Switch Mode

Chapter – 119

ဘာကြောင့် မင်း တစ်ယောက်ပဲ ရောက်လာတာလဲ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၁၉ ဘာကြောင့် မင်းတစ်ယောက်ပဲ ရောက်လာတာလဲ။

ယဲ့ရှောင်သည် မကြာမီ၌ ဆေးရုံ၏ လူနာဆောင်သို့ ရောက်သွားသည်။ ကုဟိုင်၏ မိဘများ၏ မျက်လုံးက အနည်းငယ် နီနေ၏။ လုဝမ်ဝမ်က ဆေးရုံကုတင်ပေါ်တွင် လှဲနေသည်။ သူမ၏ မျက်နှာက အတော်လေး ဖြူရော်နေလျက် နဖူးပေါ်၌ ချွေးများ ဆို့နေသည်။

လုဝမ်ဝမ်၏ မိခင်ကလည်း ထိုနေရာတွင် ရှိနေသည်။ သူမ သမီး၏ နဖူးကိုသာ သုတ်ပေးနေလေ၏။

” ယဲ့ရှောင် ဒီရောက်လာပြီ ”

အဖေကုက သူ့ကို နှုတ်ဆက်လိုက်၏။ ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီး ဆေးရုံကုတင်ရှေ့သို့ လျှောက်သွားလိုက်သည်

” ဘာဖြစ်တာလဲ ”

အမေလုက ပြော၏။

” ဝမ်ဝမ် လမ်းလျှောက်တုန်း ခြေကျင်းဝတ်လည်သွားတာ။ ထိန်းလိုက်ပေမဲ့ သန္ဓေသားက အကြမ်းပတမ်း လှုပ်ရှားသလိုဖြစ်သွားတာ။ ဆရာဝန်တွေက ကုသခြင်းနည်းစနစ်တွေကို သုံးပြီး ငြိမ်အောင်လို့ ဆေးပေးထားပေမဲ့ အာနိသင်က သိပ်မကောင်းဘူး။ သူတို့က သန္ဓေသားငြိမ်စေဖို့ အိမ်နီးချင်းတိုင်းပြည်က ဆရာဝန်တစ်ယောက်ကို ဖိတ်ထားတယ်လို့ ပြောတာပဲ။ ကလေးက မခံမှာ စိုးရိမ်မိတယ် ”

သူမ၏ မိဘများက သူတို့ကိုသူတို့ အပြစ်တင်နေသည်။

” ငါတို့ အမှားပါ။ ငါတို့ ဝမ်ဝမ်နဲ့ လိုက်ပေးခဲ့ရင် ဖြစ်မှာ မဟုတ်ဘူး ”

လုဝမ်ဝမ်က မသက်မသာဖြစ်နေသော်ငြား သူတို့ကို ဖြောင်းဖြရန် ကြိုးစားနေသေး၏။

” အဖေ အမေ ကို့ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဆိုင်ကိုကြည့်ရ ချက်ပြုတ်ရသေးတာလေ။ သမီး ဂရုမစိုက်မိတာပါ။ ဒါ့အပြင် သမီးက ကောင်းချီးပေးခံရတာလို့ အမြဲတမ်း ပြောခဲ့တာမလား။ သမီးသေချာပေါက် ကောင်းသွားမှာပါ ”

အမေလုက အမြန်ပြောလိုက်၏။

” ဒီအချိန်မှာတောင် သူများကို နှစ်သိမ့်နိုင်သေးတယ်ပေါ့။ စကားပြောတာရပ်ပြီး ခွန်အား ခြွေတာတာ ကောင်းမယ် ”

လုဝမ်ဝမ်က ခေါင်းညိတ်လိုက်၏။

ယဲ့ရှောင်က အဓိပ္ပာယ်မရှိတာ မပြောတော့ပေ။ သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးကာ တစ်ချက်ကြည့်လိုက်ပြီး လုဝမ်ဝမ်နှင့် ကလေးကြားရှိ ချက်ကြိုးက ထိခိုက်သွားကြောင်း သူ နားလည်လိုက်သည် ။ ဒဏ်ရာက သေးငယ်
သည့် သွေးကြောလေးပေါ်၌ ရှိနေပြီး သွေးစက်ထွက်နေလေ၏။

ကျန်းဟိုင်ဆေးရုံထဲရှိ ဆရာဝန်များ၏ ကုသခြင်းနည်းစနစ်နှင့် ဆေးပညာပေါင်းစပ်မှုဖြင့် သူတို့က သွေးထွက်တာကို ဟန့်တားနိုင်စွမ်း မရှိသည်ပင်။ ချက်ကြိုးက ထိခိုက်ထားလေရာ အောက်ဆီဂျင်လုံလောက်အောင် မပို့ပေးနိုင်။ ရေနစ်နေသည့် လူတစ်ယောက်ပမာ သူက ဆက်တိုက် ထိုးကြိတ်ကန်ကျောက်နေသည်က သန္ဓေသားကို လှုပ်ရှားမှု ဖြစ်စေ၏။

လက်ရှိအခြေအနေအရ အလွန်ဆုံးမှ ၃မိနစ်အတွင်း ကလေးက စတင်အသက်ရှူကြပ်လာသည်။ ဦးနှောက်ထိခိုက်မှုဖြစ်ကာ သေသွားပေ
လိမ့်မည်။

သူရောက်လာတာ ကံကောင်း၏။

သူ့စိတ်က လှုပ်ရှားသွားပြီးနောက် ချက်ကြိုးကို ပြင်ရန်အတွက် ကောင်းကင်ကုသခြင်း နည်းစနစ်ကို တန်းသုံးလိုက်သည်။ သူက ကလေးအတွက် အောက်ဆီဂျင်ချို့တဲ့မှုကြောင့် မသက်မသာဖြစ်မှုကိုလည်း ပြင်ပေးလိုက်ကာ သန္ဓေသားကို ငြိမ်သွားစေ၏။

လုဝမ်ဝမ်က မင်သက်သွားပြီးနောက် အံ့သြစွာ ပြောလိုက်တော့သည်။

” အမ်း …။ ကလေးက ကန်တာ ရပ်သွားတဲ့ပုံပဲ ”

အမေလုက ထိတ်လန့်သွားသည်။

” ဘာကြောင့် ရုတ်တရက်ကြီး ကန်တာ ရပ်သွားတာလဲ။ အမြန် ဆရာဝန်ခေါ်ဦး ”

ကြမ်းတမ်းစွာ ရုန်းကန်နေသော ကလေးက ရုတ်တရက် ရပ်သွား၏။ ယင်းက လှုပ်ရှားနေတာထက်တောင် ပိုကြောက်ဖို့ကောင်းသည်။

သူတို့သည် ဆရာဝန် ခေါ်ချင်သော်ငြား လှည့်ကြည့်လိုက်သည့်အချိန်တွင် ဝတ်စုံဖြူဖြင့် ဆရာဝန်များ ဝင်လာပြီဖြစ်သည်။

လူငယ်ဆရာဝန်လေးများထဲမှ တစ်ယောက်က နဖူးပေါ်ရှိ ချွေးစီးကိုသုတ်ပြီး ပြုံးကာ ပြောလိုက်တော့၏။

” ဆရာ တကယ်ကောင်းတာပဲ။ ကျုပ်တို့ ကျန်းဟိုင်မြို့ကို ပါမောက္ခကောင်းက အလုပ်ခရီးနဲ့ ရောက်လာတာ။ အပြင်က နေ အလောတကြီး ပြေးလာဖို့ မလိုတော့ဘူး။ သူ ရှိနေရင် စိုးရိမ်စရာ မလိုတော့ဘူး ”

အဖေကု၏ မျက်လုံးကလည်း လက်သွားကာ တအံ့တသြ ပြောလိုက်၏။

” ပါမောက္ခကောင်းလား။ သူက စီရင်စု ၉ခုရဲ့ ဆေးဝါးနယ်ပယ်မှာ မိခင်နဲ့ ကလေးအထူးကုတစ်ယောက် မဟုတ်ဘူးလား ”

ဆရာဝန်လေးက ခေါင်းညိတ်လိုက်၏။

” အဲ့ဒါ သူပဲ။ စီရင်စု ၉ခုထဲမှာ မိခင်နဲ့ကလေး ဆေးကုသပေးတဲ့ နယ်ပယ်မှာ ထိပ်တန်းပုဂ္ဂိုလ်တွေထဲက တစ်ယောက်လို့ ဆိုနိုင်တယ်။ တစ်လောကလုံးမှာတောင် သူ့အဆင့်က ထိပ်ပဲ ”

” သူရှိနေရင် မစ္စ လု သေချာပေါက် အဆင်ပြေမှာပါ ”

အဖေကုနှင့် အမေလု၏ မျင်လုံးထဲ၌ မျှော်လင့်ချက် အရိပ်ယောင် ပေါ်လာပြီး တစ်ယောက်ကိုတစ်ယောက် မျှော်လင့်တကြီး ကြည့်လိုက်၏။

ပါမောက္ခကောင်းက အဓိပ္ပာယ်မရှိ ပြောမနေတော့ပေ။ သူက ရှေ့ဆက်တိုးသွားပြီးနောက် သွေးကြောစမ်းရန်အတွက် လုဝမ်ဝမ်၏ လက်ကောက်ဝတ်ပေါ် လက်တင်လိုက်သည်။ သို့သော် စစ်ဆေးပြီး စက္ကန့်အနည်းငယ်အကြာ၌ သူ့မျက်နှာက ရုတ်ချည်းသုန်မှုန်သွားတော့သည်။ သူက လှည့်ထွက်သွားပြီး လုဝမ်ဝမ်ကို ထားခဲ့၏။

” အဓိပ္ပာယ် မရှိတာပဲ ”

လူတိုင်းက စိတ်လေးသွားပြန်၏။

” ပါမောက္ခကောင်း ဘာဖြစ်တာလဲ ” ပါမောက္ခကောင်းက ဆရာဝန်လေးကို စိုက်ကြည့်လိုက်၏။

” သူ အဆင်ပြေတယ်။ ကလေးလည်း အဆင်ပြေတယ်။ သန္ဓေသား လှုပ်ရှားတာ ပုံမှန်ပဲ။ ကလေးက ပုံမှန်ပဲ။ ဘာမှ မူမမှန်တာ မရှိဘူး။ ဒါတောင် ပြင်းထန်တယ်ဆိုပြီး ပြောနေသေးတယ်။ ဘူတာရုံကနေ တောက်လျှောက် မင်းဆီကို လိုက်လာစေချင်တာ။ မင်း ငါနဲ့ လာနှောက်နေတာလား ”

ဆရာဝန်လေးက မင်သက်သွား၏။

” မဟုတ်ဘူး ”

” ဟန့် အဓိပ္ပာယ်မရှိတာတွေ ပြောတာ ရပ်လိုက်တော့။ ဒီအကြောင်း မင်းတို့ ဒါရိုက်တာကို ကိုယ်တိုင် တိုင်ပြောမယ် ”

ထိုသို့ပြောပြီးနောက် ပါမောက္ခကောင်းကလည် နှာမှုတ်ပြီး ထွက်သွားတော့၏။ ကျန်သည့်ဆရာဝန်များကလည်း သူ့နောက် အမြန်လိုက်သွား၏။

” ပါမောက္ခကောင်း ရှင်းပြပါရစေဦး ”

အဖေကု အမေလုတို့ကလည်း ဇဝေဇဝါ ဖြစ်သွား၏။

” ထူးဆန်းလိုက်တာ။ သူ တကယ်အဆင်ပြေပါ့မလား။ တခြားဆရာဝန်တွေ ပြောတာတော့ ခုနတုန်းက စစ်ဆေးတုန်းက အရမ်းပြင်းထန်တယ်လို့ ပြောတာမဟုတ်ဘူးလား ”

လုဝမ်ဝမ်က ပြုံးပြီး ပြောလိုက်၏။

” သူ မှန်လောက်မှာပါ။ ပြောရရင် လူတိုင်းက ပါမောက္ခကောရဲ့ နာမည်ကို ကြားဖူးတာပဲ။ သူက စီရင်စု ၉ခုရဲ့ ဆေးလောကမှာ မဟာအကျော်အမော်တစ်ယောက်ပဲလေ။ စစ်ဆေးတဲ့နေရာမှာ အမှားရှိပါ့မလား ”

” ဟုတ်မှာပါလေ။ ဘာပဲဖြစ်ဖြစ် အန္တရာယ် မရှိတော့တာ ကောင်းတယ် ”

လူတိုင်း၏ စိုးရိမ်ပူပန်မှုက ပျော်ရွှင်မှုအဖြစ်ပြောင်းလဲသွားသည်။ ယဲ့ရှောင်သာ သိပ်မပြောင်းလဲတာ ဖြစ်၏။

သူက ဘာဖြစ်ခဲ့မှန်း သိနေသောကြောင့် ဖြစ်သည်။ ပါမောက္ခကော၏ စံသတ်မှတ်ချက်က အမှန်တကယ် ကောင်းသည်။ စာကြည့်တိုက်ထဲတွင် ဖတ်ရှုသည့်အချိန်က သူ၏ မိတ်ဆက်ကို ဖတ်ဖူးပြီးသား ဖြစ်၏။ သို့သော် သူ၏ ကောင်းကင်ကုသခြင်းနည်းစနစ်က အလွန်သန်မာသည်။

ကောင်းကင်ကုသခြင်းနည်းစနစ်သည် တော်ဝင်အဆင့် ကုသခြင်းနည်းစနစ်ဖြစ်၏။ ဒဏ်ရာများကို ပြန်ပြင်ခြင်းက တစ်ဖက်လူ ပြုလုပ်နိုင်သည့် အရာနှင့် ယှဥ်နိုင်ရန် ဝေးလွန်း၏။

လုဝမ်ဝမ်ကို ကုသပေးပြီးနောက် ဒဏ်ရာရသည့် အရိပ်အယောင် မကျန်တော့ပေ။

ယင်းက သူမ သွေးကြောကို သူ စမ်းသည့်အချိန်၌ မည်သည့်ဒဏ်ရာကိုမှ ရှာမတွေ့ရ ဖြစ်စေသည်။ ဝိညာဥ်စွမ်းအင်သုံးပြီး စစ်ဆေးလျှင်တောင် ရှာတွေ့မှာ မဟုတ်ပေ။

” ဘာကိစ္စမှ မရှိတော့ဘူးဆိုတော့ ကျွန်တော် အရင်ပြန်နှင့်ပါဦးမယ် ”

” ကောင်းပါပြီကွယ်။ လာပေးတာ ကျေးဇူးတင်ပါတယ် ”

” ဦးလေးကတော့ အားနာနေပြန်ပြီ။ ကုဟိုင်နဲ့ ကျွန်တော်က သူငယ်ချင်းကောင်းတွေပဲ။ ဒါ ကျွန်တော်တို့ တာဝန်ပါ ”

” လိုက်ပို့ပေးမယ် ”

” မလိုပါဘူး။ ဦးလေးတို့ ဝမ်ဝမ်ကိုပဲ ဂရုစိုက်လိုက်ပါ။ ကျွန်တော် သွားစရာ ကိစ္စလေး ရှိသေး
လို့ ”

” ဒါဆို အေးအေး ”

သွားစရာ ကိစ္စရှိသည်ဟု ပြောနေသောကြောင့် အဖေကုကလည်း လိုက်မပို့တော့ချေ။ အမှန်တကယ်တွင် ယဲ့ရှောင်က သွားရမည့် ကိစ္စရှိ၏။

လုဝမ်ဝမ်ကို ကုသပေးနေစဥ် သူ၏ ဝိညာဥ်စွမ်းအင်က မူမမှန်သည့် အရှိန်အဝါနှစ်ခုကို ရုတ်တရက် ရှာတွေ့လိုက်၏။ သားရဲလူသားများ၏ အငွေ့အသက် ဖြစ်သည်။

ဆေးရုံနောက်ရှိ တောင်ကြားထဲ၌ ဟွမ်လျိုလီက နံရံပေါ်တွင် လှဲနေပြီး သားရဲလူသားများအကြောင်း တွေးနေသည်။

လက်ရှိအခြေအနေအရ ယဲ့ရှောင်ကို ဖြေရှင်းဖို့က ခက်ခဲ၏။ သူ၏ ထိန်းချုပ်မှုအောက်မှာ သူမ လွတ်မြောက်ဖို့က မဖြစ်နိုင်ပေ။

ယဲ့ရှောင်က ပရိယာယ်များ၏။ သူ့၌ လှည့်ကွက်များစွာ ရှိသည်။ မြင့်မားသည့် ကျင့်ကြံမှု သန်မာသော ခွန်အား ရှိသည်။ သူက ကိုယ်ကျင့်တရား၊ ဉာဏ်ရည်၊ ခန္ဓာ၊ သိုင်း၊ အလုပ်အားလုံး ပြီးပြည့်စုံသည့် အခြေအနေထိ ရောက်ထားသည်။ ထို့အပြင် သူ၏ တိုးတက်မှုက မြန်ဆန်၏။ ထိုအတိုင်း ဆက်မဖြစ်နိုင်ချေ။ သို့သော်ငြား ယဲ့ရှောင်ကို ခြေတစ်လှမ်းစောပြီး အနားယူနိုင်အောင် မည်သည့်နည်းလမ်းက ကုညီပေးနိုင်မည်နည်း။

သူမ အကျပ်တွေ့နေစဥ် ကြောင်ခန္ဓာက ရုတ်တရက် တုန်ယင်သွားလေ၏။ အကြည့်က ခန့်ထည်သွားပြီး တောင်ကြားကြည့်သို့ ကြည့်လိုက်မိသည်။

” ဘယ်သူလဲ ထွက်လာခဲ့ ”

” ဟီး ဟီး ဟီး။ နဂါးအမျိုးအစား သွေးမျိုးဆက်နဲ့ ကြယ်တာရာသားရဲတစ်ကောင်ဆိုတော့ သူ့ရဲ့ ခွန်အားက တကယ်သန်မာတာပဲ။ ငါတို့ ပုန်းနေတဲ့ နေရာကိုတောင် ချက်ချင်း မြင်နိုင်တယ် ”

ချက်ချင်းပင် လူရိပ်နှစ်ရိပ်က ထောင့်ထဲကနေ ထွက်လာသည်။

ဟွမ်လျိုလီက နှစ်ယောက်လုံးကို ကြည့်လိုက်၏။

” သားရဲလူသားတွေလား ”

” အမှန်ပဲ။ ခေါင်းဆောင်ရဲ့ အမိန့်အောက်ကနေ မင်းကို ဖမ်းဖို့ ရောက်လာတာ။ အရှင်ပုံရိပ်ယောင်ကြောင် ”

ဟွမ်လျိုလီ၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး သူမ၏ မျက်လုံးများက ချက်ချင်းပင် မှုန်မှိုင်းလာတော့သည်။

အနှစ် ၅၀ကျော်သွား၏။ နောက်ဆုံးတွင် ကြယ်တာရာသားရဲ အဖွဲ့အစည်းက သူမကို လာခေါ်ပြီ ဖြစ်သည်။

” ဘာကြောင့် ဒီလောက် နောက်ကျနေတာလဲ။ အနှစ် ၅၀ကျော် သွားပြီ။ အနှစ် ၅၀မှာ ငါ ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ နင်တို့သိလား ”

အပိုင်း ၁၁၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset