Switch Mode

Chapter – 124

သခင် ...။ အခု မလာရင် ကျမက ဘော့စ် ဖြစ်တော့မှာ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၂၄ သခင် … အခုမလာရင် ကျွန်မက ဘော့စ်ဖြစ်တော့မှာ။

ယနေ့ တာဝန်ကျချိန်တစ်ဝက်၌ ဒါရိုက်တာ အိုးရန်က နေ့လည်တွင် အလုပ်သို့ ရောက်လာသည်။ သူမက စာကြည့်တိုက်၏ ဝန်ထမ်းအားလုံးကို စုဝေးပြီးနောက် အစည်းအဝေး စတင်၏။

” ဒီနေ့ အားလုံးကို စုလိုက်ရတဲ့ အဓိက အကြောင်းအရင်းက ကြယ်၇လုံးတန်းမဲ့အကြောင်း ပြောဖို့ပါပဲ။ အားလုံးသိတဲ့အတိုင်း ကြယ်၇လုံးတန်းတဲ့ နေ့ရောက်ရင် ကြယ်တာရာသားရဲတွေက ထကြွသောင်းကြမ်းလာတယ်။ ရက်က အောက်တိုဘာလလယ်လောက်ဖြစ်ပြီး ၇ရက်လောက်ကြာမယ်လို့ အတည်ပြုပြီးပြီ ”

” ဒီ၇ရက်အတွင်းမှာ ကျန်းဟိုင်တစ်မြို့လုံးက မလုံခြုံတဲ့ အနေအထား ရှိနေမှာ။ ဒါကြောင့် အရင်က ခုခံတဲ့ တာဝန်တွေအရ မြို့တော်ဝန်ရဲ့အိမ်က ယူနစ်တွေအားလုံးရဲ့ ဝန်ထမ်းတွေအားလုံးကို အိမ်ပြန်ခွင့်မပေးဖို့ တောင်းဆိုထားတယ်။ ကြယ်တာရာသားရဲတွေကို ခုခံနိုင်လောက်တဲ့ အဆောက်အဦးတွေနားမှာပဲ စုဝေးကြဖို့ပေါ့။ ငါတို့ စာကြည့်တိုက်ရဲ့ အဖွဲ့ဝင်တွေအားလုံးက အဆောင်မှာပဲ နေရမယ် ”

” မိသားစုဝင် ရှိတဲ့သူတွေကလည်း မိသားစုဝင်တွေ ခေါ်လာလို့ရတယ်။ ချိတ်ဖွင့်ပေးတဲ့ နေ့ကြမှပဲ စာကြည့်တိုက်ကနေ ထွက်သွားလို့ ရမှာ ”

ကြယ်တာရာသားရဲများ၏ ကျူးကျော်မှုကို ခုခံရန်အတွက် လူသားများသည် မြို့ထဲ၌ ခိုင်မာသည့် အဆောက်အဦးများ ရှိသည်။ ထိုအဆောက်အဦးများ၏ ခုခံခြင်းစွမ်းရည်က ယဲ့ရှောင်၏ ယခင်ဘဝရှိ အဆောက်အဦးများထက် ပိုမာကျောသည်။ သို့သော် အကန့်အသတ်တစ်ခု ရှိ၏။

ကြယ်တာရာသားရဲများကြောင့် အဆောက်အဦးများ ဖျက်ဆီးခံရမှာကို ကာကွယ်ရန်အတွက် လူသားများသည် ကြယ်တာရာသားရဲများနှင့် အများအပြား တွေ့ခဲ့ရ၏။ ထို့ကြောင့် သူတို့သည် ကပ်ဘေးကြုံလာချိန်၌ လူသားများအတွက် အကာအကွယ်ကို ထောက်ပံ့ပေးနိုင်သည့် အထူးအဆောက်အဦးအချို့ လိုအပ်သည်။

ကျောင်းများ၊ စာကြည့်တိုက်များနှင့် ကုမ္မဏီကြီးများ၊ အဆောက်အဦးကုန်ကြမ်းများ၏ သိပ်သည်းမှုက အဆင့်ပိုမြင့်မားသည်။ ထိုမှအပ သူတို့ကို ကာကွယ်ရန် ခုခံခြင်း အစီအရင်များလည်း ရှိ၏။ ကြယ်တာရာသားရဲများအဖို့ ထိုနေရာများကို တိုက်ခိုက်ရန်က ခက်ခဲသည်။ စစ်ပွဲတွင် ပါဝင်မည့် စစ်သည်တော်များကလည်း မြို့တွင်းနှင့် မြို့ပြင်ကနေ ကြယ်တာရာသားရဲများကို ရင်ဆိုင်တိုက်ခိုက်ရန် စီစဥ်ထား၏။ ယင်းက လူသားများ၏ သေကြေပျက်စီးမှုကို အနိမ့်ဆုံးထိ လျှော့ချပေးနိုင်သည်။

သာမန်အဆောက်အဦးများအတွက်မူ သူတို့က ထိခိုက်နိုင်သော်ငြား အပြည့်အဝ ပြိုလဲသွားမှာတော့ မဟုတ်ပေ။ တိုင်းပြည်က သူတို့အတွက် လျော်ကြေးပေးလိမ့်မည်။

အစည်းအဝေးပြီးနောက် သူတို့က ဝန်ထမ်းများကို နေ့ဝက် ခွင့်ပေးပြီး သူတို့အိမ်ရှိ တန်ဖိုးရှိ ပစ္စည်းများကို ရွှေ့ပြောင်းရန် လက်နက်များ ၊ ကာကွယ်ခြင်း ချပ်ဝတ်တန်ဆာများ ၊ ရှားပါးသော ကုန်ကြမ်းများ စသည်ဖြင့် ငွေကြေးဆုံးရှုံးမှု ဖြစ်လာမှာကို ကာကွယ်ရန်အတွက် တန်ဖိုးရှိ ပစ္စည်းများကို ရွှေ့ပြောင်းခွင့်ပေးသည်။

ယဲ့ရှောင်က ဂရုမစိုက်ပေ။ ခြံဝန်းတစ်ခုလုံးကို သိုလှောင်နိုင်သည့် သူ၏ သိုလှောင်လက်စွပ်ကို အသုံးပြုနိုင်သည်။

ထို့အပြင် သူက လူပျိုတစ်ယောက်ဖြစ်ပြီး ချစ်သူ မရှိသေးပေ။ စာကြည့်တိုက်၏ အဆောင်တွင် သူတစ်ယောက်တည်း နေနေ၏။ ထို့ကြောင့် တစ်မိသားစုလုံးအကြောင်း စိုးရိမ်ပူပန်စရာ မလိုပေ။ ထို့ကြောင့် ကျန်သည့်သူများက သူတို့မိသားစုဝင်များကို ရှာဖွေပြီး အလုပ်များနေသေးစဥ် ယဲ့ရှောင်က စာကြည့်တိုက်ထဲတွင် စာအုပ်ဖတ်နေလေ၏။

ဤနည်းဖြင့် နောက်ထပ် နှစ်ရက်တာ ကုန်ဆုံးသွားသည်။ ဟွမ်လျိုလီထံမှ နောက်ဆုံးတော့ သတင်းရလာတော့သည်။

ဝိညာဥ်စွမ်းအင် အချက်အလက်တစ်စ ဖြစ်သည်။

ဟွမ်လျိုလီက ပုံရိပ်ယောင်ကြောင် မျိုးနွယ်စုဝင်ဖြစ်ပြီး ဝိညာဥ်စွမ်းအင်ကို အထူးတလည် တတ်ကျွမ်း၏။ ထို့ကြောင့် အချက်အလက်ကို ဝိညာဥ်စွမ်းအင်ကနေ ကူးပြောင်းဖို့က အလွန်လွယ်ကူသည်။

ဝိညာဥ်စွမ်းအင် အချက်အလက်က လေထဲကနေ ကူးပြောင်းနိုင်ပြီး ပစ်မှတ်နားသို့ ရောက်သွား၏။ပစ်မှတ်နှင့် တွေ့ဆုံသည့်အချိန်တွင် အလိုအလျောက် ကပ်သွားမှာပဲ ဖြစ်သည်။

ထို့အပြင် ယင်းက ကုတ်တစ်မျိုး ဖြစ်နေလေရာ အင်မတန် အစွမ်းထက်သည့် ဝိညာဥ်ကျင့်ကြံသူ မဟုတ်သရွေ့ ၄င်းကို ဖြိုခွဲဖို့က မဖြစ်နိုင်ပေ။ အတင်းအဓမ္မဖြိုခွဲခြင်းက အချက်အလက် ပျက်စီးမှုကိုသာ ဖြစ်စေလိမ့်မည်။

ယဲ့ရှောင်က အချက်အလက်ကို ရရှိပြီးနောက် ၄င်းကို ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု
ဖြင့် တန်းဖွင့်ကြည့်လိုက်သည်။

” သခင် သခင် ။ သူတို့ရည်ရွယ်ချက်က ဘာလဲဆိုတာ နောက်ဆုံးတော့ သိသွားပြီ။ အဲ့ဒီကြယ်တာရာသားရဲတွေက အစီအစဥ်ကြီးတစ်ခု တကယ်ရှိနေတယ်။ သူတို့ရဲ့ သိုလှောင်လက်စွပ်တွေမှာ ပို့ဆောင်ရေး ကြယ်အမှတ်အသားတွေ တည်ဆောက်ပြီး မြို့အသီးသီးက လူသားတွေဆီသို့ သိုလှောင်လက်စွပ်တွေ ရောင်းနေတာ။ ကြယ်၇လုံးတန်းတဲ့နေ့ကြရင် သူတို့က ကြယ်တာရသားရဲတွေကို တိုက်ရိုက် ပို့ဆောင်လိမ့်မယ် ”

ယဲ့ရှောင်က မင်သက်သွားသည်။ ကြယ်တာရာသားရဲများ၌ ထိုကဲ့သို့ နည်းရှိနေလိမ့်မည်ဟု သူ မထင်ထားပေ။

ကြယ်တာရာသားရဲများ၏ ဉာဏ်ရည်က အတော်လေး မြင့်ပုံပေါ်၏။

လူသားဖက်ခြမ်းတွင် ကြယ်၇လုံးတန်းသည့်နေ့မရောက်ခင် သူတို့က ကြယ်တာရာသားရဲလှိုင်းကို ပထမဆုံး ရှင်းထုတ်ရမည်။ မူလက ကြယ်၇လုံးတန်းသည့်နေ့က ဒီအချိန်၌ ကြယ်တာရာသားရဲ အနည်းငယ်ကိုသာ ဖြေရှင်းရမည်ဟု သူတို့ ထင်ခဲ့တာ ဖြစ်သည်။ အဆုံးတွင်မူ ကြယ်တာရာသားရဲများက သူတို့၏ ဗျူဟာကို ပြောင်းလဲပစ်ခဲ့၏။

သူတို့က ပို့ဆောင်ရေး အစီအရင်ကို ဝှက်ထားရန်အတွက် လေဟာနယ် သိုလှောင်လက်စွပ်များကို အသုံးပြုထားပြီး ကြယ်၇လုံးတန်းသည့်နေ့သို့ ရောက်သည့်အထိ စောင့်ပြီး ကြယ်တာရာသားရဲများကို ပို့ဆောင်ပေးမှာပဲ ဖြစ်သည်။

ဤနည်းဖြင့် လူသားမျိုးနွယ်စုက ကြိုတင်ပြင်ဆင်ထားခဲ့သော ခုခံမှု အသုံးမဝင် ဖြစ်သွားပေမည်။

သို့သော် ယဲ့ရှောင်က တစ်ဖက်တွင် လူ မည်မျှများကြောင်း သူတို့မည်မျှ သန်မာကြောင်း မသေချာပေ။

သူတို့၌ လူဦးရေ မမျှ ကျင့်ကြံဆင့် မသန်မာလျှင် စိုးရိမ်ပူပန်နေစရာ မလိုပေ။

သို့သော် အရေအတွက်များပြီး အခြေအနေကို ကြိုမြင်နိုင်သည့် သိုင်းပညာရှင်များ ရှိနေလျှင် သူက ပိုအာရုံစိုက်ရလိမ့်မည်။

ယဲ့ရှောင်က သူတော်စင်တစ်ပါး မဟုတ်။ သို့သော် တစ်ဖက်သူက ကျန်းဟိုင်မြို့ကို ခြိမ်းခြောက်လာလေရာ လူသားစစ်သည်တော်များကို အစုလိုက် အပြုံလိုက် သေကြေစေနိုင်ပြီး ကျန်းဟိုင်မြို့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေတာမျိုးအတွက်ဆိုလျှင် သူက မြင်ချင်မှာ မဟုတ်ပေ။

သူက လူသားတစ်ယောက် ဖြစ်နေသည့်အပြင် ကိုယ်ပိုင်မျိုးနွယ်စုကို တခြားမျိုးနွယ်စုက ခွေးများ၊ ကြက်များကို သတ်ဖြတ်နေသည့်ပမာ သတ်ဖြတ်နေတာကို သူ မည်ကဲ့သို့ မြင်လိုမည်နည်း။

လူသားမျိုးနွယ်စုက ဆုံးရှုံးနစ်နာမှုကို ခံစားရလျှင် ကြယ်တာရာသားရဲများ၏ အင်အားက တဖြည်းဖြည်းချင်း သန်မာလာလိမ့်မည်။ အဆုံးတွင်မူ လူသားမျိုးနွယ်စုတစ်စုလုံး ဖျက်ချခံလိုက်ရပြီး ငရဲသစ်ငုတ်ဘဝသာ ကျရောက်သွားလိမ့်မည်။ သူ့၌ လွယ်ကူသည့် အချိန်ရှိတော့မှာ မဟုတ်ချေ။

နှုတ်ခမ်းမရှိတော့လျှင် သွားများ အေးမည်ဟူသော အခြေခံ သဘောတရားကို သူ သတိပြုမိသေး၏။

ထို့အပြင် သူက များပြားလှသည့် ကြယ်တာရာသားရဲများကို သတ်ဖြတ်နိုင်လျှင် သွေးလတ်လတ်ဆတ်ဆတ်များ ရရှိနိုင်မှာ သေချာ၏။ အချိန်ကြလာလျှင် မကြာမီ၌ ငြိမ်းချမ်းမှု ရလာမည်လော။

ယဲ့ရှောင်က အချိန်အတော်ကြာ တွေးနေခဲ့သည်။ ထိုအချက်ကို တွေးမိပြီး ယဲ့ရှောင်က သူ၏ ဝိညာဥ်စွမ်းအင်ကို သုံးလျက် နောက်ထပ် ဝိညာဥ်စွမ်းအင်ကုတ်တစ်ခုကို ပို့လိုက်သည်။

ဟွမ်လျိုလီက တစ်ဖက်၏ လူအရေအတွက်နှင့် သူတို့တွင်ရှိသည့် သိုင်းပညာရှင် အရေအတွက်ကို စုံစမ်းပေးရန် ဖြစ်သည်။ ထိုအရေးကိစ္စပြီးသည်နှင့် သူမက ပြန်လာကာ သူကမူ သူမအတွက် ဆေးလုံးတစ်လုံး ဆုချီးမြှင့်မှာ ဖြစ်၏။

သူ့အတွက်မူ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ဖြန့်ကျက်ပြီးနောက် လေဟာနယ် သိုလှောင်လက်စွပ်ကို ရှာတွေ့သွား၏။

ယင်းက ၄င်းကို ဝယ်ယူသွားခဲ့သော လူချမ်းသာ၏ အိမ်၌ လုံလုံခြုံခြုံ ရှိနေသည်။ သူက ၄င်းကို ကာကွယ်ရန် အစီအရင် အခင်းအကျင်းတစ်ခုတောင် တည်ဆောက်ထားသည်။ ယင်းက ယဲ့ရှောင်ကို အလွန်ဆွံ့အသွားစေ၏။

ချမ်းသာသည့် သူများသည် တန်ဖိုးကြီးပစ္စည်းတစ်ခု ဝယ်ယူသွားသည့် အချိန်တွင် ၄င်းကို သူတို့ အဖေပမာ အမှန်တကယ် ဆက်ဆံကြသည်။ ထိုလုံခြုံရေးအတွက် တည်ဆောက်ရသည့် အဆောက်အဦး ကုန်ကျစရိတ်က သန်းတစ်ရာအောက် မလျော့ပေ။

အဲ့ဒါကို ဝယ်ထားပြီဆိုလည်း တစ်ပါတည်းယူသွားလေ။ အနည်းဆုံးတော့ ဒါကို လူတွေ မြင်တဲ့အခါ သူတို့က ပြောမှာပေါ့။ လခွမ်း … သူက သိုလှောင်လက်စွပ်ကြီး ဝယ်ထားတယ်ပေါ့။ ဒီလိုဝယ်တာက ကြွားဖို့ပဲ မဟုတ်ဘူးလား။ ဒါဆိုရင် ကြွားဖို့ မဟုတ်ဘူးဆိုရင် ဘာကြောင့် ဝယ်နေဦးမှာလဲ။

ယဲ့ရှောင်က သူ့ကို ဆက်သွယ်နိုင်မှာ မဟုတ်ပေ။ သူက တောင်းလျှင်တောင် ပေးမှာ မဟုတ်။ ထို့ကြောင့် နတ်ဘုရားအာရုံစူးစိုက်ခြက်းကို သုံးပြီးနေရာရွှေ့ပြောင်းလိုက်၏။ ပြီးနောက် တော်ဝင်အစီအရင်ကို သူက သင်ယူခါစဖြစ်သောကြောင့် သေးငယ်သည့် အစီအရင်လေးကို ဖြေရှင်းရတာ လွယ်ကူပေ၏။ ပြီးနောက် သူသည် လက်စွပ်ကို ချက်ချင်း ယူသွားသည်။

ထိုလူက ၄င်းကို ရတနာတစ်ပါးသဖွယ် လှုံလှုံခြုံခြုံသိမ်းထားတာ ဖြစ်နိုင်၏။ ယဲ့ရှောင်က ကျန်သည့်အရာများကို မဖတ်ခဲ့ပေ။ အကြောင်းမှာ သတင်းမတွေ့ရသောကြောင့် ဖြစ်၏။ ဤအတိုင်းပင်နောက်ထပ်ရက်အည်းငယ်အတွင်း ယဲ့ရှောင်က စာကြည့်တိုက်ထဲတွင် စာဖတ်နေကာ ဟွမ်လျိုလီထံမှ သတင်းကို စောင့်နေလေ၏။

သခင်နှင့် ကျွန်နှစ်ယောက်သား ဆက်သွယ်နိုင်ချိန်မှစပြီး နေ့စဥ်နေ့တိုင်း ဝိညာဥ်စွမ်းအင်ဖြင့် ဆက်သွယ်တော့၏။

ပထမနေ့တွင်။

” ဟေ့ သခင်။ ကျွန်မလေ သူတို့ရဲ့ အတွင်းထဲကို ဖောက်ဝင်နိုင်ခဲ့ပြီး သတင်းအချက်အလက်တွေ စုဆောင်းနေတာ သခင်။ ဆေးလုံးတွေ ပေးမယ်လို့ ပြောထားတယ်နော်။ ဘယ်လိုဆေးလုံးမျိုးကို ပေးမှာလဲ။ ချီရှန်းအဆင့် ဆေးလုံးတွေလား ”

ယဲ့ရှောင်က ပြန်ပြောလိုက်သည်။

” ဟုတ်တယ် ”

ပဥ္စမမြောက်နေ့တွင်။

” သခင်ရေ … ကျွန်မ သူတို့ရဲ့ ခေါင်းဆောင်လေး ဖြစ်သွားပြီ။ သူတို့က ကျန်းဟိုင်မြို့ကို ဝင်တိုက်ခိုက်ဖို့ အဖွဲ့ကြီး၇ဖွဲ့ရှိတယ်။ အိမ်နီးချင်းမြို့​ေတွမှာရောပေါ့။ တစ်ဖွဲ့မှာဆို ကြယ်တာရာသားရဲနှစ်သောင်းဝန်းကျင်လောက်ရှိတယ်။ သူတို့ကို စုစုပေါင်းအဖွဲ့၁၄၀ကျော်ဖွဲ့ထားတာ ။ ဒါပေမဲ့ သူတို့က ကျွန်မကို သံသယ စဝင်နေတဲ့ပုံပဲ။ မြန်မြန် လာကယ်ပါဦး ”

ယဲ့ရှောင်က ထပ်ပြောလိုက်၏။
” ထပ်စစ်ဆေးကြည့်ဦး။ သူတို့မှာ သိုင်းပညာရှင် ဘယ်နှစ်ယောက်ရှိလဲ။ ချီရှန်း ဘယ်နှစ်ယောက်လဲ။ မဟာချီရှန်းဘယ်နှစ်ယောက်လဲ။ အံ့ဖွယ်ချီရှန်းတစ်ယောက်ရှိလား ”

ဒဿမမြောက်နေ့တွင် ဖြစ်သည်။

” သခင်ရေ … သူတို့ကို လိမ်ရတာ မလွယ်ဘူး။ သူတို့ အဖွဲ့ခေါင်းဆောင်က ရှန်းထျန်းပထမအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားမျိုး ရှိတယ်ဆိုတာ ကျွန်မ ရှာတွေ့လိုက်တာ။ သူတို့မှာ ရှန်းထျန်းဒုတိယအဆင့် ခေါင်းဆောင် ၁၀ယောက်ကျော် ရှိတယ်။ အဖွဲ့ခေါင်းဆောင်တွေအတွက်ကတော့ သူတို့က ရှန်းထျန်းတတိယအဆင့် ခွန်အား ရှိတယ် ”

” သူတို့ရဲ့ သူတော်စင် တမန်တော်က ရှန်းထျန်း ပဥ္စမအဆင့် ရှိတာ။ ကျေးဇူးပြုပြီး မြန်မြန်လာပါဦး။ သူတို့က ကျွန်မကို အဖွဲ့ခေါင်းဆောင်ဖြစ်စေချင်ပြီး ကျန်းဟိုင်မြို့ကို တိုက်ခိုက်တဲ့ အဖွဲ့ကို ဦးဆောင်စေချင်နေတာ ”

ယဲ့ရှောင်က ပြောလိုက်၏။
” ထပ်စစ်ကြည့်လိုက်ဦး။ အံ့ဖွယ်ချီရှန်းတစ်ယောက် ရှိလား ”

သို့သော် ရက်အနည်းငယ်အတွင်း ဟွမ်လျိုလီက ခြေရာလက်ရာ မကျန်ပဲ ပျောက်သွား၏။ ယင်းက ယဲ့ရှောင်ကို ဇဝေဇဝါ ဖြစ်သွားစေသည်။

ကြယ်၇လုံးက တန်းတော့မည်။ တစ်ရက်သာ လိုတော့ရာ ကြယ်၇လုံးတန်းမည့်နေ့ ရောက်လာတော့မည်။ ထိုနေ့အတွင်း ယဲ့ရှောင်က ကောင်းကင်၌ ကြယ်၇လုံး ဆက်နေတာကို မြင်နေရ၏။

ကျန်းဟိုင်တစ်မြို့လုံး၏ လေထုက တင်းမာလာသည်။ လမ်းပေါ်ရှိ လူတိုင်းက လက်နက်အပြည့်အစုံ ဝတ်ဆင်ထားလေ၏။

ဟွမ်လျိုလီက သူ့ရဲ့ သွေးမျိုးဆက်ကို မဖိနှိပ့်နိုင်ပဲ ရူးသွားတာများလား။ သူ့ကို တစ်ယောက်ယောက်က ဖယ်ရှားလိုက်တာများလား။

သံသယများဖြင့် ယဲ့ရှောင်က ပထမဆုံးအကြိမ် ဝိညာဥ်စွမ်းအင် စပို့လိုက်၏။

” ဟွမ်လျိုလီ … မင်း ရှာတွေ့လား ”

သူ့အဖို့ အံ့သြသွားရသည်က ဟွမ်လျိုလီက သူ့စာကို အမြန်ပြန်တာပဲ ဖြစ်သည်။

” ဘာကို ရှာတွေ့ရမှာလဲ ”

” ကြယ်တာရာသားရဲတွေရဲ့ အရေအတွက်နဲ့ ခွန်အားကိုလေ ”

” အိုး မစ္စတာ ယဲ့။ ငါက ကြယ်တာရာသားရဲတစ်ကောင်ဆိုတာ မေ့နေတာလား။ ငါ့မျိုးနွယ်ရဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ်များ ထင်နေလား။ ငါ့ အမျက်ဒေါသနဲ့ အပြစ်ပေးခံရမှာကိုသာ စောင့်နေလိုက် ”

” … ”

တစ်စုံတစ်ခု မှားယွင်းနေပုံ ရ၏။ ဟွမ်လျိုလီ၏ စိတ်က သူ၏ ဝိညာဥ်စွမ်းအင်ဖြင့် ရိုက်ခတ်ခံထားရပြီးသား ဖြစ်သည်။ သူမ ဦးနှောက်ဗလာဖြစ်နေလျှင်တောင် သူ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရလောက်သည့်အထိ တုံးအမှာ မဟုတ်ပေ။ မဟုတ်လျှင် သူက သူမကို အတွေးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်၏။ ဖြစ်နိုင်သည်မှာ။

အပိုင်း ၁၂၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset