Switch Mode

Chapter – 110

ငါက လူ ဟုတ်သေးရဲ့လား

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၁၀ ငါက လူ ဟုတ်သေးရဲ့လား။

အရောင်းမန်နေဂျာက ပြုံးပြီး ပြောလိုက်လေ၏။

” ဆရာ ဆရာ့မှာ တူမ အလိမ်မာလေး ရှိနေတာပဲ။ တကယ်တော့ ကျွန်တော့်ကို လာဘ်ထိုးခဲ့မယ်ဆိုရင် ဒါက ပြစ်မှုကြီး ဖြစ်မှာပဲ။ လက်နက်သန့်စင်တဲ့သူရဲ့ အထောက်အထားကို ပြောပြမှာ မဟုတ်သလို ဒီဓါးပျံကို ဘယ်နေရာက ဝယ်လာတယ်ဆိုတာလည်း ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုပြောနိုင်တာက လက်နက်သန့်စင်သူအကြောင်း သတင်းအချက်အလက် ရယူဖို့ စည်းမျဥ်းချိုးဖျက်ခဲ့ကြောင်း ဆရာ့ကိုသာ သတင်းပို့လိုက်မယ်ဆိုရင် ကျွန်တော်က ဆရာလာဘ်ထိုးထားထက် ငွေထက် နှစ်ဆကို ပိုရမှာပါ ”

” ဒါကြောင့် ဆရာ့အကြောင်း သေချာပေါက် သတင်းပို့မှာပဲ။ ပြီးတော့ ဆရာက မြို့စောင့်တပ်ဖွဲ့ဆီ လက်ဖက်ရည်သောက် ဖိတ်ခံရမယ်။ ဘာလို့လဲဆိုတော့ တစ်ပါးသူရဲ့ အသက်ကို အန္တရာယ်ပြုဖို့ သံသယဝင်ခံရလို့လေ ”

ချင်မင်ဖုန်းက အနေခက်စွာ ပြုံးလိုက်ပြီး ရှက်သွား၏။

အမှန်တကယ်တွင် ထိုအကြောင်းကို သူ့ကိုယ်တိုင်သိ၏။ သို့သော် သူသည် ထိုလက်နက်ကို ယခင်က မြင်တွေ့ခဲ့ဖူးသောကြောင့် လက်နက်သန့်စင်သူကို ရှာချင်တာ မဟုတ်ပေ။ ယခုအခေါက်၌ သေချာနေသည်မှာ ဓါးသခင်ကို ရှာချင်တာပဲ ဖြစ်၏။ အချိန်အတိုင်းအတာတစ်ခုအတွက် သူက စွဲလန်းသွားခဲ့တာ ဖြစ်သည်။

” နောက်တစ်ခေါက် ဂရုစိုက်ပါ။ ဒီဓါးပျံကို ထုပ်ပိုးဖို့ အရင်ဆုံး ကူညီပေးပါဦး။ ပြီးတော့ နောင်ကြ ဓါးပျံတွေ ထပ်ရှိလာခဲ့ရင် ချက်ချင်းဆက်သွယ်ပေးနိုင်မလား။ အားလုံးကို ဝယ်ပါ့မယ်။ ဒါကရော စည်းမျဥ်းဆန့်ကျင်လား ”

” ဒီတောင်းဆိုချက်က အဆင်ပြေပါတယ်။ ဆက်သွယ်မယ့် နည်းလမ်းတစ်ခု ထပ်ထည့်ပေးပါ့မယ် ”

ချင်မင်ဖုန်းသည် တစ်လက်ကို ယွမ် ၂၀၀၀၀၀စီဖြင့် ဓါးပျံအားလုံးကို ဝယ်သွားခဲ့၏။

ပုံမှန်အခြေအနေအောက်၌ သာမန်လူတစ်ဦးက ထိုကဲ့သို့ ဓါးပျံကို ဝယ်မှာ မဟုတ်ပေ။ ဆိုရလျှင် ပိုက်ဆံက လေထဲကနေ ထွက်လာတာ မဟုတ်ချေ။

ပိုက်ဆံအနည်းငယ် ပိုသုံးလျှင် ချီရှန်းအဆင့် စတီးဓါး သို့မဟုတ် အလယ်အလတ် အရွယ်အစားခန့်ရှိသည့် လက်နက်တစ်ခုကို ဝယ်နိုင်သည်။

ချီရှန်းအဆင့် လက်နက်များက ချီရှန်းအဆင့်အောက် လက်နက်များအပါအဝင် ချီရှန်းအဆင့် လက်နက်များသည် တည်ရှိနေသေး၏။ လက်နက်ကြီးတစ်ခု၏ အင်အားက လက်နက်လေးထက် သာလွန်သည်။

သို့သော် ချင်မင်ဖုန်းက ဓါးပျံသေးမှန်း သိနေသည့်တိုင် ၄င်း၏ စွမ်းအားက ထိုသာမန် ချီရှန်းအဆင့် အလယ်အလတ် အရွယ်အစားခန့်ရှိသော လက်နက်များအောက် မလျော့ကြောင်း သိရသည်။ ထိုတန်ကြေးက ယဲ့ရှောင်အတွက် မဆုံးရှုံးပေ။

သူဌေး ရွှီသည် လက်နက်များ ရောင်းချသည့်အချိန်၌ အခွန်ပေးဆောင်ရ၏။ ထို့အတူ လက်နက်ရောင်းသည့် ဆိုင်ကလည်း အခွန်ပေးရသည်။ ထို့အပြင် သူဌေး ရွှီနှင့် လက်နက်ဆိုင် ပိုင်ရှင်တို့က ကြားခံလူများဖြစ်ပြီး သူတို့က ပိုက်ဆံအနည်းအကျင်းတော့ ယူရမည်။ ထို့အပြင် သူဌေး ရွှီ၏ ရောင်းချမှုက သူ့ကို လက်နက်ဆိုင်နှင့် သူ၏ အထောက်အထား မှတ်တမ်းတင်မှုအကြား တိုက်ရိုက်မဖြစ်အောင် ကာကွယ်ပေးထား၏။

၄င်းကို မှောင်ခိုစျေးထဲတွင်လည်း ရောင်းချနိုင်၏။ သူက အခွန်အခပေးစရာ မလိုသလို သူ၏ အချက်အလက်ကို မှတ်တမ်းတင်ထားရန်လည်း မလိုချေ။ သို့သော်ငြား မှောင်ခိုစျေးကွက်တွင်မူ
ကုမ္မဏီတစ်ခု၏ ကာကွယ်မှုအောက်တွင် ရှိနေမှာ မဟုတ်သောကြောင့် တန်ကြေးက အလွန်ပေါနေလိမ့်မည်။ ထို့အပြင် လူများစွာ၏ အားကျမှုကို ဆွဲဆောင်မိမှာ မလွှဲမသွေဖြစ်၏။ သူက သူဌေး ရွှီနှင့် ပူးပေါင်းတာ အဆင်ပြေသည်။

ချင်မင်ဖုန်းက ဓါးပျံကို ဝယ်လာပြီးနောက် သူက ဓါးပျံတစ်စင်းကို ထုတ်ကာ ချင်ယွိယန်အား ပေးလိုက်၏။

ကျန်းဟိုင်မြို့က အတော်လေး ငြိမ်းချမ်းနေသော်ငြား ကြယ်တာရာသားရဲတစ်ကောင် ရုတ်တရက် ကျူးကျော်လာသည့် နေ့တစ်ရက် ရောက်လာမည်လားဆိုတာ ပြောရန် ခက်ခဲသည်။ သူမအဖို့ နောက်ထပ် အသက်ကယ် ရတနာတစ်ခု သယ်ထားတာက ကောင်းမွန်သည့် ကိစ္စဖြစ်သည်။

ယဲ့ရှောင်က ထိုကိစ္စကို သတိမပြုမိသေးပေ။ သူက နေ့စဥ်နေ့တိုင်း အလုပ်သွား အလုပ်ပြန် စာအုပ်များ ဖတ်နေလေ၏။

သူသည် အဂ္ဂရိတ် ပညာရပ်အတွက် အခြေခံ ကျင့်ကြံခြင်း နည်းလမ်း ( ၇ )မျိုးကို သင်ယူခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် ရွှေရောင်စာအုပ်မှ တုံ့ပြန်မှု မရှိသေးချေ။ နံနက်ခင်း ကြယ်ကျင့်စဥ်၏ စာမျက်နှာနှင့် ကောင်းကင်ကုသခြင်း နည်းစနစ်တို့မှ ရွှေရောင်အလင်းဖျော့ဖျော့ ဖြာထွက်လာ၏။

ဆိုလိုသည်က အဂ္ဂရိတ် ပညာရပ်အတွက် စုဆောင်းမှု မလုံလောက်သေးတာပဲ ဖြစ်သည်။ သူက ဆက်လက် အလုပ်ကြိုးစားရန် လိုအပ်သည်။

သူတို့က လတ်တလော၌ စတုတ္ထအလွှာကို ပြန်လည် ဖွဲ့တည်နေသောကြောင့် အချိန်အတိုင်းအတာတစ်ခုထိ သူ တက်မသွားနိုင်ပေ။ သူက အားလုံးအသင့်ဖြစ်သည့် အချိန်ထိ စောင့်ပြီးမှ ဒါရိုက်တာဆီကို သွားရမှာပဲ ဖြစ်သည်။

ထိုနေ့တွင် ယဲ့ရှောင်က စာအုပ်တစ်အုပ် ဖတ်နေစဥ် ဇီဇဝါပန်းရနံ့များက သူ့နှာခေါင်းဝသို့ ရောက်လာ၏။ သူ့ရှေ့တွင် ချင်ယွိယန်၏ ပုံပေါ်လာသည်။

” ရှင့်ကို မတွေ့ရတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ရှင်က သိပ်ရည်မွန်ပြီး ကျောင်းတော်သားပုံပေါက်နေတာပဲ ”

ယဲ့ရှောင်က စာအုပ်ကို ချလိုက်လေ၏။
” ဒီနေ့ ဘာကြောင့် အချိန်အားနေတာလဲ။ မကြာခင်မှာ ဆရာဖြစ် သင်တန်းကို ဝင်ရတော့မှာ မဟုတ်ဘူး
လား ”

” အကဲဖြတ်မှုက သြဂုတ်လကုန်ကပဲ ပြီးသွားပြီ။ ကျောင်းတွေက စက်တင်ဘာလ ၁ရက်နေ့ စဖွင့်
လိမ့်မယ်။ စာသင်ဖို့ရက်တွေ လိုသေးတယ် ”

” ဂုဏ်ပြုပါတယ် ”

” ကျေးဇူးပါပဲ ”

ဖြတ်သန်းသွားလာသည့် စာကြည့်တိုက်မှူးအချို့က ရယ်ရယ်မောမောဖြင့် စကားပြောနေကြသည်။

ယဲ့ရှောင်နှင့် ချင်ယွိယန်က သူတို့ပြောနေသည့် အကြောင်းအရာကို သတိပြုမိ၏။ အနားရှိ ဖြတ်သန်းသွားလာသည့် စာကြည့်တိုက်မှူးက ရယ်ရယ်မောမော ပြောပြောဆိုဆို ဖြစ်နေတာကို တစ်ချက်တစ်ချက် လှည့်ကြည့်ကြသည်။ ယဲ့ရှောင်နှင့် ချင်ယွိယန်က သူတို့ပြောနေသည့် အကြောင်းအရာကို သဘောပေါက်ပေ၏။

အခြေခံအားဖြင့် သူတို့က ထိုလူနှစ်ယောက်ကြားရှိ ဆက်ဆံရေးအကြောင်း အတင်းတုတ်နေတာပဲ ဖြစ်သည်။

အစက ချင်ယွိယန်သည် အနည်းငယ် ရှက်နေသော်ငြား ခဏကြာသွားပြီးနောက် နှစ်ယောက်သားသည် အသားကျသွားပုံပေါ်၏။

” ဒီနေ့ သိုင်းကျင့်စဥ်တွေ အများကြီးနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရှာချင်လို့ ကူညီပေးနိုင်မလား ”

ယဲ့ရှောင်က ခဏတာ စဥ်းစားပြီးနောက် ပြောလိုက်သည်။

” စာအုပ်စင်ရဲ့ ပဥ္စမအဆင့် အလယ်မှာ စာအုပ်နှစ်အုပ်ရှိတယ်။ အပိုင်း D မှာ။ ပြီးတော့ သူတို့တွေက ဘယ်ညာတိုက်ခိုက်ရေး သီအိုရီနဲ့ နေလပြောင်းခြင်း နည်းစနစ်ပဲ ”

” F အပိုင်းရဲ့ သတ္တမမြောက် စာအုပ်စင်ထောင့်က အောက်ခြေနားမှာ စာအုပ်တစ်အုပ်ရှိတယ်။ အဲ့ဒါက သီအိုရီမျိုးစုံလမ်းညွှန်လို့ ခေါ်တယ်။ သူတို့တွေက သိုင်းပညာကျင့်ကြံမှု မျိုးစုံအကြောင်း စာအုပ်တွေပဲ ”

” ကျင့်ကြံခြင်း နည်းစနစ်တစ်ခုဆိုရင် စတုတ္ထအလွှာ ဒါမှမဟုတ် စတုတ္ထအလွှာအထပ်ကို သွားသင့်တယ် ”

” ဒီလိုစာအုပ်မျိုးကြတော့ ကျင့်ဝတ်မညီတာကြောင့်လေ။ ဒါပေမဲ့ အခုစတုတ္ထအလွှာက ပြန်ပြင်ဆင်နေတာဆိုတော့ အချိန်အတိုင်းအတာတစ်ခုထိ သွားလို့ရဦးမှာ မဟုတ်ဘူး ”

” ဒါဆိုရင် ဒီစာအုပ် သုံးအုပ်ကို ကျွန်မ အရင်ဖတ်လိုက်မယ် ”

ချင်ယွိယန်သည် စာအုပ်သုံးအုပ်ကို ယူလိုက်ပြီးနောက် ဖတ်ရန်အတွက် ယဲ့ရှောင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
ယဲ့ရှောင်ကလည်း စာထပ်ဖတ်တော့၏။ နှစ်ယောက်သားက စကားတစ်ခွတ်းမှ မပြောပဲ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေလေ၏။

ချင်ယွိယန်သည် စာအုပ်လေးသုံးအုပ်ကို မြန်မြန်ဆန်ဆန် ဖတ်ပြီးသွား၏။ သူမ စာအုပ်ပိတ်လိုက်သည့်အချိန် ယဲ့ရှောင်က နောက်ဆုံးစာအုပ်ကို ဖတ်ပြီးခါစဖြစ်သည်။

ချင်ယွိယန်က မျက်မှာင် အနည်းငယ် ကျုံ့မိသွား၏။ သူမ အပြည်အဝ နားမလည်တာ သိသာသည်။

” ယဲ့ရှောင် လူတစ်ယောက်က တစ်ချိန်တည်းမှာပဲ သိုင်းပညာရပ်မျိုးစုံကို လေ့ကျင့်ပြီး တစ်ခုချင်းစီမှာ အမြင့်ဆုံးအဆင့်ကို ရောက်နိုင်မယ်လို့ ထင်လား ”

” မသေချာဘူး။ သီအိုရီကျကျ ပြောရမယ်ဆိုရင် မဖြစ်နိုင်ဘူး။ လူတစ်ယောက်ရဲ့ အရည်အချင်းက အကန့်အသတ်ရှိပြီး အချိန်ကလည်း အကန့်အသတ် ရှိတာလေ။ လူတစ်ယောက်ကသာ တစ်ပြိုင်နက်တည်း သိုင်းပညာရပ်မျိုးစုံကို လေ့ကျင့်ခဲ့မယ်ဆိုရင် ရလဒ်တစ်ခုတော့ ထွက်မှာပဲ။ ပြီးပြည့်စုံအောင် ကျင့်ကြံဖို့ကတော့ အရမ်းခက်လိမ့်မယ် ”

ချင်ယွိယန်က ခေါင်းညိတ်လိုက်၏။

” ဟုတ်တယ်။ တစ်ချိန်တည်းမှာပဲ သိုင်းပညာမျိုးစုံကို ကျင့်ကြံဖို့က ခက်ခဲတယ်။ တစ်ချိန်တည်းမှာ သိုင်းပညာရပ်မျိုးစုံကို ကျင့်ကြံနိုင်တဲ့သူ ရှိလာပြီး တစ်ခုချင်းစီကို အမြင့်ဆုံးရောက်အောင် ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် အဲ့ဒီလူက လူ မဟုတ်လောက်
ဘူး ”

” ”

ထိုကဲ့သို့ စကားကို သူ ပထမဆုံးအကြိမ် ကြားတာ မဟုတ်ပေ။ ယင်းက သူ့ကို ကူကယ်ရာမဲ့စေ၏။

အမှန်တကယ်တွင် သူတောင် အစက သံသယအချို့ ရှိခဲ့သေးသည်။

သူက တကယ်ကြီး လူသားတစ်ယောက် မဟုတ်ဘူးလား။ ထိုအကြောင်းကို ဂရုတစိုက် စဥ်းစားကြည့်ပြီး ဤလောကရှိ လူသားများ၏ ကျင့်ကြံမှုက သူ့လောက် ကောင်းကင်ကို ဖီဆန်ခြင်း မရှိခြင်း မရှိပေ။ ထို့အပြင် သူက ဤနေရာသို့ ရွှေ့ပြောင်းလာခဲ့၏။ သူသည် လူသားတစ်ယောက်ကဲ့သို့ အသက်ရှူနိုင် ကျင့်ကြံနိုင်သော်ငြား သူ ယခုအချိန်တွင် ဘာဖြစ်မှန်း မည်သူက သိမည်နည်း။ သူက အမှန်တကယ် လူသား မဟုတ်တာ ဖြစ်နိုင်၏။

” ရှင် တစ်ယောက်တည်းပဲ နေသေးတုန်းလား။ လက်တွဲဖော် မရှာဘူးလား ”

ယဲ့ရှောင်က ခေါင်းခါလိုက်သည်။

” စိတ်မဝင်စားဘူး။ ချိန်းတွေ့ရတာက ပင်ပန်းလွန်းတယ်။ တစ်ယောက်တည်းနေတာက ပိုကောင်းတယ် ”

” ကျွန်မလည်း အဲ့လိုပဲ တွေးမိတယ်… တစ်ယောက်တည်း နေရတာက ကောင်းတယ်။ ချိန်းတွေ့တယ်ဆိုတာက အရူးတွေ လုပ်တာပဲ ”

ချင်ယွိယန်သည် လက်တွဲဖော်ကို ရှာတွေ့သွားပုံပေါ်၏။

” ငယ်ငယ်လေးတည်းက ကျွန်မ တစ်ခါမှ ရည်းစားမထားဖူးဘူး။ ဝမ်ဝမ်က ကျွန်မကို တစ်ချိန်လုံး ရယ်နေသေးတုန်းပဲလေ။ လူတွေက ငယ်ရွယ်ချိန်မှာ သူတို့ ငယ်ရွယ်မှုရဲ့ အကျိုးအမြတ်ကို ယူသင့်ပြီး ပိုပြီးလေ့ကျင့်သင့်တယ် ”

ယဲ့ရှောင်က သူမစကားများကို အသိအမှတ် ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ဒေါင်။

ထိုစဥ် ခေါင်းလောင်းက အလုပ်ဆင်းကြောင်း ပေါ်လာ၏။ ယဲ့ရှောင်ကလည်း စာအုပ်ပိတ်လိုက်ပြီးနောက် စာအုပ်စင်ပေါ် တွင် ပြန်ထားလိုက်သည်။

” အလုပ်ဆင်းရမဲ့ အချိန်ရောက်ပြီ။ ဘာကိစ္စမှ မရှိတော့ရင် သွားစားတော့မယ်။ နှုတ်ဆက်ပါတယ် ”

ချင်ယွိယန်က ခေါင်းညိတ်လိုက်၏။ သူမက စာအုပ်ကိုသယ်ပြီး မူလနေရာတွင် ပြန်ထားရန် ထရပ်လိုက်သည်။

” ကျွန်မလည်း သွားသင့်ပြီ။ နေ့လယ်ကျ အတန်းတစ်ခု ရှိသေးတယ် ”

သို့သော် သူမ ထရပ်လိုက်သည်နှင့် သူမ အိတ်ကပ်ထဲက မှင်နက်ရောင် ဓါးပျံတစ်လက်က ပြုတ်ကျလာ၏။

ဓါးပျံကို မြင်တွေ့သည့်အချိန်၌ ယဲ့ရှောင်၏မျက်လုံးများက ရုတ်တရက် ကျုံ့သွားသည်။ သူသည် လွန်ခဲ့သည့် နှစ်ရက်က ထိုဓါးပျံကို ရောင်းခဲ့တာ ဖြစ်သည်။ ချင်ယွိယန်သည် မည်သည့်အချိန်က ၄င်းကို ရသွားသနည်း။

အပိုင်း ၁၁၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset