Switch Mode

Chapter – 3

ခွန်အား

အပိုင်း(၃) ခွန်အား

စုရှောင်ရှန် တကယ်က အလွန်ချမ်းသာသည်။ သူ၏ခြံထဲတွင် စိတ်ဝိညာဉ်ငါးများမွေးထားသော ငါးကန်လေးတစ်ခု၊ တောင်ကပို့ အတုကလေးနှင့် အတော်အသင့် ရှည်သော စိတ်ဝိညာဉ်သစ်ပင်များ ရှိသည်။

ဒေါသထွက်နေသော လူများထံမှ ထွက်ပြေးလာပြီးနောက် စုရှောင်ရှန် ပြန်အိပ်ရန် ပြင်လိုက်သည်။ သို့သော် သူ့စိတ်ထဲရှိ အနီရောင်ဖန်သားပြင်ထက်၌ [ဈေးဆိုင်]ဟူ၍ အပိုင်း အသစ် တစ်ပိုင်း ပေါ်လာတာကို ‌သတိထားမိလိုက်သည်။

ထို အပိုင်းအောက်ရှိ [ ပင်ကိုယ်အမှတ် : ၆၄ ] ဟူ‌သောစာကြောင်း ကို သူကြည့်လိုက်သည်။

ပင်ကိုယ်မှတ်များကြီးကို ရလိုက်သည့်အတွက် စုရှောင်ရှန် ပီတိ ဖြစ်နေသည်။ ဖြစ်နိုင်သည်မှာ သူ၏ ပင်ကိုယ်အမှတ် ဂဏာန်း (၂) လုံးဖြစ်သွားသောကြောင့် [ဈေးဆိုင်] ပေါ်လာသည်လော။

[ဈေးဆိုင်] ကိုသူ နှိပ်လိုက်သည်။ ဈေးဆိုင်၏ မျက်နှာပြင်တွင် အနီရောင် လက်ဆောင် သေတ္တာကြီးမှ တခြား မည်သည်မျှ မရှိချေ။

[ပင်ကိုယ်လက်ဆောင်သေတ္တာ – ဈေးနှုန်း : ပင်ကိုယ်မှတ် (၁၀) မှတ်]

စုရှောင်ရှန် သူ၏ အသက်ရှူခြင်းနည်းစနစ်အား ပင်ကိုယ်ရမှတ်များဖြင့် အဆင့်မြင့်တင်ရန် ယခင်ညက ကြိုးစားကြည့်သေးသည်။ သို့သော် မအောင်မြင်ပေ။ ယခုမှ ပင်ကိုယ်ရမှတ်များသည် ‌[ဈေးဆိုင်] မှ ပစ္စည်းများ၀ယ်ယူရန်မှန်းသိလိုက်ရ၏။

ဘာမှ တွေးမနေဘဲ [၀ယ်မည်] ဟူသော ခလုပ်ကို ချက်ချင်း နှိပ်လိုက်သည်။ အနီရောင်သေတ္တာ ဖန်သာပြင်ပေါ်မှ ပျောက်သွားပြီး စာတန်းများပြောင်းလဲသွား လေသည်။

[စွမ်းရည်အမှတ် +၁၀]

[ပင်ကိုယ်သော့ +၃]

တစ်ချိန်တည်းတွင်ပဲ [ဈေးဆိုင်] ၏ ဖန်သားပြင် လှုပ်ခါသွားပြီး ယခင် အနက်ရောင်ဘီးနှင့် ဆင်တူ‌‌ ပေမယ့် ပိုမိုသေးငယ်သည့် အနီရောင် လှည်းဘီးကြီးပေါ်လာသည်။ ထို့ပြင် ထိုလှည်းကြီး၏ မျက်နှာပြင်ကို မီးခိုးမြူများက ဖုံးလွှမ်းထားသောကြောင့် အနောက်က ဘာဖြစ်သည်ဆိုသည်အား သူမမြင်နိုင်ပေ။

လှည်းဘီးဆိုသည်ကို မြင်လိုက်သည်နှင့် စုရှောင်ရှန်၏ ပါးစပ်အလိုအလျှောက် လှုပ်သွားသည်။ သူ့မျက်လုံးများ အရောင်မှိန်သွားပြီး ယခင်တစ်ခုက ကျိုးသွားသော ‌အပ်ကလေးတစ်ချောင်းကို ပြန် အမှတ်ရလိုက်၏။

[ဈေးဆိုင်] ဖန်သားမျက်နှာပြင်တွင် မီးခိုးရောင် ‌အသိ‌ ပေးချက် နှစ်ခုပေါ်လာသည်။

[စွမ်းရည်အမှတ် – ဈေးနှုန်း : ပင်ကိုယ်အမှတ် ၁၀၀၀]

[ပင်ကိုယ်သော့ – ဈေးနှုန်း : ပင်ကိုယ်အမှတ် ၁၀၀၀]

ထိုအသိပေးချက်များကိုမြင်သော် စုရှောင်ရှန် တုန်လှုပ်သွားသည်။ အလွန်ဈေးကြီးသည်လော။

ပင်ကိုယ်မှတ် ၁၀ တည်းဖြင့် ပင်ကိုယ်မှတ် ၁၀၀၀၀ တန် ပစ္စည်းများကို သူ၀ယ်နိုင်လိုက်သည်လော။

“ဝိုး…” စုရှောင်ရှန်၏ မျက်လုံးများ ပြူးကျယ်သွား၏။ တစ်ချိန်တည်းပဲ လက်ဆောင်သေတ္တာက သူ့လို ဘာမှ မရှိသည့် ကစားသမားတစ်ယောက်အတွက် ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ဖြစ်မှန်း သဘောပေါက်လိုက်သည်။ ထို့ပြင် ၎င်းအား အလကားနီးပါးရလိုက်ခြင်းဖြစ်လေသည်။

အလွန် နေလို့ကောင်း၏။

“ပင်ကိုယ်သော့ဆိုတာ… ဒီဘီးကို လှည့်တဲ့ ဟာပဲဖြစ်ရမယ်” စုရှောင်ရှန် ဆိုလိုက်သည်။ ယခင်တစ်ခေါက်က ပျက်ဆီးရသည့်အဖြစ်ကြောင့် ဘီးကိုယ်တိုင် အဆင့်မြင့်သွား၍ လက်ဖြင့် တွန်းလှည့်စရာမလိုတော့သည်လော။

စွမ်းရည် အမှတ်များ မည်တွင်သုံးသည်ကို သူစဉ်းစားနေစရာမလိုပေ။ သူ၏ ပင်ကိုယ် စွမ်းရည်များအား အဆင့်မြင့်ရာတွင် သုံးရမည်ဖြစ်ကြောင်း ထင်ရှားသည်။

“ဒါဆို ငါ အသက်ရှူခြင်းနည်းစနစ်ကို အဆင့်မြင့်ရင်ကောင်းမလား” အတွေး၀င်လာသည်။ သို့သော် ချက်ချင်းပဲ စုရှောင်ရှန် ထို အတွေးအား ဘေးထိုးထားလိုက်သည်။ “ပင်ကိုယ်သော့ကို အရင်သုံးရင် ကောင်းမယ်။ ကံကောင်ပြီး နောက်ထပ် ပင်ကိုယ်စွမ်းရည် တစ်ခုရလို့ အဆင့်မြင့်စရာမရှိတော့မှ ကြံရာမရဖြစ်နေရင် ခက်မယ်”

အပြင်စည်း၏ မိုးတိမ်လေ ပြိုင်ပွဲကို (၃) ရက်အတွင်း ကျင်းပ တော့မည်ဖြစ်သည်။ ၎င်းပြိုင်ပွဲသည် မိုးတိမ်လေ အဆင့် ၁၀၀အတွင်း၀င်လိုသော သခင် လေးများအတွက် ယှဉ်ပြိုင်ပွဲဟုဆိုလျှင်မမှားချေ။ သို့သော် စုရှောင်ရှန်အတွက်တော့ သေမိန့်ကျသလို ပြိုင်ပွဲမျိုးဖြစ်သည်။

ဤအနီရောင်ဘီးမှ ကောင်းကောင်းကန်းကန်း ပင်ကိုယ်စွမ်းရည်ရရှိမှသာ ဤ ထျန်းစန်စိတ်ဝိညာဉ်နန်းတော်၌ ဆက်လက်၍ နေနိုင်မည်ဖြစ်သည်။ အကယ်၍ သူသာ ဤနေရာမှ နှင်ထုတ်ခံရပါက သွားစရာနေရာ ရှိတော့မည်မဟုတ်ပေ။

အနီရောင်ဘီး၏ အခြေရှိ အပေါက်ကလေးထဲသို့ သော့ကို စုရှောင်ရှန် ထည့်လိုက်သည်။ ချက်ချင်း ဘီး၏မျက်နှာပြင်ရှိ မိုးခိုးမြူများ ပိုမို ထူထပ်သွားပြီး ဘာမှ မမြင်နိုင်တော့ချေ။

“ကောင်းတာလေးရ။ ကောင်းတာလေးရ။ ငါ့ကို ချက်ချင်း ကြမ်းသွားအောင်လုပ်ပေးမယ့် ဟာလေးရ”

သော့ကိုထည့်လိုက်ပြီးနောက် ချက်ချင်း လက်အုပ်ချီကာ စုရှောင်ရှန် ဆုတောင်းလိုက်သည်။ “ဘာသိုင်း၊ ဘာနည်းစနစ် မှမပေးနဲ့ ငါမလိုဘူး။ ငါ့ကို ချက်ချင်းကြမ်းအောင်လုပ်ပေးမယ့်ဟာပဲပေး…”

မိုးခိုးမြူများ တစ်စတစ်စလွင့်ပျယ်လာသည်။ မိုးခိုးအောက်၌ မည်သည်ရှိသည်ကို စုရှောင်ရှန် မသိပေ။

ထို့နောက် [နောက်တစ်ကြိမ်ကံကောင်းပါစေ] ဟူသော အသိပေးချက်ပေါ်လာ၏။

စုရှောင်ရှန်၏မျက်နှာ မဲမှောင်သွားသည်။ “ဘာသဘောလဲဟ”

“အဲ့လိုပြောတာနဲ့ နောက်တစ်ခါ ငါတကယ် ကံကောင်းမှာမို့လိုလား”

စနစ်က အမြဲတမ်း သာမန် မလာဘဲ ထူးထူးဆန်းဆန်းတွေ ဘာကြောင့်လာတာလဲ

…။ စနစ်က ဘာလို့ အရမ်း ညစ်ပတ်တာလဲ…။ အရင်တစ်ခေါက်တုန်းက အပ်ကိစ္စလည်း ဒီလိုပဲ…။

စုရှောင်ရှန် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူ့တွင် သော့နှစ်ချောင်းရှိသေးသည်။ စုရှောင်ရှန်‌ နောက်ထပ် သော့တစ်ချောင်းကို ထည့်လိုက်ပြီး ရူးသွပ်နေသော ဟန်ပန်ဖြင့် “ လုပ်စမ်းပါ။ အာအန်ဂျီးဆက်”ဟု အော်ဟစ်လိုက်သည်။ (RNGesus က ဂိမ်းသမားတွေ gacha ဆွဲရင် ကံပိုကောင်းအောင် အော်တဲ့ဟာပါ။ အင်း… တကယ်တော့ မရပေမယ့် ဟာသ သဘောနဲ့ အော်တာပါ။)

မီးခိုးမြူများ ပျယ်လွင့်သွားသည်။ စုရှောင်ရှန် အသိပေးချက် ပေါ်လာမည့် ဖန်သားပြင်အား မျှော်လင့်ချက်ကြီးစွာဖြင့် စိုက်ကြည့် နေလိုက်သည်။

[သော့တစ်ချောင်းရရှိပါသည်]

စုရှောင်ရှန် စွံ့အသွားတော့သည်။

“ဟ… ဒါဘာသဘောလဲဟ…ငါသော့တစ်ချောင်းသုံးတာ မင်းတို့က ငါ့ကို သော့တစ်ချောင်း ပြန်ပေးတယ်။ လာနောက်နေတာလား… မင့်ကိုယ်မင်း ဆရာကြီး ကမ္ဘာကြီး ထင်နေတာလား။ ဘာလို့ သော့တစ်ချောင်းလဲ” စုရှောင်ရှန်၏ မျက်ဖြူ လှန်သွား တော့သည်။

“မရယ်ရဘူးနော်”

သော့နှစ်ချောင်းသုံးပြီးနောက် သူ့တွင် သော့နှစ်ချောင်းသာ ကျန်တော့သည်။

စုရှောင်ရှန် ဤသို့သော နှိပ်စက်မှုကို မခံစားနိုင်တော့ပေ။ ထို့ကြောင့် သော့တစ်ချောင်းထပ် ထည့်လိုက်ပြီးသည်နှင့် အသိပေးချက် ဖန်သားပြင်ကို မကြည့်ဘဲ မျက်စိလွှဲလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ထည့်ထားသော သော့ပျောက်သွားမှသာ ပြန်လှည့်ပြီး နောက်ဆုံးကျန်သည့် သော့ကို ခပ်ပြင်းပြင်း စိုက်ထည့်လိုက်သည်။

“ကောင်းတာမပေးနဲ့… ကောင်းတာမပေးနဲ့…” ဟု ပြောင်းပြန်ရေရွတ်ရင် ကောင်းတာရမလား မျှော်လင့်ရင်း အသိပေးချက်ဖန်သားပြင်ကို တစ်ချက် ခိုးကြည့်လိုက်သည်။

[တိုးချဲ့ပင်ကိုယ်စွမ်းရည် : ခွန်အား ရရှိပါသည်]

[နောက်တစ်ကြိမ်ကံကောင်းပါစေ]

ပြောင်းပြန်ရေရွတ်တာ အလုပ်ဖြစ်တယ်ဟ။

အသိပေးချက်များကို ဖတ်ရင်း သူ့ပေါင်သူ ဖျတ်ကနဲ ရိုက်လိုက်သည်။ နောက်ဆုံး၌ ကောင်းတာတစ်ခုခု ရလေပြီ။

သို့သော် ထို အသိပေးချက်အား သူပြန်ဖတ်ကြည့်သော်…

“ခွန်အားက ဘာကြီးတုန်း”

စုရှောင်ရှန်တစ်ယောက် ကိုယ်တွင်းမှ သွေးများပြောင်းပြန်စီးပြီး လည်ချောင်းထဲမှ အန်ထွက်မတတ် ခံစားလိုက်ရသည်။

တစ်ဆက်တည်း ဘာလို့ ငါ့ကို အရိုး လို့ မခေါ်လိုက်တာလဲ။

“မဟုတ်မှလွဲရော တခြား အကျိုးသက်ရောက်မှုရှိနေမလားဘဲ။”

စုရှောင်ရှန် အရင်တစ်ခေါက်မှ ရသော အသက်ရှူခြင်း နည်းစနစ်သည် ရိုးရှင်းသော နာမည်ဖြစ်သော်လည်း အကျိုး‌သက်ရောက်မှု မည်မျှ ဆန်းကြယ်ကြောင်းကို ပြန်သတိရလိုက်သည်။ ခွန်းအားသည်လည်း ဤသို့ မထင်မှတ်ထားသော အကျိုးသက်ရောက်မှု ရှိလောက်၏။

“မျှော်လင့်ရတာပဲ” စိတ်ကို ပြန်စည်းရုံးလိုက်ပြီး အနီရောင်ဖန်သားပြင်ကို ကြည့်လိုက်သည်။ ယခုအခါ ဖန်သားပြင်ပြောင်းလဲသွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

[အမှတ်စဉ် (၁) : အခြေခံ ပင်ကိုယ် စွမ်းရည်များ]

[အမှတ်စဉ် (၂) : တိုးချဲ့ ပင်ကိုယ် စွမ်းရည်များ]

[အမှတ်စဉ် (၃) : ဈေးဆိုင်]

“အိုး… တိုးချဲ့ ပင်ကိုယ် စွမ်းရည် ဆိုပြီး အပိုင်း တစ်ပိုင်း အသစ် တိုးလာပါလား” ဖန်သားပြင်အား သေချာပြန်ကြည့်သည့်နောက် [ခွန်အား] သည် တိုးချဲ့ ပင်ကိုယ်စွမ်းရည် အပိုင်းတွင် ပါ၀င်ကြောင်း သိလိုက်ရသည်။ ၎င်းသည် အသက်ရှူခြင်းနည်းစနစ်နှင့် မတူကွဲပြား၏။

“အမျိုးအစား ခွဲခြားမှုက အသေးစိပ် ကျတာပဲ…”

တိုးချဲ့ပင်ကိုယ်စွမ်းရည် အပိုင်းကို နှိပ်လိုက်သော် အောက်ခြေ၌ စကားလုံး သေးသေးလေးဖြင့် ရေးထားသော [ခွန်အား(စတင်ခြင်းအဆင့်-၁)]ဟုဆိုသော စာကြောင်းပေါ်လာ၏။

“ကြည့်ရတာ ငါ့ခန္ဓာကိုယ်ကို ခွန်အားတိုးစေမယ့် နည်းစနစ် ဖြစ်ရမယ်” စုရှောင်ရှန် သူ့လက်ကိုဆိတ်ကြည့်လိုက်သည်။ [ခွန်အား] ပင်ကိုယ်စွမ်းရည်ပေါ်လာသောလည်း သူ့ကြွက်သားများ ကြီးမလာသည်ကို သိလိုက်ရလေသည်။

“အဆင့်နိမ့်နေသေးလို့များလား”

စုရှောင်ရှန် ကြောင်သွားသည်။ သူ့တွင် ပင်ကိုစွမ်းရည်မှတ် (၁၀) မှတ်ရှိသေးသည်။ မည်သည့်တစ်ခုတွင်သုံးရမည်လော။

အသက်ရှူခြင်းနည်းစနစ်သည် အခြေခံ နည်းစနစ် ဖြစ်သောကြောင့် အဆင့်မြင့်ရန် တန်ကြောင်း ပြောစရာမလိုပေ။ သို့သော် ၎င်းက အကျိုးသက်ရောက်မှုရှိရန် အလွန် ကြာမြင့်သည်။ ယခင်ည အဆင့်ချိုးဖောက်သွားနိုင်ခြင်းမှာ သူ့တွင် အခြေခံအုတ်မြစ်ရှိထားသောကြောင့်သာ ဖြစ်လေသည်။

အခြားတစ်ဖက်တွင်တော့ [ခွန်အား] သည် နာမည်အတိုင်း ခန္ဓာကိုယ်အား ခွန်အားတိုးပေးမည့် ပင်ကိုယ်စွမ်းရည် တစ်ခုဖြစ်သည်။ ယခု သူ၏ အခြေအနေ နှင့်ဆို အဆင့်မြင့်တင်ရန် ‌ရွေးချယ်ချက်ကောင်းတစ်ခုဖြစ်သည်။

မိုးတိမ်လေ ပြိုင်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်မည့် သူ့အတွက် ကိုယ်ခန္ဓာအား အဆင့်မြင့်နိုင်သည်ဆိုလျှင် အနည်းဆုံး ထုတ်ပယ်ခြင်း ခံရသည့် ရန်မှ လွတ်နိုင်သည်မဟုတ်ပါလား။

ဤရွေးချယ်စရာ နှစ်ခုအကြား အချိန်အတော်ကြာအောင် စဉ်းစားနေပြီးမှ စု‌ ရှောင်ရှန် ကံကိုယုံပြီး မှော်ဆန်တာ တစ်ခုခုဖြစ်လာမလားဟူသော မျှော်လင့်ချက်ဖြင့် [ခွန်အား] ကို အဆင့်မြှင့်ရန် ဆုံးဖြတ်လိုက်သည်။

စွမ်းရည်မှတ်များကို သုံးလိုက်သော် ချက်ချင်း ဖန်သားပြင်၌ [ခွန်အား(စတင်ခြင်းအဆင့်-၂)]ဟူ၍ အဆင့်မြှင့်လိုက်ပါပြီဟူသော အသိပေးချက်ပေါ်လာသည်။

စုရှောင်ရှန် ပြောင်းလဲမှုများအားသိရအောင် ချက်ချင်းလှုပ်ရှားလိုက်သည်။ စိတ်ထင်၍သော်လား အမှန်တကယ်သော်လား မသဲကွဲပေမယ့် အနည်းငယ် ခွန်အားတိုးလာသည်ဟု ခံစားလိုက်ရ၏။ သို့သော် သိပ်မသိသာပေ။ ဒါကြောင့် စွမ်းရည်အမှတ်များအား ထပ်သုံးလိုက်သည်။

[ခွန်အား(စတင်ခြင်းအဆင့်-၃)]

[ခွန်အား(စတင်ခြင်းအဆင့်-၄)]

[ခွန်အား(စတင်ခြင်းအဆင့်-၅)]

စုရှောင်ရှန်၏ ကြွက်သားများ အနည်းငယ် ဖု‌ဖောင်းထလာကာ ပိန်ညောင်သည်ဟု မထင်ရ‌တော့ သောကြောင့် ပြောင်းလဲမှုက ဤတစ်ကြိမ် ပို၍ ထင်ရှားသည်။

“မိုက်တယ်ဟ” မြေပြင်ကို စုရှောင်ရှန် လက်သီးဖြင့် ထိုးကြည့်လိုက်သော် ‘ဖက်’ ဟူသော မြည်သံနှင့်အတူ အက်ကွဲရာအနည်းငယ် ပေါ်လာခဲ့သည်။

“ငါ့ခွန်အား ထင်ထင်ရှားရှားကြီးတိုးလာတာ။ မဟုတ်မှလွဲရော စတင်ခြင်းအဆင့် က ကျင့်ကြံခြင်းက စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံခြင်း နဲ့ တိုက်ရိုက်အချိုးညီနေတာလားမသိဘူး” စုရှောင်ရှန် ရေရွတ်လိုက်သည်။

ကျင့်ကြံသူများ စတင်ကျင့်ကြံရာ ပထမ နယ်ပယ် အနေနှင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်ကို ကျော်ဖြတ်ရသည်။ ၎င်းတွင် အဆင့် (၁၀) ဆင့်ရှိသည်။ ထို (၁၀) ဆင့်ပြီးနောက် စစ်မှန်ခြင်း နယ်ပယ်လာသည်။

ထို့ကြောင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်ကို စတင်ခြင်း နယ်ပယ်ဟု ‌ခေါ်လျှင် မမှားချေ။ ယခု စတင်ခြင်းအဆင့် (၅) တွင်တောင် ဤသို့ အဖျက်အားရှိပေသည်။ ဤ ခွန်အားနှင့်ဆို လူတစ်ယောက်အားထိုးလိုက်လျှင် နံရိုးအနည်းငယ် ကျိုးသွားလောက်နိုင်၏။

အကယ်၍ သူ၏ နည်းစနစ် အဆင့်တွေသည် ကျင့်ကြံခြင်းအဆင့်တွေနှင့်ညီပါက ယခုကျန်ရှိသော စွမ်းရည် အမှတ်များ အကုန်သုံးလိုက်လျှင် စစ်မှန်ခြင်း အဆင့်သို့ သူရောက်မသွားပေဘူးလော။

“ဝိုး…” စုရှောင်ရှန် ၏ မျက်လုံးထဲ မျက်ရည်များ ဝေ့သီလာသည်။ စိတ်ဝိညာဉ် ကျင့်ကြံခြင်းတွင် စစ်မှန်ခြင်းအဆင့် ရောက်ခြင်းထက် ကိုယ်ခန္ဓာကိုယ်ကို ကျင့်ကြံရာတွင် စစ်မှန်ခြင်းအဆင့် ရောက်ခြင်းက ပို၍ ခဲယဉ်းသည်။

မူလက နည်းစနစ် (၂) အကြား စွမ်းရည်အမှတ်များကို အညီအမျှ ခွဲဝေရန် စဉ်းစားထားသော်ငြား ယခုတော့ အားလုံးကို [ခွန်အား] ထဲသို့ အရင်းအနှီး ပြုရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြစ်ပါက မည်သို့ အကျိုးရလဒ် ရမည်ကို သိချင်မိ၏။

[ခွန်အား(စတင်ခြင်းအဆင့်-၆)]

[ခွန်အား(စတင်ခြင်းအဆင့်-၇)]

[ခွန်အား(စတင်ခြင်းအဆင့်-၈)]

သူ့ခန္ဓာကိုယ်၏ ခွန်အား ချက်ချင်း မိုးမြင့်တက်သွားသည်။ ဆေးချထားသည့်နှယ် အတောမသတ်နိုင်သော ခွန်အားဖြင့် ပြည့်နေသည်ဟု စုရှောင်ရှန်ခံစားလိုက်ရ၏။

သူ၏ ကြွက်သား သာမန်လူတစ်ယောက်၏ အရွယ်အစားတစ်ခုအထိ ကြီးပြီးသော် ထပ်၍ မကြီးလာတော့ဘဲ ပို၍ ကျစ်လစ်သွားခဲ့၏။

အင်္ကျီကိုချွတ်ချလိုက်သောအခါ စုရှောင်ရှန်၏ လှပ ကျစ်လစ်သော ခန္ဓာကိုယ် ပေါ်လာခဲ့သည်။

ဘုန်း

သူ၏ လက်သီးချက်ကြောင့် မြေပြင် မသိမသာ အက်ကွဲသွားသည်။

၎င်းက စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၈) ကျင့်ကြံသူတစ်ယောက်နှင့် ခွန်အား ညီမျှသည်။

စုရှောင်ရှန် ပါးစပ်အဟောင်းသားဖြစ်နေပြီးမှ “ကြမ်းတယ်။‌ စောက်ရမ်းကြမ်းတယ်” ဟု ထအော်တော့၏။

ဤ လက်သီးတစ်ချက်နှင့်ပင် မိုးတိမ်လေ ပြိုင်ပွဲ၌ သူအဆင့် (၁၀၀) ထဲ၀င်လောက်သည်။ ထုတ်ပယ်ခံရမည့် ရန်မှ သူလွတ်မြောက်လေပြီ။

တောက်ပနေသော မျက်လုံးများဖြင့် စုရှောင်ရှန်သည် ကျန်သော စွမ်းရည် အမှတ်များအားလုံးကိုပါ [ခွန်အား] ထဲ ထည့်လိုက်၏။

[ခွန်အား(စတင်ခြင်းအဆင့်-၉)]

[ခွန်အား(စတင်ခြင်းအဆင့်-၁၀)]

[ခွန်အား(စစ်မှန်ခြင်းအဆင့်-၁)]

နောက်ဆုံးအသိပေးချက်ကို တွေ့သော် စုရှောင်ရှန်တစ်ယောက် “စစ်မှန်ခြင်းအဆင့်။ တကယ့်ကို စစ်မှန်ခြင်းအဆင့်ဟ” ဟု အော်ရင်း အပျော်လွန်ကာ ကမ္ဘာကြီးနှင့် အဆက်ပြတ်သွားလေသည်။

သူ့ခန္ဓာကိုယ်တွင်ရှိသော ကြွက်သာများ ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ရမ်းသွားပြီး အနံ့ဆိုးသည့် အနက်ရောင် စေးပြစ်ပြစ် အရည်များအား ညှစ်ထုတ်လိုက်၏။

စုရှောင်ရှန် ခံစားချက်များနှင့် ရောပါသွားကာ အပေါ်တည့်တည့်မော့၍ အူလိုက်သည်။ ထို့နောက် ကိုယ့်ပါးကိုယ် တစ်ချက် အားဖြင့် ရိုက်ချလိုက်၏။

ဖျတ်…။

အိပ်မက်မဟုတ်ဘူးဟ…။

မြေပြင်ကိုထပ်၍ ထိုးချလိုက်သော် လက်ဖဝါးအရွယ်အစား‌လောက်မြေပြင်ထဲချိုင့်၀င်သွားပြီး ၎င်းကို ဗဟိုပြုကာ အက်ကွဲကြောင်းများ ပတ်ပတ်လည် ပေအနည်းငယ်ခန့် ပြန့်ထွက်သွားသည်။

ဒါတောင် အား တစ်၀က်ပဲသုံးရသေးတာ…။

စုရှောင်ရှန် မှင်အသွားသည်။ အကယ်၍ ယခု သူ၏ ခွန်အား အပြည့်ကို သုံးလိုက်ပါက လူတစ်ယောက်၍ ခေါင်းအား ဖရဲသီး တစ်လုံးနှယ် ကွဲထွက်သွား‌အောင် ထိုးနိုင်လောက်၏။

ဟီးဟီး…။

မိုးတိမ်လေ ပြိုင်ပွဲသည် အလွန် စိတ်၀င်စားစရာကောင်းတော့မည်ဟု သူခံစားလိုက်ရသည်။

Comment

Leave a Reply

Options

not work with dark mode
Reset