစ်ချက် ပြန်ကြည့်လိုက်ပြီး သူ့ဘေးမှ စိတ်ဝိညာဉ် ဓားကို လက်ညှိုးထိုးပြကာ “ဒါက အဆင့် (၉) စိတ်ဝိညာဉ်ဓားပဲ။ ငါ့ကို နိုင်တဲ့သူ ဘယ်သူမဆို ဒီဓား ပေး…”

“ဟေ့ကောင်တွေ ဘာလို့ အချင်းချင်းချနေတာလဲ။ ငါပြောတာနားထောင်ဦးဟ”

“ဟေးကောင်တွေ”

“ဒီမှာကြည့်ဟ”

သူစကားပြောနေရင်း တန်းလန်းတွင် လူတိုင်း သူ့ကို အရူးဟုသတ်မှတ်ကာ လစ်လျူရှူပြီး ကိုယ့်တိုက်ပွဲကို စလိုက်ကြသည်။

စုရှောင်ရှန်ဒေါသထွက်သွားပြီး သူ့ထံ ချဉ်းကပ်လာနေသည့် လူအချို့ကို မြေပြင်ပေါ်မှောက်သွားအောင် ရိုက်ချပစ်လိုက်သည်။

“မင်းတို့အားလုံး ရပ်ကြစမ်း”

သူ ဒေါသတကြီးဖြင့် အော်လိုက်ရာ ကြားလိုက်သည့်သူတိုင်း ယခင်က စစ်မှန်ခြင်းအဆင့် နယ်ပယ် အရှိန်အဝါကို ပြန်ခံစားရပြီး ထိတ်လန့်သွားကြသည်။ ရုတ်တရက် ကျောများချမ်းသွားကြသည်။

ဘာလဲဟ။ ဘာဖြစ်တာလဲဟ။ ဘာလို့ ငါတို့ အားလုံး ပြန်ရပ်သွားကြတာတုန်း။

သူတို့ စုရှောင်ရှန်ကို ပြန်လှည့်ကြည့်လိုက်သောအခါ ကိုယ့်ပါးကိုယ် ကိုင်၍ ဒူးထောက်ကျနေသော လူအချို့ကို တွေ့လိုက်ရသည်။

ထို ဒူးထောက်နေသူများထဲတွင် အဆင့် (၅)၊ အဆင့် (၆)၊ အဆင့် (၇) …

ဘာဖြစ်သွားတာလဲ။ ဘာလို့ သူတို့ ဒူးထောက်နေကြတာလဲ။

အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။ အရိုက်ခံလိုက်ရသည့် သူတွေပင် ဘာဖြစ်သွားမှန်းမသိသောကြောင့် မှင်သက်နေကြ၏ “ဘာဖြစ်တာလဲ ငါဒီကောင့်ကို လာရိုက်တာမဟုတ်ဘူးလား။ ဘာလို့ငါ့မျက်နှာ ရုတ်တရက် အရိုက်ခံလိုက်ရတယ်လို့ ခံစားနေရတာလဲ။ ပြီးတော့ ငါဘာလို့ ဒူးထောက်နေတာလဲ” ဟု သူတို့ခေါင်းထဲ အတွေးများ ဖြစ်ပေါ်လာ၏။

ပွဲကြည့်စင်မှ လူ(၃) ယောက်ကတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

ယောင်ယင်ယင်၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ အထင်းသားပေါ်နေပြီး “ဒီစုရှောင်ရှန်က ဒီလောက်သန်မာတယ်လား။ မထင်ထားဘူး။ ကျင့်ကြံခြင်း အဆင့် (၅) ထဲနဲ့ ဒီလိုလုပ်နိုင်မယ်လို့” ဟု တုန်ုတုန်ရီရီ ပြောလိုက်သည်။

စုရှင်းရှင်းလည်း ‌ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆိတ်ငြိမ့်ရင်း “အင်း” ဟု အသံပြုလိုက်၏။

ကြီးကြပ်သူက ထိုအချိန် တခြားတဖက်သို့ အာရုံရောက်နေသောကြောင့် ထိုအဖြစ်အပျက်ကို မမြင်လိုက်ချေ။

ဘာဖြစ်သွားတာလဲ။ ဘာလို့ စစ်မှန်ခြင်းနယ်ပယ် အရှိန်အဝါတွေကို ငါခံစားနေရတာလဲ။

သူဤသို့ ကျွမ်းကျင်သူအား မမြင်ပါချေ။

ကြီးကြပ်သူတစ်ယောက်အနေနှင့် စုရှောင်ရှန်၏ ပြိုင်ပွဲအား ကာဆီးကာဆီးလုပ် နေသည့် လုပ်ရပ်များအား ရပ်သင့်သည်ဟု ယူ‌ဆသောကြောင့် “ပြိုင်ပွဲ၀င်… ကျေးဇူးပြု၍ ပြိုင်ပွဲကို မနှောက်ယှက်ပါနဲ့ မဟုတ်ရင် မင်းကို ထုတ်ပယ် ဖို့ လုပ်ရလိမ့်မယ်”

“ကျုပ်က ဘယ်လို ပြိုင်ပွဲကို နှောက်ယှက်နေတာလဲ”

“ကျုပ်လည်း ပြိုင်ပွဲ၀င်တစ်ယောက်ပါ။ ဘာလို့ အဲ့လိုလုပ်ရမှာလဲ။ ပြီးတော့ ကျုပ်က ကွင်းထဲမှာပဲရှိသေးတာ” ဟု ပြန်ပြောလိုက်သည်။

စုရှောင်ရှန် ပြောတာ မှန်နေသည့်အတွက် ကြီးကြပ်သူ ပြောစရာစကား ပျောက်ရှသွားသည်။

“ဒါပေမယ့် ပြိုင်ပွဲကို ရပ်လိုက်လို့မရ‌ဘူးလေ” ကြီးကြပ်သူက အရှူံးမပေး ပြန်ပြောသည်။

ဤတစ်ခါတော့ စုရှောင်ရှန် မှင်သက်ရသည့် အလှည့်ဖြစ်သည်။

“ဘယ်မှာ ပြိုင်ပွဲရပ်နေလို့လဲ”

ပြီးနောက် ကွင်းအတွင်းရှိ လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး အလွန်ရိုးသားသော မျက်နှာထားဖြင့်

“ပြောချင်တာက”

“မင်းတို့ထဲက ငါ့ ခံစစ်ကို လက်သီးနဲ့ ဖျက်နိုင်ရင် ဒီ အဆင့်(၉) စိတ်ဝိညာဉ် ဓားပေးမယ်”

အနက်ရောင်ဓားနက်အား ဆွဲထုတ်၍ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သော် အနက်ရောင်ဓား ‌လင်းလက်သွားပြီး အဆင့်(၉) အရှိန်အဝါများ ပတ်၀န်းကျင်တစ်ခုလုံး ပြန့်နှံ့သွားသည်။

ဒီလောက်ဆို သူတို့ စိတ်၀င်စားမှာပါ။

[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၈၆]

စုရှောင်ရှန် စွံ့အသွားသည်။ အဘယ်ကြောင့် မည်သူမှ သူ့အား မယုံကြည်သနည်း။

ထို့နောက် ဒိုင်လူကြီးအား တွေးမိပြီး သူ့ထံ ဓားနက်ကို ပစ်ပေးလိုက်သည်။

“ကြီးကြပ်သူ သက်သေခံလိမ့်မယ်”

ကြီးကြပ်သူ ရုတ်တရက် မည်သည့်အချိန်တုန်းက သက်သေခံပါမည်ဟု ပြော၍ သူ့ဓားအား ပစ်ပေးရသနည်းဟု ကြောင်သွားသည်။

“ကြီးကြပ်သူတစ်ယောက်ရဲ့ တာ၀န်က ပြိုင်ပွဲ၀င်တွေ ပြင်းပြင်းထန်ထန် ဒဏ်ရာမ‌ရအောင် မသေအောင် ကြီးကြပ်ရတာမလား” ကြီးကြပ်သူ ဘာမျှ ဆက်မပြောနိုင်ခင်ပင် စုရှောင်ရှန်က “ဒါဆို ပြိုင်ပွဲအတွင်း ဒါမျိုးကို တားမြစ်တဲ့ စည်းကမ်း မရှိဘူး ဟုတ်တယ်ဟုတ်”

ကြီးကြပ်သူ စွံ့အသွားသည်။

“ဟုတ်တယ်”

လူအုပ်ထဲမှ တစ်စုံတစ်ယောက်ထလိုက်ပြီး ဆက်၍ “စုရှောင်ရှန်ပြောတာ ငါထောက်ခံတယ်” ဟု ပြောလိုက်သည်။ သူသည် အရပ်ရှည်ရှည်နှင့် ကျင့်ကြံခြင်းအဆင့် (၇) အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဓားနက်ကိုလည်း ကော်နှင့်ကပ်ထားသလို စိုက်ကြည့်နေ၏။

“ငါလည်း သဘောတူတယ်”

“ထောက်ခံတယ်ဟေ့”

အခြေအနေက ရုတ်တရက်ပြောင်းလဲသွားပြီး လူဒါဇင်ကျော် စိတ်ဝိညာဉ်ဓားကို သရေကျမတတ် စိုက်ကြည့်လိုက်ကြသည်။

အရပ်ရှည်ရှည်နှင့် စထောက်ခံလိုက်သည့် သူက စုရှောင်ရှန်အား “‌မင်းပြောတာ တကယ်နော်” ‌ဟု မေးလိုက်သည်။

“တကယ်… ကယ် ကယ် ကယ်နဲ့တောင် မြည်သေးတယ်” တစ်စုံတစ်ယောက် သူ့အား ထောက်ခံလာသောအခါ စုရှောင်ရှန် အကျယ်ကြီး အော် ပြောလိုက်သည်။

မည်သည့်လူမဆို လောဘရှိကာ ဤ လူအုပ်ကြီးလည် ဤကဲ့သို့ပင်။

ပွဲကြည့်စင်မှ လူ(၃) ယောက် စုရှောင်ရှန်၏ မှတ်ချက်ကြောင့် ကြက်သေသွား၏။ အခြား ကွင်းပြင်များအားကြည့်သော် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြ၏။ တစ်ခုချင်းစီက အသက်လုကာ တိုက်ခိုက်နေကြခြင်းဖြစ်သည်။

ကွင်းပြင် (၁၂) ကို ကြည့်မည်ဆိုလျှင်တော့… လေလံ ပွဲတစ်ခုနှင့် သွားဆင်တူချေ၏။

ပွဲကြေငြာသူ စုရှောင်ရှန်သည် သူ၏ မလွန်ဆန်‌နိုင်သော စကားလုံး လှလှလေးများဖြင့် လူအများ၏ အာရုံကို ဖမ်းစားထား၏။ လေလံရုံ လက်ထောက်မှူး၊ ကြီးကြပ်သူက စိတ်ဝိညာဉ်ဓားကို လက်ထဲ၌ ကိုင်ထားသည်။ လေလံရုံစင်အောက်မှ လူတစ်စုက ထိုဓားအား ရမက်များဖြင့် စိုက်ကြည့်နေကြ၏။

ယောင်ယင်ယင် နဖူးကို လက်ဖြင့် ရိုက်လိုက်ပြီး “ဘာတွေဖြစ်ကုန်တာလဲမသိဘူး” ဟု မှတ်ချက်ပေးလိုက်သည်။

“အကိုလူဆိုးလေးက အရမ်းတော်တာပဲ” စုရှင်းရှင်းက လက်သီးများ ကျစ်ကျစ်ဆုပ်လိုက်ရင်း ရင်း ပြောလိုက်သည်။

အကြီးအကဲ‌ကျောက် လောကကြီးနှင့် အဆက်ပြတ်သွားခဲ့၏။ အံ့အားသင့်နေမှုမှ အသိပြန်၀င်လာသောအခါ…

“ဒီကောင် ဘာပြဿနာရှာပြန်ပြီလဲကွာ”

Comment

Leave a Reply

Options

not work with dark mode
Reset