စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၂၁ ခေါင်းမာသော ဟွမ်လျိုလီ။
ယဲ့ရှောင်၏ ခြံဝန်းလေးထဲတွင် သခင်နှင့် ကျွန်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေလေ၏။
ယဲ့ရှောင်က ကုလားထိုင်တွင် ထိုင်ပြီး ထူးမခြားနား အမူအယာဖြင့် ဟွမ်လျိုလီကို ကြည့်နေလိုက်သည်။ သူမက အမှားလုပ်ထားသည့်သောကြောင့် မိဘအခေါ်ခံထားရသည့် မူလတန်းကျောင်းသားပမာ ကြောက်လန့်မှုကြောင့် တုန်ယင်နေလေ၏။
ယဲ့ရှောင်၏ တိတ်ဆိတ်နေခြင်းသည် စကားပြောနေခြင်းထက် ပိုတောင် ကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သိနေပေသည်။ ယခုအချိန်တွင် သူမ၏ သခင်က သူမ၏ မှတ်ဉာဏ်များကို ရှာဖွေနေတာကို ခံစားမိ၏။
” သ သ သခင် ”
အတော်ကြာပြီးနောက် ဟွမ်လျိုလီသည် ဖိအားကို အမှန်တကယ် ခံနိုင်ရည် မရှိတော့ပဲ တုန်တုန်ယင်ယင် အသံဖြင့် ပြောလိုက်၏။
ယဲ့ရှောင်က မျက်ခုံးပင့်ကာ ချက်ချင်း ပြောလိုက်၏။
” အနှစ် ၅၀၀။ သိပ်ကို တွေးတတ်တာပဲ။ ဒါဆိုရင် အနှစ် ၅၀၀ကြာပြီးတဲ့နောက် မင်းငါ့ကို မင်းရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် ခေါ်သွားမှာကို ကာကွယ်ဖို့အတွက် အခုပဲ မင်းရဲ့ အရေခွံကို ခွာပြီး အကြောတွေကို ဆွဲထုတ်ပြီး ဆေးလုံးအဖြစ် ဖော်စပ်ပစ်မယ်။ ပြောရရင် ရှန်းထျန်းဒုတိယအဆင့် ချီရှန်း ကြယ်တာရာသားရဲတစ်ကောင်ပဲလေ။ သူ့ရဲ့ အဟာရက နည်းမှာ မဟုတ်ဘူး။ ငါတို့ ဒါကို ဖြုန်းတီးလို့ မရဘူး ”
ဟွမ်လျိုလီက ချွေးစီးများ ပြန်လာပြီး ကြောက်
လန့်မှုကြောင့် တုန်ယင်လာလေ၏။
ထောက်။
မလိုအပ်သည့် စကားများ ပြောမနေပဲ ဟွမ်လျိုလီက ချက်ချင်းပင် ဒူးထောက်ကာ နှစ်လှမ်းခန့် တွားသွားလိုက်ပြီး ယဲ့ရှောင်၏ ခြေထောက်ကို ကိုင်ကာ ကျယ်လောင်စွာ အော်လိုက်၏။
” သခင် သခင် မှားနေတာပါ။ ကျွန်မကို မသတ်ပါနဲ့။ ကြောင်သားက အရသာ မရှိဘူး။ ချဥ်ပါတယ်။ ဆေးလုံးအဖြစ် သန့်စင်ခဲ့မယ်ဆိုရင်တောင် ချဥ်နေဦးမှာပဲ။ သွားကြိမ်းလောက်တယ်။ ဟင့် ဟင့် ဟင့် ”
” ဒါဆို ငါ ဘာလုပ်သင့်လဲ။ ကြယ်တာရာသားရဲတစ်ကောင်ရဲ့ သက်တမ်းက သိပ်ရှည်တာလေ။ နောက်ထပ် နှစ်အနည်းငယ်ကြာပြီးတဲ့နောက် မင်း ငါ့ကို တကယ်ကျော်တက်သွားရင် ဘယ်လိုလုပ်မလဲ။ ငါ ဘာလုပ်သင့်လဲ ”
ဟွမ်လျိုလီက ပိုတောင် သနားစဖွယ်ကောင်းစွာ ငိုလိုက်၏။
” သခင် ကျွန်မကို မနှောက်ပါနဲ့။ သခင်ရဲ့ အဆင့်တက်တဲ့ အရှိန်နဲ့ဆိုရင် လိုက်မှီမှာ မဟုတ်တာ သေချာတယ်။ သခင်အနားမှာ ရှိသရွေ့ ကျွန်မက သခင်ရဲ့ ကြယ်တာရာအိမ်မွေး၊ သခင်ရဲ့ ကျွန်၊ သခင်ရဲ့ ခွေးပါပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဟုတ်ပြီလေ။ ဒါပေမဲ့ ငါ စိတ်မပျော် ဖြစ်နေသေးတုန်းပဲ။ မင်းငါ့ကို စိတ်ပျော်အောင် တစ်ခုခု လုပ်ပေးရမယ် ”
ဟွမ်လျိုလီက အမြန် ခေါင်းညိတ်လိုက်၏။
” တစ်ခုမပြောနဲ့ အခုတစ်ရာ အခုတစ်ထောင်ဆိုရင်တောင် တွေဝေမနေပါဘူး ”
” အား ဒါကို မင်းကိုယ်တိုင် ပြောတာနော်။ မင်းကို ဖိအားမပေးဘူး။ ဒီတစ်ခေါက် ကျန်းဟိုင်မြို့ကို သားရဲလူသားနှစ်ယောက်လာတာက မင်းကို ရှာဖို့ မဟုတ်လောက်ဘူးမလား။ သူတို့ရဲ့ ကျင့်ကြံဆင့်က ရှန်းထျန်းဒုတိယအဆင့်မှာပဲ။ ဒီလို ကျင့်ကြံ
ဆင့်နဲ့ဆိုရင် သားရဲလူသား အဖွဲ့အစည်းထဲမှာတောင် ရိုးရှင်းတဲ့ အဆင့်အတန်း မဟုတ်လောက်ဘူး ”
ဟွမ်လျိုလီက နှာခေါင်းရှုပ်ပြီး ချစ်စဖွယ် မျက်နှာထက်၌ တွေဝေနေသည့် အမူအယာ ရှိနေလေသည်။
” ပြီးတော့ရော ”
” မင်းက ကြယ်တာရာသားရဲတစ်ကောင်လေ။ ကျန်းဟိုင်မြို့အပြင်ဘက်ကို သွားပြီး စစ်ဆေးဖို့အတွက် ကြယ်တာရာသားရဲ အဖွဲ့အစည်းတချို့ကို သွားရှာ။ သူတို့ ဒီကို ဘာအတွက် ရောက်နေလဲဆိုတာ ဖော်ထုတ်ခဲ့ ”
ယဲ့ရှောင်က သူ့ရင်ထဲရှိ မသက်မသာ ဖြစ်မှုသည် ထိုသားရဲလူသားနှစ်ယောက်နှင့် သက်ဆိုင်နေရမည်ဟု ဝေဝါးဝါး ခံစားမိ၏။
သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ကျင့်ကြံထားလေရာ ဝိညာဥ်ရှာဖွေမှုကို ပြုလုပ်နိုင်၏။ သို့သော် ဟွမ်လျိုလီသည် ခုနတုန်းက အကူအညီပေးရန် အော်လိုက်သည့်အချိန် သေရေးရှင်ရေး အခြေအနေ၌ သူက တစ်ဖက်သူ၏ ခေါင်းကို ဖောက်ခွဲပစ်ရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို တိုက်ရိုက် အသုံးပြုပြီး ဝိညာဥ်ကို ပြာဖြစ်သွားစေရာ အရိပ်အယောင် တစ်စမှ ကျန်မနေခဲ့ပေ။
ကောင်းကင်ကုသခြင်း နည်းစနစ်နှင့် နံနက်ခင်းကြယ်ကျင့်စဥ်တို့က မဟာကုသခြင်း တော်ဝင်နည်းစနစ်များ ဖြစ်၏။ သူက သူတို့ကို ပြန်ကောင်းအောင် ပြုလုပ်ပေးချင်လျှင် အနည်းဆုံးတော့
ဝိညာဥ်တစ်မျှင် လိုအပ်သေးသည်။ သို့သော် ဟွမ်လျိုလီက ယဲ့ရှောင်၏ စကားကို ကြားသည့်အချိန်၌ ရုတ်တရက် ပေါက်ကွဲသွား၏။
” ဘာ သခင် ကျွန်မကို ဘာလုပ်ခိုင်းချင်တာလဲ။ မရဘူး မရဘူး မရဘူး မရဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မက နဂါးအမျိုးအစား သွေးမျိုးဆက်နဲ့ ကြယ်တာရာသားရဲတစ်ကောင် ဖြစ်နေသေးတုန်းပဲ။ ရှင့်ရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် ခေါ်သွားခံရတယ်ဆိုရင်တောင် ကျွန်မ သစ္စာဖောက် မလုပ်နိုင်ဘူး။ ကျွန်မလူတွေကို တွင်းထဲ မပို့နိုင်ဘူး ”
ဟွမ်လျိုလီ၌လည်း စည်းမျဥ်းအချို့ ရှိသည်။
သူမအတွက် ကြယ်တာရာသားရဲအချို့ကို သတ်ပေးရတာက ပြဿနာမဟုတ်ပေ။ သို့သော် ကြယ်တာရာသားရဲရဲ့ မျိုးနွယ်စုတစ်ခုလုံးကို သူလျှိုလုပ်ရမည်ဆိုလျှင် ကြယ်တာရာသားရဲ မည်မျှများစွာ အသတ်ခံရမည်နည်း။
ယင်းက သူမ လက်ခံနိုင်သည့် အောက်ခြေစည်းကို ကျော်လွန်နေပြီးသား ဖြစ်သည်။
” မင်း တကယ်မသွားဘူးလား ”
ယဲ့ရှောင်က ထပ်မေးလိုက်ကာ ဟွမ်လျိုလီက လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
” မသွားဘူး။ သခင် သတ်တာခံရမယ်ဆိုရင်တောင် အရေခွံစုပ်ပြီး အကြောတွေ ဆွဲခွာခံရပြီး ဆေးလုံးအဖြစ် ဖော်စပ်ခံရမယ်ဆိုရင်တောင် ကျွန်မ လုံးဝမသွားဘူး ”
” ဒါဆို ကောင်းပြီလေ။ အစကတော့အချက်အလက်ရအောင်လို့ မင်း ထောက်လှမ်းပေးခဲ့မယ်ဆိုရင် မင်း ရှန်းထျန်းတတိယအဆင့်ကို နည်းနည်းလေး ပိုစောပြီး အဆင့်တက်နိုင်အောင် ဆေးလုံးတစ်လုံး ဆုချီးမြှင့်မလို့ တွေးထားတာပဲ။ အခု ကြည့်ရတာ ငါကိုယ်တိုင် စားလိုက်တာ ပိုကောင်းမယ့်ပုံပဲ ”
ဟွမ်လျိုလီက ဆွံ့အသွားလေ၏။
သူမ မည်မျှပင် ထိတ်လန့်စေကာမူ ယဲ့ရှောင်က အမှန်တကယ်ပင် ကြယ်တာရာသားရဲ အလောင်းများကို တိုက်ရိုက် သန့်စင်ပြီး သူတို့ကို သူမရှေ့၌ ဆေးလုံးတစ်လုံးအဖြစ် အပြည့်အဝ ပြောင်းလဲလိုက်သည်။
တစ်သောင်းမှတစ် နည်းစနစ်၏ သန့်စင်ခြင်း အရှိန်က အင်မတန် မြန်ဆန်သည်။ မျက်တောင်တစ်ခတ်အတွင်း ရွှေရောင်ဆေးလုံးက သန့်စင်ပြီးသွား၏။ လေထဲ၌ လည်ပတ်နေပြီးနောက် သင်းပျံ့သည့် ဆေးရနံ့ ထွက်ပေါ်နေလေသည်။
ဂလု။
ဟွမ်လျိုလီက တံတွေးများ မြိုချလိုက်လေ၏။ ယဲ့ရှောင်သည် ဆေးလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်တာကို သူမ မြင်သောအခါ လက်သီးလေးက ဆေးလုံးကို တိုက်ရိုက် ဖမ်းဆုပ်လိုက်၏။
” သခင် ကျွန်မရင်ထဲမှာ မြုပ်နှံထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ တကယ်တော့ ကြဟ်ယ်တာရာသားရဲတွေ ဘယ်လောက်ပဲများများ သူတို့ကို သခင်အပေါ် ကျွန်မရဲ့ သစ္စာရှိမှုနဲ့ မယှဥ်နိုင်ပါဘူး။ အချက်အလက်အတွက် သူတို့ကို သူလျှိုလုပ်ရုံပဲ မဟုတ်ဘူးလား။ သခင်အတွက် အလုပ်လုပ်ပေးရတာက ကျွန်မအတွက် ဂုဏ်တက်စရာပါ ”
ထိုသို့ပြောပြီးနောက် ဖျတ်ခနဲ လှုပ်ရှားသွားပြီးနောက် ခုန်လိုက်ကာ ခြံဝန်းအပြင်ဘက်သို့ ထွက်သွားပြီး ကျန်းဟိုင်မြို့ပြင်သို့ ရောက်သွား၏။
ခြံဝန်းထဲမှ ထွက်သွားသည်နှင့် သူမက သူမပါးစပ်ထဲ ဆေးလုံးပစ်သွင်းရန် မစောင့်နိုင်တော့ချေ။ သူမက ယဲ့ရှောင် စကားရုတ်သိမ်းမှာကို ကြောက်ရွံ့မိသည်။
ဆေးလုံးပါးစပ်ထဲ ရောက်သွားသည်နှင့် သင်းပျံ့သည့် ရနံ့က နှာခေါင်းဝ၌ တိုးလာပြီး နဖူးထိ ရောက်သွားသည်။
” ဟူး ဒီဆေးက တကယ်မွှေးတာပဲ ”
ဆေးလုံး စားပြီးနောက် ဟွမ်လျိုလီသည် သူမ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်များ ဆူပွက်လာတာကို ခံစားမိလိုက်သည်။ ယင်းက ရှန်းထျန်းတတိယအဆင့်သို့ အဆင့်တက်တာ မဟုတ်သော်ငြား သူမ၏ ကျင့်ကြံမှုကို သေချာပေါက် တက်သွားစေ၏။ ထိုစဥ် သူမက ယဲ့ရှောင်နဲ့အတူ ရှိနေရခြင်းက အတော်လေး အသုံးတည့်သည်ဟု ရုတ်တရက်ကြီး ခံစားမိလာသည်။
ယဲ့ရှောင်နှင့် သူမ တွေ့ချိန်မှစပြီး သူမ၏ ကျင့်ကြံဆင့်သည် အတော်လေး တိုးတက်လာခဲ့၏။
ယဲ့ရှောင်ဘေးတွင် သူမက လုံလုံခြုံခြုံ နေနေရပုံပေါ်သည်။ ထို့ကြောင့်သာ သူမ၏ ကျင့်ကြံဆင့်က ပိုတောင် မြန်ဆန်လာတာ ဖြစ်နိုင်၏။
သူမ၏ ကိုယ်ပိုင် တိုးတက်မှုအတွက် ကြယ်တာရာသားရဲအချို့ကို စတေးရပေတော့မည်။
” မင်းတို့ စတေးရတာ အချည်းနှီး မဖြစ်ဘူး။ မင်းတို့ရဲ့ သွေးနဲ့ အရိုးက အထွတ်အထိပ် ကြယ်တာရာသားရဲ ဧကရာဇ်တစ်ပါးကို ပျိုးထောင်ပေးလိမ့်မယ်။ ငါ့ကို အနှစ် ၅၀၀ပဲပေး။ မဟုတ်ဘူး။ အနှစ် ၅၀၀က နည်းလွန်းတယ်။ နောက်ထပ် နှစ်၁၀၀ထပ်ပေါင်း။ အနှစ် ၆၀၀ပဲပေး။ အနှစ် ၆၀၀ကြာပြီးတဲ့နောက် ငါ သေချာပေါက် ယဲ့ရှောင်ကို ငါ့ခြေထောက်အောက် ပြားပြားဝပ်စေပြီး သူ့ကို ငါ့ရဲ့ အိမ်မွေးအဖြစ် ထားလိုက်မယ်။ နေ့တိုင်း မင်းတို့အတွက် ကလဲ့စားချေဖို့ သူ့ တင်ပါးကို ရိုက်ပစ်မယ် ”
ယဲ့ရှောင်က ဟွမ်လျိုလီ ထွက်သွားတာကို မြင်ပြီးနောက် သူ၏ စိတ်အခြေအနေက ပိုပြေလျော့သွားသည်။
ရင်းမြစ်ကို ရှာတွေ့ပြီး ၄င်းကို ဖြေရှင်းနိုင်သရွေ့ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ပေ။
အမှန်တကယ်တွင် ဟွမ်လျိုလီ၏ အတွေးများကို ရှာဖွေရန် သူက ဝိညာဥ်စွမ်းအင်ကို အသုံးမပြုခဲ့လျှင်တောင် ခန့်မှန်းနိုင်၏။
ဟွမ်လျိုလီက ကြယ်တာရာသားရဲတစ်ကောင်ဖြစ်ပြီး သူမ၏ အရိုင်းစိတ်ကို ယဥ်ပါးအောင် ပြုလုပ်ဖို့က ခက်ခဲသည်။
ထန်ဆန်းကျန်းသည် စွန်း၀ူခုန်းကို အညံ့ခံစေရန်အတွက် အချိန်အတော်ကြာ ယူခဲ့ရ၏။ ဟွမ်လျိုလီဆိုလျှင် မည်မျှ ကြာမည်နည်း။
သို့သော် ယဲ့ရှောင်က ဟွမ်လျိုလီကို သတ်မှာ မဟုတ်ပေ။ ဟွမ်လျိုလီ၌ နဂါးအမျိုးအစား သွေးမျိုးဆက် ရှိသောကြောင့် မဟုတ်ပေ။ နဂါးအမျိုးအစား သွေးမျိုးဆက်က ရှားပါးသော်ငြား ကြယ်တာရာသားရဲအသိုက်တစ်ခုမှ ဥတစ်လုံးကို ခိုးယူရန်က ဖြစ်နိုင်သေးသည်။ သူ အမှန်တကယ် ဂရုစိုက်သည်က ဟွမ်လျိုလီ၏ ဉာဏ်ရည် ဖြစ်သည်။ ကြောင်၏ ကြီးပြင်းမှုက မည်မျှ သန်မာစေကာမူ သူမ၏ နိမ့်ပါးသော အိုင်ကျူက ပြန်လည် ၍ မရပေ။ဉာဏ်ရည်နိမ့်ခြင်းသည် ထိန်းချုပ်ရ လွယ်ကူသည်ဟု ဆိုလိုတာပဲ ဖြစ်၏။
နဂါးအမျိုးအစား သွေးမျိုးဆက်ကို ရှာရန် လွယ်ကူသော်ငြား နဂါးအမျိုးအစား သွေးမျိုးဆက်ရှိပြီး ထိန်းချုပ်ရ လွယ်ကူသည့် ကြယ်တာရာသားရဲတစ်ကောင်ကို ရှာဖို့က မလွယ်ကူချေ။
ထိုစဥ် ကုဟိုင်က ခေါ်လိုက်၏။
” မင်္ဂလာပါ လောင်ယဲ့ စားပြီးသွားပြီလား ”
” မစားရသေးဘူး ”
” ကောင်းတယ်။ ……အိမ်ကို လာခဲ့လိုက်လေ။ ဒီည ကောင်းတာတစ်ခုခု စားကြရအောင်။ မင်းကိုလည်း ကျေးဇူးတင်ရဦးမယ် ”
” ငါ သွားမှာ မဟုတ်ဘူး။ မင်းမှာ ပိုက်ဆံမရှိဘူး။ နောက်ဆုံးအခေါက်အတွက် ငါ ပေးခဲ့တာ ”
” ဒီတစ်ခေါက် ငါ ပိုက်ဆံ သယ်လာတယ်။ ငါ့ မိန်းမက ပေးလိုက်တာ ”
” ဒါဆို အခုလာခဲ့မယ် ”
” မြန်မြန် နောက်ကျနေရင် သီးသန့်ခန်းကို ဘိုကင်တင်လို့ရမှာ မဟုတ်ဘူး ”
အပိုင်း ၁၂၁ ပြီး၏။