Switch Mode

Chapter – 1

ကူးပြောင်းခြင်း

အခန်း၁။ ကူးပြောင်းခြင်း

“ပြိုင်ဘက်ကင်း အလောင်းစုဆောင်းခြင်းစနစ်ကကြိုဆိုပါတယ်”

“ဒင်… သင်သည် သင့်ဇနီးလောင်း ကျန်းချူးရွယ်၏ အလောင်းကိုမြှုပ်နှံခဲ့ပါသည်။ သင့်တွင် အသက်ရှင်ရန် နာရီ ၂၀သာကျန်ရရှိပါသည်။ ကျေးဇူးပြုပြီး သင်၏ အသက်ကို ဆွဲဆန့်ပါ”

“ဂုဏ်ယူပါတယ်…ပိုင်ရှင်သည် ကောင်းကင်မြှုပ်နှံခြင်း ကြေးခေါင်းတလားကို ရရှိပါသည်”

“ဂုဏ်ယူပါတယ်…ပိုင်ရှင်သည် အလောင်းမြေပုံတစ်ခုကိုရရှိပါသည်။ မြေပုံသည် မိုင်၁၀၀၀ပတ်လည်အတွင်းမြှုပ်နှံထားသည့် စွမ်းအားရှင်များ၏ တည်နေရာကို မှတ်တမ်းတင်ထားပါသည်။ သူတို့ကို မြေပုံလမ်းညွှန်အတိုင်းရှာဖွေနိုင်ပါသည်”

“ဒင်… သင်၏ ယခုတိုးမြှင့်နိုင်စွမ်းသည် ၁၀ဆဖြစ်သည်”

ဘုန်း…

သာမန်ထက်ရှေးကျသော ကြေးခေါင်းတလားတစ်ခုသည် အေးစက်သော အသံများအားကြားရခြင်းမပြီးဆုံးမီ လင်းဝူတ၏ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

တစ်ချိန်တည်းတွင် ရိုးရှင်းပြီး ရှင်းလင်းနေသော စာလိပ်တစ်ခုသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

၎င်းတို့သည် ကောင်းကင်မြှုပ်နှံခြင်းကြေးခေါင်းတလားနှင့် အလောင်မြေပုံပင်။

“ဒါတွေက ဘာတွေလဲဟ”

“ငါက ကမ္ဘာကူးပြောင်းလာတာလား”

ကောင်းကင်မြှုပ်နှံကြေးခေါင်းတလားနှင့် အလောင်းမြေပုံကိုကြည့်လိုက်ပြီး လင်းဝူတသည် သူနှင့်မရင်းနီးသော ကမ္ဘာမြေတစ်ခုဆီသို့ ကမ္ဘာကူးပြောင်းလာခဲ့မှန်းသိရှိလိုက်သည်။

အရာအားလုံးကို လွှမ်းမိုးနိုင်ရန်အတွက် မဟာအင်ပါဟာများတိုက်ခိုက်နေကြသည့် ဒဏ္ဍာရီလာ ကမ္ဘာကြီးတစ်ခုပင်။

သူသည် ပြန်လည်မွေးဖွားလာခဲ့သည်။

လင်းဝူတသည် အလွန်ပျော်ရွှင်သွားခဲ့သည်။

သို့သော်လည်း သူကို အလွန်ထိတ်လန့်စေသည့်အရာက သူ့တွင် အသက်ရှင်သန်ရန် နာရီ ၂၀ မျှသာကျန်နေတော့ခြင်းပင်။

“ငါက အခုမှ ကမ္ဘာကူးပြောင်းလာခဲ့တာလေ၊ သေခြင်းတရားတစ်ခုနဲ့ ချက်ချင်းရင်ဆိုင်ရတော့မယ်တဲ့လား”

“ဘယ်လိုတောင် သောက်ရေးမပါတဲ့ စတင်မှုလဲ”

သူသည် သက်ပြင်းရှည်လျားစွာချလိုက်မိသည်။

ထို့သို့ပြောပြီးနောက် သူသည် ပြိုင်ဘက်ကင်းအလောင်းစုဆောင်းခြင်းစနစ်အပေါ် အာရုံစိုက်လိုက်သည်။

ခဏကြာပြီးနောက် လင်းဝူတသည် စနစ်၏ လုပ်ဆောင်ချက်များကို နားလည်သဘောပေါက်သွားခဲ့သည်။

စနစ်၏ ဖော်ပြချက်အရ သူသည် စွမ်းအား‌ရှင်အလောင်းများကို စုဆောင်းရမည်ဖြစ်ပြီး ထိုစွမ်းအင်ရှင်များ၏ ပိုင်ဆိုင်မှု သို့မဟုတ် နောက်ဆုံးထိတွေ့ခဲ့သောအရာများကိုရရှိနိုင်ကာ သူ့ခွန်အား၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပေလိမ့်မည်။

သူရရှိခဲ့သည့် ပစ္စည်းများ၏ ခွန်အားသည် အနည်းဆုံး ၁၀ဆဖြစ်နိုင်ပေသည်။

ထိုပစ္စည်းများသည် အလွန်မြင့်မားသောအဆများအထိ တိုးမြင့်ရရှိနိုင်ခြေရှိပေသည်။

တစ်ခုတည်းသော နည်းလမ်းက အလောင်းများစုဆောင်းပြီး ခွန်အားကြီးလာအောင်လုပ်ခြင်းပင်။

“အခုအချိန်မှာ ငါမှာ အသက်ရှင်ဖို့ နာရီ ၂၀ ဘဲကျန်တော့တယ်။ တကယ်လို့ ဒီကမ္ဘာမှာ အသက်ရှင်ချင်တယ်ဆိုရင် စနစ်ကသာ တစ်ခုတည်းသော အသက်ဆက် ကောက်ရိုးမျှင်ဘဲ။ အသက်ရှင်ဖို့ အခွင့်အရေးနည်းနည်းလေးသာ ရှိတယ်ဆိုရင်တောင် ငါကကြိုးစားရမှာဘဲ”

လင်းဝူတသည် တီးတိုးရေရွတ်လိုက်၏။

စကားပြောလျက် သူသည် အလောင်းမြေပုံကို ဖြန့်ကြည့်လိုက်သည်။

“ဝူး….”

ထိုအချိန်တွင် အစက တည်ငြိမ်နေသော မြေပုံသည် ရုတ်တရက် အလင်းရောင်များဖြင့်တောက်ပသွားခဲ့သည်။ ထို့နောက် ကြက်သွေးရောင်လူပုံသဏ္ဍာန်တစ်ခုသည် မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

မြင့်တက်လာသောအလင်းထဲတွင် အချက်အလက်တချို့ကို တွေ့ရှိလိုက်ရသည်။

[ ဇာတ်ကောင် : ကျန်းထိုက်ချူး ]

[ ထင်ရှားသည့် လက္ခဏာ : ရှေးဟောင်းအင်ပါယာမျိုးနွယ်စု၏ ရှစ်ယောက်မြောက် အင်ပါယာ ]

[ ကျင့်ကြံခြင်း : ကောင်းကင်ဘုံအလွှာအင်ပါယာ အဆင့်ကိုး ]

[ မြှုပ်နှံထားသည့်နေရာ : နတ်ဘုရားအပျက်အစီး ]

[ အခြေအနေ : သေဆုံးပြီး ]

“ဟူး…”

မဟာအင်ပါယာတစ်ပါးက အနီးအနားတွင်သေဆုံးနေသည်လား။

အလောင်းမြေပုံ၏ အချက်အလက်များကို ဖတ်ရှုပြီးနောက် လင်းဝူတသည် အကူအညီမဲ့စွာ သင်ပြင်းချလိုက်မိသည်။

မဟာအင်ပါယာ၊ သေမျိုးတို့၏ အထွဋ်အထိပ်ဖြစ်တည်မှုတစ်ခု။

အထွဋ်အထိပ်ဖြစ်တည်မှုတစ်ခုသည် ထူးဆန်းသည် ဤကမ္ဘာကြီးကို အုပ်စိုးနိုင်ပြီး သူ၏ စည်းမျဉ်းများက ကမ္ဘာပေါ်တွင် ထာဝရတည်ရှိနိုင်ပေ၏။

လင်းဝူတကို အံ့ဩစေသည့်အရာက ကျို့ကျိုး၏ သေးငယ်သော ကုန်းမြေတစ်ခုတွင် မဟာအင်ပါယာတစ်ပါးသေဆုံးနေခြင်းပင်။ ၎င်းက သူ၏ စိတ်ကူးနိုင်စွမ်းထက်ကျော်လွန်နေခဲ့သည်။

သို့သော်လည်း အစောပိုင်းတွင် အံ့ဩသင့်နေခဲ့ပြီးနောက် အလွန်ပျော်ရွှင်သွားခဲ့သည်။

မဟာအင်ပါယာ။

ထိုလူ၏ခန္တာကိုယ်ကို ယူ‌ဆောင်နိုင်ခဲ့လျှင် သူက မည်သည့်အရာများရရှိနိုင်မည်နည်း။

အင်ပါယာ၏ ကျင့်စဉ်လား။

ထူးကဲအဆင့် အင်ပါယာလက်နက်လား။

အင်မော်တယ်ဆေးလုံးလား။

အင်ပါယာ၏ တန်ဖိုးကြီးရတနာများကို စာရင်းပြုစုပြီးနောက် လင်းဝူတ၏ သွေးများ ဆူပွက်လာခဲ့ရသည်။

နတ်ဘုရားအပျက်အစီးနေရာသည် လူသားကမ္ဘာ၏ တားမြစ်ကုန်းမြေဖြစ်၏။

၎င်းသည် ရှေးဟောင်းခေတ်များစွာကို ဖြတ်သန်းခဲ့ရသည်။ ထိုနေရာသည် အတိတ်တုန်းက နတ်ဘုရားတို့နှင့် နတ်ဆိုးတို့၏ တိုက်ပွဲကွင်းပြင်ဖြစ်ပေသည်။ ထိုနေရာတွင်ကြီးမားသောအခွင့်အလမ်းများနှင့် မဟာကံကောင်းခြင်းများရှိပေသည်။ သို့သော်လည်း တချိန်တည်းတွင် အလွန်ကြောက်လန့်ဖွယ်ကောင်းနေပေသည်။

“အလောင်းမြေပုံအရ ကျန်းထိုက်ချူးရဲ့ အလောင်းက နတ်ဘုရားအပျက်အစီးနဲ့ သိပ်မဝေးဘူး။ မိုင်ရှစ်ရာလောက် မဟုတ်ရင် အဲဒါထက်နည်းနည်းလေးဘဲဝေးလောက်တယ်။ တကယ်လို့ငါသာဝင်ရောက်သွားခဲ့ရင် အလောင်းကို စုဆောင်းနိုင်ဖို့ အလွန်းကောင်းမွန်တဲ့ အခွင့်အရေးရှိလိမ့်မယ် ”

“အခု ပြဿနာက နတ်ဘုရားအပျက်အစီးနယ်မြေထဲကို ဘယ်လိုဝင်ရမလဲဆိုတာဘဲ” လင်းဝူတမျက်မှောင်ကြုတ်လိုက်မိသည်။

နတ်ဘုရားအပျက်အစီးသည် လေဟာနယ်အနက်ပိုင်းထဲတွင် ဖုံးကွယ်နေခဲ့သည်။

ရှေးဟောင်းဒဏ္ဍာရီများအရ ၎င်းသည် နှစ်ပေါင်းသုံးထောင်တွင်သာတစ်ကြိမ်ပေါ်လာနိုင်ပြီး အလွန်ကြောက်လန့်ဖွယ်ကောင်းသော စွမ်းအားများပါလာတတ်သည်။ တစ်စုံတစ်ယောက်က ဝင်ရောက်သွားခဲ့လျှင်ပင် အသက်ရှင်ပြီး ပြန်ထွက်လာရန်အခွင့်အရေးနည်းပါးပေသည်။

“ငါဘာလုပ်သင့်လဲ” လင်းဝူတ‌သည် တွေးတောနေခဲ့သည်။

မဟာအင်ပါယာ၏အလောင်းကို ရှေ့တွင် မြင်နေရသော်လည်း ၎င်းကို စုဆောင်းနိုင်ခြင်းမရှိခြင်းက လင်းဝူတအား မပျော်မရွှင်ဖြစ်စေသည်။

“ဘုန်း…”

ရုတ်တရက် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုသည် အပြင်ကမ္ဘာမှထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ကြောက်မက်ဖွယ်ဖိအားတစ်ခုသည် လင်းဝူတအပေါ်သို့ ဆင်းသက်လာခဲ့ပြီး ထိန့်လန့်ဖွယ်စွမ်းအားဖြင့်ဖိနှိပ်လိုက်ကာ သူ့အား အသက်ရှုရန်ပင် ခက်ခဲနေစေခဲ့သည်။

“ဘာဖြစ်တာလဲ”

သူသည် တံခါးကိုဖွင့်လျက် အသံလာသည့်ဘက်သို့ ကြည့်လိုက်သည်။

“ဘုန်း”

“ဘုန်း”

“ဘုန်း”

ဝေးကွာလှသည့် မိုးကုတ်စက်ဝိုင်းပေါ်တွင် ခွန်အားကြီးသည့် လူတစ်ယောက်သည် ရှေးဟောင်းအနက်ရောင်ဒယ်စောက်ကိုကိုင်လျက်ရပ်နေသည်။ သူသည် ကျယ်ပြောသော လေဟာနယ်ကို အသည်းအသန်တိုက်ခိုက်နေသည်။

ကြောက်လန့်တုန်လှုပ်ဖွယ်စွမ်းအားသည် ကောင်းကင်ကိုပင် ဖောက်ထွက်သွားခဲ့သည်။

မျက်လုံးနှင့်မြင်နိုင်သည့် မရေမတွက်နိုင်သောအက်ကွဲကြောင်းများက ပေါ်ထွက်လာခဲ့သည်။

နောက်ဆုံးမှာ လျှို့ဝှက်ဆန်းကြယ်သောလူ၏ ဒေါသတကြီးတိုက်ခိုက်မှုအောက်တွင် အနက်ရောင်ဒယ်စောက်သည် ကောင်းကင်ကို ထိုးဖောက်သွားခဲ့ပြီး လေဟာနယ်လမ်းကြောင်းတစ်ခုအားဖွင့်လှစ်လိုက်သည်။

“ဟူး…”

“ဒီလူက ဘယ်လိုတောင် ပြိုင်ဘက်ကင်းတဲ့ လူတစ်ယောက်လဲ”

လင်းဝူတသည် လုံးဝအံ့ဩနေ၏။

သူ့ရှေ့မှလူကြောင့် အလွန်အံ့ဩတုန်လှုပ်နေခဲ့သည်။

၎င်းက သေမျိုးကမ္ဘာနှင့်မသက်ဆိုင်သောစွမ်းအားပင်။

“ဖုန်း.. ဖုန်း… ဖုန်း…”

လင်းဝူတ အံ့ဩနေစဉ် အစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲတစ်ယောက်သည် ထိန့်လန့်ဖွယ်ရောက်ရှိလာခဲ့သည်ကို မြင်လိုက်ရသည်။ သူသည် လင်းဝူတက ဒဏ်ရာမရရှိသည်ကို မြင်‌‌တွေ့မှသာ စိတ်သက်သာရာရရှိသွားခဲ့သည်။

“သခင်လေး… သခင်လေးအဆင်ပြေတာမြင်ရတော့စိတ်သက်သာရာရပါပြီ”

“ဦးလေးဟန်၊ အခု ဘာဖြစ်နေတာလဲ။ ဘာလို့ လေဟာနယ်က ထိုးဖောက်ခံနေရတာလဲ”

လင်းဝူတသည် အံ့ဩသင့်မူကို ဖိနှိပ်လျက် မေးမြန်းလိုက်သည်။

ထိုသို့ကြားရသည့်အခါ အစိမ်းရောင်ဝတ်အကြီးအကဲသည် စကားမပြောမီ တခဏလောက်တိတ်ဆိတ်သွားခဲ့သည်။

“သခင်လေး… ဒီစွမ်းအားရှင်က ရှေးဟောင်း‌အင်ပါယာမျိုးနွယ်စုကဘဲ”

“သူတို့က နတ်ဘုရားအပျက်အစီးနယ်မြေကိုသွားတဲ့ လမ်းကြောင်းဖွင့်နေကြတာ”

ရှေးဟောင်းအင်ပါယာမျိုးနွယ်စုလား။

နတ်ဘုရားအပျက်အစီးလား။

လင်းဝူတ၏ စိတ်ဝိညာဉ်က တက်ကြွသွားခဲ့ရသည်။

“ ရှေးဟောင်းအင်ပါယာမျိုးနွယ်စုက နတ်ဘုရားအပျက်အစီးနယ်မြေထဲကို ဝင်ရောက်ချင်တာလား”

“အမှန်ပါဘဲ”

“ရှေးဟောင်းဒဏ္ဍာရီ‌တွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀၀အကြာလောက်က ရှေးဟောင်းအင်ပါယာမျိုးနွယ်စုရဲ့ မဟာအင်ပါယာတစ်ပါးက နတ်ဘုရားအပျက်အစီးထဲကို မတော်တဆ ကျဆင်းသွားခဲ့တယ်။ ဒါ့အပြင် နှစ်ပေါင်း ၈၀၀၀၀လောက်ကြာတဲ့အထိ သူတို့က မဟာအင်ပါယာကို ရှာဖွေဖို့ လက်မလျော့ကြသေးဘူး”

“နတ်ဘုရားအပျက်အစီးက ကမ္ဘာမြေမှာပေါ်လာတိုင်း ရှေးဟောင်းအင်ပါယာမျိုးနွယ်စုက မဟာအင်ပါယာအလောင်းကို ရှာဖွေဖို့ လူတွေစေလွှတ်ခဲ့ကြတယ်”

“ဒါပေမဲ့ နှစ်ပေါင်း ၈၀၀၀၀ကြာတဲ့အထိ မအောင်မြင်ခဲ့ကြဘူး”

အစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲသည် ယဉ်ကျေးစွာ ရှင်းပြလိုက်သည်။ သူ၏စကားများက အဆုံးမဲ့လေးစားမှုများနှင့် ဆန္ဒပြင်းပြမှုတို့ရှိနေသည်။

လင်းဝူတသည် သူ၏ အမူအရာအတွက် မည်သည့် တုန့်ပြန်မှုမှ မပေးချေ။

ဤအချိန်တွင် သူသိသည်က ရှေးဟောင်းအင်ပါယာမျိုးနွယ်စုသည် နတ်ဘုရားအပျက်အစီးဆီသို့ လမ်းကြောင်းဖွင့်နေသည်။

“ဦးလေဟန် …ရှေးဟောင်းအင်ပါယာမျိုးနွယ်စုကဘဲ နတ်ဘုရားအပျက်အစီးထဲကို ဝင်ရောက်နိုင်တာလား”

“လုံးဝ မဟုတ်ဘူးပေါ့”

“နတ်ဘုရားအပျက်အစီးက ကြာမြင့်ခဲ့တဲ့ ခေတ်ကာလတွေတုန်းက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့ တိုက်ပွဲကွင်းပြင်ဖြစ်ခဲ့တယ်။ ဒီနတ်ဘုရားတွေနဲ့ နတ်ဆ်ိုးတွေရဲ့ အနှစ်သာရနဲ့ သိက္ခာမဲ့မှုတွေက အဆုံးမဲ့ ဖရိုဖရဲ မြူတွေအဖြစ်ပြောင်းလဲသွားခဲ့တယ်”

“ဒီဖရိုဖရဲမြူတွေက ထူးခြားဆန်းကြယ်တယ်။ နတ်ဘုရားအပျက်အစီးတစ်ခုလုံးကို ဖုံးလွှမ်းနေရုံသာမက သက်ရှိတို့ရဲ့အာရုံခံစားမှုနဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုပါ တဖြည်းဖြည်း ယို့ယွင်းပျက်စီးလာစေနိုင်တယ်”

“ပိုပြီးစွမ်းအားကြီးတဲ့ သက်ရှိဖြစ်လေလေ နတ်ဘုရားအပျက်အစီးထဲမှာ ပိုပြီး ခံစားရလေလေဘဲ”

“ဒါကြောင့် ရှေးဟောင်းအင်ပါယာမျိုးနွယ်စုက နတ်ဘုရားအပျက်အစီးကို လမ်းကြောင်းဖွင့်ဖို့ သူတို့ရဲ့ မြင့်မြတ်လက်နက်ကို အသုံးပြုပေမဲ့ သူတို့ကိုယ်တိုင်ကျ မဝင်ရောက်နိုင်ဘူး။ ထိုအစား မဟာအင်ပါယာအလောင်းက်ိုရှာ‌ဖွေဖို့ တခြားလူတွေကို စေလွှတ်ကြတယ်”

“မဟာအင်ပါယာအ‌လောင်းကို ရှာတွေ့ရင် ရှေးဟောင်းအင်ပါယာမျိုးနွယ်စုက ရှာတွေ့သူရဲ့ ဆန္ဒသုံးခုကို ဖြည့်စည်းပေးမယ်တဲ့ ”

“ဒါ့ကြောင့် နတ်ဘုရားအပျက်အစီးကို ရှေးဟောင်းမျိုးနွယ်စုက ဖွင့်ရင် အရေမတွက်နိုင်တဲ့လူတွေကို ဆွဲဆောင်နိုင်တယ်။ သူတို့အားလုံးက မဟာအင်ပါယာအလောင်းကို ရှာပြီး သူတို့ရဲ့ အဆင့်က်ို မြင့်တက်စေချင်တာလေ”

‘ဒါဆိုဒါကဒီလိုပေါ့’

လင်းဝူတ၏ မျက်လုံးများသည် တဖိန့်ဖိန့်တောက်ပသွားခဲ့သည်။

အစောပိုင်းတုန်းက သူသည် နတ်ဘုရားအပျက်အစီးကို ဝင်ရောက်ရန် အခက်တွေ့နေခဲ့သည်။ အခုတော့ ရှေးဟောင်းအင်ပါယာမျိုးနွယ်စုက သူ့အတွက် လမ်းကြောင်းဖွင့်ပေးနေပေပြီ။

ကောင်းကင်ကပင် သူကို ကူညီပေးနေပေပြီ။

ထိုသို့တွေးပြီး လင်းဝူတသည် သင်ပြင်းချလိုက်ကာ သူဘေးရှိ အစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲကို ကြည့်လိုက်သည်။

“ဦးလေးဟန်… ကျွန်တော်သွားပြီး ကံစမ်းကြည့်ချင်တယ်”

ဘယ်လို

“သခင်လေး… သခင်လေးဘာလုပ်နေတာလဲ”

“ဦးလေဟန် …ကျွန်တော်က အထူးပါရမီနဲ့ မွေးဖွားလာတာမဟုတ်ဘူး။ ကျင့်ကြံခြင်းစွမ်းရည်တွေကို ဘယ်လောက်ဘဲ ကြိုးစားလေ့ကျင့်ပါစေ ကျွန်တော်အတွက် ဝေးကွာနေအုံးမှာဘဲ။ ကျွန်တော်က ဘဝတစ်လျောက်ဘာမှ အောင်မြင်နိုင်မှာမဟုတ်ဘူး”

“ဒါ့‌ကြောင့် ကျွန်တော်က နတ်ဘုရားအပျက်အစီးကို သွားပြီး ကောင်းကင်ဖိဆန်နိုင်တဲ့ မဟာအခွင့်အရေးတစ်ခုရမလား ကြိုးစားကြည့်ချင်တယ် ” လင်းဝူတသည် မျှော်လင့်ချက်ဖြင့် ပြောဆိုလိုက်၏။

အစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲသည် ငြင်းပယ်လိုသည်။ သို့သော်လည်း လင်းဝူတ၏ ဝမ်းနည်းစိတ်အားထက်သန်နေသော မျက်လုံးများကို ကြည့်လျက် သူက သက်ပြင်းချလိုက်သည်။

“ကောင်းပြီ၊ ဒါဆို…”

“သခင်လေးကို ကျုပ်ကိုယ်တိုင် ပို့ပေးမယ် ”

အစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲသည် စိတ်ဝိညာဉ်လှေကို ထုတ်ယူပြီး လင်းဝူတအား လှေထဲသို့ခေါ်လိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset