Switch Mode

Chapter – 220

ဒြပ်စင်ဝိညာဥ်တော်ဆေး

Chapter – 220 ဒြပ်စင်ဝိဉာဉ်တော်ဆေး

ဒြပ်စင်ဝိဉာဉ်တော်ဆေးဟာ အဆင့်နိမ့် သိမ်မွေ့ အဆင့် ဆေးတစ်မျိုးဖြစ်ပြီး ရှားပါးမှုနှင့် ကောင်းမွန်မှုဟာ တည်ဆောက်ရေးဆေးနှင့် မနှိုင်းယှဉ်နိုင်ပေ ။ ဒါ့အပြင် လို အပ်သော ဆေးပစ္စည်းများမှာလည်း တည်ဆောက်ရေး ဆေး ထက် ရှာဖွေရ အလွန်ခက်ခဲလှပြီး ပြုလုပ်ရာမှာလဲ အတော်ကို ခက်ခဲလှပါပေတယ် ။
တည်ဆောက်ရေးဆေး ပြုလုပ်ရတယ့် ခက်ခဲမှုဟာ တခြား အဆင့်မြင့် ဝိဉာဉ်တော်ဆေးများ ပြုလုပ်ရသလို သာ ဖြစ်ပြီး ခက်ခဲမှု သိပ်မရှိလှပါ ။ ၎င်းဆေးမှာ ပါဝင်သော ပစ္စည်းများ ရှားပါးပြီး ဈေးကြီးမြင့်မှုကြောင့်သာ သိမ်မွေ့ အဆင့် မှာ ပါဝင်သွားခြင်း ဖြစ်ပါတယ် ။ ဒြပ်စင်ဝိဉာဉ် တော် ဆေးကတော့ ပြုလုပ်ရတာကိုပင် အလွန်ခက်ခဲတာ ပါ ။
ဝိဉာဉ်ဖမ်းမြက်နှင့် နတ်ဝိဉာဉ်တော်ပန်း များစွာကို ချန်ရှန်ဟာ စိုက်ပျိုးထားတာ ဖြစ်ပြီး ၎င်းတို့ဟာ အစေ့များ အဖြစ်သာ ရှိနေသေးသော်လည်း သူ့မှာ ရွှေနဂါးတံတွေး ရှိ နေသည် မဟုတ်ပါလား ။ ဒီပန်းတွေ မြက်တွေကို အမြန် ရှင်သန်ကြီးထွားအောင် လုပ်ရန် မခက်ခဲလှချေ ။
သူ့ကိုယ်ပိုင် အခန်းငယ်ထဲမှာတော့ ချန်ရှန် ဆေးပင် များ အား စုမေးယို သင်ပြသလို စီစဉ်နေပါတယ် ။ ဝိဉာဉ် ဖမ်းမြက် အား ၎င်းအပင် အမြစ်နားမှ အပိုင်လေးသာ လိုအပ်ပြီး နတ်ဝိဉာဉ်တော်ပန်းကိုတော့ ပွင့်လွှာနှင့် အမြစ် ကို သာ လိုအပ်ပါတယ် ။ အထက်ပါ အစိတ်ပိုင်း အားလုံးကို သေချာဂရုတစိုက် စီစဉ်ရတာဖြစ်ပြီး လိုအပ် သည်ထက် အနည်းငယ်မျှပင် မှားယွင်းဖြတ်တောက်လို့ မရပေ ။ ဝိဉာဉ်တော် ချီဓာတ်ပျံ့ ကွဲခြင်းများဖြစ်ပြီး ဆေး ပြု လုပ်ရာမှာ ကျရှုံးသွားစေမှာပါ ။
နတ်ဝိဉာဉ်တော် ပန်း နှင့် ဝိဉာဉ်ဖမ်းမြက် တို့မှာ အဓိ က ပါဝင်ပစ္စည်းများ ဖြစ်ပါတယ် ။ ဒါ့အပြင် တခြား အရံ ဆေးပင် အမျိုး ၃၀ လောက်လည်း လိုအပ်ပါသေးတယ် ။ အများအားဖြင့် အသုံးများသော ဂျင်စင်း ၊ ဝိဉာဉ်တော် မြက်များ ၊ သားရဲဆေးများ အစရှိသဖြင့် ဖြစ်ကြပါတယ် ။ ဒါပေမယ့်လည်း ဆေးပင်သက်တမ်းတွေကတော့ အ တော် ကို မြင့်လှပြီး အနိမ့်ဆုံးလိုအပ်သည့် သက်တမ်းမှာ နှစ် သုံးထောင် အထက် ချည်းသာ ဖြစ်တယ် ။ ဒါကြောင့်ပဲ အဆိုပါ အရံဆေးပင်များကိုပင် ရှာဖွေရ ခက်ခဲလှပါတယ် ။ ဒါပေမယ့် ချန်ရှန် အတွက်တော့ မခက်ခဲလှပါ ။ လိုအပ် သော အရံဆေးပင်များအားလုံးအား ယခုဥယျာဉ်နှင့် အ မည်းရောင် လိပ် လျို့ ဝှက်ဆန်းကြယ်နယ်ပယ် မှ ရရှိပြီး ဖြစ် ပါတယ် ။
လိုအပ်သော အရံဆေးပင်များနှင့် အဓိက ပါဝင်ပစ္စည်း များအား စနစ်တကျ နေရာချထားပြီး နောက်မှာတော့ ချန် ရှန် တစ်စုံချင်းဆီအား သေတ္တာတစ်ခုစီတွင် ခွဲထည့်လိုက် ပါ တယ် ။ ဆယ်ဂဏန်းလောက် ပြင်ဆင်ပြီးတယ့် အခါ မှာ တော့ နဂါးမီးတောက် မီးဖိုကို ထုတ်ကာ စတင်ပြုလုပ်ပါ တော့တယ် ။
ချန်ရှန် ယခု ဆေးပြုလုပ်နည်းအား စုမေးယိုထံမှ အ လုံးစုံ သိရှိပြီး ဖြစ်တယ် ။ သို့သော်လည်း ယခု ဒြပ်စင် ဝိ ဉာဉ်တော် ဆေး ရဲ့ အခြေခံ သဘောသဘာဝ မှာ သူပြု လုပ်နေကျ တခြားဆေးများနှင့် လုံးဝ မတူပါချေ ။ ဒါ ကြောင့် သူလက်တွေ့ သေချာလုပ်မှသာ အသေးစိတ် သိ နိုင် ပေလ်ိမ့်မည် ။
ဆေးပင်အားလုံးအား နဂါးမီးတောက် မီးဖိုအတွင်း စနစ်တကျ ထားရှိပြီးနောက်မှာတော့ ချန်ရှန် မီးတောက် များ ထုတ်လွှတ်လိုက်တယ် ။ စစချင်းမှာ မီးတောက်ဟာ အလွန် ကြီးမားပြီး ရုတ်တရက် ဆေးပင်များ ပေါက်ကွဲကာ ဝိဉာဉ်တော် ချီဓာတ်များ ထွက်ပေါ်လာတယ် ။ တခုနှင့် တစ်ခု ပေါင်းစပ်သွားကြပြီး မီးဖိုကြီးတစ်ခုလုံး တုန်ခါသွား ပါ တော့တယ် ။
ချန်ရှန် ချက်ချင်းပင် ထို ဝိဉာဉ်တော် ချီဓာတ်များ အား သူ၏ နတ်အတွင်းအား အာရုံ နှင့် တဖြည်းဖြည်းချင်း ထိန်း ညှိကာ လျော့ချနေတယ် ။ ချီဓာတ်များ နဂါးမီးတောက် မီး ဖို အတွင်းမှ ထွက်ကျလာပြီး တဖြည်းဖြည်း လွင့်ပျံနေပါ တော့ တယ် ။
“ဟူးးး ၊ တစ်စုံစာတော့ သွားပြီ”
ချန်ရှန် သက်ပြင်းချလိုက်တယ် ။ ဒီလို ပထမဆုံး အ ခေါက်မှာတင် သူကျရှုံးတာမျိုး မမျှော်လင့်ခဲ့ပါ ။ ဒီလို ပထ မ တစ်ခေါက်နဲ့ တန်းကျရှုံးတာမျိုး သူမဖြစ်တာ အတော် ကို ကြာပါပြီ ။
“မင်းမှာ နေမီး ဝိဉာဉ်တော် ရှိပြီးကတည်းက မင်း ထုတ် တဲ့ မီးတောက်က အတော် ပြင်းထန်တယ် ။ နောက် အခု လုပ်ရတယ့် လုပ်ငန်းစဉ်က အရင်ဟာတွေနဲ့ မတူဘူး ၊ ဒီဆေးပင်တွေက လောင်ကျွမ်းလွယ်တယ် ။ ငါမင်းကို ကြို ပြီး သတိပေးခဲ့သားပဲကို”
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်လိုက်တယ် ။ ထို့နောက် ထပ်ပြီး ပြုလုပ်ပါတယ် ။
ဒုတိယ အကြိမ်မှာတော့ ဆေးပင်များအား ဖြေးညှင်း စွာပဲ နည်းနည်းချင်း ဖုတ်နေတယ် ။ ဝိဉာဉ်တော် ချီဓာတ် များဟာလည်း ဖြည်းဖြည်းချင်ပဲ ထွက်နေပြီး တချိန်တည်း မှာပဲ သူ၏ နတ်အတွင်းအားအာရုံများဟာလည်း ဆေး ဖက်ဝင် ချီဓာတ်များ ပေါင်းစပ်ရန် စုးစိုက်လုပ်ဆောင်လျက် ရှိပါတယ် ။
“စပြီဟေ့”
ချန်ရှန် မျက်မှောင်ကြုတ်သွားတယ် ။ ထိုအချိန်မှာ သူ ၏ နတ်အတွင်းအား အာရုံဟာ ဆုံးရှုံးလာသလို ခံစား လိုက် ရတယ် ။ အဘယ်ကြောင့်ဆိုသော် ဝိဉာဉ်ဖမ်းမြက် နှင့် နတ်ဝိဉာဉ်တော် ပန်းတို့ဟာ နတ်အတွင်းအား အာရုံ များအား စုပ်ယူနေတာကြောင့်ပါ ။ ထိုအချိန်မှာ ၎င်းတို့ဟာ ချန်ရှန် ၏ နတ်အတွင်းအား အာရုံတို့အား စုပ်ယူနေပါတော့ တယ် ။
ဆေးပင်များမှ နတ်အတွင်းအား အာရုံများကို အလွန် ကျွံ စုပ်ယူခြင်းဟာ ဆေးလုပ်ရာမှာ ကျရှုံးဖို့ အခွင့်လမ်း ပို များစေပါတယ် ။ နည်းနည်း စုပ်ယူရင်တောင်မှ ကျရှုံးစေ တာပါ ။ ဆေးလုပ်ငန်းစဉ် တစ်ခုလုံးမှာ သေချာထိန်းချုပ် နိုင်ဖို့ လိုအပ်လှပါတယ် ။
ချန်ရှန် ထပ်မံ ကျရှုံးခဲ့ပြန်ပါပြီ ။ သူ၏ နတ်အတွင်း အား အာရုံများ များစွာ စုပ်ယူခံနေရခြင်းအပေါ် သူစိုးရိမ်မိ နေပါတယ် ။ ဒါကြောင့်ခပ်မြန်မြန်ပဲ ဆေးဖက်ဝင် ဝိဉာဉ် တော် ချီဓာတ်များနှင့် ဆေးဖက်ဝင် အမှုန်များအား ပေါင်း စပ်ရန် ကြိုးစားတယ် ။ အကျိုးဆက်အနေဖြင့် ဝိဉာဉ်တော် ချီဓာတ်များ ဟာ သူ့နတ်အတွင်းအား အာရုံကို အနည်း ငယ် သာ စုပ်ယူခဲ့ပြိး စွမ်းအား လုံလောက်စွာ မရှိရှိခဲ့ပြန် သော ကြောင့် ထပ်မံကျရှုံးခဲ့ရပြန်ပါပြီ ။
ဆေးပညာဟာ ယခုလိုပါပဲ ။ ထပ်ခါထပ်ခါ ကျရှုံးပြီး မှသာ ဆေးလုပ်ခြင်းရဲ့ အခက်ခဲဆုံးနေရာများကို နားလည် သတိထားနိုင်ပြီး အောင်မြင်နိုင်မှာပါ ။
တည်ဆောက်ရေးဆေး လုပ်ခဲ့စဉ်တုန်းကတောင် ချန် ရှန် အကြိမ်များစွာ ကျရှုံးခဲ့ပြီး ယခုဆေးဟာ ပိုမိုပြုလုပ်ရ ခက်ခဲသော ကြောင့် ကျရှုံးတယ် ဆိုတာ မဆန်းပါချေ ။
မျက်စိတမှိတ်အတွင်းမှာ အချိန် ၁၀ ရက်ဟာ ကုန် ဆုံး သွားခဲ့ပြီး ချန်ရှန် အကြိမ် ၇၀ ရှုံးနိမ့်ခဲ့ပြီးပါပြီ ။
“မလုံလောက်သေးဘူး ၊ အကြိမ် ၇၀ ပဲရှိသေးတယ် ၊ ဆက်ကြိုးစားထား”
စုမေးယို ခေါင်းညိမ့်ပြီး ကျေနပ်နေဟန်ဖြင့် ပြောပါ တယ် ။ ချန်ရှန်သာ အကြိမ် သုံးဆယ် လေးဆယ်ဖြင့် ရရှိ သွားမည် ဆိုပါက လုံးဝ ပုံမှန်မဟုတ်ပါချေ ။ ချန်ရှန် ဟာ ဆေး ပညာ မှာ ပါရမီ ပါလှတာကို သိရှိပေမယ့်လည်း အ တိုင်းတာတော့ ရှိသင့်သည် မဟုတ်ပါလား ။ ချန်ရှန် ယခု လို အကြိမ်များစွာ ကျရှုံးနေတာကို ကြည့်ရင်း ဘာကြောင့် မှန်းရယ်မသိ သူမ ကျေနပ်နေမိပါတယ် ။
စုမေးယို ပျော်ရွှင်နေဟန်ကို ကြည့်ရင်း ချန်ရှန် ပြုံး ကာ –
“အမတော် မေးယို ၊ ကျွန်တော် နောက်ထပ် အကြိမ် ၁၀၀ လောက် ရှုံးမရှုံး လောင်းရအောင်”
စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာ ကွင်းလေးထဲမှာပါ ။ မည် သူမျှ ရှိမနေသော်လည်း ယခုနေရာဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းထဲမှာ ရှိနေတာကြောင့်ပါ ။ များစွာသော နိဗ္ဗာန်အဆင့် ပညာရှင်များစွာ ရှိနေပြီး သူမတို့ကို တွေ့ မြင် သွားမှာ စိုးတာကြောင့် ထွက်မလာတာပါ ။
တခဏမျှ စဉ်းစားပြီးနောက် စုမေးယို က –
“အိုကေ ၊ မင်းရှုံးရင် ကျွန်တော် အရူးပါလို့ ပြင်းထန် သော သိုင်းပညာဂိုဏ်းရဲ့ လေးထောင်ကွင်းပြင်ထဲမှာ သုံး ကြိမ် အကျယ်ကြီး အော်ရမယ် ။ ငါရှုံးမယ် ဆိုရင် . . .”
ချန်ရှန် လည်း ရယ်မောကာ –
“အမတော် ရှုံးမယ် ဆိုရင် ၊ ကျွန်တော့် နှုတ်ခမ်းကို နမ်းရမယ် ၊ ဘယ်လိုလဲ”
စုမေးယို အတော် စဉ်းစားသွားတယ် ။ ဒီလို အကြပ် အတည်းကို ကျော်လွှားရန် နတ်အတွင်းအား အာရုံ အများ အပြား အသုံးပြုရမယ် ဆိုတာကို သူမ သိနေတယ် ။ ချန်ရှန် ဟာ အကြိမ် ၇၀ လောက် ကျရှုံးပြီးတာတောင် အချိန်အဆ မှန်မှန် မလုပ်နိုင်သေးပါဘူး ။ ဆေးခဲတယ့်အဆင့် ဆိုရင် ပို မိုတောင် ခက်ခဲဦးမှာပါ ။ ဆေးဖက်ဝင် အမှုန်များ ပေါင်းစပ် ရန် နတ်အတွင်းအား အာရုံများစွာ လိုအပ်မှာဖြစ်ပြီး အလွန် ကို ခက်ခဲလှဦးမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ချန်ရှန် အနေ ဖြင့် အကြိမ်များစွာ ကျရှုံးပေလိမ့်မည်ဟု သူမ ခန့်မှန်းမိ တယ် ။
စုမေးယို ရှုံးမည် ဆိုပါက သူမ အနေဖြင့် ချန်ရှန် နှုတ် ခမ်းကို နမ်းရမည်ဖြစ်ပြီး ဒီလောင်းကြေးဟာ ချန်ရှန် ထက် များစွာ တန်ကြေးရှိနေတယ် ။ ချန်ရှန် ရှုံးမယ် ဆိုပါက အရူး ပါဆိုပြီး သုံးကြိမ်သာ အော်ရန် လိုအပ်တာပါ ။
စုမေးယို ဟာ ပျင်းနေလေ့ ရှိတာကြောင့် တခါတရံ သူ မ စိတ်ကို နှိုးဆွပြီး ပျော်ရွှင်စရာများကို ပြုလုပ်ရန် စိတ်ဝင် စား သူ တစ်ဦး ဖြစ်ပါတယ် ။
“ဟက် ၊ ဒီလို ဆိုရင်ကော ၊ မင်းရှုံးရင် ဇုရွန် ရဲ့ ပါးကို နမ်းရမယ် ၊ နောက် အဲဒါကလည်း ရှောင်ဒိုနဲ့ မြွေမျက်စိ တို့ ရဲ့ ရှေ့ မှာ လုပ်ပြရမှာနော်”
စုမေးယို ရယ်မောရင်း ပြောလိုက်ပါတယ် ။ စိတ်ကူး ထဲ ပုံဖော်နေရင်း သူမ ပြုံးစိစိဖြင့် အတော်မသတ် ရယ် မော နေပါ တော့တယ် ။
ချန်ရှန် လည်း ဒါကို စဉ်းစားမိတယ့် အခါ မအီမသာ ဖြစ် သွား တယ် ။ ယခု အခါ သူ့ မှာ ယုံကြည်ချက် မရှိတော့ သလို ခံစားလိုက်ရပြီး သူသာ ရှုံးမည် ဆိုပါက ဘယ်လိုမှ အခြေ အနေ ကောင်းမည် မဟုတ်ပါ ။
သို့သော်လည်း ချန်ရှန် အနိုင်ရမည် ဆိုပါက စုမေးယို ၏ နှုတ်ခမ်းကို နမ်းနိုင်မည် ဖြစ်ပြီး ဒီခံစားမှုက အတော်ကို စိတ်လှုပ်ရှားစရာ ကောင်းမှာပါ ။ အရှုံးအမြတ်ကြီးမားလှ သော ကစားပွဲ ဖြစ်ပြီး ရှုံးနိမ့်ပါက အခြေအနေမဟန်ပဲ အနိုင် ရမည် ဆိုပါက ပျော်ရွှင်မှုက နှိုင်းဆရမည် မဟုတ် ပေ ။
ချန်ရှန် တခဏမျှ လေးလေး နက်နက် စဉ်းစားလိုက် ပြီး နောက် ခေါင်းညိမ့်ကာ –
“အိုကေ ၊ ဒါပေမယ့် အမတော် ခပ်ကြာကြာ နမ်းရမှာ နော် ၊ ထိတယ် ဆိုရုံနဲ့ မရဘူး”
“ကိစ္စမရှိပါဘူး”
စုမေးယို ရယ်မောကာဖြင့် ပြောလိုက်တယ် ။
“မင်းနိုင်မယ် လို့ သေချာတယ်ပေါ့”
“မဟုတ်ပါဘူး ။ ဒါပေမယ့် အမတော်ကို နမ်းခွင့်ရမယ် ဆိုတဲ့ အတွေးနဲ့တင် နိုင်ဖို့ သေချာသလောက် ရှိနေပြီ ၊ ဒီ လို အရာမျိုးအတွက် ကျွန်တော် ရှုံးရင် ဘယ်လိုပဲ ဖြစ်နေ ပါ စေ ကြိုးစားရမယ် မဟုတ်လား ။ အမတော် မေးယို ၊ စိတ် မပူပါနဲ့ ၊ ကျွန်တော်က နမ်းတယ့် နေရာမှာ အတွေ့ အကြုံ ရှိပြီးသားပါဗျ ။ အမတော်ကိုလည်း သင်ပေးပါ့မယ် ၊ အမတော်ရဲ့ သက်တမ်းဟာ သိပ်ကို ကြာပြီဆိုပေမယ့် လည်း အမတော်ဟာ နမ်းတယ့် အတွေ့ အကြုံမရှိသေးဘူး ဆိုတာ သေချာတယ်”
စုမေးယို ချန်ရှန် ကို အထင်မသေးပါ ။ တဖက်ကကြည့် မည် ဆိုပါက သူ့ကို ပင် နှစ်သက်နေပြီး ချန်ရှန်ကလည်း ချောမော ခန့်ညားသည် မဟုတ်ပါလား ။ ပါရမီရှင်တစ်ဦး လည်း ဖြစ်ကာ အနာဂတ်မှာလည်း ပြိုင်ဖက်ကင်း သိုင်း ပညာရှင် တစ်ဦး ဖြစ်နိုင်နေသည် မဟုတ်ပါလား ။ ဒါ့အပြင် သူမ၏ လှပသော တစ်ကိုယ်လုံးကို ချန်ရှန် ဟာ မြင်တွေ့ ပြီး ဖြစ်တာကြောင့် နမ်းရုံဖြင့်တော့ ဘာမှမဖြစ်ဟု သူမ ယူ ဆ ထားမိလို့ပါ ။ သို့သော်လည်း ဘာကြောင့်မှန်းလို့မသိ သူမရှုံးခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုတာကို သူမ သိချင်နေမိ ပါ တယ် ။ သူမ အနေဖြင့် မည်သည့်ယောက်ျားကိုမျှ နမ်းခဲ့ဖူး ခြင်း မရှိပါချေ ။
“အမတော် ယုယု ၊ ဒီပြိုင်ပွဲမှာ ၀င်ပျော်ဦးမလားဗျ”
ဘိုင်ယုယုကို နမ်းရမယ့် ကိစ္စကို တွေးရင်း ချန်ရှန် ရုတ် တရက် ပိုမို စိတ်လှုပ်ရှားလာသလိုပါပဲ ။ စုမေးယို ထက် စာ လျှင် ဘိုင်ယုယုလို ရေခဲမင်းသမီးအား ပိုမို နမ်းချင်စိတ်ဖြစ် သည် ဟု ချန်ရှန်ဝန်ခံရပါပေတော့မည် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset