Chapter – 219 ပထမဆုံးလျို့ ဝှက်ဆန်းကြယ်နယ်ပယ်
ဆေးဆရာမကြီး နှင့် ဒန်ရှန်တောင်ယွမ် ဂိုဏ်းချုပ်တို့ ဟာ ချန်ဝူတစ်ခုလုံးမှာ အစွမ်းထက်ဆုံး ဆေးပညာရှင်များ ဖြစ် ကြ တယ် ။ ဆေးဆရာမကြီးဟာ ဆေးဘုရင် ဆိုသည့် နေရာကို မရောက်ရှိသေးပဲ ချန်ရှန်လည်း တကယ့်ဆေး ဘုရင် ဆိုတာကို ကြားပင် မကြားဖူးခဲ့ပါ ။
“သူပဲ ဖြစ်ရမယ်”
စုမေးယို အံ့သြမှုနဲ့ အတူ ပြောပါတယ် ။
“ဘယ်သူလဲ”
ချန်ရှန် အမြန်မေးလိုက်တယ် ။
“သူက တကယ့် ဆေးဘုရင်လေ ၊ ဒါပေမယ့် သေတာ ကြာပါပြီ ။ ဘာလို့လဲ ဆိုတော့ သူဟာ အလွန်ကို ထူးဆန်း လှတယ့် လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ကို ပိုင်ဆိုင်ထားလို့ ပဲ ။ အဲဒိ လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ဟာ မော်တယ်ကမ္ဘာ မှာ အလွန်ပဲ ထင်ရှားလှတယ် ။ ကမ္ဘာ့ ပထမဆုံး လျို့ ဝှက် ဆန်းကြယ် နယ်ပယ် လို့ ခေါ်တယ် ။ အဲဒိထဲမှာ အလွန်ကို ပဲ ရှားပါးလှတယ့် ဆေးပင်တွေ ၊ သားရဲဆေးတွေ ၊ ထူး ဆန်းတဲ့ ဆေးပင်တွေ ၊ တခြားအံ့အားသင့်ဖွယ်ရတနာ များ စွာ ရှိနေတယ်လေ ။ ဒါကြောင့်ပဲ တခြားကြောက်မက်ဖွယ် ကောင်းတဲ့ ပညာရှင်များစွာရဲ့ လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ ရတယ်”
စုမေးယို က ပြောပြပါတယ် ။
ဘိုင်ယုယု ကလည်း ဆက်လက်ပြီး –
“ဒီလူ က အသက်ငယ်ငယ် နဲ့ ဒီ လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ထဲကို ရောက်ရှိခဲ့တယ် ။ ဒီမှာနေပြီး နှစ်ပေါင်းများ စွာ ကြာတယ့်အခါ ဆေးဘုရင်တစ်ပါး ဖြစ်လာတော့တာပဲ ၊ ဒါပေမယ့် အဲဒိလျို့ ဝှက်ချက်ကို သူက သူ့သားကို ပြောပြ လိုက်တယ် ။ အဲဒိ သူ့သားက လောဘအရမ်းကြီးတဲ့သူ တစ် ဦးပဲ ။ အဲဒိလိုနဲ့ သူ့သားကတဆင့် အဲဒိ လျို့ ဝှက်ချက် ဟာ ပေါက်ကြားသွားပြီး အဲဒိသူဟာ တခြားပညာရှင်တွေ နဲ့ ပူးပေါင်း ၊ သူ့အဖေကို နေရာအတိအကျပြောဖို့ တွန်းအားပေးတော့တာပဲ”
စုမေးယို က သက်ပြင်းချပြီး –
“လိရှန်ဂျန် ဆိုတာလည်း စွမ်းအားကြီး သိုင်းပညာရှင် တစ်ဦးပဲ ၊ ဒါပေမယ့် အမျိုးမျိုးသော ပညာရှင်ပေါင်းများစွာ ရဲ့ ဖမ်းဆီးခြင်းကို ခံရမယ့် အနေအထားဟာ သူ့အတွက် အတော်ကို အန္တရာယ်ရှိတယ့် အခြေအနေဖြစ်နေတယ် ။ အဲလိုနဲ့ သူ့သတင်းကို မကြားရတော့တာ နှစ်ပေါင်းများစွာ ကြာပြီ ၊ သူ့သားပြောပုံအရတော့ သူဟာ သေပြီဆိုပဲ”
ချန်ရှန် အထိမ်းအမှတ်သင်္ကေတကို ကြည့်ကာ –
“အဲဒါ ဘယ်တုန်းက ဖြစ်ပျက်ခဲ့တာတွေလဲ”
“လွန်ခဲ့တယ့် နှစ်တစ်သောင်း ပတ်ဝန်းကျင်လောက် ကပဲ ။ သူသာ အသက်ရှင်နေမယ်ဆိုရင် ကောင်းကင် အ ဆင့် ကို ရောက်ရှိနေလောက်ပြီ ၊ အဲဒိအခါကျ ကမ္ဘာ့ အ တော်ဆုံး သိုင်းပညာရှင်အဖြစ် ချီးကျူးခြင်း ခံရမှာပေါ့”
စုမေးယို က စိတ်လှုပ်ရှားဟန်ဖြင့် ပြောဆိုပါတယ် ။
“သူက ဒီ ဆေးဥယျာဉ်တွေမှာ ကမ္ဘာပထမဆုံး လျို့ ၀ှက် ဆန်းကြယ် နယ်ပယ်ကို ၀င်ရောက်နိုင်ဖို့ သဲလွန်စ တစ် ခုခု ချန်ထားခဲ့နိုင်တယ် ။ မင်းရရှိခဲ့တယ့် လက်နက်ပြု လုပ်နည်း စာရွက်လိပ်ဟာလည်း သူ့ဟာလို့ ထင်တာပဲ”
ထို လက်နက်ပြုလုပ်နည်းဟာ ပုတီးစေ့ အတွင်းမှ ရရှိ ခဲ့တာ ဖြစ်ပြီး ပညာရှင်တွေသာ နားလည်နိုင်သော အရာ ဖြစ်ပါတယ် ။ ထိုအရာကို လျူမန်ဂါပင် အပြည့်အ၀ နား လည်ခြင်း မရှိပါ ။ ချန်ရှန် အထိမ်းအမှတ်သင်္ကေတ ကို ကြည့် ကာ သူ၏ နတ်အတွင်းအား အာရုံများအား လောင်း ထည့်ပြီး အာရုံစိုက်လိုက်တယ် ။ ဒါပေမယ့်လည်း လျို့ ဝှက် ဆန်းကြယ်သော အရာတစ်ခုခု က ပိတ်ဆို့ထားသလို ဖြစ် တာ ကြောင့် ကြည့်မရပါချေ ။
“ဒီထဲမှာ တစ်ခုခု ရှိမယ် ထင်တယ်”
လောင်ဆုရီ ထအော်ပါတယ် ။
ချန်ရှန် ခပ်ပြင်းပြင်းလေး ရိုက်ချလိုက်တယ့် အခါမှာ တော့ ကျောက်တုံးမှာ အက်ကွဲရာများ ပေါ်လာတယ် ။ ထပ်မံပြီး ရိုက်ချတယ့်အခါမှာ အပိုင်းပိုင်း ကျိုးကြေသွားပါ တော့တယ် ။ အမည်းရောင် သံသေတ္တာလေး တစ်လုံး ပေါ် လာပါတယ် ။
ချန်ရှန် ၊ စုမေးယို နဲ့ ဘိုင်ယုယု တို့ အားလုံးဟာ အ လွန်ပဲ စိတ်လှုပ်ရှားနေကြပါတယ် ။ ယခုသေတ္တာလေးထဲ မှာ လျို့ ဝှက်ဆန်းကြယ် နယ်ပယ် နဲ့ သက်ဆိုင်သည့် သဲ လွန်စ တစ်ခုခု ပါဝင်နိုင်သည် မဟုတ်ပါလော ။
ချန်ရှန် လက်တဝါးစာအရွယ် သေတ္တာလေးကို ယူပြီး သေချာ လှည့်ပတ်ကြည့်နေမိတယ် ။ သေတ္တာအပေါ်မှာ အပေါက်လေး တစ်ခုရှိနေပြီး သော့ပေါက်နဲ့ အလား သဏ္ဍာန်တူပါတယ် ။ ချက်ချင်းပင် သူ့မှာရှိနေသော သော့ လေးအား အပေါက်ထဲထည့်ပြီး လှည့်ဖွင့်လိုက်ပါတယ် ။ အရင်တွေ့ ဖူးခဲ့သလိုပါပဲ သေတ္တာအတွင်းမှာ သားရေချပ် တစ်ခု ရှိနေပြီး ဖြန့်ကြည့်လိုက်တယ့် အခါမှာတော့ အလွန် အသေးစိတ်ကျသော မြေပုံတစ်ခုကို မြင်တွေ့ လိုက်၇ပါ တယ် ။
ချန်ရှန် မြေပုံကို သေချာ ကြည့်နေရင်း သူ့နှလုံးခုန်သံ ဟာလည်း မြန်ဆန်လို့ နေပါတယ် ။ ဒီမြေပုံဟာ လျို့ ဝှက် ဆန်းကြယ် နယ်ပယ်သို့ လမ်းညွှန်နေမယ်ဆိုတာ သူ အသေအချာကို သိနေတယ် ။သို့သော်လည်း ဒီလျို့ ဝှက် ဆန်းကြယ်နယ်ပယ် ကို ၀င်ရောက်နိုင်ရန် သူအချိန်အကြာ ကြီး စောင့်ရမှာပါ ။ အဘယ်ကြောင့်ဆိုသော ထို နယ်ပယ် ဟာ ပွင့်ဖို့ အချိန်အတော်ကြာ လိုသေးလို့ပါပဲ ။
“အမှောင်က အလင်းကို ကြီးစိုးတဲ့အချိန် နေလကျွန်း မှာ လျို့ဝှက်ဆန်းကြယ်နယ်ပယ် က ပွင့်လိမ့်မယ်တဲ့”
ချန်ရှန် ဒီစာသားကိုပဲ ထပ်ခါတလဲလဲ ရွတ်နေမိပါ တယ် ။
“ဘာကို ဆိုလိုတာပါလိ့မ်”
“နေကြတ်တာလေ”
စုမေးယို နဲ့ ဘိုင်ယုယု တို့ သံပြိုင်ပြောလိုက်တယ် ။
ချန်ရှန် ချက်ချင်းပင် သဘောပေါက်သွားပြီး –
“ဘယ်တော့လဲ ၊ ဒီနေလကျွန်းဆိုတာ ကျွန်တော် တို့ မော်တယ် ကမ္ဘာမှာပဲ ထင်တယ်”
“ငါလည်း မသိဘူး ၊ ဒါပေမယ့် မကြာခင် ဖြစ်မယ် ထင် တယ် ။ သူက တစ်နှစ်အလိုမှာ လက္ခဏာပြတတ်တယ် ။ အဲဒိအခါကျမှ နေလကျွန်းကို သွားရင်လည်း နောက်မကျ ပါဘူး”
ဘိုင်ယုယု က ပြောပါတယ် ။
ချန်ရှန် မြေပုံကို ကြည့်နေရင်း ကျောက်တုံးတံခါး ဖွင့် သံကို ကြားလိုက်ရတယ် ။ ၎င်းဟာ ၀င်ပေါက် အတု နေရာ မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုဝင်ပေါက်ဟာ လုမျိုးနွယ် တို့ ဖန်တီးထားတာပါ ။
“ဒီက မြန်မြန် ထွက်တော့”
လောင်ဆုရီ အမြန်ပဲ အော်ပြောတယ် ။
ချန်ရှန် ချက်ချင်းပင် သံဂိတ်ပေါက်ဆီသွားကာ ထို အချိန်မှာပဲ အဆိုပါ ဂိတ် ဟာ သူ့အလိုလို ပိတ်သွားတယ် ။ ထိုသို့ ပိတ်သွားမှုကြောင့် အသံကြီးကျယ်လောင်စွာ မြည် ဟည်းသွားပြီး တုန်လည်း တုန်ခါသွားပါတယ် ။ ချန်ရှန် လည်း အမြန်ပြေးလွှားနေပြီး ခပ်လှမ်းလှမ်းမှ ဒေါသကြီး စွာ အော်နေသံများကို ကြားနေရတယ် ။ဆေးဘုရင် တောင် ကြီး တစ်ခုလုံး အော်သံများဖြင့် ပြည့်လို့ နေတယ်။
ချန်ရှန် လျင်မြန်စွာပင် လိုဏ်ခေါင်းမှ ထွက်လာခဲ့ပြီး အချိန်အားဖြင့် မွန်းတည့်ချိန်ပင် ဖြစ်နေပါပြီ ။ သူနဲ့ လောင် ဆုရီ တို့ အထဲမှာ အတော်ကြာသွားပုံပါ ။
“အဆင့် ၅ ပညာရှင် ငါးယောက် က ဘယ်ဖက်မှာ ၊ ညာဖက်မှာ လာနေတာတော့ တစ်ယောက်ထဲပဲ ။ ဒါပေ မယ့် အဲဒိသူက တကယ့်ကို အဆင့်မြင့် . . .”
လောင်ဆုရီ စကားပင် မဆုံးပါချေ ။ ချန်ရှန် အရပ် လေး မျက် နှာမှ လူများစွာ ထွက်လာတာကို မြင်လိ်ုက်ရ တယ် ။ ထိုအချိန်မှာပဲ ထူးဆန်းလှသော ဖိအားတစ်ခု သက် ရောက်လာသလို ခံစားလိုက်ရပါတယ် ။
“အတော်အားကောင်းတဲ့ မိစ္ဆာချီဓာတ်ပဲ”
ချန်ရှန် ဒီ ချီဓာတ်ဟာ လုမျိုးနွယ်ရဲ့ အစွမ်းထက်ဆုံး မိစ္ဆာပညာရှင် ဆီမှ ထွက်လာတာလို့ ခန့်မှန်းမိလိုက်တယ် ။ ဒီလို လူများစွာ ဝိုင်းရံ ပိတ်ဆို့နေသောကြောင့် သူ့အတွက် လွတ်မြောက်ရန် အတော် ခက်ခဲနေပါပြီ ။ ချက်ချင်းပဲ ရေ လွတ်မြောက်ခြင်း တိုက်ကွက်ကို အသုံးပြုလိုက်သဖြင့် သူ၏ ခြေထောက်တွင် ရေအိုင်ငယ်တစ်ခု ရုတ်တရက် ပေါ် လာပြီး ထိုလူများ မရောက်လာခင်မှာပဲ ချန်ရှန် ဟာရေထဲ နစ်မြုပ်သွားကာ မြေကြီးထဲမှ တဆင့် အနီးဆုံး မြစ်ကမ်းနား သို့ ရောက်ရှိသွားပါတယ် ။
ချန်ရှန် အမည်းရောင် ၀တ်ရုံနှင့် ခေါင်းစွပ်အား လုံခြုံ စွာ ၀တ်ဆင်ထားသောကြောင့် သူ့ကို လူများ မမြင်နိုင်ပါ ချေ ။ သို့သော်လည်း ရေလွတ်မြောက်ခြင်း ကို သုံးသွား တာ ကို မြင်နိုင်တာကြောင့် ဒီလိုတိုက်ကွက်မျိုး မည်သူ သုံး တတ်လဲ ဆိုတာကို ၎င်းတို့ ပုံဖော်နိုင်ကောင်း ပုံဖော်နိုင်ပါ တယ် ။ ဒီမတိုင်ခင်ကလည်း ချန်ရှန် ဟာ ယခုလိုမျိုး အ ကွက် အား အသုံးပြုခဲ့ဖူးပါတယ် ။
ဆေးဘုရင်ခြံဝန်းကို ပြန်လာပြီးနောက် ချန်ရှန် ဟာ သူ၏ ခြံဝန်းငယ်လေးမှာပဲ ဆေးဥယျာဉ်တစ်ခု ပြုလုပ်ဖို့ ကြံ နေတယ် ။ ထို့နောက် အမျိုးမျိုးသော အပင်များကို စတင် စိုက်ပျိုးလျက် ရှိပြီး တနေကုန် ကြာမြင့်သွားပါတယ် ။
ဆေးဖက်ဝင်သတ္တုသစ်သီးပင် ဆယ်ပင် ၊ အကြော တစ်ထောင် အပင် ဆယ်ပင် ၊ မိုးပြာသီးပင် သုံးပင် ၊ နေကိုး စင်း မီးတောက်ပင် တစ်ပင် နှင့် မီးဝိဉာဉ်တော် မြက်အချို့ အား နေကိုးစင်း မီးတောက်ပင်အောက်မှာ စိုက်ပျိုးပြီး တ ဖက်မှာလည်း အရောင်ငါးမျိုးကြာပန်း နှင့် တခြားဆေးပင် များအား စိုက်ပျိုးထားပါတော့တယ် ။
ကြာပန်းရဲ့ အစိကိုသာ ဆေးပညာအတွက် အများ အား ဖြင့် အသုံးပြုပါတယ် ။ ချန်ရှန် မှာ ၎င်းအရာရှိပေမယ့် လည်း ဒြပ်စင်ငါးမျိုးဒြပ်စင်ဆေးကို ပြုလုပ်ရန် တခြား ပါ ၀င် ပစ္စည်းများ မရှိသေးပါဘူး ။ ဒါကြောင့်ပဲ အစေ့များ အား အကုန် စိုက်ပျိုးလိုက်တာ ဖြစ်ပြီး သူ ဒီထက် အရောင်ငါးမျိုး ကြာပန်းကို ပိုလိုချင်နေပါသေးတယ် ။
ချန်ရှန် သူ၏ ရွှေနဂါး တံတွေးအားလုံးကို ရေဖြင့်ရော ကာ ဆေးပင်များပေါ်သို့ ပက်ဖြန်းပေးပါတော့တယ် ။ ၎င်း ဟာ ရေရောထားသော်လည်း ဆေးပင်ကို ကြီးထားအောင် လုပ်သည့် နှုန်းကတော့ လျော့မသွားပါချေ ။
အားလုံးပြီးသွားသည့်အခါမှာတော့ ချန်ရှန် တည် ဆောက်ရေး ဆေး ၅ လုံးအား မျိုချကာ စတင်သန့်စင်ပါ တော့တယ် ။ သူ့မှာ တည်ဆောက်ရေးဆေး များစွာ ရှိနေ သော်လည်း သူတပြိုင်နက်တည်း အများကြီး မသောက်ပါ ၊ သူ၏ အခြေခံအင်အားဟာ အများကြီးသောက်ပါက အန္တ ရာယ် ဖြစ်စေနိုင်မှာပါ ။ အဓိကအားဖြင့် ၎င်းတို့ကို သန့်စင် ဖို့ အချိန်များစွာ ကြာမှာကြောင့်ပါပဲ ။ ချီဓာတ်အသစ်များ ဖြင့် သူ့ကိုယ်သူ ဖြည်းဖြည်း မှန်မှန် လည်ပတ်စေခြင်း ဟာ ပိုမို ကောင်းမွန်ပါတယ် ။
ချန်ရှန် အပြင်ဖက်မှာ ကိစ္စများစွာ ဖြစ်ပျက်နေပြီ ဆို တာ သိနေတယ် ။ ဒါပေမယ့် သူအခြေအနေကို မစုံစမ်း တော့ပဲနေလိုက်တယ် ။ ယခုအချိန် တံခါးလာခေါက်မည် ဆိုရင်တောင်ဖွင့်ပေးမည် မဟုတ်ပဲ ကျင့်စဉ်ကျင့်ခြင်း နှင့် ဆေးပင် စိုက်ပျိုးခြင်းမှာသာ အပြည့်အ၀ အားစိုက် လျက် ရှိပါတယ် ။
ထိုအချိန်မှာပဲ သူဟာ အဆင့် ၃ စစ်မှန်သော သိုင်းပ ညာ နယ်ပယ်ကို ၀င်ရောက်ပြီးဖြစ်ကာ စုစုပေါင်းအား ဖြင့် အစေ့ပေါင်း ၁၅၀ ဟာ လင်းလက်တောက်လျက် ရှိပါ တယ် တိုးတက်လာသော အားအင်များဖြင့် အပြင်သို့ ထွက်ကာ မစ်ရှင်တစ်ခုခု လုပ်ပြီး စမ်းသပ်ချင်လှသော်လည်း သူ့စိတ် သူ ထိန်းထားရပါတယ် ။
အဘယ်ကြောင့်ဆိုသော် သူ့ရဲ့ ရှင်တို ဝိဉာဉ်တော် အား ပျိုးထောင်ချင်သေးလို့ပါ ။ သူ၏ စိတ်ဝိဉာဉ်တော် ထဲ ရှိ ရှင်တိုလေးမှာ ကလေးသာသာ အရွယ်သာ ရှိသေးပြီး လျင်မြန်စွာ ကြီးထွားလာရန် လိုအပ်နေပါတယ် ။ လောင် ဆု ရီ ပြောစကားအရ ရှင်တို အရွယ်ရောက်လာတာနဲ့ အမျှ သူ၏ အားအင်များလည်း တကယ်ကို တိုးတက်လာမှာပါ ပဲ
ဒီရှင်တို ဝိဉာဉ်တော်အား လျင်မြန်စွာ ရှင်သန်လာ စေ ရန် နည်းလမ်းတစ်ခုပဲ ရှိပါတယ် ။ ဒါကတော့ ဒြပ်စင် ဝိဉာဉ် တော် ဆေးပါပဲ ။ ချန်၇ှန် မှာ ဝိဉာဉ်ဖမ်း မြက် နှင့် နတ် ဝိဉာဉ်တော်မြက်တို့လက်ဝယ် ရှိနေပြီ ဖြစ်ပြီး စုစု ပေါင်းအားဖြင့် ဒြပ်စင်ဝိဉာဉ်တော်ဆေး အစုံ ၁၀၀ စာ လောက် ရှိနေပါတယ် ။ ကျန်သည့် ပစ္စည်းများမှာ အမည်း ရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှ ရရှိခဲ့ခြင်း ဖြစ်ပါတော့တယ် . . . ။