Switch Mode

Chapter – 8

အလောင်းရှာခြင်းမြေပုံအား ချဲ့ထွင်နိုင်ခြင်း ဆုလာဘ်

အခန်း၈။ အလောင်းရှာခြင်းမြေပုံအား ချဲ့ထွင်နိုင်ခြင်း ဆုလာဘ်

“သခင်လေး… သခင်လေးလင်းက ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

လင်းဝူတ၏ ပုံစံသည် ပျောက်ကွယ်သွားသည့်အခါ ထူရှန်လင်အာသည် ကျွင့်ချမ်မို့၏ရှေ့သို့ သိချင်စိတ်ဖြင့် အလျင်အမြန်ရောက်ရှိလာခဲ့သည်။

သူမ၏ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်နေမှုကရှိနေဆဲပင်။

ကျန်းဝမ်ထျန်း၏ ဝမ်းနည်းဖွယ်ရာမြင်ကွင်းနှင့် လင်းဝူတ၏ရူးသွပ်နေသည့် အမူအရာတို့ကြောင့် သူမသည် အလွန်ထိတ်လန့်နေခဲ့သည်။

“သူက သူနည်းလမ်းနဲ့ ကျန်းမိသားစုကို သတ်ဖြတ်လိမ့်မယ်”
(Note : မျိုးနွယ်စုအစား မိသားစုအဖြစ် ပြောင်းလဲအသုံးပြုမည်)

“သူကကျန်းမိသားစုရဲ့ အသက်လှည်းဘီအဆင့်ကျင့်ကြံသူ အစောင့်အရှောက်သုံးယောက်ကို သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ ကောင်းကင်ရတနာကြေးမုံမှာ သတင်းထုတ်လွှင့်ပြီး ကျန်းချင်းရွှယ်ကို ဆွဲဆောင်ခဲ့တယ်” ကျွင့်ချမ်မို့သည် မထူးခြားစွာပြောလိုက်သည်။

ဘယ်လို။

ကျန်းချင်းရွှယ်ကို ပြန်လာအောင်ဆွဲဆောင်‌ချင်တာလား။

ထိုသို့ကြားသည့်အခါ ထူရှန်လင်အာ၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။

“သခင်လေး… သခင်လေးလင်းက ကျန်းချင်ရွှယ်ကို သတ်ဖြတ်မယ်လို့ဆိုချင်တာလား”

“မင်းရဲ့ ခန့်မှန်းမှုတွေက မဆိုးဘူးဘဲ”

“လင်းဝူတရဲ့ အစစ်အမှန်ရည်ရွယ်ချက်က ကျန်းချင်ရွှယ်ဘဲ။ ဒါ့ကြောင့်သူက ကျန်းမိသားစုကိုသတ်ဖြတ်ပြီးကျန်းဝမ်ထျန်းက်ို ဖမ်းဆီးသွားခဲ့တာ”

“ဒါပေမဲ့ သူတို့က စေ့စပ်ထားတယ်မလား။ သခင်လေးလင်းက သူမကို ဘာလို့သတ်ဖြတ်ချင်ရတာလဲ”

မိန်းမငယ်လေးသည် အလွန်စိတ်ရှုပ်ထွေးနေသည်။

လင်းဝူတသည် မည်သည့်အတွက်ကြောင့် ဤသို့လုပ်နေမှန်း သူမ မတွေးတောနိုင်အောင်ဖြစ်နေသည်။

သို့သော်လည်း ကျွင့်ချမ်မို့သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

“သူတို့နှစ်ယောက်ရဲ့ ဖြေရှင်းလို့မရတဲ့ မုန်းတီးမှုကြောင့် ဖြစ်နိုင်တယ်”

ထို့နောက် သူသည် ထူရှန်လင်အာ၏ သံသယဖြစ်နေမှုကို လျစ်လျူရှုလျက် လက်ဖက်ရည်အားသောက်နေလိုက်သည်။

တဖက်တွင် လင်းဝူတသည် ကျန်းဝမ်ထျန်းကို ဆွဲခေါ်လျက် ပူပင်ခြင်းကင်းမဲ့ ခြံဝင်းထဲသို့ ပြန်လာခဲ့သည်။

“သခင်လေး…ပြန်လာပြီလား”

“ဒါက… ကျန်းမိသားစုခေါင်းဆောင်လား”

ဟန်ချင်းရှန်သည် လင်းဝူတအားမြင်သည့်အခါ နှုတ်ဆက်လိုက်သည်။

သို့သော် မြေပြင်ပေါ်ရှိ သနားစရာကောင်းသော ပုံသဏ္ဍာန်တစ်ခုသည် သူ့အားဆွဲဆောင်သွားခဲ့သည်။ ကျန်းဝမ်ထျန်းကို မြင်သည့်အခါ သူ၏ မျက်လုံးများသည် ပြူကျယ်သွားခဲ့သည်။

“သခင်လေး…ဘာဖြစ်လာတာလဲ။ ကျန်းမိသားစုရဲ့ခေါင်းဆောင်…သူက…”

“ကျုပ်က ကျန်းမိသားစုနဲ့ မကျေပွဲဖြေရှင်းနေတာ”

“သူ့ကိုသေချာကြည့်ထားပါ။ သူ့ကို သုံးရက်အတွင်းသတ်မယ်”

“ဘန်း”

လင်းဝူတသည် လက်မြှောက်လျက် ကျန်းဝမ်ထျန်းအား လွှင့်ပစ်လိုက်သည်။ ထို့နောက် သူသည် နောက်ကိုပင်လှည့်ကြည့်မနေတော့ဘဲထွက်ခွာသွားခဲ့သည်။

ထို့သို့မြင်သောအခါ ဟန်ချင်းရှန်သည် အံ့ဩမှင်သက်နေခဲ့သည်။

ကျန်းဝမ်ထျန်း၏ မုန်းတီးစွာအော်ဟစ်သံထွက်ပေါ်လာသည့်အချိန်မှ သူ၏ စိတ်အာရုံများပြန်လည်ရောက်ရှိလာခဲ့သည်။

“‌ ခေါင်းဆောင်ကျန်း…ခင်ဗျာနဲ့ သခင်လေးလင်းတို့ စကားကောင်းခဲ့ကြတယ်ထင်တယ်”

“ဘာ”

“သူက ကျုပ်မိသားစုရဲ့ အစောင့်အရှောက်သုံးယောက်ကို သတ်ဖြတ်ခဲ့တယ်။ ခင်ဗျာမသိဘူးလို့တော့မပြောနဲ့”

ဘယ်လို။

လင်းဝူတသည် ကျန်းမိသားစု၏ အစောင့်အရှောက်သုံးယောက်ကို သတ်ဖြတ်ခဲ့သည်လား။

ဟန်ချင်းရှန်သည် အံ့ဩမှင်သက်နေခဲ့သည်။

ကျန်းမိသားစု၏ အစောင့်အရှောက်သုံးယောက်သည် ပဉ္စမအဆင့်ကျင့်ကြံခြင်းအခြေခံရှိပြီး လင်းဝူတက တစ်ယောက်တည်း သတ်ဖြတ်ခဲ့သည်လား။

မည်သည့်အချိန်တုန်းက သူသည် ဤမျှအထိစွမ်းအားကြီးလာခဲ့သနည်း။

“သခင်‌လေးက နတ်ဘုရားအပျက်အစီးနယ်မြေထဲမှာ မဟာကံကောင်းခြင်းတစ်ခုရရှိခဲ့တာလား”

ထိုသို့တွေးမိသွားသည့်အခါ ဟန်ချင်းရှန်၏ စိတ်ဝိညာဉ်သည် တက်ကြွသွားခဲ့သည်။

“ခေါင်းဆောင်ကျန်း… ကျုပ်က သခင်လေးနဲ့ ငယ်ငယ်လေးကတည်းကကြီးပြင်းလာခဲ့တာဖြစ်တဲ့အတွက် သူ့ရဲ့ အမှုအကျင့်နဲ့ သဘောထားတွေကို ကောင်းကောင်းသိတယ်။ ကျန်းမိသားစုကသာတစ်ခုခုလုပ်ခဲ့ရင် သူက ပြန်ပြီးလက်စားချေလိမ့်မယ်။”

“ဟမ်း… ဉာဏ်မရှိတာသိသာတယ်”

“ကျန်းမိသားစုက သူကို ဘာများလုပ်ခဲ့ဖူးလို့လဲ။ ဒီလိုနှလုံးသားမဲ့တဲ့သူနဲ့ ကျုပ်သမီးကို လုံးဝသဘောမတူနိုင်ဘူး။ ချင်ရွှယ်သာပြန်ရောက်လာခဲ့ရင် ခင်ဗျာတို့အားလုံးကို မသနားဘဲသတ်ဖြတ်လိမ့်မယ်”

“ထိုက်ယွမ်ဂိုဏ်းက လင်းဝူတစော်ကားနိုင်တဲ့အရာမဟုတ်ဘူး” ကျန်းဝမ်ထျန်းသည် ဒေါသထွက်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

သူ၏မျက်လုံးများသည် အဆုံးမဲ့ မုန်းတီးမှုများနှင့်ပြည့်နေခဲ့သည်။

ထို့သို့ကြားသည့်အခါ ဟန်ချင်းရှန်၏ နှလုံးသားသည် တုန်ရင်သွားခဲ့သည်။

ထိုက်ယွမ်ဂိုဏ်းသည် ကျို့ကျိုးကုန်းမြေတွင် အလွန်ကျော်ကြားပေသည်။ သူတို့၏ အခြေခံနှင့် ခွန်အားသည် အလွန်ထိတ်လန့်ဖွယ်ကောင်းပေသည်။ အကယ်၍သူတို့သည်သာ ကျန်းမိသားစုကိုထောက်ခံပေးလျှင် ယခုအချိန်တွင် သူနှင့် သခင်လေးတို့အတွက် အန္တရာယ်ရှိနေပေပြီ။

“သခင်လေးက မဆင်မခြင်လုပ်လွန်းတယ်”

“ဒီလိုဖြစ်လာတယ်ဆိုမှ‌‌တော့ နတ်ဆိုးနှိမ်နင်းခြင်းတပ်ဖွဲ့ကို အမြန်သွားဖို့လိုနေပြီ ”

သူသည် သူ၏နှလုံးသားထဲတွင် တွက်ချက်နေခဲ့သည်။

သူသည်ကျန်းဝမ်ထျန်းကို လက်ဝါးဖြင့်ရိုက်လိုက်ပြီး သူ၏ခွန်အားနှင့် ကျင့်ကြံခြင်းအခြေခံကို ဖျက်စီးလိုက်သည်။ ထို့နောက် သူသည် ကျန်းဝမ်ထျန်းအား ခွေးသေတစ်ကောင်ကဲ့သို့‌ဆွဲခေါ်လာခဲ့သည်။

“ဟန်ချင်းရှန်…မင်းကများ ငါ့ကို ဒီလိုလုပ်ဝံ့တယ်လား”

“မင်းနဲ့ လင်းဝူတကို အသေဆိုးနဲ့ သေပါစေလို့ ကျိန်ဆဲတယ်”

ရူးသွပ်ဖွယ်အော်ဟစ်သံသည် ကောင်းကင်သို့ပျံတက်သွားခဲ့သည်။

ဟန်ချင်းရှန်သည် သူ့အားလျစ်လျူရှုလိုက်ပြီး သံကြိုးဖြင့် ချဉ်နှောင်လိုက်သည်။။ထွက်ပြေးမှာစိုးသည့်အတွက် သူ၏ ခြေထောက်အားရိုက်ချိုးလိုက်သည်။

အရာအားလုံးနေရာတကျဖြစ်သွားသည့်အခါမှ သူ၏အခန်းထဲသို့ပြန်လာခဲ့သည်။

သူသည် မြေထဲသို့ သုံးပေလောက် တူးဆွလိုက်ပြီး ရှေးဟောင်းကြေးသေတ္တာတစ်ခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူသည် ၎င်းကို သယ်ဆောင်ပြီး လင်းဝူတ၏ အခန်းထဲသို့ယူ‌ဆောင်လာခဲ့သည်။

လင်းဝူတသည် ကျန်းဝမ်ထျန်း၏ သနားစရာကောင်းသော အော်ဟစ်ဆဲဆိုသံကို ကြားနေရသည်။

သို့သော်လည်း သူဂရုမစိုက်ပေ။

“ဆွစ်”

သူ့၏လက်ကိုမြှောက်လ်ိုက်ပြီး အလောင်းမြေပုံအားထုတ်ယူကာ ဖတ်ရှုနေလိုက်သည်။

ကောင်းကင်ရတနာကြေးမုံတွင် သတင်းထုတ်လွှင့်ခဲ့သော်လည်း ကျန်းချင်းရွှယ်သည် ချင်းယွမ်ရှေးဟောင်းမြို့သို့ရောက်ရှိရန် အချိန်တချို့ကြာပေလိမ့်မည်။

လင်းဝူတသည် အလောင်းမြေပုံအကြောင်းကို ပိုမိုသိ‌ရှိလို့ပြီး အနီးအနားတွင် မြှုပ်နှံထားသော အလောင်းများရှိမလားဟု သိချင်မိသည်။

[ ဒင် ]

[ ပိုင်ရှင်သည် နတ်အသွင်ပြောင်းလဲခြင်းအစောပိုင်းအဆင့်သို့ရောက်ရှိခဲ့သည်။ ထို့ကြောင့် အလောင်းမြေပုံကို အဆင့်မြှင့်တင်လိုက်သည်။ ]

[ အဆင့်မြှင့်ခြင်းအားလုပ်ဆောင်နေသည်… ]

[ ဒင်…အဆင့်မြှင့်တင်ခြင်းပြီးဆုံးပါပြီ ]

[ ဒီနေ့မှ စပြီး အလောင်းမြေပုံ၏ ရှာဖွေနိုင်စွမ်းသည် ကျို့ကျိုးဒေသတစ်ခုလုံးကို သက်ရောက်နိုင်သည်။ ပိုင်ရှင်၏ ကံကောင်းခြင်းအခြေအနေသည် သေချာသောအခြေအနေတစ်ခုသို့ရောက်ရှိလျှင် မြှုပ်နှံထားသောအလောင်းများကို အလိုအလျောက်ပြသပေးမည် ]

[ အလောင်းမြေပုံ ပြသသည့် အလောင်းသည် အလွန်စွမ်းအားကြီးနိုင်သည်။ အလောင်းကို စုဆောင်းနိုင်ခဲ့လျှင် ပိုင်ရှင်သည် ဆုလာဘ်များအားရရှိပေမည် ]

[ သိလိုသောအချက်အလက်များကို စနစ်နှင့်တိုင်ပင်ဆွေးနွေးပေးပါ ]

“ဝှစ်”

နတ်အလင်းတစ်ခုသည် ဖြတ်သန်းသွားခဲ့ပြီး အလောင်းမြေပုံသည် သိသာစွာပြောင်းလဲသွားခဲ့သည်။

ပထမဆုံးအနေဖြင့် အလောင်းမြေပုံ၏ ရှာဖွေနိုင်စွမ်းသည် ပို၍ကျယ်ပြန့်လာခဲ့သည်။ ထို့နောက် အလွန်များပြားသော အနီရောင် လူပုံစံအစက်များသည် မြေပုံတွင် ပေါ်ထွက်လာခဲ့သည်။

ထိုအမှတ်အသားများသည် စွမ်းအားကြီးသူများအားမြှုပ်နှံထားသည့်နေရာများပင်။

အလောင်းမြေပုံတွင် ပြထားသည့်အမှတ်အသားများသည် မြူများဝန်းရံနေသကဲ့သို့ ခွဲခြားရန်မလွယ်ကူသည့်အထိဖြစ်နေသည်။

ထို့အပြင် လင်းဝူတကို အံ့ဩစေသည့်အရာက မြှုပ်နှံထားသည့် အလောင်းများကို နံပါတ်စဉ်များတပ်ဆင်ပေးထားခြင်းပင်။

[ အမည် : လုခန်းမင် ]

[ ထင်ရှားသည့် လက္ခဏာ : လွန်ခဲ့သည့် နှစ်ပေါင်း ၈၀၀အကြာက ရွှမ်ထျန်းဂိုဏ်း၏ မဟာအကြီးအကဲ ]

[ ကျင့်ကြံခြင်း : ဒီဗာ ပြီးပြည့်စုံခြင်းအဆင့် ]

[ မြှုပ်နှံထားသည့်နေရာ : မသိရှိနိုင် ]

[ အခြေအနေ: သေဆုံးပြီး ]

[ သော့ပွင့်ရန် : ကံစွမ်းအား ၁၀၀၀၀၀လိုအပ်သည် ]

[ ‌အမည် : လီချင်းယွင် ]

[ ထင်ရှားသည့်လက္ခဏာ : လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀အကြာက မြင့်မြတ်သောနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ]

[ ကျင့်ကြံခြင်း : ဆန်းကြယ်ကောင်းကင် နှောင်းပိုင်းအဆင့် ]

[ မြှုပ်နှံထားသည့်နေရာ : မသိရှိနိုင် ]

[ အခြေအနေ : သေဆုံးပြီး ]

[ သော့ပွင့်ရန်: ကံစွမ်းအား ၃၀၀၀၀၀လိုအပ်သည် ]

[ အမည် : လီချွန်းချိုး ]

[ ထင်ရှားသည့် လက္ခဏာ : အစစ်အမှန်နဂါးအကယ်ဒမီ၏ ကောင်စီကိုယ်စလှယ် ရှစ်ယောက်ထဲမှ တစ်ယောက် ]

[ ကျင့်ကြံခြင်း : မွေးရာပါကောင်းကင် ပြီးပြည့်စုံခြင်းအဆင့် ]

[ မြှုပ်နှံထားသည့်နေရာ : မသိရှိနိုင် ]

[ အခြေ‌အနေ : သေဆုံးပြီး ]

[ သော့ပွင့်ရန် : ကံစွမ်းအား ၅၀၀၀၀၀လိုအပ်သည် ]

မြှုပ်နှံထားသည့် သူများ၏ တည်နေရာနှင့် သတင်းအချက်အလက်များသည် သူ၏မျက်လုံးထဲတွင်ပေါ်လာခဲ့သည်။

၎င်းတို့ကို ဖတ်ရှုပြီးနောက် လင်းဝူတသည် တိတ်ဆိတ်သွားခဲ့သည်။

အလောင်းမြေပုံပြသထားသည့် အလောင်းမြှုပ်နှံထားသည့်နေရာများသည် မရှင်းလင်းချေ။ ထို့ကြောင့်သူသည် ကံစွမ်းအားကို ရရှိနိုင်ရန် မည်သို့လုပ်ဆောင်ရမည်ကို သိရှိရန်လိုအပ်ပေသည်။

၎င်းက သော့ပွင့်ရန်တစ်ခုတည်းသောနည်းလမ်းပင်။

“စနစ်…ကံစွမ်းအားဆိုတာဘာလဲ”

“ဒင်… ကံစွမ်းအားသည် ပိုင်ရှင်ပိုင်ဆိုင်ထားသည့် ကံကောင်းခြင်းကို ဆိုလိုသည်။ စနစ်က ၎င်းကို ကိန်းဂဏန်းဖြင့်ဖော်ပြမည်”

“ပိုင်ရှင်၏ကံ‌ကောင်းခြင်းသည် အခြေအနေတစ်ခုသို့ရောက်ရှိလျှင် နေရာများသည် သော့ပွင့်လာလိမ့်မည်”

“အ‌‌လောင်းများကိုစုဆောင်းနိုင်လျှင် ပိုင်ရှင်သည် ရတနာပစ္စည်းများကိုရရှိနိုင်သည်”

စနစ်က ရှင်းပြလိုက်သည်။

“ဝိုး”

လင်းဝူတသည် အံ့ဩသင့်သွားခဲ့သည်။

“ကျုပ်မှာ ကံစွမ်းအားဘယ်လောက်ရှိလဲ။ ပြီးတော့ ကံစွမ်းအားကို ဘယ်လိုရရှိနိုင်လဲ”

“ဒင်”

“ပိုင်ရှင်၏ လက်ရှိကံစွမ်းအားသည် ၁၀၀၀ ဖြစ်သည်။”

“ကံစွမ်းအားရရှိရန်နည်းလမ်းများစွာရှိပေသည်။ အချက်အလက်များကို အောက်တွင် ဖော်ပြထားသည်”

၁။ ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်တိုးလာခဲ့ခြင်း

၂။ ပိုင်ရှင်၏ သက်သေခံလက္ခဏာနှင့် အချက်အလက်များကို သိသာစွာပြောင်းလဲနိုင်ခဲ့ခြင်း

၃။ ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ပြီး ကံကောင်းခြင်းကောင်းချီပေးခံရခြင်း

၄။ အင်အားစုတည်ထောင်ခြင်းနှင့် ပိုင်နက်နယ်မြေတိုးချဲ့နိုင်ခဲ့ခြင်း

၅။ ရတနာမျိုးစုံကို ပေးကမ်းစွန့်ကြဲခြင်း

၆။ တခြားသူ၏ ကံစွမ်းအားကို အတင်းအဓမ္မလုယူခြင်း

“ဝှစ်”

လင်းဝူတ၏ရှေ့တွင် ဇယားတစ်ခုပေါ်လာခဲ့ပြီး ကံစွမ်းအားရရှိရန် လုပ်ဆောင်နိုင်သည့်အကြောင်းအရာများကို ဖော်ပြထားသည်။

“မလွယ်ကူဘူးဘဲ…”

သူသည် သက်ပြင်းချလိုက်သည်။

[ ကမ္ဘာပေါ်တွင် အလကားရသည့်နေ့လယ်စာဟူသည်မရှိပေ ]

[ အကယ်၍ ပိုင်ရှင်သည် တစ်ခုခုလိုအပ်လျှင် တစ်ခုခုပေးကမ်းစွန့်ကြဲရပေမည် ]

[ စနစ်၏တည်ရှိမှုက ပိုင်ရှင်ကို ကျင့်ကြံသည့်နေရာတွင် ကူညီပေးပြီး ပို၍စွမ်းအားကြီးလာစေရန်သာဖြစ်သည်။ စနစ်က ညွှန်ကြားပြသခြင်းသာလုပ်ဆောင်နိုင်သည်။ ကျန်သည့်အရာများသည် ပိုင်ရှင်၏ ကြိုးစားအားထုတ်မှုအပေါ်တွင် မှုတည်သည် ]

[ တစ်ခုတည်းသောနည်းလမ်းသည် မြင့်မားသောစွမ်းအားကို ပိုင်ဆိုင်ရန်ဖြစ်သည် ]

သူ၏စိတ်ထဲတွင် စနစ်၏ သတိပေးသံက ထွက်ပေါ်လာခဲ့သည်။

ထိုသို့ကြားရသည့်အခါ လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။

စနစ်၏ အယူအဆသည် သူနှင့်တူပေသည်။

သူသည် သူ၏ စွမ်းအားကိုယုံကြည်ပေသည်။ ပုံမှန်အားဖြင့် ပြင်ပပစ္စည်းများအားမှီခိုခြင်းသည် ကောင်းသည့်အရာမဟုတ်ချေ။

“ကြည့်ရတာ ကံစွမ်းအားရရှိဖို့ တစ်ခုခုလုပ်ရတော့ မယ့်ပုံဘဲ” သူသည် တီးတိုးရေရွတ်လိုက်သည်။

လင်းဝူတသည် စတင်တွေးတောလိုက်သည်။

“ဒေါက်…ဒေါက်…ဒေါက်…”

ထိုအချိန်တွင် တစ်ယောက်ယောက်သည် တံခါးခေါက်လိုက်သည်။

မကြာမီ ဟန်ချင်းရှန်သည် သူ့လက်ထဲတွင် ကြေးသေတ္တာကိုကိုင်ဆောင်လျက် ဝင်ရောက်လာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset