Switch Mode

Chapter – 10

အခန်း(၁၀)

ချင်းယွမ်ရှေးဟောင်းမြို့၏ အရှေ့ဘက်အရပ်တွင် ကြီးမားသော မိသားစုကြီးတစ်ခုရှိနေသည်။

၎င်းသည် လင်းမိသားစုပင်။

နှစ် ၅၀၀အခြေခံရှိပြီး သူတို့၏ ခွန်အားသည်အလွန်ထိတ်လန့်ဖွယ်ကောင်းပေသည်။ ချင်းယွမ်ရှေးဟောင်းမြို့၏ အရင်းအမြစ် တစ်ဝက်လောက်ကို ထိန်းချုပ်ထားသည်။

သူတို့သည် လွှမ်းမိုးနိုင်စွမ်းရှိပေသည်။

ဇီချန်နန်းတော်။

၎င်းသည် လင်းမိသားစု၏ ဂုဏ်သရေရှိသောနေရာဖြစ်ပြီး ခွန်အားနှင့် ကြီးစိုးမှု၏ ပြပုဒ်ဖြစ်သည်။

ကြီးမားသောခန်းမထဲတွင် မိသားစုအကြီးအကဲများ ထိုင်နေကြသည်။ အားလုံးသည် လေးနက်သောအမူအရာရှိနေသည်။ တချို့၏မျက်လုံးများတွင် ဒေါသများဖုံးလွှမ်းနေပြီး တချို့က ကြောက်လန့်နေကြသည်။

လူအုပ်ထဲတွင် အနက်ရောင်ဝတ် သက်လတ်ပိုင်းလူတစ်ယောက်သည် ထိုင်နေခဲ့ပြီး သိသာစွာပင် သူသည် မိသားစုခေါင်းဆောင်ဖြစ်သည်။

သူ၏အမည်သည် လင်းထျန်းနန်ဖြစ်ပြီး လက်ရှိလင်းမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်သည်။

သူသည် အသက်လှည်းဘီး အလယ်အလတ်အဆင့်သို့ရောက်ရှိနေခဲ့သည်။ ချင်းယွမ်ရှေးဟောင်းမြို့တွင် သူသည် သံသယမရှိအောင် အသန်မာဆုံးလူများထဲမှ တစ်ယောက်ဖြစ်သည်။

ယခုအချိန်တွင် သူသည် တခြားအကြီးအကဲများကဲ့သို့ မျက်မှောင်ကြုတ်နေခဲ့သည်။ သူမျက်လုံးထဲမှ ဒေါသနှင့်စိုးရိမ်မှုကို ဖုံးကွယ်၍မရနိုင်ချေ။

သူတို့အားလုံးသည် ကျန်းမိသားစု၏ အဖြစ်အပျက်ကို သိရှိနေသည့်အတွက်ကြောင့်ဖြစ်သည်။

“လင်းဝူတကို ဘယ်လိုဆုံးဖြတ်မလဲ ပြောကြစို့”

လင်းထျန်းနန်က စကားမပြောခင်အချိန်အထိ အားလုံးတိတ်ဆိတ်နေကြသည်။

လက်ရှိလူများသည် ပို၍ပင်မျက်မှောင်ကြုတ်လိုက်မိသည်။

“မိသားစုခေါင်းဆောင်… ကျုပ်တို့ လင်းဝူတကို လင်းမိသားစုကနေချက်ချင်းထုတ်ပယ်သင့်တယ်။ သူနဲ့ လင်းမိသားစုကြားမှာ သေချာတဲ့ စည်းတစ်ခုထားသင့်ပြီး။ လင်းမိသားစုရဲ့ ဆင်းသက်လာသူအဖြစ်ကနေ လုံးဝ ထုတ်ပယ်သင့်တယ်”

“ဒီကောင်လေးက အလွန်ရဲတင်းမောက်မာလွန်းတယ်”

“ သူကဘယ်လို သောက်ကျိုးနည်းကံကောင်းခြင်းကို ရရှိပြီး အသက်လှည်းဘီအဆင့်ခွန်အားကို ပိုင်ဆိုင်သွားလဲတော့ ကျုပ်မသိဘူး။ သူ့ကိုယ်သူအမြင့်ကြီးတွေးပြီး ကျန်းမိသားစုကို သွားရောက်သတ်ဖြတ်ခဲ့တယ်။ သူကရိုးရှင်းစွာဘဲ ဥပဒေမဲ့လွန်းတယ်”

“အခုချိန်မှာ ကျန်းချင်းရွှယ်က ထိုက်ယွမ်ဂိုဏ်းရဲ့ ကိုးယောက်မြောက်ဆက်ခံသူတပည့်တစ်ယောက်ဖြစ်လာခဲ့တယ်။ ကျန်းမိသားစုက ဒီလိုကိစ္စကြီးဖြစ်ပျက်သွားတဲ့အတွက် ထိုက်ယွမ်ဂိုဏ်းက ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်နေမှာ မဟုတ်ဘူး”

“ထိုက်ယွမ်းဂိုဏ်းကို အပြစ်ပြုမိရင် ကျုပ်တို့လင်းမိသားစုက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

“ဒါကြောင့်ထိုက်ယွမ်ဂိုဏ်းရောက်ရှိမလာခင် သူနဲ့ကျုပ်တို့ကြားမှာ သေချာတဲ့ စည်းတစ်ခုကို ရေးဆွဲရမယ်။ ဒါမှ ကျုပ်တို့ အရှုပ်အထွေးထဲမှာ မပါဝင်ဘဲနေနိုင်မှာ”

မိသားစုအကြီးအကဲများသည် တစ်ယောက်ပြီးတစ်ယောက်ရပ်ပြီး သူတို့၏ အမြင်များကို ပြောကြားလိုက်ကြသည်။

သူတို့၏ စကားလုံးများသည် ရန်လိုခြင်းများနှင့်ပြည့်နေသည်။

လင်းထျန်းနန်သည် ဘာမှမပြောဘဲ ခန်းမထဲတွင်ကျန်နေသော သူများကို ကြည့်လိုက်သည်။

“မိသားစုခေါင်းဆောင်… မိသားစုအကြီးအကဲသုံးယောက်ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ်ထောက်ခံတယ်။ ကျုပ်တို့လင်းဝူတကို လင်းမိသားစုကနေ ထုတ်ပယ်သင့်တယ်”

“ကျုပ်လည်း သဘောတူတယ်”

“လင်းဝူတက ကပ်ဘေးတစ်ခုဘဲ။ ဒီအတိုင်းလွှတ်ထားရင် သူက လင်းမိသားစုကို တစ်နေ့နေ့မှာ ကပ်ဘေးတစ်ခုကို ယူဆောင်လာလိမ့်မယ်။ ဒါ့ကြောင့် သူ့ကို ဖြစ်နိုင်ရင် အမြန်ဆုံး ဖယ်ရှားပစ်သင့်တယ်”

“အမှန်ဘဲ။ ကျုပ်တို့ လင်းမိသားစုက ဒီလိုလူတစ်ယောက်ကို မလိုအပ်ဘူး”

မိသားစုအကြီးအကဲများသည် တစ်ယောက်ပြီးတစ်ယောက် သဘောတူညီလိုက်ကြသည်။

လင်းထျန်းနန်သည် ဤမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

“မဟာအကြီးအကဲ…ခင်ဗျာရော ဘယ်လိုထင်လဲ”

သူ၏အကြည့်သည် ဘယ်ဖက်တွင် ထိုင်နေသည့် မဟာအကြီးအကဲဆီသို့ရောက်ရှိသွားခဲ့သည်။

“မိသားစုခေါင်းဆောင်… ကျုပ်တို့လင်းမိသားစုက နှစ်ပေါင်း ၅၀၀ကို အလွယ်လေးကျော်ဖြတ်လာနိုင်ခဲ့တယ်။ ကောင်းကင်ဘုံက မိသားစုရဲ့ ခွန်အားကို စမ်းသပ်ဖို့အတွက် ကပ်ဘေးတစ်ခုကို စေလွှတ်လိုက်တယ်”

“တကယ်လို့ ကောင်းကင်ဘုံရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ရင် ကျုပ်တို့လင်းမိသားစုကို ကောင်းကင်ဘုံက လက်ဆောင်ကြီးကြီးမားမားပေးအပ်လိမ့်မယ်။ ပြီးတော့ ကျုပ်တို့လင်းမိသားစုက နဂါးတွေကို မွေးထုတ်လာနိုင်ပြီး ခွန်အားက တဟုန်းထိုး မြင့်တက်လာလိမ့်မယ်”

“တကယ်လို့ ကျုပ်တို့မလုပ်နိုင်ခဲ့ရင် လင်းမိသားစုက ပြဿနာအကြီးအကျယ်တက်လိမ့်မယ်”

“ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ကိုတစ်ယောက်ကူညီတာကအကောင်းဆုံးဘဲ…”

မဟာအကြီးအကဲသည် ဖြေးညင်းစွာပြောလိုက်သည်။

ကောင်းကင်ဘုံက စမ်းသပ်သည့် ကပ်ဘေးကြီးတစ်ခုလား။

ထိုစကားများကိုကြားသည့်အခါ လင်းထျန်းနန်အပါအဝင်လူတိုင်း၏ အမူအရာသည် ပြောင်းလဲကုန်သည်။

ဤကိစ္စသည် ကောင်းကင်ဘုံ၏ စမ်းသပ်မှုဖြစ်သည်။

နတ်ဘုရားကန္တာရ၏ မည်သည့်အဖွဲ့အစည်းမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။

ခွန်အားကြီးထွားလာသည့် လင်းမိသားစုအတွက် နှစ်ပေါင်း၅၀၀၀အတွင်း ကောင်းကင်ဘုံက စမ်းသပ်စစ်ဆေးပေမည်။ အကယ်၍သူတို့သာ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့လျှင် သူတို့၏ ခွန်အားသည် တဟုန်းထိုးမြင့်တက်လာပေလိမ့်မည်။ အကယ်၍ သူတို့သာ ကျရှုံးခဲ့လျင် ကောင်းကင်ဘုံက အပြစ်ပေးပေလိမ့်မည်။

၎င်းသည် ရာထူးတိုးခြင်းနှင့်တူညီပေသည်။

မိသားစုတစ်ခုသည် မည်မျှပင် ကြီးမားခွန်အားကြီးပါစေ ကောင်းကင်ဘုံ၏ ကပ်ဘေးနှင့်ရင်ဆိုင်ရသည့်အခါ အလွန်ဂရုစိုက်ရပေသည်။

အကယ်၍ သူတို့သာ ဂရုမစိုက်လျှင် မြှုပ်နှံစရာ နေရာမရှိအောင်ဖြစ်သွားပေမည်။

ထို့ကြောင့် လင်းမိသားစုသည် ကြောက်လန့်မှုများနှင့်ပြည့်နှက်နေသည်။

အခုချိန်အထိ လင်းဝူတကို ထားရှိရန် အကြောင်းပြချက်မရှိချေ။

“မိသားစုခေါင်းဆောင်…ကျုပ်တို့ လင်းဝူတကို ဆက်မထားသင့်တော့ဘူး”

“အခုချိန်မှာ လူသားလောကမျှော်စင်က ကျန်းမိသားစုအကြောင်းကို ကောင်းကင်ရတနာကြေးမုံမှာ သတင်းလွှင့်လိုက်ပြီ။ လီမင်းဆက်တစ်ခုလုံးနဲ့ ကျို့ကျိူးကုန်းမြေတစ်ခုလုံးမှာ ပြန့်နှံ့သွားခဲ့ပြီး”

“ခန့်မှန်းချက်အရ ထိုက်ယွမ်ဂိုဏ်းက လူတစ်ယောက်ကို သုံးရက်အတွင်းပို့လွှတ်လိမ့်မယ်”

“ကျုပ်တို့လင်းမိသားစုက ဒီကပ်ဘေးကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး”

မိသားစုအကြီးအကဲသုံးယောက်သည် ထပ်မံအော်ဟစ်ပြောဆိုလိုင်သည်။

သူတို့၏ အသံများသည် အလွန်အလျင်လိုနေသည့်ပုံစံပေါ်နေသည်။

လူအများစုသည် သဘောတူလိုက်ကြသည်။

“မိသားစုခေါင်းဆောင်…အကြီးအကဲသုံးယောက်ရဲ့စကားက သင့်တော်တယ်။ လင်းဝူတကို ကျုပ်တို့လင်းမိသားစုကနေထုတ်ပယ်သင့်တယ်”

“ကောင်းကင်ဘုံရဲ့ စမ်းသပ်မှုကို ဂရုစိုက်မနေပါနဲ့။ ထိုက်ယွမ်ဂိုဏ်းကို အရင်ဆုံး စိတ်ကျေနပ်အောင်လုပ်ရမယ်။ မဟုတ်ရင် ကောင်းကင်ဘုံရဲ့စမ်းသပ်မှုရောက်မလာခင် ကျုပ်တို့လင်းမိသားစုက ဖျက်စီးခံရလိမ့်မယ်”

“မိသားစုခေါင်းဆောင်…တုန့်ဆိုင်းမနေပါနဲ့။ လင်းဝူတကို မိသားစုကနေ ထုတ်ပယ်လိုက်ပါ”

“လင်းဝူတက မိသားစုထဲမှာမရှိသင့်တော့ဘူး…”

လူတိုင်းသည် တူညီစွာပြောလိုက်သည်။

ထိုသို့ကြားရသည့်အခါ လင်းထျန်းနန်သည် ခေါင်းညိတ်ခြင်းမပြုမိ တိတ်ဆိတ်သွားခဲ့သည်။

“အကြီးအကဲအားလုံး သဘောတူနေမျှတော့ လင်းဝူတကို လင်းမိသားစုဘိုးဘေးမှတ်တမ်းစာရင်းကနေထုတ်ပယ်လိုက်တယ်။ ဒါကြောင့် ကျုပ်တိုလင်းမိသားစုက သူနဲ့ပတ်သတ်ပြီး ဘာမှလုပ်စရာမလိုအပ်ဘူး”

“မိသားစုအကြီးအကဲတို့ လူ‌သားလောကမျှော်စင်ကို သွားပြီး ဒီသတင်းကို ကောင်းကင်ရတနာကြေးမုံမှာ ချက်ချင်းထုတ်ပြန်ပါ။ အနည်းဆုံးတော့ ထိုက်ယွမ်ဂိုဏ်းက ကျုပ်တို့ရဲ့ သဘောထားကိုသိသွားတာပေါ့”

“ပြီး တော့ လင်းဝူတရဲ့ ခြံဝင်းထဲကိုသွားပြီးသတင်း‌ ပေးလိုက်ပါ”

“ကောင်းပါပြီ”

မိသားစုအကြီးအကဲသုံးယောက်သည် သူတို့၏ နှလုံးသားထဲတွင် အလွန်ပျော်ရွှင်သွားကြသည်။

ထိုသို့မြင်းသောအခါ မဟာအကြီးအကဲသည် ဖြည်းညင်းစွာသက်ပြင်းချလိုက်သည်။ လူတိုင်းသည် တူညီစွာပြောဆိုနေကြသည့်အတွက် သူသည်လင်းဝူတအားတခဏတာထိန်းထားချင်လျှင်တောင် မဖြစ်နိုင်တော့ချေ။

မည်သို့ပင်ဆိုပါစေ လင်းမိသားစုသည် သန်မာသော်လည်း ထိုက်ယွမ်ဂိုဏ်းကို ယှဉ်ပြိုင်နိုင်စွမ်းတော့မရှိချေ။

မိသားစုတည်တံ့ရေးအတွက် လင်းဝူတကို ထုတ်ပယ်‌ရပေမည်။

ပူပင်ခြင်းကင်းမဲ့ ခြံဝင်းထဲရှိ လင်းဝူတသည် လင်းမိသားစုထဲတွင်ဖြစ်ပျက်နေသော အကြောင်းအရာများကို မသိရှိနိုင်ချေ။

လင်းမိသားစုသည် အလွန်ပါးနပ်သည်။

လင်းဝူတအား လင်းမသားစုမှထုတ်ပယ်ခြင်းကို လူသားမျှော်စင်တွင် သတင်းပေးထုတ်ပြန်ပြီးနောက် မိသားစုအကြီးအကဲသုံးယောက်ထဲမှတစ်ယောက်ဖြစ်သည့် လင်းထျန်းဟဲသည် ပူပင်ခြင်းကင်းမဲ့ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့သည်။

ဟန်ချင်းရှန်သည် သူ၏ရောက်ရှိလာမှုအတွက် အလွန်အံ့ဩမှင်သက်နေသည်။

လင်းတရှန်သေဆုံးပြီးသည့်အချိန်ကတည်းက လင်းမိသားစုသည် ပူပင်ခြင်းကင်းမဲ့ခြံဝင်းထဲသို့ ခြေတစ်လှမ်းပင် မချခဲ့သည့်အတွက်ပင်။

“ခင်ဗျာ့လာလည်တဲ့ ရည်ရွယ်ချက်ကို သိခွင့်ရှိမလား”

ဟန်ချင်းရှန်သည် သူ့အပေါ်တွင် ကောင်းသောအမြင်မရှိချေ။

လင်းထျန်းဟဲသည် နှာခေါင်းရှုံ့လိုက်သည်။

“ဒီ‌နေ့လင်းဝူတကို သတင်းပေးဖို့လာခဲ့တာ။ သူရဲ့ မောက်မာရိုင်းစိုင်းတဲ့ အပြုအမှုကြောင့် လင်းဝူတကို လင်းမိသားစုရဲ့ မှတ်တမ်းကနေပြီးတော့ ပယ်ဖျက်လိုက်တယ် ”

“ဒီ‌နေ့ကစပြီး လင်းဝူတနဲ့ လင်းမိသားစုကြားမှာ တစ်ယောက်နဲ့ တစ်ယောက်ပတ်သတ်မှုမရှိတော့ဘူး”

ဘယ်လို။

မိသားစုကနေထုတ်ပယ်တာလား။

ဟန်ချင်းရှန်သည် ထိုသို့ကြားလိုက်ရသည့်အခါ ချက်ချင်းပင်ဒေါသထွက်သွားခဲ့သည်။

“ကြီးမြတ်တဲ့ လင်းမိသားစုက ဘာလုပ်ချင်တာလဲ။ သခင်ကြီးအသက်ရှိစဉ်က အကူအညီအများကြီးပေးခဲ့တယ်။ ဒါပေမဲ့ ပြန်ရတာက သူ့သားက်ို မိသားစုကနေထုတ်ပယ်တာတဲ့လား”

“ခင်ဗျာ့တို့ရဲ့ ဦးနှောက်ကို ခွေးစားသွားခဲ့တာလား”

“သခင်ကြီးသာ သက်ရှိထင်ရှားရှိနေသေးရင် ခင်ဗျာတို့ဒီလိုလုပ်ဝံ့မှာတဲ့လား”

သူသည် စကားပို၍ပြောလေလေ ပို၍ဒေါသထွက်လာလေလေပင်။

သို့သော်လည်း လင်းထျန်းဟဲသည် ဟန်ချင်းရှန်၏ ဒေါသဖြစ်နေမှုကို ဂရုပင်မစိုက်ချေ။

သူ၏အမြင်သည် လင်းမိသားစုက လင်းဝူတကို မလိုအပ်ခြင်းပင်။

သူ မရှိလျှင် လင်းမိသားစုသည် အသက်ရှင်သန်နိုင်စွမ်းရှိပေမည်။ သူ့ကြောင့် လင်းမိသားစုသည် ကြီးကျယ်သော ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရနိုင်သည်။

အနာဂတ်တွင် ပြဿနာမဖြစ်အောင် လင်းဝူတကို လင်းမိသားစုမှ ဖြစ်နိုင်သမျှ မြန်မြန် ထုတ်ပယ်ရပေမည်။

“ဒီနေ့ ကျုပ်လာတာက သတင်းပေးဖို့ဘဲ ခင်ဗျာ့ရဲ့ ပြောစကားတွေကို နားထောင်ဖို့မဟုတ်ဘူး။ ဒါက ဆုံးဖြတ်ချက်ရဲ့ ရလဒ်ဘဲ။ ခင်ဗျာ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ ကျုပ်တို့ဂရုမစိုက်ဘူး”

“ပြီးတော့ အနာဂတ်မှာအန္တရာယ်ဖြစ်လာခဲ့ရင် လင်းမိသားစုရဲ့ နာမည်ကို မသုံးပါနဲ့။ ခင်ဗျာတို့က လင်းမိသားစုကမဟုတ်တော့ဘူး”

လင်းထျန်းဟဲသည် ပြောချင်သည့်အကြောင်းအရာများအားပြောပြီးသည်နှင့် အမိန့်စာလွှာကိုပစ်ပေးကာ ထွက်ခွာသွားတော့သည်။

ဟန်ချင်းရှန်သည် အရှက်ကွဲခြင်းနှင့်ဒေါသတို့ကို ခံစားနေရသော်လည်း မည်သည့်အရာမှ မပြောခဲ့ချေ။ သူသည် အမိန့်စာလွှာကို ကောက်ယူပြီးနောက် လင်းဝူတ၏ အခန်းဆီသို့ သွားလိုက်သည်။

“သခင်လေး…လင်းမိသားစုက ဒီမှာဘဲ။ သူတို့ …”

“ဘာဖြစ်ခဲ့လဲဆိုတာကို ကျုပ်သိပြီးပြီ”

“ကျုပ်က လင်းမိသားစုရဲ့ အသိအမှတ်ပြုမှုက်ို မလိုအပ်ဘူး”

တည်ငြိမ်သောအသံတစ်ခုသည် ခန်းမထဲမှ ထွက်ပေါ်လာခဲ့သည်။

အမှန်တကယ်ပင် သူသည် လင်းမိသားစုအား မျက်စိထဲတွင်ပင်မထည့်ချေ။

Comment

Leave a Reply

Options

not work with dark mode
Reset