Chapter – 217 ဆေးဘုရင်တောင်
ချန်ရှန် ဆေးဘုရင်ခြံဝန်းမှ ဆယ်ရက်လုံးလုံး အပြင် မထွက်ပါဘူး ။ ဒီရက်တွေမှာ မိစ္ဆာကျင့်စဉ်များ လေ့ကျင့် ကာ မိုးပြာသီးပင်များအား စိုက်ပျိုးခြင်းဖြင့် အချိန်ကုန်ဆုံး ခဲ့တယ် ။ သူအပြင်က ကိစ္စများအား စိတ်မ၀င်စားပဲ ဒီထဲ မှာ သာ စိတ်နှစ်ကာ နေခဲ့တာပါ ။
သို့သော်လည်း ယနေ့မှာတော့ တစ်ယောက်ယောက် ဟာ ဆေးဘုရင်ခြံဝန်းရဲ့ တံခါးကို လာခေါက်တယ် ။ ဆေး ဆရာမကြီး မူအရ မည်သူမျှ ဒီတံခါးကို မခေါက်ဝံ့ပါချေ ။ ဂုဒွန်ချန် နှင့် ဆရာကြီး ဝု တို့ပင် အရေးကြီး ကိစ္စ မရှိပဲ တံ ခါး မခေါက်ကြပါ ။ ဒါကြောင့်ပဲ ချန်ရှန် ဟာ ချက်ချင်းပဲ တံ ခါး ဆီ ထွက်လာလိုက်တယ် ။
ဒီနေရာဟာ ဆေးဆရာမကြီး ၏ ပိုင်နက်ဖြစ်ပြီး ဂုဒွန် ချန် ပဲဖြစ်ဖြစ် ဆရာကြီး ဝု ပဲ ဖြစ်ဖြစ် လာခဲလှပါတယ် ။
တံခါးကို ဖွင့်လိုက်တယ့် အခါမှာတော့ ဆရာကြီး ဝု အား ချန်ရှန် တွေ့ လိုက်ရပါတယ် ။
“ကတုံးလေး ၊ ဘာကိစ္စ ရှိလို့လဲ ၊ မြန်မြန်လာခဲ့”
ချန်ရှန် ပြောလိုက်တယ် ။
“သိပ်တော့ အရေးမကြီး ပါဘူး ။ ဒါပေမယ့်လည်း လျစ် လျူရှု ဖို့ ကျတော့လည်း အဆင်မပြေပြန်ဘူး ။ ဒါကြောင့် ငါ လာတာပဲ”
ဆရာကြီး ဝု ပြန်ပြောလိုက်တယ် ။
“ဒီဆယ်ရက်အတွင်းမှာ မိစ္ဆာလမ်း ဂိုဏ်း နဲ့ လက်ယာ လမ်း သိုင်းပညာရှင်တွေဟာ အတော် ပြသနာ တက်နေကြ တယ် ။ ပြင်းထန်သော သိုင်းပညာဂိုဏ်း နဲ့ ဟို ဂိုဏ်း နှစ် ဂိုဏ်း ရဲ့ ရန်ငြိုးက လောလောဆယ် ဘေးရောက်သွားပြီ ။ ဒါပေမယ့် ဆုကြေးထုတ်ထားတဲ့ ကိစ္စကတော့ ရုပ်သိမ်းဦး မှာ မဟုတ်ဘူး”
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်လိုက်တယ် ။ လက်ယာ လမ်း ဂိုဏ်းတွေဟာ မိစ္ဆာလမ်းလိုက်တဲ့ ဂိုဏ်းများ နှင့် ရင် ဆိုင်ဖို့ စည်းလုံးဖို့ လိုနေပြီဆိုတာ သူနားလည်ပါတယ် ။ ဒီ မိစ္ဆာလမ်း ဂိုဏ်းများအား စိတ်ထင်သလို လုပ်ခွင့်ပေးလိုက် မည် ဆိုပါက ကပ်ဆိုးကြီးပင် ကျရောက်စရာမလိုပါချေ ။ ချန်ဝူ နယ်မြေ တစ်ခုလုံး ကပ်ဆိုး မကျရောက်ခင်မှာတင် ပျက်စီးသွားမှာပါ ။
“ဒါပေမယ့် ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်း ဟာ သူတို့ မူဝါဒ တွေကို သဘောမတူရသေးဘူး ။ ဂိုဏ်းချုပ် က ဦးရီးတောင်လေးရဲ့ ဆုံးဖြတ်ချက်ကို မေးခိုင်းလို့”
“ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ သလင်းကျောက် ၁၀ သန်း မက လို့ ဘယ်လောက်ပဲ ပေးပါစေဦး ၊ ငတုံးလေး ရဲ့ စကား က အလကား မဟုတ်ဘူး ။ ကျွန်တော် ဘယ်သူ့ကိုမှ မ ကြောက် ပါဘူး”
ချန်ရှန် ခပ်တည်တည် နဲ့ ပြောလိုက်တယ် ။
“ငတုံးလေး ကို ပြောခိုင်းလိုက်ပါ ၊ သူတို့နဲ့ အတူတူ အလုပ် တွဲလုပ်ဖြစ်ရင်တောင် ဘယ်သူပဲ ဖြစ်ပါစေ ကိစ္စ မ ရှိဘူး ။ သူတို့ ကျွန်တော့ကို သတ်ချင်ရင် သူတို့ ဆယ်ဆ မ က ပြန်လည် ပေးဆပ် ရမယ် ဒါပါပဲ”
ဆရာကြီး ဝု က –
“:စိတ်လျော့ပါ ၊ ဂိုဏ်းချုပ်နဲ့ ငါက မင်းနဲ့ သိပ်စွမ်းလွန်း တဲ့ လူတွေနဲ့ ရင်မဆိုင်နိုင်အောင် စီမံလိုက်ပါ့မယ်”
“မင်း အဆင်သင့် ဖြစ်နေမှ ရမယ် ။ မိစ္ဆာလမ်းဂိုဏ်း တွေနဲ့ လက်ယာ ဂိုဏ်းတွေဟာ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ် နေ ကြပြီ ။ ဒါကြောင့် ဒါကို ဖြေရှင်းဖို့ နည်းလမ်းတော့ လိုနေတယ် ။ နှစ်ဖက်လုံး အသေအပျောက် နည်းဖို့ အဖြစ် နိုင်ဆုံးက ဒီ ဆန့်ကျင်ဖက် မိစ္ဆာလမ်းက လူတွေနဲ့ ယှဉ်ပြိုင် ဖို့ လူတွေ စေလွှတ်မယ် ထင်တယ်”
ဆရာကြီး ဝု ထွက်သွားပြီးနောက် ချန်ရှန် ဟာချက်ချင်း ပဲ ဆေးများ စတင် ပြုလုပ်ပါတယ် ။ သူ တတ်နိုင်သမျှ အဆင့် ၃ ကို တက်လှမ်းရမည် မဟုတ်ပါလား ။ ဘယ်လိုပဲ ဖြစ် ဖြစ် လက်ယာဂိုဏ်း နှင့် လက်ဝဲဂိုဏ်းတို့ဟာ တိုက် ခိုက် ကြတော့မှာပါ ။
ချန်ရှန် ဟာ တည်ဆောက်ရေး ဆေး လုပ်ဖို့ ပစ္စည်း များ အား ရရှိပြီး ဖြစ်ကာ မိုးပြာသစ်သီး ၃၇ လုံးလဲ ရှိနေ တာ ကြောင့် သူ ဆေး ၃၇ ကြိမ် လုပ်နိုင်မှာပါ ။ သူ၏ နှုန်း နဲ့ သာ ဆိုပါက ဆေးအလုံး တစ်ရာလောက်အား ၃ ရက် လောက်ဖြင့် ပြီးစီးအောင် ပြုလုပ်နိုင်မှာ ဖြစ်တယ် ။
ချန်ဝူ နယ်မြေကြီး တစ်ခုလုံးမှာ တည်ဆောက်ရေး ဆေး အပြုလုပ်ဆုံးက ချန်ရှန်ပါပဲ ။ ဆေးပြုလုပ်ရာမှာ အသုံး ပြုသော ရှားပါး ပစ္စည်းများဟာလည်း အဆင်သင့် ရှိ နေပြီး မကြာခဏ ပြုလုပ်နေတာကြောင့် ဒီဆေးပြုလုပ်ရ တာ သူ့အတွက် ပန်းခြံထဲ လမ်းလျှောက်ရသလိုကို လွယ် ကူ နေပါတယ် ။
နေမီး ဝိဉာဉ်တော်ကို ပိုင်ဆိုင်ပြီးကတည်းက ချန်ရှန် ရဲ့ ဆေးလုပ်နှုန်းဟာ သိသိသာသာ ကို မြန်ဆန်လာတာပါ ၊ နဂါးမီးတောက် မီးဖိုရဲ့ အစွမ်းနဲ့ပါ ပေါင်းစပ်လိုက်သော အခါမှာတော့ မည်သည့် အဆင့်နိမ့် သိမ်မွေ့ ဆေးကို မဆို လျင်မြန်စွာ ပြုလုပ်နိုင်နေပါပြီ ။
သုံးရက် ကြာပြီးနောက်မှာတောက် ဆေးအစုံ ၃၇ စုံ စာအား ပြုလုပ်ပြီးစီးနေပြီ ဖြစ်ပါတယ် ။ သူ ၂ ကြိမ်ကျရှုံး ခဲ့ ပေမယ့်လည်း သူ့မှာ အခု ၃၅ စုံစာ ရှိနေတယ် ။ တစ်စုံစီ မှာ သူဟာ ဆေးလေးလုံး ပြုလုပ်နိုင်တာကြောင့် ယခုအခါ သူ့ မှာ ဆေးလုံး ၁၅၀ ရှိနေတာ ဖြစ်ပါတယ် ။
အောင်မြင်စွာ ပြုလုပ်ပြီးစီးတဲ့နောက်မှာတော့ လောင် ဆုရီ ဟာ ဆေးလိုချင်တာကြောင့် ဂျီကျလို့ နေတယ် ။ ၎င်း ၏ စွမ်းအား ဟာ အတော်ကောင်းလှတာကို သိတာမို့ ချန်ရှန် သူမကို သိပ်ပြီး ကလန်ကဆန် မလုပ်ရဲပါ ။ ဒါ ကြောင့် ဆေး ၂ လုံး ပေးကာ နှစ်သိမ့်လိုက်ရပါတော့တယ်
ဆေးပေးပြီးနောက်မှာတော့ ချန်ရှန် ဟာ တကျိုက် တည်းဖြင့် ဆေးရှစ်လုံးအား မျိုချလိုက်တယ် ။ ထို့နောက် စ တင် သန့်စင်ပါတော့တယ် ။ စစ်မှန်သော ချီဓာတ်များဟာ ဖိ နှိပ်ခြင်း ခံရပြီး သားရဲ ငါးကောင်ပုံစံမှ ဒြပ်စင်စေ့လေး များ ဟာ လင်းလက်လာပါတယ် ။
ချန်ရှန် မိုင်းတွင်းကိစ္စသွားတုန်းက အဆင့် ၅ ပညာရှင် ကို လွှမ်းမိုးခဲ့ပါတယ် ။ ထိုအချိန်မှာ သူ၏ ချီဓာတ်များ ဟာ အနည်းငယ် တိုးတက်လာပြီး အခုအခါမှာလည်း တည် ဆောက်ရေး ဆေးများစွာ ရှိနေတာကြောင့် အဆင့် ၃ သို့ တက်ရောက်ရန် သူ့အတွက် သိပ်မခက်ခဲလှပါချေ ။
ငါးရက်ခန့် ထပ်မံကုန်ဆုံးပြီးနောက်မှာတော့ သူစားခဲ့ သော တည်ဆောက်ရေးဆေး ရှစ်လုံးအား ကောင်းမွန်စွာ သန့်စင် ပြီးစီးခဲ့ပါပြီ ။ သူ၏ သားရဲပုံစံတစ်ခုစီမှာလည်း ဒြပ် စင် စေ့ ၂ စေ့စီ လင်းလက်နေပါတော့တယ် ။ စုစုပေါင်း သားရဲပုံစံ တစ်ခုချင်းစီတွင် အစေ့ပေါင်း ၁၉ စေ့စီဟာ လင်းလက်လျက် ရှိနေပါပြီ ။ အဆင့် ၃ ပညာရှင်အဖြစ် ရောက်ရှိရန် မှာ နောက်ထပ် စုစုပေါင်း ၅ စေ့သာ လိုပါ တော့ တယ် ။
အဆင့်မြင့်လာတာနဲ့ အမျှ ဒြပ်စင်စေ့ တိုးတက်လာရန် ပိုမိုခက်ခဲလာကြောင်း ချန်ရှန် တွေ့ ရတယ် ။ နောက်တစ် စေ့ကို လင်းလက်စေရန် ချီဓာတ် အမြောက်အများလိုအပ် နေပြီး ပိုမိုလည်း အခက်တွေ့ နေရပါတယ် ။
ညအချိန်မှာတော့ ရုတ်တရက် မီးလိုအလင်းတန်း တစ် ခု တောင်တစ်တောင် ဆီသို့ ပျံသန်းသွားပြီး မကြာခင်မှာပဲ ပျောက်ကွယ် သွားတယ် ။
ချန်ရှန် ဟာ ဆေးဘုရင် တောင်သို့ ပျံသန်းသွားတာ ဖြစ်ပြီး နီးကပ်လာတာနဲ့ အမျှ သူ၏ အနီရင့်ငှက် တောင်ပံ များအား ရုပ်သိမ်းကာ မြေကြီးပေါ်မှာ ဆင်းသက်လမ်း လျှောက် သွားပါတော့တယ် ။
ဆေးဘုရင်တောင်ရဲ့ လုမျိုးနွယ်ဟာ မိစ္ဆာလမ်းဂိုဏ်း နဲ့ ပူးပေါင်းနေတယ် ဆိုတဲ့ ကိစ္စကို မဖြေရှင်းရသေးပါ ။ ဒါကို သာ ဖော်ထုတ်နိုင်မည် ဆိုပါက များစွာသော လက်ယာ ဂိုဏ်းများဟာ ချက်ချင်းပင် တိုက်ခိုက်ကြမှာ ဖြစ်ပါတယ် ။ ထိုအချိန်မှာ ဒီဆေးဘုရင်တောင်ရဲ့ သယံဇာတ များကို လု ယူ ခံရမည် ဖြစ်ပြီး ဘာမှကျန်မှာတောင် မဟုတ်တော့ပါ ဘူး ။ မကြာခင်မှာပဲ လုမျိုးနွယ်ဟာ သူတို့ကို လူတွေရိပ်မိ မှာကို သိသွားပြီး သူတို့ရဲ့ သယံဇာတ ရတနာများနဲ့ အတူ ထွက်ပြေးသွားလိမ့်မယ်လို့ ချန်ရှန် အသေချာ သိနေပါ တယ် ။
ချန်ရှန် ဒီအချက်ကို စဉ်းစားမိတာကြောင့် ချက်ချင်းပင် လုမျိုးနွယ် ထံသို့ ထွက်လာခဲ့တာပါ ။ လုမျိုးနွယ်က သူ့ကို သတ်ချင်နေတယ့် ကိစ္စကို သူမေ့နိုင်မည် မဟုတ်ပေ ။
ချန်ရှန် ဇုရွန် ဆီမှ သိရှိရသော သတင်းများအရ ဒီ ဆေးဘုရင် တောင်ဟာ ဘာလို့ အလွန်ကျော်ကြားနေတာ လဲ ဆိုတာကို နားလည်လာပါတယ် ။ ၎င်းတောင်မှာ လွန်ခဲ့ သော နှစ်ပေါင်းများစွာထဲက တည်ရှိသည့် ဆေးဥယျာဉ် တစ်ခု ရှိပြီး ထိုဥယျာဉ်ဟာ အလွန်ပဲ လျို့ ဝှက်ဆန်းကြယ် လှပါတယ် ။ ဒီဥယျာဉ်ကို မည်သူ ပြုလုပ်ခဲ့လဲဆိုတာက တော့ ဘုရားသာ သိပါပေလိမ့်မည် ။ ဒါကို တွေ့ သွားတဲ့ အခါ လုမျိုးနွယ်ဟာ ဒီဥယျာဉ်ကို ပညာရှင်များစွာနဲ့ ပြုစု ပျိုးထောင်ပါတော့တယ် ။
ချန်ရှန် ဒီ ဥယျာဉ် အကြောင်းကိုလည်း စုံစမ်းပြီးပါပြီ ၊ ဒီလို ဆေးဥယျာဉ် နှစ်ခု ရဲ့ ပိုင်ရှင်ဟာ တစ်ဦးတည်းပေ လား ဟု ချန်ရှန် တွေးနေမိပါသေးတယ် ။
ဆေးဘုရင်တောင် ဟာ တခြားတောင်တွေနဲ့ သိပ် တော့ မကွာခြားလှပါ ။ အဆိုပါ ဆေးဥယျာဉ် ရှိနေခြင်း ကြောင့် ၎င်းတောင်ဟာ နာမည်ကြီးလာရခြင်းပါပဲ ။ ဝိ ဉာဉ် တော် ချီဓာတ်များစွာ ရှိတာလည်း ပါပါတယ် ။
လုမျိုးနွယ် ဟာ ဆေးဘုရင် တောင်ရဲ့ ထိပ်မှာ နေ ထိုင် ကြတာ ဖြစ်ပြီး ဥယျာဉ်ကိုတော့ အလွန်ပဲ လျို့ ဝှက်ထား ကြ ပါတယ် ။ ဇုရွန် အသေချာ ၀င်ရောက် စုံစမ်းတာတောင် မှ အဆိုပါ ဥယျာဉ်ကို မတွေ့ ရှိခဲ့ပါပေ ။
ချန်ရှန် သလင်းကျောက် ဧကရာဇ်အား ထုတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်တယ် ။ ဝိဉာဉ်တော် ချီဓာတ် များ ပါဝင်ခြင်း မရှိတာကြောင့် ဒီနေရာမှာ တစ်ခု ခု ရှိနိုင်တယ် ဆိုတဲ့ အတွေးကို ခေါင်းထဲက ထုတ်လိုက်တယ်
“နောက်ဆုံးတစ်ခေါက် ငါ ဆေးဥယျာဉ်ကို ရှာတုန်းက နေရာက တောင်ကြားတစ်ခုရဲ့ လိုဏ်းခေါင်းထဲမှာ ၊ တ ကယ် ကြီးမားတဲ့ တောင်နံရံကြီးမှာပေါ့”
ချန်ရှန် ဆေးဘုရင်တောင်ကို ကြည်ရှုသလောက် အနီးနားမှာ တောင်ကြား မရှိပေ ။ တောင်နံရံကြီး တစ်ခု သာ ရှိနေပါတယ် ။ ဒီတောင်နံရံကြီးကပင် ဆေးဥယျာဉ် နှင့် ပတ်သက်နေလိမ့်မည်ဟု သူထင်နေမိတယ် ။
“နဂါးမလေး ၊ မင်း တစ်ခုခု အာရုံမခံမိဘူးလား”
ချန်ရှန် မေးလိုက်တယ် ။
“ကျွန်မ ထူးဆန်းတယ့် စွမ်းအား တစ်ခုကို အာရုံခံ မိ တယ် ။ ဒါပေမယ့် အတော်တော့ အားနည်းတယ် ။ ကျွန် မ အာရုံခံကြည့်ရသလောက် တောင်နံရံထဲမှာ ထူးဆန်းတာ တစ်ခုခုတော့ ရှိမယ်ထင်တယ်”
လောင်ဆုရီ ပြန်ပြောလိုက်ပါတယ် ။
ချန်ရှန် စိတ်ထဲ ၀မ်းသာသွားတယ် ။ သူလည်း ဒီလိုပဲ ခန့်မှန်းထားသည် မဟုတ်ပါလား ။ သူ လှုပ်ရှားဖို့ ပြင်နေ တုန်းမှာပဲ လောင်ဆုရီက ထပ်မံပြီး –
“အဲဒိမှာ လူတွေအများကြီး ရှိတယ်နော် ၊ ခင်ဗျား ဂရု စိုက်မှ ရမယ်”
ချန်ရှန် အမည်းရောင် ၀တ်ရုံကို ၀တ်ကာ ခေါင်းစွပ်ပါ စွတ် လိုက်ပါတယ် ။ ထို့နောက် အမှောင်ကို အခွင့်ကောင်း ယူကာ ဖြင့် မြက်ပင်များအကြား ပုန်းအောင်းနေတယ် ။ ထိုက် ကျိ နတ်နဂါး ကျင့်စဉ်ကို ပြုလုပ်လျက်ရှိပြီး ဒီလိုလုပ် ခြင်း အားဖြင့် သူ့ကို တခြားလူများ ရှာဖွေ တွေ့ ရှိခြင်းမှ ရှောင်ရှားနိုင်ပါတယ် ။
လောင်ဆုရီ လည်း ဘယ်လိုအမျိုးအစား ၀င်ပေါက်မျိုး ရှိ မလဲ ဆိုတာကို အာရုံမခံမိဘူး ဖြစ်နေပါတယ် ဒါပေမယ့် သူ က တော့ တောင်နံရံ အတွင်းမှာ တစ်ခုခု ရှိနေမယ် လို့ အာရုံခံမိတာကြောင့် တောင်ကြီးပတ်လည်ကို လှည့်ပတ် ရှာ ဖွေ နေမိပါတယ် ။
ညမှောင်မှောင်ကြီး ဖြစ်သော်လည်း ချန်ရှန် ဟာ မိုးပြာ နဂါး နတ်ကျင့်စဉ်ကို လေ့ကျင့်ထားသောကြောင့် အမှောင် တွင်း ရှင်းလင်းစွာ မြင်နိုင်ပါတယ် ။ မိုးပြာရောင် မြင်ကွင်း အနေဖြင့်ပါ ။
မကြာမီမှာပဲ လူများစွာ ဟာ မြက်တောထဲမှာ စောင့် နေကြ တာကို တွေ့ လိုက်ရတယ် ။ အားလုံးဟာ အဆင့် ၁၀ မော်တယ်ပညာရှင်များ ဖြစ်ပြီး ၎င်းတို့၏ ချီဓာတ်များ မှာ အလွန် သန့်စင် လှပါတယ် ။ သန်မာသော ကြွက်သား များ ဖြင့် အားလုံးဟာ အလွန်ကြံ့ခိုင်သန်စွမ်းဟန် ရှိကြပါ တော့ တယ် . . . ။