Switch Mode

Chapter – 125

ကြယ် ၇ တန်းသည့် နေ့သို့ ရောက်လာခြင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၂၅ ကြယ်၇လုံးတန်းသည့်နေ့ ရောက်လာခြင်း။

ယဲ့ရှောင်က သူ ယခင်ဘဝရှိ ရုပ်ရှင်အချို့ကို မှတ်မိနေသေးသည်။ သူလျှိုများက အလုပ်ကောင်းကောင်း ဆောင်ရွက်သော်ငြား အဆုံးတွင်မူ တစ်စုံတစ်ယောက်၏ ဘော့စ်ဖြစ်ပြီး အဆုံးသတ်သွား၏။ ယင်းက ဟွမ်လျိုလီသည် ရာထူးမြင့်မြင့်ရသွားပြီး တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုထဲ ကျရောက်သွားသည်လော။ ဆိုရလျှင် သူမက နဂါးအမျိုးအစား သွေးမျိုးဆက်ရှိသည်။ ထို့ကြောင့် တစ်ဖက်က သူမကို ပိုတန်ဖိုးထားလောက်၏။

ထို့အပြင် သူတို့ထဲ၌ အံ့ဖွယ်ချီရှန်း ရှိမရှိ သူ မသိရသေးပေ။ ရှိနေခဲ့မည်ဆိုလျှင် ဟွမ်လျိုလီ၏ စိတ်ထဲ သူ ချန်ရစ်ခဲ့သော ဝိညာဥ်အမှတ်အသားကို ဖယ်ရှားရန် နည်းလမ်းအချို့ ရှိလောက်၏။ ထိုသို့ဆိုလျှင် ဟွမ်လျိုလီ ပုန်ကန်တာ မဖြစ်နိုင်တာ မဟုတ်ပေ။

ထိုသို့တွေးမိပြီး ယဲ့ရှောင်၏ အကြည့်တို့က အေးစက်သွားလေ၏။ ဟွမ်လျိုလီက အမှန်တကယ် ပုန်ကန်ခဲ့လျှင် သူမကို အလွယ်တကူ အလွတ်မပေးမှာ သေချာ၏။

သူ့လက်ထဲ၌ လေဟာနယ် သိုလှောင်လက်စွပ်ကို ကိုင်ထားပြီး အတွေးနက်နေလျက် မျက်တောင်ခတ်လိုက်၏။

မနက်ဖြန်က ကြယ်၇လုံးတန်းမည့်အချိန် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ကြယ်တာရာသားရဲများက လက်စွပ်အတွင်းရှိ လေဟာနယ် ပို့ဆောင်ရေး အစီအရင်ကို သေချာပေါက် ဖွင့်ကြလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူက သတ်ဖြတ်ရန် အခွင့်အရေးယူပြီး ဟွမ်လျိုလီကို ရှာမည်။

သူ့ကို သစ္စာဖောက်ရဲသည့်သူက သေရမည်။

တစ်ချိန်တည်းတွင် တစ်ခြားတစ်ဖက်၌ ချူနှင့် ကျုံးစီရင်စုကြားရှိ နယ်စပ်တွင် တောင်တစ်သိန်းကြားရှိ ချောက်ကမ်းပါးအောက်၌ နာကျင်စွာ အော်သံကို ကြားနေရ၏။

” အား … ရပ်လိုက်ပါတော့။ ရပ်လိုက်တော့။ အရိုးတွေ ကျိုးကုန်တော့မယ်။ ဟင့် ဟင့် ဟင့် ”

ဟွမ်လျိုလီက ကျောက်တိုင်ပေါ်၌ အချည်ခံထားရပြီး အကြိမ်ပေါင်းများစွာ အရိုက်ခံနေရ၏။

သူမ၏ မျက်နှာလေးက ၀က်ခေါင်းပမာ အဆက်မပြတ် ငိုကြွေးနေ၏။ သူမအတွက် ဂရုဏာမသက်ပဲ မနေနိုင်ကြချေ။

” သေးသိမ်လိုက်တာ။ ကြယ်တာရာသားရဲတစ်ကောင်အနေနဲ့ မင်းက လူသားတွေ ကျွန်ပြုတာ ခံရပြီး သူတို့ရဲ့ ကျွန်တောင် ဖြစ်လာသေးတယ်။ မင်းက သက်ညှာပေးဖို့ တောင်းဆိုရဲသေးတယ်ပေါ့။အမှန်အတိုင်းပြော ”

ကြာပွတ်ကို ရိုက်နေသည့် သူက အနက်ရောင် ကျားသစ်ပုံသဏ္ဍန် ကြယ်တာရာသားရဲ ချီရှန်းတစ်ဦး ဖြစ်၏။

ဟွမ်လျိုလီကို ရိုက်နှက်ပြီးနောက် သူက စင်မြင့်ပေါ်ကနေ ခုန်ဆင်းပြီး ကြယ်တာရာသားရဲများစွာကို စိတ်လှုပ်ရှားစွာ ဟိန်းဟောက်မိစေ၏။

ကျားသစ်နက် ချီရှန်းသည် ရုပ်ပုံသဏ္ဍန်အပြည့်အဝ ပြောင်းလဲနိုင်သော နောက်ထပ် ကြယ်တာရာသားရဲ သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ သူ့၌ ပါးနှစ်ဖက်နှင့် ထူးဆန်းသည့် အမှတ်အသားတစ်ခု ရှိနေရုံသာ ရှိ၏။ သူက အပြည့်အဝ လူပုံသဏ္ဍန် မပြောင်းလဲနိုင်သေးပေ။

” သူ တစ်ခုခု မှားနေတာကို သတိပြုမိတာကြာပြီ။ အမြဲတမ်း လျှို့ဝှက်ပြီး ခိုးကြောင်ခိုးဝှက် ပြုမူနေတာ။ ရံဖန်ရံခါ ဝိညာဥ်စွမ်းလှိုင်းတွေကိုတောင် တိတ်တဆိတ် ပို့သေးတယ် ”

” သူ့မှာ ပုံရိပ်ယောင်ကြောင်ရဲ့ သွေးမျိုးဆက်ရှိနေပြီး ဝိညာဥ်စွမ်းအင်ကျင်ကြံဖို့အတွက် သင့်တော်တာ နှမြောဖို့ ကောင်းလွန်းတယ်။
ဒီလက်အောက်ငယ်သားက ဝိညာဥ်စွမ်းအင်အရာမှာ ချွန်ထက်တဲ့ ဓါးနှစ်လက်လိုမျိုး။ သူ့ကို စုံစမ်းစစ်ဆေးဖို့ ပို့ခဲ့တာ။ သူတို့က သူမပြောတာကို ထပ်ခါတလဲလဲ နားထောင်ခဲ့တယ်။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း မကြားနိုင်ဘူးလေ။ တစ်ခွန်းလောက်ပဲ ဝေဝေဝါးဝါး ကြားနိုင်တာ။ အဲ့ဒီစကားလုံးက ဘာကို ကိုယ်စားပြုမှန်း မသိဘူး။ အဆုံးမှာတော့ သူတို့က မဟာချီရှန်း ရှီခွေ့ကို မေးလိုက်တဲ့အချိန် အဲ့ဒီစကားလုံးက သခင်ဆိုတဲ့ စကားလုံးပဲ ဖြစ်တယ် ”

” ငါ ဒေါသထွက်လိုက်တာ။ ဒီသစ္စာဖောက်
ကြောင့် ”

သူတော်စင်တမန်တော်က ခေါင်းညိတ်လိုက်၏။

” ကံကောင်းလို့ သူ သူလျှိုလုပ်နေတာကို မင်း အချိန်မှီ ရှာတွေ့ခဲ့တာ။ မဟုတ်ရင် လူသားမျိုးနွယ်စုကို ငါတို့တန်ပြန်တိုက်ခိုက်မဲ့ အစီအစဥ်က ကျရှုံးသွားမှာပဲ ”

” သူတော်စင်တမန်တော် သူနဲ့ သူ့ရဲ့သခင်ကြားက ဆက်ဆံရေးကို ဖြတ်တောက်ပြီးပြီ။ ဒါပေမဲ့ ခန္ဓာတွင် နဂါးအမျိုးအစား ကြယ်တာရာသားရဲတစ်ကောင်အနေနဲ့ သူက ကျုပ်တို့ကို သစ္စာဖောက်ပြီး လူသားတွေရဲ့ ကြယ်တာရာသားရဲဖြစ်လာတာက အဆင်မပြေဘူးမလား။ သူ့ကို ဥပမာအနေနဲ့ ဖြေရှင်းရအောင်လား ”

သူတော်စင်တမန်တော်က ဟွမ်လျှိုလီကို ကြည့်လိုက်၏။

” သူက ကလေးပဲ ရှိသေးတယ် ”

” သူက လူသားတွေ လှည့်စားတာ ခံခဲ့ရတာလေ။ အချိန်ကြာလာတာနဲ့ တဖြည်းဖြည်းချင်း ပြောင်းလဲမှာပဲ။ သူနဲ့ လူသားတွေရဲ့ အဆက်အသွယ်ကို ဖြတ်တောက်လိုက်တာက သူရဲ့ ဆုတ်လမ်းကို ဖြတ်တောက်လိုက်တာပဲ။ လူသားတွေကို ထပ်ရှာချင်တယ်ဆိုရင် ဒေါသထွက်နေတဲ့ လူသားတွေသတ်တာ ခံရမှာ ပဲလေ ”

” ပြောရရင် သူက နဂါးအမျိုးအစား သွေး မျိုးဆက်နဲ့ ကြယ်တာရာသားရဲတစ်ကောင်လည်း ဟုတ်တယ်။ နောင်ကြ ကြီးပြင်းလာတဲ့အချိန် ငါတို့ကို အကူအညီပေးနိုင်မှာ။ ငါတို့ သူ့ကို သတ်ဖို့ ရှောင်နိုင်ရင် မသတ်တာ အကောင်းဆုံးပဲ ”

” သူတော်စင်က ဉာဏ်ရှိပါပေတယ် ”

” အမိန့်ပေးလိုက် … ညသန်းခေါင်ယံအချိန်ကြ မြို့ကြီးတွေဆီကို သွားမယ့် ပို့ဆောင်ရေး လမ်းကြောင်းတွေကိုဖွင့်။ ညသန်းခေါင်ကြရင် လူ့လောကက လူအားလုံးကို သတ်ပစ်မယ် ”

” ဟုတ်ကဲ့ ”

ကြယ်တာရာသားရဲများက စီတန်းနေလိုက်သည်။ မရေမတွက်နိုင်သည့် ကြယ်တာရာသားရဲများက ချောက်ကမ်းပါးထဲ၌ သွေးဆာလောင်ကာ ဟိန်းနေကြ၏။

ကြာပွတ်အရိုက်မခံရတော့သည့် ဟွမ်လျိုလီက သက်ပြင်းချလိုက်မိသည်။ သူမ အောက်ရှိ ကြယ်တာရာသားရဲများကို ကြည့်ပြီး ခေါင်းခါလိုက်မိ၏။

ထိုလူတစ်စုက မည်ကဲ့သို့ ပရိယာယ်များသည့်သူကို ရင်ဆိုင်ရမည်မှန်း မသိသေးပေ။

အကောင်ရေတစ်သောင်း ဖြစ်နေရုံများဖြင့် သူတို့က ခုနှစ်စင်ကြယ်ဖြင့် ကောင်းချီးပေးခံရလျှင်တောင် သူတို့က ထိုလူ၏ နုတ်နုတ်စင်းခြင်းကို ခံရမည် မဟုတ်ပါလော။

အစက သူတို့သည်လည်း ကြယ်တာရာသားရဲများ ဖြစ်နေသည့်အချက်ကြောင့် သူတို့အတွက် ဂရုဏာသက်မိနေသေးသည်။ အဆုံးတွင်မူ သူတို့က သူမကို ဆိုးဆိုးဝါးဝါး ရိုက်နှက်လိမ့်မည်ဟု သူမ မထင်ထားပေ။

ဒါဆို ငါနှလုံးသားမဲ့တယ်ဆိုပြီး အပြစ်မတင်လေနဲ့။

ဤနေရာရှိ ကြယ်တာရာသားရဲများတွင် ကြက်များ၊ ဘဲများ၊ ငန်းများ၊ ယုန်များ၊ နွားများ၊ သိုးများ၊ ခွေးများ၊ ငါး၊ ပုစွန်၊ ဂဏာန်း အမျိုးအစားစုံပေ၏။ အချိန်ကြလာလျှင် သူက ကြော်လှော်ချက်ပြုတ်။ ယဲ့ရှောင်က သူ စိတ်သဘောအတိုင်း စားသောက်ပေလိမ့်မည်။

ပြောရန် မလိုပေ။ ယခုအချိန်၌ ဟွမ်လျိုလီက ယဲ့ရှောင် နောက်လိုက်ရတာ မဆိုးရွားဟု ခံစားမိလာသည်။ အနည်းဆုံးတော့ သူမက ကောင်းကောင်းအိပ် ကောင်းကောင်းစားနိုင်ကာ သူမ၏ ကျင့်ကြံဆင့်ကို လျှင်မြန်စွာ မြင့်တင်နိုင်သည်။

အချိန်တချို့ နည်းနည်းလောက် ထပ်ထည့်ဖို့ ကြိုးစားကြည့်လိုက်ရအောင်လား။

သူ့ကျွန်အဖြစ် အနှစ် ၇၀၀လောက်ဆို ရလောက်တယ်မလား။

အနှစ် ၇၀၀ကြာပြီးရင် ကောင်းကောင်းမွန်မွန် စားသောက်တာ လုံလောက်ပြီ။ ကျင့်ကြံဆင့်ကလည်း အလွန်သန်မာလာမှာ။ အဲ့ဒီအချိန်ကြမှ သူ လွတ်လမ်းရှာဖို့က သိပ်နောက်မကျလောက်ပါဘူး။

အချိန်က နည်းနည်းချင်း ကုန်ဆုံးသွား၏။ မကြာမီ၌ သန်းခေါင်ယံအချိန် ရောက်လာတော့သည်။

ယခုအချိန်တွင် ကောင်းကင်ထဲရှိ ခုနှစ်စင်ကြယ်က တောက်ပနေပြီး တစ်တန်းတည်း ဖြစ်နေလေ၏။ ကောင်းကင်နှင့် မြေကြီးကြား သံလိုက်စက်ကွင်းက ရုတ်တရက် ထူးထူးဆန်းဆန်း ပြောင်းလဲသွားပုံပေါ်သည်။

လေထဲရှိ ပါဝင်သော ဝိညာဥ်စွမ်းအင်က လျင်မြန်စွာ တက်လာ၏။

စာကြည့်တိုက်ထဲတွင် ညအချိန်၌ ယဲ့ရှောင်က စာဖတ်နေကာ ပြတင်းပေါက်နား ဖြည်းဖြည်းချင်း လျှောက်သွား၏။ အထွတ်အထိပ် မဟာချီရှန်းတစ်ဦးအနေဖြင့် ဤအနည်းငယ်သော ပြောင်းလဲမှုကို ခံစားမိသည်။

စနေပြီလား။

သူ၏ ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က အနည်းငယ်အနားမရ ဖြစ်နေတာကို ခံစားမိသည်။ ယင်းက ယဲ့ရှောင်ကို မျက်ခုံး အနည်းငယ် ပင့်သွားစေ၏။

အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က ဝိညာဥ်စွမ်းအင်ကို ပိုမြန်ဆန်သော နှုန်းဖြင့် စုပ်ယူနေသည်။

ဘာတွေဖြစ်ကုန်တာလဲ။ ကြယ်၇လုံးတန်းတာက လူသားရဲ့ အံ့ဖွယ်ဝိညာဥ်ပေါ် ထူးခြားတဲ့ သက်ရောက်မှု ရှိစေတာလား။

ယဲ့ရှောင်က သံသယဖြစ်လျက် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးကာ ဝိညာဥ်စွမ်းအင်ကို လျှင်မြန်စွာ ဖြန့်ကျန့်လိုက်၏။ အဆုံးတွင်မူ ကျန်သည့် လူသားများ၏ အံ့ဖွယ်ဝိညာဥ်က ပြောင်းလဲမှု မရှိတာကို သဘောပေါက်လိုက်သည်။

ဘာတွေဖြစ်နေတာလဲ။

သူ၏ အံ့ဖွယ်ဝိညာဥ်သာလျှင် ကြယ်တာရာသားရဲများကဲ့သို့ ကြယ်၇လုံးတန်းခြင်း၏ တန်းခြင်းကို တုံ့ပြန်သည်လော။

သူ၏ အံ့ဖွယ်ဝိညာဥ်က တစ်ခုခု ထူးခြားနေသည်လော။

သို့သော် ယဲ့ရှောင်ကို များများစားစား တွေးနေရန် အချိန်မပေးပေ။ အကြောင်းမှာ သူ၏ အိတ်ကပ်ထဲရှိ လက်စွပ်က ထူးဆန်သည့် လေဟာနယ်ကြိမ်နှုန်း အတက်အကျကို ထုတ်ဖော်လာတာကို ရုတ်တရက် ခံစားမိသောကြောင့် ဖြစ်သည်။

လက်စွပ်အတွင်းရှိ လေဟာနယ် ပို့ဆောင်ရေး အစီအရင်က ပွင့်လာတော့၏။

ကြယ်တာရာသားရဲတစ်ဖွဲ့ လာနေခြင်းဖြစ်သည်။ အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်၏ သူ ရှိနေသည့် နေရာမှ ပျောက်ကွယ်သွားပြီးနောက် သူသည် ကျန်းဟိုင်မြို့၏ ဆင်ခြင်ဖုံးသို့ ရောက်လာကာ မထင်မရှားနေရာ၌ ပြန်ပေါ်လာ၏။

သိုလှောင်လက်စွပ်ပေါ်၌ ထားလိုက်သည်။ လေဟာနယ် အစီအရင်က တဖြည်းဖြည်းချင်း ပုံပေါ်လာပြီးနောက် ကြီးမားသည့် မီတာ ၃၀ကျော်ခန့် ရှိသည့် ပို့ဆောင်ရေး တံခါးတစ်ခုကို ဖွဲ့တည်လိုက်သည်။

ယဲ့ရှောင်က ပို့ဆောင်ရေး တံခါးတစ်ဖက်ကနေ သွေးဆာလောင်သည့် အငွေ့အသက်များကို ခံစားမိနေ၏။

ယခုအချိန်တွင် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုက မိုင်ရာချီကို ဖြန့်ကျန့်ထားပြီ ဖြစ်သည်။ ကျန်းဟိုင်မြို့နားတစ်ဝိုက် ကျန်သည့် မြို့များတွင် ရုတ်ရုတ်သဲသဲ ဖြစ်ပွားလာ၏။

အနီးဆုံး မြို့နှစ်မြို့မှ လူများကလည်း သတိအနေအထား ဖြစ်လာတော့သည်။

” ကြယ်တာရာသားရဲ … ကြယ်တာရာသားရဲတွေ ဒီရောက်လာပြီ ”

” ကြယ်တာရာသားရဲတွေ ဘယ်ကနေ ထွက်နေတာလဲ။ ဘာကြောင့် ကြယ်တာရာသားရဲတွေ များနေတာလဲ ”

” အား ”

” အမြန်ခုခံကြ ခုခံကြ ”

ကြောက်လန့်တကြား အော်ငြီးသံများက ပြန့်လွင့်လာတော့၏။

သူ့ရှေ့ရှိ လေဟာနယ်က မရေမတွက်နိုင်သည့် ကြယ်တာရာသားရဲများ တဟုန်ထိုး ထွက်ပေါ်လာပြီး ကျန်းဟိုင်မြို့ရှိ လူသားများကို ဖျက်ဆီးမည်မှန်း ယဲ့ရှောင် သိနေ၏။

အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ယဲ့ရှောင်၏ အကြည့်က ရုတ်တရက် အေးစက်သွားတော့သည်။ သူက ထိုကဲ့သို့ ဖြစ်ခွင့်ပေးမှာ မဟုတ်ပေ။

အန္တရာယ်ကြုံလာချိန်၌ သူက ၄င်းတို့ကို ကြိုဆိုရန် အမြှောက်တစ်ခုကို သုံးပြီး ဖျက်ဆီးပစ်မှာပဲ ဖြစ်သည်။

အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်၏ နောက်ကျောကနေ အလင်းရောင်ခြည်တန်း ထွက်လာ၏။ ယင်းက ကောင်းကင်ပိုင်းဖြတ်ခြင်းဓါး၏ အစွမ်းထက်သော ဓါးဆန္ဒပါဝင်နေသော ရွှေရောင်စစ်စစ် ဓါးရောင်ခြည်ဖြစ်ပြီး အထွတ်အထိပ် မဟာချီရှန်း
တစ်ဦး၏ အစွမ်းထက်သော ဝိညာဥ်စွမ်းအင်ပါနေကာ တော်ဝင်နည်းစနစ်၏ စွမ်းအင်ချဲ့ထွင်မှုတစ်ရပ် ဖြစ်သည်။

ပြီးနောက် ဒုတိယရောင်ခြည် တတိယရောင်ခြည် စတုတ္ထရောင်ခြည် ပါလာ၏။ ယဲ့ရှောင်နောက်ရှိ ကောင်းကင်တစ်ခုလုံးက လင်းထိန်နေတော့သည်။ မရေမတွက်နိုင်သည့် ရွှေရောင်ဓါးရောင်ခြည်များက ကျန်းဟိုင်မြို့တစ်ဝက်၌ လင်းထိန်နေလေ၏။

ကျန်းဟိုင်မြို့၏ သိုင်းပညာရှင်များက ထိုစွမ်းအင်ကို အာရုံခံမိပြီး အတူတကွ စုဝေးလိုက်ကာ မြင်ကွင်းကို ကြည့်နေစဥ် သူတို့မျက်လုံးထဲ၌ ထိတ်လန့်မှုတို့ ပြည့်နေ၏။

” အစွမ်းထက်လိုက်တာ။ ဘုရားရေ .. ဒီစွမ်းအားက ကြောက်ဖို့ကောင်းလိုက်တာ။ မယုံနိုင်စရာ ကောင်းလိုက်တာပဲ ”

” စီရင်စု ၉ခုမှာ ဒါမျိုး လုပ်နိုင်တဲ့သူ ဘယ်လောက်များများ ရှိလဲ ”

” ဓါးအလင်း … ဒါက ငါတို့ ကျန်းဟိုင်မြို့ရဲ့ ပြိုင်ဘက်ကင်း ဓါးသခင်များလား ”

” သူပဲ သူပဲဖြစ်ရမယ် ”

” ဒါပေမဲ့ အခုအချိန်မှာ ဘာကြောင့် ပေါ်လာတာလဲ။ ငါတို့ ကျန်းဟိုင်မြို့က ကြယ်တာရာသားရဲတစ်ကောင်တောင် မတွေ့သေးဘူးလေ ”

တစ်စုံတစ်ယောက်က ဇဝေဇဝါ ဖြစ်နေစဥ်
တုထျန်းယွီက ချက်ချင်းပြေးလာပြီး အော်လိုက်၏။

” အားလုံးပဲ တစ်ခုခု မကောင်းတာ ဖြစ်နေပြီ။ လင်းနန်၊ ၀မ်ဟိုင် အိမ်နီးချင်းမြို့တွေအကုန်လုံးက ကြယ်တာရာသားရဲဆီ စီးနင်းတိုက်ခိုက်တာ ခံနေရပြီ ”

” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှောင်လင်ကျောင်းတော်ရဲ့ ချီရှန်း ဖာ့ကျန်းက အိမ်နီးချင်းမြို့တွေဆီ စစ်ဆေးပေးခဲ့တာ မဟုတ်ဘူးလား။ ကြယ်တာရာသားရဲ ရှိနေရင်တောင် အများကြီး မဖြစ်စေဘူးမလား။ မှားတာများလား ”

တုထျန်းယွီက စိတ်ပူပန်စွာ ခြေထောက်ဆောင့်လိုက်၏။

” အဟုတ်ပဲ။ မြို့တွေအားလုံး ဖရိုဖရဲဖြစ်နေပြီ။ ကြယ်တာရာသားရဲတွေက မြို့တွေပေါ် ရုတ်တရက် ပေါ်လာပြီ။ အငိုက်ဖမ်းနေတာ … အကုန် ရူးသွပ်ကုန်ပြီ … ”

အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးသူတို့မျက်လုံးထဲ၌ ထိတ်လန့်မှုကို မြင်နေရ၏။

ကြယ်တာရာသားရဲတစ်စုက ချုံခိုတိုက်ခိုက်ပြီး မြို့အတွင်းမှ ပေါ်ထွက်လာသည်လော။

ဒါက ပို့ဆောင်ရေး အစီအရင် ဖြစ်နိုင်မလား။ ပို့ဆောင်ရေး အစီအရင်ကို မြို့ထဲမှာ ဘယ်လိုလုပ် တည်ဆောက်နိုင်မှာလဲ။ ပို့ဆောင်ရေး အစီအရင်က သာမန် အစီအရင် မဟုတ်ဘူးလေ။ တစ်စုံတစ်ခု တည်ဆောက်ချင်တယ်ဆိုရင် ဒုက္ခအတော် ခံရမှာ။ သူ့ရဲ့ ရွှေ့ပြောင်းနိုင်မှုကလည်း မသေးဘူး။

ကြယ်တာရာသားရဲတွေက မြို့တချို့မှာ ကြယ်အစီအရင် တည်ဆောက်ချင်တယ်ဆိုရင် တခြားသူတွေ ရှာတွေ့မှာ သေချာတယ်။ တခြားမြို့က လူတွေ ဘာကြောင့် ရှာမတွေ့တာလဲ။

ထိုစဥ် တုချန်ဖုန်းက တစ်စုံတစ်ခုကို တွေးမိသွား၏။

” သိုလှောင်လက်စွပ် … အရင်လတုန်းက တုန်းဖုန်းလေလံအိမ်တော်က မြို့တချို့မှာ သိုလှောင်လက်စွပ်တွေ ရောင်းချခဲ့တာမလား … ”

သူက ကြေးစီရင်စုထဲတွင် စာသင်ပေးခဲ့စဥ် သိုလှောင်လက်စွပ်က ပို့ဆောင်ရေး အစီအရင်အချို့ကို မှတ်သားထားနိုင်ကြောင်း စာဖတ်ခဲ့ရသည်။ ကြယ်တာရာသားရဲနှင့် စစ်ပွဲကာလအတွင်း သူတို့က အင်မတန် ထူးခြားသည့် အာနိသင်များ ရှိခဲ့၏။

မြို့များတွင် သိုလှောင်လက်စွပ်များကို လေလံတင်သည့်အကြောင်း တွေးမိသည့်အချိန်၌ ကြယ်တာရာသားရဲများ မြို့ထဲဝင်လာပုံကို ချက်ချင်းခန့်မှန်းမိသွားသည်။ ထိုသို့ပြောပြီးနောက် လူတိုင်း၏ အမူအယာက ပြောင်းလဲသွားသည်။

” သေစမ်း။ ငါတို့ ကျန်းဟိုင်မြို့က သိုလှောင်လက်စွပ် ဘယ်မှာလဲ ”

” သိုလှောင်လက်စွပ်ကို ဝယ်သွားတဲ့သူက
ကျန်းဟိုင်မြို့ ဟုန်ရှောင် ဆောက်လုပ်ရေးလုပ်ငန်းစုရဲ့ သူဌေး မာချွန်းဟုန်ပဲ ”

” မြန်မြန် သူ့ကို ဆက်သွယ်ကြ ”

အပိုင်း ၁၂၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset