စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၂၀။ နွေဦးနှင့် ဆောင်းဦး၏ မသိတတ်မှုကြောင့် လူအမြောက်အမြား သေဆုံးခြင်း။
ယဲ့ရှောင်က ငါ့ကို ကယ်ခဲ့တာ။
အနှစ် ၅၀ကျော်သွားပြီ။ အနှစ် ၅၀ကျော်သွားပြီ။ နေ့တိုင်းနေ့တိုင်း သူမရဲ့ အထောက်အထား ထုတ်ဖော်ခံရမှာကို ကြောက်ရွံ့နေခဲ့တာ။ ဒါ
ကြောင့် တစ်ပါးသူရဲ့ အိမ်မှာ ပုန်းပြီး သရဲယောင်ဆောင်ပြီး သူမ မဖော်ထုတ်ခံရအောင် တခြားသူတွေကို ခြောက်လန့်ဖို့ပဲ ရှိတယ်။ လက်ထဲမှာလည်း ပိုက်ဆံမရှိဘူး။ ဒါကြောင့် စားစရာနဲ့ အဝတ်အစားအတွက် ခိုးယူနေရတာ။ အခက်အခဲဆုံးအချိန်မှာ သူမက လပေါင်းများစွာ ပိုးခြေအိတ်တစ်စုံပဲ ဝတ်ထားပြီး ခြေထောက်တွေလည်း စုပ်ပြဲကုန်တာ။ နဂါးအမျိုးအစား ကြယ်တာရာသားရဲရဲ့ သွေးမျိုးဆက်ရှိပေမဲ့ နောင်ကြ ဧကရာဇ်တစ်ပါးလို့တောင် အခေါ်ခံရနိုင်တာလေ။ ဒါပေမဲ့ ကျန်းဟိုင်မြို့ကို ရောက်တဲ့အချိန် သူက ကြောင်လေးတစ်ကောင် ဖြစ်နေသေးတုန်းပဲ။ အဲ့ဒီအချိန်တုန်းက သူမရဲ့ ခွန်အားက ဟို့ထျန်းနယ်ပယ်မှာပဲ ရှိသေးတာ။ အသက်ရှင်ဖို့အတွက် ခွန်အားအားလုံး သုံးခဲ့တယ်လို့ ပြောရမှာပဲ။
အစတုန်းကတော့ သူက ချီရှန်းသိုင်းပညာရှင်တစ်ယောက် ဖြစ်လာအောင် ကျင့်ကြံဖို့အတွက် အများကြီး အားစိုက်ထုတ်ခဲ့တယ်။ ယဲ့ရှောင်လို လှည့်စားတတ်တဲ့သူနဲ့ တွေ့ပြီး ကြယ်တာရာအိမ်မွေးအဖြစ် ချက်ချင်း ယူသွားခံရလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ ဒီထက်ပို သနားစရာကောင်းမဲ့အကြောင်းအရာ မရှိလောက်တော့ဘူး။
သူမ ကျွန်တစ်ယောက်အဖြစ် နေ့တွေညတွေ ဘယ်လောက်ကြာကြာ ရှေ့ဆက်နေရမလဲဆိုတာ မသိဘူး။ အခုဆို သူမကို ပြန်ခေါ်ဖို့အတွက် ကြယ်တာရာသားရဲတစ်ကောင်ကို စောင့်နေခဲ့တာ။ နောက်ဆုံးတော့ ရောက်လာပြီ။ ဒီခံစားချက်က ဆယ်စုနှစ်ပေါင်းစွာ အကျဥ်းချခံထားရတာနဲ့ မခြားဘူးလေ။ တစ်နေ့ကြ သူမရဲ့ အနေအထားက ယုတ်လျော့လာမှာ။
အခုအချိန်မှာ ဘယ်သူကမှ ဟွမ်လျိုလီရဲ့ ရင်ထဲက စိတ်လှုပ်ရှားမှုကို နားမလည်နိုင်ဘူး။
သားရဲလူသားနှစ်ကောင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မျက်ခုံး အနည်းငယ် ပင့်လိုက်၏။ သူတို့က စိတ်ချင်းဆက်သွယ်လိုက်သည်။
” ဘာကြောင့်များ သူ့ကိုသူ ယဥ်ကျေးတဲ့ အသုံးအနှုန်း ကျွန်မဆိုပြီး ပြောတာလဲ ”
” ငါ မသိဘူးလေ။ သန်မာတဲ့ သွေးမျိုးဆက်ရှိတဲ့ ကြယ်တာရာသားရဲတွေက ထူးဆန်းတဲ့ ရှေးအစွဲအလမ်းတွေ ရှိကြတာပဲ။ ဘာလို့လဲဆိုတော့ သူတို့သွေးမျိုးဆက်က သန့်စင်လွန်းတာကြောင့်လေ။ ဒါ့အပြင် သူက အရင်တုန်းက ကြောင်ထီးတစ်ကောင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက သင်းကွတ်ခံလိုက်ရတာမျိုးပေါ့ ”
” ဒါ အဓိပ္ပာယ်ရှိတယ် ”
နှစ်ယောက်သားက တိတ်တဆိတ် စကားချင်း ဖလှယ်လိုက်ပြီးနောက် ပြောလိုက်၏။
” ဒီလိုဆိုမှတော့ ကျေးဇူးပြုပြီး အရှင်ပုံရိပ်ယောင်ကြောင် ကျွန်တော်တို့နဲ့ ပြန်လိုက်ခဲ့ပါ ”
ဟွမ်လျိုလီက မင်သက်သွား၏။ သူမက တုံ့ပြန်ပြီးနောက် ချက်ချင်းပင် ခေါင်းခါလိုက်သည်။
” အခု ပြန်သွားရမှာလား။ မသွားဘူး မသွားဘူး မသွားဘူး ”
ရယ်စရာပဲ။ သူ ပြန်သွားချင်တာပေါ့။ ဒါပေမဲ့ ပြဿနာက အခုနေ သူသာ ပြန်သွားခဲ့မယ်ဆိုရင် ယဲ့ရှောင်က သူ့ကို အရှင်လတ်လတ် အရေခွံစုပ်လိမ့်မယ်။ သူမ ပြန်သွားချင်တယ်ဆိုရင်တောင်ကြယ်၇လုံးတန်းတဲ့နေ့ထိ စောင့်ရမှာပဲ။ ကြယ်တာရာသားရဲတွေအားလုံးက အားကောင်းလာလိမ့်မယ်။ ပြီးတော့ ခွန်အားတွေအားလုံး စုလိုက်မယ်လေ။ အဲ့ဒီအခါကြရင် ယဲ့ရှောင်ကို ကြယ်တာရာသားရဲတွေက ဖိနှိပ့်နိုင်မှာ။
သားရဲလူသားနှစ်ယောက်၏ အကြည့်က အနည်းငယ် အေးစက်သွား၏။
” ဘာလဲ။ အရှင်ပုံရိပ်ယောင်ကြောင်က ပြန်မလိုက်ချင်တာများ ဖြစ်နိုင်မလား ”
ဟွမ်လျိုလီ၏ မျက်နှာက အနည်းငယ် ပူသွားသည်။ ယဲ့ရှောင်ကို ကြောက်ရွံ့သောကြောင့်ဟု ပြောရမှာကို အလွန်ရှက်နေ၏။ ထိုကိစ္စသာ သတင်းပြန့်သွားခဲ့လျှင် ယင်းက အင်မတန် အရှက်ရစေရာ ဖြစ်နေမှာပင်။ ဤဘဝ၌ သူမ ခေါင်းထောင်နိုင်တော့မှာ မဟုတ်ချေ။ ထို့ကြောင့် ချောင်းဟန့်ပြီးနောက် လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်၏။
” တကယ်တော့ ဒီလို ရှိတယ်။ ငါ ဖြေရှင်းရမဲ့ ကိစ္စတချို့ ရှိနေသေးတာ ”
” လက်ရှိမှာ ရှေးလူသား သိုင်းပညာရှင် ဝူဖူချိုက်ကို အတုခိုးနေပြီး ခက်ခဲမှုတွေ တောင့်ခံထားရတာ။ အချိန်ကြာလာတာနဲ့ ကြယ်တာရာသားရဲအဖွဲ့အစည်းကို သေချာပေါက် ပြန်လာမှာ ”
သူမ ထိုသို့ပြောပြီးသည်နှင့် သားရဲလူသားတစ်ကောင်က ဟွမ်လျိုလီ၏ ခန္ဓာကိုယ်ကို ထိုးလိုက်၏။
ဖုန်း။
ထိုပြင်းအားက ဟွမ်လျိုလီကို ဆေးရုံနောက်ရှိ တောအုပ်ထဲသို့ လွင့်ထွက်သွားစေ၏။
ကျန်သည့် သားရဲလူသားတစ်ယောက်က ကြောင်အသွားသည်။
” မင်း သူ့ကို ဘာကြောင့် ရိုက်လိုက်တာလဲ ”
” သူ ငါတို့ကို သစ္စာဖောက်ပြီးသား ”
” ဘာကြောင့် ဒီလိုပြောတာလဲ ”
” အစောတုန်းက တစ်ခုခု မှားနေတာကို ခံစားမိတယ်။ သူ့ကိုသူ ထုတ်ဖော်မိလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ငါတို့ကို ရှောင်ဖို့ ဆင်ခြင်တစ်ခု ရှာနိုင်မယ်လို့ သူ တွေးနေတာ။ ကံဆိုးတာက သူ မင်းကို လိမ်နိုင်ပေမဲ့ ငါ့ကိုတော့ မလိမ်နိုင်ဘူး ”
” ငါက ပညာတတ်တဲ့ သူတစ်ယောက်။ နွေဦးနဲ့ ဆောင်းဦးကာလရဲ့ ကျောင်းသားတစ်ယောက်လေ။ ခက်ခဲမှုတွေကို တင်းခံပြီး ဝေဒနာကို ခံစားခဲ့ရတဲ့ သူက ဘုရင်ယွဲ့ကို့ကျန့်ပဲ ”
နောက်ထပ် သားရဲလူသားက ထိုစကားကို ကြားသည့်အချိန်၌ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားပြီး မျက်ဝန်းက အေးစက်သွားသည်။
” အဲ့ဒီ သစ္စာဖောက် သူ့ကို သတ် ”
ထိုသို့ပြောပြီးနောက် နှစ်ယောက်သားက ခြေ
ဆောင့်နင်းပြီး အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ တောအုပ်ဆီသို့ တဟုန်ထိုး ဝင်သွားလေ၏။
ယခုအချိန်တွင် ဟွမ်လျိုလီက နဂါးအမျိုးအစား သွေးမျိုးဆက်ရှိသည့် ကြယ်တာရာသားရဲတစ်
ကောင်ဖြစ်ပြီး အကန့်အသတ်မဲ့သည့် အနာဂတ် ရှိနေလျှင်တောင် သူတို့ သူမကို သတ်ရဦးမည်။
ဟွမ်လျိုလီက အံ့သြကာ ဆွံ့အသွား၏။
ခက်ခဲမှုတွေကို သည်းခံခဲ့တဲ့သူက ယွဲ့ဘုရင်ကို့ကျန့်လား။ ကို့ကျန်းက ဘုရင်ဝူကို အနိုင်ရတဲ့ သူမလား။ သူက အနိုင်ရပြီးပြီလေ။ ဘာကြောင့်များ ခက်ခဲမှုတွေကို သည်းခံရဦးမှာတုန်း။
မဟုတ်ဘူး။ ဒါက အဓိက ပြဿနာ မဟုတ်သေးဘူး။ သူမ အရင်ဆုံး အသက်ရှင်အောင် လုပ်ရမယ်။
” ရပ်ကြ။ ငါ က နဂါးအမျိုးအစား သွေးမျိုးဆက်ရှိပြီး ဧကရာဇ်တစ်ပါးဖြစ်ဖို့ မွေးဖွားလာတာ။ မင်းတို့က သားရဲလူသားတွေပဲ။ အကြီးတွေကို တိုက်ခိုက်ရဲရင် ငါရဲ့သားရဲလူသားမျိုးနွယ်စုက သတ်မှာကို နင်တို့ မကြောက်ဘူးလား ”
” ဒါဆိုရင် အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ရှိရဦးမှာပေါ့ ”
ထိုသို့ပြောပြီးနောက် နှစ်ယောက်သား ရောက်လာသည်။ ဟွမ်လျိုလီက ရွေးချယ်စရာမရှိပဲ စိန်ခေါ်မှုကို လက်ခံလိုက်ရ၏။
သူမက ကြုံးဝါးပြီးနောက် ချွန်ထက်သော လက်သည်းများဖြင့် ဖြတ်လိုက်ပြီး သူတို့နှစ်ယောက်ဆီသို့ တိုးဝင်လိုက်၏။
သို့သော်ငြား နှစ်ယောက်လုံးက သူမထက် အားနည်းလိမ့်မည်ဟု မထင်ထားပေ။ နှစ်ယောက်လုံးက ရှန်းထျန်းဒုတိယအဆင့်တွင် ရှိသည်။ နှစ်ယောက်က တစ်ချိန်တည်းနီးပါး တိုက်ခိုက်ပြီး သူမ၏ လေဓါးသွားနှင့် တိုက်မိသွား၏ ။
ဖုန်း။
ချက်ချင်းပင် ပေါက်ကွဲသံကြီးတစ်သံက တောင်တန်းထဲမှ ပေါ်ထွက်လာ၏။ နှစ်ယောက်သားက မီးခိုးများထဲ တိုးဝင်သွားပြီး ဟွမ်လျိုလီရှေ့သို့ ရောက်သွားသည်။
ဘန်း။
ဟွမ်လျိုလီက မယှဥ်နိုင်ပဲ နောက်သို့ လွင့်သွားပြန်၏။
ဟူး။
သူမက လေထဲတွင် သွေးတစ်ပွက်အန်ထုတ်တော့၏။ နှစ်ယောက်သား သူမနား ထပ်ချဥ်းကပ်လာတာကို ခံစားမိချိန်တွင် တစ်ကိုယ်လုံး စိတ်ပျက်အားငယ်မှုတို့ ပြည့်သွားလေ၏။ ယခုအချိန်တွင် နဂါးအမျိုးအစား သွေးမျိုးဆက်နှင့် ဧကရာဇ်အဆင့်အတန်းက ရယ်စရာ ဖြစ်လာတော့၏။ သူမ အသက်ရှင်ချင်ရုံသာ ဖြစ်သည်။
” သခင် ကယ်ပါဦး ”
သူမသည် အရှက်ကွဲမှုနှင့် ရောနေသည့် စိတ်နှလုံးနာကျင်ဖွယ် အော်သံမျိုးဖြင့် အော်လိုက်တော့၏။
သားရဲလူသားနှစ်ယောက်က အေးစက်စက် ရယ်မောလိုက်သည်။
” ဒီနေ့ မင်း သခင် ရောက်လာရင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ သေပေတော့ ”
သို့သော် ပြောပြီးသည်နှင့် အလင်းတန်းက သူ့တို့ လည်ပင်းကို ရုတ်တရက် ပိုင်းဖြတ်သွားသည်။ ချက်ချင်းပင် သူတို့နှစ်ယောက် သူတို့ခန္ဓာကိုယ်ကို တကယ်မြင်လိုက်ရ၏။ သူတို့ ခေါင်းပြုတ်သွားပြီးနောက် ရှေ့ခေါင်းက ရှေ့သို့ ဆက်လှိမ့်သွားသည်။ ဘာတွေဖြစ်နေမှန်းတောင် နားမလည်နိုင်ခင် သူတို့ခေါင်းက ကြီးမားသည့် ဖိအားကြောင့် လွှမ်းခြုံခံလိုက်ရပြီ ဖြစ်သည်။
ဖုန်း။
ခဏအတွင်း သူတို့ခေါင်းများက ဖုန်များအဖြစ် ပေါက်ကွဲသွားပြီး အသိစိတ်တို့က အမှောင်ထုထဲ ကျသွား၏။
သူတို့ သေခါနီးအချိန်ကြမှသာ နောက်ဆုံး၌ သဘောပေါက်သွား၏။ ဟွမ်လျိုလီက ထွက်မသွားချင်တာ မဟုတ်ပေ။ သူမ မထွက်သွားနိုင်တာ ဖြစ်၏။ သူမဘေး၌ မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်သည့် လူသားပါရမီရှင် ရှိနေသည်။
ဒါပေမဲ့ ဒါပေမဲ့ အစောတုန်းက ပြောခဲ့သင့်တာလေ။
ဒါကို အစောတုန်းက ပြောသင့်တာပေါ့။
မင်းကို အစွမ်းထင်တဲ့ လူတစ်ယောက် ဟန့်တားထားတယ်လို့ ဘာကြောင့်များ မပြောတာလဲ။
ဖုတ် ဖုတ် ဖုတ်။
အလောင်းနှစ်ခုက ရှေ့သို့ အနည်းငယ် လှမ်းမိသည်နှင့် မြေကြီးပေါ် ပြုတ်ကျသွား၏။
ဟွမ်လျိုလီက သက်ပြင်းချလိုက်ပြီးနောက် ကပ်ဘေးကနေ ရှင်သန်ရာ ရလာသည့်ပမာ ပြုံးလိုက်တော့သည်။
” အဆင်ပြေပြီ အဆင်ပြေပြီ။ သေတော့မလိုပဲ။ ကျေးဇူးတင်ပါတယ် သခင် ”
ယဲ့ရှောင်၏ အမူအယာက ရေခဲတမျှ အေးစက်နေပြီး ဟွမ်လျိုလီကို စိုက်ကြည့်ကာ အေးစက်စက် အမူအယာဖြင့် ပြောလိုက်၏။
” ငါ့ကို ဖြေရှင်းချက်တစ်ခု အကြွေးတင်နေတယ်လို့ မခံစားမိဘူးလား ”
ရှန်းထျန်း ဒုတိယအဆင့် သားရဲလူသားများ ရုတ်တရက် တိုက်ခိုက်တာ ခံရတာခြင်းက ကျိုးကြောင်းမသင့်ပေ။
ရယ်စရာကောင်းတဲ့ ကြောင်ဟွမ်လျိုလီက သူ့ဆီကနေ တစ်ခုခု ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်။
ဟွမ်လျိုလီ၏ မျက်နှာက ရှုပ်မဲ့သွား၏။ သူမက ချက်ချင်းထထိုင်ပြီး အလေးအနက် ပြောလိုက်၏။
” သခင် ကောင်းကင်ကို ကျိန်ဆိုပါတဟ်။ သူတို့ကို သိတောင် မသိဘူးရယ် ”
” မင်းကို ယုံမယ်များ ထင်နေလား ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို တန်းသုံးကာ ဟွမ်လျိုလီ၏ မှတ်ဉာဏ်များကို ရှာဖွေလိုက်၏။ ဟွမ်လျိုလီ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူမဘာ့သာ တွေးလိုက်သည်။
သွားပြီ။ ဒီတစ်ခေါက်တော့ ငါ သေပြီပဲ။
သို့သော် ထိုစဥ် မြို့စောင့်တပ်ဖွဲ့၏ ဥသြသံများကို ကြားနေရ၏။ ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပီး
ပင့်လိုက်ပြီး ဟွမ်လျိုလီ၏ ဂုတ်ကို ဆွဲသွားလိုက်သည်။ တစ်ချိန်တည်းတွင် သိုလှောင်လက်စွပ်ထဲသို့ သားရဲလူသားနှစ်ကောင်၏ အလောင်းကို သိမ်းပြီးနောက် ထိုနေရာမှ ထွက်လိုက်၏။
အပိုင်း ၁၂၀ ပြီး၏။