Chapter – 225 ရှင်တို့
ပြင်းထန်သော ဆေးဘုရင်ခြံဝန်းသို့ ပြန်ရောက်ပြီး ချန် ရှန် ဆေးဆရာမကြီး၏ အခန်းကို ခေါက်မယ်လို့ တွေးနေ စဉ်မှာပဲ ဆေးဆရာမကြီး ၏ အေးစက်စက်အသံ ရုတ်တ ရက် ထွက်ပေါ်လာပါတယ် ။
“မင်း ၀ုကွမ်ချင် အတွက် လာတာလား”
ဆေးဆရာမကြီး တံခါးကို ဖွင့်ကာ မေးလိုက်တယ် ။
ချန်ရှန် ခေါင်းညိမ့်ပြလိုက်ပြီး –
“အခု တစ်ယောက် ပဲ လိုတော့တယ်”
“မနက်ဖြန် ငါသူ့ကို ဂိုဏ်းချုပ်ဆီ ခေါ်သွားမယ် ၊ မင်း သေချာပေါက် သူ့ကို ငါ့ဆီ ပြန်ခေါ်လာပေးဖို့ လိုတယ်”
ဆေးဆရာမကြီး ပြောပါတယ် ။
“ပြသနာ မရှိပါဘူး”
ချန်ရှန် လည်း ပြုံးပြီးပြောကာ ပြန်ထွက်လာခဲ့တယ် ၊ သူ၏ ကိုယ်ပိုင် အခန်းငယ်ထဲ ရောက်ရှိတယ့်အခါ ဒြပ်စင် ၀ိဥာဉ်တော် ဆေးအား ထုတ်လိုက်တယ် ။ သူ့မှာ တစ်လုံး တည်းသာ ရှိသော်လည်း ဒါကပဲ သူ့ရဲ့ ၀ိဥာဉ်တော်လေး အား ဖွံ့ဖြိုးလာစေရန် လုံလောက်ပါတယ် ။
ဒီအချိန်မှာ မိစ္ဆာဂိုဏ်းမှ လူများနှင့် တိုက်ခိုက်မည့် ခရီး စဉ်ဟာ အလွန်ကြမ်းတမ်းမယ်မှန်း ချန်ရှန်ရှိနေတယ် ။ ဒါ ကြောင့် ချန်ရှန် မှာ ဖိအားများနေသလို ခံစားနေရပါတယ် ။ ဒီ မိစ္ဆာဂိုဏ်းများမှ စေလွှတ်မည့်သူများဟာ သာမန်လူတွေ တော့ မဟုတ်လောက်ချေ ။ သေချာပေါက် ပညာရှင်တွေပဲ ဖြစ်ပေလိမ့်မည် ။
ပြင်းထန်သောသိုင်းပညာဂိုဏ်း ဟာ မည်သူ့ကိုမျှ သွား ပါ ဟု တွန်းအားမပေးပါ ။ လူတိုင်း သွားချင်တယ့်သူသာ သွား နိုင်ပါတယ် ။ အဆင့် ၅ ပညာရှင်ကြီးများမှာ အတွေ့ အကြုံရင့်ကျက် သူများ ဖြစ်သောကြောင့် ရင်ဆိုင်ရမည့် မိစ္ဆာ ပညာရှင်များ မည်မျှကြောက်ဖို့ကောင်းတယ် ဆိုတာ ကို သိကြသောကြောင့် ပါဝင်ခြင်း မရှိပါချေ ။ သူတို့စိတ်ထဲ မှာ တော့ ချန်ရှန် တို့ လူငယ်များဟာ ကိုယ့်သေတွင်း ကိုယ် တူးသည် ဟု သာ မြင်နေကြပါတယ် ။ ဒါတင်မက ၎င်းတို့ ဟာ ချန်ဝူ နယ်မြေကြီး တစ်ခုလုံးမှာ နာမည်ဆိုနှင့် ထင်ရှား သော တောင်ပိုင်း စွန့်ပစ်နယ်မြေသို့ သွားကြရမည် မဟုတ် ပါ လော ။
“နဂါးမလေး ၊ ငါ ရှင်တိုကို လေ့ကျင့်ရင် ဘယ်လို စွမ်း အင်မျိုးကို ရမှာလဲ”
ချန်ရှန် မေးလိုက်တယ် ။ ရှင်တို နဲ့ ပတ်သက်ပြီး သူ ဘာမှမသိ အစိမ်းသက်သက် သာ ဖြစ်နေပါတယ် ။
“ဒါက ခင်ဗျား လေ့လာခဲ့တယ့် ဝိဉာဉ်တော် စွမ်းအား အမျိုးအစားပေါ်မှာ မူတည်တယ်”
လောင်ဆုရီ က ပြောပါတယ် ။
“တိတိကျကျ ပြောရရင် ဝိဉာဉ်တော် စွမ်းအား ဟာ အသုံးပြုတယ့် စွမ်းအားအပေါ် မူတည်တာပေါ့ ။ ဒါက ခင် ဗျားတို့ ခေါ်နေတယ့် နတ်သိုင်းကျင့်စဉ်တွေ ဆိုတာနဲ့ တူ တယ် ။ အခြေခံ စည်းမျဉ်းတွေက အကုန်တူတူပဲ ။ ဒါပေ မယ့် ဝိဉာဉ်တော် စွမ်းအားကတော့ အလွန်ကို ရှားတယ် ၊ ကျွန်မ ဆီမှာတောင် ၅ ခု ပဲ ရှိတယ် ။ အဲဒိထက် မပိုဘူး”
ချန်ရှန် မျက်မှောင်ကြုတ်သွားတယ် ။ နဂါးအင်အားစု ရဲ့ အမွေအနှစ်ဟာ တကယ်ကို ကျယ်ပြန့်များပြားလှပြီး ဒါ တောင်မှပဲ လောင်ဆုရီ ပြောစကားအရ သူမဆီမှာတောင် ၅ ခုပင် ရှိသည် မဟုတ်ပါလား ။ ချန်ရှန် အနေဖြင့် ပုံစံ ၇၂ မျိုး ပြောင်းလဲခြင်းဆိုသည့် သူမ၏ ဝိဉာဉ်တော် စွမ်းအား တစ်မျိုးကိုသာ မြင်ဖူးပြီး ဒီစွမ်းအား ဟာ ယုန် ၊ ကြွက် ၊ သားရဲ စသည့် ပုံစံများသို့ ပြောင်းလဲ နိုင်တာပဲ ဖြစ်ပါတယ် ၊
“မင်း သင်ခဲ့တယ့် ဝိဉာဉ်တော် စွမ်းအားက ပုံစံ ၇၂ မျိုး ပြောင်းလဲခြင်းဆိုတာ မလား”
ချန်ရှန် အထင်သေးဟန် ဖြင့် မေးလိုက်ပါတယ် ။ ဝိဉာဉ်တော် စွမ်းအား မရှိပဲ ဝိဉာဉ်တော်ကို ကျင့်ကြံခြင်း ဖြင့် နတ်အတွင်းအား အာရုံများ တိုးလာနိုင်သည် မဟုတ် ပါ လော ။
“ပုံစံ ၇၂ မျိုး ပြောင်းလဲခြင်းကို အထင်မသေးနဲ့ ၊ ကျွန် မ အသံဘယ်လိုပြောင်းရမလဲ ဆိုတာ ၊ ပုံစံ ဘယ်လို ပြောင်းရမလဲ ဆိုတာကို သိတယ် ။ အကောင်သေးသေး လေး ပြောင်းမလား ၊ ပုန်းမလား အလွန်အသုံးဝင်တယ် ၊ ဒီ ဝိဉာဉ်တော် စွမ်းအားဟာ သာမန်မဟုတ်တဲ့ အဆင့်မှာ သတ်မှတ်ခြင်း ခံထားရပြီး သူ့အဆင့် က ရှေ့ ကိုရောက် နေ တယ် သဘောပေါက်လိုက်”
လောင်ဆုရီ ခပ်ငေါက်ငေါက် ပြောပါတယ် ။
ချန်ရှန် တခဏမျှ စဉ်းစားနေပြီး နောက်မှာတော့ –
“ငါ အဲဒါကို လေ့ကျင့်ရင် ငါ့ကိုယ်ကို ပြောင်းနိုင်မှာ လား”
“ဒါပေါ့ ၊ ခင်ဗျား ပြောင်းနိုင်မှာ ၊ ခင်ဗျား ရှင်တိုကို လေ့ ကျင့် ပြီးရင် အဆင့် ၂ ကိုရောက်သွားလိမ့်မယ် ။ အဲဒိအခါ ကျရင် ခင်ဗျား ဝိဉာဉ်တော်လေး ဟာ ကြီးလာပြီး ခင်ဗျား နဲ့ ပေါင်းစပ် နိုင်သွားလိမ့်မယ် ။ အဲဒိအခါကျ ခင်ဗျား စိတ်ထဲ က အတိုင်း ခင်ဗျားကိုယ်ကို ပြောင်းလဲနိုင်သွားမှာ အသေအချာပဲ ။ ဒါပေမယ့် ခင်ဗျား ကျွန်မလို ပုံစံ ပြောင်း ချင် ရင်တော့ ဆုတောင်းလေ”
လောင်ဆုရီ ဂုဏ်ယူဟန် ဖြင့် ပြောပါတယ် ။
ချန်ရှန် အနည်းငယ် စိတ်လှုပ်ရှားနေမိတယ် ။
“လှပတယ့် လှည့်စားမှုပဲ”
“ဒါပေါ့ ၊ ဒီလိုမှ မဟုတ်ရင်လည်း နတ်ဝိဉာဉ်တော် ၊ ဝိဉာဉ်တော် စွမ်းအား ၊ ရှင် တို ဆိုပြီး ဘယ်ခေါ်ထိုက်ပ မလဲ”
လောင်ဆုရီ ပြောလိုက်ပါတယ် ။
ချန်ရှန် ဒြပ်စင် ဝိဉာဉ်တော် ဆေးကို မျိုချလိုက်တယ် ၊ သူ့ကို အံ့သြသွားစေတယ့် အချက်ကတော့ ဆေးဟာ လျင် မြန်စွာပဲ အစောခြေဖျက်သွားလို့ပါ ။ လျင်မြန်စွာပင် ဝိဉာဉ် တော် စွမ်းအားတွေဟာ ကိုယ်ထဲ စီးဆင်းသွားပြီး သူ ၏ ဝိဉာဉ်တော်လေး က ထို ဓာတ်များအား စုပ်ယူလိုက်ပါ တယ် ။
ဝိဉာဉ်တော်လေး ဟာ များစွာသော စွမ်းအားများ ကို စုပ်ယူပြီးချိန်မှာတော့ တဖြည်းဖြည်း ကြီးထွားလာတယ် ။ မူလ က တစ်နှစ်သား နှစ်နှစ်သား လောက် ရှိသော ဝိဉာဉ် တော်လေး မှာ ယခုအခါ ကြီးထွားလာပါပြီ ။
“ဒီဒြပ်စင် ဝိဉာဉ်တော်ဆေးက ခင်ဗျားရဲ့ နတ်ဝိဉာဉ် ကို ငါးနှစ်ခြောက်နှစ်လောက် ကြီးလာစေလိမ့်မယ် ။ ပြီးတဲ့ အခါ ခင်ဗျား ဝိဉာဉ်တော် စွမ်းအားကို စပြီး လေ့ကျင့်လို့ ရ ပြီ ။ နောက်သုံးလ လောက် ကြာတယ့်အခါ ခင်ဗျား ပုံစံ ၇၂ မျိုးထဲက အချို့ ကို သင်ကြားနိုင်လိမ့်မယ် ။ အတိကျဆိုရင် နတ်အတွင်းအား အာရုံနဲ့ ချီဓာတ်ကို အတူတူ တွဲသုံးလို့ ရမယ့် အစွမ်းထက်ဆုံး ဝိဉာဉ်တော် စွမ်းအားကို လုပ်နိုင် မှာ ဖြစ်တယ်”
လောင်ဆုရီ ပြောပြပါတယ် ။
မျက်စိရှေ့ မှာပင် ချန်ရှန် ၏ ဝိဉာဉ်တော်လေးဟာ လေး ငါး နှစ် အရွယ်သို့ ကြီးထားလာခဲ့ပါပြီ ။ သူ၏ ဝိဉာဉ် တော်လေးနဲ့ ပိုမိုဆက်နွယ်မှု ရှိလာသလို ခံစားနေရပြီး သို့ သော်လည်း ဒါကို တကယ့် အစစ်အမှန် ပေါင်းစပ်ခြင်းလို့ မ ခေါ်နိုင်သေးပါဘူး ။ သူ၏ ကိုယ်နဲ့ လုံးဝ တသားတည်း ဖြစ် သွားမှသာ သူစိတ်ရှိသလို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ် ။
နတ်ဝိဉာဉ်တော်လေး ရဲ့ ကြီးထွားနှုန်းဟာ လူရဲ့ ကြီး ထွား မှုနှုန်းနဲ့ အတူတူပါပဲ ။ ကလေးဘ၀မှာ လူဟာ ဘာမျှ နားလည်ဦးမှာ မဟုတ်ပါပေ ။ တဖြည်းဖြည်း ကြီးလာတယ့် အခါဆိုရင်တော့ အသိဉာဏ်များ ဖွံ့ ဖြိုးလာပြီး ထိုအချိန် ဟာ ပေါင်းစပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ ။
“မြန်မြန် ပေါင်းစပ်တော့ ၊ ခင်ဗျား ဒီအခွင့်အရေးကို လွတ်သွားမယ် ဆိုရင် ရှေ့ လျှောက်ပေါင်းစပ်ဖို့ နည်းနည်း ခက်သွားလိမ့်မယ်”
လောင်ဆုရီ ချန်ရှန်ကို သတိပေးလိုက်ပါတယ် ။ သူမ လည်း ချန်ရှန် ၏ ဝိဉာဉ်တော်လေးကို မြင်နေရလို့ပါ ။
“ဘယ်လို လုပ်ရမလဲ”
ချန်ရှန် အလျင်အမြန် မေးလိုက်တယ် ။
“ခင်ဗျားကိုယ် ခင်ဗျား နတ်ဝိဉာဉ်တော်လေးနဲ့ ပေါင်း စပ်နေပြီလို့သာ တွေးလိုက်”
ချန်ရှန် ချက်ချင်းပင် လောင်ဆုရီ ပြောသလိုလုပ်ကာ သူ၏ ကိုယ်နှင့် ဝိဉာဉ်တော်လေး ပေါင်းစပ်ခြင်းအား အာ ရုံ စူးစိုက် လိုက်ပါတယ် ။ တဖြည်းဖြည်း သူ့ကိုယ်ဟာ ရွှေ ရောင်အလင်းများ လတ်လာပြီး ထူးခြားမှုတစ်ခု ခံစားနေ ရသလိုပါပဲ ။
ဆယ်ရက်ခန့် ကြာသော်အခါ ၊ ချန်ရှန် သက်ပြင်းတစ် ချက် ချ ပြီး မျက်လုံးကို ဖွင့်လိုက်တယ် ။ သူ့လက်များ နှင့် ခြေထောက်များကို ကြည့်လိုက်ပြီး သူ့လက်ချောင်းများ ကို ကွေးညွှတ်ကြည့်လိုက်ပါတယ် ။ ဒါပေမယ့် ဒီလှုပ်ရှား မှု ဟာ သူ့ကိုယ်က လုပ်ခြင်းမဟုတ်ပဲ သူ့စိတ်ဖြင့်သာ စေခိုင်း လိုက်ခြင်း ဖြစ်ပါတယ် ။
သူ့တစ်ကိုယ်လုံး ညောင်းညာသွားသည်ထိ အမျိုးမျိုး လုပ်ကြည့် နေမိတယ် ။ လှုပ်ရှားမှုတိုင်းအား နည်းလမ်း နှစ် မျိုးနှင့် ပြုလုပ်နိုင်တာ ဖြစ်ပြီး သူ့စိတ်နဲ့ရော ကိုယ်နဲ့ပါ ပြု လုပ်နိုင်တာ ဖြစ်ပါတယ် ။ စိတ်နဲ့ ဆိုတာထက် နတ်အတွင်း အား အာရုံနဲ့ ပြုလုပ်သည်ဟု ပြောပါက ပိုမိုမှန်ကန်ပေလိ့မ် မည် ။
ချန်ရှန် တင်ပလ္လင်ခွေထိုင်ကာ လေများကို ရှူသွင်းနေ တယ် ။ ထူးကဲဆန်းကြယ်လှသော နတ်ဝိဉာဉ်တော်ဖြင့် သူဟာ သူ့ကိုယ်ကို လေပေါ်ပေါ်အောင် ထိန်းချုပ်ကြည့် လိုက်တယ် ။ သူ၏ ခြေထောက်များဟာ တဖြည်းဖြည်း မြေ မှ ကြွလာပြီး သူလည်း လေပေါ် လွင့်ပါသွားပါတော့တယ်။
“ဟားးဟားးဟားး”
ချန်ရှန် ဟက်ဟက်ပက်ပက် ရယ်မောနေမိတယ် ။
“ဒီ ခံစားချက် က တကယ်မိုက်တာပဲ ၊ ရှင်တိုဆိုတာ ဒါ လား”
ဒီဆယ်ရက် အတွင်းမှာ စုမေးယို နှင့် ဘိုင်ယုယု တို့ ဟာ ချန်ရှန် ကို အာရုံတစိုက် လေ့လာနေခဲ့တာပါ ။ ရှင်တို တဆင့်ပြီးတဆင့် ပြောင်းလဲသွားတာကို မြင်တွေ့ ကြရပြီး ဒါမျိုးဟာ မြင်တောင့်မြင်ခဲ အခိုက်အတန့်ပါပဲ ။
“မှန်တယ် ၊ ဒါပေမယ့် အခု ခင်ဗျားရဲ့ နတ်ဝိဉာဉ်တော် ကို ခင်ဗျားကိုယ်နဲ့ မကွာစေနဲ့ ၊ ခင်ဗျားရဲ့ ဝိဉာဉ်တော် လေး ဟာ အလွန်အားနည်းသေးတယ် ။ တကယ့် ချာတိတ် လေး ၊ လက်သီးတစ်ချက်နဲ့ တောင် သတ်နိုင်တယ်”
လောင်စုရီ ရယ်မော ပြောဆိုပါတယ် ။
ချန်ရှန် ခေါင်းညိမ့်လိုက်တယ် ။ နတ်ဝိဉာဉ်လေး ဟာ အလွန်ပင် သေးငယ်သေးလှပြီး သူ၏ မူလ စိတ်ဝိဉာဉ် နှင့် ဆင်တူပါတယ် ။ သို့သော်လည်း ၎င်းဟာ လေ့ကျင့်နိုင်တာ မို့ သူ့နဂို ဝိဉာဉ်တော်ထက် ပိုမို အစွမ်းထက်ပါတယ် ။
“ဘယ်အချိန်မှာ ငါ့ရဲ့ နတ်ဝိဉာဉ်တော်ကို ငါ့ကိုယ် နဲ့ ခွဲထားလို့ ရမလဲ”
ချန်ရှန် စိတ်လှုပ်ရှားစွာ မေးလိုက်တယ် ။
“ခင်ဗျားရဲ့ နတ်ဝိဉာဉ်တော်လေး ဟာ နိဗ္ဗာန်အဆင့် ရောက်တယ့်ထိ စောင့်ရင်တော့ အကောင်းဆုံးပဲ ။ ခင်ဗျား ဆိုရင်တော့ အဆင့် ၅ သို့မဟုတ် ၆ စစ်မှန်သော နယ်ပယ် ကို ရောက်ရင် လုပ်နိုင်လိမ့်မယ် ။ ဘယ်သူမှ ခင်ဗျားရဲ့ ဝိဉာဉ်တော်မှာ အစွမ်းရှိတာ မသိစေနဲ့ ၊ ဒီလိုမှ မဟုတ်ရင် တိုက်ခိုက်ခံရလိမ့်မယ် ။ နည်းနည်းတော့ အာရုံများမှာပေါ့ ၊ အထူးသဖြင့် ခင်ဗျား မလွတ်မြောက်နိုင်တော့ပဲ အပြင်း အ ထန် ဒဏ်ရာရရင် ခင်ဗျားရဲ့ ဝိဉာဉ်တော်လည်း ဒဏ်ရာရ လိမ့်မယ်”
လောင်ဆုရီ ပြောပြပါတယ် ။
“ဘာလို့လဲ ဆိုတော့ ခင်ဗျားကိုယ်ထဲမှာ အဲဒါကို အေး အေး ဆေး ဆေး ရှင်သန်ကြီးထွားပါစေ ။ ခင်ဗျားကိ်ုယ် ကော နတ်ဝိဉာဉ်တော်ကိုပါ အတူတူ ကြီးထွားကြပါစေ ၊ ဒါက အန္တရာယ် အကင်းဆုံးနည်းလမ်းပဲ”
ချန်ရှန် ရှင်တိုရဲ့ နောက်တဆင့်သို့ တက်လှမ်းနိုင်သွား ပါပြီ ။ သူအလွန်ပဲ စိတ်လှုပ်ရှားလျက် ရှိနေပါတယ် ။ ရေ အမြန်ချိုးလိုက်ပြီး ဆေးဘုရင်ခြံဝန်းမှ ထွက်လာခဲ့ပါတော့ တယ် ။ ရှောင်ဒိုတို့ကိုတွေ့ ချင်နေတာဖြစ်ပြီး လဲရှောင်လင် တို့ အခြေအနေကိုလည်း သိချင်နေမိပါတယ် ။
ချန်ရှန် ဟောခန်းအတွင်းဝင်ရောက်ပြီးတဲ့ အခါမှာ တော့ လျန်မင်ဒုန် ၊ လဲရှောင်လင် နဲ့ လဲဇောင် တို့ကို တွေ့ လိုက်ရပါတယ် ။ သုံးယောက်လုံးဟာ ရွှင်ရွင်ပြုံးပြုံး ရှိနေ ပြီး အခြေအနေကောင်းပုံပါပဲ ။ ချန်ရှန်ရောက်လာတာကို မြင်တဲ့အခါ အားလုံး မတ်တပ် ထရပ်လိုက်ကြတယ် ။
“ဂုဏ်ယူပါတယ် ၊ မင်းတို့ အားလုံး စစ်မှန်သော သိုင်း ပညာနယ်ပယ်ကို ရောက်ရှိသွားပြီပေ့ါ”
အားလုံးရဲ့ လက်ရှိ အခြေအနေကို ကြည့်ရင်း ချန်ရှန် ၎င်းတို့ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ရောက်၏ မ ရောက်၏ ဆိုတာ မေးနေစရာ မလိုတော့ပါချေ . . . ။