စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၁၆ ချမ်းသာသူများ၏ ရူးသွပ်မှု။
တုထျန်းယွီက အားကျသည့် အမူအယာ ပေါ်လာသည်။ ထိုကဲ့သို့ စည်းမျဥ်းများအတွက် စီနီယာအတွက် အလု်လုပ်ပေးနိုင်ခြင်းက သူ မည်မျှ ကံကောင်းသနည်း။
နောက်ဆုံးအခေါက်က ကျောင်း မိသားစုမှ ထိုလေလုံးထွားဟန်များကြောင့် တစ်ဖက်သူသည် သူ့ကို သတိပေးခဲ့ပြီး သူ့ရှေ့တွင် ပေါ်တောင်ပေါ်မလာပေ။ သူ၏ ဦးလေးက တစ်ဖက်လူကို တွေ့ခွင့်ရရုံသာမက သူတို့ထံမှ အမိန့်လည်း ရခဲ့သည်။ ယင်းက အမှန်တကယ် ဂုဏ်တက်စရာ ဖြစ်သည်။
တစ်နေ့တွင် သူသည်လည်း ပြိုင်ဘက်ကင်းသည့် သိုင်းပညာရှင်ကြီးတစ်ဦးကို ခစားပေးရန် မျှော်
လင့်နေမိ၏။
ယဲ့ရှောင်က အောက်ဆင်းလာပြီးနောက် ဝမ်တာ့လုံကို အမြန်ရှာတွေ့သည်။ ထိုလူက သူ့အတွက် မီးတောင်ထွတ်ကျောက်များ စုဆောင်းပေးထား၏။
မီးတောင်ထွတ်ကျောက်များ စျေးပေါတာက တော်သေး၏။ ကုန်တင်ကားတစ်စီးစာကို ယွမ် ၁၀၀၀၀၀ဝန်းကျင်သာ ကျ၏။
မီးတောင်ထွက်ကျောက်ထဲတွင် ပါဝင်သော လေဟာနယ်စွမ်းအင်က အလွန်အားနည်းလွန်း၏။ ထို့ကြောင့် ထပ်ဝယ်ရန် လိုအပ်သည်။ အရောင်းအဝယ် ပြုလုပ်ပြီးနောက် ယဲ့ရှောင်က ကုန်ကားလေးကို ငှားပြီး ဝမ်တာ့လုံ၏ မီးတောင်ထွတ်ကျောက်များကို အထဲသို့ ထည့်ပြီးနောက် သူ၏ အိမ်သို့ ပို့လိုက်သည်။
သူ့၌ မီးတောင်ထွတ်ကျောက် လုံလုံလောက်လောက် ရှိနေပြီဖြစ်သည်။ သို့သော် သိုလှောင်လက်စွပ် ပြုလုပ်ရန်အတွက် ကျန်သည့်ကုန်ကြမ်းများနှင့် ပစ္စည်းများ လိုအပ်နေသည်။ မီးတောင်ထွတ်ကျောက်က မာကျောလွန်းသောကြောင့် ယင်းက အနည်းငယ် ကျွတ်ဆတ်ဆတ်နိုင်ကာ ကျောက်စိမ်းနှင့် တူနေတော့သည်။
မြင့်မားသည့် အပူချိန်ကို ခံနိုင်ရည် မရှိပေ။ ထူးခြားသည့် တိုက်ကွက်တချို့နှင့် ကြုံတွေ့ရမည်ဆိုလျှင် အလွယ်တကူ ပြိုကွဲသွားနိုင်၏။ ပိုအရေးကြီးသည်က ၄င်း၏ ကိုယ်ထည်၏ အရွယ်အစားအရ မီးတောင်ထွတ်ကျောက်သည် လေဟာနယ်စွမ်းအင် ပမာဏအကန့်အသတ်တစ်ခုကိုသာ ခံနိုင်ရည် ရှိ၏။ များလွန်းလျှင် ထိန်းနိုင်မှာ မဟုတ်ပေ။ ယဲ့ရှောင်က ကျန်သည့် ကုန်ကြမ်းများကိုလည်း ပြင်ဆင်ရန် ထပ်ပေါင်းလိုက်၏။
ဥပမာအနေဖြင့် မီးတောင်ထွတ်ကျောက် ၊ အနက်ရောင်သဲရွှေသည် မီးတောင်ထွတ်ကျောက်၏ ကျွတ်ဆတ်မှုများကို ဖယ်ရှားပေးနိုင်၏။ မီးတောင်ထွတ်ကျောက်၏ ပျော့ပျောင်းမှုကို ပိုတိုးစေကာ ပုံသဏ္ဍန် အလွယ်တကူ ပြောင်းခွင့်ပေး၏။ ထို့ကြောင့် တိုက်ပွဲအတွင်း ဖိချေခံရမှာ မဟုတ်ပေ။
ထိုသဘောတရားက ဖုန်းမှန်သားပြင်ပေါ်၌ အမှေးကို တင်ထားခြင်းနှင့် တူပေ၏။ ရိုက်ခွဲခံရလျှင်တောင် ဖန်သားပြင်ပေါ်ရှိ မှန်စများက နေရာအနှံ့ လွှင့်စင်သွားမှာ မဟုတ်ပေ။
ပြီးနောက် သံအဆီအနစ်ထပ်ပေါင်းလိုက်ရာ သူကိုယ်တိုင် အက်ကွဲမှုကို ပြင်နိုင်စွမ်းရှိသော သံအဆီအနစ်ကို ထပ်ပေါင်းထား၏။ ထိခိုက်သွားလျှင်တောင် သူ့ဘာ့သာသူ ပြန်ပြင်ဆင်နိုင်၏။
ထို့အပြင် ရွှံ့ဝါတစ်လွှာကို ထပ်ထည့်လိုက်လျှင် အကောင်းဆုံး ဖြစ်၏။ စေးကပ်ကပ် ရွှံ့ဝါသည် ၄င်း၏ ပုံသဏ္ဍန်ကို ထိန်းသိမ်းပေးနိုင်ရန် ကူညီပေးထားမည်ဖြစ်ကာ မီးတောင်ထွတ်ကျောက်က ပုံပျက်သွားလျှင်တောင် အတွင်းပိုင်းက ကွဲသွားမှာ မဟုတ်ပေ။ ထိုပစ္စည်းသုံးမျိုးကို ထပ်ပေါင်းထည့်လိုက်ရာ အတော်ကောင်းမွန်သည့် သိုလှောင်လက်စွပ်တစ်ကွင်း သန့်စင်နိုင်မှာပဲ ဖြစ်သည်။
ယဲ့ရှောင်က မီးတောင်ထွတ်ကျောက်များကို ခြံဝန်းထဲတွင် ပုံထားလိုက်၏။ ထိုပစ္စည်းက တန်ဖိုး သိပ်မရှိပေ။ အထူးတလည် စောင့်ကြပ်နေဖို့ မလိုချေ။ ပြီးနောက် သူက ကားငှားသည့် နေရာသို့သွားကာ ကားပြန်ထားပေး၏။
သူက စတင်မသန့်စင်ခင် ယဲ့ရှောင်သည် သိုလှောင်လက်စွပ် ချောမွေ့စေဖို့ကို စတင်တောင်းတမိပြီ ဖြစ်သည်။ သူ့၌ သိုလှောင်လက်စွပ်တစ်ကွင်း ရှိနေခဲ့လျှင် အလိုရှိသည့် ပစ္စည်းများစွာကို တစ်ခါတည်း သယ်ထားနိုင်မည် ဖြစ်သည်။ သူ သွားချင်သည့် နေရာကို ယူသွားနိုင်မှာပဲ ဖြစ်၏။ သူ၏ မိခင်က သူခရီးထွက်သည့် အကြောင်းကို စိုးရိမ်နေစရာ မလိုတော့ချေ။
ထိုသို့ပြုလုပ်ပြီးနောက် ယဲ့ရှောင်သည် သူဌေး ရွှီ၏ ကုန်ကြမ်းဆိုင်သို့ အမြန်ပြန်သွားလိုက်၏။
သူဌေး ရွှီက ထိုနေရာတွင် မရှိပေ။ ရွှီတာ့မောင်က ထိုင်ကြည့်ပေးနေ၏။ သူမက ဖရုံစေ့စားပြီး ကွန်ပျူတာဖန်သားပြင်ပေါ်၌ တိုက်ရိုက်လွှင့်နေတာကို ကြည့်နေလေ၏။
” သူဌေး ရွှီ ဘယ်မှာလဲ ”
ယဲ့ရှောင်က မေးလိုက်၏။ သူက ဖရုံစေ့ အခွံများကို ထွေးထုတ်ပြီးနောက် အရှေ့ရှိ ဖန်သားပြင်ကို လက်ညိုးထိုးပြလိုက်သည်။
” ကျွန်မအဖေက လေလံပွဲ သွားတာလေ။ ခဏတဖြုတ်တော့ ပြန်လာဦးမှာ မဟုတ်ဘူး။
ကြည့်ဦး သူ ဖန်သားပြင်ပေါ်မှာ ရှိနေသေးတုန်း
ပဲ ”
” သူ အဆင်ပြေနေတာကို ဘာကြောင့်များ လေလံပွဲသွားတာလဲ ”
” ရှင် မသိဘူးလား။ ဒီလေလံပွဲက လတ်တလောမှာ ကြေညာနေတာကြာပြီလေ။ တုန်းဖုန်းလင်နက်ကုမ္မဏီက စီရင်စု ၉ခုမှာ နှစ်စဥ်နေ့တိုင်း ကျင်းပတဲ့
ပွဲစဥ်တစ်ခုလေ။ လေလံပွဲမှာ ပုံမှန်ဝယ်လို့မရနိုင်တဲ့ ပစ္စည်းကောင်းတချို့ရောင်းတယ် ”
ယဲ့ရှောင်က ထိုအကြောင်းကို တွေးလိုက်၏။ ထိုသို့သော ကိစ္စတစ်ရပ်ရှိပုံ ပေါ်သည်။ သူ့ ယခင်ဘဝရှိရတနာနေ့ရက်များနှင့် အနည်းငယ် ဆင်တူတာ ဖြစ်နိုင်၏။ သို့သော် လေလံပွဲက ထူးခြားသည့် ကမ်းလှမ်းမှုများ မရှိပေ။ စစ်သည်တော်များ ပုံမှန်သုံးနေကျ ပစ္စည်းကောင်းတချို့သာ ပြသထား၏။ လေလံပွဲအတွက် ဝယ်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ပေ။
လေလံပွဲအတွက် ထားလျှင် ဝယ်ဖို့ အခွင့်အရေး မရှိလောက်ပေ။ စစ်သည်တော်အများစုအတွက်မူ ယင်းက အခွင်အရေးကောင်းတစ်ခု ဖြစ်သည်။ သူတို့က သူတို့ အလိုရှိသည့် အဆင့်မြင့်လက်နက်များ ၊ဆေးလုံးများ၊ ကျင့်ကြံခြင်းနည်းစနစ်များ ရယူနိုင်ရန် အခွင့်အရေးရှိမည်။
” သူဌေး ရွှီ ဒီမှာမရှိဘူးဆိုတော့ ကုန်ကြမ်းတချို့ ရောင်းပေးပါဦး ”
” ခဏလေး အခုဒီမှာ အထူးပစ္စည်းတစ်မျိုးရှိတယ်။ ဒါကို အရင်ပြီးအောင် ကြည့်လိုက်ဦးမယ် ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် ဆိုင်ထဲရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းပွတ်နေလေ၏။
သူ့ဖုန်းပေါ်ရှိ အများပြည်သူသုံးအကောင့်တွင် ကျန်းဟိုင်မြို့မှာ နောက်ဆုံးသတင်းများကို မျှဝေထား၏။ ယင်းက လေလံပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ပြသထားသော ချန်နယ်နှင့် ချိတ်ဆက်ထားသည်။
သူ့၌ ဘာမှလုပ်စရာမရှိသောကြောင့် ယဲ့ရှောင်ကလည်း ဝင်ကြည့်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ထဲ ဝင်လိုက်လေ၏။
လက်ရှိတွင် လေလံပွဲက လက်စွပ်တစ်ကွင်းကို လေလံေခါ်နေတာပဲ ဖြစ်သည်။
” ဒါက ”
ယဲ့ရှောင်က အတော်လေး အံ့သြသွားလေ၏။ ယင်းက သိုလှောင်လက်စွပ်တစ်ကွင်း ဖြစ်နေ၏။ ရွှီတာ့မောင်က အထူးပစ္စည်းတစ်မျိုး ပေါ်ထွက်လာမည်ဟု ပြောတာ အံ့သြစရာ မရှိပေ။
လေလံခေါ်သူထံမှ အကြမ်းမျဥ်း ရှင်းပြပြီးနောက် ယဲ့ရှောင်က ထိုသိုလှောင်လက်စွပ်ကို အကြမ်းမျဥ်းနားလည်သဘောပေါက်လာပြီ ဖြစ်သည်။
ယင်း၌ ၃၆ ကုဗပေ ဝင်ဆံ့သည်။ သက်ရှိများကို ယာယီသိုလှောင်ထားနိုင်ပြီး ထိုအပေါ်၌ အစီအရင်တစ်ခု ထွင်းထုထား၏။ ခုခံခြင်းနှင့် သင့်တော်
သည့် ပြင်ဆင်မှုများလည်း ပါရှိသည်။ အထဲ၌ သိုလှောင်ထားသည့် လတ်လတ်ဆတ်ဆတ် ပစ္စည်းများက ပုပ်သိုးသွားမှာ မဟုတ်ပေ။ ထိုအချက်က ယဲ့ရှောင်ကို သတိဝင်သွားစေ၏။
ယခင်က ကြယ်အစီအရင်များသည် အချိန်အတိုင်းအတာတစ်ခုအတွက် သူ့ဆီ တိုးတက်မှု များများစားစား မဟုတ်ဟု ခံစားခဲ့မိသည်။ ထို့ကြောင့် သူက အာရုံမစိုက်ခဲ့မိပေ။ ယခုမူ အစီအရင်များကို သင်ယူရန်အတွက် အချိန်ယူ ရှာဖွေရဦးမည့်ပုံပေါ်သည်။
ကြယ်အစီအရင်သည် သူ၏ အစစ်အမှန်တိုက်ပွဲဝင်ခွန်အား တိုးတက်ခြင်းနှင့် များများစားစား သက်ဆိုင်ခြင်း မရှိသော်ငြား နေ့စဥ် ထောက်ပံ့မှုအချို့၌ အလွန်အသုံးဝင်နေသေးသည်။ ရံဖန်ရံခါ၌ တိုက်ပွဲထဲတွင် အနည်းငယ် ထောက်ပံ့ပေးနိုင်မှာပဲ ဖြစ်သည်။ ခုခံခြင်းအနည်းအကျင်းကို ဥပမာ ယူနိုင်ပေ၏။ သူ့လက်ထဲတွင် လက်စွပ်ရှိနေသည့်အချိန်၌ ၄င်းကို သေချာပေါက် ရှုံးမှာ မဟုတ်ပေ။ သို့သော် ဆုံးရှုံးသွားလျှင် မည်သို့ ဖြစ်မည်နည်း။ တစ်ဖက်လူက ၄င်းကို အလွယ်တကူ ဖွင့်နိုင်မည်လော။
ကြယ်အစီအရင်ဖြင့် တစ်ပါးသူများ သိုလှောင်လက်စွပ်ကို အတင်းအဓမ္မဖွင့်ခြင်းမှ ကာကွယ်ပေးနိုင်၏။ တစ်ဖက်လူက အလွန်သန်မာနေပြီး လက်စွပ်ကို ခွဲလိုက်လျှင် သူတို့က ပေါက်ကွဲမှုကို ဖြစ်ပေါ်စေမိပြီး သူတို့အပိုင်းပိုင်းအစစ ပေါက်ကွဲသွားပေလိမ့်မည်။
ယင်းက လုပ်ဆောင်ချက်တစ်မျိုးလည်း ဖြစ်၏။ ယခင်က သူသည် အနက်ရောင်ကြေးခွံမြွေသားကို သိုလှောင်ရန်အတွက် မြေအောက်လမ်း တူးစဥ်၌ ရေခဲအစီအရင်တချို့ကို ဝယ်လိုက်ရာ အခြေအနေက မဆိုးရွားပေ။
နောင်တွင် သိုလှောင်လက်စွပ်ထဲ၌ ကြယ်တာရာသားရဲ၏ အလောင်းကို သိမ်းထားနိုင်၏။ ထိုသို့ တာရှည်ခံ အစီအရင် မရှိလျှင် ၄င်းက ဆိုးရွားသွားမည်လော။
ဘုရင်အေးအ်၏ ကိုယ်ထည်ကလည်း ချက်ချင်းထိန်းထားနိင်မည်။ ၄င်း၏ အကြောများနှင့် အသားများက အလွန်လတ်ဆတ်ပြီး ဝါးလို့ကောင်းသည်။ ပုပ်သိုးသွားလျှင် နှမြောစရာကောင်းပေလိမ့်မည်။ ထိုစဥ် လေလံခေါ်သူက ရှင်းပြပြီးသွား၏။ အဆုံးတွင်မူ သူက စိတ်ပြင်းပြစွာ ပြောလိုက်တော့သည်။
” ဒီလိုထိပ်တန်းအဆင့် သိုလှောင်လက်စွပ်တစ်ကွင်းအတွက် ကြမ်းခင်းစျေးက သန်းတစ်ရာမဟုတ် သန်းငါးဆယ်မဟုတ် ဆယ်သန်းမှာပဲ။ တစ်ကြိမ်တိုးတာက တစ်သန်းအောက် မလျော့ရပါဘူး။ ဒီအခွင့်အရေးကို လွဲချော်သွားမယ်ဆိုရင် တစ်ဘဝလုံး နောင်တရနေမှာပါ။ သဘောကျတယ်ဆိုရင် လှုပ်ရှားလိုက်ပါတော့။ ဘာများ စောင့်နေတာလဲ။ လေလံစပါပြီ ”
” ဆယ့်တစ်သန်း ”
” ဆယ့်ငါးသန်း ”
” သန်းနှစ်ဆယ် ”
လေလံခေါ်သူ ပြောပြီးသည်နှင့် လူတိုင်းက ချက်ချင်းရူးသွပ်သွားကာ လက်စွပ်အတွက် ယှဥ်ပြိုင်နေကြသည်။
မျက်တောင်တစ်ခတ်အတွင်း သိုလှောင်လက်စွပ်က သန်းရှစ်ဆယ်ကျော် ရောက်သွား၏။ ကြည့်နေစဥ်၌ သန်းတစ်ရာကျော်သွားဖို့က အသေးအမွှားသာ ဖြစ်နေတော့သည်။
ယဲ့ရှောင်က ဆွံအသွားလေ၏။
အဲ့ဒါက သုံးဆယ့်ခြောက်ကုဗပေကျယ်တဲ့ သိုလှောင်လက်စွပ်တစ်ကွင်းပဲမလား။ သူ့ရဲ့ အစစ်အမှန် လုပ်ဆောင်ချက်က ချီရှန်းအဆင့် ပစ္စည်းနဲ့ တူတူလောက်ပဲမလား။ အဲ့ဒီလူတွေ ရူးနေတာလား။ ဘာကြောင့်များ ဒီလောက်မြင့်တဲ့ စျေးကို တိုးနေရတာလဲ။
သူသည် သိုလှောင်လက်စွပ်အကြောင်း စာအုပ်တစ်ခါမှ မဖတ်ခဲ့ဖူးပေ။ လက်စွပ်များအကြောင်း စာအုပ်က အနည်းအကျင်းသာ ရှိသောကြောင့် ထိုလူများ လုပ်နေတာကို သူ နားမလည်နိုင်ပေ။
အပိုင်း ၁၁၆ ပြီး၏။