Chapter – 218 အကုန်ရှင်း
ချန်ရှန် ဒီလူတွေကို မသတ်ပါ ။ တိုက်ခိုက်သံများ ကြား သွားမည် ဆိုပါက လုမျိုးနွယ် သိသွားမည် ဖြစ်ကာ သူဒီကို လာရသည့် ရည်ရွယ်ချက်မှာလည်း သဲထဲရေသွန်သလို ဖြစ်သွားပေလိ့မ်မည် ။
သူသိနေသည့်အချက်မှာ လုမျိုးနွယ်ဟာ မိစ္ဆာလမ်း ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိတယ် ဆိုတာပါပဲ ။ အဘယ် ကြောင့် ဆိုသော် ၎င်းတို့မှာ ထောက်ပံ့ပေးစရာ သယံဇာတ များစွာ ရှိနေလို့ပါ ။ ဒီလို ပတ်သက်လာတာနဲ့အမျှ လုမျိုး နွယ် ဟာ မိစ္ဆာကျင့်စဉ်တွေကို သင်ယူနိုင်ပြီး ပိုမို အစွမ်း ထက် လာမှာ ဖြစ်ပါတယ် ။
မိစ္ဆာကျင့်စဉ်များဟာ လူတစ်ယောက်၏ စွမ်းအားများ ကို အချိန်တိုအတွင်း လျင်မြန်စွာ တိုးတက်စေနိုင်ပါတယ် ။ သို့သော်လည်း ရက်စက်သော နည်းလမ်းများလည်း ပါဝင် နေပေသည် ။ တချို့သော မိစ္ဆာကျင့်စဉ်များမှာ လူသွေးကို သောက်ခြင်းများ ၊ လူသားနှလုံးကို စားခြင်းများ ၊ အသားကို စားခြင်းများ စသော နည်းစနစ်များလည်း ပါဝင် ပါ တယ် ။ သာမန်ပြည်သူလူထု အနေဖြင့် ဒီလိုတွေကို သိပ် ပြီး ထဲထဲဝင်ဝင် မသိလှပါ ။ အဘယ်ကြောင့်ဆိုသော် ၎င်း ကျင့်စဉ်များဟာ လျို့ ဝှက်ထားလို့ပါပဲ ။
လုမျိုးနွယ်မှာသာ ဆေးပင်တွေ သယံဇာတတွေ ရှား ပါး သွားမည် ဆိုပါက ၎င်းတို့ကို မိစ္ဆာဂိုဏ်းများမှ စွန့်ခွာသွား ကြပေလိ့မ်မည် ။ ဒီလိုသာဆို ၎င်းတို့နှင့် မိစ္ဆာဂိုဏ်းများ ပူး ပေါင်းမှုဟာ အဆုံးသတ်သွားမည် ဖြစ်ပြီး ချန်ရှန် သူ့လက် နဲ့ပင် ဖြေရှင်းစရာ မလိုတော့ချေ ။ လုမျိုးနွယ် ဆိုတာဟာ လည်း အဆုံးသတ်သွားမှာပါပဲ ။
ချန်ရှန် ခြုံထဲမှာ ပုန်းအောင်းနေပြီး တောင်ပတ်လည် ကို လိုက်ကြည့်တယ့်အခါ နောက်ဆုံးတွင် တောင်ခြေတစ် နေရာမှာ လူအများအပြားကို တွေ့ လိုက်ရတယ် ။ အဆင့် ၂ စစ်မှန်သော ပညာရှင် ၂ယောက်တောင် ရှိနေတာဖြစ်ပြီး ဒီလိုမျိုးနွယ်ဟာ စစ်မှန်သော ပညာရှင် အနည်းငယ်သာရှိ ပါတယ် ။ ယခုလို အစောင့်ချထားပုံထောက်ရင် ၎င်းတို့ တစ်ခုခုကို စောင့်ကြပ်နေတယ် ဆိုတာ အသေအချာပါပဲ ။
ချန်ရှန် ဆေးဥယျာဉ် ၀င်ပေါက်နဲ့ နီးကပ်လာပြီဆိုတာ အသေအချာ သိနေတယ် ။
“မင်းအရင်က ရောက်ခဲ့ဖူးတဲ့ ဆေးဥယျာဉ်နဲ့ ဒါက အ တူ တူ ဖြစ်မယ် ဆိုရင် လုမျိုးနွယ်ဟာ ၀င်ပေါက်အစစ်ကို ၀င်ဖို့ နည်းလမ်းရှိမှာ မဟုတ်ဘူး ။ ဒါသာ ၀င်ပေါက်အစစ် ဆိုရင် ဒီလောက် လူအများကြီး အစောင့်ချထားမှာ မထင် ဘူး ။ ဒါက တမင်ဖန်တီးထားတယ့် ၀င်ပေါက်အတုပဲ”
စုမေးယို က ပြောပြတယ် ။
ချန်ရှန် ခေါင်းညိမ့်ပြီး ၀င်ပေါက်အစစ်အား လိုက်ရှာပါ တယ် ။ သူ့မှာ ၀င်ပေါက်ကို ဖွင့်နိုင်သည့် သော့ပိုင်ဆိုင်ထား သည် မဟုတ်ပါလား ။ ဒီလိုအတွေးဟာ မသေချာပေမယ့် လည်း ကြိုးစားကြည့်တာ မမှားပါဘူး ။
ချန်ရှန် ကျောက်တံခါးတပ်ထားသော လိုဏ်ခေါင်းကို ကြည့်နေတယ် ။ လိုဏ်ခေါင်း၏ မြင်နိုင်သော အတွင်းဖက် မှာတော့ အစောင့်များစွာ ရှိနေတယ် ။ သိပ်ပြီးအဆင့်မမြင့် လှ သော်လည်း တစ်ဦးချင်းစီဟာ အလွန်ပဲ သန်မာလှပါ တယ် ။
ချန်ရှန် ၀င်ပေါက်အစစ်ကို ရှာမတွေ့ ဖူးဆိုပါက သူ့မှာ ရွေးချယ်စရာ နည်းလမ်းမရှိတော့ပါ ။ ဒီအစောင့်များကို မလွှဲမရှောင်သာ တိုက်ခိုက်ရမည် ဖြစ်ပြီး လုမျိုးနွယ်လည်း သိရှိသွားပေလိ့မ်မည် ။
တောင်တ၀က်လောက်အား ပတ်ပြီးချိန်မှာတော့ ချန် ရှန် အစောင့်အနည်းငယ်သာရှိသော နေရာကို တွေ့ လိုက် ရတယ် ။ တစ်ယောက် ၂ ယောက်သာ ရှိနေတာပါ ။
“ဒီနေရာပဲ ဖြစ်ရမယ်”
ချန်ရှန် ကျောက်တုံးကြီးများဖြင့် ပိတ်ဆို့ထားသော လိုဏ်ခေါင်းကို ကြည့်ပြီးရေရွတ်မိတယ် ။ ချက်ချင်းပင် အနား ကပ်ကာ သူ၏ နတ်အတွင်းအားအာရုံဖြင့် လေ့လာ လိုက်ပါတယ်။
“အထဲမှာ ထူးခြားတဲ့ ၀င်ပေါက်ရှိနေတာပဲ”
ချန်ရှန် စိတ်လှုပ်ရှားစွာ ပြောလိုက်တယ် ။ ထို့နောက် သူ ပုံဆောင်ခဲတစ်ခုပြုလုပ်ကာ ကျောက်တုံးကြီးတစ်တုံး ကို ရိုက်ခွဲလိုက်ပါတယ် ။ရုတ်တရက် ကျောက်တုံးကြီးဟာ အမှုန်အဖြစ်သို့ ပြောင်းသွားကာ လေနှင့်အတူ အမှုန်များ လွင့်ပါသွားပါတော့တယ် ။
ဒါဟာ အရိုးပြောင်းမိစ္ဆာပုံဆောင်ခဲ တိုက်ကွက်ပါ ။ ခပ် ပါးပါးလေး ရိုက်ခတ်ရုံဖြင့် မာကျောလှသော ကျောက်တုံး ကြီးပင် အမှုန်ဖြစ်သွားစေနိုင်တာပါ ။
ချန်ရှန် ပုံဆောင်ခဲများထုတ်ကာ တစ်ခုပြီးတစ်ခု ရိုက် ခွဲလျက် ရှိတယ် ။ မြေကြီးနားမှာ သူ့တစ်ကိုယ်စာ တွားသွား ၀င်နိုင်လောက်သော ပေါက်ဖြစ်အောင်လုပ်လိုက်တယ် ။ သူ တွားသွားဝင်ပြီးနောက်မှာတော့ အနီးနားမှ အပင်များ အား စုပုံကာ အပေါက်အား ဖုံးအုပ်လိုက်ပါတယ် ။ ကင်း လှည့်နေသော အစောင့်များ မမြင်နိ်ုင်စေရန်ပါ ။
ချန်ရှန် လိုဏ်ခေါင်းထဲ ရောက်ရှိပြီး အတွင်းပိုင်းသို့ လျှောက်သွားတယ် ။ လင်းလက်သော ကျောက်တုံးတစ် တုံးကို ထုတ်ကာ ပတ်ဝန်းကျင်အား ကြည့်ရှုနေရင်း မကြာ မီမှာပင် သံဂိတ်ဝ ဆီသို့ ရောက်ရှိလာပါတယ် ။
ဒီအချိန်မှာ ချန်ရှန် ဟာ ရင်းနှီးသော ခံစားမှုတစ်မျိုး အား ခံစားနေရပါတယ် ။ အဘယ်ကြောင့်ဆိုသော် ဒီမတိုင် ခင်က သူကြုံတွေ့ ခဲ့သော ဥယျာဉ် နဲ့ အပြင်အဆင် တူနေ လို့ပါ ။ သော့ကို ထုတ်ယူလိုက်ပြီး အပေါက်ထဲထည့်ကာ ဖြည်းညင်းစွာလှည့်လိုက်ပါတယ် ။ သံတံခါးကြီးဟာ တဖြည်းဖြည်းခြင်း ပွင့်သွားပါတယ် ။ ဒါပေမယ့် အလွန်ကို နှေးကွေးစွာ ပွင့်နေတာပါ ။ အဘယ်ကြောင့်ဆိုသော ချန် ရှန် သူ၏ အားများကို ထုတ်ပြီး တံခါးကြီးကို ကိုင်ထားလို့ပါ ၊ အသံကျယ်ကျယ်ထွက်ကာ တုန်ခါမှုများ ဖြစ်ပေါ်ပါက မလိုလားအပ်သော ပြသနာများ ဖြစ်ပေါ်လာနိုင်သည် မ ဟုတ် ပါလား ။
တံခါးပွင့်သွားသောအခါ သူမျှော်လင်ထားသလို ဆေး ဥယျာဉ်ကြီး ပေါ်မလာပါချေ ။ ဒါပေမယ့် သူ့ရှေ့ မှာရှိတယ့် လျှောက်လမ်းအတိုင်း ၀င်သွားတယ့် အခါမှာတော့ သူရင်း နှီးတယ့် အနံ့အသက်မျိုးကို ရနေရတယ် ။ ခပ်သွက်သွက်ပဲ လျှောက်သွားပြီး လမ်းဆုံးတယ့် အခါမှာတော့ သူမတ်တပ် ကို မေ့သွားသလို ခံစားလိုက်ရတယ် ။ ရင်ခုန်သံတွေလည်း အလွန် မြန်ဆန်လျက် ရှိပြီး အလွန်လည်း စိတ်လှုပ်ရှားနေ ပါ တော့တယ် ။ အဘယ်ကြောင့်ဆိုသော် သူ့ ရှေ့ မှာ ရှိနေ သော အရာမှာ အမျိုးမျိုးသော ရှားပါးဆေးပင်များစွာ ရှိ သည့် ဆေးဥယျာဉ်ကြီး တစ်ခု ဖြစ်နေလို့ပါပဲ ။
ယခုနေရာမှာရှိသည့် ဆေးပင်များမှာ အများအားဖြင့် အရံဆေးပင်များ ဖြစ်ပါတယ် ။ အနည်းစုသာ အဓိက အပင် များ ရှိပြီး အဲဒိဘေးမှာတော့ ရှားပါးဆေးပင်များစွာရှိနေပါ တယ် ။ ဒြပ်စင်ဆေး ၊ အဖြူရောင် ကျောက်စိမ်းဆေး နှင့် အလားတူ အဆင့်မြင့် ဝိဉာဉ်တော်ဆေးများစွာ ကို ပြုလုပ် နိုင်သော ဆေးပင်များလည်း အမြောက်အများပါ ။ ဆေး ဖက်ဝင် သတ္တုသစ်သီးပင်နှင့် အကြောတစ်ထောင်ပင် တို့ မှာ အနည်းဆုံး ၁၀ ပင်ကျော်ပါမည် ။ အသီးများမှာလည်း ကောင်းကောင်းမှည့်နေလျက်ရှိပြီး ကြည့်ရသည်မှာ လုမျိုး နွယ်ဟာ ခူးဖို့ နှမြောနေပုံပါပဲ ။
“ဟာဟ ၊ ဒါ ဒြပ်စင်ငါးခု ကြာပန်းမလား ၊ ဒြပ်စင်ငါးခု ဒြပ်စင်ဆေး လုပ်ဖို့ မရှိမဖြစ် ပါဝင်ပစ္စည်းပဲ”
ချန်ရှန် ဆေးဥယျာဉ်အလယ်မှာ အရောင်တစ်မျိုးစီ ရှိ သော ပွင့်လွှာငါးခုရှိသည့် ကြာပန်းပင်ကို မြင်တွေ့ လိုက်ရ ပါ တယ် ။ ဒါဟာ ငါးရောင်ခြယ်ကြာပန်း လို့ ထင်ရှားတယ့် ဒြပ်စင်ငါးခု ကြာပန်းပါပဲ ။
“ဟားးဟားး ၊ ဒါ နေကိုးစင်းမီးတောက်ပင်မလား”
ချန်ရှန် မီးတောက်လို အနီရောင်အရွက်များ ရှိသော သစ်ပင်ကြီးအား တွေ့ လိုက်ရတာကြောင့် အလွန်အံ့သြ သွားမိတယ် ။
“ဒါလည်း မီးဝိဉာဉ်တော် မြက် ပဲ”
ချန်ရှန် ထိုအပင်ကြီးအောက်ရှိ အနီရောင် မြက်က်ိုတွေ့ လိုက်ရသဖြင့် ၀မ်းသာသွားပြန်တယ် ။ ထိုမြက်ဟာ ကြည့် လိုက်ပါက မီးတောက်များ ကခုန်နေသလိုပါပဲ ။ ဒါကတော့ မီးတောက်ဆေး ပြုလုပ်ရာမှာ မရှိမဖြစ်ပေါ့ ။
ချန်ရှန် ယခု ဆေးဥယျာဉ်ဟာ အရင်သူတွေ့ ခဲ့သော ဆေး ဥ ယျာဉ်ထက် များစွာ ပိုမိုကောင်းမွန်နေလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး ။ အဆင့်မြင့် ဝိဉာဉ်တော် ဆေးပင်များစွာ ရှိနေသည် မဟုတ်ပါလား ။
“ဒီမှာ ဘယ်သူမှ မရှိဘူး ၊ အကုန်သာ ခူး”
လောင်ဆုရီ ခပ်လောလော ပြောဆိုပါတယ် ။ ထိုအ ချိန်မှာ သူမလည်း အလွန်လောဘတကြီးကို ဖြစ်နေပါပြီ ။ ယုန်လေး အဖြစ်သို့ အလျင်အမြန်ပြောင်းလဲသွားကာ မြင် သမျှအား အကုန်တူးဆွ ပါတော့တယ် ။ ဒါပေမယ့်လည်း သူမမှာ ချန်ရှန်ကို စောင့်ကြပ်ရမည်ဟူသော အသိတရား တော့ ရှိနေပါသေးတယ် ။ ချန်ရှန် သာ အများကြီး ခူးဆွတ် နိုင်မည် ဆိုပါက သူ့အတွက်လည်း အကျိုးရှိမည် မဟုတ် ပါလား ။
ချန်ရှန် ဥယျာဉ်ထဲ ၀င်သွားကာ ပထမဆုံး တန်ဖိုးကြီး ဆေးပင်များစွာကို ခူးဆွတ်ပြီး ၎င်းတို့၏ အမြစ်ထိပါ တူးဆွ လိုက်တယ် ။ ဒါတွေအားလုံးကို သူ့ဂိုဏ်းသို့ ယူသွားချင် တာပါ ။
နေကိုးစင်မီးတောက်ပင်အား တူးဆွနေမိတယ် ။ အပင် မှာ အသီး ၂ လုံးရှိနေပြီး အပင်အရွယ်အစားဟာ လူ သုံးရပ်စာလောက် ရှိနေပြီး အတော်ကြီးပါတယ် ။ ဒါပေမဲ့ သိပ်တော့ ပင်စည်မထူလှပေ ။ အရွက်များနှင့် အမြစ်များ ဟာ လည်း အလွန်ခိုင်ခန့်သောကြောင့် ပြောင်းရွှေ့ စိုက်ပျိုး မည် ဆိုပါက အပင်ကို ထိခိုက်ရန် ကြောက်စရာ မလိုပါချေ
လျင်လျင်မြန်မြန်ပဲ အပင်ကို တူးဆွပြီးနောက်မှာ ကြာ ပန်း နှင့် မီးဝိဉာဉ်တော် မြက်တို့ကို တူးဆွပြန်ပါတယ် ။ အားလုံး ယူဆောင်ပြီးနောက်မှာတော့ ဆေးဖက်ဝင် သတ္တု သစ်သီး နှင့် အကြောတစ်ထောင် အသီးတို့ဖက် လှည့်ပါ တော့တယ် ။ ကံကောင်းစွာပဲ ဒီကို လာစဉ်မှာ ထည့်စရာ အိတ်များ မှော်ပစ္စည်းများ အများအပြား ယူလာတာကြောင့် အကုန်လုံးကို လုံလုံလောက်လောက် ထည့်သွင်းနိုင်နေ တာပါ ။
ဒီအချိန်မှာ တွေ့ သမျှ အကုန်ထည့်နေရတာ ဖြစ်ပြီး ရွေးချယ်စရာ မရှိပါချေ ။ ဆေးပင်များစွာရှိနေပြီး အားလုံး ဟာ အသုံးဝင်နေတယ် ။ မရေတွက်နိုင်သော အဆင့်မြင့် ဆေး ပင် များစွာလည်း ရှိနေပြီး တချို့ အပင်များမှာ လုမျိုး နွယ် တို့ နောက်မှ စိုက်ပျိုးထားပုံပါ ။
လောင်ဆုရီ ၏ လှုပ်ရှားမှုဟာ လျင်မြန်လှတယ် ။ သူ မ အတော်ကို စိတ်လှုပ်ရှားလျက် ရှိနေပြီး သူမပါးစပ်တွင် ဝါးလို့ မပြီးတော့ပေ ။ ဆေးပင်များကို တူးဆွပြီး စိတ်ရှိတိုင်း စားသောက် နေပါတော့တယ် ။ အခွံများကိုတောင် နွှာမနေ ပဲ အကုန်မျိုချနေပြီး တခါတရံ ဂျင်ဆင်းလို အပင်မျိုးအား ရွှံ့ များပေနေတာကိုပင် မျိုချနေပါသေးတယ် ။
“လောဘကြီးတဲ့ နဂါးလေး ၊ ပါးစပ်ကြီးကြီး နဲ့ သားရဲ ပုံစံ ပြောင်းလိုက်ပါလားကွ ။ အဲဒါဆို မင်းပိုပြီး စားရသလို မြန်မြန် လဲ စားလို့ ရတာပေါ့”
ချန်ရှန် ရယ်မော ပြောဆိုပါတယ် ။ ဒီနေရာသာ လု မျိုး နွယ် ၏ ပိုင်နက်ထဲမဟုတ်ပါက ကွင်းလေးထဲမှ အလှပဂေး နှစ်ယောက်ကိုပါ ခေါ်ပြီး ကူညီခူးဆွတ်စေမှာပါ ။
“အဲဒါဆို ရုပ်ဆိုးသွားမှာပေါ့”
လောင်ဆုရီ ဝိဉာဉ်တော်မြက်တစ်ခုကို စားရင်း ပြော ပါတယ် ။
“အခုလည်း မင်းကိုယ်မင်း ကြည့်ဦး ၊ အခုလက်ရှိ ပုံစံ က ပိုတောင် ရုပ်ဆိုးသေးတယ်”
ချန်ရှန် ဥယျာဉ်ထဲမှာ ဘာကျန်သေးလဲဆိုတာကို တစ် ချက် ကြည့်လိုက်တယ် ။ ဥယျာဉ်တစ်ခုလုံး ကိုကုန်စင် အောင် အချိန်မည်မျှ ပေးရမည်ကို မသေချာသောကြောင့် အမြန်နှုန်းကို မြင့်တင်လိုက်ပြီး ခူးဆွတ်နေပါတော့တယ် ။
ရေတွက်လို့ မရနိုင်တော့တယ့် ဆေးပင်များစွာကို ခူး ဆွတ်ပြီး နောက်မှာတော့ ချန်ရှန် လည်း အချိန်အတော် ကုန်သွားပါပြီ ။ လောင်ဆုရီ ဟာ လက်တစ်ဖက်က စား ရင်း တစ်ဖက်မှာ တူးဆွနေပါတယ် ။ သူမဘယ်လောက်တောင် စား ပြီးပြီလဲ ဆိုတာ သူမကိုယ် သူမပင် မမှတ်မိတော့ပါ ။ အလျင်မြန်ပင် အစာချေဖျက်လျက်ရှိပြီး ဗိုက်ဖောင်းကာ လာမှာကိုလည်း စိုးရိမ်ဟန် မရှိပေ ။
ချန်၇ှန် သူမ စားသောက်နေတာကိုကြည့်ရင်း သူ့ အပေါ် အာရုံမရှိမည်ကို စိုးရိမ်နေမိပါတယ် ။ ရန်သူလာ တာကို အာရုံမခံမိပါက သူ့အတွက် အခက်တွေ့ စေမည် မဟုတ်ပါလော ။
“ကျွန်မ အကုန်ခူးပြီးပြီ”
လောင်ဆုရီ ဆေးပင်များစွာပါသော အိတ်များကို ချန် ရှန် ထံ ပေးလိုက်ပါတယ် ။
ပြောင်သလင်းခါနေသော ဆေးဥယျာဉ်ကြီးကို ကြည့် ရင်း ချန်ရှန် ပြုံးကာ –
“မင်းစားဖို့ အတွက် နည်းနည်း ဖယ်ထားသေးတယ် မလား”
လောင်ဆုရီ စပ်ဖြဲဖြဲဖြင့် –
“ဒါပေါ့ ၊ ဒါပေမယ့် ဘယ်လောက်ဖယ်ထားတယ် ဆို တာ မပြောပြဘူး”
ချန်ရှန် သူမ ပါးကို ဖြစ်ညှစ်လိုက်ပြီး သူမလည်း သူ၏ လက်အတွင်းသို့ ၀င်သွားပါတော့တယ် ။
“ချန်ရှန် ၊ ဒီဥယျာဉ်ရဲ့ အလယ်က မြေကြီးထဲမှာ ကျောက်တုံး တစ်တုံး မြှုပ်ထားတယ် ။ဒီကျောက်တုံးက ဘာ သတ္တုရိုင်းမှ မဟုတ်ပေမယ့် လုံးဝ သေချာကို ဖြတ် တောက်ထားတာ ၊ ကြည့်ရတာ အထိမ်းအမှတ်သင်္ကေတ တစ်ခုခု ဖြစ်မယ် ထင်တယ်”
မည်သူမျှ မရောက်လာသောကြောင့် ချန်ရှန် ကြောက် ရွံ့ ခြင်း ဖြစ်ပေါ်နေခြင်း မရှိပေ ။ မကြာမီမှာပင် ဥယျာဉ် အ လယ်ကို ရောက်ရှိခဲ့ပြီး ထိုကျောက်တုံးကို တူးဆွလိုက်ပါ တယ် ။ တကယ်ကိုပဲ အထိမ်းအမှတ်တစ်ခု ဖြစ်နေပြီး ထို အပေါ်မှာတော့ “ဆေးဘုရင် လိရှန်ဂျန်” ဟု ထင်ရှားစွာ ရေး ထိုးထားပါတော့တယ် . . . ။