Switch Mode

Chapter – 9

အခန်း(၉)

“ဦးလေးဟန်… ဘာဖြစ်လို့လဲ”

ဟန်ချင်းရှန်သည် ကြေးသေတ္တာကို ကိုင်ဆောင်ပြီး ဝင်ရောက်လာသည်ကိုမြင်သောအခါ လင်းဝူက သိချင်စိတ်ဖြင့်မေးလိုက်သည်။

“သခင်လေး…ဒါက သခင်လေးအတွက် သခင်ကြီးချန်ထားခဲ့တာပါ…”

အ‌မွေတစ်ခုလား။

လင်းဝူတ၏ မျက်လုံးများသည် အံ့ဩမှုများနှင့်ပြည့်သွားခဲ့သည်။

သူသည် နတ်ဘုရားကန္တာရသို့ အခုလေးတင်ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ သူ၏မှတ်ဉာဏ်များအရ သူ့အဖေ လင်းတရှန်သည် အင်အားကြီးပြီး ယွမ်ပြည်နယ် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်း၏ အရေးကြီးသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

သို့သော်လည်း သူသည် လွန်ခဲ့သော ဆယ်နှစ်က ရှေးဟောင်းအဓိကရုဏ်းတွင် သေဆုံးသွားခဲ့သည်။

သူက မည်သည့်အရာများချန်ထားခဲ့သည်နည်း။

စိတ်ရှုပ်ထွေးမှုများနှင့် လင်းဝူတသည် ဆယ်နှစ်ကြာချိတ်ပိတ်ထားသည့် ကြေးသေတ္တာကို ဖွင့်လိုက်သည်။

အထဲတွင် ပစ္စည်း သုံးမျိုးရှိနေသည်။

၎င်းတို့သည် ရိုးရှင်းပြီး မည်းနက်နေသော ကြေးပြားတစ်ခု၊ ထက်ရှသောဓားရှည်တစ်လက်နှင့်လျှို့ဝှက်ဆန်းကြယ်သောအော်ရာဖုံးလွှမ်းနေသည့် လက်ဝါးအရွယ်အရိုးအပိုင်းအစတစ်ခုတို့ပင်။

“သခင်ကြီးက ယွမ်ပြည်နယ်ရဲ့ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းမှာ မြင့်မားတဲ့နေရာနဲ့ ခွန်အားကိုပိုင်ဆိုင်ထားတယ်။ ပြီးတော့နတ်ဆိုးအမဲလိုက်ခန်းမရဲ့ အရှင်သခင်တစ်ယောက်ဘဲ။ သူ့ခွန်အားက ဆဋ္ဌမကျင့်ကြံခြင်းအဆင့်ဖြစ်တဲ့ တာအိုနန်းတော်အဆင့်ကိုရောက်ရှိခဲ့တယ်”

“မတော်တဆသာမဖြစ်ခဲ့ရင် သခင်ကြီးရဲ့ ခွန်အားနဲ့ အောင်မြင်မှုကြောင့် နတ်ဆိုးနှိမ်နင်ခြင်းအဖွဲ့အစည်းရဲ့ အမြင့်ဆုံးနေရာကို တက်ရောက်နိုင်လိမ့်မယ်” ဟန်ချင်းရှန်သည် သက်ပြင်းချလိုက်သည်။

သူ့ရှေ့မှ ပစ္စည်းများကို ကြည့်ပြီး သူ၏မျက်လုံးများသည်ဝမ်းနည်းမှုများနှင့်ပြည့်သွားခဲ့သည်။

ထိုသို့ကြားသည့်အခါ လင်းဝူတသည် ၎င်းတို့ကိုစစ်ဆေးလိုက်ကာ ရှေးဟောင်းဆန်ပြီး ကြည့်ကောင်းသောဓားရှည်ကို ပထမဆုံးကောက်ယူလိုက်သည်။

“ကလန်”

ဓားကိုဆွဲထုတ်လိုက်သည့်အခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အခန်းတစ်ခုလုံးပြည့်နှံ့သွားခဲ့သည်။

“သခင်လေး…ဒါက သခင်ကြီးမသေခင်အသုံးပြုခဲ့တဲ့ ကြယ်ခုနစ်လုံးနဂါးချောက်နက်ဓားဘဲ။ ဒါကရှားပါးတဲ့ အဆင့်ရှစ်စိတ်ဝိညာဉ်လက်နက်ဘဲ” ဟန်ချင်းရှန်သည် မိတ်ဆက်ပေးလိုက်သည်။

သူသည် လင်းတရှန်းနောက်သို့ သူ့၏ဘဝတစ်ခုလုံးလိုက်ခဲ့ပြီး သူ့၏သခင်အသုံးပြုသော ပစ္စည်းများအ‌ကြောင်းကို အနည်းအများတော့သိပေသည်။

အဆင့်ရှစ်စိတ်ဝိညာဉ်လက်နက်လား။

လင်းဝူတသည် သူ၏မျက်လုံးထဲတွင် မည်သည့်အမူအရာမှ မပြဘဲခေါင်းညိတ်လိုက်သည်။

သူသည် လျှို့ဝှက်ဆန်းကြယ်ပြီး မည်းနက်သောကြေးတံဆိပ်ကိုကောက်ယူလိုက်သည့်အခါ တစ်ဖက်တွင် နတ်ဆိုးအမဲလိုက်ခြင်းနှင့် နောက်တစ်ဖက်တွင် နတ်ဆိုးအမဲလိုက်သူဟူသောစကားလုံးများကိုတွေ့လိုက်ရသည်။

၎င်းသည် လင်းတရှန်း၏ သက်သေခံကတ်ပြားဖြစ်သည်။

“သခင်လေး…ဒီနတ်ဆိုးအမဲလိုက်ခန်းမရဲ့ သက်သေခံကတ်ပြားကို ကောင်းကောင်းမွန်မွန်သိမ်းထားသင့်တယ်။ ဒါက သခင်ကြီးရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ပြတဲ့ သက်သေခံကတ်ပြားဘဲ”

“ယွမ်ပြည်နယ်နတ်ဆိုးနှိမ်နင်းအဖွဲ့အစည်းရဲ့ အုပ်ချုပ်သူ ကျောက်ရွှမ်ရှောင်နဲ့ သခင်ကြီးတို့က သဘောတူညီမှုတစ်ခုလုပ်ခဲ့ကြတယ်။ ဒီသက်သေခံကတ်ပြားကို နတ်ဆိုးနှိမ်နင်းအဖွဲ့အစည်းဆီသို့ ယူဆောင်သွားခဲ့ရင် သူတို့က သခင်လေးကို ကာကွယ်ပေးလိမ့်မယ်”

“ထပ်ပြောရရင် တကယ်လို့နတ်ဆိုးနှိမ်နင်းအဖွဲ့အစည်းရဲ့စမ်းသပ်မှုကို ကျော်ဖြတ်နိုင်တာဖြစ်ဖြစ် တာအိုနန်းတော်အဆင့်ကိုရောက်ရှိသွားတာဖြစ်ဖြစ် နတ်ဆိုးအမဲလိုက်ခန်းမရဲ့ အရှင်သခင်နေရာကို အ‌မွေဆက်ခံနိုင်တယ်”

“ဒီနှစ်‌‌တွေအတွင်းမှာ ဒီကတိကြောင့် နတ်ဆိုးအမဲလိုက်ခန်းမရဲ့ အရှင်သခင်နေရာက လစ်လပ်နေခဲ့တယ်” ဟန်ချင်းရှန်သည် လေးနက်တည်ကြည်စွာပြောလိုက်သည်။

ယွမ်ပြည်နယ်၏ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းလား။

နတ်ဆိုးအမဲလိုက်ခန်းမ၏ အရှင်သခင်နေရာလား။

ထိုသို့ကြားသည့်အခါ လင်းဝူတ၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။

အဖေ၏အမွေကို သားတစ်ယောက်အနေဖြင့် ဆက်ခံခြင်းသည် သင့်တော်သည်ဟု သူခံစားလိုက်ရသည်။

ထို့ကြောင့် သူက ထိုနေရာကို ယူရပေမည်။

အကယ်၍နတ်ဆိုးအမဲလိုက်ခန်းမ၏ အရှင်သခင်နေရာအားရယူနိုင်ခဲ့လျှင် သူသည် ကံစွမ်အားများကို ကြီးမားသည့်ပမာဏတစ်ခုအထိရ‌ရှိနိုင်ပေသည်။

ထိုသို့တွေးပြီး လင်းဝူတသည် သူ၏နှလုံးသားထဲတွင် အစီအစဉ်တစ်ခုချမှတ်လိုက်သည်။

တခဏကြာပြီးနောက် သူသည် ကြေးတံဆိပ်ကိုချလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော လက်ဝါးအရွယ်အရိုးအပိုင်းအစကို ကောက်ယူလိုက်သည်။

“သခင်လေး…‌ဒါက သခင်ကြီး အသက်ရှင်နေစဉ်က မတော်တဆရရှိခဲ့တာ။ အကြင်အနာမဲ့နဂါးတစ်ကောင်ရဲ့ အရိုးလို့ပြောကြတယ်။ အထဲမှာ စွမ်းအားကြီးတဲ့ တိုက်ခိုက်ခြင်းနည်းစနစ်ကိုတစ်ခုကို မှတ်တမ်းတင်ထားတယ်”

“ဒါကို အကြင်အနာမဲ့နဂါးလက်ဝါးလို့ခေါ်တယ်”

“ဆယ်နှစ်အကြာက သခင်ကြီးက ဒီလက်ဝါးနည်းစနစ်ကိုသုံးပြီး ပြိုင်ဘက်ကင်းခဲ့တယ်”

“သခင်ကြီးပြောခဲ့တာက ဒီလက်ဝါးနည်းစနစ်ကို ပြီးပြည့်စုံတဲ့အဆင်အထိကျင့်ကြံနိုင်ခဲ့ရင် လက်ဝါးတစ်ချက်နဲ့ ရှေးဟောင်းခေတ်အကြင်အနာမဲ့နဂါးအကောင်သုံးဆယ်ကို သတ်ဖြတ်နိုင်တယ်လို့ပြောကြတယ်။ ဒါ့အပြင်‌ ဒါကတောင်တန်းနဲ့ မြစ်ပြင်ကိုတောင်ဖြိုခွဲနိုင်တယ်”

“ဒါ‌ပေမဲ့ ကျင့်ကြံဖို့အရမ်းခက်ခဲ့တယ်”

“သခင်ကြီးရဲ့ ပြိုင်ဘက်ကင်းပါရမီနဲ့တောင် ဒီလက်ဝါးနည်းစနစ်ကို ဆယ်နှစ်ကြာပြီးတဲ့အခါမှ သေးငယ်တဲ့ အောင်မြင်မှုအဆင့်ကိုဘဲရောက်ရှိနိုင်ခဲ့တယ်”

“ဒီလောက်လေးကျွမ်းကျင်ခဲ့တာတောင် သခင်ကြီးက ရှေးဟောင်းခေတ် အကြင်အနာမဲ့နဂါးသုံးကောင်ရဲ့ ခွန်အားကိုထုတ်ဖော်နိုင်ခဲ့တယ်…”

ဤအချက်တွင် ဟန်ချင်းရှန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့်ပြည့်နှံ့နေသည်။

သူသည် အကြင်အနာမဲ့နဂါးလက်ဝါးကို အလွန်အထင်ကြီးမိသည်။

“ရွှတ်”

မိတ်ဆက်ပေးမှုကို နားထောင်ပြီးနောက် လင်းဝူတသည် ထိုပစ္စည်းအားတခဏလောက် စိုက်ကြည့်လိုက်ပြီး စိတ်ဝိညာဉ်အမျှင်တန်းတစ်ခု ပေးပို့လိုက်သည်။ ချက်‌ချင်းပင် ရွှေရောင်နတ်အလင်းတန်းသည် ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ကိုပင်ဖုံးလွှမ်းသွားခဲ့သည်။

၎င်းသည် အကြင်အနာမဲ့နဂါးလက်ဝါး သိုင်းနည်းစနစ်ပင်။

[ ဒင် ]

[ ရှေးဟောင်းနည်းစနစ် အကြင်နာမဲ့နဂါးလက်ဝါးကို ရှာဖွေတွေ့ရှိသည်။ ၎င်းကို အစပြုခြင်းအဆင့်သို့ ကျင့်ကြံရန် ကံစွမ်းအား ၁၀၀၀ကို အသုံးပြုမည်လား ]

ရုတ်တရက် အေးစက်သော အသံတစ်ခုသည် သူ၏ စိတ်ထဲတွင် မြည်ဟိန်းလာခဲ့သည်။

ဘယ်လို။

‘ကံစွမ်းအားအမှတ်တွေကို ဒီလိုသုံးနိုင်တာလား’

လင်းဝူတသည် အလွန်အံ့ဩသင့်နေခဲ့သည်။

သူသည် သူ့တွင် ကျန်ရှိသော ကံစွမ်းအားအမှတ်များကို ကြည့်လိုက်သည်။ ၁၀၀၀ အတိပင်ရှိနေသည်။

အကယ်၍ အကြင်အနာမဲ့နဂါးလက်ဝါးကို လေ့ကျင့်လိုက်လျှင် ကံစွမ်းအားအမှတ်သည် သုညအထိရောက်ရှိသွားပေမည်။ သို့သော်လည်း တဖက်တွင် သူသည် ၎င်းကို ချက်ချင်းကျင့်ကြံလိုက်လျှင် မည်သည့်ဆိုးကျိုးများရှိလာမည်ကို မသိရှိပေ။

သူ၏ကျင့်ကြံခြင်းအား တည်ငြိမ်အောင် ပြင်ဆင်နေဆဲဖြစ်သည်။

“ဦးလေးဟန်…ကျုပ် ဒီအကြင်အနာမဲ့နဂါးလက်ဝါးကို လေ့ကျင့်ချင်တယ်။ တကယ်လို့ အရေးကြီးတဲ့ကိစ္စသာမဖြစ်လာခဲ့ရင် ကျုပ်ကို အနှောက်အယှက်မပေးပါနဲ့”

“ကောင်းပါပြီ”

ဟန်ချင်းရှန်သည် သဘောတူညီစွာခေါင်းညိတ်လိုက်သည်။

ထို့‌နောက်သူသည် အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

သူထွက်ခွာသွားပြီးနောက် ကြယ်ခုနစ်ပွင့် နဂါးချောက်နက်ဓား၏ဘေးတွင် အဆင့်ခြောက်စိတ်ဝိညာဉ်လက်နက်ဖြစ်သော အစိမ်းရောင်ငရဲဓားကိုချထားလိုက်ပြီး သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

ဓား၏ ထက်ရှမှုသည် ထတ်လန့်ဖွယ်ကောင်းပေသည်။

“စနစ်ရေ… အစိမ်ရောင်ငရဲဓားနဲ့ ကြယ်ခုနစ်ပွင့် နဂါးချောက်နက်ဓားတွေကို ပေးကမ်းတယ်”

“ဒင်… အနစ်နာခံပေးကမ်းခြင်းအောင်မြင်ပါသည်”

“သင်သည် အဆင့်ခြောက် စိတ်ဝိညာဉ်လက်နက် အစိမ်းရောင်ငရဲရှေးဟောင်းဓားကို ပေးကမ်းစွန့်ကြဲသည့်အတွက် ကံစွမ်းအားအမှတ် ၆၀၀ရရှိပါသည်”

“သင်သည် အဆင့်ရှစ် စိတ်ဝိညာဉ်လက်နက် ကြယ်ခုနစ်ပွင့် နဂါးချောက်နက်ဓားကို ပေးကမ်းစွန့်ကြဲသည့်အတွက် ကံစွမ်းအားအမှတ် ၈၀၀ ရရှိပါသည်”

စနစ်၏ အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။

[ သင်သည် အကြင်အနာမဲ့လက်ဝါးကို စတင်ခြင်းအဆင့်သို့ ကျင့်ကြံရန် ကံစွမ်းအား ၁၀၀၀ အသုံးပြုမည်လား ]

[ အင်…သုံးမယ် ]

[ ဒင်…ကျင့်ကြံခြင်းအောင်မြင်ပါသည် ]

[ ဂုဏ်ယူပါတယ်… သင်သည် အကြင်အနာမဲ့နဂါးလက်ဝါးကို စတင်ခြင်းအဆင့်အထိအောင်မြင်စွာကျင့်ကြံနိုင်ခဲ့ပါသည်။ သင်သည် လက်ဝါးတစ်ချက်ဖြင့် ရှေးဟောင်းခေတ် အကြင်အနာမဲ့နဂါးတစ်ကောင်၏ ခွန်အားကို ထုတ်ဖော်နိုင်ပါသည်။ ]

“ဘုန်း”

စနစ်၏ သတိပေးသံပြီးဆုံးသည်နှင့် အကြင်အနာမဲ့နဂါးလက်ဝါး၏ ထိုးထွင်းသိမြင်‌သောဉာဏ်အလင်းများသည် သူ၏စိတ်ထဲတွင် တစ်ခုပြီး တစ်ခုပေါ်လာခဲ့သည်။

တချိန်တည်းတွင် သူသည် လေဟာနယ်ကိုပေါ့ပါးစွာဖိနှိပ်လိုက်သည်။ ထိုနောက် ချက်ချင်းပင် ပြိုင်ဘက်ကင်း လွှမ်းမိုးနိုင်သည့်အင်အားတစ်ခုသည် ရှေးဟောင်းကောင်းကင်ဘုံမြစ်ကိုပင် လွှမ်းမိုးနိုင်သည့် အင်အားဖြင့် ထွက်ပေါ်လာခဲ့ပြီး လေထုကိုပင်ပေါက်ကွဲစေခဲ့သည်။

“ရှေးဟောင်းနည်းစနစ်တစ်ခုက မျှော်လင့်ထားတဲ့အတိုင်းဘဲ။ တကယ်ကို စွမ်းအားပြည့်ဝလွန်းတယ်” လင်းဝူတသည် ချီးမွှမ်းလိုက်သည်။

သူ၏ မျက်လုံးများသည် နဂါးအရိုးပေါ်သို့‌ကျရောက်သွားခဲ့သည်။

“စနစ်… ဒီပစ္စည်းကို ကံစွမ်းအားအမှတ် ဘယ်လောက်နဲ့ လဲလှယ်နိုင်မလဲ”

“၄၀၀၀”

“ကောင်းပြီး လဲလှယ်မယ်”

“ဒင်… ဂုဏ်ယူပါတယ်…သင်သည် အကြင်အနာမဲ့နဂါး၏ အာရုံကြောအရိုးကိုပေးကမ်းစွန့်ကြဲခဲ့ပါသည်။ သင်သည် ကံစွမ်းအားအမှတ် ၄၀၀၀က်ိုရရှိပါမည်”

“အကြင်အနာမဲ့နဂါးလက်ဝါးကို ဆက်လက်အဆင့်မြှင့်တင်မယ်”

[ ဒင်… အကြင်အနာမဲ့နဂါးလက်ဝါးကို သေးငယ်သောအောင်မြင်မှုအဆင့်အထိ ကျင့်ကြံရန် ကံစွမ်းအားအမှတ် ၅၀၀၀ ကိုအသုံးပြုလိုက်ပါသည်။ လက်ဝါးတစ်ချက်ဖြင့် ရှေးဟောင်းခေတ်အကြင်အနာမဲ့နဂါးသုံးကောင်၏ ခွန်အားကို ထုတ်ဖော်နိုင်ပါသည် ]

[ လက်ဝါးတစ်ချက်၏ အင်အားသည် ပေ ၁၀၀၀အထိ ထိုးဖောက်နိုင်ပါသည် ]

[ အမည် : လင်းဝူတ ]

[ ကျင့်ကြံခြင်းအဆင့် : နတ်အသွင်ပြောင်းလဲခြင်းအစောပိုင်းအဆင့် ]

[ ကျင့်ကြံသည့်နည်းစနစ် : ရှေးဟောင်းအင်ပါယာမျိုးနွယ်စု၏ အင်ပါယာကျင့်စဉ် ]

[ ကျွမ်းကျင်မှုများ : အခြေခံလက်သီးနည်းစနစ် (စတင်ခြင်းအဆင့်)၊ ရှေးဟောင်းအင်ပါယာမျိုးနွယ်စု၏ အင်ပါယာကျင့်စဉ်၊ အကြင်အနာမဲ့နဂါးလက်ဝါး (သေးငယ်သောအောင်မြင်မှုအဆင့်) ]

[ ပစ္စည်းများ : ကောင်းကင်မြှုပ်နှံကြေးခေါင်းတလား၊ အလောင်းမြေပုံ၊ မူ‌လကျောက်တုံး၊ နတ်ဆိုးအမဲလိုက်ခန်းမ သက်သေခံကတ်ပြား ]

[ သက်တမ်း : နှစ်‌ပေါင်း ၁၂၇၃၅ ]

[ မှတ်ချက် : သင်သည် ကျိန်စာမိနေသည်။ တစ်ရက်တွင် သက်တမ်း ၁နှစ် အတင်းအဓမ္မ နှုတ်ယူမည် ]

သတင်းအချက်အလက်အသစ်များသည် သူ၏ မျက်လုံးထဲတွင် ပေါ်ထွက်လာခဲ့သည်။

၎င်းတို့ကို ဖတ်ရှုပြီးနောက် လင်းဝူတ၏ အမူအရာသည် ပုံမှန်အတိုင်း အမူအရာကင်းမဲ့နေခဲ့သည်။

“ကျန်းချင်းရွှယ်‌ ရောက်ရှိလာတာက်ိုဘဲ စောင့်ဆိုင်းရ‌တော့မှာပေါ့”

ထို့နောက်သူသည် ခြေချိတ်ထိုင်ပြီး စတင်ကျင့်ကြံတော့သည်။

သူ၏အပြုအမှုကြောင့် ‌ချင်းယွမ်ရှေးဟောင်းမြို့နှင့် ကျို့ကျိုးဒေသတစ်ခုလုံးသည် အုတ်ဩသောင်းနင်းဖြစ်နေသည်ကို လင်းဝူတသည် မသိရှိခဲ့ချေ။

ထိုက်ယွမ်ဂိုဏ်း၏ ကိုးယောက်မြောက်ဆက်ခံသူတပည့် ကျန်းချင်းရွှယ်၏ မိသားစုသည် တစ်ရက်အတွင်း အမြစ်ပြတ်သုတ်သင်ခံခဲ့ရသည်။

ဤသတင်းသည် ကျို့ကျိုးကုန်မြေတစ်ခုလုံးကို အံ့ဩတုန်လှုပ်စေသည်။

မရေမတွက်နိုင်သောလူများသည် လင်းဝူတ၏ အဆင့်အတန်းနှင့် နောက်ခံကို သိရှိလိုကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset