Chapter – 221 မရှုံးနိုင်
ဘိုင်ယုယု ချက်ချင်း ပြန်မပြောပါ ။ သူမလည်း စဉ်းစား နေပုံပါပဲ ။ ဒါပေမယ့် သူမဟာ ဆေးပညာရှင် မဟုတ်တာ ကြောင့် ချန်ရှန် အကြိမ်တစ်ရာအတွင်း အောင်မြင်မမြင် ကို မပြောတတ်ဘူး ဖြစ်နေတယ် ။
“အင်း ထားလိုက်ပါတော့ ငါ မပါတော့ပါဘူး”
ဘိုင်ယုယု စဉ်းစားပြီးနောက် ချန်ရှန် ကမ်းလှမ်း မှု ကို ငြင်း ပယ် လိုက်ပါတယ် ။ အစကတည်းက သူမဟာ ယင် နတ်အတွင်းအား သွေးကြော ရှိနေတာဖြစ်ပြီး အေးစက် သော ချီဓာတ် လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့သူပါ ။ ဒါ့ အပြင် ရက်စက်သော နတ်မိစ္ဆာ ကျင့်စဉ်များအား ကျင့်ခဲ့ သော ကြောင့် သူမ၏ ပင်ကိုယ် စိတ်ခံစားမှုအခြေအနေ ကို ခန့်မှန်းရန် ခက်ခဲလှပါတယ် ။ ဒါကြောင့် သူမဟာ အမြဲ အေး စက်စက် ဖြစ်နေရတာပါ ။ ဒါပေမယ့်လည်း ချန်ရှန် ကော စုမေးယို ပါ သူမ၏ အေးစက်မှုအောက်မှာ ပျော်ရွှင် မှု ၊ စိတ်လှုပ်ရှားမှု နဲ့ တခြားအရာများကို အာရုံစူးစိုက်လေ့ ရှိတယ် ဆိုတာ သိကြပါတယ် ။ သူမသည်လည်း ပျော်ရွှင် မှု ၊ ၀မ်းနည်းမှု ၊ ဒေါသ နှင့် တခြားအရာများစွာကို ခံစား တတ် သူ ပါ ။
ဒါကြောင့်ပဲ စုမေးယို ဟာ စိတ်သက်သာရာ ရနေတာ ပါ ။ သူမ၏ စီနီယာ အမတော်နှင့် နီးနီးကပ်ကပ် နှစ်ပေါင်း များစွာ နေထိုင်ခဲ့တာကြောင့် သူမ၏ ဆရာလို လမ်းမျိုး မ လျှောက်လှမ်းစေချင်ပါ ။ ဘိုင်ယုယု ကို ရက်စက်တတ် သော မိစ္ဆာတစ်ဦးအဖြစ် ရောက်ရှိသွားမည့် အဖြစ်ကို မလို လားချေ ။ ထိုသို့ဖြစ်သွားပါက ကိုယ့်မိတ်ဆွေ ဆွေမျိုးများ ကိုပင် မှတ်မိနိုင်မည် မဟုတ်ပေ ။
စုမေးယို တစ်ခု ၀န်ခံရမည် မှာ ဘိုင်ယုယု ဟာ ချန်ရှန် နှင့် မိတ်ဆွေဖြစ်ပြီး နောက်ပိုင်း အနည်းငယ် ပြောင်းလဲ သွား ပုံပါ ။
ချန်ရှန် တမျိုးတဖုံ စိုးရိမ်မိနေသလိုပါ ။ သို့သော်လည်း သူ့လက် များကို မြဲမြံစွာ ကိုင်ထားပြီး ဆေးကို ဆက်လက် ပြုလုပ်နေပါတယ် ။ သတ်မှတ်ထားသော အကြိမ်ရေထက် မကျော်လွန်ခင်မှာ သူ အောင်မြင်ဖို့ အလွန်အရေးကြီးလှ ပါ တယ် ။
နောက်တစ်ရက်ကြာတယ့် အခါမှာလည်း ချန်ရှန် ၁၀ ကြိမ် ကျရှုံးခဲ့ပြန်ပါတယ် ။ ပြီးခဲ့တယ့် အခေါက်များလို သူ ၏ နတ်အတွင်းအား အာရုံများကို စုပ်ယူခံရခြင်းအား ထိန်း ချုပ် လာနိုင်ပါတယ် ။ ဒါကြောင့်ပဲ စုမေးယိုဟာ အနည်း ငယ် စိတ်လှုပ်ရှားလာတယ် ။ သူမသည်လည်း ဒီဆေးကို ပြုလုပ်စဉ်မှာ အကြိမ်များစွာ ကျရှုံးခဲ့တာပါ ။ သူမမှာ ရှင်တို ဝိဉာဉ်တော် မရှိပေမယ့် ဒြပ်စင်ဝိဉာဉ်တော်ဆေးကို စား ကာ သူမ၏ နတ်အတွင်းအား အာရုံများအား အဆင့်မြင့် တင် ခဲ့တာပါ ။ သူမ ဒီဆေးကို မအောင်မြင်ခင်မှာ အကြိမ် ၆၀၀ ထိကို ကျရှုံးခဲ့တာဖြစ်ပြီး အဲဒိတုန်းက သူမစိတ်ထဲ ဖြစ်ပေါ်မိသည့် စိတ်ဓာတ်ကျမှုမှာ သူမကို သေစေနိုင်သည် ထိ ဖြစ်ခဲ့ဖူးပါတယ် ။
နောက်တစ်ရက်ကုန်ဆုံးတယ့် အခါမှာလည်း ချန်ရှန် ၁၀ ကြိမ် ကျရှုံးပြန်ပါတယ် ။ ဒီမတိုင်ခင်ကထက် စာလျှင် တော့ အဓိက အချက်ကို ဖမ်းမိလာသလိုပါပဲ ။
“ငါက သောက်ဖက်တီးစုတ်ကို ရှောင်ဒို နဲ့ မြွေမျက်လုံး တို့ ရှေ့ မှာ တကယ်ပဲ နမ်းရတော့မှာလားဟ”
ချန်ရှန် စိတ်ဓာတ်ကျစွာ ပြောလိုက်တယ် ။ သူသာ ကျ ရှုံးခဲ့မည် ဆိုပါက ငရဲသို့သွားရသည် နှင့် မခြားသလို ခံစား မိ စေမှာပါ ။
စုမေးယိုကတော့ ကွင်းအတွင်းမှ ကျေနပ်လို့နေပါ တယ် ။ ဒီနှစ်ရက်အတွင်း ချန်ရှန် ကျရှုံးခဲ့တာကို တွေ့ ခဲ့ တာ ကြောင့် သူမ အတောမသတ် ရယ်မောမိခဲ့တယ် ။ သူ မ အတွက် တော့ ထိုရက်တွေဟာ ဒီဖက်နှစ်များစွာအတွင်း အပျော်ရွှင်ရဆုံး နှစ်တေပါပဲ ။
“သိပ်ပျော်မနေနဲ့ ၊ အမတော် မေးယို ၊ အမတော် ရှုံး ရင် ဒီက ချောမော ခန့်ညာ တဲ့ လူကြီလူကောင်း တစ်ဦးရဲ့ နှုတ်ခမ်းကို နမ်းရမှာဗျ ။ ဒါပေမယ့် ကျွန်တော် ရှုံးရင်ကျ ၀က်ကြီး ဇုရွန်ကို နမ်းရမှာတဲ့လား”
ချန်ရှန်လက်ထဲ ဆေးပင်များ ကို တုန်တုန်ရီရီ ဖြင့် ကိုင် ထား မိတယ် ။ သူရှုံးမည်ဆိုသည့် အတွေးကို မတွေးရဲပါ ချေ ။ သူနိုင်မည် ဆိုပါကလည်း . . .
ဒါပေမယ့် ယခုသူ၏ နေ၀င်ချိန်ရောက်နေပြီလား ဟု ပင် ထင်မြင်နေမိပါတယ် ။
“ဟားဟား ၊ ဒါကတော့ မင်းအပစ်နဲ့ မင်းလေ ၊ ငါ့ကို နမ်း ဖို့ အတွေးကို မင်းကို ဘယ်သူက အကြံပေးလို့လဲ”
စုမေးယို ခပ်တိုးတိုး ရယ်မောနေပါတယ် ။
ဘိုင်ယုယု ကတော့ နှုတ်ဆိတ်နေပါတယ် ။ သူမ အနေ ဖြင့် ဘယ်သူ ရှုံးမလဲ နိုင်မလဲ ဆိုတာကို သိချင်နေပြီ ဖြစ် ကာ ရယ်စရာ အဖြစ်အပျက် တစ်ခုကို ကြည့်ရှုချင်နေ ပုံပါပဲ ။
ချန်ရှန် သူ့ခေါင်းကို သူ ခါယမ်းနေမိတယ် ။ သူသာ ရှုံး မည် ဆိုပါက အိပ်မက်ဆိုးကြီးက တစ်ဘ၀လုံး ဒုက္ခပေး တော့မည် ဆိုတာကို သိနေတယ် ။
“နောက်ထပ် ဆယ်ကြိမ်ပေါ့”
ချန်ရှန် စိတ်ထဲ သူ့ကိုယ်သူ ပြောနေမိတာကတော့ “ငါ နိုင်ရမည်” လို့ပေါ့ ။
ညအချိန်မှာ တော့ ချန်ရှန် တစ်ယောက် သက်ပြင်း ရှည်ကြီး တစ်ခု ချမိပါတယ် ။ စုစုပေါင်းသူ ၉၈ ကြိမ် ကျရှုံး ခဲ့ပြီးပါပြီ ။
“မင်း မှာ ကြိုးစားခွင့် ၂ ကြိမ်ပဲ ကျန်တော့တယ်”
စုမေးယို စပ်ဖြဲဖြဲဖြင့် ပြောလိုက်တယ် ။
ချန်ရှန် ထိုအချိန်မှာ တကယ်ကို အသည်းအသန်ဖြစ် နေ ပါ ပြီ ။ သူလုံးဝ မရှုံးနိုင်ဟုလည်း ယုံကြည်နေလျက်ပါ ၊ စုမေးယို ကို စကားပင် ပြန်မပြောတော့ပဲ သူ့စိတ်ကို လျော့ ချထားကာ တခဏမျှ အနားယူနေလိုက်တယ် ။ သူ အဓိက သော့ချက်ကို ရှာတွေ့ မှ ဖြစ်တာ့မှာပါ ။
အနားယူပြီးနောက်မှာတော့ ချန်ရှန် မျက်လုံးထဲ ယုံ ကြည် မှု ရှိသည့် အရိပ်အယောင်များ လင်းလက်သွားပြီး ဆေးပင်များအား မီးဖိုအတွင်း နေရာချထားလိုက်တယ် ။ မီးတောက်များ ထည့်လိုက်ပြီးနောက် အချိန်ကြာလာသည် အထိ မီးဖိုဟာ တည်ငြိမ်နေဆဲပါ ။ ဒါဟာ အောင်မြင်သည့် အရိပ်အယောင် မဟုတ်ပါလား ။ ဘိုင်ယုယု နှင့် စုမေးယို တို့ ဟာ အနည်းငယ် တုန်လှုပ်နေကြပါပြီ ။
စုမေးယို ဟာ အံကြိတ်ကာဖြင့် ရှိနေပါပြီ ။ ရုတ်တရက် ကျယ်လောင်လှသော အသံကြီးတစ်ခု မြည်ဟည်းသွား ကာ မီးဖိုတစ်ခုလုံး တုန်ခါသွားပါတော့တယ် ။ ထိုအခါမှ သာ စုမေးယို သက်ပြင်းချနိုင်ပါတယ် ။ ထို့နောက် စပ်ဖြဲဖြဲ ဖြစ် သွားပြန်တယ် ။
သို့သော်လည်း ချန်ရှန်ကတော့ အားမလျော့သေးပါ ချေ ။ သူ့မှာ တစ်ကြိမ်ကြိုးစားခွင့် ကျန်သေးသည် မဟုတ် ပါလား ။ ဒါ့အပြင် သူ ခုနက ကြိုးစာခဲ့မှုဟာ နောက်ဆုံး အဆင့် သို့ ရောက်ရှိမှသာ ပေါက်ကွဲသွားခြင်း ဖြစ်ပြီး သူ တစ်စို့နေကျ နေရာကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ် ။
ပြီးခဲ့သော ကျရှုံးခဲ့မှု အရ ချန်ရှန် နောက်ဆုံးမှာတော့ အကြောင်းရင်းကို သိရှိခဲ့ပါပြီ ။
ခဏမျှ အနားယူလိုက်ပြန်ပါတယ် ။ ထို့နောက် ဆေး ပင်များအား နေရာပြန်လည် ချထားလိုက်ပါတယ် ။ သူ၏ မျက်နှာမှာတော့ တည်ငြိမ်မှုတ၀က် စိတ်လှုပ်ရှားမှု တ၀က် ကို တွေ့ ရှိနိုင်ပြီး ချန်ရှန် စတင် ပြုလုပ်ပါတော့ တယ် ။ သူ၏ အာရုံအားလုံးအား နဂါးမီးတောက် မီးဖိုထဲ သို့ သာ ထည့်သွင်းထားလိုက်ပါတယ် ။
မီးဖိုဟာ တည်ငြိမ်နေဆဲပင် ဖြစ်ကာ တချိန်တည်းမှာ ပဲ ချန်ရှန် နဖူးတွင် ချွေးသီးပေါက်များ တွဲလွဲခိုလျက်ရှိပါတယ် ၊ ယခုအချိန်မှာ ချန်ရှန် ဟာ နောက်ဆုံးအဆင့် ဖြစ်သည့် ဆေး အား အခဲ ပြုလုပ်ခြင်း သို့ ရောက်ရှိနေပါပြီ ။
ထိုဆေးခဲသော အဆင့်မှာ ဝိဉာဉ်တော် ချီဓာတ် အမှုန် များဟာ အလွန်ပဲ ထိလွယ်ရှလွယ်ပါတယ် ။ ဒြပ်စင် ဝိဉာဉ်တော် ဆေးအတွင်းမှာ ၎င်းတို့ဟာ အလွန်သန့်စင် သော ဝိဉာဉ်တော် စွမ်းအားတွေရှိနေတယ် ။ အဘယ် ကြောင့် ဆိုသော် ၎င်းတို့ဟာ အလွန်စနစ်တကျ ပေါင်း စပ် ထားလို့ပါပဲ ။ ၎င်းတို့ဟာ အချိန်မရွေး ပေါက်ကွဲနိုင်ပြီး ချီ ဓာတ်များကို ဖိနှိပ်ထားရပါတယ် ။
သို့သော်လည်း ချန်ရှန် ယခု ဝိဉာဉ်တော် စွမ်းအား များ ကို ဖိနှိပ်နေပြီး သူ၏ ခေါင်းမှာလည်း ကွဲထွက်တတ် ဖြစ်နေပါပြီ ။ အနည်းငယ်လောက် အာရုံပျံ့ လွင့်သွားသည် နှင့် သူလုံးဝ ကျရှုံးသွားမှာပါ ။ ယခု ဒြပ်စင်ဝိဉာဉ်တော် ဆေး ကို ပြုလုပ်ရာမှာ ဆေးခဲခြင်း အဆင့်ဟာ အခက်ခဲ ဆုံး အပိုင်းပါပဲ ။ နတ်အတွင်းအား အာရုံ လုံလောက်စွာ မရှိ ဘူး ဆိုပါက ဘယ်လိုမှ အဆင်ပြေနိုင်မည် မဟုတ်ချေ ။
စုမေးယို ဟာ ဒီအချက်ကို သိနေပါတယ် ။ သူမ အနေ ဖြင့် ချန်ရှန် ၏ နတ်အတွင်းအား အာရုံဟာ လုံလောက်မှု ရှိမနေသေးဟု ကောက်ချက်ချ ခဲ့တာပါ ။ ဒါကြောင့်ပဲ သူ မ လောင်းဝံ့ခဲ့ခြင်း ဖြစ်တယ် ။ ဒီလို အဆင့်ထိ ချန်ရှန် ရောက် ရှိခဲ့ခြင်းကပဲ သူမကို အတော် အံ့သြစေတာ ဖြစ်ပြီး ယခု အချိန်ထိအောင် ချန်ရှန် လုံးဝ ကျရှုံးလိမ့်မည်ဟု သူမ ယုံ ကြည် နေပါတော့တယ် ။
ချန်ရှန် သူ၏ ခေါင်း ကွဲထွက်တော့မလို ခံစားနေရ တယ် ။ ဒီထက်ပိုပြီး တောင့်မခံနိုင်တော့ဟု ထင်နေမိတယ် ၊ ထိုအချိန်မှာ သူ၏ ရှင်တို ဝိဉာဉ်တော်လေးဟာ မျက်လုံး ပွင့်လာကာ ငိုကြွေးသွားပါတယ် ။ ရုတ်တရက် နတ်အတွင်း အား အာရုံများအား သူ့ဆီသို့ လောင်းထည့်ပေးခြင်း ခံ လိုက်ရပြီး သူ၏ စိတ်ဝိဉာဉ်မှာလည်း အနည်းငယ် လှုပ်ခါ သွားတယ် ။ ရုတ်တရက်ဆိုသလိုပဲ အားကောင်းလှသည့် နတ်အတွင်းအား အာရုံများကို ရရှိလိုက်သော ကြောင့် ချက်ချင်းပင် ဒြပ်စင်ဝိဉာဉ်တော် ဆေးအပေါ်သို့ ဖိနှိပ်ချ လိုက် ပါတော့တယ် ။
မူလက လှုပ်ခါနေသော နဂါးမီးတောက် မီးဖိုဟာ ပြန် လည် တည်ငြိမ်လာပြီး တစ်ချိန်တည်းမှာပဲ ချန်ရှန်ဟာ ဆေး ခဲ ခြင်း၏ နောက်ဆုံးခြေလှမ်းကို လှမ်းနေပါပြီ ။ သူ အောင် မြင် မှု နဲ့ မဝေးတော့ သလိုပါပဲ ။
ချန်ရှန် ကို အံ့အားသင့်စေသည့် အချက်မှာ သူ လုံးဝ အခက် အခဲ အဖြစ်ဆုံး အချိန်ကို ရောက်နေသည့် အချိန် မှာ ရှင်တို ဝိဉာဉ်တော်လေးဟာ သူ့ကို ကူညီလိုက်ခြင်း ပါ ၊ နတ်အတွင်းအား အာရုံများစွာအား သူ့ကို ပေးလိုက်တာ ဖြစ်ပြီး ထိုအချိန်မှာ သူဟာ ရှင်တိုဝိဉာဉ်တော် အတွင်းမှာ ရှိသည့် ကလေးလေး အား စိုက်ကြည့်နေမိပါတယ် ။
လက်ရှိမှာ သူဟာ ထိုကလေးငယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး ။ သူသာ အပြည့်အ၀ ထိန်းချုပ်နိုင်မည် ဆို ပါက လုံးဝ စွမ်းအားကြီးမားသည့် နတ်အတွင်းအား အာရုံ ကို ပိုင်ဆိုင်နိုင်မှာပါ ။ လောင်ဆုရီ ပြောစကားအရ သူသာ ဝိဉာဉ်တော် နဲ့ တကယ်ကို ပေါင်းစပ်မိသွားမည် ဆိုပါက ရှုင်တိုရဲ့ ပထမ အဆင့်ကို ကျော်လွှားနိုင်သွားမယ် ဖြစ်ပါ တယ် ။
ယေဘူယျအားဖြင့် ဆေးပင် တစ်စုံစာလျှင် ဆေး လုံး တစ်လုံးသာ ပြုလုပ်နိုင်ကြလေ့ရှိပြီး စုမေးယိုပင် ၂ အများ ဆုံး ၂ လုံးသာ ပြုလုပ်နိုင်ပါတယ် ။ သို့သော်လည်း သူမ သည် လည်း အကြိမ်တိုင်း ၂ လုံးရသည်တော့ မဟုတ်ပါ ချေ ။ ချန်ရှန် ဒီ ဒြပ်စင်ဝိဉာဉ်တော် ဆေးကို စပြီးလုပ်က တည်းက လုံးဝ အလေအလွင့် မရှိအောင် ရည်ရွယ်ပြီး ပြု လုပ်ခဲ့တာပါ ။ သို့သော်လည်း ဒါဟာ အလွန်ကို ခက်ခဲ လှ တာ ဖြစ်ပြီး သူ့ကို ၉၉ ကြိမ်တောင် ဆုံးရှုံးစေခဲ့သည် မ ဟုတ်ပါလား ။
အကြိမ် ၁၀၀ မြောက်မှာပဲ သူအောင်မြင်ခဲ့ပြီ မဟုတ် ပါ လား ။
စုမေးယို သူမ နှုတ်ခမ်းကို ကိုက်လျက် ရှိတယ် ။ လွန် ခဲ့သော ရက်အနည်းငယ်က စပြီး ခုနကထိ သူမဟာ အမြဲ ရယ်မော နေခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ သူမပါးစပ် မှ လုံးဝ ရယ်သံ မထွက်တော့ပါဘူး ။ ပါးစပ်အဟောင်းသား သာ ပွင့်လို့ နေပါတော့တယ် ။
“အမတော် ၊ အခု ဘယ်လိုလုပ်မလဲ ၊ ကျွန် . . . ကျွန် မ ကြောက်နေပြီ”
စုမေးယို ဘိုင်ယုယု ၏ လက်ကို မှီရင်း ပြောပါတယ် ။
“အပြင် မထွက်ရုံပေါ့”
ဘိုင်ယုယု မပြုံးမရယ်ပဲ ပြောလိုက်တယ် ။ သူမ လုံးဝ ကို စူးစိုက်လို့ ကြည့်နေပါတယ် ။
“မတတ်နိုင်ဘူး ၊ ဒီကောင်လေးကို တကယ်စိတ်ပျက် မိ တယ်”
စုမေးယို သူမခေါင်းကို ခါယမ်းပြီး ပြောပါတယ် ။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းသူ့ကို နမ်းရတော့မှာပဲနမ်းပေါ့ ၊ ခြေထောက်တာ့ မကားပေးနဲ့နော်”
ဘိုင်ယုယု နှုတ်ခမ်းကို အနည်းငယ်တွန့်ကာ ပြုံးလိုက် ပါ တယ် ။ သူမ အပြုံးဟာ ခပ်တောင့်တောင့် ဖြစ်သော် လည်း ဒါကပင် အတော်ကို လှပါလှပါတယ် ။
စုမေးယို၏ လှပသော မျက်နှာလေးဟာ ရဲသွားတယ် ၊ ဘိုင်ယုယု ဒီလောက်ထိ ပွင့်ပွင့်လင်းလင်း ပြောလိမ့်မယ် လို့ သူမ မထင်မိခဲ့ပါ ။ ဒါကြောင့် စိတ်တိုသွားပြီး –
“အမတော် ၊ ဒါကို မကျေနပ်တာလား”
“မင်းက မေးတာကို ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဒီ ကောင်လေးနဲ့ အရောတ၀င် နေနေကျပဲ ၊ နမ်းတယ်ဆိုတာ ဘာမှ မဟုတ်ပါဘူး ။ မင်းသူ့ကို ကြိုက်တယ်လို့ မပြောခဲ့ ဖူးလား ၊ ဒါပေမယ့် သူက အခုချိန် အတော်အားနည်း သေး ပါ တယ်”
ဘိုင်ယုယု ကပြောလိုက်ပါတယ် ။
“အမတော် မေးယို ၊ ကျွန်တော် ဒြပ်စင်ဝိဉာဉ်တော် ဆေးကို လုပ်လို့ ပြီးပြီ ၊ မြန်မြန်ရေမိုးချိုးပြီး အ၀တ်စားသစ် တွေ ၀တ် ။ ကျွန်တော်နဲ့ နမ်းကြရအောင်ဗျို့ ”
ချန်ရှန် ၏ မုန်းစရာကောင်းကောင်းသော အသံကြီး ကို ရယ်သံနှင့် အတူ ကြားလိုက်ရပါတော့တယ် . . . ။