Chapter – 223 ပြိုင်ပွဲဝင်
ရှောင်ဒို နဲ့ ဆူဝဲလောင် တို့ ချန်ရှန်ပေးသော သေတ္တာ လေး အား ဖွင့်ကြည့်ရင်း မျက်လုံးပြူးသွားကြတယ် ။ ဇုရွန် ကို လည်း သူတို့လို ပဲ တည်ဆောက်ရေးဆေး ၂ လုံး ပေး တယ် ဆိုတာ သိလိုက်ကြပါတယ် ။ တစ်ကြိမ်တည်းဖြင့် တည် ဆောက် ရေးဆေး ခြောက်လုံးကို ချန်ရှန် က ခပ်ပေါ့ ပေါ့ ပေးလိုက်ခြင်းကို အတော်ပင် အံ့သြနေကြတယ် ။ ချန် ရှန် တည်ဆောက်ရေးဆေး ရတနာသိုက်မျိုး တွေ့ လာတာ လား ဟုပင် ထင်နေမိကြတယ် ။
“ဟဲဟဲ ၊ သလင်းကျောက် ငါးသိန်း ပဲ ကျပါတယ် ။ ၀ယ် မှာလား မ၀ယ်ဘူးလား”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။ ၎င်းတို့လည်း အား မနာ ရအောင် သူ့အတွက်လည်း သလင်းကျောက် အနည်းငယ် ရရှိအောင် ချန်ရှန် ပြောလိုက်ခြင်းပါ ။
“မင်းမှာ ဘယ်နလုံးရှိလဲ ၊ ငါအကုန်ဝယ်မယ်”
ဇုရွန် ခပ်လောလော မေးလိုက်တယ် ။
“အရူး”
ရှောင်ဒို ငေါက်လိုက်တယ် ။
“ငါတို့က အများကြီး ၀ယ်မှာလေ ၊ မင်း ထပ်မလျော့ တော့ ဘူး လား”
ဇုရွန် ပြောပြန်ပါတယ် ။
“ခင်ဗျားက တကယ်ကို ဈေးလာဆစ်နေတယ် ၊ အချင်း ချင်းကို ဒီလိုပဲ အမြတ်ထုတ်မယ် ဆိုတာချည်း”
ချန်ရှန် ဇုရွန်ကို ကြည့်ကာ ရယ်မော ပြောဆိုလိုက်ပါ တယ် ။
ဇုရွန်လည်း နှုတ်ခမ်းကို မဲ့ကာ –
“အမြတ်ထုတ်စရာလား ၊ ငါက အကျင့်ကောင်းပြီးသား ပါ နော်”
ဆူဝဲလောင် ချက်ချင်းပဲ သလင်းကျောက် ငါးသိန်း ကို ထုတ်ယူကာ ချန်ရှန် အား ပေးလိုက်ပါတယ် ။ ထို့နောက် သက်ပြင်းချပြီး –
“ဒါငါ့မှာ ရှိတာ အကုန်ပဲ ။ ရုတ်တရက်ဆိုတော့ ငါလဲ ရှာချိန် မရခဲ့ဘူး”
ချန်ရှန် ၏ တည်ဆောက်ရေးဆေး တွေဟာ ၎င်းတို့ အ တွက် အလွန်ပဲ အသုံးဝင်ပါတယ် ။ ဒါတွေနဲ့သာဆိုပါက ၎င်း တို့ အတွက် စစ်မှန်သောချီဓာတ်များ တန်နဲ့ချီ ရရှိနိုင်ပါ လိမ့်မယ် ။
၎င်းတို့ စကားတပြောပြော နှင့် လျှောက်လာပြီးနောက် မှာ တော့ လူ တစ်ရာလောက် ရှိနေကြတာကို မြင်တွေ့ ကြ ရ ပါတယ် ။ အားလုံးဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ စစ်မှန်သော သိုင်းပညာရှင်များ ဖြစ်ကြပြီး စုစုပေါင်းအား ဖြင့် တစ်ရာစွန်းစွန်းလောက် ရှိပါမယ် ။ ဒါကိုကြည့်မယ် ဆို ပါက ချန်ဝူနယ်မြေတစ်ခုလုံးမှာ စစ်မှန်သော သိုင်းပညာရှင် အရေအတွက်မှာ အများကြီး မရှိတာကို တွေ့ မြင်နိုင်ပါ တယ် ။ နောက်ဆုံးအခေါက်တုန်းကလည်း ချန်ရှန် ဟာ အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ထဲတွင် စစ် မှန် သော ပညာရှင် တစ်ရာကျော်လောက်အား ဒုက္ခိတ ဖြစ်စေလိုက်တာလည်း ပါပါတယ် ။ ဒီကိစ္စဟာ အားလုံးကို တုန်လှုပ်ခဲ့စေပါသေးတယ် ။
“ဒီလွန်ခဲ့တယ့် နေ့တွေမှာ ငါတို့လက်ယာဂိုဏ်း တွေ နဲ့ မိစ္ဆာလမ်းဂိုဏ်းတို့ ညှိနှိုင်းမှုဟာ ထင်သလောက် မဆိုးရွား ခဲ့ဘူး ။ ဒါပေမယ့်လည်း အခြေအနေတစ်ခုတော့ ရှိနေ တယ် ။ သဘောတူညီချက်များအရ ပြိုင်ပွဲတစ်ခုကို တောင် ပိုင်းက စွန့်ပစ်နယ်မြေမှာ ပြုလုပ်မယ် ။ အဆင့် ၅ အောက် စစ်မှန်သော ပညာရှင်တွေ ပါဝင်လို့ရတယ် ။ အဲဒိ စွန့်ပစ် နယ်မြေမှာ လုပ်မယ့် ပြိုင်ပွဲဟာ သူသေကိုယ်သေ ချရမယ့် တိုက်ပွဲပဲ ။ အဲဒိ စွန့်ပစ်နယ်မြေတောင် မှာ နှစ်လ နေထိုင် ပြီး အသက်ရှင်သန်နိုင်အောင် ကြိုးစားရမှာဖြစ်တယ် ။ နောက်ဆုံးအချိန်မှာ ပြိုင်ပွဲဝင် အများဆုံးကျန်တယ့် အ သင်း ဘက်က အနိုင်ပဲ”
ဂုဒွန်ချန် ကြေညာလိုက်တယ် ။
ဆရာကြီးဝု က ဆက်လက်ပြီး –
“လက်ယာဂိုဏ်းတွေကနေ ပညာရှင် ငါးဆယ် စေ လွှတ်မှာဖြစ်တယ် ။ လက်ဝဲ ဂိုဏ်းတွေကလည်း အတူတူပဲ ၊ ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်းကနေ ပညာရှင် ၁၀ ယောက် စေလွှတ်မယ်”
စစ်မှန်သော သိုင်းပညာဂိုဏ်း နဲ့ သားရဲဂိုဏ်းတို့ဟာ အ တော်ကို အထိနာထားသောကြောင့် ၎င်းတို့ဟာ လူအများ ကြီး စေလွှတ်နိုင်ခြင်း မရှိပေ ။ နောက် ချန်ဝူ နယ်မြေကြီး ၏ နံပတ် ၁ ဂိုဏ်း အနေဖြင့် တခြားဂိုဏ်းများထက် လူများ များ စေလွှတ်ရမည် မဟုတ်ပါလား ။
“မိစ္ဆာလမ်း ဂိုဏ်းတွေဟာ လုယက်တိုက်ခိုက်နေကြပြီး သူတို့ မိစ္ဆာစီရင်စု သေးသေးလေးမှာ နေထိုင်နေကြတယ် ။ သူတို့သာ အနိုင်ရရှိသွားမယ် ဆိုရင် ငါတို့ လက်ယာဂိုဏ်း တွေဟာ သူတို့ကို သယံဇာတ များစွာ ထောက်ပံ့ပေးရမှာ ၊ ဒီလို သာ ဖြစ်မယ် ဆိုရင် သူတို့ရဲ့ အင်အား ကြီးသထက် ကြီး လာပြီး ကြာရင် ငါတို့အားလုံးကိုပါ အများကြီး နှောင့် ယှက် လာမှာ ဖြစ်တယ်”
ဆရာကြီး ဝု လေးလေး နက်နက် ပြောပါတယ် ။
“ဒီ ပြိုင်ပွဲမှာ အဆင့် ၅ ပညာရှင် နဲ့ အဆင့် ၅ အောက် ပညာရှင် မည်သူမဆို ပါဝင်နိုင်တယ် ။ ဘယ်သူ ပါမလဲ ၊ သိ ထားရမှာက ဒီတိုက်ပွဲဟာ အလွန် အန္တရာယ် များတယ် ။ အမှားသေးသေးလေး တစ်ခုကပဲ မင်းတို့ရဲ့ အသက်တွေ ကို နုတ်ယူသွားလိမ့်မယ်”
ဂုဒွန်ချန် ဟာ စစ်မှန်သော သိုင်းပညာရှင် တစ်ဦးချင်းစီ ကို စူးစိုက်ကြည့်လျက် ရှိတယ် ။ အဆင့် ၅ အောက်ရှိ စစ် မှန်သော ပညာရှင် များစွာ ရှိသော်လည်း မည်သူမျှ မလှုပ် ကြချေ ။
“ကျွန်တော့ကို ထည့်လိုက်”
ချန်ရှန် ထအော် လိုက်ပါတယ် ။
အသက်အငယ်ဆုံးနှင့် အထူးချွန်ဆုံး အဖြစ် အသတ် မှတ် ခံထားရသော ချန်ရှန် မှာ ဒီလို ပါဝင်လာလိမ့်မည် ဟု အားလုံး မျှော်လင့်ထားပြီးသားပါ ။ သို့သော်လည်း ဂုဒွန်ချန် နှင့် ဆရာကြီး ဝု တို့မှာ ၎င်းတို့၏ ဦးရီးတော်လေး အား တမျိုးတဖုံ စိုးရိမ် နေမိပါတယ် ။ ၎င်း မိစ္ဆာ ပညာရှင်များဟာ ဘယ်လိုမှ ညှာတာမည် မဟုတ်ပါချေ ။
ဒါ့အပြင် တောင်ပိုင်း စွန့်ပစ် နယ်မြေဟာ မည်သူမျှ မရှိ နေရင် တောင် အလွန် အန္တရာယ် များလှတယ် ။ နာမည် ဆိုး ဖြင့် ကျော်ကြားသော နေရာပဲ ဖြစ်ပါတယ် ။
“ကျွန်တော် လည်း သွားမယ်”
ရှောင် ဒို လည်း လိုက်ပါလာပါတယ် ။
ဇုရွန် နှင့် ဆူဝဲလောင် တို့၏ အော်သံများကိုလည်း တ ဆက် တည်း ကြားလိုက်ကြရတယ် ။ ၎င်းတို့အားလုံးဟာ စစ် မှန် သော သိုင်းပညာနယ်ပယ် သို့ ၀င်ရောက်တာ မကြာ သေး သော်လည်း ယခုလို ကိစ္စကြီးအား လုပ်ဝံ့သ ဖြင့် အားလုံးဟာ ကြိတ်ပြီး လေးစားနေမိကြပါတယ် ။
“ကျွန်တော့လည်း စာရင်းသွင်းပါ”
ဒီအကြိမ်ကတော့ ယောင်ဟိုင်ရှန်း ပါ ၊ ချန်ရှန် ၏ တပည့် ပေါ့ ။ ယခု အခါ ငါးဦး စာရင်းပေးပြီး ဖြစ်တယ် ။ အားလုံးဟာ ချန်ရှန် နဲ့ ဆက်ဆံရေး ပြေလည်သူတွေချည်း ပါပဲ ။
“ကျွန်တော် လည်း သွားပါရစေ ၊ အငယ်တွေ နောက် မှာ တော့ မနေနိုင်ဘူးဟေ့”
သက်လတ်ပိုင်း အရွယ် လူကြီးတစ်ဦးဟာ ရယ်ရယ် မော မော ဖြင့် ပြောဆိုလိုက်တယ် ။ သူကတော့ ဟိုဒုန်ဂျင် ပဲ ဖြစ်ပါတယ် ။ ဇုရွန် ၏ ဦးလေး ပါ ။
လေးယောက်သာ ကျန်ပါတော့တယ် ။ သို့သော်လည်း ဆရာကြီး ဝု နှင့် ဂုဒွန်ချန် တို့ဟာ ယခုရလဒ်ကို သိပ်ပြီး သ ဘော မတွေ့ လှပေ ။ အဘယ်ကြောင့်ဆိုသော် ပါဝင်ယှဉ် ပြိုင်သူများဟာ လူငယ်များသာဖြစ်ပြီး အတွေ့ အကြုံနုနယ် သူများပါ ။ လူငယ်များဟာ အများအားဖြင့် အမှားများကြ သည် မဟုတ်ပါလား ။ ချန်ရှန် က တော့ ခြွင်းချက်ပါ ။
“ခြံဝန်းအားလုံးက လူတွေ သတ္တိနည်းနေကြတာလား ၊ ခု ယှဉ်ပြိုင်တဲ့ ခြောက်ယောက်လုံးက ကျွန်တော်တို့ အမှတ် ၁၅ ခြံဝန်းကချည်းပဲ”
ရှောင်ဒို ခပ်ကျယ်ကျယ် အော်ပြောလိုက်ပါတယ် ။
“အမှန်ပဲ ၊ အားလုံးဟာ အမှိုက်တွေ လိုပဲ”
ဇုရွန် လည်း သံယောင်လိုက်ပြောပါတယ် ။
အများစု ဟာ တွန့်ဆုတ်နေကြလျက် ရှိပြီး ကြောက် မက် ဖွယ် မိစ္ဆာပညာရှင်များ နဲ့ တိုက်သင့် မတိုက်သင့်ကို ချီတုန်ချတုန် ဖြစ်နေပါတယ် ။ သူတို့ထက် ငယ်သူများက လှောင်ပြောင်နေတာကို ကြည့်ရင်း ၎င်းတို့ဟာ ဒေါသထွက် ကာ နေသော်လည်း တိတ်ဆိတ်လို့သာ ရှိနေကြပါတယ် ။
ထိုအချိန်မှာ အားလုံးဟာ တိတ်ဆိတ်လို့ ရှိနေကြတယ် ၊ ပြင်းထန်သော သိုင်းပညာဂိုဏ်း မှ လေးယောက် လိုအပ် နေ ဆဲပါ ။ သို့သော်လည်း မည်သူမျှ ထွက်လာခြင်း မရှိချေ ၊ ဂုဒွန်ချန် ဒေါသထွက်လာပါပြီ ။ ပြင်းထန်သော သိုင်းပညာ ဂိုဏ်း မှ ဂိုဏ်းသားများဟာ ဒီလောက်ထိ ပျော့ညံ့ပြီး အား နည်းနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါ ။ မျိုးဆက် သစ် လူငယ်များတောင် ပါဝင် ယှဉ်ပြိုင်နေချိန်မှာ ဝါရင့်ကြီး များက တုတ်တုတ်မျှ မလှုပ်ကြလို့ပါပဲ ။
ဂုဒွန်ချန် ဘယ်သူ့ကိုမှ တွန်းအား မပေးချင်ပါ ။ သို့ သော် လည်း သူ့မှာ ရွေးချယ်စရာ မရှိပေ ။ တစ်ခုခုပြောရန် စဉ်းစားနေစဉ်မှာပဲ ချန်ရှန် က –
“ဂိုဏ်းချုပ် ၊ ပြိုင်ပွဲ စဖို့ ဘယ်လောက် လိုသေးလဲ”
“သုံးလ”
“ကျန်တယ့် လေးယောက်ကို ကျွန်တော့ တာဝန်ထား လိုက် ၊ သုံးလ ကြာရင် အဲဒိလေးယောက်ကို ခင်ဗျား နဲ့ ပေး တွေ့ မယ်”
ချန်ရှန် ထပ်ပြောလိုက်ပြန်ပါတယ် ။
ဂုဒွန်ချန် မျက်မှောင်ကြုတ်ကာ –
“မင်း ပြောတာ အမှန်ပဲလား”
“ဒါပေါ့ ၊ ဒါပေမယ့် ကျွန်တော် တို့ဟာ အသက်နဲ့ကို လောင်းကြေးထပ်ရမှာမို့လို့ ပြန်လာတယ့် အခါကျရင် ဆု တစ်ခုခု မပေးသင့်ဘူးလား”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။
“သေချာပေါက် ပေးရမှာပေါ့”
ဂုဒွန်ချန် ပြောလိုက်တယ် ။
“ဟုတ်ပြီ ၊ အခု ပြိုင်မယ့် လူတွေဟာ စာရင်းသွင်းပြီးပြီ ဆို တော့ ထပ်မပြောင်းတော့ဘူး ၊ ဂိုဏ်းချုပ် ၊ ကျွန်တော် တို့ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရင် တစ်ဦးချင်းဆီကို ကြေး နောက်လိုက် နဲ့ ငွေစစ်သည်တော် အဖြစ် သတ်မှတ် ပေးမလား”
ချန်ရှန် ၏ စကားလုံးဟာ အားလုံးကို ရင်ခုန်သွားစေပါ တယ် ။ ဒီ ဘွဲ့ ထူးနှစ်ခုကိုသာ ရရှိမည် ဆိုပါက ၎င်းတို့ဟာ ဘုရင်သိုင်းပညာခြံဝန်းသို့ ၀င်ခွင့်ရသွားမည် ဖြစ်တယ် ။
ဇုရွန် နဲ့ ကျန်လေးဦးမှာလည်း စိတ်လှုပ်ရှားလျက် ရှိနေ ကြ တယ် ။ ဂုဒွန်ချန် ၏ အဖြေစကားကို အလွန်ပဲ ကြားချင် နေကြပါတယ် ။
ဂုဒွန်ချန် လည်း ခဏမျှ စဉ်းစားပြီး ဆရာကြီး ဝုကို သူ ကြည့် လိုက် တယ် ။ ခေါင်းညိမ့်လိုက်တာကို မြင်လိုက်ရ ကာ –
“ကိစ္စမရှိဘူး ၊ မင်းတို့ အသက်ရှင်ပြီးသာ ပြန်လာခဲ့ ၊ ငါတို့က သလင်းကျောက် တစ်သန်း ၊ ဒြပ်စင်ဆေး ၅ ရာ နဲ့ မင်း ပြောတဲ့ ကြေးနောက်လိုက် ရယ် ငွေစစ်သည်တော် ဘွဲ့ ထူးကို ပါ ချီးမြင့်ပေးမယ်”
ဂုဒွန်ချန် ကျယ်လောင်စွာ ကြေညာလိုက်တယ် ။ ရှောင် ဒို နဲ့ အားလုံးလည်း အလွန်ကို ပျော်ရွှင်သွားကြပါတယ် ။ သို့သော်လည်း ၎င်းတို့အား လုံး အသက်ရှင်လျက် အရင် ပြန်လာနိုင်ရန် လိုအပ်သေးသည် မဟုတ်ပါလား ။
ယောင်ဟိုင်ရှန်း နှင့် ဟိုဒွန်ဂျင် တို့ဟာလည်း ဆုကို ကျေ နပ် နေမိကြပါတယ် ။ ဒါပေမယ့်လည်း မိစ္ဆာပညာရှင် တွေ ဟာ ထင်သလောက် မလွယ်ကူဘူးဆိုတာကို အသက် ကြီးသူ အတွေ့ အကြုံ ရှိသူများပီပီ သိရှိနေကြပါ တယ် ။
“လူခွဲတော့ ၊ နောက်သုံးလမှာ ငါတို့ သက်ကြီးခြံဝန်းက မင်းတို့ကို အကုန်လမ်းညွှန်ပေးမယ် ။ မင်းတို့လည်း တိုက်ပွဲ အတွက် ပြင်ဆင်ထားကြပါ”
ဂုဒွန်ချန် ပြောလိုက်တယ် ။
ထိုအချိန်မှာပဲ လူများစွာဟာ နောင်တရသွားကြတယ် ၊ ဆုကြေး က အလွန်ပဲ မျှတသည် မဟုတ်ပါလား ။ ဒါ့အပြင် ပြိုင်ပွဲဝင်များဟာ သက်ကြီးခြံဝန်း ၏ အနီးကပ်သင်ကြားမှု ကိုပါ ရရှိမည် မဟုတ်ပါလား ။
“ဟိုင်ရှန်း ၊ နောက်သုံးလ အတွင်းမှာ ၊ ခင်ဗျား ဘာ ဆေး မှ မလုပ်နဲ့တော့”
ချန်ရှန် ပြောလိုက်ပါတယ် ။ ယောင်ဟိုင်ရှန်း ဟာ လက် ရှိ မှာ အဆင့် ၄ စစ်မှန်သော ပညာရှင် တစ်ဦး ဖြစ်ပါ တယ် ။
“ချန်ရှန် ၊ မင်း ဘယ်က အဲဒိ လူ လေးယောက်ကို ရမှာ လဲ ။ အခုမှ အဆင့် ၁ ရောက်ခါစလူတော့ မဟုတ်ပါဘူး နော်”
ဟိုဒွန်ဂျင် မေးလိုက်တယ် ။ ချန်ရှန်ရွေးချယ်သည့် သူ များဟာ အဆင့် ၁ များ ဖြစ်မည် ဆိုပါက ၎င်းတို့၏ စွမ်းရည် ဟာ ညီမည် မဟုတ်တော့ချေ ။ ဟိုဒွန်ဂျင် ဟာ အဆင့် ၅ ပညာရှင် ဖြစ်တာကြောင့် ၎င်းဟာလည်း ပေါ့သေးသေး တော့ မဟုတ်ပါချေ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းအ တွင်းမှာ သူဟာ နာမည်ကျော် တစ်ဦးပါပဲ ။
“ဦးလေး ဟို ၊ စိတ်ချပါ ၊ သူတို့ဟာ အနည်းငယ် ကျွန် တော်တို့ထက် အားနည်းကောင်း နည်းလိမ့်မယ် ။ ဒါပေမဲ့ ကျွန်တော်တို့ကို ဒုက္ခပေးမယ့်လူတွေ မဟုတ်ပါဘူး”
ချန်ရှန် ပြန်ဖြေလိုက်တယ် ။ ထို့နောက် ရှောင်ဒိုတို့နဲ့ အတူ ထွက်ခွာသွားပါတော့တယ် ။
ဒီမတိုင်ခင်က ချန်ရှန် ဟာ ရှောင်ဒို အား လူရှာရန် ပြော ဆိုခဲ့ပြီး ဖြစ်ရာ ရှောင်ဒို ကလည်း လူငါးဦးအား တွေ့ ရှိထား ပြီး ဖြစ်ပါတယ် ။ ချန်ရှန် အခု ၎င်းတို့နဲ့ တွေ့ တော့မည်ပဲ ဖြစ်ပါ တော့ တယ် . . . ။