Switch Mode

Chapter – 117

အဲဒါက ကြီးတာပါပဲ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၁၇ အဲ့ဒါက ကြီးတာပဲ။

ရွှီတာ့မောင်က ပြုံးပြီး ရှင်းပြလိုက်၏။

” ၃၆ကုဗပေ လေဟာနယ် သိုလှောင်လက်စွပ်တစ်ကွင်းက သူ့ရဲ့အဓိပ္ပာယ်အမှန်အရတော့ ချီရှန်းအ
ဆင့် ပစ္စည်းလောက်တော့ မသန်မာတာ သေချာတယ်။ ဒါပေမဲ့ ပြဿနာက ထပ်တိုး အရည်အချင်းအချို့ ရှိနေတယ်လေ။ မျက်နှာလိုမျိုးပေါ့ ”

ယဲ့ရှောင်က မင်သက်သွားပြီးနောက် ဆွံ့အသွားလေ၏။

သိုလှောင်လက်စွပ်၏ အကြီးမားဆုံး ၀ိသေသကို သူ မေ့လုနီးပါးဖြစ်သွားသည်။ ပစ္စည်းများကို သိုလှောင်နိုင်သည့်အပြင် ယင်းက အလွန်လည်း ရှားပါးပေ၏။

ဆိုရိုးစကားရှိသည့်အတိုင်း ပစ္စည်းတစ်ခုက ရှားပါးလေ ပိုတန်ဖိုးရှိလေ ဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့် တန်ဖိုးကြီး ပစ္စည်းတစ်ခုဟူ၍ ခံစားရစေ၏။

တန်ဖိုးကြီးပစ္စည်းကို အခြေခံအသိတရားများအရ တွက်ချက်၍ မရပေ။ အဆုံးတွင်မူ ယဲ့ရှောင်က ဆင်းရဲလွန်းနေသောကြောင့် ဖြစ်သည်။ နောက်တစ်ဘဝကုန်ဆုံးပြီးနောက် သူသည် အမှန်တကယ် မချမ်းသာဘူးပေ။ အစစ်အမှန် တန်ဖိုးထက် ကျော်လွန်သည့် ပစ္စည်းကို ဝယ်ရန်အတွက် ဒေါ်လာသန်းတစ်ရာကို လွယ်လင့်တကူသုံးမှာ မဟုတ်။ ယင်းက ယဲ့ရှောင်၏ သုံးစွဲခြင်းသဘောတရားနှင့် မကိုက်ညီပေ။ ထိုအကြောင်းအရင်းကြောင့် သိုလှောင်လက်စွပ် စျေးကြီးရသည့် အကြောင်းအရင်းကို ယဲ့ရှောင် မတွေးနိုင်တာပဲ ဖြစ်သည်။

” ဒီတော့ ဒီလိုကိုး။ ငါ သင်ခန်းစာ ရသွားပြီ ”

ယခုအချိန်တွင် လေလံပွဲရှိ စျေးခေါ်သူက ပိုတောင် ရူးသွပ်လာ၏။ တန်ကြေးက မြင့်တက်ပြီးရင်း မြင့်တက်လာကာ မျက်တောင်တစ်ခတ်အတွင်း သန်းတစ်ရာ့ငါးဆယ်ကျော်သွားသည်။ ထို့အပြင် သူတို့က ရပ်တန့်မည့် ရည်ရွယ်ချက် မပြပေ။

ယဲ့ရှောင် စောင့်နေသေးတာကို မြင်သောအခါ ရွှီတာ့မောင်က အနည်းငယ် အနေခက်သွားပြီးနောက် ပါးစပ်ဟကာ ပြောလိုက်တော့၏။

” ရှင် ဘာဝယ်ချင်တာလဲ။ ရှင့်အတွက် အမြန်ကူညီပေးမယ်လေ ”

” အနက်ရောင်သဲရွှေ၊ သံအဆီအနှစ်၊ ရွှံ့စေးဝါ။ တစ်မျိုးကို ပေါင်၂၂၀စီ ”

” ဟုတ်ပြီလေ ”

ရွှီတာ့မောင်က အင်္ကျီလက်ကကို လိမ့်တင်လိုက်ပြီးနောက် အမြန် လှုပ်ရှားကာ ယဲ့ရှောင်အတွက် ကုန်ကြမ်း သုံးအိတ် သယ်လာပေးသည်။

” ကျွန်မ ဒါတွေကို အလေးချိန် အတိအကျ မချိန်ထားဘူး။ ဒါပေမဲ့ ပေါင် ၂၂၀ကျော်မှာပဲ။ ရှင် ပေါင် ၁၂၀ တန်ကြေးပဲပေး။ နံရံပေါ်မှာ စျေးနှုန်းသတ်မှတ်ထားတယ်။ တန်ကြေးကို ရှင့်ဘာ့သာ ရှင်တွက်လိုက် ”

ဤနည်းဖြင့် သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရန်အတွက် ကွန်ပျူတာဆီ ပြန်သွားသည်။

ယဲ့ရှောင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေ၏။ နံရံပေါ်ရှိ စျေးနှုန်းစာရင်းကို ကြည့်လိုက်ပြီးနောက် ပိုက်ဆံပေးချေကာ ကုန်ကြမ်းသုံးအိတ်ကို သယ်ပြီး ထွက်လာလေ၏။

သိုင်းပညာရှင်များ၏ လောကတွင် အချို့သော ကိစ္စရပ်များက သက်သောင့်သက်သာရှိသည်။ ပေါင်ချီလေးသော ပစ္စည်းများကို အေးအေးလူလူ သယ်နိုင်ပေ၏။ သူ ယခင်ဘဝရှိ ကမ္ဘာပေါ်ရှိ လူသားများနှင့် မတူ။ ဆန်အိတ်အနည်းငယ်ကို သယ်နိုင်သည့်သူများက ခဏတဖြုတ် အနားယူရန် လိုအပ်သည်။

အိမ်သို့ ပြန်ရောက်သည့်အချိန်၌ ညနေစောင်းနေပြီ ဖြစ်သည်။ ယဲ့ရှောင်က လက်စွပ်တစ်ကွင်း ချက်ချင်းပင် စသွန်းလုပ်တော့၏။ သူက သာမန်
နှင့် ဆင်တူသည်။ လက်စွပ်တစ်ကွင်းကို သွန်းလုပ်ရန် ပြင်ဆင်ထားသည်။ ယင်းက သိပ်ပြီး မျက်စိဖမ်းစားနိုင်တာမျိုး မဟုတ်သရွေ့ အဆင်ပြေမည်။

ရှေးဦးစွာ မီးတောင်ထွက်ကျောက်အားလုံးထဲမှာ အသန့်စင်ဆုံး အရောင်ရှိသည့် ကျောက်တုံးကို ရွေးလိုက်သည်။ အနက်ရောင်က အတော်လေး ကြည်လင်နေ၏။ သူသည် သိုသိုသိပ်သိပ် နေတာ မှန်သော်ငြား သွင်ပြင်ကို ဂရုမစိုက်တာတော့ မဟုတ်ပေ။ ဆိုရလျှင် ယဲ့ရှောင်သည် အသက် ၂၀ ဝန်းကျင်သာ ရှိသေးပြီး လူငယ်တစ်ဦးသာ ဖြစ်နေသေး၏။ ပြီးနောက် သူက ဝိညာဥ်စွမ်းအင်ကို ဓါးပုံသဏ္ဍန် ဖွဲ့တည်လိုက်သည်။ မီးတောင်ထွတ်ကျောက်ကို လက်စွပ်တစ်ကွင်းပုံစံပေါ်အောင် ထွင်းထုတော့၏။ ပြီးနောက် စတင်သွန်းလုပ်ရန်အတွက် နတ်ဘုရားလက်မှုပညာကို စတင်အသုံးပြုတော့၏။

ရှေးဦးစွာ သူက အနက်ရောင်ရွှေသဲ၊ သံအဆီအနစ်နှင့် ရွှံ့စေးဝါတို့ကို အထဲသို့ ရောထည့်ပြီးနောက် သိုလှောင်လက်စွပ်၏ အုတ်မြစ်ကို ဖွဲ့တည်လိုက်သည်။

ပြီးနောက် ကျန်သည့် မီးတောင်ထွတ်ကျောက်ထဲမှ အားနည်းသော လေဟာနယ်စွမ်းအင်ကို ထုတ်ယူပြီးနောက် ထိုလက်စွပ်ထဲသို့ ထည့်လိုက်သည်။

လေဟာနယ်စွမ်းအင်ကို ဆက်တိုက် ထည့်လိုက်သည်နှင့် မီးတောင်ထွတ်ကျောက်၏ အရောင်ကလည်း ပိုမို သန့်စင်လာ၏။ ကျန်သည့် မီးတောင်ထွတ်ကျောက်များက ကျောက်တုံးအဖြစ် ပြောင်းလဲသွားပြီး ထူးခြားမှု မရှိသည့် ကျောက်တုံးများ ဖြစ်ကုန်၏။

ယဲ့ရှောင်သည် မီးတောင်ထွတ်ကျောက်မှ လေဟာနယ်စွမ်းအင်အားလုံးကို စုပ်ယူပြီးနောက် သူ့ရင်ထဲတွင် တွေးထားသည့်အတိုင်း သန့်စင်
သည့် ထောင့်မှန်စတုဂံ လေဟာနယ်တစ်ခုကို ဖန်တီးလိုက်သည်။ ဤနည်းဖြင့် ၄င်းက ပစ္စည်းများကို သိုလှောင်နိုင်သည့်စွမ်းရည် ပိုင်ဆိုင်လာတော့မည်။

အမိုးပေါ်တွင် လှဲနေသော ဟွမ်လျိုလီက ထိုမြင်ကွင်းကို မြင်သောအခါ ဘေးကျပ်နံကျပ် ဖြစ်သွား၏။

ယဲ့ရှောင် ဒီကောင်က သိုလှောင်လက်စွပ်တစ်ကွင်းကိုတောင် ဘယ်လိုလုပ် သန့်စင်နိုင်ရတာလဲ။ သူက လေဟာနယ်စွမ်းအင်ကိုတောင် ဖမ်းဆုပ်နိုင်တယ်လား။

ဓါးမော့နည်းစနစ်၊ ဓါးမော့သိုင်း၊ ဓါးသိုင်း၊ ကိုယ်ဖော့သိုင်း၊ ခန္ဓာကိုယ်သန့်စင်ခြင်းသိုင်း၊ စိတ်စွမ်းအားကျင့်စဥ်၊ ဝိညာဥ်စွမ်းအင်၊ ကုသခြင်းနည်းစနစ်။ အခုဆို လက်နက်သန့်စင်ခြင်းနဲ့ အဂ္ဂရိတ်ပညာကိုပါ ပေါင်းလိုက်ပြီး သူ မလုပ်နိုင်တာ ဘာရှိသေးလဲ။ အနှစ် ၄၀၀အတွင်း ယဲ့ရှောင်ကို ကျော်မတက်နိုင်ဘူးလို့ ဘာကြောင့် ခံစားမိနေတာပါလိမ့်။ နောက်ထပ် အနှစ် ၅၀ ထပ်ပေါင်းလိုက်ရင်ရော။ မဟုတ်ဘူး အနှစ် ၅၀က လုပ်နိုင်လောက်မှာ မဟုတ်ဘူး။ အဲ့ဒီကောင်ရဲ့ နည်းလမ်းက ပိုပြီး များလာတာ။ သူ့ကို နိုင်လောက်မှာ မဟုတ်ဘူး။ နောက်ထပ် နှစ် ၁၀၀ပေါင်းထည့်လိုက်မယ်။

ဟုတ်တယ်။ အနှစ် ၅၀၀။ အနှစ် ၅၀၀ကြာပြီးတဲ့နောက် သူက ယဲ့ရှောင်ကို သေချာပေါက် ကျော်တက်ပြီ။ မျိုးဆက်ရဲ့ ထိပ်သီး ကြယ်တာရာသားရဲ ပါရမီရှင် ဖြစ်လာပြီး အထွတ်အထိပ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်။

သူမသည် ကြယ်တာရာသားရဲများ၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပြီး ယဲ့ရှောင် အိမ်မက်မက်ရုံသာ တက်နိုင်မည့် အဆင့်တစ်ခုသို့ ရောက်နိုင်မည်။ ယနေ့ညတွင် ဆုံးဖြတ်ချက် ချလိုက်ပြီးဖြစ်ရာ မြေအောက်ခန်းထဲသို့ သွားပြီး အနက်ရောင်ကြေးခွံမြွေ၏ အသားအချို့ကို ခိုးယူလိုက်၏။ ယခင်က အနက်ရောင်ကြေးခွံမြွေသားကို စားသည့်အချိန်၌ သူမ၏ သွေးအဆီအနစ်က အနည်းငယ် တက်လာ၏။ ရှန်းထျန်းတတိယအ
ဆင့်သို့ သူမ အဆင့်တက်ချင်လျှင် အနည်းငယ် ပိုစားရပေမည်။

ယဲ့ရှောင်က လက်စွပ်ကို သန့်စင်ပြီးနောက် သူ့လက်တွင် ဝတ်ကြည့်လိုက်၏။ အတော်လေး ကောင်းပေသည်။

ပြီးနောက် သူ၏ စိတ်ကို လက်စွပ်ထဲ နစ်မြုပ်လိုက်လေရာ လက်စွပ်၏ အလယ်ရှိ လေဟာနယ်ထဲသို့ ဝင်သွားသည်။ သူက ထုတ်ဖော်ပြောမိသွား၏။

” ကျယ်လိုက်တာ ”

ယခင်က သူသည် လေဟာနယ်စွမ်းအင်ကိုသာ ပုံသွင်းခဲ့တာ ဖြစ်၏။ ထို့ကြောင့် လေဟာနယ်စွမ်းအင်၏ တန်ဖိုးအရ ဖွဲ့တည်ထားသော နေရာသည် ကုဗပေ မည်မျှကျယ်မှန်း မသိပေ။

ယခုမူ မီးတောင်ထွတ်ကျောက် တစ်စီးစာဖြင့် ဖွဲ့တည်ထားသော နေရာသည် အနည်းဆုံး ၃ထပ်တိုက်ဘီလာခန့် ကြီးမားကြောင်း တွေ့လိုက်ရ၏။

သူ့ယခင်ဘဝရှိ ကျင့်ကြံခြင်းလောကက ဝတ္ထုများထဲတွင် တောင်ကြီးတစ်တောင်ကို အလွယ်တကူ ထည့်နိုင်သော သိုလှောင်လက်စွပ်နှင့် သေချာပေါက် မယှဥ်နိုင်သော်ငြား ယင်းက ယဲ့ရှောင်အတွက် လုံလောက်နေပြီဖြစ်သည်။

ထို့အပြင် နောင်ကြ မီးတောင်ထွတ်ကျောက်မှ လေဟာနယ်စွမ်းအင်များကို ဆက်လက် ဆုပ်ယူပြီး တိုးတက်အောင် ပြုလုပ်မည်။

ယခင်က လေလံပွဲတွင် ရောင်းချသော သိုလှောင်လက်စွပ်သည် အနိမ့်ဆုံး ယွမ် သန်းနှစ်ရာသုံးနှစ်ရာ တန်၏။ သူ၏ သိုလှောင်လက်စွပ်က ဤမျှ ကြီးမားလေရာ ၁၀ဘီလံတန်လောက်သည်။ ကြမ်းခင်းစျေးက အလွန်ဆုံးဆို ဘီလံ၁၀၀ ဖြစ်သွားနိုင်၏။

သိုလှောင်လက်စွပ်များသည် အလွန်ရှားပါးပြီး ဤမျှ ကျယ်ဝန်းသည့် လေဟာနယ်ရှိသည့် လက်စွပ်များက ပိုတောင် ရှားပါးသောကြောင့် ဖြစ်သည်။

နေရာကျယ်ဝန်းသည့် သိုလှောင်လက်စွပ်များက တန်ဖိုးကြီးပစ္စည်းများအဖြစ် သတ်မှတ်၍ မရတော့ပေ။ သူတို့က အမှန်တကယ် အသုံးဝင်သည့်အသုံးအဆောင်ဖြစ်သည်။

ဥပမာကောင်းအချို့သည် ကုန်ပစ္စည်းအများအပြားကို ရွှေ့ပြောင်းနိုင်ပြီး သိုင်းပညာရှင်များကို ပို့ဆောင်နိုင်၏။ ယဲ့ရှောင်က ၄င်းကို ရောင်းချမှာ မဟုတ်ပေ။

ဆိုရိုးစကားရှိသည့်အတိုင်း လူတစ်ယောက်သည် ပြစ်မှုကို ကျူးလွန်သူမဟုတ်။ ဥစ္စာဓနကို ပိုင်ဆိုင်ခြင်းက ပြစ်မှုဖြစ်နေ၏။ ကောင်းမွန်သည့် သိုလှောင်လက်စွပ်က သတင်းပြန့်သွားခဲ့လျှင် ငွေကြေးဖြင့် လှဲလှယ်ရုံမျှသာ မဟုတ်တော့ပေ။ မရေမတွက်နိုင်သည့် သိုင်းပညာရှင်များ၏ မျက်စိကျမှုကို ရမှာ သေချာ၏။

ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦးဆိုလျှင် အဆင်ပြေသေး၏။ သို့သော် အထွတ်အထိပ်ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းဆိုလျှင် မည်သို့ဖြစ်မည်နည်း။

ထို့အပြင် သူက တစ်ဖက်လူကို အနိုင်ယူနိုင်ခဲ့လျှင်တောင် သူ၏ အထောက်အထားကို ဖုံးကွယ်၍ မရတော့မှာ သေချာသည်။ ထိုအချိန်ရောက်လျှင် တစ်လောကလုံး၏ အာရုံစိုက်မှုကို ရပြီး အိမ်သာသွားလျှင်တောင် သက်သောင့်သက်သာ ရှိတော့မှာ မဟုတ်ချေ။

လိုရင်းပြောရလျှင် ရိတ်သိမ်းမှုက အလွန်ကြီးမားနေသေး၏။ ထိုလက်စွပ်ဖြင့် သူက ကြယ်တာရာသားရဲ၏ အသားများ ကျန်သည့် ကုန်ကြမ်းများ သိမ်းထားလျှင်တောင် ထုတ်ဖော်ခံရမှာကို စိုးရိမ်စရာ မလိုတော့ချေ။

ပြီးနောက် သူက အစီအရင်အကြောင်း သင်ယူပြီး သူတို့ပေါ်၌ အစီအရင်အချို့ ရေးဆွဲကာ သူက ကုန်အချို့နှင့် ခုခံခြင်း အစီအရင်အချို့ကို ဖန်တီးနိုင်မှာပဲ ဖြစ်သည်။

မြေအောက်ခန်းကလည်း နောင်ကြ မူမမှန်သည့်အရာများကို တစ်ပါးသူ ရှာမတွေ့အောင် ဟန့်တားထားနိုင်အောင် အဆင့်မြင့်တင်နိုင်လောက်သည်။ ထိုအချက်ကို တွေးမိပြီး သူက ခေါင်မိုးပေါ်ရှိ ဟွမ်လျိုလီကို တစ်ချက်ကြည့်လိုက်၏။ ဟွမ်လျိုလီက ခေါင်မိုးပေါ်တွင် လှဲနေလျက် သားရေတမျှမျှကျကာ သူမ၏ မျက်နှာ၌ တွေဝေသည့်အကြည့် ရှိနေသည်။ ရံဖန်ရံခါ၌ သူမက ရယ်မောနေလေ၏။

ယင်းက ယဲ့ရှောင်ကို အလွန်ဆွံ့အသွားစေ၏။ သူက လှပတဲ့ မိန်းကလေးတစ်ယောက်ဆိုပေမဲ့ ဘာကြောင့်များ အမြဲတမ်း အကောက်ကြံနေတဲ့ ခံစားချက်မျိုး ပေးနေတာလဲ။

” ဟေ့ စိတ်ကူးယဥ်လို့ ပြီးပြီလား ”

ယဲ့ရှောင်က အော်လိုက်ရာ ဟွမ်လျိုလီ၏ မျက်နှာပေါ်ရှိ ရူးကြောင်ကြောင်အပြုံးက ရုတ်တရက် ရပ်တန့်သွားလေ၏။ သူက နှုတ်ခမ်းထောင့်၌ သားရေကျနေတာကို သုတ်ပြီး ခုန်ဆင်းလိုက်သည်။

” ဘာဖြစ်လို့လဲ သခင် ”

” သွား မြေအောက်ခန်းကိုသွား ”

ဟွမ်လျိုလီ၏ မျက်လုံးက လက်သွားသည်။ ဘုရားရေ … နောက်ဆုံးတော့ သူ လိုချင်တာ ရပြီပဲ။

မြေအောက်ခန်းထဲ၌ အနက်ရောင်ကြေးခွံမြွေသားများ ရှိ၏။ သူမ အလုပ်သွားလျှင် အနည်းအကျင်း စားလို့ရမှာပဲ ဖြစ်သည်။

” စိတ်မပူပါနဲ့ သခင်။ တာဝန်ပြီးမြောက်အောင် ဆောင်ရွက်မယ်လို့ ကတိပေးတယ် ”

ထိုသို့ပြောပြီးနောက် ဟွမ်လျိုလီက မြေအောက်ခန်းထဲသို့ ချက်ချင်း သွားလိုက်၏။ သို့သော် မြေအောက်ခန်းထဲသို့ ရောက်သည့်အချိန်တွင် ကြောင်က ချက်ချင်းပင် အံ့သြဆွံ့အသွားတော့၏။

အနက်ရောင်ကြေးခွံမြွေသားရော။

အပိုင်း ၁၁၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset