Switch Mode

Chapter – 215

အရင်လုပ်နောက်မှရှင်း

Chapter – 215 အရင်လုပ်နောက်မှရှင်း

ဒန်ရှန်တောင်ယွမ် ၏ နောက်လိုက်များဟာ ချန်ရှန် ၏ အော်သံကို ကြားတာနဲ့ ချက်ချင်း ပျံသန်းလာကြတယ် ။ ချန်ရှန် ဘယ်လိုစီစဉ်ထားလဲဆိုတာကို သူတို့ မသိပေမယ့် သူ့အသံကို ကြည့်ရသလောက် စိတ်မရှည်တော့ဘူးဆို တာ သိသာပါတယ် ။
စစ်မှန်သော သိုင်းပညာဂိုဏ်း နှင့် သားရဲဂိုဏ်းတို့ရဲ့ နောက်လိုက်များဟာ ဒန်ရှန်တောင်ယွမ် ၏ ဂိုဏ်းသားများ ဘာကြောင့် ချန်ရှန် ဘေးရောက်သွားလဲဆိုတာကို မသိ ကြ ပါဘူး ။ မူလက သူတို့ ထင်တာက ဒန်ရှန် အနေနဲ့လဲ သူတို့နဲ့ အတူတူ ချန်ရှန် ကို တိုက်မယ်လို့ပါ ။
“ဟက် ၊ ငါ က ခွေးတစ်ကောင်ကို ကယ်ရင်တောင် မှ ငါ့ကို အမြီးနှံ့ပြီး ကျေးဇူးတင်ဦးမယ် ။ ဒါပေမယ့် မင်းတို့ကျ မှ ကျေးဇူးတင်စကားပြောဖို့ မဆိုထားနဲ့ ငါ့ကိုတောင် တိုက် ဖို့ ကြိုးစားနေတယ် ။ မင်းတို့အားလုံးက ခွေးထက်တောင် ဆိုးတာပဲ”
ချန်ရှန် ဒေါသတကြီး ကျိန်ဆဲလိုက်ပါတယ် ။
“အဲဒိတော့ ဘာဖြစ်တုန်း”
စစ်မှန်သော သိုင်းပညာဂိုဏ်းမှ ဘ၀င်လေဟပ်နေဟန် ရှိသော လူတစ်ဦးက အော်ပြောလိုက်တယ် ။သူ့အတွေးမှာ တော့ သူတို့က လူအများကြီး ဒါကြောင့် နိုင်ပြီပေါ့ ၊ ဒါ့အပြင် သူ့ဘက်မှာလည်း စစ်မှန်သော သိုင်းပညာနယ်ပယ်မှ လူ အင်အား များစွာ ရှိနေသည် မဟုတ်ပါလား ။
ခပ်လှောင်လှောင်ပုံစံ ချန်ရှန် ၏ မျက်နှာမှာ ပေါ်သွား ကာ သူ့ကိုယ်မှ မီးတောက်များ ထွက်ပေါ်လာပါတယ် ။ ထို့ နောက် သူ၏ ရှေ့ မှာရှိသည့် ဂိုဏ်း ၂ ဂိုဏ်းထံသို့ ပျံသန်း သွား တယ် ။ သူပျံသန်းသွားစဉ်မှာ ကြီးမားလှသော အနီ ရင့် ငှက် တောင်ပံကြီးများမှာလည်း သူ၏ နောက်မှာ ပေါ် နေ လျက်ပါ ။ ထိုအချိန်ရှိ ချန်ရှန် ၏ နောက်မှာ ရှိသည့် အနီ ရင့် ငှက် တောင်ပံများမှာ တကယ့် အနီရင့်ငှက် ၏ တောင် ပံ များနှင့် တူလွန်းလှပါတယ် ။ တောင်ပံကြီးမှာ ကြီးသ ထက် ကြီးလာကာ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ဂိုဏ်းသားများဆီသို့ ပျံသန်းသွားခြင်းပါပဲ ။
စက္ကန့်အနည်းငယ်အတွင်း ချန်ရှန် ဟာ အုပ်စုကြီး ကို ရက်စက်စွာပင် အမဲလိုက်သလို ပြုလုပ်ပါတော့တယ် ။ ထို ဂိုဏ်းသားအုပ်စုမှာလည်း ချန်ရှန် ထုတ်လွှတ်သော မီး တောင်ပံကြီးများ ၏ ရိုက်ခတ်မှုကို ခံနေကြရပါပြီ ။ လူအုပ် ကို ရိုက်နှက်ပြီးတာတောင် မြေကြီးမှာပါ မီးတောက်များ စွဲ လျက် လောင်နေကာ ဂိုဏ်းသားတို့မှာ ပြာများအဖြစ်တိုင် အောင် လောင်ကျွမ်းသွားကြပါတော့တယ် ။
ဒီမြင်ကွင်းဟာ ဒန်ရှန်တောင်ယွမ် ဂိုဏ်းသားများ၏ မျက် စိ ရှေ့ မှောက်မှာ ဖြစ်ပွားသွားခြင်း ဖြစ်ပြီး တခဏအ တွင်းမှာပဲ ဂိုဏ်းကြီး ၂ ခုမှ နောက်လိုက် ဆယ်ဂဏန်း ဟာ ပြာအဖြစ်သို့ ပြောင်းလဲသွားရပြီ မဟုတ်ပါလား ။ဘယ်လို တောင် ကြောက်ဖို့ ကောင်းသည့် စွမ်းအားမျိုးပါတကား ။ ပြင်းထန်သော သိုင်းပညာဂိုဏ်း ရဲ့ သမိုင်းမှာ အငယ်ဆုံးနဲ့ စွမ်းအား အကြီးဆုံး သိုင်းပညာရှင် အဖြစ် သတ်မှတ်လို့ ရ နေသည် မဟုတ်ပါလား ။
“ဒန်ရှန် တောင်ယွမ် က မိတ်ဆွေတို့ ၊ ကျွန်တော် က ပြင်းထန်သော သိုင်းပညာဂိုဏ်းကို တတ်နိုင်သလောက် မြန် မြန် ပြန်ရမှာ ၊ ဒါကြောင့် ခင်ဗျားတို့နဲ့ အတူတူ ရနံ့ မြို့ တော်ကို မလိုက်နိုင်ဘူး ။ နောက်တစ်ကြိမ် ဆုံကြတာပေါ့”
ချန်ရှန် ခပ်ပြုံးပြုံးပြောဆိုကာ သူ၏ ကြောက်မက်ဖွယ် ကြီးမားလှသော တောင်ပံကြီးများကို ထုတ်ကာ ကောင်း ကင်ပေါ်သို့ တဖန် ပြန်လည် ပျံသန်းသွားပါတော့တယ် ။ စက္ကန့်ပိုင်းအတွင်းမှာပဲ အဖြူရောင် တိမ်တိုက်များအကြား တိုးဝင် ပျောက်ကွယ် သွားပါတော့တယ် ။
“ကောလ ဟာလ တွေ ပျံ့ နေသလို ချန်ရှန် ဆိုတာ သိပ် ပြီး ဆိုးရွားတယ့် လူတော့ မဟုတ်ပါဘူး”
လူတစ်ဦးက ပြောပါတယ် ။
“ဒါပေါ့ ၊ သူက လူအများပြားကို စိတ်မကျေမနပ် ဖြစ် စေရုံလေးပါ”
“အခွင့် အရေးရမယ် ဆိုရင် ငါ သူနဲ့ နှစ်ခွက်လောက် တော့ သောက်ချင်ပါသေးတယ် ။ အခု တတ်နိုင်သမျှ မြန် မြန် သာ ပြန်ကြစို့ ၊ မိစ္ဆာဂိုဏ်းက လူတွေ ထပ်ရောက်လာ လိမ့်မယ်”
ချန်ရှန် ပြင်းထန်သော သိုင်းပညာဂိုဏ်းသို့ ညနေ လောက် မှာ ပြန်လည်ရောက်ရှိသွားပြီး ချက်ချင်းပင် ဆရာ ကြီး တန်ဆီသို့ ထွက်လာခဲ့တယ် ။ မှောင်ရီပျိုးချိန် ဖြစ်နေ ပေ မယ့်လည်း ချန်ရှန် ကတော့ တကယ်ကို သွားခဲ့တာပါ ။
ချန်ရှန် ပြန်လာတာကို ကြည့်ရင်း ဆရာကြီး တန် ဟာ စိတ်ထဲ အတော် အံ့သြနေမိတယ် ။ ဒါပေမယ့်လည်း သူ၏ မျက်နှာအိုကြီးပေါ်မှာတော့ နွေးထွေးသော အပြုံးဖြင့် –
“ကြည့်ရတာ ပြသနာတော့ ပြေလည်သွားပြီပေါ့”
ချန်ရှန် လည်း ခေါင်းညိမ့်ပြလိုက်ပြီး ပြုံးကာ –
“လွယ်ပါတယ် ဗျ ၊ ဒီလို လွယ်လွယ်ကူကူ မစ်ရှင်မျိုး ပေး တာ ကြောင့် ဆရာကြီးတန် ကို ကျေးဇူးတင်ပါတယ် ။ အဆင့် မြင့် မစ်ရှင်မျိုး ပေးမယ် ဆိုရင်တောင် ကျွန်တော် အလွယ်တကူပဲ ဖြေရှင်းနိုင်မယ်လို့ ထင်မိတယ်”
ဆရာကြီး တန် သူ့စိတ်ထဲ မသင်္ကာ ဖြစ်နေမိတယ် ။ အဘယ်ကြောင့် ဆိုသော် ချန်ရှန် ကို အလစ်လုပ်ကြံရန် စောင့် နေသော သိုင်းသမား ရှိနေတယ် ဆိုတာ သူသိနေ တယ်လေ ။ ဒါပေမယ့် အခု ရေခဲဓား မြို့ ကတောင် ဘာ သတင်းမှ သူမကြားရသေးပါဘူး ။
“ကောင်းပကွာ”
ဆရာကြီးတန် ခပ်ပြုံးပြုံး ဖြင့် ပြောလိုက်ပါတယ် ။
ချန်ရှန် ပုံစံက ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွား ကာ –
“ဆရာကြီးတန် ကျွန်တော် သွားနေတုန်းမှာ ပစ္စည်း ကောင်း တစ်ခု ရထားတယ် ။ ဒါပေမယ့် ကျွန်တော် ဘယ် လို လုပ်ရမှန်း မသိဖြစ်နေတယ်”
“အိုး ဟုတ်လား”
ဆရာကြီးတန် တစ်ခုခု တော့ မဟုတ်တော့ဘူး ဆိုတာ သံသယ ၀င်နေမိတယ် ။ ချန်ရှန် သူတစ်ခုခု ရခဲ့တယ် ဆို ရင် တောင်မှ ဒါကို သူထုတ်ပြောနေပါ့မလားပေါ့ ။
“ကျွန်တော် သိတာတော့ ဒါက အတော် အစွမ်းရှိမယ် လို့ ထင်တာပဲ ။ ဒါပေမယ့် ဘာလဲ ဆိုတာ ပြောရခက်နေ တယ် ။ ဆရာကြီးတန် က အများကြီး အတွေ့ အကြုံတွေ ရှိ တာကြောင့် ကျွန်တော့ကို ဘာလဲ ဆိုတာ ပြောပြပေးဖို့ ကူ ညီ နိုင်မလား”
ချန်ရှန် လေသံတီးတိုးဖြင့် မေးလိုက်ရင်း ထိပ်တန်း အဆင့် သလင်းကျောက် လက်သီးဆုပ်လောက်ကို ထုတ် ပေးလိုက်ပါတယ် ။
အဖြူရောင် အလင်းတန်းများ လင်းလက်နေသော ကျောက်တုံးကို ကြည့်ရင်း ဝိဉာဉ်တော် ချီဓာတ်များ မည် မျှ များပြားသလဲ ဆိုတာကို သိနိုင်ပါတယ် ။ ဆရာကြီး တန် ဒါဟာ ထိပ်တန်း အဆင့် သလင်းကျောက် ဆိုတာ ချက် ချင်း သိလိုက်ပါတယ် ။
“ဒါက ထိပ်သီးအဆင့် သလင်းကျောက် မဟုတ်ဘူး ဗျ ၊ ခင်ဗျားရဲ့ နတ်အတွင်းအား အာရုံတွေနဲ့ သေချာ လေ့လာ ကြည့် မယ်ဆို ထူးဆန်းတယ့် ခံစားမှုကို ခံစားလိုက်ရလိမ့် မယ် ။ ကျွန်တော် ထင်တာတော့ ဒါဟာ သလင်းကျောက် ဧ ကရာဇ် ပဲ ။ ကျွန်တော် ဒါကို ပြင်းထန်သော သိုင်းပညာ ဂိုဏ်းထဲ ကျူးကျော်လာတယ့် အင်အားကြီး မိစ္ဆာသိုင်းပ ညာ ရှင်ဆီက ခိုးခဲ့တာပဲ”
ချန်ရှန် ပြောလိုက်တယ် ။
သလင်းကျောက် ဧကရာဇ်တဲ့လား . . .
ဆရာကြီး တန် ဒါကို ကြားတဲ့အခါ ခဏမျှ ဆွံ့ အသွား ပြီး ချက်ချင်းပင် သူ၏ နတ်အတွင်းအား အာရုံများကို အထဲ သို့ ထည့်ကာ ကြည့်ရှုလိုက်ပါတယ် ။ ဒီလို ပစ္စည်းမျိုး မဆို ထား နှင့် ထိပ်သီးအဆင့် သလင်းကျောက်တောင် မြင်ရ ခဲ လှသည် မဟုတ်ပါလား ။ အခုအခါမှာတော့ သူ့လက်ထဲ ကို ချန်ရှန် က ပေးထားပြီဖြစ်တာကြောင့် ချန်ရှန် အပေါ် ထင် နေသော သံသယ အားလုံးဟာလည်း လွင့်စင် ပျောက် ကွယ် သွားခဲ့ပြီ ဖြစ်ပါတယ် ။
ဆရာကြီးတန် သူ၏ နတ်အတွင်းအား အာရုံ အားလုံး ကို သလင်းကျောက် ဧကရာဇ်ထဲသို့ စူးစိုက်ကြည့်နေစဉ် မှာ ချန်ရှန် ဟာ လောင်ဆုရီ အား နတ်အတွင်းအား အာရုံ ကို အသုံးပြုပြီး ပြောလိုက်တယ် ။
“နဂါးမလေး ၊ ငါမင်းရဲ့ စွမ်းအားကို ခဏလောက် ငှား ချင်တယ်”
“ကောင်းပြီ”
လောင်ဆုရီ ချက်ချင်းပင် သဘောတူလိုက်တယ် ။
ချန်ရှန်လည်း တိတ်တဆိတ်ပင် ဆရာကြီးတန် ၏ နောက် သို့ သွားကာ ချက်ချင်းပင် မိုးပြာနဂါး ဓားကြီးအား ဆွဲထုတ်လိုက်တယ် ။ဓားပေါ်လာတာနဲ့ စကြာဝဠာ ချီဓာတ် များအား အပြည့်အ၀ လောင်းထည့်ပြီး လောင်ဆုရီ ဆီမှ အားအင်ကိုပါ ထည့်သွင်းကာ ဆရာကြီး တန် ဆီသို့ ပိုင်းချ လိုက်ပါတော့တယ် ။
ဆရာကြီးတန် ရုတ်တရက် ကြောက်မက်ဖွယ် အား အင် တစ်ခု သူ့ဆီကို ချဉ်းကပ်လာတာကို ခံစားလိုက်ရ တယ် ။ သူရှောင်ဖို့ ကြိုးစားပေမယ့် အနည်းငယ်လေး နောက် ကျ သွားပါပြီ ။ဓားသွားကြီးဟာ အလေးချိန် ပေါင်သန်းချီ လေးသောကြောင့် ဆရာကြီးတန် အား ၂ ပိုင်း ပြတ်သွားစေပါတော့တယ် ။
ဆရာကြီးတန် နဲ့ ပတ်သက်ပြီး ချန်ရှန် ဟာ ဂုဒွန်ချန် ကို အရင် ပြောမနေတော့ပါ ။ လုပ်စရာ ရှိတာကို အရင်လုပ် လိုက် တာ ဖြစ်ပြီး နောက်မှ ပြန်လည် အစီရင်ခံရမည် မဟုတ် ပါလား ၊ ဒီလိုလုပ်ခြင်းအားဖြင့် ဆရာကြီးတန် လည်း ထွက်ပြေးနိုင်မည် မဟုတ်ပါပေ ။
ထို့နောက် ချန်ရှန် လည်း ဆရာကြီး တန် ၏ အိမ်မှ ပြင်း ထန်သော သိုင်းပညာဂိုဏ်း ၏ လျို့ ဝှက် ဆန်းကြယ် နယ် ပယ် သို့ ဦးတည်လိုက်တယ် ။ လမ်းတစ်လျှောက် ချန်ရှန် ဟာ ဆရာကြီး ဝု နှင့် ဆုံတွေ့ ခဲ့သောကြောင့် အဖြစ်အပျက် များကို ပြောပြလိုက်ပါတယ်။ ထို့ နောက် မြေပုံ ၂ ခုကို ထုတ်ပေးကာ သက်သေအဖြစ် ဆရာကြီး ဝု ထံသို့ အပ် လိုက် ပါတော့တယ် ။
ဆရာကြီး ဝုလည်း အဖြစ်အပျက်များကို သိရှိပြီး နောက် အတော်ကို ဒေါသထွက်နေတယ် ။
“ဘယ်လိုတွေတောင် ဖြစ်နေပါလိ့မ် ၊ ပြင်းထန်သော သိုင်းပညာဂိုဏ်းရယ် ၊ တစ်ယောက်ပြီး တစ်ယောက် ထထ ဖောက် နေကြတယ် ။ မိုင်းတွင်းကိစ္စနဲ့ ပတ်သက်ပြီး ငါ နဲ့ ဂိုဏ်းချုပ် က တကယ်ကို ဘာမှ မသိဘူး ၊ ဒီလိုသာ သိရင် မင်းကို တစ်ယောက်တည်း ဘယ်လွှတ်မလဲ ။ မိုင်းတွင်း နဲ့ ပတ်သက်ပြီး စီမံကွပ်ကဲနေတာက တန်ဖန် ပဲ ၊ ဒီလို ကိစ္စ တွေ ငါတို့ကို ဖုံးကွယ် ထားလိမ့်မယ်လို့ ငါ မထင်မိဘူး”
“သွားကြစို့ ၊ ငါတို့ တန် ဖန် ကို သွားရှာကြမယ်”
ဆရာကြီး ဝု က ပြောလိုက်တယ် ။
“အဲ ၊ အခုတော့ သူ့ အလောင်းပဲ ကျန်တော့တယ်”
ချန်ရှန် ပြုံးလျက် ပြောလိုက်တယ် ။
ဆရာကြီး ဝု တခဏမျှ ငိုင်သွားကာ –
“မဖြစ်နိုင်တာ”
ပြောနေရင်း ဖြင့် ၎င်းတို့ နှစ်ဦးစလုံးဟာ တန်ဖန် ၏ နေ ရာ သို့ ရောက်ရှိလာကြပါတယ် ။
ရောက်ရှိလာတယ့် အခါမှာတော့ ဆရာကြီးတန် ဟာ ချန်ရှန် ၏ နှစ်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံထားလိုက်ရပြီး သွေး များ စွာလည်း ထွက်လျက် ရှိနေတယ် ။ ဆရာကြီး ဝု သက် ပြင်း ချလိုက်ပြီး ချန်ရှန် ကို အဆင့်မြင့် နယ်ပယ် တစ်ခုခု သို့ ၀င်ရောက် နေပြီလားဟုပင် သံသယ ၀င်နေမိတယ် ။ သက်ကြီး ပညာ ရှင် နှစ်ယောက် ကိုတောင် သတ်ပစ်နိုင်ခဲ့ ပြီး မဟုတ်ပါလား ။
“မင်း သွားပြီး အနားယူတော့ ၊ ရေခဲလေ တောင်ကြား ရဲ့ ဂိုဏ်းချုပ်ကလည်း ရေခဲဓားမြို့ က ကိစ္စတွေကို တာဝန် ယူ လိမ့်မယ် ။ ငါတို့ စိုးရိမ်စရာမလိုဘူး ၊ ဒီကကိစ္စကို ငါ ရှင်း လိုက်မယ် ။ ခဏနေ ဂိုဏ်းချုပ်နဲ့ လည်း သွားတွေ့မယ်”
ဆရာကြီး ဝု ပြောလိုက်ပါတယ် ။ ထိုအချိန်မှာ သူစိတ် ဓာတ်လည်း အနည်းငယ် ကျနေပါတယ် ။ အဘယ်ကြောင့် ဆိုသော် လုရှန် နှင့် တန်ဖန် တို့ဟာ သူနဲ့ ပုဂ္ဂိုလ်ရေး အရ ရင်းနှီးသူများ ဖြစ်ပြီး သူဟာ ၎င်းတို့ကို သက်ကြီးပညာရှင် နေရာမှာ ထားခဲ့တာတောင် ဒီလို အရာတွေ လုပ်လိမ့်မယ် လို့ မထင်မိခဲ့ပါ ။
ချန်ရှန် ရှောင်ဒို တို့ကို ရှာချင်နေမိတယ် ။ ဒါပေမယ့် ၎င်း တို့လည်း မစ်ရှင်များ အသီးသီး လုပ်နေကြပါတယ် ။ ပထမ ပိုင်း မှာတော့ ၎င်းတို့ဟာ မစ်ရှင်များကို သိပ်စိတ် မပါ ကြပေမယ့် ယခုအခါ မစ်ရှင်တွေမှ ပေးသော ဆုကြေးများ ကြောင့် သူတို့ ရွေးချယ်စရာ မရှိတော့ပါဘူး ။
ချန်ရှန် သူ၏ ဆေးဘုရင် ခြံဝန်းထဲရှိ ကိုယ်ပိုင် နေရာ လေးသို့ ပြန်လာခဲ့တယ် ။ ချက်ချင်းပင် အနောက်ဖက်သို့ လျှောက်လာခဲ့ပြီး ခေါင်းကိုမော့ကာ မိုးပြာသီးပင်အား ကြည့် လိုက် တယ် ။ ယခုအခါ အသီး ၃၉ လုံး သီးနေပြီ ဖြစ် ပါတယ် ။ လက်ရှိမှာ ဆေးဆရာမကြီး ဟာ အပင်အောက် မှာ ထိုင်နေပြီး သူမ၏ လက်ထဲရှိ မိုးပြာရောင်ပန်းလေးကို ကြည့်လို့ နေပါတယ် ။
“ဟားးဟားးး ၊ ဒီအသီးတွေက အတော်လှတာပဲ ၊ ဒါပေ မယ့် ခင်ဗျားဟာတော့ မပါဘူးနော်”
ချန်ရှန် ခပ်လှောင်လှောင်လေး ပြောလိုက်ပါ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset