Switch Mode

Chapter – 123

ကြောင်က ဘယ်သွားနေတာလဲ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၂၃ ကြောင်က ဘယ်သွားနေတာလဲ။

လက်ရှိတွင် ယဲ့ရှောင်က တိုက်ခိုက်ရန်အတွက် လွန်ကဲခြင်းစွမ်းအား ဓါးမော့နှင့် ကောင်းကင်ပိုင်းဖြတ်ခြင်းဓါး ရှိပြီးသား ဖြစ်သည်။ ဝိညာဥ်စွမ်းအင်တွင်မူ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု ရှိသည်။

ကာကွယ်ရန်အတွက် သူ့၌ ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းနှင့် တော်ဝင်သံချပ်ကာ၊ အနက်ရောင်ကြေးခွံ သံချပ်ကာတစ်စုံလည်း ရှိလေ၏။

ဝိညာဥ်စွမ်းအင် ခံနိုင်ရည်၌ သူသည် ခရမ်းရောင်ကြယ်ပင်လယ် စိတ်ကျင့်ကြံခြင်းနည်းစနစ် ရှိနေသည်။ လက်နက်သန့်စင်ခြင်း၌ သူက နတ်ဘုရားလက်မှုပညာ ရှိနေပြီး အဂ္ဂရိတ်ပညာရပ်၌ တစ်သောင်းမှတစ် ရှိနေပြီ ဖြစ်သည်။

သူက ထွက်ပြေးနှင့် လိုက်ခြင်း နှစ်ဖက်လုံး၌ အစွမ်းထက်သည်။ နတ်ဘုရား အာရုံစူးစိုက်ခြင်းကျင့်စဥ်လည်း ရှိနေသည်။ ကုသခြင်း၌ သူက ကောင်းမွန်သည့် ကုသခြင်း နည်းစနစ်နှင့် နံနက်ခင်းကြယ်ကျင့်စဥ်တို့ ရှိနေသည်။

ထို့အပြင် သူ့၌ လက်ရှိ ကြယ်အစီအရင် ကောင်းကင်ဖန်တီးခြင်း အစီအရင် ရှိနေလေ၏။

ထို့ထက်ပိုသည်က သူ၏ ကျင့်ကြံဆင့်သည် ရှန်းထျန်းဆဌမအဆင့်တွင် ရောက်နေပြီဖြစ်ကာ မဟာချီရှန်းအဆင့်၏ အထွတ်အထိပ်တွင် ရှိသည်။ သူက အဆင့်တက်ပြီး အံ့ဖွယ်ချီရှန်းအဆင့်သို့ရောက်ဖို့ တစ်လှမ်းသာ လိုတော့သည်။

သူသည် ထိုမျှ များပြားသည့် ကျင့်ကြံခြင်းနည်းစနစ်များကို သဘောပေါက်ခြင်း မရှိပဲ တက်ကျွမ်းလာတာဖြစ်၏။

ယဲ့ရှောင်က အင်မတန် ကျေးဇူးတင်နေသည်။ သူက ဤလောကသို့ရောက်တာ တစ်နှစ်ကျော်သွားပြီဖြစ်၏။ ရလဒ်က သူ ကျေနပ်နိုင်သည့် အတိုင်းအတာတွင် ရှိနေ၏။ သူသည် အချိန်ကြာမြင့်စွာ လေ့လာနေတာ အချည်းနှီး မဖြစ်ခဲ့ပေ။ နောက်ထပ် သူ ဘာကို ကျင့်ကြံသင့်သနည်း။

သူသည် တော်ဝင်နည်းစနစ်အချို့ကို ကျင့်ကြံနိုင်လျှင် ကောင်းပေမည်။ အကြောင်းမှာ သူ့၌ တော်ဝင်နည်းစနစ်အချို့ ရှိပြီးသားဖြစ်သောကြောင့် ဖြစ်သည်။ ကောင်းကင်ကုသခြင်း နည်းစနစ်နှင့် နံနက်ခင်းကြယ်ကျင့်စဥ်တို့မှ တော်ဝင်နည်းစနစ်များကို ထပ်မံ ပေါင်းစည်းနိုင်၏။

သူသည် တော်ဝင်နည်းစနစ်များကို ပေါင်းစည်းပြီးနောက် ရရှိလာသည့် ကျင့်ကြံခြင်း နည်းစနစ်က မည်မျှ အစွမ်းထက်မည် ဖြစ်ကြောင်း သူ တကယ်မြင်ချင်နေ၏။

သို့သော် အခြားသော နည်းလမ်း မရှိပေ။ စာကြည့်တိုက်ထဲရှိ လက်ရှိအခြေအနေအရ တော်ဝင်နည်းစနစ်တစ်ခုကို ရရှိရန်က ကောင်းကင်ကို တက်လှမ်းနိုင်ရန် နည်းတူ ခက်ခဲနေလေ၏။

အခြားသော တစ်နေရာကနေ တော်ဝင်နည်းစနစ်အချို့ ရယူရန် နည်းလမ်းတစ်ခု တွေးသင့်သည်။

ပြီးနောက် ၄င်းတို့နှင့်အတူ သူသည် တော်ဝင်နည်းစနစ်ကို ပေါင်းစည်းရန် အသုံးပြုနိုင်၏။ သို့သော် ထိုအကြောင်းကို ဂရုတစိုက်တွေးပြီးနောက် စိုးရိမ်ပူပန်နေရန် မလိုကြောင်း တွေးလိုက်ရသည်။ အကြောင်းမှာ သူ၏ လက်ရှိ ကျင့်ကြံဆင့်က မဟာချီရှန်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိသေးပြီး သူသည် အံ့ဖွယ်ချီရှန်းအဆင့်သို့ မရောက်သေးသောကြောင့် ဖြစ်သည်။ သူသည် အံ့ဖွယ်ချီရှန်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ပြီးမှ တော်ဝင်နည်းစနစ် ပေါင်းစည်းမှုအကြောင်းကို စဥ်းစားလျှင် နောက်ကျနေမှာ မဟုတ်ချေ။

ဆိုရလျှင် သူ၏ ခွန်အားသည် ဤအဆင့်သို့ ရောက်လာပြီး အနည်းဆုံးတော့ ကမ္ဘာမြေပေါ်၌ သူ့ကို ခြိမ်းခြောက်နိုင်သည့်သူ များများစားစား ရှိမှာ မဟုတ်ပေ။

သူက စိတ်တည်ငြိမ်အောင်လုပ်ပြီးနောက် သူ၏ အံ့ဖွယ်ဝိညာဥ်တွင်းရှိ ကျင့်ကြံခြင်း နည်းစနစ်များကို စစ်ဆေးကြည့်လိုက်သည်။ လက်ရှိတွင် အခြေခံ ကျင့်ကြံခြင်း နည်းစနစ်များထဲ၌ ထိုးနှက်ခြင်းနည်းစနစ် ၆မျိုးရှိနေ​ပြီး ကျန်သည့် ကျင့်ကြံခြင်း နည်းစနစ်များ အားလုံးထဲတွင် အများဆုံး ဖြစ်၏။ လက်ဝါးကျင့်စဥ် ( ၄ ) မျိုးလည်း ရှိနေ၏။ သူသည် ထိုကျင့်ကြံခြင်း ( ၂ ) မျိုးကို ပေါင်းစည်းရန် စဥ်းစားရမည့်ပုံ ပေါ်၏။

သားရဲသခင် နည်းစနစ်၊ ရုပ်သေးနည်းစနစ်၊ အဆိပ်သခင်တို့အတွက်မူ သူက ၄င်းတို့ကို စိတ်ဝင်စားခြင်း မရှိပေ။ ၄င်းတို့ကို သင်ယူလျှင် ဒုက္ခများလိမ့်မည်။ ထို့အပြင် သူ၏ ခွန်အားကို ကြယ်တာရာသားရဲ သို့မဟုတ် ရုပ်သေးများပေါ်၌ အသုံးပြုရခြင်းကို သဘောမကျပေ။

သူက အမှန်တကယ် သန်မာလာမှသာ သန်မာသည်ဟု ဆိုနိုင်မှာပဲ ဖြစ်သည်။

ထို့အပြင် ဟွမ်လျိုလီကဲ့သို့ သူတစ်ယောက်က မြင့်မားသည့် ဉာဏ်ရည် မရှိပေ။ သူက သူမကို စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ပြီး သူ့ကို အလွယ်တကူ လှည့်စားနိုင်၏။ မုန်လာဥတစ်လုံး တုတ်တစ်ချောင်းဖြင့် သူက သူမကို အချိန်မရွေး သိုးငယ်လေးအဖြစ် ပြောင်းလဲနိုင်သည်။ သူမသည် သားရဲယဥ်ပါးခြင်းနည်းစနစ်ကို သင်ယူဖူးသည်လော။ ယင်းက လိုသည်ထက် ပိုရာ ရောက်သည် မဟုတ်ပါလား။

ပြောနေစဥ် ဟွမ်လျိုလီက မည်သည့်နေရာကို သွားသနည်း။ သူမ မည်သည့် အကြောင်းကြားပြီး ပြန်မရောက်လာသေးသနည်း။ ရူးမိုက်သည့်ကြောင်က လမ်းပျောက်သွားသည်လော။

ခဏတာ စဥ်းစားပြီးနောက် ယဲ့ရှောင်သည် အကြောင်းအရင်းတစ်ခုမှ မစဥ်းစားနိုင်ပေ။ သူက ခေါင်းခါပြီးနောက် စဥ်းစားတာ ရပ်တန့်လိုက်၏။ ယခုအချိန်တွင် အရင်ဆုံး သွားတာက ပိုကောင်းပေမည်။ ဟွမ်လျိုလီကိစ္စအတွက်မူ ပြီးမှသာ ပြောတော့မည်။

စာကြည့်တိုက်သို့ ရောက်သည့်အချိန်တွင် ယဲ့ရှောင်က သူ၏ လုပ်ဖော်ကိုင်ဖက်များ အသံတိုးတိုးဖြင့် ဆွေးနွေးနေတာကို ကြားလိုက်ရ၏။

” မင်း ကြားပြီးပြီလား။ ဒီတစ်ခေါက် ကြယ်၇လုံးတန်းတော့မှာ။ ကျန်းဟိုင်မြို့က မြို့စောင့်တပ်ဖွဲ့တစ်ခု ငှားရမ်းထားတဲ့ ကုမ္မဏီနဲ့ ကျောင်းသားတွေရှိပြီး စုဝေးပြီးသား။ ကိုယ်ပိုင် သိုင်းပညာရှင်က စုစုပေါင်း ၂သန်းကျော် ရှိတယ် ”

ကျန်းဟိုင်မြို့၏ လက်ရှိလူဦးရေက ၇သန်းမှ ၈သန်းရှိသည်။ ထို့အပြင် ဤလောကအတွင်းရှိ လူအားလုံးနီးပါးက သိုင်းပညာရှင် ဖြစ်၏။ သူတို့၏ ကျင့်ကြံဆင့်က နိမ့်နေနိမ့် မနိမ့်လျှင် မြင့်နေရုံသာ ရှိသည်။

ထို့ကြောင့် လူ၂သန်းက အမှန်တကယ် အားနည်းလှပေသည်။ ဆိုရလျှင် သူတို့အများစုက ဟို့ထျန်းပထမနှင့် ဒုတိယအဆင့်တွင်သာ ရှိကြ၏။

” ဒီလောက် တင်းကြပ်ဖို့ လိုလို့လား။ ငါတို့ ကျန်း
ဟိုင်မြို့က ဒီလောက်ငြိမ်းချမ်းနေတာ။ ကြယ်တာရာသားရဲရဲ့ အရိပ်အယောင်ကိုတောင်မှ တွေ့ရတာမှ မဟုတ်တာ ”

” သတိထားတာကတော့ ကောင်းတာပဲ။ ဒါ့အပြင် လူအများစုက စေတနာ့ဝန်ထမ်းတွေပဲလေ။ သူတို့တွေက တကယ် တိုက်ခိုက်ချင်တယ်ဆိုရင်အနည်းဆုံးတော့ ဟို့ထျန်းပဥ္စအဆင့်အထက်နဲ့တော့ ရှိရဦးမှာပဲ ”

” ငါကြားတာက ဒီတစ်ခေါက် ခေါင်းဆောင်က ကျန်းဟိုင်မြို့စောင့်တပ်ဖွဲ့ရဲ့ ချီရှန်း နန်ကုန်းလင်နဲ့ သူ အမိန့်ပိုပေးနိုင်အောင်အတွက်ဆိုပြီး စီရင်စု ၉ခု မဟာမိတ်က သူ့ကို ၅သန်းကျော်တန်တဲ့ ချီရှန်းအဆင့် ဆေးလုံးတောင် ပေးထားပြီး ရှန်းထျန်းဒုတိယအဆင့်ထိရောက်အောင် အဆင့်တက်ခိုင်းထားတာ ”

” ချီရှန်းအဆင့် ဆေးလုံး။ ကြားရရုံနဲ့တင် ငါ အားကျနေပြီ။ ငါသာ အဲ့ဒီတစ်လုံး ဝယ်သွားရင် ငါ့ရဲ့အိမ်က မွဲတေသွားမှာပဲ ”

” မင်း ဘာတွေတွေးနေတာလဲ။ ချီရှန်းအဆင့် စျေးရဲ့ စျေးကွက်တန်ကြေးက ၅သန်းထက် ပိုပေမဲ့ ငွေကြေးနဲ့ အလွယ်တကူ ဝယ်လို့ရတာ မဟုတ်ဘူး။ ချီရှန်းအဆင့် ဆေးလုံး ဒါမှမဟုတ် ချီရှန်းအဆင့်အထက်ကို ဝယ်ချင်တယ်ဆိုရင် မင်းရဲ့ ပင်ကိုစွမ်းရည်ကို ပြသဖို့ လိုအပ်တယ်။ မင်းရဲ့ စွမ်းရည်က မလုံလောက်ဘူးဆိုရင် စီရင်စု ၉ခုက မင်းကို ဝယ်ပြီး သုံးစွဲခွင့်ပေးမှာ မဟုတ်ဘူး ”

” ပြောရရင် ချီရှန်းအဆင့် ဆေးလုံးတွေက အရမ်းရှားတာ။ သူတို့ကို သုံးပြီး အဆင့်မြင့် သိုင်းပညာရှင်တစ်ယောက် ပျိုးထောင်ဖို့ပဲ လိုအပ်တယ် ”

” ချီရှန်း နန်ကုန်းလင်က သူ့ရဲ့ ပါရမီ မြင့်မားတာကြောင့် ဆေးလုံးတွေကို ရနိုင်တာပဲလေ။ အဲ့ဒီတုန်းက အသက် ၃၂နှစ်အရွယ်မှာ ချီရှန်းပထမအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ သူ့ရဲ့ မိုးကြွေဓါးက ပိုတောင် ထက်သေးတယ်။ အခု သူ အသက် ၄၀ပဲ ရှိသေးပြီး မဟာအလားအလာက ရှိနေတာ။ အသက် ၆၀ မပြည့်ခင်မှာ အံ့ဖွယ်ဂိုဏ်းကို တက်သွားနိုင်ချေ ရှိတယ် ”

ယခုအချိန်တွင် အားလုံးက မနာလို အားကျမှုများ ပြည့်နေ၏။ ယဲ့ရှောင်သည် မလှမ်းမကမ်း၌ စာအုပ်တစ်အုပ် ဖတ်နေတာ ဖြစ်သောကြောင့် ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။

အမှန်တကယ်တွင် သူက နန်ကုန်းလင်၏ အကြောင်းကို ကြားဖူးတာ ကြာပြီဖြစ်သည်။ ငယ်ရွယ်စဥ်၌ ကျန်းဟိုင်မြို့ထဲတွင်ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်း ခံရသူဟူ၍ သတ်မှတ်၍ ရသည်။ သူသည် ထူးချွန်သော မိသားစုမှ ကလေးမျိုး ဖြစ်သည်။

စီရင်စု ၉ခုနှင့် တစ်ကမ္ဘာလုံးတွင်တောင် ချီရှန်းသိုင်းပညာရှင်တစ်ဦးအတွက် ပျမ်းမျှအသက်က အသက် ၄၀ ဝန်းကျင် ရှိသည်။

ချီရှန်းနယ်ပယ်သို့ အသက် ၃၀ဝန်းကျင်၌ တက်လှမ်းနိုင်ခဲ့ခြင်းက ပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်ပေသည်။

ဖျောင်ကျန့်ရှန်ကို ဥပမာ ယူနိုင်ပေ၏။ သူသည် ထိပ်တန်းအဆင့် အံဖွယ်ချီရှန်းတစ်ဦး၏ ကိုယ်ပိုင် လမ်းညွှန်မှု ရထား၏။ သူ၏ ဓါးသိုင်းကလည်း တော်ဝင်နည်းစနစ်၏ အဆင့်တွင် ရှိသည်။ သူက ယခင်၌ သင့်တော်သည့် ဆေးလုံးအချို့ကို သုံးစွဲဖူးတာ ဖြစ်ရမည်။ သို့သော် သူ၏ ကျင့်ကြံဆင့်က ဟို့ထျန်းနဝမတွင်သာ ရှိသေး၏။

ရှန်းထျန်းပထမအဆင့်ထက် အနည်းငယ်သာ နိမ့်သော သူ့ကဲ့သို့ ပါရမီရှင်သည် ငယ်ရွယ်စဥ်တည်းက သိုင်းပညာများကို စတင် လေ့လာခဲ့ပြီး ရှန်းထျန်းနယ်ပယ်သို့ တက်လှမ်းမှာ ဖြစ်သည်။ ကံကောင်းမှုများ မကြုံတွေ့ခဲ့လျှင် သူက အနှစ် ၂၆ အသက် ၂၇ ဝန်းကျင်၌ အဆင့်တက်နိုင်၏။

ရှန်းထျန်းနယ်ပယ်သို့ အဆင့်တက်ရန် ခက်ခဲမှုကို မှန်းဆနိုင်သည်။

သူက လက်ရှိတွင် အသက် ၂၀ဝန်းကျင်သာ ရှိသေးပေ။ ၂၁ မပြည့်သေးပေ။ တစ်နှစ်အတွင်း သူက ဟို့ထျန်းပထမအဆင့်မှ ရှန်းထျန်းနယ်ပယ် မဟာချီရှန်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့တာ ဖြစ်၏။ သူက တစ်လောကလုံးတွင် တစ်ယောက်သာ ရှိနိုင်သည်။

အဆုံးတွင်မူ သူ၏ အံ့ဖွယ်ဝိညာဥ် ခွန်အားကြောင့်သာ ဖြစ်သည်။

သိုင်းပညာရပ်အပြင် သာမန်လူများက ကျင့်ကြံခြင်း နည်းစနစ် တစ်မျိုးနှစ်မျိုးကိုသာ အဓိကထား လေ့ကျင့်ကြ၏။ သူတို့က ထိုမျှသာ ထားနိုင်သောကြောင့် ဖြစ်သည်။ ဆိုရလျှင် ကျင့်ကြံခြင်း နည်းစနစ်တစ်မျိုးနှစ်မျိုးတည်းကို ကျင့်ကြံခြင်းက ထိရောက်မှု ပိုရှိ၏။ ထို့အပြင် သူတို့က ခန္ဓာကိုယ်ထဲ၌ သိုင်းပညာရပ်များကို မနှိုးစေခင်၌ တရားထိုင်လျှင်ထိုင် သို့မဟုတ် သူတို့၏ ကျင့်ကြံခြင်းများကို လှည့်ပတ်ရ၏။

အံ့ဖွယ်ဝိညာဥ်တစ်ခုတည်းကပင် သိုင်းပညာရပ် ၁၀မျိုးနီးပါးရောက်နေပြီး အားလုံးက တော်ဝင်နည်းစနစ်များ ဖြစ်ကြသည်။ သူတို့က သူတို့ဘာသာ တစ်ချိန်လုံး ကျင့်ကြံနေ၏။ ယင်းက ဂိမ်းကစားခြင်းနှင့် တူပေ၏။ အရှိန်က သာမန်လူသားများ ယှဥ်နိုင်သည့် အရာနှင့် ဝေးကွာလွန်းနေသည်။

သူက အနက်ရောင်ကြေးခွံမြွေဖြင့် သန့်စင်ထားသည့် ဆေးလုံးက သာမန် ချီရှန်းအဆင့် ဆေးလုံးအဆင့်ထက် သာသည်။ ယင်းက တော်ဝင်အဆင့် ဆေးလုံးအနေအထားသို့ မရောက်သော်ငြား သာမန် ချီရှန်းအဆင့် ဆေးလုံးများ ယှဥ်နိုင်သည့်အရာ မဟုတ်ပေ။

အနည်းဆုံးတော့ သာမန်ချီရှန်းအဆင့် ဆေးလုံး၅လုံး ၆လုံးနှင့် ယှဥ်နိုင်၏။

သွင်ပြင်အရ သူ လိမ်ညာသည်ဟု ဆိုခြင်းက ချဲ့ကားပြောတ မဟုတ်ပေ။

သူက အနောက်တံခါးကို ဖွင့်ခဲ့ရုံသာမက တတ်နိုင်သမျှ အကျယ်ဆုံးဖွင့်ရန် ကြိုးစားနေတာပဲဖြစ်သည်။

ကောင်းကင်ဘုံက အနည်းငယ် ရူးသွပ်နေသည်ဟုသာ သူ ပြောပြချင်သည်။

အပိုင်း ၁၂၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset