Switch Mode

Chapter – 122

ပြီးမြောက်သွားသော နောက်ထပ်ပန်းတိုင်လေး။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၂၂ ပြီးမြောက်သွားသော နောက်ထပ်ပန်းတိုင်လေး။

ကုဟိုင်နှင့် တစ်နပ်စားသောက်ပြီး ရက်အနည်းငယ်အတွင်း ယဲ့ရှောင်၏ ဘဝက ပုံမှန်အခြေအနေအတိုင်း ပြန်ရောက်လာပြန်၏။

နံနက်တိုင်း၌ သူသည် ရှန်းဟိုင်မြို့မှ ဖက်ထုပ်ဟင်းချိုနှင့် ထန်းချန်းမှ မြည်းသားပေါက်စီကို စားသည်။

မွန်းတည့်ချိန်၌ ရှင်းရှီမြို့မှ အသားဖက်ထုပ်၊ အသားပေါက်စီ ဝေ့မြို့မှ အမဲသားစွပ်ပြုတ်ကို စား၏။

ညနေစောင်းတွင် ကျင်းလျင် ဘဲသားစွပ်ပြုတ်နှင့် ရှန်မြို့ ပန်ကိတ်နှင့် သစ်သီးများကို စား၏။

အမျိုးမျိုးသော အစွမ်းထက်သည့် နိုင်ငံများက သူတစ်ယောက်တည်းကို ခစားနေသည့်ပမာ သူ၏ ဘဝက အင်မတန် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရှိလာသည်။ ယင်းက ယဲ့ရှောင်ကို ဆုံးဖြတ်ရန် ပိုမို ပြတ်သားလာစေ၏။ သူက ကျန်းဟိုင်မြို့၏ ငြိမ်းချမ်းမှုကို ကြယ်တာရာသားရဲများအား ဖျက်ဆီးခွင့် မပေးနိုင်ပေ။

သူ၏ နတ်ဘုံတမျှ ကံဘဝက ပျောက်ကွယ်သွားခဲ့လျှင် အလွန်စိုးရိမ်နေရမှာပဲ ဖြစ်သည်။

နေ့စဥ် စားသောက်စရာများအပြင် ယဲ့ရှောင်က သူ၏ ခွန်အားတိုးတက်ရန်အတွက် စာကြည့်တိုက်ထဲတွင် လက်ကျန်အချိန်ကို စာဖတ်နေ၏။

သူ့၌ အခြေခံ ကြယ်အစီအရင် ( ၈ ) မျိုး ဖတ်ရှုခဲ့ပြီး ဖြစ်သည်။ ပြီးပြည့်စုံအောင် ပေါင်းစပ်နိုင်ရန် သိပ်မလိုတော့ဟု ခန့်မှန်းမိသည်။ သို့သော် ထိုအရူးကြောင် ဟွမ်လျိုလီက မလှုပ်ရှားသေးပေ။

ယဲ့ရှောင်က သူမ၏ ကိုယ်ပေါ်၌ ဝိညာဥ်စွမ်းအင်တစ်မျှင်ကို ထားရစ်ခဲ့၏။ ထို့ကြောင့် သူမ အလုပ်ကို ရှောင်တိမ်းပြီး တစ်နေရာတွင် ခိုကပ်နေပြီးနောက် သူ့ကို အရူးလုပ်မှာကို သူ မကြောက်ပေ။

ဝိညာဥ်စွမ်းအင်အရ ပြသနေသည်က သူမသည် ဤရက်များအတွင်း ပြေးလွှားပြီး အလုပ်များနေတာ ဖြစ်၏။ သို့သော် တစ်ဖက်သူ၏ ဖုံးကွယ်မှုအတိုင်းအတာက သူ မှန်းဆထားတာကို ကျော်လွန်နေ၏။ ထို့ကြောင့် သူက သူမကို မရှာနိုင်ခဲ့ပေ။ ယင်းက ယဲ့ရှောင်ကို နောင်တတချို့ ရစေ၏။

ထိုစဥ်က ဆေးရုံတွင် သူသည် သားရဲလူသားကို တိုက်ခိုက်ရန်အတွက် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးမပြုခဲ့သင့်ပေ။

ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုက
ဝိညာဥ်စွမ်းအင် တိုက်ခိုက်မှု ဖြစ်၏။ ၄င်းကို ကျင့်ကြံပြီးနောက် သူ၏ ဝိညာဥ်စွမ်းအင်က အလွန်သန်မာလာသည်။ ထို့ကြောင့် သူ့ ဝိညာဥ်စွမ်းအင်
ဖြင့် ရုပ်ခန္ဓာများကို တိုက်ရိုက် ထိခိုက်နိုင်အောင် ပြုလုပ်နိုင်သည်။ အဆင့် တစ်ခုထိ ရောက်သွားတာပဲ ဖြစ်သည်။ သို့သော် ထိုအတွင်းအားသည် ဝိညာဥ်စွမ်းအင် ကျင့်ကြံမှုကို ပိုင်ဆိုင်နေသေး၏။

၄င်းက ဝိညာဥ်စွမ်းအင်ကျင့်စဥ်ဖြစ်ပြီး အသေးငယ်ဆုံးလေးသော ဂရုမဲ့မှုက ရန်သူ၏ ဝိညာဥ်ကိုခမ်းခြောက်စေပြီး ကြွေလွင့်သွားစေမှာပဲ ဖြစ်သည်။

ရလဒ်အနေဖြင့် ရန်သူ၏ ဝိညာဥ်က တစ်စမှ ကျန်မနေခဲ့ချေ။ ယင်းကို ကောင်းကင်ကုသခြင်းနည်းစနစ် သို့မဟုတ် နံနက်ခင်းကြယ်ကျင့်စဥ်တို့ဖြင့် ပြန်ပြင်၍ မရနိုင်ပေ။

စိတ်ထဲတွင် သင်ခန်းစာကို မှတ်ထားပြီး နောင်ကြ ရန်သူများကို ဖြေရှင်းရန်အတွက် ထိုနည်းစနစ်ကို အသုံးမပြုတာ ပိုကောင်းမည်ဟု တွေးလိုက်၏။

မဟုတ်လျှင် သားရဲလူသားနှစ်ယောက်၏ ဝိညာဥ်ကို ပြန်ပြင်ပြီး ကုသခြင်း နည်းစနစ်ကို အသုံးပြုပြီးနောက် သူတို့၏ စိတ်ဝိညာဥ်ကို ရှာဖွေရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုနိုင်လျှင် မည်မျှ အဆင်ပြေမည်နည်း။ နောက်တစ်ခေါက်ဆို သူက တိုက်ခိုက်ရန်အတွက် အခြားသော နည်းလမ်းသစ်များကို ရှာဖွေရန် သုတေသနပြုရန် တွေးထားရမှာပဲ ဖြစ်သည်။

သူက လွန်တစ်ခုပြုလုပ်ရန်အတွက် ဝိညာဥ်စွမ်းအင်ကို အသုံးပြုနိုင်ပြီး ဥပမာအနေဖြင့် ကြယ်တာရာသားရဲ၏ ခေါင်းကို အပေါက်တစ်ပေါက် ဖောက်နိုင်၏။ တစ်ဖက်သူ၏ လက်ခြေကိုလည်း ဖြတ်နိုင်သည်။ ထို့ကြောင့် တစ်ဖက်လူသည် သေလည်းမသေ သူ၏ သိုလှောင်လက်စွပ်တွင်လည်း သူတို့ကို ထည့်ထားနိုင်မှာပဲ ဖြစ်သည်။ ဤနည်းဖြင့် အချို့သော အသုံးဝင်သည့် အချက်အလက်များကို ရယူနိုင်ရန် ဝိညာဥ်ရှာဖွေမှုကို အသုံးပြုနိုင်မည်။

ယခုအချိန်တွင် ကြယ်၇လုံးတန်းမည့် နေ့ကလည်း ချဥ်းကပ်လာပြီဖြစ်ကာ လမ်းပေါ်၌ လက်နက်များဖြင့် စစ်သည်တော်များက ပိုမို များပြားလာတော့သည်။

ငှားရမ်းထားသော ကုမ္မဏီများကနေ ဆင့်ခေါ်ထားသည့် သိုင်းပညာရှင်များစွာလည်း ရှိ၏။ သူတို့က သုံးယောက်ကနေ ငါးယောက်တစ်စုစီ ဖွဲ့လျက် မြို့ထဲတွင် စောင့်ဆိုင်းနေကြသည်။

မြို့ထဲရှိ ကြယ်တာရာသားရဲများကို ရှင်းလင်းထားသည်ဆိုလျှင်တောင် လူအများက ဂရုမဲ့မနေချေ။

လွန်လေခဲ့ပြီးသော နှစ်များစွာ၌ ကြယ်တာရာသားရဲများနှင့် တိုက်ပွဲများက ကြဟ်တာရာသားရဲများ ကောက်ကျစ်ပြီး ပါးနပ်ပုံကို သူတို့အား သိစေခွင့် ပေးခဲ့သည်။ ကြယ်တာရာသားရဲများက မည်ကဲ့သို့သော လှည့်ကွက်မျိုး ရှိမည်ဆိုတာ မည်သူက သိမည်နည်း။

သူတို့ သတိမမူမိခဲ့လျှင် လူများ အမှန်တကယ် သေသွားနိုင်၏။

သို့သော်ငြား တင်းမာသည့် လေထုက ယဲ့ရှောင်ကို မသက်ရောက်စေပေ။

သူက မောက်မာထောင်လွှားတာမျိုး မဟုတ်။ သို့သော် ကြယ်၇လုံးတန်းသည့်နေ့ ရောက်လာခဲ့လျှင်တောင် သူ့ကို စိုးရိမ်ပူပန်စေမည့် တစ်ခုတည်းသော အရာက မဟာဂိုဏ်း၏ အထွတ်အထိပ်တွင် ရှိသူ ဖြစ်၏။ တစ်ယောက်ကတော့ ဘုရင်အေးအ် ဖြစ်သည်။ သူ့ကဲ့သို့သော သူမျိုးက သူ့ကို ရင်ဆိုင်ရာ၌ ပိုကောင်းကောင်း တိုက်ခိုက်နိုင်လောက်သည်။

အဆင့်နိမ့် ကြယ်တာရာသားရဲများအတွက်မူ သူတို့က သူ့အဖို့ ယင်ကောင်များနှင့်သာ တူ၏။ တစ်ချက်တည်းဖြင့် ရိုက်သတ်ခြင်းက စိန်ခေါ်မှုတောင် မဟုတ်ပေ။

ထိုတွင်သာမက နောက်ထပ်လဝက်အကြာတွင် ယဲ့ရှောင်က အခြေခံ အစီအရင် ( ၁၀ ) မျိုးကို စုဆောင်းမိပြီး နောက်ဆုံးတွင် ၄င်းတို့ကို ပေါင်းစည်းလိုက်တော့သည်။

အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ပေါ်၌ အစီအရင်နှင့် သက်ဆိုင်သည့် စာမျက်နှာအားလုံးက နောက်ဆုံးတွင် ရွှေရောင်ဖြစ်ကုန်၏။ အကြောင်းမှာ သူသည် ပြီးပြည့်စုံသည့် အခြေအနေထိ ၄င်းတို့ကို နားလည်သဘောပေါက်ထားသောကြောင့် ရွှေရောင်အလင်းများ ထွက်ပေါ်လာတာပဲ ဖြစ်သည်။

ယဲ့ရှောင်သည် ပေါင်းစည်းမှုကို ပြုလုပ်ရန် အံ့ဖွယ်ဝိညာဥ်ကို အမိန့်ပေးလိုက်၏။ အခြေခံ အစီအရင် ( ၁၀ ) မျိုးက စကားလုံး ၁၀လုံးအဖြစ် လျင်မြန်စွာ ဖွဲ့တည်သွားသည်။

ရိုက်နှက်ခြင်း။

လိမ်ခြင်း။

ဆွဲခြင်း။

စုပ်ဖြဲခြင်း။

ညွှန်ပြခြင်း။

ထိုးစိုက်ခြင်း။

လူအများ နားမလည်နိုင်သော ထူးဆန်းသော စကားလုံးများ ပေါ်လာ၏။

ရှိစေတော့။ ထားလိုက်တော့။ ပေါင်းစပ်တာက ပိုအရေးကြီးတယ်။

ရွှေရောင်စကားလုံး ၁၀လုံးက အတူတကွ ပေါင်းစည်းသွား၏။ မျက်တောင်တစ်ခတ်အတွင်း သူတို့က အသစ်စက်စက် တော်ဝင်အဆင့် အစီအရင် ကောင်းကင်ဖန်တီးခြင်း အစီအရင်တစ်ခုကို ဖွဲ့တည်လိုက်သည်။

ဟီး ဟီး ဟီး။ နောက်ထပ် ဆွံ့ပျံ့ဖွယ် နာမည်ပဲ။

ထင်တဲ့အတိုင်းပဲ ရွှေရောင်စာအုပ်က နာမည်ပေးတာ အသုံးမကျဘူးပဲ။

ရွှေရောင်စာအုပ်သည် အစီအရင်များကို ပေါင်းစည်းပေးပြီးနောက် ၄င်းသည် စတင် ကျင့်ကြံသည့်အခြေအနေထဲ ချက်ချင်းဝင်ရောက်သွား၏။တစ်ညတာ ကြာပြီးနောက် ရွှေရောင်စာအုပ်က ၄င်းကို ကျင့်ကြံပြီးသွားပြီ ဖြစ်သည်။ နောက်နေ့ နံနက်၌ ယဲ့ရှောင်သည် အိပ်နေရာမှ နှိုးလာသည်။ သူက ခြင်တောင်ထောင်ဖို့ ဂရုမစိုက်ပေ။ သူက ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင် ထားပြီး သူက ဖောင်းကြွနေသော ဂွမ်းစောင်ကို ဂရုမစိုက်ပေ။ ချက်ချင်းပင် စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီးနောက် ကောင်းကင် ဖန်တီးခြင်း အစီအရင်ကို စတင်အသက်သွင်းလိုက်၏။

ဤလောကထဲရှိ ကြယ်တာရာအစီအရင်များအားလုံးက ကြယ်တာရာသားရဲများ၏ ကြယ်တာရာအမြုတေမှ ထုတ်ယူထားတာပဲ ဖြစ်သည်။ သို့သော် ကြယ်တာရာအစီအရင်၏ စွမ်းအင်ရင်းမြစ်က ကောင်းကင်တွင်းရှိ ကြယ်တာရာများ၏ တည်နေရာကို တုပထားခြင်းဖြစ်ကာ မြေဆွဲငင်အား စက်ကွင်းတစ်ခုကို ဖန်တီးပြီး ပတ်ဝန်းကျင်ရှိ ဝိညာဥ်စွမ်းအင်များကို ထိန်းချုပ်နိုင်၏။ ယင်းက ဝိညာဥ်စွမ်းအင်အားလုံးကို ဆွဲငင်နိုင်သော လျှပ်စစ်သံလိုက်စက်ကွင်းနှင့် တူနေပြီး အထူးတိုက်ခိုက်မှု၊ ခုခံမှု ၊ ပုံရိပ်ယောင် လှုပ်ရှားမှုကို ဖန်တီးပေး၏။

အစီအရင်တစ်ခု တည်ဆောက်ရန် အုတ်မြစ် သုံးမျိုးလိုအပ်၏။ တစ်ခုက ဝိညာဥ်ကျောက်တုံး သို့မဟုတ် ကြယ်တာရာသားရဲ အမြုတေ ဖြစ်ပြီး ဝိညာဥ်စွမ်းအင်တွင်ရောနှောထားရမည်။ ဒုတိယကအစီအရင်၏ ထူးခြားသော စီတန်းမှု ဖြစ်သည်။ တတိယတစ်ခုက အစီအရင်ကို တည်ဆောက်မည့်သူ၏ သွေးအဆီအနှစ်၏ သင့်တော်သော ပမာဏ ဖြစ်သည်။

ဝိညာဥ်ကျောက်တုံးနှင့် ကြယ်တာရာအမြုတေက အစီအရင်တစ်ခု တည်ဆောက်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်၏။ သူတို့က အခြေခံ စွမ်းအင်ကို ထောက်ပံ့ပေးကာ အစီအရင်၏ ပေါင်းစည်းမှုကို အသက်သွင်းပေးပြီး ဝိညာဥ်စွမ်းအင်ကို စုပ်ယူပေးကာ အစီအရင်ကို ဆက်တိုက် လည်ပတ်စေ၏။

ထိုသဘောတရားက ကားတစ်စီးကို စမောင်းနှင်တာနှင့် တူ၏။ အစတွင် ဘက်ထရီဖြင့် မောင်းနှင်ရန်လိုအပ်ပြီးနောက် လည်ပတ်ရန်အတွက် အင်ဂျင်ဆက်နှိုးရမည်။

အခင်းအကျင်းကို တည်ဆောက်သည့် လူတစ်ဦး၏ သွေးအဆီအနစ်အတွက်မူ ယင်းက အစီအရင်ကို ထိန်းချုပ်ရန် အသုံးပြုတာပဲ ဖြစ်သည်။ ပိုင်ရှင်မရှိသည့် အစီအရင်ကြီးတစ်ခုက ကိုယ်ပိုင်ဆန္ဒအလိုက် ကိစ္စရပ်များကို ဆောင်ရွက်နိုင်မှာ မဟုတ်ပေ။

ကောင်းကင်ဖန်တီးခြင်း အစီအရင်က တစ်ခုတည်း အစီအရင်ဖြစ်ပြီး ယင်း၌ အစီအရင်မျိုးစုံကို တစ်သားတည်းအဖြစ် ပေါင်းစည်းထားတာပဲ ဖြစ်သည်။

ယင် နှင့် ယန်၏ ဒြပ်စင် ၅မျိုး၊ ပုံရိပ်ယောင် အစီအရင် တိုက်ခိုက်မှု အစီအရင်တို့ကို တစ်သားတည်း ပေါင်းစည်းထားခြင်း ဖြစ်၏။ ယင်းက သတ်ဖြတ်ခြင်း အစီအရင်ပုံစံလည်း ပိုင်ဆိုင်ထား၏။

ခုခံခြင်းစွမ်းရည်က အလွန်သာမန်ကျသော်ငြား တော်ဝင်အစီအရင်၏ အဆင့်တွင် ရှိနေသေး၏။ ထိုသို့သော အဆင့်အတွက်မျိုး ရှိဖို့က ခဲယဥ်းလှသည်။

ဆိုရလျှင် ၄င်းက သတ်ဖြတ်ခြင်း အစီအရင်ဖြစ်သည်။ သတ်ဖြတ်ရာ၌ အဓိကပြုတာ ဖြစ်၏။ လုံလောက်သည့် ဝိညာဥ်စွမ်းအင် ထောက်ပံ့မှု ရှိနေသရွေ့ အံ့ဖွယ်ဂိုဏ်းကတောင် အထဲတွင် ပိတ်မိသွားပြီး ကျရှုံးသွားနိုင်၏။

သို့သော် ကြိုတင်လိုအပ်ချက်က ဝိညာဥ်စွမ်းအင် လုံလောက်အောင် ထောက်ပံ့ပေးရမှာပဲ ဖြစ်သည်။

တစ်နည်းဆိုရလျှင် ကောင်းမွန်သည့် ကြယ်တာရာအမြုတေ သို့မဟုတ် ဝိညာဥ်ကျောက်တုံး၏ အရေအတွက်များစွာ အသုံးပြုရမည်။

ယဲ့ရှောင်က သူသည် အံ့ဖွယ်ချီရှန်းတစ်ဦးကို သတ်ဖြတ်ချင်လျှင် အနည်းဆုံးတော့ ချီရှန်းအ
ဆင့်နှင့်အထက် ကြယ်တာရာသားရဲ အမြုတေ တော်တော်များများကို လိုအပ်လိမ့်မည်။ ၄င်းကို ပြီးမြောက်ရန်အတွက် ဝိညာဥ်ကျောက်တုံးတစ်သန်းလောက်တောင် လိုအပ်နိုင်သည်။

အစီအရင်အများအပြား အသုံးပြုခြင်း၏ ဆုံးရှုံးမှုအချို့ပို လျှော့ချနိုင်ပြီး သတ်ဖြတ်ရာတွင် အောင်မြင်သည့်နှုန်းကို သေချာစေတာဟု ဆိုနိုင်ပေ၏။ ယင်းက အကြွင်းမဲ့ အာဏာရှိသည်ဟုတော့ မဆိုနိုင်ပေ။

လက်ထဲတွင် ဓါးပိုတစ်လက် ရှိနေသည့် သူကဲ့သို့ပင်။ လက်ဗလာဖြင့် လူသတ်သည်ထက် လက်နက်ဖြင့် လူသတ်ရတာက သေချာပေါက် ပိုလွယ်ကူ
လိမ့်မည်။ သို့သော်ငြား သူတို့ကို သတ်ဖြတ်ရန် တစ်ရာရာခိုင်နှုန်းတော့ မသေချာပေ။

ဓါးအမျိုးအစားကြား ကွာဟချက်တစ်ခုလည်း ရှိနေသေး၏။

သာမန်အစီအရင် အခင်းအကျင်းက သံချေးတက်နေသော ဓါးကျိုးတစ်လက် ဖြစ်၏။ ယဲ့ရှောင်၏ ကြယ်အစီအရင်က သံမဏိစတီးဓါး ဖြစ်သည် ။

သံမဏိစတီးဓါးက သံချေးတက်နေသော ဓါးကျိုးထက် အဆတစ်ရာကျော် ပိုသန်မာတာ သေချာသည်။

ကြယ်အစီအရင်ကို သင်ယူပြီးနောက် သူပြုလုပ်သည့် ပထမဆုံးအရာက သိုလှောင်လက်စွပ်ပေါ်၌ အစီအရင်တစ်ခု ရေးဆွဲပြီး ကောင်းကင်ဖန်တီးခြင်း အစီအရင်ကို အသုံးချလိုက်တာပဲ ဖြစ်သည်။

ဤသိုလှောင်လက်စွပ်ကို ဆန်းကြယ်မှုတစ်ရပ်ဖြင့် ဖန်တီးထားတာ ဖြစ်သည်။ ကုန်ကြမ်းများ မလုံလောက်ပေ။ ထို့ကြောင့် တော်ဝင် အသုံးအဆောင်၏ စံသတ်မှတ်ချက်သို့ မရောက်နိုင်ရုံသာ ရှိသည်။ နောင်ကြ ကုန်ကြမ်းများကို မြင့်တင်ရန် လိုအပ်သည်။

သို့သော် သာမန်ချီရှန်းအဆင့် အသုံးအဆောင်၏ စံသတ်မှတ်ချက်ကိုလည်း ကျော်လွန်သည်။ သူ့ဘာ့သာသူ ဝိညာဥ်စွမ်းအင်ကို စုပ်ယူနိုင်သည့် စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထား၏။ ပျောက်သွားလျှင်တောင် တစ်ပါးသူ ခိုးယူခြင်း မရှိအောင် ကြယ်အစီအရင်ကို အလိုအလျောက် အသက်သွင်းပေးလိမ့်မည်။ ဤနည်းဖြင့် ၄င်းက ပြီးပြည့်စုံမှု မရှိသော်ငြား သူ့အတွက် ရေတို အသုံးပြုရန်လုံလောက်သည်။

ထိုသို့ပြုလုပ်ပြီးနောက် ယဲ့ရှောင်က အသက်ရှုထုတ်လိုက်ပြီး နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။

နောက်ထပ် ပန်းတိုင်လေးတစ်ခုက ပြီးမြောက်သွားချေပြီ။

အပိုင်း ၁၂၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset