Switch Mode

Chapter – 115

လူသားများနှင့် ကြယ်တာရာသားရဲများကြား အငြင်းပွားမှုသဘာဝ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၁၅ လူသားများနှင့် ကြယ်တာရာသားရဲများကြား အငြင်းပွားမှုသဘာဝ။

ယဲ့ရှောင်က တစ်ဖက်သူ၏ မှတ်ဉာဏ်များကို စစ်ဆေးကြည့်ပြီး အနည်းငယ် မင်သက်သွားမိ၏။

တစ်ဖက်လူက ငွေရောင်မြေခွေး မျိုးနွယ်စု၏ ရို့ဝေကြောင့် အမှန်တကယ် ဒဏ်ရာရခဲ့လိမ့်မည်ဟု သူ မထင်ထားပေ။ ငွေရောင်မြေခွေးမျိုးနွယ်စုနှင့် လူသားများကြားရှိ ရန်ငြိုးတရားကို မြင်တွေ့သည့်အချိန်၌ သူ ဘာမှထပ်မပြောချင်တော့ပေ။ ယင်းက နည်းလမ်းဟောင်းကြီးအတိုင်း ဖြစ်လာ၏။ လူသားများနှင့် ကြယ်တာရာသားရဲများက ချစ်ခြင်းတရားရှိကြသော်ငြား ဥပဒေက ၄င်းတို့ကို ခွင့်မပြုပေ။ ယင်းက စကားပြောခန်းတစ်ခုပမာ ဖြစ်နေလေ၏။

သို့သော် တုချန်ဖုန်း၏ မှတ်ဉာဏ်များကို စစ်ဆေးထားမှုအရ သူ ယခင်က နားမလည်နိုင်သည့် ဗဟုသုတတစ်ရပ်ကို ယဲ့ရှောင် ဖမ်းဆုပ်မိသွားသည်။ ယင်းက စာအုပ်များထဲတွင် ရှာမတွေ့နိုင်သော အရာဖြစ်၏။ တုချန်ဖုန်းသည် ကျင်းသို့သိုင်းကျောင်းတော်တွင် ပါမောက္ခတစ်ယောက်ဖြစ်စဥ်က သူသည် ရှေးစာများကနေ အင်မတန် လျှို့ဝှက်သည့် ကိစ္စတစ်ခုကို ကြားသိခဲ့ရ၏။ ယင်းက လူသားမျိုးနွယ်စုနှင့် ကြယ်တာရာသားရဲမျိုးနွယ်စုကြား အချင်းများခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။

စကြာဝဠာကြီးထဲတွင် ပါရမီအရှိဆုံးက ကြယ်တာရာသားရဲမျိုးနွယ်စုမဟုတ်။ လူသားမျိုးနွယ်စုသာ ဖြစ်ပုံပေါ်၏။

ကြယ်တာရာသားရဲများသည် ထူးကဲသော သွေးမျိုးဆက်ဖြင့် မွေးဖွားလာပြီး ကျင့်ကြံရန် မလိုအပ်သော်ငြား သူတို့အသက်ကြီးပြင်းလာပြီး ကျန်
သည့် ကြယ်တာရာသားရဲများကို ဝါးမြိုခြင်းဖြင့် သူတို့ ခွန်အားကို ဆက်တိုက်တိုးမြင့်နိုင်၏။ သို့သော် အောင်မြင်မှုနှင့် ကျရှုံးမှုကြား ကွာဟချက်ရှိနေသည်။ သွေးမျိုးဆက်ကြောင့် ကြယ်တာရာသားရဲများသည် သူတို့မိသားစု၏ အထွတ်အထိပ်ဆီသို့ ကန့်သတ်ခံထားရသည်။

တစ်စုံတစ်ယောက်က အင်မတန် သန်မာသည့် သွေးမျိုးဆက်ဖြင့် သူများကို ဝါးမြိုခြင်းဖြင့် သူတို့သွေးမျိုးဆက်၏ အကန့်အသတ်ကို မပြောင်းလဲနိုင်လျှင် သူတို့က အဆင့်မတက်နိုင်တော့ချေ။
သူတို့၏အသက် အကန့်အသတ်သို့ ရောက်သည်နှင့် သူတို့ သေပေလိမ့်မည်။ သို့သော် ပိုသန်မာသော သွေးမျိုးဆက်ဖြင့် ကြယ်တာရာသားရဲတစ်ကောင်က ၄င်းကိုယ်တိုင်ထက်လည်း ပိုသန်မာသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ ထို့ကြောင့် ထိုနည်းလမ်းအတွက် အောင်မြင်ဖို့က မဖြစ်နိုင်လုနီးပါးပင်။

ထို့အပြင် ကြယ်တာရာသားရဲများသည် ၄င်း၏ သွေးမျိုးဆက်ထဲတွင် ပါဝင်သည့် အရည်အချင်းများကိုသာ အသုံးပြုနိုင်၏။ သို့သော် လူသားများကလည်း မတူညီပေ။ လူသားများက သင်ယူနိုင်ပြီး ကြယ်တာရာသားရဲများ၏ စွမ်းရည်များကို ရရှိနိုင်၏။ လူသားများက ဓါးနည်းစနစ်များ၊ ဓါးမော့နည်းစနစ်များကို သင်ယူနိုင်၏။ လူသားများ၏ အံ့ဖွယ်ဝိညာဥ်ဖွဲ့တည်ပုံက မတူညီသော်ငြား သူတို့က ထောက်ပံ့သည့် ကဏ္ဍ၌ ချပြနိုင်သည်။ ကျင့်ကြံခြင်းလမ်းကြောင်းတွင် ဆုံးဖြတ်ချက်ချသည့် ကဏ္ဍ၌ မဟုတ်ပေ။

ထိုကြောင့် ကြယ်တာရာသားရဲများသည် လူသားများ၏ သင်ယူခြင်း စွမ်းရည်ကို ရရှိရန် အလို့ငှာ လူသားများကို ဝါးမြိုကြတာပဲဖြစ်သည်။ တစ်ချိန်တည်းတွင် သူက လူသားစွမ်းရည်များကို ရရှိရန်အတွက် သားရဲလူသား မွေးထုတ်ခြင်း စသည့် နည်းလမ်းများကိုလည်း အသုံးပြုလာကြ၏။
ထိုအကြောင်းအရင်းကြောင့် လူသားများနှင့် ကြယ်တာရာသားရဲများ ပေါင်းစည်းခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတာပဲ ဖြစ်သည်။ အဆုံးတွင်မူ သားရဲလူသားများက ကြယ်တာရာသားရဲများကိုလည်း လက်သင့်ခံကြမှာ သေချာ၏။ ကြယ်တာရာသားရဲများက လူသားနည်းလမ်းများ ရရှိသွားခဲ့လျှင် လူသားများအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မည်။ လိုရင်းဆိုရလျှင် လူသားများနှင့် ကြယ်တာရာသားရဲများ၌ ကိုယ်ပိုင်လိုအပ်ချက် ရှိကြ၏။ လူသားများက ကျင့်ကြံခြင်း နည်းစနစ်များကို သန့်စင်ရန် ဆေးလုံးများ၊ လက်နက်များကို သန့်စင်ရန် ကြယ်တာရာသားရဲများကို လိုအပ်၏။ ကြယ်တာရာသားရဲများက သင်ယူသည့် စွမ်းရည်များ ရရှိရန် လူသားများကို လိုအပ်သည်။ ထိုရလဒ်က နှစ်ဖက်ကို ရန်သူများ ဖြစ်သွားစေတော့၏။

” စီနီယာ စီနီယာ ” တုချန်ဖုန်းက ယဲ့ရှောင်ကို သတိထားလျက် ခေါ်လိုက်၏။

ယဲ့ရှောင်က အာရုံ ပြန်ဝင်လာပြီး ဘာမှမပြောပေ။ သူက လက်ဖြောင့်တီးလျက် ကောင်းကင်ပြုပြင်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်ကာ သူ ဒဏ်ရာများ ပျောက်ကင်းအောင် ကူညီပေးလိုက်၏။

တုချန်ဖုန်းက ရည်မွန်သည့် သူတစ်ဦးဖြစ်ပြီး ကျန်းဟိုင်မြို့အတွက် ကောင်းကျိုးများလည်း သယ်ပိုးခဲ့သည်။ စီရင်စု ၉ခုအတွက် ထူးချွန်ထက်မြတ်သော ကျောင်းသားများစွာကိုလည်း သင်ကြားပေးခဲ့၏။ ထို့အပြင် သူကိုယ်တိုင်ကလည်း မဟာချီရှန်းတစ်ဦးဖြစ်သည်။ စီရင်စု ၉ခုအတွင်း၌ အတော် ကောင်းမွန်သည့် တိုက်ခိုက်နိုင်သည့် သူတစ်ဦးဖြစ်ကာ တိုင်းပြည်အတွက် ကောင်းကျိုးများစွာလည်း သယ်ပိုးနိုင်သည်။

ယဲ့ရှောင်က သူ့အဖို့ ကောင်းကင်ပြုပြင်ခြင်း နည်းစနစ်ကို အသုံးပြုရခြင်းက အသေးအမွှားပဲ ဖြစ်သည်။ ထို့ကြောင့် သူ့ကို ကူညီခိုင်းလိုက်တာပဲ ဖြစ်၏။ ကုသခြင်း ကျင့်ကြံမှု နည်းစနစ်ကို အသုံးပြုပြီးနောက် ယဲ့ရှောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

” ကျုပ် ကျန်းဟိုင်မြို့မှာ သီးသန့်နေနေတာ။ အာရုံစိုက်မှုတွေ မလိုချင်ဘူး။ ဘာကိုမှ အာရုံသိပ်မစိုက်ချင်ဘူး ”

တုချန်ဖုန်း စကားမပြောနိုင်ခင် သူက နွေးထွေးသော စွမ်းအင်ဖြင့် လွှမ်းခြုံခံလိုက်ရပြီဖြစ်သည်။ ပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားတာကို ခံစားမိလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း အသစ်ပမာ ကောင်းသွားတော့၏။

” အစွမ်းထက်လိုက်တဲ့ ကုသခြင်း နည်းစနစ်ပဲ ”

တုချန်ဖုန်းက ထိတ်လန့်လွန်းသောကြောင့် အံ့သြဆွံ့အနေလေ၏။

ထိုကုသခြင်း နည်းစနစ်၏ အဆင့်က ကောင်းကင်နှင့် မြေကြီး၏ ကံကောင်းမှုကို ဖမ်းဆုပ်ရသည့်ပမာ ဖြစ်နေသည်။ ၄င်းက မြင်ဖူးသမျှ ကုသသူများထဲတွင် အသန်မာဆုံးနှင့် အကောင်းဆုံးဖြစ်၏။ မဟာချီရှန်းတစ်ဦး၏ ဒဏ်ရာများကို ခဏအတွင်း ကုသပေးနိုင်သည့် အရည်အချင်းမှာ များပြားလွန်းနေသည်။ ယခင်က ကျန်းဟိုင်မြို့တွင် အဆင့်မြင့် ကုသသူတစ်ဦး ရှိသည်ဟု စုံစမ်းစစ်ဆေးမှုအရ ပြောခဲ့သည်။ ယခု ၄င်းကို ကြည့်မိသောအခါ သူတို့က အဆင့်မြင့် ကုသသူ ဖြစ်နိုင်၏။ ပြိုင်ဘက်ကင်း ထိပ်တန်းကုသသူများ ဖြစ်နိုင်ပေသည်။

စီရင်စု ၉ခုတစ်ခုလုံးတွင်မဆိုထားနှင့် တစ်လောကလုံးတွင်တောင် ယင်းက တလက်လက် တောက်ပရန် လုံလောက်သည့် တည်ရှိမှု ဖြစ်နေသည်။

ကုသသူအရေအတွက်က စစ်သည်တော်များနှင့် ယှဥ်လျှင် အင်မတန် ရှားပါး၏။ သူတို့က မဟာပါရမီရှိသည့်သူက နည်းပါးသောကြောင့် ဖြစ်၏။ တစ်ဖက်သူကလည်း သိုင်းပညာရပ်ကို လေ့ကျင့်နေပြီး ထိပ်ထိရောက်အောင် ကျင့်ကြံထားခဲ့တာပဲ ဖြစ်သည်။

တုချန်ဖုန်းက သူက ကျင်းတု သိုင်းကျောင်းတော်တွင် နေလာတာ အတော်ကြာပြီဖြစ်သော်ငြား ထိုကဲ့သို့ တည်ရှိမှုမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူးဟု ခံစားမိသည်။ သူ တုံ့ပြန်မိသည်အချိန်၌ ယဲ့ရှောင်က ထွက်သွားပြီ ဖြစ်သည်။ အစောတုန်းက ယဲ့ရှောင် ရပ်နေသည့် နေရာကို ကြည့်လိုက်သည်။ သက်ပြင်းမချပဲ မနေနိုင်တော့ချေ။

သူက တကယ်နတ်ဘုရားတစ်ပါးပဲ။

ခဏတာ ရပ်တန့်ပြီးနောက် အမူအယာက လေးနက်တည်ကြည်သွားတော့၏။

” စီနီယာ စိတ်မပူပါနဲ့။ ကျုပ် ရှိနေရင် ကျန်းဟိုင်မြို့က စီနီယာရဲ့ သတင်း သေချာပေါက် မပေါ်စေရပါဘူး ”

ယဲ့ရှောင်ဖက်တွင်မူ သူက မြေပြင်သို့ ပြန်ရောက်လာ၏။ သူ၏ ကျင့်ကြံဆင့် တိုးတက်လာမှုက ဘုရင်အေးအ်ကို တိုက်ခိုက်ရာ၌ ယုံကြည့်ချက် ပိုရှိစေသည်။ ဘုရင်အေးအ်၏ ကြွက်သားများဖြင့် ခန္ဓာကိုယ်ကို တွေ့မိသောအခါ သူက တံတွေးမြိုချမိသွား၏။ အကြောများနှင့် အသားများက အရသာအရှိဆုံး ဖြစ်သည်။ သူတို့က ဝါးလို့ကောင်းပြီး သွေးအဆီအနစ်များ ပြည့်နေကာ အဟာရကြွယ်ဝ၏။

ကြော်၊ ချက်၊ လှော်၊ ဖုတ်၊ ကင်၊ အချဥ်တို့စားခြင်း ထိုထက် ပိုမတွေးနိုင်တော့ပေ။ သူက အမဲသား နှင့် သိုးသားပေါင်း အနည်းငယ် ယခုအချိန်တွင် ဝယ်ချင်လာ၏။ ထိုစဥ် ဝမ်တာ့လုံက ယဲ့ရှောင်ပြောထားသည့် မီးတောင်ထွက်ကျောက်တုံးများအားလုံးကို စုဆောင်းထားပြီး အချိန်မရွေး လာယူနိုင်ကြောင်း စာပို့လာသည်။ ယဲ့ရှောင်က အကြောင်းပြန်လိုက်ပြီးနောက် ချိန်းဆိုထားသည့် နေရာဆီသို့ သွားလိုက်၏။

တုချန်ဖုန်းကလည်း အမြန်ဆင်းသက်လာသည်။ တုထျန်းယွီက ချက်ချင်း ပြေးလာလေ၏။

” ဦးလေး အဲ့ဒီသိုင်းပညာရှင်ကို တွေ့ခဲ့လား ”
တုချန်ဖုန်းက ခေါင်းညိတ်ပြီး ပြုံးလိုက်တော့သည်။

” အင်း ငါတွေ့ခဲ့တယ် ”

” သူ ဘယ်လိုပုံလဲ ”

” ”

တုထျန်းယွီ၏ မျက်နှာထက်ရှိ မျှော်လင့်တကြီး အမူအယာကို ကြည့်ပြီး သူက ချောင်းဟန့်ကာ လေးနက်သည့် အကြည့်တို့ဖြင့် ခပ်ဝေးဝေးကို ကြည့်လိုက်သည်။

” သူ့မှာ မုတ်ဆိတ်ဖြူနဲ့ ဆံပင်ဖြူရှိတယ်။ ပိုးသားဝတ်ရုံကို ဝတ်ထားတာ။ သူက နယ်နှင်တာ ခံလိုက်ရတဲ့ ထာဝရရှင်သန်သူတစ်ပါးလို့ သေမျိုးလောကကို ဆင်းသက်လာတာနဲ့ တူတယ် ”

ရွှီး။

တုထျန်းယွီက အေးစက်သော လေထုများကိုရှူရှိုက်မိသွားပြီးနောက် လေးနက်တည်ကြည်သော အမူအယာဖြင့် ခေါ်ငးညိတ်လိုက်သည်။

” ဆန်းကြယ်တဲ့ သိုင်းပညာရှင်တစ်ယောက်ဆိုတာ ထင်တဲ့အတိုင်းပဲ။ ထာဝရရှင်သန်သူတစ်ယောက်က သူ့ရဲ့ သီးခြားလကမ္ဘာနဲ့ဆိုင်တဲ့ ပုံရိပ်နဲ့ ထိုက်တန်ပါတယ် ”

” သူ့ရဲ့ ကျင့်ကြံခြင်းက မိုးနဲ့မြေ ဖန်တီးခြင်း နယ်ပယ်ကို ရောက်နေပြီးသား။ မင်းနှင့်ငါ မှန်းဆနိုင်တာနဲ့ ဝေးကွာတယ်။ သူက အံ့ဖွယ်ဂိုဏ်းကို သေချာပေါက် ဝင်ပြီးသားလို့ ငါ ခန့်မှန်းမိတယ် ”

” သူက ကမ္ဘာ့နဂါးစာရင်းမှ မရှိပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းက နဂါးစာရင်းပေါ်က သိုင်းပညာရှင်တွေထက် အားမနည်းဘူး ”

တုထျန်းယွီ၏ စိတ်နှလုံးက လှုပ်ခါသွားသည်။

” အဲ့လောက်အစွမ်းထက်တယ်လား ”

ဤလောကထဲတွင် အံ့ဖွယ်ချီရှန်း အယောက် ၅၀ကျော်ရှိကြောင်း သိထားရပေမည်။ သို့သော် နဂါးစာရင်းသို့ ဝင်နိုင်သည့်သူက အယောက် ၅၀သာရှိ၏။

တုချန်ဖုန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

” သူ လက်ဖြောင့်တစ်ချက်တီးရုံနဲ့ ငါ ငွေရောင်မြေခွေးမျိုးနွယ်စုရဲ့ မဟာဂိုဏ်းရို့ဝေကြောင့် ရတဲ့ ဒဏ်ရာတွေအားလုံး ပျောက်ကင်းသွားတယ်။ ပြီးတော့ ချက်ချင်းကုသပေးလိုက်တာနဲ့ နဂါးစာရင်းပေါ်က လူ ဘယ်လောက်များများမှန်း ဒီလိုလုပ်နိုင်လိမ့်မယ်လို့ မင်းထင်လဲ ”

” အိုး ဘုရားသခင် ”

တုထျန်းယွီက အနားမှာတွင် ကြက်သေ သေသွားလေ၏။

” ဒီ ဒီစီနီယာက တကယ်ကြောက်ဖို့ကောင်းတာလား ”

” ဒီလိုဆိုပေမဲ့ သူက ကျန်းဟိုင်မြို့မှာ သီးသန့်နေနေမှာလို့ ပြောတယ်။ တခြားသူတွေ သူ့ဘဝကို နှောင့်ယှက်တာ မဖြစ်စေချင်ဘူး ”

ထိုသို့ပြောပြီးနောက် တုချန်ဖုန်းက လေးနက်လျက် ဂုဏ်ယူဝင့်ကြွားမှုနဲ့ တာဝန်တစ်ရပ် ပြည့်နေလေသည်။ ဆိုရလျှင် ယင်းက သိုင်းပညာရှင်၏ သူ့ကိုကိုယ်တိုင်ပေးသည့် အမိန့်ဖြစ်သည်။ ကျန်းဟိုင်တစ်မြို့လုံး၌ ထိုကဲ့သို့ ဂုဏ်တက်စရာမျိုး မည်သူက ရှိမည်နည်း။

အပိုင်း ၁၁၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset