Switch Mode

Chapter – 5

ကောင်းကင် ရတနာ ကြေးမုံ

အခန်း ၅။ ကောင်းကင် ရတနာ ကြေးမုံ

ပူပင်ခြင်းကင်းမဲ့ ခြံဝင်း…

ဤနေရာသည် လင်းဝူတ၏ နေထိုင်ရာနေရာဖြစ်သည်။

သူ့မိဘများသည် လူလောကမှ အစောကြီးထွက်ခွာသွားသည့်အတွက် ငယ်ရွယ်စဉ်ကတည်းက အိုမင်းသည့်အစေခံဖြစ်သည့် ဦးလေးဟန်နှင့် နေထိုင်ခဲ့ရသည်။ နှစ်ပေါင်းနှစ်ဆယ်ပင်ကြာခဲ့ပေပြီ။

လင်းဝူတသည် ခြံဝင်းထဲရှိ သီးသန့်အခန်းထဲတွင် ခြေချိတ်ထိုင်လိုက်သည်။ ထို့နောက် သူ၏ အမူအရာအားသေချာပြင်ဆင်ပြီးနောက် အစစ်အမှန်နဂါးအင်မော်တယ်ဆေးကို ထုတ်ယူလိုက်သည်။

“ဝှစ်…”

ချက်ချင်းပင် အဆုံးမဲ့နတ်အလင်းများသည် ထွက်ပေါ်လာခဲ့ပြီး သီးသန့်အခန်းတစ်ခုလုံး ပြည့်နှံ့သွားခဲ့သည်။

အသက်တစ်ချက်ရှုရုံဖြင့်ပင် လင်းဝူတ၏ စိတ်ဝိညာဉ်သည် တက်ကြွသွားခဲ့သည်။

သူ၏ အသက်စွမ်းအားသည် သိသိသာသာတိုးတက်သွားသကဲ့သို့ခံစားလိုက်ရပြီး သူ့ခန္တာကိုယ်ထဲရှိ ချီနှင့် သွေးများသည် ပို၍မြင့်မြတ်ထူးကဲလာသကဲ့သို့ခံစားလိုက်ရသည်။

“အင်မော်တယ်ဆေးလုံးက တကယ်ဘဲ သာလွန်ထူးကဲနေတာဘဲ”

သူသည် တုန့်ဆိုင်းမနေတော့ချေ။

ခဏလောက်စူးစမ်းပြီးနောက် အစစ်အမှန်နဂါးအင်မော်တယ်ဆေးလုံးကို တဖြည်းဖြည်းဝါးမျိုလိုက်သည်။

“ဘုန်း”

“ဘုန်း”

“ဘုန်း”

အစစ်အမှန်နဂါးအင်မော်တယ်ဆေးလုံးသည် မသေဆေးတစ်ခုအနေဖြင့် များပြာသောအသက်စွမ်းအင်အဆီအနှစ်များပါဝင်ပေသည်။ လင်းဝူတသည် ထိုအရာကိုမျိုချလိုက်သည့်အခါ အသက်ဒြပ်စင်စွမ်းအားသည် ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။

နတ်အလင်းတန်သည် သူ့၏ခန္တာကိုယ်အားလွှမ်းခြုံသွားခဲ့သည်။

သူ၏အသက်စွမ်းအင်သည် မျက်စိဖြင့်မမြင်နိုင်သောအမြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။

“ဘန်း”

အချိန်မည်မျှကြာမှန်းမသိတော့ချေ။

အစစ်အမှန်နဂါးအင်မော်တယ်ဆေးလုံး၏ နောက်ဆုံးစွမ်အားကိုသန့်စင်ပြီးနောက် လင်းဝူတသည် မျက်လုံးဖွင့်လိုက်သည်။ ချက်ချင်းပင် တောက်ပသော မြင့်မြတ်အလင်းတန်းနှစ်ခုပစ်လွှတ်လိုက်သည်။

တောက်လောင်နေသောနေနှစ်စင်းကဲ့သို့‌သော အလင်းတန်းများသည် ကောင်းကင်ကိုပင် လွှမ်းမိုးနိုင်စွမ်းရှိပေသည်။

ထိုနောက် ကိုယ်ရေအကျဉ်းဇယားကိုဖွင့်လိုက်သည်။

အမည် : လင်းဝူတ

[ ကျင့်ကြံခြင်းအခြေခံ : အစောပိုင်းနတ်အသွင်းပြောင်းလဲခြင်းအဆင့် ]

[ သက်တမ်း : ၁၂၇၃၆ နှစ် ]

“နောက်ဆုံးတော့ အသက်ဘေးကလွတ်သွားပြီး”

စနစ်၏ဇယားကို မြင်သည့်အခါ လင်းဝူတသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ၏နှလုံးခုန်သံသည် အချိန်ကြာမြင့်စွာခုန်နေခဲ့ပြီးနောက် တည်ငြိမ်သွားခဲ့သည်။

အစစ်အမှန်အင်မော်တယ်ဆေးလုံးကြောင့် သူ၏ သက်တမ်းသည် နှစ်ပေါင်း ၁၂၀၀၀ အထိတိုးလာခဲ့သည်။ တစ်ရက်တွင် အသက်တစ်နှစ်ကုန်ဆုံးနေလျှင်ပင် ဆယ်စုနှစ်အနည်းငယ်နေနိုင်ပေတော့မည်။

သို့သော်လည်း သူ့ခန္တာကိုယ်ထဲရှိ ကျိန်စာသည် သေစေနိုင်သောခြိမ်းခြောက်မှုအဖြစ်ရှိနေဆဲဖြစ်ပြီး ၎င်းကို ဖြစ်နိုင်လျှင် အမြန်ဆုံးဖြေရှင်းရပေမည်။

ရှေးဟောင်းအင်ပါယာမျိုးနွယ်စု၏ အဖြူရောင်ဝတ်ရုံဝတ်နတ်ဘုရင်၏ ပြောစကားများအရ ကျိန်စာဖြေရှင်းရန်နည်းလမ်းတစ်ခုသည် နတ်ပစ္စည်းတစ်ခုခု သို့မဟုတ် အထွဋ်အထိပ်ရတနာတစ်ခုခုကို အသုံးပြုရန်ဖြစ်သည်။

နောက်ထပ်နည်းလမ်းတစ်ခုသည် ကျိန်စာဖန်တီးသူကို ရှာဖွေပြီး သတ်ပစ်ရန်ဖြစ်သည်။

လင်းဝူတတွင် မည်သည့် နတ်ဘုရားပစ္စည်း၊ အထွဋ်အထိပ်ရတနာမှ မရှိချေ။

ထို့ကြောင့်သူသည် ကျန်းချင်းရွှယ်ကိုသတ်ရန်သာရွေးချယ်ရပေတော့မည်။

သူသည် သီးသန့်အခန်းထဲမှ ထွက်ခွာလာခြင်းမပြုမီ တိတ်တဆိတ်တွေးလိုက်သည်။

“သခင်လေး ဘာလုပ်နေတာလဲ”

ဤအချိန်တွင် ဟန်ချင်းရှန်သည် သူ၏အခန်းထဲသို့ရောက်ရှိလာခဲ့ပြီး အံ့ဩမှင်သက်သောအမှုအရာဖြင့်မေးလိုက်သည်။ သူသည် စိတ်ရှုပ်ထွေးနေသည်။

“ဦးလေးဟန် ဘာဖြစ်လို့လဲ”

“သခင်လေး…သခင်လေးကအရင်အခြေအနေနဲ့ ကွဲပြားနေသလိုခံစားရတယ်”

“အို…ဘယ်လိုမျိုးကွဲပြားနေတာလဲ”

လင်းဝူတ၏ အမူအရာသည်တည်ငြိမ်နေသည်။

“အာ့… သခင်လေးက အရင်ကထက်ပိုပြီး စွမ်းအားကြီးလာသလိုဘဲ။ သခင်လေးရဲ့ စိတ်နေစိတ်ထားကလည်း အရင်ကနဲ့မတူဘူး။ ပြီးတော့ ချီနဲ့ သွေးစွမ်းအားတွေက ပိုပြီး စွမ်းအားကြီးလာတယ်”

“သခင်လေးအဆင့်ချိုးဖျက်သွားတာလား ”

“အမှန်ဘဲ”

လင်းဝူတသည် ခေါင်းညိတ်အတည်ပြုပေးလိုက်သည်။

ထိုသို့ကြားရသည့်အခါ ဟန်ချင်းရှန်၏ အိုမင်းသောမျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။

“ကောင်းတယ်၊ ကောင်းတယ်”

“ကောင်းကင်ဘုံက လျစ်လျူရှုမထားဘူးဘဲ။ ကောင်းကင်ဘုံက နောက်ဆုံးတော့ မျက်လုံးဖွင့်လာခဲ့ပြီ…”

သူ၏တီးတိုးရေရွတ်သည့်အသံတွင် “ကောင်းတယ်” ဆိုသည့်စကားလုံးသည် ထပ်ခါထပ်ခါ ပါဝင်နေခဲ့သည်။

လင်းဝူတသည် တီးတိုးရယ်မောလိုက်ပြီး ဘာမှမပြောတော့ချေ။

“ဦးလေးဟန်…ကျန်းချင်းရွှယ်က အခုဘယ်မှာလဲဆိုတာသိလား”

“အင်း… ကျွန်တော်က သူမအကြောင်းကို အခုလေးတင်ပြောတော့မလိုဘဲ။ မိန်းကလေးကျန်းချင်းရွှယ်က ဒီနေ့မှာဘဲ လေးခုမြောက်အဆင့်ဖြစ်တဲ့ ခါးသီးခြင်းပင်လယ်အဆင့်ကို အောင်မြင်စွာချိုးဖျက်သွားနိုင်တယ်လို့ ကောင်းကင်ရတနာကြေးမုံမှာ မြင်တွေ့ခဲ့တယ်”

“အခုသူမက ထိုက်ယွမ်ဂိုဏ်းရဲ့ ကိုးယောက်မြောက်ဆက်ခံသူဖြစ်လာခဲ့ပြီ”

ဘယ်လို..

ကျန်းချင်းရွှယ်က ခါးသီးခြင်းပင်လယ်အဆင့်ကို ချိုးဖျက်သွားပြီလား။

“ကျို့ကျိုးကုန်းမြေမှာ ထိုက်ယွမ်ဂိုဏ်းက နံပါတ်တစ်ဂိုဏ်းဘဲ။ ချင်းယွမ်ရှေးဟောင်းမြို့ကနေ မိုင်တစ်ထောင်အကွာအဝေးမှာရှိတယ်။ ဦးလေးဟန်… ဦးလေးက ကျန်းချင်းရွှယ်ရဲ့ သတင်းကိုဘယ်လိုရရှိခဲ့တာလဲ”

လင်းဝူတသည် စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။

ဟန်ချင်းရှန်သည် ပြုံးလိုက်ပြီး လက်ဝါးအရွယ် အစိမ်းရောင်ကျောက်စိမ်းနံရံတစ်ခုကိုထုတ်ယူလိုက်သည်။ ၎င်း၏မျက်နှာပြင်သည် မှန်ကဲ့သို့ချောမွေ့နေပြီး သာမန်ထက်ထူးကဲစွာလှပလွန်းသည်။

“သခင်လေး… ဒီကောင်းကင်ရတနာကြေးမုံက လူသားလောကမျှော်စင်ကနေ ပြုလုပ်ထားတာ”

“အစိမ်းရောင်တောင်တန်းဒေသက သတင်းအချက်အလက်တွေကိုမှတ်တမ်းတင်ထားတယ်။ ပိုင်ရှင်က အချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ သတင်းအချက်အလက်တွေကို ရရှိနိုင်တယ်”

“လူသားလောကမျှော်စင်ရဲ့ ပိုင်ရှင်… ကျွင့်ချမ်မို့ က ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဘဲ။ သူကကောင်းကင်ဘုံနဲ့ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်တယ်လို့ဆိုကြတယ်။ သခင်လေးပေးချေနိုင်သလောက် သတင်းအချက်အလက်တွေကိုရရှိနိုင်တယ်”

“ကောင်းကင်ရတနာကြေးမုံက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ဆယ်ကျော်လောက်ကပင် အသုံးများခဲ့တယ်။ အစိမ်းရောင်တောင်တန်းဒေသတစ်ခုလုံးမှာ ကျော်ကြားလာခဲ့ပြီး ကျင့်ကြံသူတွေအတွက် အရေးကြီးတဲ့ ပစ္စည်းတစ်ခုဖြစ်လာခဲ့တယ်”

“သခင်လေးစိတ်ဝင်စားရင် လူသားလောကမျှော်စင်မှာတစ်ခုလောက်သွားဝယ်လိုက်ပေါ့” သူကပြောလိုက်သည်။

သူသည် ကောင်းကင်ရတနာကြေးမုံကို လင်းဝူတ၏လက်ထဲသို့ပေးလိုက်သည်။

သိချင်စိတ်ဖြင့် လင်းဝူတသည် ၎င်းကို လှည့်ပတ်ကြည့်ရှုလိုက်သည့်အခါ ၎င်းသည် အရင်ကမ္ဘာက သတင်းအချက်အလက်များနှင့် အရေးကြီးသောအကြောင်းအရာများကို သိရှိနိုင်သည့် ဖိုရမ်နှင့်တူသည်ကိုတွေ့လိုက်ရသည်။

ကျင့်ကြံသူတို့အတွက် ကောင်းကင်ရတနာကြေးမုံဟုပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

[ တင်ပြချက် : မဟာသဲကန္တာရရဲ့ နယ်မြေဆယ့်နှစ်ခုမိတ်ဆက် ]

[ တင်ပြချက် : မြေရိုင်းဒေသရဲ့ ပြိုင်ဘက်ကင်းစစ်ချီတက်ခြင်း ထူးဆန်းသတင်း ]

[ တင်ပြချက် : မဟာသဲကန္တာရ၏ ပါရမီရှင်စရင်း ]

[ တင်ပြချက် : လီမင်းဆက်မှ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းသည် နတ်ဆိုးနှိမ်နင်းခြင်းအထောက်တော်များကို နှစ်စဉ်နှစ်တိုင်းစုဆောင်းသည်။ ရရှိနိုင်သည့်အရာများသည် အလွန်ရက်ရောသည်။ စမ်းသပ်မှုကိုကျော်ဖြတ်နိုင်သည့် မည်သူမဆို လစဉ်လတိုင်း အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ရရှိမည်။ ]

[ သတင်းထူး : နှစ်ပေါင်းသုံးထောင်ကြာပြီးနောက် ရှေးဟောင်းအင်ပါယာမျိုးနွယ်သည် နတ်ဘုရားအပျက်အစီးကို ထပ်မံဖွင့်လှစ်ခဲ့သည်။ မဟာအင်ပါယာအလောင်းကို ရရှိသည့်မည်သူမဆို ရှေးဟောင်းအင်ပါယာမျိုးနွယ်စုထံမှ ဆန္ဒသုံးခုနှင့် လဲလှယ်နိုင်သည် ]

[ သတင်းထူး : လီမင်းဆက်၏ ကျန်းချင်းရွှယ် သည် အသက်နှစ်ဆယ်အရွယ်ဖြင့် ခါးသီးခြင်းပင်လယ်အဆင့်သို့ရောက်ရှိနိုင်ခဲ့သည်။ သူမသည် ထိုက်ယွမ်ဂိုဏ်း၏ ကိုးယောက်မြောက်ဆက်ခံသူဖြစ်လာခဲ့သည်။ ]

[ သတင်းထူး : နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းသည် ငရဲလောကနတ်ဆိုးဂိုဏ်း၏ နတ်ဆိုးအိုကြီးတစ်ကောင်ကိုဖမ်းဆီးနိုင်ခဲ့သည်။ သတိပေးသည့်အနေဖြင့် လူမြင်ကွင်းတွင် သုတ်သင်မည် ]

ဖရိုဖရဲဆန်ပြီး ရှုပ်ထွေးလှသော သတင်းအချက်အလက်များသည် သူ့မျက်စိထဲသို့ဝင်ရောက်လာခဲ့သည်။

၎င်းတို့ကိုဖတ်ရှုပြီးနောက် လင်းဝူတ၏ မျက်လုံးများသည် စိတ်ဝင်စားမှုများနှင့်ပြည့်နှက်သွားခဲ့သည်။

လူသားလောကမျှော်စင်မှ ထုတ်ဝေထားသည့် ကောင်းကင်ရတနာကြေးမုံသည် မှော်ဆန်းလွန်းပေသည်။ ထိုမျှော်စင်၏ ပိုင်ရှင်သည် ကမ္ဘာပေါ်ရှိအရာအားလုံးကို သိရှိနိုင်သည့် လူတစ်ယောက်ဟုဆိုနိုင်ပေသည်။

ဤသို့ပစ္စည်းမျိုးကို လင်းဝူတသည်ပင် အထင်ကြီးမီသည်။

ထိုလူသားလောကမျှော်စင်သည် ချင်းယွမ်ရှေးဟောင်းမြို့၏ အလယ်တွင် တည်ရှိပေသည်။

“‌ကောင်းကင်ရတနာကြေးမုံရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ”

“အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀”

“သခင်‌လေး …လူသားလောကမျှော်စင်ကိုသွားမှာလား ”

“သေချာတာပေါ့”

“ဦးလေးဟန်… အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀လောက်ပြင်ဆင်ပေးပါအုံး။ ဝယ်စရာတချို့ရှိလို့ပါ”

“ကောင်းပြီ”

ဟန်ချင်းရှန်သည် မေးခွန်းများမေးမနေတော့ဘဲ ချက်ချင်းပင် စိတ်ဝိညာဉ်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။

ပူပင်ခြင်းကင်းမဲ့ ခြံဝင်းသည် စိတ်ဝိညာဉ်ကျောက်တုံးမရှားပါးချေ။

လင်းဝူတ၏မှတ်ဉာဏ်အရ မူလပိုင်ရှင်၏အဖေသည် လီမင်းဆက်၏ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းတွင် မြင့်မားသော ရာထူးနှင့် စွမ်းအားကိုပိုင်ဆိုင်ထားပေသည်။

သေဆုံးသွားသည့်အခါ လျော်ကြေးငွေအဖြစ် ကြီးမားသောပမာဏတစ်ခုကို နှစ်စဉ်နှစ်တိုင်းရရှိပေသည်။

“သခင်လေး… ကျွန်တော်ရော အဖော်လိုက်ခဲ့ပေးဖို့လိုသေးလား”

“မလိုဘူး။ ကျွန်တော်က အပြင်ထွက်ပြီး လမ်းလျောက်ရုံပါဘဲ…”

“လမ်းမှာဂရုစိုက်ပါ သခင်လေး”

ညွှန်ကြားချက်အနည်းငယ်ပေးပြီးနောက် ဟန်ချင်းရှန်သည် ထွက်ခွာသွားခဲ့သည်။

လင်းဝူတသည် ပူပင်ခြင်းကင်းမဲ့ခြံဝင်းမှထွက်လာခဲ့သည်။

အနည်းငယ်လောက်လျောက်သွားပြီးနောက် သူသည် အိုဟောင်းပြီး ‌လျှို့ဝှက်ဆန်းကြယ်သော အဆောက်အအုံတစ်ခုဆီသို့ရောက်ရှိလာခဲ့သည်။

ပထမဆုံးသူ့အားဆွဲ‌ဆောင်သွားသည့်အရာများသည် နှစ်ကြောင်းစပ်ကာရန်တူကဗျာများပင်။

[ ပထမတစ်ဝက်: ဒီနေရာကိုဝင်ရောက်ရင် ဘာကိုမှစိုးရိမ်နေစရာမလိုအပ်ဘူး ]

[ ဒုတိယတစ်ဝက် : ကမ္ဘာပေါ်မှာ ဦးတည်ရာမရှိပြေးလွှာနေရင်တောင် စိုးရိမ်စရာမလိုအပ်ဘူး ]

[ ရေပြင်ညီ မှတ်ချက် : ကျုပ်ဘာလုပ်ရမှန်းမသိဘူး ]

လင်းဝူတသည် အနည်းငယ်ကြည့်ရှုပြိးနောက် ‌လျောက်သွားလိုက်သည်။

လူသားလောကမျှော်စင်သည် အလွန်ကျယ်ဝန်းပေသည်။

ပရိဘောကများနှင့် အဆင်တန်ဆာများသည် ရိုးရှင်းသော်လည်း ကြီးကျယ်ခမ်းနားခြင်းက ကင်းမဲ့မနေခဲ့ပေ။ ၎င်းသည် လူများအား နားလည်ရခက်သောဖိအားကို ပေးနေခဲ့သည်။

ခန်းမထဲရှိ ကောင်တာနောက်တွင် အရပ်ရှည်ပြီး ချောမောသော လူငယ်တစ်ယောက်သည် ရှေးဟောင်းစာလိပ်တစ်ခုကို အလွန်စိတ်ဝင်စားစွာဖတ်ရှုနေခဲ့သည်။

သူ၏အမူအရာသည် အလွန်စိတ်ကျေနပ်နေသည့်အမူအရာပင်။

“အကိုလေး… ဘာများလိုအပ်ပါသလဲ”

ဤအချိန်တွင် စိတ်ဝိညာဉ်အမြော်အမြင်ဖြင့်ပြည့်နေပုံရသော အနီရောင်ဝတ်မိန်းကလေးတစ်‌ဦးသည် သူဆီသို့လာခဲ့ပြီး သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ကျုပ်က ကောင်းကင်ရတနာကြေးမုံက်ို ဝယ်ချင်လို့ပါ”

“ပြီး‌တော့ လူသားလောကမျှော်စင်ရဲ့ ပိုင်ရှင်ကိုမေးစရာ မေးခွန်းတချို့ရှိတယ်”

“အို…အို… သခင်လေး။ ရှင်က ဧည့်သည်တစ်ယောက်ဘဲ”

သူမသည် ဝမ်းသာသွားခဲ့သည်။

သူမသည် လင်းဝူတအား ကောင်တာဆီသို့ခေါ်ဆောင်သွားခဲ့ပြီး သူ့အတွက် လက်ဖက်ရည်တစ်ခွက်ပြင်ဆင်ပေးလိုက်သည်။

“ဒါက သခင်လေးလင်းပေါ့”

ထိုလူကိုမြင်သည့်အခါ ကျွင့်ချမ်မို့သည် ရှေးဟောင်းစာလိပ်အား သူမလက်ထဲသို့ပေးလိုက်သည်။ သူ၏မျက်လုံးများသည် လင်းဝူတဆီသို့ရောက်ရှိနေခဲ့ပြီး အံ့ဩသင့်သော အမှုအရာများဖြတ်ပြေးသွားခဲ့သည်။

“သခင်လေးလင်း…ဘာမေးချင်တာလဲ။ ပြောပါ”

“ကျုပ်မေးချင်တာက ထိုက်ယွမ်ဂိုဏ်းရဲ့ အသန်မာဆုံးကျင့်ကြံသူက ကျင့်ကြံခြင်းအဆင့်ကိုဘဲ”

ထိုက်ယွမ်ဂိုဏ်းလား။

ကျွင့်ချမ်မို့သည် အံ့ဩမှင်သက်သွားခဲ့သည်။

“အဆင့်နိမ့်ဝိညာဉ်‌ကျောက်တုံး ၈၀၀၀၀ ပေးရင် ထိုက်ယွမ်ဂိုဏ်းရဲ့ အသန်မာဆုံးကျင့်ကြံသူက ဘယ်အဆင့်မှာရှိလဲဆိုတာပြောပြမယ်”

“ကောင်းပြီ” လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။

ထို့နောက်သူ့၏လက်ကို ဝှေ့ယမ်းလျက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၈၀၀၀၀ကို ထုတ်ယူလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset