စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၁၃ ပြည့်စုံသော အဂ္ဂရိတ်နည်းစနစ်များ။
လမ်းပေါ်ရှိ စျေးသည်များသည် လုံခြုံရေးချို့တဲ့မှုကြောင့် အတော်အလျင်လိုနေပုံရ၏။
လူအုပ်ကြီးထဲတွင်လည်း လူတစ်ယောက်က ဦးထုပ်ကို ဆောင်းထားကာ လေကာအပေါ်ဝတ်ကို ဝတ်ထားလေသည်။ သူ၏ သွင်ပြင်က အနည်းငယ် အကောင်ကြီးပုံပေါ်သော်ငြား အစောပိုင်း ဆောင်းဦးမနက်ခင်း၌ အလွန်အကျွံ သံသယဖြစ်စရာ မရှိပေ။
အနားကနေ ကင်းလှည့်ကားက ဟွန်းတီးပြီး ဖြတ်သွားလေ၏။ သူက ဦးထုပ်ကို အနည်းငယ် ဆွဲချလိုက်သည်။
ကင်းလှည့်ကားက တဖြည်းဖြည်းချင်း အဝေးသို့ မောင်းသွားရာ သူ၏ မျက်နှာထက်တွင် အပြုံးပေါ်လာတော့သည်။
အန္တရာယ် အများဆုံးနေရာက အလုံခြုံဆုံးနေရာဖြစ်နေကြပဲ။ အခု ငါက ချီရှန်းအဆင့် သံချပ်ကာ ဝတ်ထားတာ။ ငါ့ရဲ့ အရှိန်အဝါကို ပိတ်ဆို့ထားပြီးတဲ့နောက် ချီရှန်း ဒါမှမဟုတ် ချီရှန်းအဆင့်အထက် တစ်ယောက်မဟုတ်ရင် သူတို့ ငါ့ကို ရှာနိုင်မှာ မဟုတ်ဘူး။ ငါသာ ကျန်းဟိုင်မြို့ထဲက ထွက်နိုင်သရွေ့ ဘာမှစိုးရိမ်ပူပန်နေစရာ မလိုတော့ဘူး။
သူပြောပြီးသည်နှင့် ချောမောခန့်ညားသော လူရိပ်တစ်ရိပ်က လျှောက်လာလေသည်။
သူက ပဲနို့သောက်လျက် ပေါက်စီစားနေသည်။ ပခုံးပေါ်၌လည်း မီးခိုးရောင် ကြောင်လေးတစ်ကောင် ရှိနေလေ၏။
တစ်ဖက်လူကမူ သူ့ကို မကြည့်ပေ။ သို့သော်ငြား ပခုံးပေါ်က ကြောင်က စိုက်ကြည့်နေ၏။
ယင်းက သူ့ကို နှလုံးခုန်နှုန်း ပျက်ပြားသွားစေ၏။
သူပေါ်သွားပြီလား။ ကြယ်တာရာသားရဲတစ်ကောင် ရှာတွေ့သွားတာလား။ မဟုတ်ဘူး။ အခြေအနေက မူမမှန်ဘူး။
မြို့စောင့်တပ်ဖွဲ့ကလည်း ကြယ်တာရာသားရဲအချို့ကို လေ့ကျင့်ပေးထားကာ ကျားနတ်ဆိုးများ၊ သားရဲလူသားများနှင့် ကြယ်တာရာသားရဲများကို အမဲလိုက်ရန်အတွက် သူတို့ကို အသုံးပြုကြသည်။ အကြောင်းမှာ ကြယ်တာရာသားရဲများသည် ကျန်သည့် ကြယ်တာရာသားရဲများ၏ အရှိန်အဝါကို ပိုပြီး သိလွယ်သောကြောင့်ဖြစ်၏။
ယင်းက မြို့စောင့်တပ်ဖွဲ့တွင် သားရဲသခင်များ ရှိသည်။
တစ်ဖက်လူက သာမန်လူမဟုတ်။ သို့သော် မြို့
စောင့်တပ်ဖွဲ့၏ သားရဲသခင်တစ်ယောက် ဖြစ်သည်။
ဟီး ဟီး ဟီး။ မင်းက သာမန်အနက်ရောင်ဝတ်စုံလေး ဝတ်ထားတာကြောင့် ငါ ဂရုမစိုက်ပဲ နေမယ်လို့များ ထင်နေလား။ မင်းက ငါ့ကို ဇဝေဇဝါ ဖြစ်စေဖို့တောင် အေးအေးလူလူ စားချင်ယောင်ဆောင်နေသေးတယ်။ မင်း ငါ့ရှေ့ရောက်တဲ့အချိန်ကြ ရုတ်တရက် လှုပ်ရှားပြီး ငါ့ကို အငိုက်မိအောင် တိုက်ခိုက်မှာမလား။ ကံဆိုးတာက ငါ မင်းကို ရှာတွေ့သွားပြီ။ ငါအရင် လှုပ်ရှားလိုက်ရင် မင်းကို အငိုက်ဖမ်းလို့ ရပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ
ချီရှန်းအဆင့် သံချပ်ကာ ရှိတယ်။ တစ်ဖက်လူက ငယ်ရွယ်နေတာ။ သူက ချီရှန်းအဆင့် သိုင်းပညာရှင် မဖြစ်လောက်ဘူး။ ငါ့ရဲ့ ခုခံမှုကိုတောင် ဖြိုဖျက်နိုင်မှာ မဟုတ်ဘူး။
ငါ သူ့ကို ဖျက်စီးရမယ်။
တစ်ဖက်လူက ခြေဆောင့်နင်းလျက် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်များကို လှည့်ပတ်လိုက်တော့၏။ သူ၏ ခန္ဓာကိုယ်သည် ယဲ့ရှောင်ဆီသို့ မြှားတစ်စင်းပမာ ချက်ချင်းတိုးဝင်သွားလေ၏။
အသက်နှစ်ရှိုက်စာခန့် ကြာသွား၏။
ဖုန်း။
ပြင်းထန်သည့် ပေါက်ကွဲသံနှင့်အတူ လူအုပ်ကြီးက ကြောက်လန့်ကုန်တော့သည်။
” မကောင်းတော့ဘူး။ ပေါက်ကွဲမှုတစ်ခု ဖြစ်တယ်။ တစ်ယောက်ယောက် သေသွားပြီ ”
” မြန်မြန်ပုန်း ”
လူအုပ်ကြီးက ရုတ်ရုတ်သမ်းသမ်း ဖြစ်နေစဥ် ယဲ့ရှောင်က စာကြည့်တိုက်ဝင်ပေါက်သို့ လျှောက်ပြီးသားဖြစ်၏။
သူ၏ မျက်လုံး၌ ဇဝေဇဝါ ဖြစ်မှုများ ပြည့်နေသည်။
အစောတုန်းက မည်သို့ဖြစ်ခဲ့သနည်း။ သူက တစ်ဖက်လူ၏ အထောက်အထားကို သိသည်။ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုက အစောတည်းက သူ့ကို ထောက်လှမ်းခဲ့ပြီး ဖြစ်သည်။ တစ်ဖက်လူက ချီရှန်းအဆင့် သံချပ်ကာကို ဝတ်ဆင်ထားပြီး လေကျားသားရေကနေ သန့်စင်ထားတာ ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူက ဝရမ်းပြေးဆိုတာ သိသာနေသည်။
ပြဿနာက တစ်ဖက်လူသည် သူ့ကို အဘယ်
ကြောင့် တိုက်ခိုက်ရသနည်း။ တစ်ဖက်လူက ဟို့ထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်၏။ သူအထောက်အထားကို ရှာတွေ့ဖို့က မဖြစ်နိုင်ပေ။ ထို့အပြင် သူ့နား၌ မြို့စောင့်တပ်ဖွဲ့များမရှိ။ သူက ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့၏။ ဓါးစာခံခေါ်ယူပြီး သူ့ကိုသူ ထုတ်ဖော်စရာ မလိုအပ်ချေ။ မေးခွန်းက ယဲ့ရှောင်၏ စိတ်ထဲ ရှိနေစဥ် အဖြေက ရလာ၏။
တိုက်ခိုက်ပြီးနောက် သူက စာအုပ်ဖတ်ရန်အတွက် စီမံခန့်ခွဲရေး ဧရိယာသို့ ဝင်လိုက်သည်။ ပခုံးပေါ်သို့ ကြည့်လိုက်ရာ မျက်ခုံး အနည်းငယ် ပင့်မိသွား၏။
” ဟွမ်လျိုလီ ဘာကြောင့် ကြောင်တောင်တောင်နဲ့ ခေါင်းမော့ကြည့်နေတာလဲ ”
အော်လိုက်ပြီးသည်နှင့် ဟွမ်လျိုလီက မတုံ့ပြန်ခဲ့ပေ။ သူက ထပ်အော်လိုက်လေရာ သူငယ်အိမ်များက ပြောင်းလဲလာပြီးနောက် စတင်လှုပ်ရှားလာ၏။
” ကျွန်မ အိပ်နေတာ ”
” မျက်လုံးဖွင့်လျက်သား အိပ်နေတာလား ”
” မဟုတ်ဘူး။ လတ်တလော ကမ္ဘာမြေပေါ်မှာ ဇီးကွက်လို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ကို တွေ့ခဲ့တာ။ အဲ့ဒါက ကျွန်မနဲ့ တစ်နည်းနည်းနဲ့ သက်ဆိုင်နေလောက်တယ်လို့ တွေးမိတာ။ သူက မျက်လုံးဖွင့်လျက်သား အိပ်နိုင်တယ်ဆိုမှတော့ ကျွန်မလည်း မျက်လုံးဖွင့်ပြီး အိပ်နိုင်မှာပေါ့။ ဒါကြောင့် စမ်းကြည့်ကြည့်တာ။ အောင်မြင်သွားလိမ့်မယ်လို့ မထင်ထားဘူးလေ ”
သူက တကယ်ဆွံ့အသွား၏။ ရူးကြောင်ကြောင် ကြောင်သည် တစ်ချိန်လုံး ကြောင်တောင်တောင် လုပ်ရပ်များသာ လုပ်နေ၏။
ဇီးကွက်က လုံးဝကွဲပြားခြားနားသည့် တိရစ္ဆာန်မျိုးဖြစ်ပြီး ယင်းက ငှက်တစ်ကောင် ဖြစ်သည်။ သူတို့ မည်ကဲ့သို့ သက်ဆိုင်မည်နည်း။
ထားလိုက်တော့။ သူ့အကြောင်း မေ့လိုက်တော့။ စာဖတ်ဖို့အတွက် ငါ့အချိန်တွေကို သုံးတာ အကောင်းဆုံးပဲ။
ယဲ့ရှောင်က အတွေးများထဲမှ ရုန်းထွက်လိုက်ပြီးနောက် အဂ္ဂရိတ် အခြေခံ ကျင့်ကြံခြင်း နည်းစနစ်များကို စတင်ရှာဖွေတော့သည်။
ရက်အနည်းငယ်ကြာညောင်းပြီးနောက် ယဲ့ရှောင်သည် နောက်ဆုံးအခြေခံ အဂ္ဂရိတ်ကျင့်ကြံမှု နည်းစနစ်နှစ်မျိုးကို စတင်ရှာဖွေလိုက်နိုင်၏။
အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ထဲတွင် အခြေခံ အဂ္ဂရိတ် ကျင့်ကြံခြင်း နည်းစနစ်များကို မှတ်တမ်းတင်ထားသည့် စာရွက်များအားလုံးက ရွှေရောင်အလင်းဖြင့် တောက်ပနေလေ၏။
ပေါင်းစည်းရန်အချိန် ရောက်လာပြီဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် နောက်ထပ် ပိတ်ရက် ရလာသောကြောင့် ယဲ့ရှောင်၌ အချိန်လုံလောက်ပေ၏။
သူ အိမ်ပြန်ရောက်လာပြီးနောက် ချက်ချင်းပင် အံ့ဖွယ်ဝိညာဥ်ကို သုံးကာ ကျင့်ကြံခြင်း နည်းစနစ်များကို ပေါင်းစည်းတော့သည်။ ပြီးနောက် အိပ်ပျော်သည့် အခြေအနေထဲ ဝင်ရောက်သွားကာ ဖွင့်လှစ်သည့်ပမာ ဖုန်းကို စောင့်နေသည်နှင့် အိပ်ပျော်သည့် အခြေအနေထဲ ဝင်ရောက်သွား၏။
မည်သည့်နည်းနှင့်မဆို သူ၏ အံ့ဖွယ်ဝိညာဥ်က အရာအားလုံးကို ထိန်းနိုင်၏။ တစ်ညတာကြာပြီးနောက် သူ၏ အံ့ဖွယ်ဝိညာဥ်က ကျင့်ကြံခြင်းနည်းစနစ်ကို အမြင့်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံပေးလိမ့်မည်။ သူက ၄င်းကို တိုက်ရိုက်ယူလာပြီး သုံးရက်သာ ရှိ၏။ မကြာမီနှင့် ဒုတိယမြောက်နေ့၏ နံနက်ခင်းသို့ ရောက်လာ၏။ ယဲ့ရှောင်က အိပ်နေရာမှ နှိုးလာတော့သည်။
အံဖွယ်ယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က အောင်မြင်စွာ ပေါင်းစပ်ပြီးသွားကာ တော်ဝင်အဆင့် အဂ္ဂရိတ် နည်းစနစ်ကို ထုတ်ဖော်ပြသပြီး တစ်သောင်းမှ တစ်ပဲဖြစ်သည်။
ယဲ့ရှောင်က သူ၏ ကိုယ်ပိုင် အံ့ဖွယ်ဝိညာဥ်ကို သံသယဝင်နေ၏။ အမှန်တကယ်တွင် ယင်းက အတော်လေး ဉာဏ်မရှိပေ။ ပေးသမျှ အမည်များအားလုံးက ဆိုးရွားလွန်းပေသည်။
ယခင်က လက်နက်သန့်စင်ခြင်း နည်းစနစ်သည် အနည်းနှင့်အများ ဒေသသုံး အသုံးအနှုန်း ဖြစ်နေသေး၏။ ယခုမူ ကြုံရာစကားလုံး လေးလုံးသာ ဖြစ်နေ၏။ စကားစုတစ်ခုတောင် မဟုတ်ပေ။
သူ၏ ငယ်ရွယ်သော နှလုံးသားနှင့် မကိုက်ညီပေ။
ရှိပါစေတော့။ ပြောရရင် ဒါက တော်ဝင်နည်းစနစ်ပဲလေ။ အလွန်အသုံးဝင်နေသေးတာ။
ထို့အပြင် သူက အရူးတစ်ယောက်နှင့် ၄င်းကို အော်ပြီး သုံးရန် မလိုအပ်ချေ။ ထို့ကြောင့် ၄င်းကို အသုံးပြုသည့်အချိန်၌ ရှက်ရွံ့မှုကို ခံစားရမှာ မဟုတ်ချေ။
သူက ဘောင်းဘီဝတ်ပြီးနောက် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို အသုံးပြုကာ ချက်ချင်းပင် မြေအောက်ခန်းထဲသို့ ရောက်လာ၏။
မြေအောက်ခန်းထဲတွင် အေးစက်သော လေကို ဖိနှိပ့်ထားသည်။ သူလိုင်းပေါ်တွင် ဝယ်ယူခဲ့သော အခင်းအကျင်းဖြင့် ၄င်းက လေအေးများကို သိပ်သည်းပေးနိုင်ပြီး ပစ္စည်းအချို့ကို သိုလှောင်ရန်အတွက် ရေခဲသေတ္တာထဲသို့ လုပ်ဆောင်ချက်တစ်ခုကို ဖွဲ့တည်ပေး၏။
အေးခဲသည့် လေအောက်တွင် အရေခွံခွာခံထားရသော အနက်ရောင်ကြေးခွံ မြွေက အနီရောင်အသားချောင်းကြီးအဖြစ် ပြောင်းလဲနေပြီဖြစ်၏။
ယဲ့ရှောင်က လက်မြှောက်ပြီးနောက် ဓါးဆန္ဒကို ထုတ် ကာ အနက်ရောင်ကြေးခွံမြွေကို အပိုင်းပိုင်း ခုတ်ထစ်လိုက်၏။ အံ့မခန်း ဆေးလုံးက အဆင့်
မြင့်ကုန်ကြမ်းများဖြင့်သာ အသုံးပြုနေကြ ဖြစ်၏။ အဟာရ ကြွယ်ဝစေရန် ဖျတ်လတ်သည့် သွေးအဆီအနစ် လတ်ဆတ်သော အသားတို့ ရှိရသည်။ တာရှည်ခံ ဆိုးဆေးတို့ မပါရှိပေ။
အနက်ရောင်ကြေးခွံမြွေက လိုအပ်ချက်တို့အားလုံးပြည့်မှီသည်။ ဆိုရလျှင် ယင်းက ရှန်းထျန်းစတုတ္ထအဆင့် ကြယ်တာရာသားရဲဖြစ်သည်။
အပြင်ခွံက မီးသွေးပမာ နက်မှောင်နေသော်ငြား အတွင်းထဲရှိ အသားကမူ အမှန်တကယ် နူးညံ့၏။
ယဲ့ရှောင်က သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်ပြီး အနက်ရောင်ကြေးခွံမြွေ၏ အသားများအားလုံး သွေး၊ အရိုး၊ ရိုးတွင်းချဥ်ဆီ၊ အကြောများအားလုံးကို ထုတ်လိုက်၏။ သွေးအဆီအနစ်အားလုံးနှင့် ၄င်း၏ ခန္ဓာကိုယ်ထဲရှိ အဟာရအားလုံးကို ထုတ်ပြီးနောက် တစ်သောင်းမှ တစ်သည် ဆေးလုံးတစ်လုံးအဖြစ် ပေါင်းစည်းပေးနိုင်၏။ ယင်းကို ပြီးပြည့်စုံစွာ ထုတ်နိုင်ပြီး မတူညီသည့် ပါဝင်ပစ္စည်းများနှင့် အဟာရအားလုံးက ဆေးလုံးတစ်လုံးအဖြစ် ဖွဲ့တည်ရန် အတူတကွ ရောနှောလိုက်ပေမည်။
ထိုဆေးလုံးက ရှန်းထျန်းစတုတ္ထအဆင့် ကြယ်တာရာသားရဲ တစ်ကောင်လုံး၏ သွေးအဆီအနစ်များ ပါဝင်သည်။
ယဲ့ရှောင် ယခင်က စားခဲ့သော အနက်ရောင် ကြေးခွံမြွေသားထက် ပိုကောင်းပေ၏။
ဆေးလုံးဖွဲ့တည်ပြီးနောက် နောက်ဆုံးတွင် ပဲစေ့အရွဟ်အစားခန့် ရှိသော ရွှေရောင်ဆေးလုံးအဖြစ် ပြောင်းလဲသွား၏။ ယင်းက ယဲ့ရှောင်၌ လည်ပတ်နေသည်။
ယဲ့ရှောင်က ၄င်းကို ဖိကိုင်ပြီးနောက် ပါးစပ်ထဲ ပစ်ထည့်လိုက်ကာ တိုက်ရိုက်မြိုချလိုက်၏။
မြန်း မြန်း မြန်း။
သင်းပျံ့သည့် ရနံ့ရှိ၏။ အနက်ရောင်ကြေးခွံမြွေသားကို ကင်ထားသည်နှင့် တူသော်ငြား ကြက်ကင်နှင့် အနည်းငယ်တူ၏။ မာကျွတ်ပြီး ဝါး၍ ကောင်းသည်။
အရသာက အတော်လေး ကောင်းလှပေ၏။
အပိုင်း ၁၁၃ ပြီး၏။