Switch Mode

Chapter – 118

မကောင်းတာ ဖြစ်မည်ကို ကြိုတင် သိရှိခြင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၁၈ မကောင်းတာ ဖြစ်လာမည်ကို ကြိုတင်သိရှိခြင်း။

မြွေသား ဘယ်မှာလဲ။ ဟေ့ မြွေသား ဘယ်ရောက်သွားတာလဲ။

ဟွမ်လျိုလီသည် မြေအောက်ခန်းတစ်ခုလုံးကို အရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်ရှာကြည့်သည်။ ရှင်းလင်းနေသော မြေအောက်ခန်းကို ကြည့်ပြီး ထိုနေရာတွင် အသားတစ်စတောင် ကျန်မနေပေ။ ကြောင်က စိတ်ရှုပ်ထွေးသွား၏။

ယဲ့ရှောင် အစောတုန်းက ရုတ်တရက် အဆင့်တက်သွားရသည့် အကြောင်းအရင်းကို သူမ အံ့သြနေခဲ့၏။ သူက အနက်ရောင်ကြေးခွံမြွေသားအားလုံးကို ဆေးလုံးအဖြစ် သန့်စင်လိုက်တာ ဖြစ်ရမည်။

နင်က ကောင်းကင်ဘုံက သတ်တာ ခံရသင့်တယ်။ ယဲ့ရှောင် ငါ့အတွက် နည်းနည်းလောက် ချန်မထားပေးနိုင်ဘူးလား။

ဟွမ်လျိုလီက ဒေါသထွက်လွန်းသောကြောင့် အသားတောင် တုန်ယင်နေပြီဖြစ်သည်။ သူမ၏ ပန်းရောင်လက်သီးဆုပ်လေးများကလည်း တင်းကျပ်စွာ ဆုပ်ထားလျက် တကျွတ်ကျွတ် မြည်သံများကို ကြားနိုင်သည်။

အနက်ရောင်ကြေးခွံမြွေသား မရှိပဲ သူမ၏ ခွန်အားကို မည်ကဲ့သို့ မြင့်တင်နိုင်မည်နည်း။ ကျင့်ကြံဆင့်ကို မည်သည့်အချိန်ကျမှ မြင့်တင်နိုင်မည်နည်း။ အနှစ် ၅၀၀အတွင်း ဤနှုန်းဖြင့် ယဲ့ရှောင်ကို သူ၏ တိရစ္ဆာန်အဖြစ် မည်ကဲ့သို့ လက်ခံရမည်နည်း။

သေစမ်း သေစမ်း။

” ယဲ့ရှောင် အကြင်နာတရားမဲ့လိုက်တာ။ စောင့်နေစမ်းပါ။ တစ်နေ့ပြန်ရောက်လာနိုင်တဲ့ နေ့ကြရင် နင့်ကို သေချာပေါက် တက်နင်းပြီး နေ့တိုင်း ရှင်ခြေထောက်ကို ဆေးပေးရမဲ့အစား ငါ့ခြေထောက်ကို နင့်ကို လျှက်ခိုင်းမယ် ”

မြေအောက်ခန်းထဲကနေ ယဲ့ရှောင်၏ စိတ်မရှည်သောအသံက ပေါ်ထွက်လာ၏။

” တိတ်တိတ်လေး မနေနိုင်ဘူးလား။ ဘာ
ကြောင့် ဆူညံနေတာလဲ ”

ဟွမ်လျိုလီ၏ တုန်ယင်သွားပြီးနောက် ချစ်စဖွယ်အသံဖြင့် မြန်မြန်ပြောလိုက်သည်။

” စိတ်အေးအေးထားပါ သခင်။ တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရှားပါ့မယ် ”

ထိုသို့ပြောပြီးနောက် နဖူးပေါ်မှ ချွေးစီးများကို သုတ်လိုက်၏။

မဖြစ်နိုင်ပေ။ လက်ရှိ ယဲ့ရှောင်က သန်မာလွန်းနေ၏။ သူက သူမ၏ ပြိုင်ဘက်မဟုတ်ပေ။ အချိန်အတိုင်းအတာတစ်ခုထိ သည်းခံထားရမည််။ အတိတ်တုန်းက လူသားမျိုးနွယ်စု၏ ဝူဝန်ဖူသည် အခက်အခဲများကို သည်းခံရန် ဆန္ဒရှိကြောင်း ကောလဟာလ ရှိခဲ့ဖူးသည် မဟုတ်ပါလော။ ယနေ့ သူမ ယွမ်လျိုလီသည် အရှက်ကွဲမှုကို တင်းခံကာ အသွင်ယူ ကျွန်တစ်ယောက် ဖြစ်လာမည်။

တစ်ဖက်တွင်မူ လေလံပွဲ သိုလှောင်လက်စွပ်၏ လေလံစျေးက အဆုံးထိ ရောက်သွားသည်။ အဆုံးတွင်မူ ကျန်းဟိုင်မြို့မှာ ကြွယ်ဝချမ်းသာသည့်သူသည် သန်းသုံးရာတစ်ဆယ်ဖြင့် ဝယ်သွားခဲ့၏။

လေလံအိမ်နှင့် မျက်နှာချင်းဆိုင်ရှိ ဟော်တယ်ထဲ၌ အရပ်ရှည်ရှည် ပိန်ပါးပါးလူနှစ်ယောက်က တုန်းဖုန်းလေလံအိမ်တော်မှ ထွက်လာသည့်သူများကို ကြည့်ပြီး နှုတ်ခမ်းများ ကွေးတက်သွားမိသည်။

” တာဝန်အောင်မြင်ပြီ ”

စီရင်စု ၉ခုက လူတွေက သူတို့ကိုသူတို့ ပါးနပ်လှပြီ ထင်နေတာ။ ကြယ်၇လုံးတန်းတဲ့ နေ့မရောက်ခင် တစ်လောကလုံးက သိုင်းပညာရှင်တွေအားလုံးကို ကင်းလှည့်ခိုင်းပြီး ကြယ်တာရာသားရဲ၊ သားရဲလူသားနဲ့ ကျားနတ်ဆိုးတွေကို ရှင်းထုတ်ပစ်တာ။ လူသားမျိုးနွယ်စုကို ငါတို့တွေ မကျူးကျော်နိုင်တော့ဘူးလို့ သူတို့ ထင်နေတယ်။ ကံဆိုးတာက ခေါင်းဆောင်ရဲ့ ဉာဏ်ရည်ကို မတားနိုင်ဘူးလေ ”

” ငါတို့တွေက ပို့ဆောင်ရေး ကြယ်အစီအရင်တစ်ခုကို ဝှက်ထားဖို့ သိုလှောင်လက်စွပ်ကို အသုံးပြုခဲ့တာ။ ကြယ်၇လုံးတန်းတဲ့နေ့ရောက်တဲ့အခါ မြို့ထဲကို ကြယ်တာရာသားရဲအုပ်ကြီး ပို့ဆောင်ပေးဖို့အတွက် ပို့ဆောင်ရေး ကြယ်အစီအရင်တစ်ခုကို သုံးနိုင်ပြီ ”

” အဲ့ဒီအခါကြ ငါတို့တွေက ဒီဂြိုလ်ပေါ်က လူသားတွေကို သေချာပေါက် ဒဏ်ကြေးပေးဆပ်အောင် လုပ်နိုင်မှာ ”

လူနှစ်ယောက်က ပုံရိပ်နှစ်ခုက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်၏။ သူငယ်အိမ်များက ထောင်လိုက်ဖြစ်နေပြီး လူသားနှင့် မတူပေ။

” ခေါင်းဆောင်ပြောပုံအရ လွန်ခဲ့တဲ့အနှစ် ၅၀တုန်းက လူသားတွေက လေဟာနယ်ခုခံမှုမျဥ်းကို ဖွင့်တဲ့အချိန် ပုံရိပ်ယောင်ကြောင်တစ်ကောင်က လူသားလောကဆီကို ကြယ်တာရာသားရဲတွေ နောက်ကနေ လိုက်သွားတယ်တဲ့။ နောက်ဆုံးပျောက်သွားတဲ့နေရာက ကျန်းဟိုင်မြို့မှာ ပြောတယ်။ ဒီတစ်ခေါက် ငါတို့ သူ့ကို ရှာရမယ်။ နဂါးအမျိုးအစားသွေးမျိုးဆက်နဲ့ ကြယ်တာရာသားရဲတစ်ကောင်က အလားအလာကြီးတယ်။ နောင်ကြ လူသားမျိုးနွယ်စုကို ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ ငါတို့ကို ကူညီပေးနိုင်မှာ ”

” ဒါပေမဲ့ ဒီလိုဆိုရင်တောင် သူက ကြယ်တာရာသားရဲတွေနဲ့ ကင်းဝေးနေတာ အနှစ် ၅၀ကျော် ကြာနေပြီ။ လူသားမျိုးနွယ်စုနဲ့ အနှစ် ၅၀လောက် နေလာခဲ့တာဆိုတော့ သူ စိတ်ပြောင်းဖို့ လုံလောက်နေပြီ။ လူသားတွေဘက်ပါဖို့ ရွေးချယ်လိုက်ပြီး ငါတို့နဲ့ အလုပ်မလုပ်ချင်ဘူးဆိုရင်ရော ”

နောက်တစ်ယောက်က ရက်စက်ကြမ်းကြုတ်သည့် ပုံရိပ်ဖြင့် ပြောလိုက်သည်။

” ဒါက ပိုတောင် လွယ်ကူသေးတယ်။ ငါတို့သွေးမျိုးဆက်နှစ်ခုလုံးက ကြယ်တာရာသားရဲအဖြစ် အပြည့်အဝ ပြောင်းပြီးသွားပြီ ..။ ငါတို့မှာ နဂါးအမျိုးအစား ကြယ်တာရာသားရဲတစ်ကောင် ရှိနေခဲ့မယ်ဆိုရင် ကျန်တဲ့လူသားသွေးတွေကို ငါတို့ ခန္ဓာကိုယ်ထဲက ကျန်တဲ့ လူသားသွေးတွေကို ကြယ်တာရာသားရဲသွေးအဖြစ် အပြည့်အဝ ပြောင်းဖို့ လိုလောက်တယ်။ သူက လူသားတွေဘက် ပြောင်းရဲတယ်ဆိုရင် ငါတို့ သူ့ကို စားလိုက်ရုံပေါ့ ”

နောက်တစ်လတိုင် ကျန်းဟိုင်တစ်မြို့လုံးက တည်ငြိမ်နေ၏။ ကြယ်တာရာသားရဲများ မရှိ။ ထူးထူးခြားခြား အမှုအခင်းများ မရှိပေ။
လက်နက်များကို စတင် သယ်ဆောင်နေသည့် လမ်းပေါ်ရှိ သိုင်းပညာရှင်များမှအပ အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေသည်။ အချို့သော အကြောင်းပြချက်ကြောင့် ယဲ့ရှောင်သည် မကောင်းတာတစ်ခုခုကို ခံစားမိနေသည်။

သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ကျင့်ကြံထားသောကြောင့် မဟုတ်ပဲ သူ၏ ကျင့်ကြံမှုက ရှန်းထျန်းဆဌမအဆင့်သို့ ရောက်ပြီး မဟာချီရှန်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်နိုင်သည့်အချိန်တွင် သူက အလိုလို သိစိတ်ကို ရလာပုံပေါ်သည်။

ပုရွက်ဆိတ်များ၊ ပိုးမွှားများ၊ ပျံလွှားများနှင့် ကျန်သည့် တိရစ္ဆာန်များသည် သဘာဝကပ်ဘေး မကြုံခင် ကြိုတင်သိရှိကြပြီး ဘေးလွှတ်ရာသို့ ပြေးကြသည်ကို သိထားရပေမည်။ သူ၏ ကျင့်ကြံဆင့်က ရှန်းထျန်းဆဌမအဆင့်သို့ ရောက်လာချိန် အလွန်သန်မာလာ၏။ သူ၏ သိမြင်နားလည်မှု အကျယ်အဝန်းကလည်း ပိုးမွှားများ၊ တိရစ္ဆာန်လေးများထက်လည်း ပိုသန်မာ၏။

ထို့ကြောင့် သူ၏ ခံစားချက်များထင်ယောင်ထင်မှားတာဟု မထင်ပေ။ သို့သော်ငြား ယင်းက ဘာကိုဆိုလိုမှန်း သူနားမလည်ချေ။

သာမန်အသိဉာဏ်အရ ရဟန်းအို ဖာ့ကျန်းက ကျန်းဟိုင်မြို့ထဲရှိ ကြယ်တာရာသားရဲများအားလုံးကို ရှင်းလင်းပြီး ဖြစ်သည်။ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အကြိမ်ပေါင်းများစွာ အသုံးပြုပြီး ယင်းကို အတည်ပြုခဲ့၏။
ကျန်းဟိုင်တစ်မြို့လုံး၌ တစ်ခုတည်းသော ခြိမ်းခြောက်မှုက ဘုရင်အေးအ်သာ ဖြစ်သည်။

သို့သော် ဘုရင်အေးအ်၏ ခွန်အားဖြင့် ကျန်းဟိုင်တစ်မြို့လုံးကို ခြိမ်းခြောက်နိုင်စွမ်း ပိုင်ဆိုင်မှာ မဟုတ်ပေ။

ထိုသို့ဆိုလျှင် သူ၏ ဆဌမအာရုံက မည်သည်ကို စိုးရိမ်ပူပန်နေသနည်း။ ထိုအကြောင်းကို စဥ်းစားပြီးနောက် ယဲ့ရှောင်က မဖော်ထုတ်နိုင် ဖြစ်နေ၏။ သူက ခွန်အားမြင့်တင်ရန်သာ အကောင်းဆုံး ကြိုးစားနိုင်သည်။ သို့မှသာ ကပ်ဘေး ရောက်လာသည့်အချိန်တွင် ၄င်းကို ရင်ဆိုင်နိုင်မှာပဲ ဖြစ်သည်။

ကြယ်အစီအရင်များအကြောင်း စာအုပ်များကို သူဖတ်ရှုခဲ့၏။ ကြယ်အစီအရင်၏ အခြေခံပုံစံငါးခုကို သင်ယူခဲ့ပြီး အံ့ဖွယ်ဝိညာဥ်ရွှေရောင်စာအုပ်ထဲတွင် ၄င်းတို့ကို မှတ်သားထား၏။ အချိန်တိုအတွင်း ၄င်းတို့ကို ပေါင်းစည်းရန်က အနည်းငယ် ခက်ခဲသည်။ သို့သော်ငြား သိုလှောင်လက်စွပ်ပေါ်၌ အခြေခံ ကြယ်အစီအရင်အချို့ ထွင်းထုရန်က လုံလောက်နေသည်။

ခုခံခြင်းကြယ်အစီအရင်၊ ပိတ်ဆို့ခြင်းကြယ်အစီအရင်နှင့် ကျန်သည့် ကြယ်အစီအရင်များ ဖြစ်သည်။ သူက ပျောက်ဆုံးမှာကို ကာကွယ်ရန်အတွက် လက်စွပ်ထဲ၌ ဝိညာဥ်စွမ်းအင်တစ်မျှင်ထည့်ခဲ့၏။

အခြေခံကြယ်အစီအရင်များက ထိုကဲ့သို့ ကောင်းမွန်သည့် သိုလှောင်လက်စွပ်နှင့် ထိုက်တန်မှာ မဟုတ်တာ သေချာသည်။ သို့သော်ငြား သိုလှောင်လက်စွပ်က ထိုအရာမပါလျှင် အသုံးပြုနိုင်၏။ အခြေခံကြယ်အစီအရင်သည် ထိုမျှ ကောင်းမွန်သည့် သိုလှောင်လက်စွပ်နှင့်သေချာပေါက် မထိုက်တန်ပေ။ သို့သော်ငြား သိုလှောင်လက်စွပ်က သူ ချွတ်ထားမှသာလျှင် အသုံးပြုနိုင်မှာပဲ ဖြစ်သည်။ ၄င်းက သူ့ကို မထားခဲ့လျှင် သူက ၄င်းကို ပိတ်ဆို့ရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုနိုင်၏။ မည်သူကမှ ၄င်း၏ လှည့်ကွက်များကို မြင်နိုင်မှာ မဟုတ်ပေ။

ကျန်သည့်အရာများအတွက်မူ သူက တော်ဝင်အဆင့် ကြယ်အစီအရင် စီစဥ်မှုနည်းလမ်းကို ပေါင်းစည်းပြီးသည်နှင့် သူက တော်ဝင်အဆင့် ကြယ်အစီအရင်တစ်ခုကို အလွယ်တကူ တည်ဆောက်နိုင်ပေမည်။ ထိုနေ့တွင် ယဲ့ရှောင်က စာဖတ်နေစဥ် ဖုန်းမြည်လာ၏။ ဖုန်းခေါ်သူက ကုဟိုင်ဖြစ်သည်။

” ဟယ်လို ”

ယဲ့ရှောင်သည် ဖုန်းကိုင်ခါစတွင် ကုဟိုင်၏ စိုးရိမ်ပူပန်နေသော အသံကို ဖုန်းတစ်ဖက်ကနေ ကြားလိုက်ရသည်။

” ဟယ်လို လောင်ယဲ့။ အဲ့ဒီမှာလား။ မင်း အခုအားလား ”

” ငါ အဆင်ပြေတယ်။ ဘာအရေးကြီးကိစ္စမှ မရှိဘူး။ ပြောလေ ”

” ခုနတုန်းက ငါ့မိဘတွေ ငါ့ကို ခေါ်တယ်။ ညနေခင်းမှာ သူ အစာအိမ်နာလို့ ဆေးရုံရောက်နေပြီလို့ ပြောတယ်။ ဒါပေမဲ့ ငါအခု အပြင်မှာ တာဝန်ထမ်းဆောင်နေတာ။ လေ့လာရေးခရီးထွက်တဲ့ တတိယ…….က ကလေးတစ်စုလေ။ သူတို့က ကြယ်တာရာသားရဲတွေနဲ့ တွေ့တာ။ ကလေးတွေကို နောက်မှာချန်ထားပြီး ပြန်မသွားနိုင်ဘူးလေ။ မင်းအချိန်ရရင် ငါ့ကို ကူကြည့်ပေးပါဦး။ ငါ့မိဘတွေက အသက်ကြီးနေပြီ။ သူတို့ဘာ့သာ ကိစ္စတွေကို မဖြေရှင်းနိုင်မှာစိုးလို့ ”

” ဟုတ်ပြီ။ ငါ သွားလိုက်မယ် ”

” လောင်ယဲ့ ကျေးဇူးပါကွာ။ ငါ ပြန်ရောက်တဲ့အချိန်ကြမှ တစ်နပ် ဒကာခံပါ့မယ် ”

” မင်း ဘာကြောင့် ဒီလောက်ထိ အားနေနေတာလဲ။ တာဝန်ကိုသာ စိတ်အေးအေး ထမ်းဆောင် ”

” ဟုတ်ပြီ ငါ ဖုန်းအရင်ချလိုက်ပြီ ”

” မင်းကိုမင်း ဂရုစိုက် ”

ယဲ့ရှောင်က ဖုန်းချပြီး စာအုပ်ပိတ်ကာ ဆေးရုံသို့ အမြန်သွားလိုက်သည်။ နှစ်ယောက်က မိတ်ဆွေကောင်းများ ဖြစ်၏။ ထို့အပြင် ကုဟိုင်က ကျန်းဟိုင်မြို့၏ ဘေးကင်းလုံခြုံရေးအတွက် နေ့စဥ်နေ့တိုင်း ပြေးလွှားလှုပ်ရှားနေတာ ဖြစ်သည်။ သူက အနည်းငယ်မျှ မကူညီလျှင် သွေးအေးရာရောက်နေမည်။

သို့သော် ယင်းက ယဲ့ရှောင်ကိုလည်း အတော်လေး ဇဝေဇဝါ ဖြစ်စေ၏။ သူမကောင်းတစ်ခုခု ခံစားမိနေခြင်းက ထိုကိစ္စကို ရည်ညွှန်းနေသည်လော။

သို့သော် ရှုထောင့်တစ်ခုအရ ကြည့်လျှင် ကုဟိုင်က မိတ်ဆွေကောင်း ဖြစ်၏။ သူက သူ၏ မိသားစုနှင့် မိတ်ဆွေတစ်စိတ်တစ်ပိုင်း ဖြစ်သည်။

သူ့မိသားစုအန္တရာယ် တွေ့ကြုံနေရခြင်းကြောင့်လော။ ထို့ကြောင့် သူက မကောင်းတာ တစ်ခုခုကို ခံစားမိသည်လော။

အပိုင်း ၁၁၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset