Switch Mode

Chapter – 111

သွေးဆေးမှုကို ဖြစ်စေသည့် သံချပ်ကာ တစ်စုံ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၁၁ သွေးဆေးမှုကို ဖြစ်စေသည့် သံချပ်ကာတစ်စုံ။

” မင်းက ဓါးမော့နည်းစနစ်ကို လေ့ကျင့်နေတာ မဟုတ်ဘူးလား။ ဒီဓါးပျံကိုလည်း ဓါးမော့လို့သတ်မှတ်လို့ရတယ်လား ”

ယဲ့ရှောင်က တမင်တကာပင် စနှောက်လိုက်တာပဲ ဖြစ်၏။

ချင်ယွိယန်က ဓါးပျံကို ကောက်ပြီး ပြုံးလိုက်တော့သည်။

” ဓါးပျံတွေက လက်နက်ပုန်းတွေလေ။ အမှန်တကယ် ပြောရရင် လက်နက်ပုန်းထဲ ထည့်မတွက် ဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ကျွန်မဦးလေးက ဒါကို ဝယ်ပေးခဲ့တာ။ အလွန်သန်မာတဲ့ ပန်းပဲဆရာတစ်ယောက်က သွန်းလုပ်ခဲ့တာလေ။ သူ့ရဲ့ စွမ်းအားက သာလွန်ချီရှန်းအဆင့် ဓါးပျံတွေထက် ပိုသန်မာတယ် ”

” အော် … ဘယ်ပန်းပဲဆရာကများ ဒီလိုအစွမ်းထက်တဲ့ ဓါးပျံကို သန့်စင်နိုင်လောက်အောင် အင်အားကြီးတာပါလိမ့် ”

ထိုမေးခွန်းကို ကြားသောအခါ ချင်ယွိယန်က ခေါင်းခါလိုက်၏။

” အဲ့ဒီအကြောင်း ကျွန်မ မသိဘူး။ စီရင်စု ၉ခုထဲမှာ ပန်းပဲဆရာတွေရဲ့ အထောက်အထားအကြောင်း သီးသန့်စုံစမ်းစစ်ဆေးခွင့် မပြုတဲ့ ဥပဒေ ရှိပြီးသား။ အာဏာပိုင်တချို့ပဲ ဒါကို စုံစမ်းနိုင်တာ။ ကျွန်မ ဦးလေးက စုံစမ်းဖို့အတွက် နည်းလမ်းတချို့ သုံးချင်ခဲ့တာ။ ဒါပေမဲ့ သူ့ကို မမေးခိုင်းသင့်ဘူးလေ။ မဟုတ်ရင် ပြဿနာတွေ အများကြီးတက်မှာ ”

” နှမြောစရာပဲ ”

ယဲ့ရှောင်က ခပ်ဖျော့ဖျော့ ပြောလိုက်လေ၏။ ချင်ယွိယန်က ခေါင်းညိတ်ပြီးနောက် နှစ်ယောက်သားက ထွက်သွားလိုက်သည်။

စာကြည့်တိုက်ထဲမှ ထွက်ပြီးနောက် ယဲ့ရှောင် မျက်မှောင်ကျုံ့ကာ စတင်တွေးတောတော့သည်။

သူဌေးရွှီကို သူက ရောင်းခဲ့လျှင်တောင် သူဌေး ရွှီအဖို့ လက်နက်ရုံးဆီသို့ ၄င်းကို ရောင်းချခြင်းက မလုံခြုံလောက်ပေ။

သူဌေး ရွှီက အဆုံးတွင်မူ လက်နက်ရုံသို့သာ ရောင်းချမှာ သေချာ၏။ လက်နက်ရုံကမူ သူဌေး ရွှီ၏ သတင်းအချက်အလက်ကို မှတ်တမ်းတင်ထားလောက်၏။ တစ်စုံတစ်ယောက်က စစ်ဆေးချင်လျှင် သဲလွန်စ နောက်ကိုလိုက်ပြီး သူ့ကို အလွယ်တကူ ရှာနိုင်၏။

သူဌေး ရွှီက ဘာမှမပြောသော်ငြား တစ်ဖက်လူများက ဘဏ်ကနေ ငွေလွှဲသည့် အချက်အလက်ကို ရသွားနိုင်သည်။ ထိုသို့ဆိုလျှင် သူတို့က သူ့ကို ရှာတွေ့သွားလောက်၏။

မှောင်ခိုစျေးသို့သွားရန် ပြဿနာများ များလွန်းသောကြောင့်သာ မဟုတ်လျှင် သူသည် မှောင်ခိုစျေးသို့ အစောတည်းက သွားပြီးလောက်ပြီ ဖြစ်၏။

သို့သော် ယခုအချိန်တွင် အဆင်ပြေနေသေး၏။ ယင်းက ချီရှန်းအဆင့် ဓါးပျံတစ်စင်းမျှသာ ဖြစ်သည်။ ယင်းက အလွန်တန်ဖိုးကြီးသည့် လက်နက်မဟုတ်။ ထို့ကြောင့် မည်သူကမှ သူ့ကို တမင်တကာ မျက်စိထောင့်ထောက် ကြည့်နေမှာ မဟုတ်ပေ။

နောင်ကြ သူသည် ထိုကဲ့သို့ ပစ္စည်းမျိုး ထပ်မလုပ်နိုင်ချေ။

အချက်တစ်ချက် ရှိသေး၏။ သူသည် သူဌေး ရွှီ၏ ဓါးပျံနှင့် ပိုက်ဆံလွှဲပြောင်းရသည့် အကြောင်းအရင်း စသည့် အချက်အလက်များအပါအဝင် သူဌေး ရွှီ၏ မှတ်ဉာဏ်များကို ပြန်ပြင်ရန် အချိန်တချို့ ယူရမည်။

ဓါးပျံကို သူဌေး ရွှီ၏ ဘိုးဘေးများက သန့်စင်ခဲ့သည်ဟု ပြောင်းလိုက်တာက အဆင်ပြေသည်။

ဘဏ်ကဒ်ငွေလွှဲအတွက်မူ ယင်းက သူသည် ရွှီတာ့မောင်ကို သဘောကျနေသောကြောင့် သူဌေး ရွှီက သူမကို တစ်ယောက်တည်း ထားရစ်ခဲ့ရန် သူ့ကိုပြောပြီး သူ့ကို ပိုက်ဆံပေးခဲ့တာ ဖြစ်သည်။ သို့သော် ယင်းက သိပ်တော့ ယုတ္တိမရှိပေ။

ယဲ့ရှောင်က လူတွေကို အထင်သေးချင်တာ မဟုတ်သော်ငြား သာမန်လူများက သူဌေး ရွှီသည် ရွှီတာ့မောင်ကို သူထားမသွားဖို့ သူ့အား တောင်းဆိုမှာ မဟုတ်မှန်း တွေးလောက်သည်။ တခြားအကြောင်းအရာတစ်ခုကို ပြောင်းတာက ပိုကောင်းပေမည်။

သူဌေး ရွှီသည် သူ့ကို မိသားစုအတွင်း ခေါ်ချင်နေသောကြောင့်ဟူ၍ ပြောင်းလိုက်တာက ပိုပြီး ယုတ္တိရှိ၏။ ဆိုရလျှင် ထိုအကြံကို သူ ယခင်က စဥ်းစားခဲ့ဖူးတာပဲ ဖြစ်သည်။ နောက်ထပ် ပြဿနာတစ်ရပ် ရှိနေသည်။

ယင်းက သူ့အိမ်အောက်ရှိ မြေအောက်ခန်းပင် ဖြစ်သည်။ အနက်ရောင်ကြေးခွံမြွေ၏ မြွေသားများကို သိုလှောင်ရန်အတွက် မြေအောက်ခန်းကို ဟွမ်လျိုလီက ချဲ့ထွင်းခဲ့၏။ ယင်းက ဆင်ခြင်ဖုံး၌ တည်ရှိနေသော်ငြား ရှာမတွေ့ဟူ၍ အာမခံဖို့က ခက်ခဲသည်။

အိမ်ကို ဟန့်တားရန် ဝိညာဥ်စွမ်းအင်ကို အသုံးပြုပြီး မည်သူမှ ၄င်းကို သတိမပြုနိုင်သောငြား သူမ အိမ်တွင် မရှိလျှင် အတော်လေး အန္တရာယ်များနေသေး၏။

ထိုအချိန်တွင် ကြယ် ၇လုံးတန်းမည့်နေ့က ချဥ်းကပ်လာပြီဖြစ်ရာ ယွမ်လျိုလီ၏ စိတ်ရူးဖောက်သွားမှာကို ကာကွယ်ရန်အတွက် သူမက သူ့ဘေးတွင် တစ်ချိန်လုံး နေရမည်။ ကြယ်အစီအရင်ကို လေ့လာပြီး တည်ဆောက်ခဲ့မည်ဆိုလျှင် အချိန်ကုန်ပေလိမ့်မည်။

ယခုအချိန်တွင် ကြယ်အစီအရင်ကို လေ့လာချင်စိတ် မရှိပေ။ အချိန်တိုအတွင်း ဘာမှ တိုးတက်မှာမဟုတ်။ အကျိုးအမြတ်ကလည်း မထိုက်တန်ပေ။

လေဟာနယ်နှင့် သိုလှောင်သည့် ပစ္စည်းများ၏ စွမ်းအင်ကို ထိန်းချုပ်နိုင်သော အလွန်အဆင့်မြင့်သည့် ကျင့်ကြံခြင်း နည်းစနစ်ရှိကြောင်း သူ ကြားခဲ့ဖူးသည်။ သို့သော် ထိုကဲ့သို့ ကျင့်ကြံခြင်း နည်းစနစ်က အဆင့်မြင့်လွန်း၏။ ကျန်းဟိုင်မြို့ကဲ့သို့ မြို့လေးတွင် ရှာဖွေရန် မလွယ်ကူချေ။

ပြီးနောက် သူသည် သန့်စင်ခြင်း နည်းစနစ်ကိုအသုံးပြုပြီး သိုလှောင်နေရာကို သန့်စင်နိုင်ရန်အရည်အချင်းရှိသည့် တစ်စုံတစ်ခုကိုလည်း သန့်စင်ရဦးမှာပဲ ဖြစ်သည်။ သူ ယခင်ဘဝတုန်းက စာအုပ်များဖတ်သည့် အချိန်၌ ကျင့်ကြံခြင်း ဝတ္ထုများ အများစုက ထိုအကြောင်း ထည့်ပြောခဲ့သည် မဟုတ်ပါလော။ ယင်းက သိုလှောင်လက်စွပ်ဟုခေါ်သည့် အရာဖြစ်သည်။

ယဲ့ရှောင်က ထိုအကြောင်းကို စာကြည့်တိုက်ထဲတွင် ဖတ်ခဲ့ဖူး၏။ ဤလောကထဲတွင် လေဟာနယ်စွမ်းအားဖြင့် ပစ္စည်းများကို သိုလှောင်မှုအချို့ ရှိပုံရသည်။ သို့သော် သိုလှောင်လက်စွပ်က ကျင့်ကြံခြင်း ဝတ္ထုထဲတွင်သာရှိကြောင်း သို့သော် ၄င်းက ကျင့်ကြံခြင်း ဝတ္ထုထဲရှိ သိုလှောင်လက်စွပ်များလောက် မဟုတ်ပေ။ ယင်းက တောင်ကြီးတစ်တောင် ဆံ့နိုင်လောက်သည်အထိ ခိုင်မာရုံသာ ရှိသည်။ တစ်စုံတစ်ယောက်က သိုလှောင်လက်စွပ် ပြုလုပ်ချင်လျှင် အထူးအရည်အချင်းများနှင့် အထူးကုန်ကြမ်းများ လိုအပ်၏။

သာမန်သံမဏိကို သန့်စင်ရန် ခက်ခဲသည်။ သို့သော် သိုလှောင်လက်စွပ်တစ်ကွင်းကို သန့်စင်ခြင်းက သန့်စင်သူအတွက် အလွန် မြင့်မားသည့်လိုအပ်ချက်များ ရှိနေသောကြောင့် ယင်းက တန်ဖိုးမကြီးပေ။ ထိပ်တန်းအလွှာ သန့်စင်သူသာလျှင် သိုလှောင်လက်စွပ်တစ်ကွင်း သန့်စင်ရန်အရည်အချင်း ရှိ၏။

သာမန်သန့်စင်သည့်သူက လေဟာနယ် ဓာတ်စွမ်းရည်ရှိသည့် ကုန်ကြမ်းများ ရခဲ့လျှင်တောင် အသုံးမဝင်ပေ။

ထို့အပြင် ၄င်းက စျေးကြီးလျှင်တောင် ယဲ့ရှောင်က စိတ်မပူချေ။

သူသည် ဓါးပျံများစွာကို ရောင်းချခဲ့သောကြောင့် သူဌေး ရွှီသည် သူ့ကို ငွေများစွာ လွှဲပေးထား၏။သိန်းချီရှိနေပြီဖြစ်သည်။ သူက ယခုအချိန်တွင်
မီလီယံ သန်းကြွယ်သူဌေးလေးဟူ၍ သတ်မှတ်၍ ရသည်။ သူသည် မှောင်ခိုစျေးသို့ ခရီးတစ်ခေါက် ထွက်ရတော့မည့်ပုံ ပေါ်၏။

ညအချိန်တွင် ယဲ့ရှောင်က ဘာကိုမှ မစားခဲ့ပေ။

မှောင်ခိုစျေး၌ မုန့်မျိုးစုံရှိ၏။ သူ၏ အကြိုက်ကို ရံဖန်ရံခါ ပြောင်းလဲသင့်သည်။

သူတို့၏ အဟာရ တန်ဖိုးက အနက်ရောင်ကြေးခွံမြွေသားနဲ့ မယှဥ်နိုင်သော်ငြား အစာကောင်း ကြိုက်သူများသည် ပစ္စည်းတစ်ခု အဟာရရှိရှိ မရှိရှိကို ဘယ်တော့မှ ဂရုမစိုက်ပေ။

အစားကြိုက်သူများက ပါးစပ်ကနေ အစာအိမ်ထဲရောက်မည့် အတိုင်းအတာကိုသာ အမြဲတမ်း ဂရုစိုက်သည်။

အရသာ ကောင်းနေသရွေ့ တို့ဟူးနံ့သည်လည်း မြွေသားနည်းတူ ကောင်းနေတာပဲ ဖြစ်သည်။ ယခင်ကအတိုင်းပင် သခင်နှင့် အစေခံ နှစ်ယောက်သားက အရှေ့မှအနောက် ဆက်သွားပြီး ည၁၀နာရီမှ ၁၂နာရီအထိ သွားခဲ့သည်။

မှောင်ခိုစျေးသည် စတင်ပြီး စည်ကားလာသည့်အချိန်၌ ယဲ့ရှောင်က အလုပ်စတော့၏။

ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှုကို လှည့်ပတ်ပြီး ယဲ့ရှောင်က သူ၏ ဝိညာဥ်စွမ်းအင် ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့ရာ လေဟာနယ်ဓာတ်ပြုကုန်ကြမ်းများကို ရောင်းချသည့် စျေးဆိုင်တန်းများ တွေ့ခဲ့ရသည်။ မီးတောင်ထွက်ကျောက်။

ယင်းက ကြယ်ဆုံကောင်းကင်ထဲတွင် ရှာတွေ့သည့် ကုန်ကြမ်းတစ်မျိုး ဖြစ်သည်။ ပိန်းပိတ်အောင် နက်မှောင်နေသော ကျောက်ရိုင်းတုံးနှင့် တူပြီး ကြည်လင်နေကာ အားနည်းသည့် လေဟာနယ်စွမ်းအင် ပါဝင်သည်။ ၄င်း၌ အားနည်းသော လေဟာနယ်စွမ်းအင် ပါဝင်ရုံသာမက ယင်းကအချိန်အများစု၌ အလွန်မာကျောပြီး ထူးခြားသော ပစ္စည်းများကို သန့်စင်ရန် ကုန်ကြမ်းများအတွက် သို့မဟုတ် အသုံးအဆောင်အဖြစ် ရောင်းချလေ့ရှိကြသည်။ ယဲ့ရှောင်က တစ်လမ်းလုံးရှိ မီးတောင်ထွက်ကျောက်များကို အမြန်သိမ်းကျုံး ကြည့်လိုက်သည်။

လမ်းပေါ်၌ မီးတောက်ထွက်ကျောက်များများစားစား မရှိပေ။ ယဲ့ရှောင်သည် ပြီးခဲ့သည့်အခေါက်က အနက်ရောင်ကြေးခွံမြွေ၏ အကြေးခွံများ လဲလှယ်ခဲ့သည်။ သူဌေးဆီမှ မီးတောင်ထွက်ကျောက်အချို့ကို မှာလိုက်၏။ တစ်ဖက်လူက ဝမ်တာ့လုံဟုခေါ်ပြီး သူက ဒေသခံလည်း ဖြစ်သည်။ ယဲ့ရှောင်က သူ့ပေါ်၌ ဝိညာဥ်စွမ်းအင်တစ်မျှင် ချည်ထားရစ်ခဲ့သောကြောင့် သူ ထွက်ပြေးမှာကို မကြောက်ပေ။

သူ မည်မျှမြန်မြန် ပြေးစေကာမူ နတ်ဘုရား နည်းစနစ်၏ အရှိန်နှင့် ယှဥ်နိုင်မှာ မဟုတ်ပေ။

မီးတောင်ထွက်ကျောက်ကို ရရှိပြီးနောက် ယဲ့ရှောင်သည် အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။

မှောင်ခိုစျေးက လူစည်ကားခါစ ဖြစ်၏။ သို့သော် အများစုက သူ့အတွက် အသုံးမဝင်ပေ။

သို့သော် ယဲ့ရှောင် ထွက်ခွါတော့မည့် အချိန်တွင် မှောင်ခိုစျေး၏ အလယ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်တော့၏။

” သူတို့ တိုက်ခိုက်နေတယ် သူတို့ အဲ့မှာ ရန်ဖြစ်နေကြပြီ ”

” ကြည့်ရတာ ဒီည တစ်ယောက်ယောက်တော့ သေမှာပဲ ”

ယဲ့ရှောင်က ခေါင်းမော့ပြီး တစ်ချက်ကြည့်လိုက်၏။ ဝမ်တာ့လုံဘေးရှိ စျေးသည်များက စတင်ရယ်မောလာ၏။

” သူ့ကို ကောင်းကောင်း သင်ခန်းစာပေးလိုက်။ အဲ့ဒီရတနာကို ထုတ်လာဖို့ ပြောလိုက်။ ဒါက မှောင်ခိုစျေး။ အင်အားမရှိပဲ ဒီလိုနေရာမှာ ပစ္စည်းကောင်းကို ရောင်းတာက ဖြစ်တောင်ဖြစ်နိုင်လို့လား ”

” အဟုတ်ပဲ။ ချီရှန်းအဆင့် သံချပ်ကာ။ အဆင့်မြင့် လေကြောင်း သားရေကနေ သန့်စင်ထားတာလေ။ ဒီလိုပစ္စည်းမျိုးက အနည်းဆုံး ၃သန်းနဲ့ ရောင်းသင့်တယ်မလား။ သူက ဒီလိုထုတ်လာတာ လူတွေကို မနာလိုဖြစ်အောင် လုပ်ဖို့ပဲမလား ”

ဝမ်တာ့လုံက ပြုံးလိုက်၏။

” ဒါဆိုရင် ငါတို့ ဘာလုပ်နိုင်တာလဲ။ သူ့ရဲ့ ဒီလိုပစ္စည်းမျိုးမှာ နောက်ခံရှိနေမှာပဲ။ သူက ရောင်းချဖို့ မှောင်ခိုစျေးကို မလာဘူးဆိုရင် သူ ဘယ်သူ့ကို ရောင်းမလဲ ”

မှောင်ခိုစျေးသည်လေးက ချက်ချင်း ဝင်ပြောသည်။

” မဟုတ်သေးဘူး။ နောက်ဆုံးကြ သူက ဦးနှောက်မရှိတာပဲလေ။ ငွေတချို့သုံးပြီး အဆက်အသွယ်တွေ မလုပ်နိုင်ဘူးလား ”

အခင်းဖြစ်ရာကို ကြည့်နေရုံဖြင့် ကြည့်နေသည့် လှောင်ပြောင်စော်ကားသည့် ထောက်ပြသည့်သူများက နားမကြားသည့်ပမာ ပြုမူလျက် စျေးဝယ်သူအချို့နှင့် စျေးသည်အချို့ကလည်း ပင်ပန်းနေပြီးနောက် အနည်းငယ် ပျော်ရွှင်မှု ရကြတော့သည်။

” လူသေတွေ လူသေတွေ ”

မကြာမီ၌ လူများ၏ အော်သံက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတော့၏။

အပိုင်း ၁၁၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset