Switch Mode

Chapter – 216

မိစ္ဆာကျင့်စဥ်လေးခု

Chapter – 216 မိစ္ဆာကျင့်စဉ်လေးခု

ဆေးဆရာမကြီး မတ်တပ်ရပ်ပြီး ပြောလိုက်ပါ တယ် ။
“ငါ့မှာ တည်ဆောက်ရေး ဆေးမရှားပါဘူး ။မင်းဟာ မင်း လုပ်ပြီးသာ သောက်”
ချန်ရှန်လည်း ပြုံးကာ –
“ကောင်းပ ၊ ကျွန်တော် တည်ဆောက်ရေးဆေး အ တော် များများ လိုနေတယ် ။ ကောင်မလေး ၊ ကျွန်တော့ ကို ပစ္စည်းတွေ ကူညီပေးပါဦး”
မိုးပြာရောင် အသီး ၃၉ လုံးအတွက် လိုအပ်သော ဆေး ပစ္စည်း ၃၉ စုံစာ လိုအပ်နေပါတယ် ။ သူ့မှာ အကြောတစ် ထောင် အသီးကတော့ မရှားပါချေ ၊ ဆေးဖက်ဝင် သတ္တု သစ်သီးလည်း ထို့အတူပါပဲ ၊ ဒါ့အပြင် တခြားအရန်ပစ္စည်း များ နှင့် သားရဲဆေး ဆိုတာလည်း လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှာ ရရှိခဲ့တာကြောင့် အေးဆေးပါ ။ သူ တည် ဆောက် ရေးဆေး လုပ်ဖို့ ဆေးပစ္စည်း အစုံ ၈၀၀ စာလောက် ကို ရရှိခဲ့တာ ဖြစ်ပါတယ် ။ ဆေးဆရာမကြီး ကို မေးမြန်းခြင်းဟာ သူမမှာ တကယ်ကို တည်ဆောက်ရေး ဆေး ရှားမရှားကို မေးမြန်းခြင်း ဖြစ်ပါတယ် ။
ဆေးဆရာမကြီးက ခေါင်းခါယမ်းကာ –
“နောက်ဆုံးတစ်ခေါက်က ငါ အစွမ်းကုန် ကြိုးစားပြီး ရှာခဲ့တာပဲ ။ မင်းကို မကူညီချင်လို့ မဟုတ်ပါဘူး ။ဆေးဖက် ၀င် သတ္တု သစ်သီး နဲ့ အကြောတစ်ထောင် အသီးက အခု ချိန်မှာ မတွေ့ ရသလောက်ကို ရှားပါးနေတာ”
ချန်ရှန် ဆေးဆရာမကြီး တစ်ယောက် လိမ်နေတယ် ဆို တာကို သိနေတယ် ။ ဆေးဆရာမကြီးဟာ ဒန်ရှန် ရဲ့ ဂိုဏ်းချုပ်လို့ သံသယ ရှိနေတာဖြစ်ပြီး ဒီလောက် ဆေး ပစ္စည်း အများကြီးကို အချိန်တိုအတွင်း စုဆောင်းနိုင်မှာပါ။
“ကောင်မလေး ၊ ကျွန်တော် ခင်ဗျားကို တစ်ခုလောက် မေးချင်တယ် ၊ ခင်ဗျား အမှန်တိုင်းဖြေဖို့ လိုအပ်တယ်”
ချန်ရှန် မေးလိုက်တယ် ။
“မင်း ငါ့မှာ မီးဝိဉာဉ်တော် ရှိနေတယ် ဆိုတာ သိပြီး သား မလား ၊ နောက် ငါဆိုတာလည်း မင်းကို အမြဲ ကောင်း တာပဲမလား”
“ငါ ဖြေလို့ ရမရ ရွေးချယ်ခွင့်ရှိနိုင်မလား”
ဆေးဆရာမကြီး မေးလိုက်တယ် ။ သူမဟာ ချန်ရှန် ဘာ မေးမလဲ ဆိုတာကို သိချင်နေမိပြီး အလွန်လည်း စိုးရိမ် နေဟန် ပါ ။
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်ကာဖြင့် –
“ခင်ဗျားက ဒန်ရှန် တောင်ယွမ် ရဲ့ ဂိုဏ်းချုပ်လား”
ဆေးဆရာမကြီးဟာ ပြန်မဖြေပဲ ချန်ရှန် ကို ကြည့်နေ ပါတယ် ။ ထိုအချိန်မှာ သူ့သံသယဟာ ပိုမို သေချာသွားသ လိုပါပဲ ။
“မဟုတ်ဘူး ၊ ငါက ဒန်ရှန် တောင်ယွမ် ဂိုဏ်းချုပ် မဟုတ် ပါဘူး ၊ ဒါပေမယ့် ငါနဲ့ အတော်ပဲ ရင်းနှီးတယ်”
ဆေးဆရာမကြီး ချန်ရှန် ၏ စွပ်စွဲချက်ကို ချေဖျက် လိုက်တယ် ။ သို့သော်လည်း သူ့အနေနဲ့ သေချာနေပါပြီ ။
“ခင်ဗျားကျွန်တော့ကို မလိမ်ဘူးမလား”
ချန်ရှန် မသေချာသလို မေးလိုက်တယ် ။
“ငါမင်းကို မလိမ်ပါဘူး ။ မင်းက င့ါကို ကျိန်စေချင်တာ လား”
ဆေးဆရာမကြီး က မေးလိုက်တယ် ။
“မလိုပါဘူး”
ချန်ရှန် မိုးပြာသီးများကို စတင်ခူးဆွတ်ကာ –
“ကောင်မလေး ၊ ခင်ဗျား ဒြပ်စင်ငါးခုဒြပ်စင်ဆေး လုပ် ဖို့ ဆေးပစ္စည်းတွေ ရှာလို့ရလား”
“မရဘူး ၊ ငါသာ ရမယ် ဆိုရင် ငါကိုယ်တိုင်သွားပြီး မင်း အတွက် ၀ယ်ပေးမှာပေါ့”
ဆေးဆရာမကြီး ဟာ မိုးပြာပန်းကို နမ်းနေရင်း အကြည့် တစ်ချက် နှင့်ပင် သူမဟာ ပန်းကြိုက်တတ်တယ် ဆိုတာ ကို သိနိုင်ပါတယ် ။
ချန်ရှန် ရယ်မောကာဖြင့် –
“ကျေးဇူးပါဗျာ ၊ ခင်ဗျား ကျွန်တော့ကို အစပိုင်း ဘယ် လို တွေ လုပ်ခဲ့ပါစေ ခင်ဗျားကို ကျွန်တော် မမုန်းပါဘူး ။ ဟဲဟဲ အမှန်တိုင်း ပြောရမယ် ဆိုရင် တတ်နိုင်သမျှ ခင်ဗျား ကို တောင် မြန်မြန် ရှုံးစေချင်သေးတယ် ။ ခင်ဗျားဘယ် သူ လဲ ဆိုတာ ကျွန်တော် သိပ်သိချင်တယ် ၊ နောက်ပြီး ခင် ဗျား ပြောခဲ့သလို ခင်ဗျား ပုံစံက ဖြစ်နေရဲ့ လားဆိုတာ သိ ချင် နေမိတယ် ။ ရှန်းရှန်း လောက် လှမလှကိုပေါ့”
ဆေးဆရာမကြီး ခနဲ့တဲ့တဲ့ဖြင့် –
“ဟက် ၊ မင်း မြန်မြန် သန်မာဖို့ လိုတယ် ။ သိပ်လည်း ပြသနာ ရှာမနေနဲ့ ၊ နောက်နှစ်အနည်းငယ် အတွင်း ကပ် ဆိုး ကြီးကလည်း ကျလာတော့မယ် ။ မင်းလဲ ဒီကိစ္စအ တွက် ပြင်ဆင်ဖို့ အလျင်အမြန် ကြိုးစားသင့်တယ်”
“မင်း ရှားပါးဆေးပင်တွေ လိုချင်တယ် ဆိုရင်တော့ ရနံ့ မြို့ တော်က ဒန်ရှန်တောင်ယွမ်ကို သွားလိုက်ပါ ။ အဲဒိမှာ လေလံဈေးရှိတယ် ။ ငါက တံခါးပိတ်ပြီး ခဏလေ့ကျင့်ဦး မှာ”
ဆေးဆရာမကြီး ထွက်သွားပြီးနောက် ချန်ရှန် လေသံ တီးတိုးဖြင့် –
“ဒီမိန်းမက သူထွက်မလာခင်မှာ ငါ့ကို ပြန်လာစေချင် တာလား ၊ နားကို မလည်နိုင်တော့ဘူး”
ချန်ရှန် ကိုယ်တိုင်လည်း လေ့ကျင့်ဖို့ အချိန်ကျပြီလို့ တွေး နေမိတယ် ။ ဒါပေမယ့် ဒီမတိုင်ခင်မှာ သူအပင်တွေ စိုက် ဖို့ လိုနေပါသေးတယ် ။ သူ့မှာ အကြောတစ်ထောင် အသီး ၊ ဆေးဖက်ဝင်သတ္တုသစ်သီး နဲ့ တခြား ဆေးပစ္စည်း များစွာ ရှိနေသော်လည်း မိုးပြာရောင် သိမ်မွေ့ သစ်သီးမှာ ရှားပါးနေဆဲပါ ၊ ဒါကြောင့် ဒါမျိုး ၂ ပင်လောက် ထပ်စိုက်ဖို့ ပြင်ဆင်လိုက်ပါတယ် ။
သူ့မှာ ယခုအခါ ရွှေနဂါးတံတွေး ရှိနေပြီ ဖြစ်ပြီး ဒီအရာ ဟာ အပင်တွေကို လျင်မြန်စွာ ကြီးထွားစေနိုင်ပါတယ် ။ သူ တည်ဆောက်ရေးဆေးများ လုပ်နိုင်လာတာနဲ့ အမျှ စစ်မှန် သော သိုင်းပညာရှင်တွေကို ပိုမို စုဆောင်းနိုင်မှာပါ ။
နောက်ပြီး သူ့အတွက် ငွေတွင်းကြီးလည်း ဖြစ်ပြီး ဒီ ဆေး နှင့် သူဟာ တခြား တန်ဖိုးကြီး ဆေးပစ္စည်းများကို ၀ယ် ယူ နိုင်ပါတယ် ။
ပြင်းထန်သော ဆေးဘုရင် ခြံဝန်းဟာ တိတ်ဆိတ် နေ ပြီး ချန်ရှန် တစ်ဦးတည်းသာ ရှိနေပါတယ် ။ ဝုကွမ်ချင် ကို ဘယ်ကို ပို့လိုက်လဲဆိုတာတော့ ဘုရားသာ သိပါပေလိမ့် မည် ။ ချန်ရှန် ဝုကွမ်ချင်အား မမြင်ရသည်မှာ အလွန်ပင် ကြာ မြင့် ပါပြီ ။
“အခု မင်းငါ့ရဲ့ မိစ္ဆာ ကျင့်စဉ်တွေကို စလေ့ကျင့်သင့်ပြီ ၊ နယ်ပယ် သုံးခုရဲ့ တိုက်ပွဲကလည်း မကြာခင်လာတော့ မယ် ။ မင်း စွမ်းအားကြီး စွမ်းရည်တွေ သင်ပြီး ကိုယ့်ကို ကိုယ် ကြံ့ခိုင်အောင် လုပ်သင့်တယ်”
ဘိုင်ယုယု ပြောလိုက်ပါတယ် ။
ချန်ရှန် ခေါင်းကို ညိမ့်ကာဖြင့် နေ့ဘက်တွင် ကျင့်စဉ် သင်ပြီး ညဘက်မှာ နဂါးတံတွေးလုပ်ဖို့ အစီအစဉ် ချမိပါ တယ် ။
“ငါ့ရဲ့ မိစ္ဆာကျင့်စဉ်တွေဟာ အပြင်ပိုင်းသန်စွမ်းမှု အလွန် မြင့်မှ ရမယ် ၊ ဒါ့အပြင် ချီဓာတ်ကော နတ်အတွင်း အား အာရုံကောပါ အားကောင်းရမယ် ။ မင်းနဲ့ သင့်တော် တဲ့ ကျင့်စဉ်က ငါးခု ရှိတယ် ။ ဒါပေမယ့် မင်းက လွှမ်းမိုး တတ် တဲ့ နတ်မိစ္ဆာ ကျင့်စဉ်ကို တတ်မြောက်ပြီးပြီ ဆိုတော့ ထပ်သင်ရမှာက အရိုးပြောင်းမိစ္ဆာပုံဆောင်ခဲ ၊ နှလုံးဖောက် မိစ္ဆာ မျက်လုံး ၊ ဝိဉာဉ်ဖမ်းမိစ္ဆာကျိန်စာ နဲ့ ရေခဲဝိဉာဉ် တော် မိစ္ဆာငွေ့ တို့ပဲ ဖြစ်တယ်”
ဘိုင်ယုယု က ပြောနေရင်း ချန်ရှန် ကို သင်ကြားပေး နေပါတယ် ။
နတ်အတွင်းအား အာရုံ ကို ကျင့်စဉ်မှာ သုံးတာ ပုံမှန် တော့ မဟုတ်ပါဘူး ။ ချန်ရှန် ၏ ဆရာဖြစ်ခဲ့သော ဟွမ်ဂျိရှန် ပင် ဒီလိုမျိုး မလုပ်နိုင်ခဲ့ပါ ။ ချန်ရှန် ဟာ စာအုပ်များစွာ ဖတ် ခဲ့တာတောင်မှ ညီအမနှစ်ယောက် သင်ပေးသော ကျင့်စဉ် များကို ဘယ်လိုမှ ရှာမရပါ ။ ယခုအခါမှာတော့ စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာ မော်တယ် ကမ္ဘာမှ မဟုတ်ဘူးဆိုတာ သေချာ သော နောက်တစ်ချက် ထည့်ပေါင်းရတော့မည် ဖြစ် ပါ တယ် ။
အရိုးပြောင်းမိစ္ဆာပုံဆောင်ခဲ ၊ နှလုံးဖောက် မိစ္ဆာ မျက်လုံး ၊ ဝိဉာဉ်ဖမ်းမိစ္ဆာကျိန်စာ နဲ့ ရေခဲဝိဉာဉ် တော် မိစ္ဆာငွေ့ စသည့် မိစ္ဆာကျင့်စဉ် လေးခုဟာ နာမည် နဲ့ တင် အတော် ကျောချမ်းစရာပါ ။ ရုတ်တရက် ဒီကျင့်စဉ် လေးခုနှင့် ပတ်သက်သော အရာများဟာ ချန်ရှန် ခေါင်းထဲ ၀င်သွားတာကြောင့် သူပိုမို နားလည်လာပါပြီ ။
မိစ္ဆာလမ်းဂိုဏ်းတွေထဲမှာ အသွင်ပြောင်းအရိုး အင် အား စု ဟာ အလွန် ပဲ စွမ်းအားကြီးပြီး ထင်ရှားလှပါတယ် ။ သူတို့ဟာ သူတို့ရဲ့ အမှတ်အသားကျင့်စဉ်အဖြစ် အရိုးများ အသားများကို အဆိပ်ရေ ကဲ့သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်ပါ တယ် ။ သို့သော်လည်း ချန်ရှန် သင်ကြားသည့် အရိုး ပြောင်း ပုံဆောင်ခဲမှာ အရိုးပြောင်း အင်အားစု မှ နည်းလမ်း နှင့် ကွာခြားလှတယ် ။
ထို အရိုးပြောင်း မိစ္ဆာအင်အားစု ဟာ လူ သားများကို တိုက်ခိုက်နိုင်ရုံသာမက အလွန်မာလှပါချည်ရဲ့ ဆိုသော အရာများကို ဖျက်ဆီးပစ်နိုင်ပါတယ် ။ တစ်ယောက် ယောက် ကို တိုက်ခိုက်လိုက်မည် ဆိုပါက ၎င်းတို့၏ အရိုး များမှာ အရည်ပျော်သွားနိုင်လောက်ပါတယ် ။ ဒါ့အပြင် အသားများ စွမ်းအင်သိုလှောင်ရာများဟာလည်း လုံးဝ ပျောက်ကွယ်သွားမှာပါ ။ အနီးကပ် တိုက်ခတ်မှု မှာ အသုံးဝင် ရုံမျှ မက အဝေးမှ နေလည်း ချီဓာတ်တိုက်ခိုက်မှု ဖြင့် တိုက်ခိုက်နိုင်ပါတယ် ။ အနီးအဝေး နှစ်ခုလုံးအတွက် အသုံးဝင်သော သိုင်းစွမ်းရည်ပဲ ဖြစ်ပါတယ် ။
တိုက်ပွဲတစ်ခုကို ပုံဖော်ကြည့်မယ် ဆိုပါက ရန်သူ ၏ အရိုးများ အရည်ပျော်သွားမည် ဆိုလျှင် ဘယ်လိုဖြစ်လာ နိုင်ပါမည်နည်း ။ ဒီလို စွမ်းရည်မျိုးကို အသုံးပြုရန် လိုအပ် သော ချီဓာတ်ဟာလည်း အလွန်ကို များပြားလှပါတယ် ။
နှလုံးဖောက်မိစ္ဆာမျက်လုံး ဆိုတာကို ချန်ရှန် ကြားတဲ့ အခါ သူထင်မိတာက တခြားလူ၏ အတွေးကို ထွင်းဖောက် ကာ မြင်နိုင်လိမ့်မည်ဟု ထင်နေတာပါ ။ တကယ်တော့ ရန်သူ ၏ မျက်လုံးများကို အသုံးပြုကာ တဖက်လူ၏ နှလုံး သား ထိ ဖျက်ဆီးလိုက်မှာပါ ။ ဒါ့အပြင် မျက်လုံးသာမက တခြား နေရာအစိတ်အပိုင်းများကိုလည်း တိုက်ခိုက်နိုင်ပါ သေး တယ် ။ ဒါမျိုးဟာ လျို့ ဝှက်စွမ်းရည်တစ်မျိုးဖြစ်ပြီး ချန်ရှန် အလွန်ပင် ပျော်နေမိပါတယ် ။ သူဟာ အဲဒိလို လျို့ ၀ှက်ချက်များ ထားရှိရတာကို ကြိုက်သည် မဟုတ်ပါလား။
တိုက်ပွဲအတွင်းမှာ တစ်စုံတစ်ယောက်မှ ၎င်း၏ မျက်လုံးမှ ပြင်းထန်သော ချီဓာတ်အလင်းတန်းကို ပစ်ကာ တဖက်လူ၏ နှလုံးသားကို ဖောက်ဝင်သွားမည် ဆိုပါက ဘယ်လိုတောင် စွမ်းအားကြီးလိုက်မည်နည်း ။ သို့သော် လည်း ယခု စွမ်းရည်ဟာ နတ်အတွင်းအားအာရုံ အား ကောင်း ကောင်းကို လိုအပ်မှာပါ ။
“မင်း ဒီ ကျင့်စဉ်ကို တခြားလူတွေ ပေးမသိတာ ပိုပြီး ကောင်းလိမ့်မယ် ။ ဒလိုမှ မဟုတ်ရင် မင်းရန်သူတွေက ပို ပြီး သတိထားလာလိမ့်မယ်”
ဘိုင်ယုယု သတိပေးလိုက်တယ် ။ သူမဟာ တကယ် ကို ပဲ ကျင့်စဉ်ဆန်းများစွာကို တတ်မြောက်ပြီး ရန်သူကို သတ် ဖြတ် ပစ်နိုင်သူလေးပါ ။
ဝိဉာဉ်ဖမ်းမိစ္ဆာကျိန်စာ အကြောင်းကိုတော့ ချန်ရှန် အနည်းငယ် သိနေတယ် ။ ၎င်းဟာ ရန်သူကို အမှန်ပြော နိုင်အောင် တွန်းအားပေးခြင်းပါ ။ ဒီကျင့်စဉ်အတွက် လို အပ် တယ့် နတ်အတွင်းအားအာရုံက အလွန်မြင့်ပါတယ် ။ ဒီစွမ်းရည်ဟာ လူတစ်ဦးရဲ့ ဝိဉာဉ်အား အမှန်ပြောနိုင် အောင် ထိန်းချုပ်လို့ ရသကဲ့သို့ ၎င်းဝိဉာဉ်ကို ခိုးယူကာ ထိန်းသိမ်းလို့လဲ ရပါသေးတယ် ။ ဒါ့အပြင် ၎င်းဟာ စိတ်ကို ပါ ထိန်းချုပ်ပေးလို့ရနိုင်တာကြောင့် အလွန်ကို အသုံးဝင် ပြီး အစွမ်းထက်လှသည့် မိစ္ဆာ စွမ်းရည် တစ်မျိုး ဖြစ်ပါတယ်
နောက်ဆုံး ရေခဲဝိဉာဉ်တော် မိစ္ဆာငွေ့ ကတော့ ခုနက လေးခုနဲ့ အတူတူပါပဲ ။ အလွန်ကို လျို့ ဝှက်အပ်သော ကျင့် စဉ် တစ်မျိုးဖြစ်ပြီး အသုံးပြုလိုက်ပါက ရိုးရိုး စစ်မှန်သော ချီဓာတ်သာမက ရေခဲချီဓာတ်ကိုပါ အသုံးပြုရတာပါ ။ ရေခဲ ဝိဉာဉ်တော် လို့ ယူဆ၍ ရသော ရေခဲချီ နတ်အတွင်းအား အာရုံပါပဲ ။ တိုက်ပွဲအတွင်းမှာ ရေခဲဝိဉာဉ်တော်ကို ထုတ် လွှတ်ပြီး တဖက်လူအား အငွေ့ များဖြင့် တိုက်ခိုက်နိုင်ပါ တယ် ။ ရိုက်ခတ်ခြင်း ခံရပါက ဘာမှ ဖြစ်ပေါ်ခြင်း မရှိသော် လည်း ရုတ်တရက် အေးစက်လာပြီး ခဲသွားစေပါလိမ့်မယ် ၊ ဒါမျိုးတိုက်ခိုက်မှုဟာ တဖက်လူ၏ ဝိဉာဉ်တော်အား ပျက် စီး နိုင်ခြေများလှပါတယ် ။
ချန်ရှန် ၏ အခြေခံဟာ အတော်ကို ခိုင်မာနေပါပြီ ။ ချီ ဓာတ် အနေအထား ၊ နတ်အတွင်းအားအာရုံ အနေထား သာ မက ၊ အပြင်ပိုင်း ခံနိုင်ရည်အားမှာလည်း ပြောစရာ မရှိ ချေ ။ ဒါကြောင့်ပဲ ချန်ရှန် ဟာ ဒီကျင့်စဉ် လေးခုအား လွယ် ကူစွာပဲ လေ့ကျင့်နိုင်ကာ ထိုစွမ်းအင်များအား အသုံးပြုနိုင် ပြီ ဖြစ်ပါတယ် ။
၁၀ ရက်ခန့်ကြာသောအခါ ခြံဝန်းငယ်လေးထဲမှာ မိုးပြာ ရောင် သိမ်မွေ့ အသီးပင် ၂ ပင် ထပ်မံပေါ်ပေါက် နေ ပါပြီ ။ ကံကောင်းစွာပဲ ဒီအပင်များဟာ သိပ်မကြီးသေးပါ ဘူး ။ ဒီလိုမှ မဟုတ်ပါက ဒီခြံဝန်းနဲ့ ကာမည် မဟုတ် ဘူး ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset