Switch Mode

Chapter – 109

ငါ ပေါ်သွားမှာလား

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၀၉ ငါပေါ်သွားမှာလား။

ဓါးပျံက ဝိညာဥ်စွမ်းအင်ကို ဆက်လက်စုပ်ယူနေ၏။ ချင်မင်ဖုန်းက လေးစားစွာ ပြောမိသွားသည်။

” သိပ်အစွမ်းထက်တာပဲ။ ဒီဓါးပျံက တကယ်ထူးကဲတယ် ”

သာမန်ချီရှန်းအဆင့် လက်နက်စုပ်ယူနိုင်သည့် ဝိညာဥ်စွမ်းအင်ပမာဏက အကန့်အသတ်ရှိသည်။

” ငါက ဟို့ထျန်း နဝမအဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ ဆိုပေမဲ့ အရင်တုန်းက ချီရှန်းအဆင့် လက်နက်တွေ အများကြီး သုံးခဲ့ဖူးတယ်။ ဒါပေမဲ့ ဘယ်ဟာကမှ ဒီစွမ်းအားအဆင့်ကို မရောက်ဘူး။ တခြားချီရှန်းအဆင့် လက်နက်တွေဆိုရင် ဝိညာဥ်စွမ်းအင် စုပ်ယူတဲ့ အရှိန်က အခုလောက်ဆို လျော့နေလောက်ပြီ။ အချိန်တစ်ခုရောက်ပြီးသွားတဲ့အချိန် ဝိညာဥ်စုပ်ယူတာ အပြည့်အဝ ရပ်တန့်သွားလိမ့်မယ်။ ဒါပေမဲ့ ဒါရဲ့ စွမ်းအင်စုပ်ယူရဲ့ အရှိန်က အခုချိန်ထိတောင် မနှေးသေးဘူး။ ဆိုလိုတာက ဓါးပျံက ချီရှန်းအဆင့် လက်နက်ဖြစ်နေရင်တောင် သူ့ရဲ့ လက်ရာက သာမန်ပန်းပဲသမားတစ်ယောက်ရဲ့ စကေးကို သာတယ်လို့ ပြောတာပဲ ”

” ဒီလောက်အစွမ်းထက်တယ်လား ”

ချင်ယွိယန်က ပြောမိသွားသည်။

ချင်မင်ဖုန်းက ပြုံးလိုက်၏။ ယခုအချိန်တွင် သူ့လက်ထဲရှိ ဓါးပျံက ရွှေရောင်ဖျော့ဖျော့အလင်းအဖြစ် ပြောင်းလဲနေပြီဖြစ်သည်။ ဆိုလိုသည်က ဓါးပျံသည် အသွင်ပြောင်းလဲတာ ပြီးခါနီးပြီဖြစ်သည်။

သူက ဓါးပျံကို တင်းကျပ်စွာ ကိုင်ထားလျက် ကုမ္မဏီ ပြတင်းပေါက်နောက်ရှိ တောင်ကုန်းလေးကို တစ်ချက်ကြည့်လိုက်၏။

” သမီး ဦးလေးကို မယုံရင် နောက်က တောင်လေးကို ကြည့်လိုက်။ သူ့ရဲ့ စွမ်းအားက အဲ့ဒီတောင်လေးပေါ်မှာ အရာကြီးတစ်ခု ဖန်တီးနိုင်လိမ့်မယ်ဆိုတာ လောင်းရဲတယ် ”

ပြီးနောက် လက်တစ်ချက် ဝှေ့ရမ်းလိုက်ပြီး ဓါးပျံကို ပစ်ထုတ်လိုက်၏။

ဓါးပျံက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ လျှပ်စီးသဖွယ် တိုးဝင်သွားတော့သည်။

လေထဲတွင် ဖြောင့်တန်းသည့် မျဥ်းတစ်ကြောင်း ဆွဲသွားပြီး နောက်တစ်စက္ကန့်တွင် ။

ဖုန်း။

ပေါက်ကွဲသံကြီး ဆက်တိုက် ပေါ်လာပြီးနောက် တောင်လေးက ဓါးပျံ၏ ဖိအားအောက်၌ ချက်ချင်းပင် ​ချေမှုန်းခံလိုက်ရသည်။

အခန်းထဲရှိ လူအားလုံး ကြက်သေ သေကုန်၏။

အပြည့်အဝ ဖျက်ဆီးခံလိုက်ရသော တောင်လေးကိုကြည့်ပြီး ချင်ယွိယန်က ပြောလိုက်မိသည်။

” ဦးလေး အဲ့ဒီဓါးပျံက ဖျက်ရာလေးပဲ ချန်ထားနိုင်ခဲ့မှာလို့ ပြောတာမဟုတ်ဘူးလား။ အခု တောင်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီ ”

ချင်မင်ဖုန်းက နဖူးပေါ်ရှိ ချွေးစီးများကို သုတ်လိုက်၏။

” ငါ ဂရုမစိုက်မိခဲ့တာ။ ဒီဓါးပျံက ချဲ့ထွင်တဲ့ အာနိသင် ပါနေလိမ့်မယ်လို့ မထင်ထားဘူး။ ဒီလိုဆိုရင် တစ်ဖက်လူရဲ့ ဓါးပျံ ဖန်တီးတဲ့ စွမ်းရည်က ငါတို့ထင်ထားတာထက် ပိုကောင်းနေတာပဲ ”

အတွင်းရေးမှူးက ပြောလိုက်၏။

” ဥက္ကဋ္ဌ ချင် ဒီလိုတောင်အတွက်ဆို လျော်ကြေးပေးဖို့ ပိုက်ဆံတွေ အများကြီး ကုန်ကျလောက်တယ် ”

ချင်မင်ဖုန်းက ချောင်းအနည်းငယ်ဟန်ပြီးနောက် ချက်ချင်းပြောလိုက်သည်။

” ငါတို့ချင်မိသားစုက လျော်ကြေးပေးမယ်။ အရင်ဆုံး ပြောပြဦး ဒီဓါးပျံကို ဘယ်ကနေ ဝယ်လာတာလဲ ”

” ကျန်းဟိုင်မြို့ထဲက အရှေ့ပိုင်းလေလက်နက် ကုန်စုံဆိုင်ကလေ။ မြို့ထဲက အကြီးမားဆုံး လက်နက်ဆိုင်ပဲ။ တခြားသန့်စင်ခြင်း ကုမ္မဏီတွေက လက်နက်နဲ့ သံချပ်ကာတွေကို အရှေ့ပိုင်းလေ လက်နက်ဆိုင်မှာ ရောင်းချပြီး ရောင်းဖို့စာရင်းသွင်းထားတာ ”

ဥပဒေအရ စီရင်စု ၉ခုအတွင်းရှိ လက်နက်ရောင်းချသည့် ကုမ္မဏီများ၌ အရည်အချင်းတစ်ခုရှိရမည်။

ထို့အပြင် လက်နက်များကို ဝယ်ယူသည့်အချိန်တွင်လည်း စံသတ်မှတ်ချက်တစ်ခုရှိရမည်။ ယင်းက အတော်လေး စျေးများသော်ငြား စံသတ်မှတ်ချက် မပြည့်မှီသည့် ရောင်းချနေသည့် လက်နက်များ ရောင်းချသည့် ဝယ်သူလေးများ အကျင့်ပျက်သည့် လက်နက်သန့်စင်သူအချို့ကို ဟန့်တားနိုင်၏။

လူသားများသည် စစ်မြေပြင်ထဲ၌ စံမမှီသည့် လက်နက်များကို အသုံးပြုခဲ့ဖူးသည့် ကိစ္စများစွာ ရှိ၏။ ရလဒ်အနေဖြင့် ထိုလက်နက်များက အလွယ်တကူ ပျက်စီးပြီး လူများက ကြယ်တာရာသားရဲများ ဝါးမြိုတာ ခံလိုက်ရ၏။

ယင်းက သွေးထွက်သံယို ဖြစ်ခဲ့သည့် သင်ခန်းစာများ ဖြစ်သည်။ နောက်ထပ် အကြောင်းပြချက်မှာပန်းပဲဆရာကို ကာကွယ်ရန် ဖြစ်၏။

တစ်ဖက်လူက သူတို့၏ စွမ်းရည်များကို မယူဆောင်သွားနိုင်အောင် ကာကွယ်ပေးလိုသောကြောင့်ဖြစ်သည်။ ပန်းပဲဆရာများက သိုင်းပညာရှင်များကဲ့သို့ မဟုတ်ပေ။ ပန်းပဲဆရာတစ်ယောက်၏ ကျင့်ကြံခြင်းက မြင့်မားသော်ငြား ကျင့်ကြံဆင့် တူညီသည့် တိုက်ပွဲဝင် ပုံစံ သိုင်းပညာရှင်တစ်ဦးကို အနိုင်ယူရန်ကမူ သူတို့အတွက် ခက်ခဲနေမှာပဲ ဖြစ်သည်။

သူတို့အခေါ်ခံရသည်နှင့် ကျန်သည့် သူများက သူတို့ကို လက်နက်သန့်စင်ရန် ဖိအားပေးတော့မှာပဲ ဖြစ်သည်။ သူတို့က လူမဆန်စွာ ဆက်ဆံခံရပြီး အသတ်တောင် ခံရနိုင်၏။

” လျော်ကြေးပေးဖို့ သွားညှိလိုက်ပြီး ငါ့ဆီသတင်းလာပို့။ အရှေ့ပိုင်းလေ လက်နက်တိုက်ကို သွားလိုက်ဦးမယ်။ ယွိယန် ဦးလေးနဲ့ လိုက်ခဲ့ ”

” ဟုတ်ကဲ့ ”

တူအရီးနှစ်ယောက်သားက ပြတင်းပေါက်ကနေ ခုန်ချပြီးနောက် ကျိုးပဲ့နေသော ကျောက်စများကြား၌ ဓါးပျံကို ရှာတွေ့သွားသည်။ ပြီးနောက် ကားတစ်စီးယူကာ အရှေ့ပိုင်းလေ လက်နက်ဆိုင်သို့ သွားလိုက်၏။ ၁၀မိနစ်မပြည့်မီ၌ သူတို့က အရှေ့ပိုင်းလေ လက်နက်ဆိုင်သို့ ရောက်သွားသည်။

ခမ်းမအတွင်းရှိ အရောင်းမန်နေဂျာက ချက်ချင်း ရှေ့တက်လာပြီး ပြောလိုက်၏။

” မင်္ဂလာပါ ဘာများလိုအပ်ပါသလဲ ”

ချင်မင်ဖုန်းက သူ့လက်ထဲရှိ ဓါးပျံကို ထုတ်ပြီး ပြောလိုက်၏။

” မင်္ဂလာပါ ကျုပ်မေးချင်လို့။ ဒီလို ဓါးပျံမျိုး ရှိသေးလား ”

” စစ်ပေးပါရစေ ” ။ တစ်ဖက်လူက ပြုံးပြီးနောက် တက်ဘလက်ကို ထုတ်လိုက်၏။ ဓာတ်ပုံတစ်ပုံရိုက်ပြီးနောက် စတင်ရှာဖွေကာ မကြာမီ၌ အဖြေတစ်ခု ရလာတော့သည်။

” ဟုတ်ကဲ့ .. ဓါး ၁၃လက် ရှိပါသေးတယ်။ ဒီပစ္စည်းက လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ရောက်လာတာပါ။ ဒါကြောင့် ဝယ်သူ အများကြီး မရှိသေးဘူး ”

” အားလုံး လိုချင်တယ် ”

” ကောင်းပါပြီ။ အခုပဲ ကုန်ပစ္စည်းတွေ ပေးပါ့
မယ် ”

တစ်ဖက်လူက ချင်မင်ဖုန်းနှင့် ချင်ယွိယန်အား ကျန်ရှိ
သည့် ဓါးပျံ ၁၃လက်ကို လျင်မြန်စွာ ပေးလိုက်၏။

ဓါးပျံ ၁၃လက်ကို မြင်တွေ့ပြီးနောက် ချင်မင်ဖုန်းက မျက်ဝန်းများ ကျဥ်းမြောင်းမိသွားသည်။ သူက လေဗန်းကို မယုံနိုင်စွာ ကြည့်နေ၏။ သူ၏ ကိုယ်လုံးတောင် အနည်းငယ် တုန်ယင်သွားမိသည်။

” ဒါ ဒါက ”

” ဦးလေး ဘာဖြစ်လို့လဲ ”

ချင်ယွိယန်ကလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ ချင်မင်ဖုန်းက ဓါးပျံများကို လက်ညိုးထိုးပြီး ပြောလိုက်တော့သည်။

” ဒါကို ဘာကုန်ကြမ်းနဲ့ လုပ်ထားလဲဆိုတာ သိ
လား ”

ချင်ယွိယန်က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ပိုတောင် ဇဝေဇဝါ ဖြစ်သွားသည်။

” ဒါက အနက်ရောင်ကြေးခွံမြွေရဲ့ ကြေးခွံတွေနဲ့ လုပ်ထားတာပဲ ”

” ဘာပြောလိုက်တာ ”

ချင်ယွိယန်၏ နှလုံးခုန်နှုန်းက မြန်လာတော့သည်။ အနက်ရောင်ကြေးခွံမြွေရဲ့ ကြေးခွံတွေတဲ့လား။

” မဖြစ်နိုင်တာ။ သမီးတို့ ခုနတုန်းက တွေးခဲ့တာက သံရိုင်းနဲ့ လုပ်တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အနက်ရောင်ကြေးခွံမြွေ ဖြစ်သွားတာလဲ ”

ချင်မင်ဖုန်းက ရှင်းပြလိုက်၏။

” ဒီဓါးပျံတွေကို တူညီတဲ့ နည်းပညာနဲ့ လုပ်ထားတာဆိုပေမဲ့ ကုန်ကြမ်းတွေက မတူဘူး။ ပထမတစ်ခုက သံရိုင်းနဲ့ လုပ်ထားတာ။ နောက်တစ်ခုက အနက်ရောင်ကြေးခွံမြွေရဲ့ အကြေးခွံတွေနဲ့ လုပ်ထားတာပဲ ”

” တစ်နည်းပြောရရင် ဓါးပျံတွေကို လုပ်သွားတဲ့ ပန်းပဲဆရာက အနက်ရောင်ကြေးခွံမြွေကို သတ်သွားတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်တယ်ပေါ့ ”

” ပြောဖို့ မလိုဘူး။ သူက ဓါးသခင်တစ်ယောက် ဖြစ်ပြီး အဆင့်မြင့် ကုသသူတစ်ယောက် ဖြစ်နေပြီးပြီ။ သန့်စင်ခြင်းအတတ်မှာ ဆရာတစ်ဆူဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နည်းစနစ်တွေအားလုံးကို သင်ယူပြီး ပညာရပ်အားလုံးရဲ့ ထိပ်ကိုရောက်နိုင်တာ ဘယ်သူများလဲ ”

သူက လူမဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီသန့်စင်သူက သူ မဟုတ်ရင်တောင် သူ့ရဲ့ မိတ်ဆွေတွေ ဒါမှမဟုတ် သူ သိတဲ့သူပဲ ဖြစ်လောက်တယ်။ ပြောရရင် သိုင်းပညာရှင်တွေကြားမှာ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းမှု ရှိသင့်တာပဲ ”

ထိုသို့ပြောပြီးနောက် ချက်ချင်းပင် ပါးစပ်ဟကာ ပြောလိုက်တော့၏။

” ဒီဓါးပျံတွေ အားလုံးကို ဝယ်ချင်တယ်။ ဒါပေမဲ့ ကျုပ်သိချင်လို့ပါ။ ဒီသန့်စင်သူက ဘယ်သူလဲဆိုတာ ပြောပြနိုင်မလား ”

အရောင်းမန်နေဂျာက နှုတ်ခမ်းတင်းတင်းစေ့ကာ ပြုံးလိုက်၏။

” ဒါအလုပ်မဖြစ်ဘူး။ စီရင်စု ၉ခုရဲ့ ဥပဒေတွေအရ ကျုပ်တို့ လက်နက်ကုမ္မဏီက လက်နက်တွေရဲ့ အရင်းအမြစ်ကို ထုတ်ဖော်မှု မလုပ်ရဘူးဆိုတာ သိသင့်တယ်။ အချက်အလက်တွေ အားလုံးကို တင်းကြပ်ထားတယ်။ တစ်ဖက်လူရဲ့ ခွင့်ပြုချက် မရှိပဲ သန့်စင်သူရဲ့ အထောက်အထားကို ထုတ်ဖော်လိုက်မယ်ဆိုရင် တစ်ဖက်လူဆီ ပြဿနာရောက်သွားနိုင်တယ်။ ပြီးတော့ အသက်အန္တရာယ်တောင် ဖြစ်နိုင်တယ် ”

သိုင်းပညာပေါ် ရှာဖွေရာ၌ ချင်မင်ဖုန်း၏ စိတ်ဝင်စားမှုက ချက်ချင်း ပျောက်ကွယ်သွားသည်။

” ဦးလေး ဒါကို မေ့သွားတာ ”

ချင်ယွိယန်က နှစ်သိမ့်နေစဥ် ချင်မင်ဖုန်းက အံကြိတ်ပြီး ပြောလိုက်၏။

” ဒီဓါးပျံတွေ ဘယ်ကရတာလဲဆိုတာ ကူညီပေးနိုင်မယ်ဆိုရင် ဆုကြေးပေးမယ်။ စိတ်မပူနဲ့။ မင်းပြောတယ်ဆိုတာကို မထုတ်ဖော်ဘူး ”

ချင်ယွိယန်၏ အမူအယာက ပြောင်းလဲသွား၏။

” ဦးလေး မရဘူးလေ။ ဒါမျိုး ဘယ်လိုလုပ် လုပ်လို့ရမှာလဲ။ စီရင်စု ၉ခုရဲ့ ဥပဒေက ခွင့်မပြုဘူး ”

” အဲ့ဒီဆန်းကြယ်တဲ့ သိုင်းပညာရှင် ဘယ်သူဆိုတာ မသိချင်ဘူးလား ”

ချင်ယွိယန်၏ အကြည့်တို့က ခိုင်မြဲနေသည်။

” သမီး တကယ်သိချင်တယ်။ ဒါပေမဲ့ ဥပဒေကို ဆန့်ကျင်လို့ မရဘူး။ သူက ဦးလေးကို ပြောပြနိုင်ရင် တခြားသူတွေကိုလည်း ပြောပြနိုင်မှာပဲ ”

လက်နက်သန့်စင်သူအနေဖြင့် အထောက်အထား ပေါ်သွားခဲ့လျှင် သူတို့ ပစ်မှတ်ထား ခံရနိုင်ပြီး သူတို့ အသက်အန္တရာယ် ထိခိုက်နိုင်၏။ သူတို့ သန်မာလျှင်တောင် မကောင်းတဲ့ သူအချို့က ဖမ်းတာခံရမည် မဟုတ်လျှင်တောင် သူတို့ အထောက်အထား ပေါ်သွားပြီး အနက်ရောင်ကြေးခွံမြွေကို သတ်ဖြတ်ခဲ့သည့် သိုင်းပညာရှင် ဒေါသထွက်စေမိကာ သူသည်လည်း အသက်ခံရနိုင်၏။

” သမီးတို့ရဲ့ သိချင်စိတ်ကြောင့် အပြစ်ကင်းတဲ့ လူတစ်ယောက်ကို မသတ်နိုင်ဘူးလေ ”

ချင်မင်ဖုန်း၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။

” သမီး ပြောတာမှန်တယ်။ သမီးရဲ့ ဦးလေးက စွဲလန်းနေတာပဲ။ ဦးလေးတို့ရဲ့ သိချင်စိတ်ကြောင့် အန္တရာယ်တွေ တွန်းမပို့သင့်ဘူး။

အပိုင်း ၁၀၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset