Switch Mode

Chapter – 222

ကိုယ့်လောင်းကြေးကိုယ်ပေး

Chapter – 222 ကိုယ့်လောင်းကြေးကိုယ်ပေး

ချန်ရှန် မီးဖိုကို ဖွင့်ကာ အလွန်လှပလှသည့် ဒြပ်စင် ဝိ ဉာဉ်တော် ဆေး အား ထုတ်ယူလိုက်တယ် ။ ရွှေရောင် အ ဆင်း ရှိပြီး ခပ်ခုံးခုံးသဏ္ဍာန် ရှိကာ အလယ်တွင်တော့ အဖြူ ရောင် အလင်းလေး လတ်လို့ နေပါတယ် ။
စုမေးယို ထွက်လာတယ် ။ သူမဟာ သာမန် အဖြူ ရောင် ၀တ်စုံကိုပင် ၀တ်ဆင်ထားပြီး ဆံပင်မှာလည်း ဖြီး လိမ်း ထားခြင်း မရှိပဲ ကပိုကရို ဖြစ်နေတယ် ။ သို့သော် လည်း ထိုသို့ ဖြစ်သလိုပုံစံကပင် သူမ၏ အလှတရားကို မဖုံး ကွယ် နိုင်ပါချေ ။ တမျိုးတောင် ချစ်စဖွယ် ကောင်းနေ ပါ သေး တယ် ။ ချန်ရှန် ၏ မနှစ်မြို့ ဖွယ် အပြုံးနှင့် ရယ်သံ ကို သူမ အတော် အမြင်ကတ်နေမိပါတယ် ။
“အမတော် မေးယို ၊ ကျွန်တော့ကို စိတ်ချပါ ။ စိုးရိမ် မနေပါနဲ့ ။ အမတော်ရဲ့ လျာကို မကိုက်ပစ်ပါဘူးဗျ ။ ကျွန် တော် က တောင် အမတော် ကျွန်တော့လျာ ကို ကိုက်ပစ် မှာ ကြောက်နေတာ”
ချန်ရှန် စပ်ဖြဲဖြဲ ဖြင့် ပြောရင်း စုမေးယို ဆီသို့ လျှောက် သွား တယ် ။
စုမေးယို ဒြပ်စင်ဝိဉာဉ်တော် ဆေး ကို တချက်ကြည့် လိုက် တယ် ။ ချန်ရှန် တကယ်ပဲ အောင်မြင်သွားခဲ့တာ ဖြစ် ပြီး ဆေးကလည်း တကယ့်ထိပ်တန်းအဆင့် အရည်အ သွေး ပါပဲ ။ စိတ်ထဲတွင်တော့ ကြိတ်ပြီး လေးစားမိနေပါ တယ် ။
“ဘယ် . . . ဘယ်လို စ လုပ်မှာလဲ”
စုမေးယို၏ လှပသော မျက်နှာလေးမှာ ရဲရဲနီလျက် ရှိ ပါ တယ် ။
“ခေါင်းသာ မော့ပြီး မျက်လုံးမှိတ်ထားလိုက် ၊ ကျန်တာ ကျွန်တော့ တာဝန်ထား”
ချန်ရှန် သူ့နှုတ်ခမ်းကို သပ်ကာ မနှစ်မြို့ ဖွယ်ပြုံးပြီး ပြော လိုက် ပါတယ် ။
စုမေးယို မျက်လုံးများကို မှိတ်ရင်း ခြေဆောင့်လိုက်ပါ တယ် ။ ခေါင်းကို လည်း ချန်ရှန် ပြောသလိုပင် မော့ထား လျက် ပါ ။ သူမ၏ ရင်ခုန်သံများဟာလည်း မြန်ဆန်လျက် ရှိ ပြီး ချန်ရှန် သူမဆီ တဖြည်းဖြည်း တိုးလာတာကို ခံစား နေရ တာ ကြောင့်ပါပဲ ။
ချန်ရှန် မတ်တပ်ရပ်နေသည့် အလှပဂေးလေး ကို ကြည့် ရင်း ရင်ခုန်နှုန်းများ မြန်ဆန်လျက် ရှိတယ် ။ စုမေး ယို ၏ ပါးမို့မို့ လေးအား လက်ဖြင့် အသာအယာ ကိုင်လိုက် တယ် ။ စုမေးယို၏ မျက်ခွံများလည်း အနည်းငယ် လှုပ်ခတ် သွားပြီး အသံတုန်တုန် ရီရီ ဖြင့် –
“မြန်မြန်လုပ် ၊ ငါ့ကို အမြတ်ထုတ်မနေနဲ့”
ချန်ရှန် ရယ်မော နေမိတယ် ။ စုမေးယို ဟာ အရှုံးကို လက်ခံသွားသောကြောင့် အရှုံးပေးကာ ချန်ရှန် အလိုကို လိုက် နေ ရပါပြီ ။ ထို့နောက်မှာတော့ ပုံရိပ် ၂ ခု ဟာ ပူး ကပ် သွားပါတော့တယ် ။
နှစ်ဦးစလုံး ထူးကဲလှသည့် ခံစားမှုမှာ နစ်မျောနေ လျက် ရှိတယ် ။ အချိန်တွေ ကုန်မှန်းမသိ ကုန်နေပြီး ခွာပစ် ဖို့ မကြိုးစားကြပါ ။ ထိုအချိန်မှာပဲ လောင်ဆုရီ၏ အော်သံ ကို ကြားလိုက်ရတယ် ။
“တစ်ယောက်ယောက် လာနေပြီ”
ထိုအချိန်မှာ ချန်ရှန် မဖယ်ချင်ဖယ်ချင် နဲ့ စုမေးယို ထံ ပါး မှ ခွာလိုက်ရပါတယ် ။ ချန်ရှန် ၏ ရင်ခွင်ထဲမှ လွတ်လာ ပြီး နောက် စုမေးယိုဟာ ချန်ရှန်အား အကြည့်တမျိုးဖြင့် ကြည့်လို့ နေပါတယ် ။ သို့သော်လည်း မကြာခင်မှာပဲ ခေါင်း ကို ငုံ့သွားပြီး ကွင်းလေးတွင်းသို့ ၀င်သွားပါတော့တယ် ။
ချန်ရှန် ရယ်မောရင်း သူ့နှုတ်ခမ်းကို သူသပ်ကာ ခံစား မှု ရ သ အား တဖန်ပြန်လည် အောက်မေ့နေမိတယ် ။
စုမေးယို မှာလည်း ကွင်းထဲ ပြန်ဝင်သွားပြီး နောက် သူ မ ၏ ကုတင်လေးပေါ်မှာ လဲလျောင်းလျက် ရှိပါတယ် ။ စကား တခွန်းမှ မပြောပဲ တစ်ခုခုကို စဉ်းစားနေပုံပါ ။ သူမ ၏ မျက်နှာမှာလည်း နှင်းဆီရောင် သမ်းလျက် ရှိပြီး သူမကို ကြည့်ရင်း ဘိုင်ယုယု တစ်ယောက် ဝေခွဲမရ ဖြစ်နေပါတော့ တယ် ။
“ချန်ရှန် ၊ နမ်းတယ် ဆိုတာဘာလဲ ၊ အရသာ ရှိလား ၊ ကျွန်မလည်း စမ်းကြည့်ချင်တယ်”
လောင်ဆုရီ ရုတ်တရက် မေးလိုက်တာပါ ။ သူမ ၏ အသံ မှာလည်း စပ်စုချင်စိတ် အပြည့်ပါပင် ။
“အရူးမလေး ၊ နေ့တိုင်း မင်းက စားဖို့ပဲ စဉ်းစားနေ တယ် ။ ကောင်မစုတ်လေး ၊ ဒိုးတော့ ၊ ဒါလူကြီးတွေ ကိစ္စ”
ချန်ရှန် ခပ်ငေါက်ငေါက်လေး ပြောလိုက်တယ် ။
“ဟက် ၊ ကျွန်မ က နဂါး ဥခွံထဲမှာ နှစ် ထောင်ပေါင်း များ စွာ နေထိုင်ခဲ့တာ ၊ ခင်ဗျားသာ ကောင်စုတ်လေး”
လောင်ဆုရီ မကျေမချမ်း ဖြင့် ပြောဆိုပါတယ် ။
ချန်ရှန် သူ၏ အခန်းထဲမှ ထွက်လာပြီး သူ့ကိုယ်ပိုင် ဥ ယျာဉ် လေးထဲသို့ ရောက်ရှိလာတယ် ။ ဆေးဆရာမကြီး ကို နေကိုးစင်းမီးတောက် သစ်ပင်အောက်တွင် ကြောင်အ လျက် ရပ်နေတာကို တွေ့ ရပါတယ် ။
ချန်ရှန် ရောက်လာတာကို သိသွားသဖြင့် ဆေးဆရာမ ကြီး မှာ သူ့ဖက်လှည့်ကာ အလောတကြီးဖြင့် –
“ဘယ်လိုတွေ တောင် ဖြစ်နေရတာလဲ”
ချန်ရှန် ခေါင်းကို ကုတ်ရင်း ပြုံးကာ –
“မဆိုးဘူးတော့ မဟုတ်လား”
ဆေးဆရာမကြီး စိတ် မရှည် ဟန်ဖြင့် –
“အရေးမပါတာတွေ မပြောနဲ့တော့ ၊ အရောင်ငါးမျိုး ကြာ ပန်း ၊ နေကိုးစင်း မီးတောက်ပင် ၊ မီးဝိဉာဉ်တော်မြက် ၊ ဝိဉာဉ်ဖမ်း မြက် ၊ နတ်ဝိဉာဉ်တော် ပန်း ၊ ဆေးဖက်ဝင် သတ္တု သစ်သီးပင်တွေ ၊ အကြောတစ်ထောင် အပင်တွေ ၊ ဒါ . . . ဒါတွေက ဘယ်လိုရောက်လာတာလဲ ၊ မင်းမှန်မှန် ဖြေ စမ်း”
နေကိုးစင်း မီးတောက်ပင်မှာ အသီးနှစ်လုံးဟာ သီး လျက် ရှိတာကြောင့် ချန်ရှန် မကြာမီကမှ စိုက်ထားခြင်း မဟုတ်မှန်း သူမ ရိပ်မိပါတယ် ။
ဆေးဆရာမကြီးဟာ ကျင့်စဉ်ကျင့်ကြံရာမှ ထွက်လာ တာ ကြောင့် အပြင်ဖက်ရှိ ကိစ္စများအား သိရှိခြင်း မရှိသေး ပါ ။ ဒါကြောင့်ပဲ ချန်ရှန်ကို အထူးတဆန်းဖြင့် မေးမြန်းနေ ခြင်း ဖြစ်ပါတယ် ။
“ခင်ဗျား ၊ ဒီလျို့ ဝှက်ချက်ကို ထိန်းသိမ်းထားပေး ၊ ဘယ်သူ့ကိုမှ မပြောဖူးလို့ ကတိပေးလား”
ချန်ရှန် မေးလိုက်တယ် ။
“ပေးတာပေါ့ ၊ ငါတို့တစ်ယောက် လျို့ ဝှက်ချက်တွေ တစ် ယောက် သိနေကြတာပဲ ၊ မင်းငါ့ကို သတိပေးစရာ မ လို ပါဘူး”
ချန်ရှန် လည်း စပ်ဖြဲဖြဲဖြင့် –
“ဒါတွေ အကုန်လုံးကို ဆေးဘုရင် တောင်က ယူလာ တာ ၊ သေချာတာတစ်ခုကတော့ လုမျိုးနွယ်တို့ ကျွန်တော့ ကို ပိုက်စိပ်တိုက် ရှာနေလောက်ပြီ”
ဆေးဆရာမကြီး တခဏမျှ မှင်သက်သွားတယ် ။ ချန် ရှန် ဟာ တကယ်ပဲ လုမျိုးနွယ်ရဲ့ ဆေးဘုရင်တောင် ကို အ လစ် တိုက်သွားတာပါလား ။ ဒ့ါအပြင် လုမျိုးနွယ်ဟာ အား နည်း သူများ မဟုတ်တာကိုလည်း သူမ သိနေပါတယ် ။ ချန် ရှန် ကို လွယ်လွယ်နဲ့ တော့ ယခုလို လုပ်ခွင့်ပေးမည် မ ဟုတ်ပါချေ ။
“ငါ ဒါတွေကို ကြည့်စီစဉ်လိုက်မယ် ၊ ခုမြန်မြန် သွား တော့ ၊ ဂိုဏ်းချုပ်က စစ်မှန်သော သိုင်းပညာနယ်ပယ် အထက် ဒါမှမဟုတ် နယ်ပယ်ထဲ ၀င်ရောက်ပြီးသူတွေကို တွေ့ ဆုံဆွေးနွေးနေတယ်”
ဆေးဆရာမကြီး ပြောတာပါ ။
သူမဟာ ဂုဒွန်ချန် ကြောင့် သူမ တံခါးပိတ် ကျင့်ကြံ သည့် အစီအစဉ်ကို ဖျက်လိုက်ရခြင်း ဖြစ်ပါတယ် ။ ချန်ရှန် သူမ အနောက်သို့ လိုက်ပါကာ ဆေးဘုရင်ခြံဝန်းထဲမှ ထွက် ခဲ့ ပါတော့တယ် ။
စုရုံးရာ နေရာဟာ လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ၏ နေ ရာ လွတ် တစ်နေရာမှာ ဖြစ်ပါတယ် ။ ရောက်သော အခါ ရှောင်ဒိုတို့အား ချန်ရှန် မြင်တွေ့ လိုက်ရတယ် ။ ချန် ရှန် သတိထားကြည့်လိုက်တယ့်အခါ ၎င်းတို့ဟာ အခြေ အ နေ ကောင်းနေဟန် ရှိပြီး ကံကောင်းခဲ့ပုံပါပဲ ။
“အကိုတော် ဇု၊ ကံကောင်းပြန်ပြီလား ဗျ”
ချန်ရှန် ရယ်မော ရင်း မေးလိုက်တယ် ။
“ဒါပေါ့ ၊ ငါ တော့ အတော်လွယ်တဲ့ မစ်ရှင် အမြင့်တစ် ခု ကို ရခဲ့တယ်ကွ”
ဇုရွန် ရယ်မောရင်း ပြန်ပြောတယ် ။ သူဟာ စီးပွားရေး ဆန်သူ တစ်ဦးဖြစ်ပြီး ဒါကြောင့်ပဲ သူ့အမြင်ဟာ တခြားလူ များ ထက် တိကျပြီး အကျိုးအမြတ်များလေ့ ရှိပါတယ် ။ ကံ ကောင်း တာလဲ ပါပါတယ် ။
“အကိုတော် ချန် ၊ ဒီတစ်ကြိမ် ဂိုဏ်းချုပ် ကျွန်တော်တို့ ကို ခေါ်တာ အားလုံးက စစ်မှန်သော သိုင်းပညာနယ်ပယ် က လူတွေချည်းပဲ ။ ကြည့်ရတာ မိစ္ဆာလမ်းဂိုဏ်းတွေနဲ့ ပြိုင် ပွဲ စတော့မယ် ထင်တယ် ။ ဒါနဲ့ လုမျိုးနွယ် က ခင်ဗျားကို ဆု ငွေ သလင်းကျောက် ငါးသန်း ထုတ်ထားတယ်နော် ။ ခင်ဗျား ရဲ့ တန်ကြေးက မြင့်သွားပြန်ပြီဗျို့ ”
ရှောင်ဒိုက လေးစားနေဟန် ဖြင့် ပြောဆိုပါတယ် ။
“ကျွန်တော် တော့ ဘယ်တော့မှ လူတိုင်းရဲ့ ဆုငွေ ထုတ် ခံ ရတယ့် အဆင့် ရောက်မလဲ မသိပါဘူးဗျာ ၊ အာ့ခါ ကျ အတော် ကြည့်ကောင်းမှာ”
ချန်ရှန်ခေါင်းကို ခါယမ်းလိုက်တယ် ။ တကယ်လို့ လုမျိုး နွယ် က ဆုငွေ မထုတ်ရင်သာ သူ့အတွက် အံ့သြစ ရာ ဖြစ်မှာပါ ။ သူဟာ ၎င်းမျိုးနွယ်စုရဲ့ ငွေတွင်းကြီးကို ဖြို ချ လိုက်သည် မဟုတ်ပါလား ။
“ချန်ရှန် ၊ မင်းလုမျိုးနွယ်ကို ဘာသွားလုပ်ခဲ့တာလဲ ၊ ဘာလို့ သူတို့က ဒီလောက်ထိ မြင့်မားတယ့် ဆုငွေကို ထုတ် ရ တာလဲ ။ သူတို့ရဲ့ သက်ကြီးပညာရှင်ကို သတ်ခဲ့ တုန်း ကတောင် သူတို့ ခုလို ဆုငွေ မထုတ်ခဲ့ဘူး မဟုတ် လား”
ဆူဝဲလောင် မေးလိုက်တာပါ ။
ချန်ရှန် လည်း ရယ်မောကာဖြင့် –
“ကျွန်တော် ဘာမှ မလုပ်ပါဘုးဗျာ ၊ လုမျိုးနွယ် ဆီ ခရီး ခဏ ထွက်ရုံပါဗျ”
ချန်ရှန် ၏ အပြုံးကို ကြည့်ရင်း ရှောင်ဒို ခရီးထွက်ရုံ ဆို သည့် စကားကို နားလည်လိုက်မိတယ် ။ ချန်ရှန် အဆိုပါ ခရီး မှ အကျိုးအမြတ် များစွာ ရလာမယ် ဆိုတာကိုပါ ။ ဆု ငွေ များစွာ ထုတ်ထားသည်ကို ကြည့်ရင် ချန်ရှန် ရရှိခဲ့ သော အကျိုးအမြတ် မည်မျှ များလဲ ဆိုတာကို သိနိုင်ပါ တယ် ။
“ချန်ရှန် ၊ ငါ့အတွက် ရှယ်ယာက ကော ၊ ငါ မင်းကို လုမျိုးနွယ် အကြောင်း အကုန် စုံစမ်းပေးထားတယ်နော်”
ဇုရွန် ချန်ရှန် ၏ လက်ကို ဆွဲလှုပ်ရင်း မေးလိုက်တယ် ၊ ချန်ရှန် လည်း ကျောက်စိမ်းသေတ္တာလေး တစ်လုံးအား ထုတ် ပေး လိုက်ပါတော့တယ် ။
ဇုရွန် လည်း မအောင့်အည်းနိုင်တော့ပဲ အလျင်မြန် ဖွင့် ကြည့် လိုက်သည့် အခါမှာတော့ မအော်မိစေရန် မနည်း ထိန်း လိုက်ရပါတယ် ။ သူ၏ မျက်နှာတွင် ၀မ်းသာမှု နှင့် စိတ် လှုပ်ရှား မှု တို့ကို မြင်နိုင်ပြီး အတော်လည်း အံ့သြ နေ ပုံပါ ။ လျင်မြန်စွာပင် သေတ္တာကို ပိတ်ကာ အိနြေ္ဒပြန်ဆယ် နေ လိုက်ပါတော့တယ် ။ ချန်ရှန် ဟာ ဇုရွန်ကို တည် ဆောက် ရေး ဆေး ၂လုံး ပေးလိုက်လို့ပါပဲ ။
“ဟူးး ၊ ငါ့ ညီမတွေထဲ လှတာတွေ ရှိသေးတယ်”
ဇုရွန် သက်ပြင်းချနေတယ် ။ သူ့မျက်လုံးထဲတွင် ချန် ရှန် ဟာ သူဌေးတစ်ဦးဖြစ်ပြီး အလွန်ပွင့်လင်းကာ သဘော ထား ကြီးမား သူ တစ်ဦးပါပဲ ။
ရှောင်ဒို နှင့် ဆူဝဲလောင် တို့၏ စွမ်းအားဟာ ၎င်းတို့ မျိုး နွယ်ထဲမှာ အလွန်ကို ကောင်းလှသော်လည်း ချန်ရှန် အမြင် မှာတော့ ၎င်းတို့ဟာ အားနည်းနေသေးပါတယ် ။ ဒါ ကြောင့်ပဲ တစ်ယောက်စီအား တည်ဆောက်ရေး ဆေး ၂ လုံးစီ ပေးလိုက်တယ် ။ ဒီဆေးတွေဖြင့် ၎င်းတို့ဟာ အားအင် များ လျင်မြန်စွာ တိုးတက်လာမှာပါ ။
တည်ဆောက်ရေးဆေးဟာ လေ့ကျင့်သူရဲ့ စွမ်းအား ကို လျင်မြန်စွာ တိုးတက်စေပြီး သောက်လိုက်မယ်ဆိုပါ က လက်ရှိအား ထက် များစွာ သာလွန်သွားစေမှာပါ ။ သူတို့ နဲ့ ရွယ်တူတန်းတွင် ၎င်းတို့ဟာ အလွန်ကို သန်စွမ်းသော်လဲ တခြား မျိုးနွယ် များမှ လူများကို သိပ်ပြီး ယှဉ်နိုင်စွမ်း မရှိ လောက်ပါဘူး ။ ဥပမာ ချန်ရှန် လောက် မဟုတ်တောင် သူ့ ထက် အနည်းငယ် စွမ်းအားနိမ့်သူကိုပင် မယှဉ်နိုင်လောက် ပါ ချေ ။
ဒါ့အပြင် တည်ဆောက်ရေးဆေး ဟာ အလွန်ကို ရှား ပါးပြီး တန်ဖိုးကြီး ဆေးတစ်ခုပါ ။ ချန်ရှန် သာလျှင် သူ့နည်း သူ့ဟန် ဖြင့် ဒီဆေးကို များစွာ ပြုလုပ်နိုင်နေတာ ဖြစ်တယ် ၊ ဒါ့အပြင် လျင်မြန်စွာ ပြုလုပ်နိုင်ရုံသာမက အရည်အသွေး မှာ လည်း သူမတူအောင် ကောင်းမွန်လှပါတယ် ။
ဇုရွန် ဟာ ဒီအချက်ကို သိနေတယ် ။ အကြည့်တစ် ချက် နဲ့ပင် ယခု တည်ဆောက်ရေးဆေးများဟာ သာမန် မဟုတ်ဘူးဆိုတာ သိရှိနေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset