Switch Mode

Chapter – 224

ကျော်ကြားမှုကို ဝယ်ယူခြင်း

Chapter – 224 ကျော်ကြားမှုကိုဝယ်ယူခြင်း

အဆိုပါ ငါးဦးတွင် နှစ်ဦးမှာ မစ်ရှင်များလုပ်နေပြီး ပြန် မလာ သေးပေ ။ ဒါကြောင့် လက်ရှိမှာ သုံးဦးသာ ကျန်ရှိ နေ ပါတယ် ။
ဇုရွန်တို့ဟာ အဆိုပါငါးဦးကို သေချာ စုံစမ်းရုံမက အချိန် အကြာကြီး လေ့လာခဲ့ပြီး ဖြစ်ပါတယ် ။ ၎င်းတို့ဟာ တကယ်ကိုပဲ ကြိုးစားကြသူများပါ ။
အခန်းငယ်လေးထဲမှာ ချန်ရှန်ဟာ လူငယ်သုံးဦးအား ကြည့်နေလျက် ရှိတယ် ။ ၂ ဦးဟာ ကြံ့ခိုင်ထွားကြိုင်းလှပြီး အလုံးအထည် တူညီလှတယ် ။ ၎င်းတို့ဟာ ညီအကိုတွေပါ ၊ တစ်ဦးကတော့ ပညာရှင်ပုံစံနှင့်တူပါတယ် ။ သာမန် အ ၀တ်စားကိုသာ ၀တ်ဆင်ထားသော်လည်း သပ်ရပ်လှပြီး သူ၏ မျက်နှာက အပြုံးမှာ ချိုသာလှပါတယ် ။
ညီအကို နှစ်ယောက် နာမည်ကတော့ လဲရှောင်လင် နဲ့ လဲဇောင် တို့ ဖြစ်ကြတယ် ။
လဲရှောင်လင် ဟာ အကြီးဖြစ်ပြီး ကြံ့ခိုင်သန်စွမ်းသူပါ ။ သို့သော်လည်း သူစကားပြောသောအခါ နည်းနည်းရိုင်း သလိုပါပဲ ။ အပြောမတတ်ပုံပါ ။ သူ့ညီ လဲဇောင်ကတော့ သာမန် ရိုးရိုးသားသားပါပဲ ။ စကားနည်းသူ တစ်ဦးဖြစ်ပြီး စကားပြောပြန်ရင်လည်း ပြောရတာ အဆင်မပြေလှပါဘူး။ သို့သော်လည်း နှစ်ဦးလုံးဟာ ကြိုးစားသူများဖြစ်ကြတယ် ။ ဒီလိုသာ မဟုတ်ပါက ယခုလို ငယ်ငယ် ရွယ်ရွယ် ဖြင့် အဆင့် ၁၀ မော်တယ်ပညာရှင် အဖြစ်သို့ ရောက်လာစရာ မရှိပါဘူး ။
ပညာရှင်ပုံစံ လူ နာမည်ကတော့ လျန်မင်ဒုန် လို့ ခေါ်ပါ တယ် ။ အကင်းပါးသော လူတစ်ဦး ဖြစ်ပြီး ရှီမန်မြို့ ထဲမှာ ကောင်းမွန်သော ကိစ္စအမြောက်အများ ပြုလုပ်ခဲ့သူပါ ။ ဒါ ပေမယ့် ဒီလို လူမျိုးဟာ နောက်ကွယ်မှာ မကောင်းလုပ် တတ် ပါတယ် ။ သို့သော်လည်း ချန်ရှန် အနေဖြင့် ဒီကိစ္စကို တွေးပူ မနေပါ ။
လဲရှောင်လင် ၊ လဲဇောင် နှင့် လျန်မင်ဒုန် တို့အားလုံး ဟာ သူတို့ကို ဒီနေ့ ဘာလို့ ခေါ်ထားလဲ ဆိုတာ သိကြတယ် ၊ သူတို့ဟာ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်လှပြီး အရင်ကလည်း အတွေ့ အကြုံများစွာ ရှိသူတွေပါ ။ သို့သော်လည်း သူတို့ မှာ ကျောထောက်နောက်ခံ ကောင်းကောင်း မရှိတာမို့ သူတို့ အတွက် ပန်းတိုင်ဟာ ဝေးလို့ နေကြပါတယ် ။
ဂိုဏ်းအတွင်းမှာ ကျောထောက်နောက်ခံ ရှိသူများဟာ မျက်နှာကောင်း ရလေ့ရှိပါတယ် ။ ဥပမာ မျိုးနွယ်စုကြီး တစ် ခုခု က ဂျူနီယာ ၊ သား သို့မဟုတ် သမီး စသည့် လူမျိုးများ ဟာ အလွန်ထင်ရှားကြသူတွေပါ ။
သို့သော်လည်း ချန်ရှန် ကတော့ ဒါကို ထည့်မတွက်ပါ ဘူး ။ ဒီလိုမှ မဟုတ်ပါက သူ့ကို ဒီလူတွေ သစ္စာရှိမည် မ ဟုတ်တော့ချေ ။ သူ့ကို သစ္စာဖောက်ပြီး သူ့ခေါင်းကို ဖြတ် ကာ ဆုငွေ ထုတ်ယူနိုင်သွားမည် မဟုတ်ပါလား ။
ပြင်းထန်သော သိုင်းပညာဂိုဏ်း အတွင်းမှာ ချန်ရှန် နာ မည် ဟာ တောမီးလို ပျံ့ နှံ့ လျက် ရှိတယ် ။ တချို့ က မုန်း ကြ တယ် ၊ တချို့ က သဘောကျတယ် ၊ တချို့ က လေးစား ကြ တယ် ။ ဒါပေမယ့် အဓိကကတော့ မနာလိုတဲ့လူ များ လှပါတယ် ။
ယခု လဲရှောင်လင်တို့ဟာ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းရဲ့ ထိပ်သီးပညာရှင်နှင့် တွေ့ ဆုံနေကြရတာ ဖြစ်တာ ကြောင့် ၎င်းတို့ စိတ်ထဲ လှုပ်ရှားကာ အံ့လည်း အံ့သြနေ ကြ ပါ တယ် ။
“အရေးမပါတာတွေ ပြောပြီး အချိန်မဖြုန်းချင်တော့ ဘူး ၊ ငါတို့ဟာ ပထမဆုံး အကြိမ် တွေ့ ဆုံပေမယ့် မင်းတို့ အားလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် လေ့လာပြီးပြီလို့ ငါ ထင်တယ် ။ မင်းတို့အားလုံးအကြောင်းကို စုံစမ်းထားပြီး တာ ကြောင့် ဒီအတွက် မင်းတို့ စိတ်မရှိဖို့တော့ မျှော်လင့် ပါ တယ်”
ချန်ရှန် ပြုံးကာ ပြောလိုက်တယ် ။
“ဘာလို့လဲ ဆိုတော့ ငါက အားကိုးရလောက်မယ့် လူ လိုချင်လို့ပဲ”
လျန်မင်ဒုန် အနည်းငယ် အံ့သြသွားတယ် ။ သုံးဦးလုံး ဟာ အတူတူပဲ ဖြစ်တာကြောင့် လဲရှောင်လင် နှင့် လဲဇောင် တို့ အား လှမ်းကြည့်လိုက်တယ် ။ သူတို့အားလုံးဟာ သူ ငယ် ချင်း များ ဖြစ်ကြပြီး အားလုံး ဟာ အံ့အားသင့်လို့ နေ ကြပါတယ် ။
“မင်းတို့ ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလား ၊ ငါတို့နဲ့ ပူးပေါင်း မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ၊ မဟုတ်ရင် လည်း ဒီကိစ္စကို မေ့လိုက်ပါ ။ ပြောစရာရှိတာတော့ ပြီးမှ ဆက် ပြောကြတာပေါ့”
ရှောင်ဒို က ပြောလိုက်ပါတယ် ။
ရှောင်ဒို ၊ ဇုရွန် နဲ့ တခြားလူများ အားလုံးဟာ ငယ်ရွယ် သည့် စစ်မှန်သော ပညာရှင်တွေ ဖြစ်ကြတယ် ။ အားလုံး သော အချက်အလက်များကြောင့် ၎င်းတို့ဟာလည်း အ လွန် ထင်ရှားကြပါတယ် ။ ဒါတင်မက သူတို့ဟာ မျိုးနွယ် ကြီး များမှ ဆင်းသက်လာသူများလည်း ဖြစ်ကြတယ် ။
လဲရှောင်လင် နဲ့ လဲဇောင်တို့ တစ်ယောက်မျက်နာ တစ် ယောက် ကြည့်နေကြတယ် ။ ဂိုဏ်းအတွင်း လွှမ်းမိုး မှု ရှိသည့် လူများ၏ ဦးဆောင်မှုနောက်သို့ လိုက်ချင်ကြပြီး သူတို့ဟာ အလွန်ပဲ ပျော်ရွှင်နေကြပါတယ် ။
လျန်မင်ဒုန် က –
“စီနီယာ အကိုတော် ချန်က ကျွန်တော်တို့ကို တကူး တက ဖိတ်ခေါ်တာကြောင့် ကျွန်တော်တို့က အလွန်ပဲ ကျေး ဇူး တင်မိပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နောက်ဆုံး မစ်ရှင် မှာ ကျွန်တော်တို့အုပ်စုဟာ လူတချို့ နဲ့ ပဋိပက္ခ ဖြစ် လာခဲ့ပြီး ကျွန်တော့ လူ ၂ ယောက်ကို ဆုံးရှုံးခဲ့ရတယ်”
ဇုရွန် ရယ်မောကာဖြင့် –
“မင်းက ငါတို့ကို ဒီပြသနာတွေထဲ ဆွဲခေါ်သလို ဖြစ်မှာ ဆိုးနေတာလား”
လျန်မင်ဒုန် ခေါင်းညိ့မ်ကာ –
“ဟုတ်တယ် ၊ အကိုတော်တို့တွေ ဟာ ငယ်ရွယ်ပြီး အစွမ်းအစရှိသူတွေပါ ၊ ဒါပေမယ့် . . .”
ထိုအချိန်မှာ လဲရှောင်လင် က ထအော်တယ် ။
“ဒီလို မပြောနဲ့ ၊ သွားကြစို့ ငါတို့ ကိစ္စ ငါတို့ ရှင်းရမှာ ပေါ့”
လဲဇောင်က ချန်ရှန် ကို ကြည့်ပြီးပြုံးကာ –
“ကျွန်တော် တို့ ခင်ဗျားတို့ နဲ့ ပူးပေါင်းရင် ကျွန်တော် တို့ က ခင်ဗျားတို့ အတွက် ပြသနာတွေ သယ်လာသလို ဖြစ် နေမယ် ၊ တောင်းပန်ပါတယ်”
ဆူဝဲလောင် က အေးစက်စွာဖြင့် –
“မင်းကို ဘယ်သူက ရန်စပြီး ၊ မင်းရဲ့ အဖော်တွေကို သတ် လိုက်တာလဲ ၊ ငါတို့က မင်းတို့နဲ့ မဆိုင်ပေမယ့် ငါတို့ ရဲ့ စုံစမ်းမှုအရ မင်းတို့ကို လေးစားပြီးသားပါ ။ ဒါကြောင့် ပဲ ငါတို့က မင်းတို့နဲ့ ပူးပေါင်းပြီး အဖွဲ့ကြီးဖွဲ့ ဖို့ ဖိတ်ခေါ်တာပေါ့”
ချန်ရှန် သက်ပြင်းချကာ –
“ငါထင်တာ မမှားဘူး ဆိုရင် ၊ ဒါ တခြား ငါတို့ဂိုဏ်းထဲ က ကောင်တွေပဲ ဖြစ်လိမ့်မယ် ။ ဟူးးး ၊ မင်းတို့က စွန့်စွန့် စားစား လုပ်ပေမယ့် ဒီလို ဖြစ်လာရတယ် ။ ထားတော့ ၊ ငါက မင်းတို့ကို မိစ္ဆာဂိုဏ်းက ပညာရှင်တွေနဲ့ အသေ အ ကြေ တိုက်ပွဲမှာ ပါဖို့ အခွင့်အရေး ပေးချင် တယ် ၊ ဒီတိုက်ပွဲကနေ မင်းတို့ အကျိုးအမြတ် အများကြီး ရမှာပါ”
လဲရှောင်လင် နဲ့ လဲဇောင်တို့ တုန်တက်သွားတယ် ၊ လဲရှောင်လင်က ချက်ချင်းပင် –
“ဘယ်လို အခွင့်ရေးမျိုးလဲ”
ချန်ရှန် အနည်းငယ် ပြုံးမိသွားတယ် ။ လဲရှောင်လင် နဲ့ လဲ ဇောင် တို့၏ ရွာများကို မိစ္ဆာလမ်းမှ ပညာရှင်များဟာ ဖျက်စီးသွားတယ် ဆိုတယ့် သတင်း ချန်ရှန် စုံစမ်းထားမိပြီး သားပါ ။ ဒါကြောင့်ပဲ ၎င်းတို့ နှစ်ဦးဟာ အဆိုပါ မိစ္ဆာ ပညာ ရှင်တွေကို သေလောက်အောင် မုန်းတီးနေပါတယ် ။
“ငါတို့ မင်းတို့ကို ခေါ်တည်းက ငါတို့ဟာ မင်းတို့အပေါ် ယုံကြည်ချက် အပြည့်ထားပြီးသား ။ မင်းတို့က ငါတို့ထင် သလို မဟုတ်ခဲ့ရင်တော့ ငါတို့ မျက်စိမှုန်တယ်လို့ပဲ ပြော ရမှာပေါ့ ။ ပြင်းထန်သော သိ်ုင်းပညာဂိုဏ်းဟာ ငါတို့ မိစ္ဆာ ဂိုဏ်းက ကောင်တွေနဲ့ ယှဉ်ပြိုင်ရမယ့် နေရာကို လူ ၁၀ ဦး ချက်ချင်း စေလွှတ်ဖို့ လိုအပ်နေတယ် ။ မင်းတို့ သုံးယောက် စာ အတွက် ငါ နေရာချန်ထားတယ် ။ ဒါပေမယ့် မင်းတို့ အားလုံး စစ်မှန်တယ့် သိုင်းပညာနယ်ပယ် ကို ၀င်ရောက် ဖို့ တော့ လိုတယ်”
ချန်ရှန် ၏ စကားလုံးများဟာ ၎င်းတို့ကို ပင့်သက်ရှိုက် သွား စေတယ် ။ သူတို့ဟာ သာမည လူတွေသာ ဖြစ်ပြီး ထင်ရှားသူများ မဟုတ်ပါချေ ။ လူတွေသာ သူတို့ မိစ္ဆာ ပညာရှင်တွေနဲ့ တိုက်ခိုက်မည်ကို ကြားသိပါက စိုးရိမ်သွား ကြ ပေ လိမ့်မည် ။ အထူးသဖြင့် စိတ်ကြီးဝင်ပြီး ဂုဏ်များ မောက် လေ့ ရှိတတ်သော သူများသာ သိပါက ၎င်းတို့ကို လှောင်ပြောင်မှာပါ ။ သူတို့အနေဖြင့်လည်း ဒီလိုတိုက်ခိုက် ချင်ပြီး ဆုကြေးများကို ရယူချင်ပါသေးတယ် ။
လက်ယာဂိုဏ်းများ၏ ဂိုဏ်းချုပ်အားလုံးဟာ ဘယ်လို မိစ္ဆာပညာရှင်မျိုးတွေ ရှိမလဲဆိုတာကို နားလည်ပြီးသားပါ ။ ၎င်းတို့ကိုသာ ကျယ်ပြန့်ခွင့်ပေးလိုက်ပါက ပြည်သူလူထု ကို ထိခိုက်စေရုံသာမက လက်ယာဂိုဏ်းပညာရှင်များကို လည်း တစတစ ထိခိုက်လာပါစေလိမ့်မည် ။ နေ့ရက်တိုင်း ဟာ ကံဆိုးမှုများဖြင့် ပြည့်နေတော့မှာပါ ။ ဒီလို မိစ္ဆာတွေ ကို ရှင်းလင်းဖို့ အတွက် ပြင်းထန်သော တိုက်ပွဲကြီးက စောင့်ကြိုနေပါတော့တယ် ။
ချန်ရှန် တည်ဆောက်ရေးဆေး ၆ လုံးကို ထုတ်ကာ –
“ငါမင်းတို့ တစ်ဦးချင်းစီကို တည်ဆောက်ရေးဆေး ၂ လုံးစီ ပေးမယ် ။ မင်းတို့ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ရောက်ရောက် မရောက်ရောက် ဒါကို သေချာ အသုံးချ ပါ ။ မင်းတို့ ကံကောင်းမှာပါ”
“မင်းတို့ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ရောက် ပြီး သွားရင်လည်း ငါတို့နဲ့ ပူးပေါင်းမပေါင်းဆိုတာ မင်းတို့ သ ဘော ပဲ ။ ဒါပေမယ့် မင်းတို့က တခြားသတ္တိနည်းသူ တွေလို မိစ္ဆာလမ်းက လူတွေနဲ့ တိုက်ဖို့ မရဲဘူးလို့ ယူဆ လိုက် တာ ပေါ့”
ချန်ရှန် ဆေးခြောက်လုံးအား စားပွဲပေါ်တင်လိုက်တယ်
လျန်မင်ဒုန် ၊ လဲရှောင်လင် နှင့် လဲဇောင် တို့ဟာ ခဏ တာ ကြောင်အနေကြတယ် ။ တည်ဆောက်ရေးဆေးများ ကို ကြည့်ရင်း ဆွံ့အလျက် ရှိနေကြပါတယ် ။ သူတို့မပြော နှင့် ရှောင်ဒိုတို့ပင် အတော်လေး အံ့သြနေမိတယ် ။ ချန်ရှန် ဟာ တည်ဆောက်ရေးဆေး ၂ လုံးစီကို ဘာမှမဖြစ်သလို ပေးလိုက်ခြင်း ဖြစ်ပြီး တခါတည်းဖြင့် ခြောက်လုံးထပ်မံ ထုတ်လိုက်ခြင်းပါ ။
“ငါက ဒီတည်ဆောက်ရေးဆေးတွေကို ဘာအတွက် မှ ပေးတာ မဟုတ်ဘူး ။ ပြီးရင် မင်းတို့အားလုံးပြန်လာကြ ၊ ဒီ ဆေးတစ်လုံးစီအတွက် ငါ သလင်းကျောက် ၂ သိန်းလိုချင် တယ် ။ မင်းတို့င့ါကို အကြွေးပေးမယ်လို့ သေချာရင် ယူ သွားကြတော့”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။
သလင်းကျောက် ၅ သိန်း ဆိုလျှင်ပင် တကယ့်တန်ဖိုး အစစ် အမှန် မဟုတ်သေးပါဘူး ။ ၎င်းတို့သာ စစ်မှန်သော ပညာရှင်များ ဖြစ်သွားမည် ဆိုပါက ယခု ပမာဏအတွက် သူတို့ ခက်ခဲနေမည် မဟုတ်ပါ ။ သို့သော်လည်း သူတို့ ဟာ အနည်းငယ် ချီတုန်ချတုန် ဖြစ်နေပါသေးတယ် ။
လျန်မင်ဒုန် တို့ဟာ ဆေး ၂ လုံးစီ ယူလိုက်ကြတယ် ။ ချန်ရှန်ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်ပြီး ချန်ရှန်နောက် ကို သူတို့ သေသည်ထိ လိုက်တော့မည်ဟု ပိုင်းဖြတ်လိုက်ကြ ပါတယ် ။ ချန်ရှန် ဟာ ၎င်းတို့ကို အစွမ်းထက်လာပြီး ကလဲ့ စားခြေ နိုင်ရန် အခွင့်အရေး ပေးခဲ့သည် မဟုတ်ပါလော ။ ဒီလိုမှ မဟုတ်ပဲ သူတို့ အခြေအနေဖြင့်သာ ဆိုပါက စစ်မှန် သော သိုင်းပညာနယ်ပယ်ကို ဘယ်ကမ္ဘာမှ ရောက်ရှိနိုင် မည် မသိနိုင်ပါချေ ။ သေသည်အထိ အဆင့် ၁၀ နဲ့ပဲ နေ သွား နိုင်ပါသေးတယ် ။
“မင်းတို့ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ရောက် ရင် ဆရာကြီး ဝုကို လိုက်ရှာပြီး မင်းတို့အတွက် စီစဉ်ခိုင်း စရာတွေကို စီစဉ်ခိုင်းပါ ။ အဲဒိအခါ ချန်ရှန် က လွှတ်လိုက် တာ ပါ လို့သာ ပြောလိုက် ။ နောက်ပြီး အခု မင်းတို့ တစ်လုံး စီပဲ အရင် သောက်လိုက်ကြ ။ ဒါဆို နောက်တစ်လုံးကို မင်း တို့ အဆင့် ၂ ကို တက်မယ့်အခါကျ သောက်လို့ရတာပေါ့”
ချန်ရှန် ၎င်းတို့အား ပြောပြပေးနေပါတယ် ။
လဲရှောင်လင် တို့ဟာ ဘာမှမပြောတော့ပဲ ၎င်းတို့ လက်သီးများကို ချန်ရှန် ရှေ့ ဆန့်ထုတ်လိုက်ကြတယ် ။ ရှောင် ဒို တို့လည်း ရောက်ရှိလာကာ အားလုံး သဘောတူ ညီ လိုက်ကြပါတော့တယ် ။ ချန်ရှန် ကို မည်မျှအထိ ကျေး ဇူးတင်နေမည် ဆိုတာကို ဖော်ပြရန်ပင် လိုမည် မထင်ချေ ။
ယခုအခါ ပြိုင်ပွဲဝင် တစ်ဦးသာ လိုပါတော့တယ် ။ ချန်ရှန်လည်း ဆေးဘုရင်ခြံဝန်း သို့ ပြန်ကာ ဆေးဆရာမ ကြီးအား သွားရှာတယ် ။ နောက်ပြီး ဝုကွမ်ချင်ဟာ နောက် ဆုံးကျန်ရှိနေသည့် ပြိုင်ပွဲဝင်နေရာအတွက် အသင့်တော် ဆုံးပင် မဟုတ်ပါလား ။ သူတစ်ခု စိုးရိမ်မိသည်မှာ ဆေးဆ ရာမကြီးမှ ဝုကွမ်ချင်အား မထုတ်ပေးမှာကိုပဲ ဖြစ်ပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset