စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၁၄ ရှန်းထျန်းဆဌမအဆင့်သို့ အဆင့်တက်ခြင်း။
ယဲ့ရှောင်က တစ်သောင်းမှတစ် အဂ္ဂရိတ်နည်းစနစ်သည် သွေးအဆီအနစ် ကျန်သည့် အဟာရများအားလုံးကို စုပ်ယူရုံသာမက ကောင်းမွန်သည့် အရသာကိုပါ ပြောင်းလဲနိုင်သည်ဟု သံသယ ဝင်မိသည်။
အဂ္ဂရိတ်နည်းစနစ် ပေါင်းစည်းလိုက်သည့်အချိန်တွင် သူက စတင်အိပ်ပျော်သွားပြီးဖြစ်သောကြောင့် နည်းစနစ်တွင် ပါဝင်သည့် အခြေခံ စကားလုံးများကို မမြင်ခဲ့ပေ။ တစ်သောင်းမှတစ် အဂ္ဂရိတ်နည်းစနစ်ကို ခွဲခြားရန် အလွန်မလွယ်ကူခဲ့ချေ။ သို့သော်ငြား အရသာ ကောင်းနေသရွေ့ ယင်းက ကိစ္စမရှိတော့ပေ။
အစားကောင်း နှစ်ခြိုက်သည့် သူတစ်ဦးအနေဖြင့် သူက ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ရလိုက်ရုံသာမက စားချင်စိတ်ကိုလည်း တင်းတိမ်စေ၏။ ထိုထက် ပိုပြီးပြည့်စုံသည့်အရာ ရှိနိုင်မည်လော။
ဆေးလုံးကို မြိုချပြီးနောက် ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းနည်းစနစ်များအားလုံးက လျင်မြန်စွာ စတင်လည်ပတ်လာပြီးနောက် ဆေးလုံးတွင်းရှိ ခမ်းနားသည့် ဝိညာဥ်စွမ်းအင်များအားလုံးကို စုပ်ယူနေကာ ယဲ့ရှောင်၏ ချီသွေးကြောခုနှစ်ကြောနှင့် သွေးကြောရှစ်ကြောဆီသို့ ရောစပ်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်ထဲ ဒုံးကျဥ်များစွာ ဖွင့်လိုက်သည့်ပမာ ဖြစ်သွားစေ၏။
လွန်ကဲခြင်းစွမ်းအား ဓါးမော့။
ကောင်းကင်ပိုင်းဖြတ်ခြင်းဓါး။
ခရမ်းရောင်ကြယ်ပင်လယ်။
နတ်ဘုရားအာရုံစူးစိုက်ခြင်း။
ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်း။
နတ်ဘုရားလက်များပညာ၏ လက်နက်သန့်စင်ခြင်းနှင့် တစ်သောင်းမှတစ် အဂ္ဂရိတ်နည်းစနစ်တောင် ဝိညာဥ်စွမ်းအင် တစ်စိတ်တစ်ပိုင်းကို လှည့်ပတ်လျက် ယဲ့ရှောင်၏ ချီသွေးကြောများကို ဆေးကြောပေးနေ၏။
ဝိညာဥ်ကျင်ကြံမှု နည်းစနစ်ဖြစ်သည်။ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုသာလျှင် အသက်မဝင်လာတာဖြစ်သည်။ အကြောင်းမှာ ၄င်းက ကျင့်ကြံရန်အတွက် ဝိညာဥ်စွမ်းအင်ကို အသုံးပြုသောကြောင့် ဖြစ်၏။ ဝိညာဥ်စွမ်းအင်ဖြင့် အဟာရဖြည့်သည့် အချိန်ကြမှာသာ ၄င်းက လည်ပတ်လာမှာပဲ ဖြစ်သည်။
ယဲ့ရှောင်က သူသည် ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းကို ယခင်က ကျင့်ကြံခဲ့မိသောကြောင့် အင်မတန် ပျော်ရွှင်မိ၏။
သူသည် ကျင့်ကြံခြင်းနည်းစနစ်များစွာ လေ့ကျင့်ခဲ့လေရာ တစ်ပြိုင်နက်တည်း သူ၏ ချီသွေးကြောထဲ၌ အရာအားလုံးကို လှည့်ပတ်သည့် အချိန်တွင် ဖိအားများစွာ ဖြစ်ပေါ်စေလိမ့်မည်။ ယင်းက ဗို့ တစ်သောင်းအားရှိ ဝါယာကြိုးတံကို ခံနေရသည်နှင့် ဆင်တူ၏။ ဆိုလိုသည်က သူက ဗို့ တစ်သောင်းအား သို့မဟုတ် ထိုထက်မြင့်သည့် ကြိမ်နှုန်းဖိအားကို ခံရမှာပဲ ဖြစ်သည်။
အတိတ်တုန်းကသာဆိုလျှင် သူ၏ ချီသွေးကြောများက ပေါက်ကွဲသွားနိုင်ပြီး အလွန်ဒုက္ခများပေ
လိမ့်မည်။ ယခုမူ ထိုသို့သော ပြဿနာကို စိုးရိမ်ပူပန်စရာ မလိုတော့ပေ။ ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းက သူ၏ ခန္ဓာကိုယ်နှင့် ချီသွေးကြောကို အားဖြည့်ပေး၏။
သူက အစွမ်းထက်သည့် တော်ဝင်နည်းစနစ်များကို အပြည့်အဝ တောင့်ခံပေးထားနိုင်ပြီး သူ၏ ခန္ဓာကိုယ်ထဲ လည်ပတ်ရန်အတွက် ဝိညာဥ်စွမ်းအင်ပမာဏများစွာကို သယ်ဆောင်ပေးနိုင်၏။ ထိုမျှ များပြားသော ဝိညာဥ်စွမ်းအင်များ၏ လမ်းညွှန်မှုအောက်တွင် ယဲ့ရှောင်၏ ခန္ဓာကိုယ်က ပြင်းထန်သည့် ရွှေရောင်အလင်း ပေါ်ပေါက်လာပြီးနောက် သူ့ကို အတွေး၌ လွှမ်းခြုံထားတော့သည်။
ထို့အပြင် သူ၏ ကျင့်ကြံခြင်းက လျင်မြန်စွာ ပြောင်းလဲနေသည်ဟုလည်း ခံစားမိသည်။ ယခင်က သူသည် ရှန်းထျန်းဆဌမအဆင့် သိုင်းပညာရပ်၏ စစ်မှန်သော အဓိပ္ပာယ်ကို ဆင်ခြင်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ဝိညာဥ်စွမ်းအင်ပမာဏများစွာ ရရှိပြီးနောက် ထိုအဆင့်ကို အလွယ်တကူ ချိုးဖျက်နိုင်ပြီ ဖြစ်သည်။
ဖောက်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်လာသည့် ကြိမ်နှုန်းတောက်လျှောက် ယဲ့ရှောင်၏ ကျင့်ကြံခြင်းသည် နောက်ဆုံးတော့ ရှန်းထျန်းဆဌမအဆင့်သို့ တက်သွား၏။
ယခုအချိန်တွင် ယဲ့ရှောင်က သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာသော ခွန်အားသည် အရေအတွက်မှ အရည်အသွေးသို့ ကြီးကြီးမားမား ပြောင်းလဲနေတာကို ခံစားလိုက်မိ၏။
၄င်းကို သူ မည်သို့ ထားသင့်သနည်း။ ယင်းသည် အချိန်အတော်ကြာ လှုပ်ရှားမှု မရှိပဲ အိမ်တွင် နေထိုင်နေသည့်ပမာ အဆီပြည့်လာပြီး သူ၏ ခြေလက်များက သင့်တော်စွာ အလုပ်မဖြစ်ပုံ ပေါ်သည့်ပမာ တူနေသည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က ကောင်းမွန်စွာ တည်ဆောက်ထားနိုင်ပြီး ကောင်းမွန်သည့် ကြွက်သားများ လေ့ကျင့်ထားသည့် အားကစားသမားတစ်ဦးပမာ ဖြစ်လာတော့၏။
သူ ထိန်းချုပ်နိုင်သော ခွန်အားနှင့် ထုတ်ဖော်နိုင်သည့် ခွန်အားက ယခင်ကထက် အဆပေါင်းများစွာ ပိုသန်မာလာသည်။ ၄င်းကို ထိန်းချုပ်ရာတွင် ပိုတောင် စူးရှသည့် အာရုံလည်း ရှိလာ၏။
အမှန်တကယ်တွင် ဒုတိယ သူ၏ ကျင့်ကြံမှုက ရှန်းထျန်းစတုတ္ထအဆင့်သို့ ရောက်ပြီး မဟာချီရှန်းတစ်ဦး ဖြစ်လာသည့် အချိန်တွင် သိုင်းပညာရှင်တစ်ဦး၏ ကျင့်ကြံမှုက ဝိညာဥ်စွမ်းအင်ကို ထိန်းချုပ်နိုင်ပြီး အရှိန်အတိုင်း ချီရှန်းတစ်ဦးနှင့် ယှဥ်လျှင် ပြောင်းလဲမှု သိသိသာသာ ဖြစ်ပေါ်လာသည်။
ရှန်းထျန်း ဆဌမအဆင့်သို့ အဆင့်ချိုးဖျက်တက်မှုသည် ရှန်းထျန်းစတုတ္ထကို ချိုးဖျက်တက်မှုနဲ့ ယှဥ်လျှင် ကွာဟချက် ကြီးမားနေ၏။
အရေအတွက် တိုးလာစဥ် အရည်အသွေးကလည်း တိုးလာလေ၏။
ထို့အပြင် မဟာချီရှန်းအဆင့်အတွင်း၌ သိုင်းပညာ၏ စစ်မှန်သည့် အဓိပ္ပာယ်သုံးရပ် ဖွံ့ဖြိုးတိုးတက်လာပြီး တစ်ကိုယ်ထဲမှ မိတ်ဆွေများ ဂုဏ်သိက္ခာနှင့် နှလုံးသား၏ လွတ်မြောက်မှု ပိုသန်မာအောင် တိုက်ခိုက်လိုစိတ် စသည့် အဓိပ္ပာယ်သုံးရပ်ကို ပိုနားလည်သဘောပေါက်လာသည်။
စိတ်ခွန်အားကလည်း မြင့်တက်လာပြီးတစ်ကိုယ်ကောင်းဆန်သည့် သေးငယ်သည့် သူတစ်ဦးမှ အမြင်အာရုံကျယ်သည့်သူ ဖြစ်လာ၏။
ထိုအကြောင်းကြောင့် ရှန်းထျန်းနယ်ပယ်ကို သုံးဆင့် ခွဲခြားထားတာ ဖြစ်၏။ ချီရှန်း မဟာချီရှန်းနှင့် အံ့ဖွယ်ချီရှန်း ဖြစ်သည်။
အဆင့်တိုင်း၌ ကိုယ်ပိုင် ထူးကဲသည့် ဖွံဖြိုးတိုးတက်မှု လက္ခဏာရပ်များ ရှိသောကြောင့် ဖြစ်သည်။
ယင်းက သိုင်းပညာရှင်များရှိသည့် လောကကြီးထဲတွင် သာမန်လူများက မြင့်မားသည့် ရာထူးများ ဆုပ်ကိုင်ထားနိုင်ရသည့် အကြောင်းအရင်းကို နားလည်သွားစေ၏။
တစ်ဖက်တွင်မူ စစ်မှန်သော သိုင်းပညာရှင်များက ကျင့်ကြံမှုကိုသာ ပိုစိတ်အားထက်သန်၏။ ကျင့်ကြံရန် အချိန်ပိုရလာပြီး သူတို့အတွက် အစိုးရနှင့် သက်ဆိုင်သည့် အရေးကိစ္စများကို ဖြေရှင်းရန် အချိန်ပေးဖို့ သိပ်မဖြစ်နိုင်တော့ပေ။
တစ်ဖက်တွင်မူ ဖြည်းဖြည်းချင်း ပိုသန်မာလာသော သိုင်းပညာရှင်များက စိတ်ခွန်အားလည်း သန်မာလာ၏။ သူတို့က အာဏာကို တပ်မတ်ခြင်း မရှိတော့ပေ။
ထိုအကြောင်းကို တွေးကြည့်နိုင်၏။ အတွေးတစ်ချက်ဖြင့် မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများစွာကို သတ်ဖြတ်နိုင်လေရာ အာဏာကို မည်သည့်အတွက်ကြောင့် ဂရုစိုက်ရတော့မည်နည်း။
ရယ်စရာကောင်းပေ၏။ ကျင့်ကြံခြင်းကိုယ်တိုင်က အကြီးမြတ်ဆုံး အာဏာဖြစ်သည်။
သိုင်းပညာရှင်များက ပျင်းရိနေတာ မဟုတ်တာ သေချာ၏။ အကြောင်းမှာ သူတို့၌ ပိုမြင့်မားသော အမြင်အာရုံ ရှိသောကြောင့် ဖြစ်၏။
သန်မာသည့်သူတစ်ဦးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဘဝကို အမူမထားနိုင်သော်ငြား သူကိုယ်တိုင် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖြတ်ဖို့က မဖြစ်နိုင်ချေ။ အကြောင်းမှာ တစ်ဖက်က သူ့ကို ခြိမ်းခြောက်နိုင်သည့် အနေအထား မရှိသောကြောင့် ဖြစ်၏။ ယင်းက သန်မာသူတစ်ဦး၏ ယုံကြည်ချက်ပင်ဖြစ်သည်။
ယဲ့ရှောင်က လက်သီးကျစ်ကျစ်ဆုပ်လိုက်ရာ သူ၏ လက်ချောင်းများမှ တကျွတ်ကျွတ် မြည်သံများ ဆက်တိုက်ပေါ်ထွက်လာ၏။ သူ၏ အရိုး၏ အသံများက တုန်ယင်စေရုံသာမက ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်ချီက ပေါက်ကွဲလာတော့သည်။
သူ၏ ခန္ဓာကိုယ်ထဲ၌ ဝိညာဥ်စွမ်းအင် များပြားလွန်းသည်။
မြေအောက်ခန်းရှိ မြေထုကလည်း ဖြည်းဖြည်းချင်း ပြားကပ်လာပြီးနောက် တဖြည်းဖြည်းချင်း အပြင်သို့ ရောက်သွားသည်။ မမြင်ရသည့် ချဲ့ထွင်မှု။ လမ်းချဲ့စက်ကြီးပမာ သူ့နားတစ်ဝိုက်ရှိ မြေများကို ဖိချေလိုက်တော့၏။
အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်၏ ခန္ဓာကိုယ်သည် မြေအောက်ခန်းထဲကနေ ချက်ချင်း ပျောက်ကွယ်သွားပြီး ကျယ်ပြောသည့် ဝေဟင်၌ ပေါ်လာတော့၏။
သူက အဆင့်တက်ခါစဖြစ်ပြီး ခွန်အားကလည်း သန်မာလွန်းသည်။ ဤခွန်အားအချို့ကို ထုတ်ဖော်ခြင်းမှာ ယင်းက သူ အလွယ်တကူ ထိန်းချုပ်နိုင်
သည့်အရာမဟုတ်။ စွမ်းအင်က သန်မာလွန်းသည်။
ယခုအချိန်တွင် ကျန်းဟိုင်မြို့အထက်ရှိ တိမ်တိုက်များက အရပ်မျက်နှာအနှံ့ ပျံ့ကားသွားပြီးနောက် အောက်သို့ ဆက်ဆင်းနေလေသည်။
သို့သော် ကောင်းကင်ထဲ၌ ဒုတိယမြောက် နေလေးတစ်စင်းပေါ်ပေါက်လာသည့်ပမာ ရွှေရောင်အလင်း ပေါ်ထွက်လာသည်။ ဆန်းကြယ်သော မြင်ကွင်းက မရေမတွက်နိုင်သည့် လူပေါင်းများစွာကို ဆွဲဆောင်မိပြီး ဓာတ်ပုံရိုက်ချင်စိတ်၊ သိချင်စိတ်များ ဖြစ်စေတော့သည်။
မြို့တော်ဝန်၏ အိမ်၌ တုချန်ဖုန်းက မြင်ကွင်းကို မြင်တွေ့သည့်အချိန်၌ သူငယ်အိမ်များ ကျုံ့သွားလေ၏။
” သိုင်းပညာရှင်တစ်ယောက် အဆင့်တက်နေတာလား ”
သူက အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် လေထဲ ချက်ချင်းတက်လှမ်းလိုက်ကာ ရွှေရောင်အလင်း၏ ရောင်ခြည်တန်း ရှေ့သို့ ရောက်သွားသည်။
” ဒီနိမ့်ကျတဲ့ သိုင်းသမား တုချန်ဖုန်းက စီနီယာကို အရိုအသေပေးပါတယ်။ စီနီယာက ကျန်းဟိုင်မြို့ထဲမှာ ရက်ပေါင်းများစွာ ရှိနေလာပြီဆိုပေမဲ့ စီနီယာရဲ့ သွင်ပြင်အစစ်အမှန်ကို တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒီနေ့ ကောင်းကင်ကို မော့ကြည့်မိတဲ့အချိန် စိတ်လှုပ်ရှားလွန်းလို့ လာတွေ့မိတာပါ။ ရန်စတယ်လို့ မမှတ်ယူပါနဲ့ ”
ရွှေရောင်အလင်းတွင် ယဲ့ရှောင်က တုချန်ဖုန်း သူ၏ သွင်ပြင်ကို မြင်တွေ့သွားမှာကို မစိုးရိမ်ပေ။ သူက တစ်ချက်သာ ကြည့်လိုက်ရာ တုချန်ဖုန်း၏ ခန္ဓာကိုယ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတာကို တွေ့ပြီး အံ့သြသွား၏။
သူက မဟာချီရှန်းအဆင့်ရှိသူ ဖြစ်သည်။ သူ့ကို တစ်စုံတစ်ယောက်က မည်ကဲ့သို့ ဒဏ်ရာရစေသနည်း။
ကျန်းဟိုင်မြို့ထဲ၌ အဓိကဂိုဏ်းအထက် ကျန်သည့်သိုင်းပညာရှင်များ ရှိနေသည်လော။
ယဲ့ရှောင်က မျက်ဝန်းများ မှေးကျဥ်းလိုက်ပြီး ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကိုသုံးကာ တုချန်ဖုန်း၏ မှတ်ဉာဏ်ကို စစ်ဆေးလိုက်၏။
တုချန်ဖုန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ အဓိကဂိုဏ်းမှ သိုင်းပညာရှင်တစ်ဦးအနေဖြင့်
ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံထား၏။ ထို့ကြောင့် ယဲ့ရှောင်က သူ၏ မှတ်ဉာဏ်ကို ရှာဖွေကာ ခပ်ရေးရေး ခံစားမိလိုက်၏။ ယင်းက သူ့ရင်ကို ပိုတောင် တုန်လှုပ်သွားစေသည်။
အစွမ်းထက်လိုက်တာ။
စီနီယာက အစွမ်းထက်လွန်းသောကြောင့် ခေါင်းမွေးများ ထောင်ထသွားစေ၏။
ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံနေသော သိုင်းသမားတစ်ဦးအနေဖြင့် ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံခြင်းက ထောက်ပံ့မှုတစ်ရပ်အနေဖြင့်သာ ဖြစ်သည်။ လူအနည်းစုသာလျှင် ဝိညာဥ်စွမ်းအင် ကျင့်ကြံမှုကို အာရုံစိုက်ကြ၏။ အကြောင်းမှာ ယင်းက အချိန်ကုန်လွန်းသောကြောင့် ဖြစ်သည်။ ထိုသို့တိုင် သူ့ရှေ့ရှိ လူက သိုင်းပညာက ဤကဲ့သို့ အစွမ်းထက်သည့် ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံနိုင်သည်။
တစ်ဖက်လူက သူ့ကို စစ်ဆေးနေချိန်၌ ဝိညာဥ်စွမ်းအင်က ခုခံခြင်းတောင် မရှိပေ။ ယင်းက မည်ကဲ့သို့ ကောင်းကင်ကို ဖီဆန်သည့် ကျင့်စဥ်မျိုးနည်း။
အပိုင်း ၁၁၄ ပြီး၏။